အပိုင်း (၇၀) မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
ဒါကိုကြားတော့ ပိုင်မိန်က ပိုင်လီဆီမှာ ကျိုးရှီနဲ့ပတ်သက်ပြီး အစီစဥ်ရှိမှန်းသိသွားလို့ သူမကမစိုးရိမ်တော့ဘူး။
ဒါပေမယ့် သူမရဲ့စံပါယ်ပင်လေးကို ဆုံးရှုံးလိုက်ရအတွက်တော့ အရမ်းဝမ်းနည်းနေတာကြောင့်...
"ဒုတိယအကို ညီမလေးရဲ့ပန်းပင်လေးက ပြန်ရနိုင်ပါ့မလားဟင်"
ပိုင်လီကလည်း ဒါကိုတော့မသေချာပါဘူး။ ဘာလို့လဲဆိုတော့ ကျိုးရှီက သူများကိုရောင်းပြီးသွားလို့ပါပဲ။ ဒါကြောင့်သူက....
"ဘယ်သူဝယ်သွားတာလဲဆိုတာ စုံစမ်းပြီးရင် ဒုတိယအကိုက ပြန်ဝယ်ကြည့်ပေးမယ် ဒါပေမယ့် တစ်ဖက်လူက ရောင်းမရောင်းအပေါ်တော့ မူတည်တာပေါ့ သိပ်ကြီးလည်း ဝမ်းမနည်းပါနဲ့ ဝယ်သွားတဲ့လူက ပြန်မရောင်းရင် ရှောင်မိန်အတွက် တစ်ပင်ပြန်ရှာပေးမယ်"
ဒါကိုကြားပေမယ့် ပိုင်မိန်ကတော့ပျော်မသွားဘဲ...
"မဟုတ်ဘူး ဝမ်ရူရဲ့မတော်တဆပြီးထဲက တောထဲကအရမ်းအန္တာရယ်များလို့ အမေတို့ရော ညီမလေးရောက အကို့ကို တောထဲမသွားစေချင်တော့ဘူး ဒီတစ်ခေါက်တောင်မသိလိုက်လို့ ပြန်ဝယ်လို့မရရင်လည်းထားလိုက်ပါတော့ ဒုတိယအကိုတောထဲမသွားပါနဲ့အကိုတို့အိမ်မှာလည်း တစ်ပင်ရှိနေသေးတာပဲကို "
အဲဒီနောက် သူမလေးက ပိုင်လီရဲ့လက်ကိုလွှဲရမ်း၍ ကလေးဆန်စွာပြုမှုလာပြီး....
"ဒုတိယအကိုပဲ အကို့အိမ်က ညီမလေးအိမ်လို့ မပြောခဲ့ဘူးလား ဒါဆို အကို့အိမ်ကပန်းပင်ကလည်း ညီမလေးဟာပဲပေါ့ မဟုတ်ဘူးလား ဟမ်"
ပိုင်လီက ဒါကိုကြားတော့ပြုံးလိုက်ကာ သူတို့နဲ့မလှမ်းမကမ်းက စံပါယ်ပန်းပင်နားမှာ ဆော့ကစားနေကျတဲ့အသေးလေးတွေကို ညွှန်ပြလိုက်လေသည်။
"ဒါကတော့ မင်းရဲ့တူလေးတွေနဲ့ အရင်သွားညှိလိုက်လေ"
ထိုအချိန်တွင် ပိုင်မိန်ရဲ့အာရုံက အသေးလေးတွေဘက်ပြောင်းသွားကာ ပိုင်လီရဲ့လွှတ်လိုက်ပြီး ပြေးမသွားခင် ပြောခဲ့သေး၏။
"ညီမလေးရဲ့တူလေးတွေက ညီမလေးကိုချစ်ပြီးသားပါနော် "
ပိုင်လီက ဆော့ကစားနေတဲ့ကလေးတွေကို ထားခဲ့ပြီး အိမ်ရှေ့ကခုံလေးမှာ တစ်ယောက်ထဲထိုင်ကာ စဥ်းစားခဲ့သည်။
ဖြစ်နိုင်ရင် သူလည်း သူ့မိသားစုကို လက်ဆောင်ပေးထားတဲ့ပစ္စည်းကို တခြားလက်ထဲ ရောက်မနေစေချင်တာကြောင့် ပန်းပင်ကိုပြန်လိုချင်ပေမယ့် ပြောခဲ့သလိုပဲ ပန်းပင်က ရှားပါးမျိုးစိတ်ဖြစ်နေတဲ့အခါ တစ်ဖက်က ပြန်ရောင်းနိုင်ချေသိပ်တော့မရှိပေ။
မူလမှာ ပန်းပင်ရဲ့သတင်းကိုကြားထဲက ပိုင်လီက သူတောထဲမှာ အဲဒီပန်းတွေများစွာရှိတဲ့နေရာကို သိထားကြောင်း မဖော်ပြချင်တာကြောင့် လာမေးသူရှိပါကသူက မတော်တဆတွေ့ခဲ့တာသာဖြစ်ပြီး အဲဒီပန်းပင်များရှိသည့်နေရာကို မမှတ်မိကြောင်း ပြောဖို့ပြင်ဆင်ထားကာ သူလည်းထပ်မသွားတော့ဘူးဟု ရည်ရွယ်ထားခဲ့တာဖြစ်သည်။
ဘာလို့လည်းဆိုတော့ ပိုင်လီက အဲဒီပန်းပင်တွေကို တစ်နေရာထဲမှာသာ အစုလိုက်တွေ့ဖူးပြီး တခြား သူရောက်ဖူးတဲ့နေရာတွေမှာ မတွေ့ရတော့လို့ပါပဲ။ ဒါကြောင့် လက်ရှိမှာ ပန်းပင်တွေက အဲဒီတစ်နေရာထဲမှာသာပေါက်သလိုဖြစ်နေပြီး ပိုင်လီသာ ဒါကိုပြောပြလိုက်ရင် အတောမသတ်နိုင်တဲ့လူတွေရဲ့လောဘကြောင့် ပန်းပင်တွေ မျိုးတုန်းသွားမှာတောင်ကြောက်ရတယ်လေ။ အရေးကြီးဆုံးက ရွှေချောင်းတွေရဲ့ဆွဲဆောင်မှုက အလောင်းတွေကိုနင်းပြီး သွားရမယ်ဆိုရင်တောင် လာရောက်ရှာဖွေသူတွေက အဆက်မပြတ်ရှိနေဦးမှာပဲမဟုတ်ဘူးလား။ ဒါဆို နန်ချောင်းရွာကရော ဘယ်လိုလုပ် အေးချမ်းနိုင်ပါတော့မလဲ။
