ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...

By KimHsuYoon99

115K 13.8K 109

Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108

Chapter 14

1.3K 165 0
By KimHsuYoon99

Unicode

ကုမျန် အမျိုးသမီးဇာတ်ဆောင်နေရာကို လုယူလိုက်တဲ့သတင်းကြောင့် Weibo က အချိန်အတော်ကြာအောင် သက်၀င်တက်ကြွနေခဲ့တယ်။ ထို့နောက် သူမအေးဂျင့်လီနန်ရဲ့ လျင်မြန်ပြီး အစွမ်းထက်တဲ့လှုပ်ရှားမှုတွေနဲ့အတူ သူမရဲ့ အဆိုးမြင်မှတ်ချက်အားလုံးက အချိန်မီဖိနှိပ်ခံလိုက်ရတယ်။

တစ်ဖက်သားရဲ့ hot searchက လေဆင်နှာမောင်းတစ်ခုလိုမျိုး ရုပ်သိမ်းသွားတာ မြန်ဆန်လွန်းလို့ လူအများက မတုံ့ပြန်နိုင်ခဲ့ဘဲ နှေးကွေးတဲ့လူတွေအတွက် ဖရဲသီးစားဖို့ အချိန်မရှိတော့တာကြောင့် အင်တာနက်သုံးစွဲသူတွေ နောင်တရမိတဲ့အချိန်လေးမှာပဲ Weibo ပေါ်မှာ hot search အသစ်တစ်ခု ရုတ်တရက်ပေါ်လာခဲ့တယ်။

#ရှော့ခ်ရစရာ! ကုမျန်က တကယ်ကို သူမကိုယ်သူမ ဖျက်ဆီးနေတာပဲ..#

ကုမျန်လား?

သူတို့ သူမရဲ့နာမည်ကို နေ့တ၀က်လောက်ကမှ တွေ့ခဲ့ကြတာမဟုတ်ဘူးလား။ သိပ်မကြာခင်မှာပဲ သူမ ဘယ်လိုထပ်ပြီး hot search ပေါ်ရောက်နိုင်မှာလဲ ။

သူမဘာတွေ ဖျက်ဆီးတာလဲ။

ဖရဲသီးစားသူတော်တော်များများက hot search နောက်တစ်ကြိမ် ဖယ်ရှားခံရမှာကို စိုးရိမ်တာကြောင့် အလျင်အမြန် ကလစ်နှိပ်လိုက်ကြတယ်။ အကြောင်းအရာကိုဖတ်ဖို့ အချိန်တောင်မယူကြတဲ့ အင်တာနက်သုံးစွဲသူအချို့တောင်ရှိပြီး သတင်းကို သိမ်းဆည်းဖို့ရာအတွက် ပထမဆုံး စခရင်ရှော့ယူလိုက်ပြီးမှ ကလစ်နှိပ်ပြီး ဖြည်းဖြည်းချင်းဖတ်ကြတော့တယ်။ သူတို့က မျက်စိတစ်မှိတ်အတွင်း hot search ပျောက်သွားမှာကို စိုးရိမ်နေကြတာလေ။

အင်တာနက်သုံးစွဲသူအားလုံး ဖရဲသီးစားနေတဲ့အချိန်မှာ ရိုက်ကူးရေးပေါ်က လော့ချယ်နဲ့လော့ကျစ်ယွီတို့ကလည်း hot search ကို သိသိသာသာ သတိထားမိခဲ့ကြတယ်။

လော့ချယ်က ထိုအချိန်မှာ ရိုက်ကူးစရာ sceneမရှိပေ။ သူက လှုပ်ကုလားထိုင်ပေါ် ခေါင်းငုံ့ကာထိုင်နေပြီး *Dou Dizhu ကို ကစားနေခဲ့ခြင်းပင်။(fight the landlord - ကတ်ဂိမ်း)

သူ့မျက်၀န်းတွေကို အောက်ငုံ့ထားပြီး ကော့ညွတ်နေတဲ့မျက်တောင်လေးတွေက နက်ရှိုင်းပုံရတဲ့မျက်၀န်းတွေကို ဖုံးအုပ်ထားတာကြောင့် ဒါက သူ့မျက်၀န်းတွေကို မြင်ရန်ခက်ခဲစေတယ်။သူ့ဘေးမှာရပ်နေတဲ့ လော့ကျစ်ယွီက လက်ထဲမှာဖုန်းကိုင်ထားပြီး ဘလော့ဂါက အပြုံးတပွင့်နဲ့ ရေးတင်ထားတဲ့ Weibo ပေါ်ကစာအရှည်ကြီးကို တစ်လုံးချင်းစီ ဖတ်ပြနေတယ်။

"မင်းကောင်မလေးက ၀မ့်ရှားဆီကနေ ယင်းလျန်ဇာတ်ကောင်ကို လုယူထားတယ်လို့ အင်တာနက်သုံးစွဲသူနဲ့ ၀မ့်ရှားရဲ့ပရိသတ်တော်တော်များများက ပြောနေကြတယ် အဲ့ဒါအမှန်ပဲလား"

လော့ချယ်က ခေါင်းမော့ပြီး သူ့ကိုကြည့်လိုက်ကာ လေ့သံဖျော့ဖျော့နဲ့ ပြောလာတယ်။"လော့ကျစ်ယွီ၊ မင်း ငါ့ကို ဘာလို့ စိတ်အနှောင့်အယှက် ဖြစ်စေရတာလဲ"

သူ့ဘေးကလူက သတင်းကိုဖတ်ဖို့ပဲ ရွေးချယ်လိုက်တယ်။

လော့ကျစ်ယွီက အသာအယာချောင်းဆိုးလိုက်ပြီး "ငါကလား အားချယ် မင်းရော မသိချင်ဘူးလား"

မင်းရဲ့ ကောင်မလေးက ဘယ်လိုဖြေလဲဆိုတာ မသိချင်ဘူးလား။

လော့ကျစ်ယွီက လော့ချယ်ကို လျစ်လျူရှုပြီး သူ့ဘာသာသူ ဆက်ဖတ်တယ်။

ကုမျန်ရဲ့အဖြေကို သူဖတ်လိုက်တဲ့အချိန်မှာတော့ လော့ကျစ်ယွီရဲ့အမူအရာက တွန့်သွားတယ်။

ဒါက အလွန့်အလွန်ထူးဆန်းပုံပေါက်တယ်။

ကုမျန်က သတင်းထောက်ကို တကယ်ကြီး ဟုတ်တယ်လို့ ဖြေလိုက်တယ်။

ဟုတ်တယ်လား?

ဟုတ်တယ်!

ဒီကောင်မလေးက တကယ်ရိုးသားလွန်းတယ်။ သူမ စိတ်ရှုပ်ထွေးနေတာလား?

လော့ကျစ်ယွီက စိတ်ငြိမ်ငြိမ်ထားလိုက်ပြီး သူ့မျက်နှာအမူအရာကို ထိန်းချုပ်လိုက်ပြီးနောက် ဆက်ဖတ်တယ်။ "သူမက ၀မ့်ရှားရဲ့ဇာတ်ကောင်ကို နာမည်ကြီးဖို့မဟုတ်ဘဲ လော့ချယ်အတွက် လုယူခဲ့တာပါလို့ ကုမျန်ကပြောတယ်တဲ့"

လော့ကျစ်ယွီက မရယ်မောပဲမနေနိုင်တော့ဘူး။ "အားချယ် မင်းကောင်မလေးက အရမ်းတော်တယ်လို