ဒါတွေကြောင့် ပိုင်လီက ပန်းပင်တွေကို သူရောတခြားသူတွေရော ထပ်မတွေ့တော့အောင် သူပါအဲဒီပန်းပင်တွေကို ထပ်မယူတော့ဘူးလို့ စိတ်ကူးထားပေမယ့် သူက သူ့ညီမလေးစိတ်ဆင်းရဲနေတာကိုလည်းမမြင်ချင်ပါဘူး။
ထပ်ပြီး သူများလက်ထဲရောက်သွားတဲ့ပန်းပင်က ဘယ်သူ့ဆီမှာ အဆုံးသတ်သွားမယ်မှန်း မသိနိုင်ကာ ဆိပ်ကမ်းမြို့က တစ်ယောက်ယောက်ဆီတွင်ဆိုပါက ဘာမှမဖြစ်သော်လည်း မြို့တော်လိုနေရာမျိုးကိုရောက်သွားပါကမူ ပန်းပင်ရဲ့ထူးခြားကောင်းမွန်လှတဲ့ရနံ့နဲ့ လှပတဲ့ပန်းပွင့်အသွင်သဏ္ဍာန်ကြောင့် အထက်တန်းလွှာအိမ်တော်တွေကြား ပျံ့နှံ့သွားမှာကိုစိုးရိမ်ရသည်။
အထက်တန်းလွှာအိမ်တော်တွေက အမျိုးသမီးတွေက လိုချင်တာကလွှဲရင် ဘာမှသိမှာမဟုတ်ဘူး။ နောက်ဆုံးမှာ ပန်းပင်ရဲ့ဇစ်မြစ်ကိုလိုက်ပြီး ရှာဖွေရင် သူ့ဆီရောက်လာနိုင်ပြီး နန်ချောင်းရွာနဲ့သူ့မိသားစုက ဆက်လက်အေးချမ်းနိုင်မှာ မဟုတ်တော့ပေ။ သူက ဒါကို ချောင်ရန်က သူ့အိမ်ကပန်းပင်ကို မြို့တော်ကိုပို့မယ်ဆိုထဲက စဥ်းစားမိခဲ့ပေမယ့် ချောင်ရန်ကကျ သူနှုတ်ပိတ်ထားရင် ပြောမယ့်လူမျိုးမဟုတ်လို့ သိပ်စိတ်မပူခဲ့တာသာဖြစ်သည်။ ဒါပေမယ့် အခု ကြည့်ရတာ အစီစဥ်တစ်ခုခုကိုတော့ သူဆွဲထားသင့်တဲ့ပုံပဲ။
သူကထပ်ပြီး နန်ချောင်းရွာသားတွေ လောဘတတ်ပြီး တောထဲဝင်တာမျိုးမဖြစ်စေချင်တော့ဘူး။
ပိုင်လီက သေချာစဥ်းစားကြည့်ရင် နားမလည်ပေ။ သူ့ရဲ့တစ်ခုတည်းသောဆန္ဒက ဒီရွာလေးမှာ သူ့မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေသွားဖို့ပဲဆိုပေမယ့် ဘာကြောင့် ပြဿနာတွေက သူ့ဆီကိုပဲ တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးတော့ရော လာနေမှန်းမသိတော့ဘူး။
မဟုတ်မှ ဒီခန္ဓာကိုယ်က ဆိုးသွမ်းနေတာနဲ့ပဲ ဓာတ်တည့်တာမျိုးလား။ ကောင်းကောင်းမွန်မွန်နေလို့ မရနိုင်တာများလား။
ထိုသို့ ပိုင်လီတစ်ယောက် အတွေးကမ္ဘာထဲနစ်မျောနေချိန်တွင် ပိုင်မိသားစုက ယောင်္ကျားများရောက်လာခဲ့ကျသည်။ ပိုင်လီက အတွေးထဲနစ်နေတာကြောင့်ရယ် အခုတံခါးမကြီးက တည်သီးပင်အောက်ကခုံပေါ်ထိုင်ပြီး အဝတ်ချုပ်နေတဲ့ရှောင်ဟန်နဲ့ ပိုနီးတာကြောင့်ရယ်ကြောင့် ရှောင်ဟန်က တံခါးသွားဖွင့်ပေးလိုက်ကာ အထဲဝင်လာသည့် ပိုင်မိသားစုဝင်များက အိမ်လေးရှေ့ကစားပွဲမှာ တစ်ယောက်ထဲထိုင်နေသည့် ပ်ိုင်လီကိုတွေ့ချိန်တွင် အနည်းငယ်အံအားသင့်သွားကျသည်။
"ဒုတိယ မင်းပြန်လာပြီလား"
ပိုင်လီက တံခါးခေါက်သံကိုကြားလိုက်သည်ပင်။ ဒါပေမယ့် ရှောင်ဟန်က တံခါးနဲ့ပိုနီးပြီး အရင်သွားဖွင့်လိုက်တာကြောင့် သူကာဆက်ထိုင်နေတာဖြစ်ပြီး ပိုင်အဖေရဲ့မေးသံကိုကြားတဲ့အခါ သူကခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ပါတယ်အဖေ ကျွန်တော်မနေ့ညကပဲပြန်ရောက်တယ် ဒါပေမယ့် အချိန်က ညဥ့်နက်နေတော့ လာမနှောင့်ယှက်တော့တာပါ ကျွန်တော်တောင် ဦးလေးကျန်းဆီ ကျွဲပြန်သွားပေးရင်း လာခဲ့တော့မလို့ ပိုင်မိန်ရောက်လာလို့ စကားပြောရင်း ကြာနေတာ အခုတော့ အဖေတို့တောင်အိမ်ကိုရောက်လာပြီ"
ဒါကိုကြားတော့ ပိုင်အဖေက အဝေးကသစ်တော်ပင်တွေအောက်မှာ အသေးလေးတွေနဲ့ ကြိုးဒန်းတူတူစီးနေတဲ့ ပိုင်မိန်ကိုလှမ်းကြည့်လိုက်ပြီး သူ့ရဲ့အငယ်ဆုံးသမီးက အခုတော့ငြိမ်သွားပြီပဲဟု တွေးမိသွားခဲ့သည်။
အဲဒီနောက် သူတို့လည်း စားပွဲမှာဝင်ထိုင်လိုက်ကျ၍ ပိုင်လီက ပိုင်အဖေအတွက်ရေနွေးငှဲ့ပေးလိုက်ကာ ပိုင်အဖေသက်ပြင်းချနေတာကိုကြည့်ပြီး...
"အိမ်မှာဖြစ်သွားတာကို ကျွန်တော်သိပြီးပါပြီ အဖေပြောရခက်မနေပါနဲ့တော့"
အဲဒီနောက် သူက ပိုင်ကျန်းကိုကြည့်လိုက်ရာ ပိုင်ကျန်းကလည်း သူ့ဇနီးရဲ့လုပ်ရက်ကြောင့် ပိုင်လီနဲ့စကားပြောရမှာအခက်တွေ့နေပုံပေါ်သဖြင့်...
"အကြီးဆုံးအကို အကိုလည်း ဘာမှနေရခက်နေစရာမလိုပါဘူး ဒါက ကျိုးရှီရဲ့လုပ်ရပ်ပါ အကိုနဲ့မဆိုင်ပါဘူး"
ပုံမှန် မျက်နှာတည်ပြီးအနေအေးသည့် ပိုင်းကျန်းမှာမူ ယခုတွင် အနည်းငယ်မျက်နှာမထားတတ်ဖြစ်နေကာ...
"ဒီလိုဘယ်လိုလုပ်ပြောလို့ရမှာလဲ သူမက ငါ့ရဲ့ဇနီးဆိုမှတော့ သေချာပေါက် ငါ့အပြစ်လည်းပါတာပေါ့ ငါသိပါတယ် သူမက အိမ်ကိုအသိမပေးဘဲ ပန်းပင်ကိုသွားမရောင်းသင့်ဘူး ဒါပေမယ့် ငွေကိုပြန်ယူလာလို့တော်ပါသေးတယ် အမေကပြောတယ် ပန်းပင်မင်းဟာမလို့ ရောင်းရတဲ့ငွေကလည်းမင်းဟာပဲတဲ့ အကိုတို့ ငွေကိုမင်းကိုပြန်ပေးမှာပါ မင်းရဲ့မရီးရဲ့လုပ်ရပ်အတွက်တော့ အကြီးဆုံးအကိုကပဲ မင်းရဲ့မရီးအစားတောင်းပန်ပါတယ်ကွာ"
ပိုင်လီက ပိုင်ကျန်းစကားကိုမတုန့်ပြန်သေးဘဲ ရေနွေးငှဲ့ပြီးချိန်တွင် ရေနွေးအိုးကိုပြန်ချလိုက်ကာ သူ့ရဲ့ရေနွေးပန်းကန်ထဲပါ ထည့်ပေးမလားလို့စောင့်နေတဲ့ ပိုင်စန်းအားပြောလိုက်သည်။
"အဖေလည်းဒီမှာရောက်နေပြီဆိုတော့ ကျွန်တော်တို့ဒီမှာပဲစကားပြောကျတာပေါ့ တတိယ အမေနဲ့မရီးနှစ်ယောက်ကိုသွားခေါ်လိုက်ပါ"
ပိုင်းစန်းက စကားနားထောင်သူဖြစ်ပြီး ပိုင်လီပြောတာကြားတာနှင့် ပိုင်အိမ်ကိုအပြေးထွက်သွားတော့၏။
ပိုင်စန်းထွက်သွားတော့မှ ပိုင်လီက....
"အကြီးဆုံးအကို တကယ်တော့ ငွေကအရေးကြီးတာမဟုတ်ပါဘူး"
ပိုင်ကျန်းက ပိုင်လီအနေနဲ့ ကျိုးရှီက ပန်းပင်ကိုဘယ်သူ့မှမသိအောင် ယူသွားတာကိုပြောချင်တာထင်၍...
"ငါလည်းဒါကိုသိပါတယ် ငါသူမကိုသတိပေးထားပြီးပါပြီ သူမနောက်ကို အိမ်ကဘယ်ပစ္စည်းကိုမှ မသိအောင်ယူရဲတော့မှာမဟုတ်ဘူး မင်းရဲ့မရီးကလည်း သူမလုပ်ရက်အတွက် နောင်တရတယ်လို့ပြောတယ် သူမလည်း မှားမှန်းသိလို့ တော်တော်လေးစိတ်မကောင်းဖြစ်နေတာပါ"
ပိုင်လီကဒါကိုကြားတော့ စိတ်ထဲလှောင်လိုက်မိသည်။ ကျိူးရှီက နောင်တရတယ်တဲ့လား။
ပိုင်လီက သူ့မှာလည်း ဇနီးနဲ့သားတွေရှိတာကြောင့် ပိုင်ကျန်းကို ကိုယ်ချင်းစာပေးနိုင်ပါသည်။ လက်ရှိမှာကျိုးရှီက ကိုယ်ဝန်နဲ့ဆိုတော့ ပိုင်ကျန်းက ကျိုးရှီမှားမှန်းသိလို့ ဒေါသထွက်ချင်ရင်တောင် ထွက်လို့မရဘူးဖြစ်နေပြီး သူက အသက်သုံးဆယ်ရှိနေပေမယ့် သူ့ရဲ့ပထမဆုံးကလေးက အခုမှလာတာဖြစ်၍ သူက ဇနီးနှင့်ကလေးကို ကာကွယ်ချင်စိတ် ရှိနေတာဖြစ်မည်။
ထပ်ပြီး ပန်းပင်ရောင်းတဲ့ငွေကလည်း ပြန်ပါလာတာဆိုတော့ သူကပဲ ညီအကိုချင်းကြားတောင်းပန်ချင်နေပြီး ငွေကလည်း မနည်း၍ သူတို့သာ စိတ်ရင်းနဲ့တောင်းပန်လိုက်ရင် အဆင်ပြေသွားလိမ့်မယ်လို့လည်း တွေးနေတာဖြစ်နိုင်၏။
ပိုင်ကျန်းနဲ့ ပိုင်အိမ်ရဲ့အတွေးက သူတို့ရဲ့စရိုက်တွေလိုပဲ ရိုးရှင်းလွန်းတာကြောင့် ပိုင်လီက ဒီနေ့မှာတော့ လူတိုင်းက သူတို့ရိုးရှင်းမနေဘူးဆိုတာကို ထောက်ပြမှရတော့မည်။
ဒါကြောင့် သူက...
"အကြီးဆုံးအကို ဒါတွေကိုဖယ်ထားပြီး ကျွန်တော်သိချင်တာရှိသေးတယ် မရီးက ပန်းပင်ကရွှေချောင်းရခဲ့တယ်လို့ပြောတာလား"
ပိုင်အဖေက ဘေးတွင်ထိုင်နေသော်လည်း ဘာမှဝင်မပြောဘဲ ညီအကိုနှစ်ယောက်ပြောတာကိုပဲ နားထောင်နေကာ ပိုင်ကျန်းကတော့ နောက်ဆုံးတွင် ပိုင်လီကငွေကြေးကို စိတ်ဝင်စားလာပြီထင်၍ မြန်မြန်ပြောလိုက်၏။
"ဟုတ်တယ် အဲတာက ရွှေတစ်ချောင်းလေ ငါတို့လည်း ပန်းပင်က ဒီလောက်တန်မယ်လို့မထင်ထားလို့ အံသြနေကျတာ ဒုတိယ မင်းရဲ့ကံက တစ်ခုခုတော့တစ်ခုခုပဲ တောကောင်ကြီးတွေအမြဲရတဲ့အပြင် မတော်တဆယူလာမိတဲ့ ပန်းပင်ကတောင်မှ ငွေချောင်းထောင်ချီတန်နေတယ်"
ပိုင်ကျန်းတွေးတာက ရိုးရိုးလေးပင်။ ပိုင်လီမှာငွေဘယ်လောက်ရှိရှိ ရွှေတစ်ချောင်းက ငွေချောင်းတစ်ထောင်ရှိလို့ မက်ချင်စရာဖြစ်နေတုန်းပဲ။ ပိုင်လီကလည်း ပန်းပင်အတွက်ဒီလောက်ရလို့ပျော်နေလိမ့်မယ်။
ပိုင်ကျန်းရဲ့အတွေးက ဘာကြောင့် ဒီလောက်ရိုးရှင်းနေရဆိုတော့ ပိုင်မိဘတွေက ပိုင်မိန်ကိုတိုးတိုးပြောထားတာကလွဲရင် ပိုင်လီက ဝက်ဝံကိုရခဲ့တယ်ဆိုတာကို ဘယ်သူ့ကိုမှမပြောရသေးလို့ပါပဲ။ သူတို့က တောကောင်ကြီးကြီးလို့ပဲ မရေမရာပြောထားပြီး တခြားသူတွေကလည်း ဒါက တောဝက်တို့ ဒရယ်တို့ဖြစ်နိုင်တယ်လို့သာ တွေးထားကျတာဖြစ်သည်။
သူတို့တွေက ပိုင်လီလှည်းနှစ်စီးနဲ့သွားတာက အဲလိုမျိုးအကောင်တွေကိုမှ အကောင်ရေများလို့လိုပဲ တွေးခဲ့ကျတယ်။ အဲတာက အကြီးကဲမိသားစုတောင်အဲလိုတွေးတဲ့လူတွေထဲ အပါအဝင်ပါပဲ။
ပိုင်လီကလည်း ပိုင်ကျန်းရဲ့အတွေးကို နားမလည်စရာအကြောင်းမရှိပေ။ သူက သူ့ရဲ့မူပိုင် ဖော်ရွှေတဲ့အပြုံးလေးကို ပြုံးရင်းနဲ့မှ မေးလိုက်၏။
"ဒါဆို မရီးက ဘယ်သူ့ဆီကို ရောင်းခဲ့တယ်ဆိုတာကို အိမ်ကိုပြောပြသေးလား"
........................
###
အပိုင္း (၇၀) မုဆိုးႀကီးေျပာတဲ့ က်ိဳးရွီရဲ႕ယုတ္မာမႈအေၾကာင္း
ဒါကိုၾကားေတာ့ ပိုင္မိန္က ပိုင္လီဆီမွာ က်ိဳးရွီနဲ႕ပတ္သက္ၿပီး အစီစဥ္ရွိမွန္းသိသြားလို႔ သူမကမစိုးရိမ္ေတာ့ဘူး။
ဒါေပမယ့္ သူမရဲ႕စံပါယ္ပင္ေလးကို ဆုံးရႈံးလိုက္ရအတြက္ေတာ့ အရမ္းဝမ္းနည္းေနတာေၾကာင့္...
"ဒုတိယအကို ညီမေလးရဲ႕ပန္းပင္ေလးက ျပန္ရနိုင္ပါ့မလားဟင္"
ပိုင္လီကလည္း ဒါကိုေတာ့မေသခ်ာပါဘူး။ ဘာလို႔လဲဆိုေတာ့ က်ိဳးရွီက သူမ်ားကိုေရာင္းၿပီးသြားလို႔ပါပဲ။ ဒါေၾကာင့္သူက....
"ဘယ္သူဝယ္သြားတာလဲဆိုတာ စုံစမ္းၿပီးရင္ ဒုတိယအကိုက ျပန္ဝယ္ၾကည့္ေပးမယ္ ဒါေပမယ့္ တစ္ဖက္လူက ေရာင္းမေရာင္းအေပၚေတာ့ မူတည္တာေပါ့ သိပ္ႀကီးလည္း ဝမ္းမနည္းပါနဲ႕ ဝယ္သြားတဲ့လူက ျပန္မေရာင္းရင္ ေရွာင္မိန္အတြက္ တစ္ပင္ျပန္ရွာေပးမယ္"
ဒါကိုၾကားေပမယ့္ ပိုင္မိန္ကေတာ့ေပ်ာ္မသြားဘဲ...
"မဟုတ္ဘူး ဝမ္႐ူရဲ႕မေတာ္တဆၿပီးထဲက ေတာထဲကအရမ္းအႏၱာရယ္မ်ားလို႔ အေမတို႔ေရာ ညီမေလးေရာက အကို႔ကို ေတာထဲမသြားေစခ်င္ေတာ့ဘူး ဒီတစ္ေခါက္ေတာင္မသိလိုက္လို႔ ျပန္ဝယ္လို႔မရရင္လည္းထားလိုက္ပါေတာ့ ဒုတိယအကိုေတာထဲမသြားပါနဲ႕အကိုတို႔အိမ္မွာလည္း တစ္ပင္ရွိေနေသးတာပဲကို "
အဲဒီေနာက္ သူမေလးက ပိုင္လီရဲ႕လက္ကိုလႊဲရမ္း၍ ကေလးဆန္စြာျပဳမႈလာၿပီး....
"ဒုတိယအကိုပဲ အကို႔အိမ္က ညီမေလးအိမ္လို႔ မေျပာခဲ့ဘူးလား ဒါဆို အကို႔အိမ္ကပန္းပင္ကလည္း ညီမေလးဟာပဲေပါ့ မဟုတ္ဘူးလား ဟမ္"
ပိုင္လီက ဒါကိုၾကားေတာ့ၿပဳံးလိုက္ကာ သူတို႔နဲ႕မလွမ္းမကမ္းက စံပါယ္ပန္းပင္နားမွာ ေဆာ့ကစားေနက်တဲ့အေသးေလးေတြကို ၫႊန္ျပလိုက္ေလသည္။
"ဒါကေတာ့ မင္းရဲ႕တူေလးေတြနဲ႕ အရင္သြားညွိလိုက္ေလ"
ထိုအခ်ိန္တြင္ ပိုင္မိန္ရဲ႕အာ႐ုံက အေသးေလးေတြဘက္ေျပာင္းသြားကာ ပိုင္လီရဲ႕လႊတ္လိုက္ၿပီး ေျပးမသြားခင္ ေျပာခဲ့ေသး၏။
"ညီမေလးရဲ႕တူေလးေတြက ညီမေလးကိုခ်စ္ၿပီးသားပါေနာ္ "
ပိုင္လီက ေဆာ့ကစားေနတဲ့ကေလးေတြကို ထားခဲ့ၿပီး အိမ္ေရွ႕ကခုံေလးမွာ တစ္ေယာက္ထဲထိုင္ကာ စဥ္းစားခဲ့သည္။
ျဖစ္နိုင္ရင္ သူလည္း သူ႕မိသားစုကို လက္ေဆာင္ေပးထားတဲ့ပစၥည္းကို တျခားလက္ထဲ ေရာက္မေနေစခ်င္တာေၾကာင့္ ပန္းပင္ကိုျပန္လိုခ်င္ေပမယ့္ ေျပာခဲ့သလိုပဲ ပန္းပင္က ရွားပါးမ်ိဳးစိတ္ျဖစ္ေနတဲ့အခါ တစ္ဖက္က ျပန္ေရာင္းနိုင္ေခ်သိပ္ေတာ့မရွိေပ။
မူလမွာ ပန္းပင္ရဲ႕သတင္းကိုၾကားထဲက ပိုင္လီက သူေတာထဲမွာ အဲဒီပန္းေတြမ်ားစြာရွိတဲ့ေနရာကို သိထားေၾကာင္း မေဖာ္ျပခ်င္တာေၾကာင့္ လာေမးသူရွိပါကသူက မေတာ္တဆေတြ႕ခဲ့တာသာျဖစ္ၿပီး အဲဒီပန္းပင္မ်ားရွိသည့္ေနရာကို မမွတ္မိေၾကာင္း ေျပာဖို႔ျပင္ဆင္ထားကာ သူလည္းထပ္မသြားေတာ့ဘူးဟု ရည္႐ြယ္ထားခဲ့တာျဖစ္သည္။
ဘာလို႔လည္းဆိုေတာ့ ပိုင္လီက အဲဒီပန္းပင္ေတြကို တစ္ေနရာထဲမွာသာ အစုလိုက္ေတြ႕ဖူးၿပီး တျခား သူေရာက္ဖူးတဲ့ေနရာေတြမွာ မေတြ႕ရေတာ့လို႔ပါပဲ။ ဒါေၾကာင့္ လက္ရွိမွာ ပန္းပင္ေတြက အဲဒီတစ္ေနရာထဲမွာသာေပါက္သလိုျဖစ္ေနၿပီး ပိုင္လီသာ ဒါကိုေျပာျပလိုက္ရင္ အေတာမသတ္နိုင္တဲ့လူေတြရဲ႕ေလာဘေၾကာင့္ ပန္းပင္ေတြ မ်ိဳးတုန္းသြားမွာေတာင္ေၾကာက္ရတယ္ေလ။ အေရးႀကီးဆုံးက ေ႐ႊေခ်ာင္းေတြရဲ႕ဆြဲေဆာင္မႈက အေလာင္းေတြကိုနင္းၿပီး သြားရမယ္ဆိုရင္ေတာင္ လာေရာက္ရွာေဖြသူေတြက အဆက္မျပတ္ရွိေနဦးမွာပဲမဟုတ္ဘူးလား။ ဒါဆို နန္ေခ်ာင္း႐ြာကေရာ ဘယ္လိုလုပ္ ေအးခ်မ္းနိုင္ပါေတာ့မလဲ။
ဒါေတြေၾကာင့္ ပိုင္လီက ပန္းပင္ေတြကို သူေရာတျခားသူေတြေရာ ထပ္မေတြ႕ေတာ့ေအာင္ သူပါအဲဒီပန္းပင္ေတြကို ထပ္မယူေတာ့ဘူးလို႔ စိတ္ကူးထားေပမယ့္ သူက သူ႕ညီမေလးစိတ္ဆင္းရဲေနတာကိုလည္းမျမင္ခ်င္ပါဘူး။
ထပ္ၿပီး သူမ်ားလက္ထဲေရာက္သြားတဲ့ပန္းပင္က ဘယ္သူ႕ဆီမွာ အဆုံးသတ္သြားမယ္မွန္း မသိနိုင္ကာ ဆိပ္ကမ္းၿမိဳ႕က တစ္ေယာက္ေယာက္ဆီတြင္ဆိုပါက ဘာမွမျဖစ္ေသာ္လည္း ၿမိဳ႕ေတာ္လိုေနရာမ်ိဳးကိုေရာက္သြားပါကမူ ပန္းပင္ရဲ႕ထူးျခားေကာင္းမြန္လွတဲ့ရနံ႕နဲ႕ လွပတဲ့ပန္းပြင့္အသြင္သ႑ာန္ေၾကာင့္ အထက္တန္းလႊာအိမ္ေတာ္ေတြၾကား ပ်ံ့ႏွံ႕သြားမွာကိုစိုးရိမ္ရသည္။
အထက္တန္းလႊာအိမ္ေတာ္ေတြက အမ်ိဳးသမီးေတြက လိုခ်င္တာကလႊဲရင္ ဘာမွသိမွာမဟုတ္ဘူး။ ေနာက္ဆုံးမွာ ပန္းပင္ရဲ႕ဇစ္ျမစ္ကိုလိုက္ၿပီး ရွာေဖြရင္ သူ႕ဆီေရာက္လာနိုင္ၿပီး နန္ေခ်ာင္း႐ြာနဲ႕သူ႕မိသားစုက ဆက္လက္ေအးခ်မ္းနိုင္မွာ မဟုတ္ေတာ့ေပ။ သူက ဒါကို ေခ်ာင္ရန္က သူ႕အိမ္ကပန္းပင္ကို ၿမိဳ႕ေတာ္ကိုပို႔မယ္ဆိုထဲက စဥ္းစားမိခဲ့ေပမယ့္ ေခ်ာင္ရန္ကက် သူႏႈတ္ပိတ္ထားရင္ ေျပာမယ့္လူမ်ိဳးမဟုတ္လို႔ သိပ္စိတ္မပူခဲ့တာသာျဖစ္သည္။ ဒါေပမယ့္ အခု ၾကည့္ရတာ အစီစဥ္တစ္ခုခုကိုေတာ့ သူဆြဲထားသင့္တဲ့ပုံပဲ။
သူကထပ္ၿပီး နန္ေခ်ာင္း႐ြာသားေတြ ေလာဘတတ္ၿပီး ေတာထဲဝင္တာမ်ိဳးမျဖစ္ေစခ်င္ေတာ့ဘူး။
ပိုင္လီက ေသခ်ာစဥ္းစားၾကည့္ရင္ နားမလည္ေပ။ သူ႕ရဲ႕တစ္ခုတည္းေသာဆႏၵက ဒီ႐ြာေလးမွာ သူ႕မိသားစုနဲ႕အတူ ေအးေအးခ်မ္းခ်မ္းေနသြားဖို႔ပဲဆိုေပမယ့္ ဘာေၾကာင့္ ျပႆနာေတြက သူ႕ဆီကိုပဲ တိုက္ရိုက္ေရာ၊ သြယ္ဝိုက္ၿပီးေတာ့ေရာ လာေနမွန္းမသိေတာ့ဘူး။
မဟုတ္မွ ဒီခႏၶာကိုယ္က ဆိုးသြမ္းေနတာနဲ႕ပဲ ဓာတ္တည့္တာမ်ိဳးလား။ ေကာင္းေကာင္းမြန္မြန္ေနလို႔ မရနိုင္တာမ်ားလား။
ထိုသို႔ ပိုင္လီတစ္ေယာက္ အေတြးကမၻာထဲနစ္ေမ်ာေနခ်ိန္တြင္ ပိုင္မိသားစုက ေယာကၤ်ားမ်ားေရာက္လာခဲ့က်သည္။ ပိုင္လီက အေတြးထဲနစ္ေနတာေၾကာင့္ရယ္ အခုတံခါးမႀကီးက တည္သီးပင္ေအာက္ကခုံေပၚထိုင္ၿပီး အဝတ္ခ်ဳပ္ေနတဲ့ေရွာင္ဟန္နဲ႕ ပိုနီးတာေၾကာင့္ရယ္ေၾကာင့္ ေရွာင္ဟန္က တံခါးသြားဖြင့္ေပးလိုက္ကာ အထဲဝင္လာသည့္ ပိုင္မိသားစုဝင္မ်ားက အိမ္ေလးေရွ႕ကစားပြဲမွာ တစ္ေယာက္ထဲထိုင္ေနသည့္ ပ်ိုင်လီကိုတွေ့ချိန်တွင် အနည္းငယ္အံအားသင့္သြားက်သည္။
"ဒုတိယ မင္းျပန္လာၿပီလား"
ပိုင္လီက တံခါးေခါက္သံကိုၾကားလိုက္သည္ပင္။ ဒါေပမယ့္ ေရွာင္ဟန္က တံခါးနဲ႕ပိုနီးၿပီး အရင္သြားဖြင့္လိုက္တာေၾကာင့္ သူကာဆက္ထိုင္ေနတာျဖစ္ၿပီး ပိုင္အေဖရဲ႕ေမးသံကိုၾကားတဲ့အခါ သူကေခါင္းၿငိမ့္လိုက္သည္။
"ဟုတ္ပါတယ္အေဖ ကြၽန္ေတာ္မေန႕ညကပဲျပန္ေရာက္တယ္ ဒါေပမယ့္ အခ်ိန္က ညဥ့္နက္ေနေတာ့ လာမႏွောင့္ယွက္ေတာ့တာပါ ကြၽန္ေတာ္ေတာင္ ဦးေလးက်န္းဆီ ကြၽဲျပန္သြားေပးရင္း လာခဲ့ေတာ့မလို႔ ပိုင္မိန္ေရာက္လာလို႔ စကားေျပာရင္း ၾကာေနတာ အခုေတာ့ အေဖတို႔ေတာင္အိမ္ကိုေရာက္လာၿပီ"
ဒါကိုၾကားေတာ့ ပိုင္အေဖက အေဝးကသစ္ေတာ္ပင္ေတြေအာက္မွာ အေသးေလးေတြနဲ႕ ႀကိဳးဒန္းတူတူစီးေနတဲ့ ပိုင္မိန္ကိုလွမ္းၾကည့္လိုက္ၿပီး သူ႕ရဲ႕အငယ္ဆုံးသမီးက အခုေတာ့ၿငိမ္သြားၿပီပဲဟု ေတြးမိသြားခဲ့သည္။
အဲဒီေနာက္ သူတို႔လည္း စားပြဲမွာဝင္ထိုင္လိုက္က်၍ ပိုင္လီက ပိုင္အေဖအတြက္ေရႏြေးငွဲ႕ေပးလိုက္ကာ ပိုင္အေဖသက္ျပင္းခ်ေနတာကိုၾကည့္ၿပီး...
"အိမ္မွာျဖစ္သြားတာကို ကြၽန္ေတာ္သိၿပီးပါၿပီ အေဖေျပာရခက္မေနပါနဲ႕ေတာ့"
အဲဒီေနာက္ သူက ပိုင္က်န္းကိုၾကည့္လိုက္ရာ ပိုင္က်န္းကလည္း သူ႕ဇနီးရဲ႕လုပ္ရက္ေၾကာင့္ ပိုင္လီနဲ႕စကားေျပာရမွာအခက္ေတြ႕ေနပုံေပၚသျဖင့္...
"အႀကီးဆုံးအကို အကိုလည္း ဘာမွေနရခက္ေနစရာမလိုပါဘူး ဒါက က်ိဳးရွီရဲ႕လုပ္ရပ္ပါ အကိုနဲ႕မဆိုင္ပါဘူး"
ပုံမွန္ မ်က္ႏွာတည္ၿပီးအေနေအးသည့္ ပိုင္းက်န္းမွာမူ ယခုတြင္ အနည္းငယ္မ်က္ႏွာမထားတတ္ျဖစ္ေနကာ...
"ဒီလိုဘယ္လိုလုပ္ေျပာလို႔ရမွာလဲ သူမက ငါ့ရဲ႕ဇနီးဆိုမွေတာ့ ေသခ်ာေပါက္ ငါ့အျပစ္လည္းပါတာေပါ့ ငါသိပါတယ္ သူမက အိမ္ကိုအသိမေပးဘဲ ပန္းပင္ကိုသြားမေရာင္းသင့္ဘူး ဒါေပမယ့္ ေငြကိုျပန္ယူလာလို႔ေတာ္ပါေသးတယ္ အေမကေျပာတယ္ ပန္းပင္မင္းဟာမလို႔ ေရာင္းရတဲ့ေငြကလည္းမင္းဟာပဲတဲ့ အကိုတို႔ ေငြကိုမင္းကိုျပန္ေပးမွာပါ မင္းရဲ႕မရီးရဲ႕လုပ္ရပ္အတြက္ေတာ့ အႀကီးဆုံးအကိုကပဲ မင္းရဲ႕မရီးအစားေတာင္းပန္ပါတယ္ကြာ"
ပိုင္လီက ပိုင္က်န္းစကားကိုမတုန့္ျပန္ေသးဘဲ ေရႏြေးငွဲ႕ၿပီးခ်ိန္တြင္ ေရႏြေးအိုးကိုျပန္ခ်လိဳက္ကာ သူ႕ရဲ႕ေရႏြေးပန္းကန္ထဲပါ ထည့္ေပးမလားလို႔ေစာင့္ေနတဲ့ ပိုင္စန္းအားေျပာလိုက္သည္။
"အေဖလည္းဒီမွာေရာက္ေနၿပီဆိုေတာ့ ကြၽန္ေတာ္တို႔ဒီမွာပဲစကားေျပာက်တာေပါ့ တတိယ အေမနဲ႕မရီးႏွစ္ေယာက္ကိုသြားေခၚလိုက္ပါ"
ပိုင္းစန္းက စကားနားေထာင္သူျဖစ္ၿပီး ပိုင္လီေျပာတာၾကားတာႏွင့္ ပိုင္အိမ္ကိုအေျပးထြက္သြားေတာ့၏။
ပိုင္စန္းထြက္သြားေတာ့မွ ပိုင္လီက....
"အႀကီးဆုံးအကို တကယ္ေတာ့ ေငြကအေရးႀကီးတာမဟုတ္ပါဘူး"
ပိုင္က်န္းက ပိုင္လီအေနနဲ႕ က်ိဳးရွီက ပန္းပင္ကိုဘယ္သူ႕မွမသိေအာင္ ယူသြားတာကိုေျပာခ်င္တာထင္၍...
"ငါလည္းဒါကိုသိပါတယ္ ငါသူမကိုသတိေပးထားၿပီးပါၿပီ သူမေနာက္ကို အိမ္ကဘယ္ပစၥည္းကိုမွ မသိေအာင္ယူရဲေတာ့မွာမဟုတ္ဘူး မင္းရဲ႕မရီးကလည္း သူမလုပ္ရက္အတြက္ ေနာင္တရတယ္လို႔ေျပာတယ္ သူမလည္း မွားမွန္းသိလို႔ ေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္ေနတာပါ"
ပိုင္လီကဒါကိုၾကားေတာ့ စိတ္ထဲေလွာင္လိုက္မိသည္။ က်ိဴးရွီက ေနာင္တရတယ္တဲ့လား။
ပိုင္လီက သူ႕မွာလည္း ဇနီးနဲ႕သားေတြရွိတာေၾကာင့္ ပိုင္က်န္းကို ကိုယ္ခ်င္းစာေပးနိုင္ပါသည္။ လက္ရွိမွာက်ိဳးရွီက ကိုယ္ဝန္နဲ႕ဆိုေတာ့ ပိုင္က်န္းက က်ိဳးရွီမွားမွန္းသိလို႔ ေဒါသထြက္ခ်င္ရင္ေတာင္ ထြက္လို႔မရဘူးျဖစ္ေနၿပီး သူက အသက္သုံးဆယ္ရွိေနေပမယ့္ သူ႕ရဲ႕ပထမဆုံးကေလးက အခုမွလာတာျဖစ္၍ သူက ဇနီးႏွင့္ကေလးကို ကာကြယ္ခ်င္စိတ္ ရွိေနတာျဖစ္မည္။
ထပ္ၿပီး ပန္းပင္ေရာင္းတဲ့ေငြကလည္း ျပန္ပါလာတာဆိုေတာ့ သူကပဲ ညီအကိုခ်င္းၾကားေတာင္းပန္ခ်င္ေနၿပီး ေငြကလည္း မနည္း၍ သူတို႔သာ စိတ္ရင္းနဲ႕ေတာင္းပန္လိုက္ရင္ အဆင္ေျပသြားလိမ့္မယ္လို႔လည္း ေတြးေနတာျဖစ္နိုင္၏။
ပိုင္က်န္းနဲ႕ ပိုင္အိမ္ရဲ႕အေတြးက သူတို႔ရဲ႕စရိုက္ေတြလိုပဲ ရိုးရွင္းလြန္းတာေၾကာင့္ ပိုင္လီက ဒီေန႕မွာေတာ့ လူတိုင္းက သူတို႔ရိုးရွင္းမေနဘူးဆိုတာကို ေထာက္ျပမွရေတာ့မည္။
ဒါေၾကာင့္ သူက...
"အႀကီးဆုံးအကို ဒါေတြကိုဖယ္ထားၿပီး ကြၽန္ေတာ္သိခ်င္တာရွိေသးတယ္ မရီးက ပန္းပင္ကေ႐ႊေခ်ာင္းရခဲ့တယ္လို႔ေျပာတာလား"
ပိုင္အေဖက ေဘးတြင္ထိုင္ေနေသာ္လည္း ဘာမွဝင္မေျပာဘဲ ညီအကိုႏွစ္ေယာက္ေျပာတာကိုပဲ နားေထာင္ေနကာ ပိုင္က်န္းကေတာ့ ေနာက္ဆုံးတြင္ ပိုင္လီကေငြေၾကးကို စိတ္ဝင္စားလာၿပီထင္၍ ျမန္ျမန္ေျပာလိုက္၏။
"ဟုတ္တယ္ အဲတာက ေ႐ႊတစ္ေခ်ာင္းေလ ငါတို႔လည္း ပန္းပင္က ဒီေလာက္တန္မယ္လို႔မထင္ထားလို႔ အံၾသေနက်တာ ဒုတိယ မင္းရဲ႕ကံက တစ္ခုခုေတာ့တစ္ခုခုပဲ ေတာေကာင္ႀကီးေတြအၿမဲရတဲ့အျပင္ မေတာ္တဆယူလာမိတဲ့ ပန္းပင္ကေတာင္မွ ေငြေခ်ာင္းေထာင္ခ်ီတန္ေနတယ္"
ပိုင္က်န္းေတြးတာက ရိုးရိုးေလးပင္။ ပိုင္လီမွာေငြဘယ္ေလာက္ရွိရွိ ေ႐ႊတစ္ေခ်ာင္းက ေငြေခ်ာင္းတစ္ေထာင္ရွိလို႔ မက္ခ်င္စရာျဖစ္ေနတုန္းပဲ။ ပိုင္လီကလည္း ပန္းပင္အတြက္ဒီေလာက္ရလို႔ေပ်ာ္ေနလိမ့္မယ္။
ပိုင္က်န္းရဲ႕အေတြးက ဘာေၾကာင့္ ဒီေလာက္ရိုးရွင္းေနရဆိုေတာ့ ပိုင္မိဘေတြက ပိုင္မိန္ကိုတိုးတိုးေျပာထားတာကလြဲရင္ ပိုင္လီက ဝက္ဝံကိုရခဲ့တယ္ဆိုတာကို ဘယ္သူ႕ကိုမွမေျပာရေသးလို႔ပါပဲ။ သူတို႔က ေတာေကာင္ႀကီးႀကီးလို႔ပဲ မေရမရာေျပာထားၿပီး တျခားသူေတြကလည္း ဒါက ေတာဝက္တို႔ ဒရယ္တို႔ျဖစ္နိုင္တယ္လို႔သာ ေတြးထားက်တာျဖစ္သည္။
သူတို႔ေတြက ပိုင္လီလွည္းႏွစ္စီးနဲ႕သြားတာက အဲလိုမ်ိဳးအေကာင္ေတြကိုမွ အေကာင္ေရမ်ားလို႔လိုပဲ ေတြးခဲ့က်တယ္။ အဲတာက အႀကီးကဲမိသားစုေတာင္အဲလိုေတြးတဲ့လူေတြထဲ အပါအဝင္ပါပဲ။
ပိုင္လီကလည္း ပိုင္က်န္းရဲ႕အေတြးကို နားမလည္စရာအေၾကာင္းမရွိေပ။ သူက သူ႕ရဲ႕မူပိုင္ ေဖာ္ေ႐ႊတဲ့အၿပဳံးေလးကို ၿပဳံးရင္းနဲ႕မွ ေမးလိုက္၏။
"ဒါဆို မရီးက ဘယ္သူ႕ဆီကို ေရာင္းခဲ့တယ္ဆိုတာကို အိမ္ကိုေျပာျပေသးလား"
........................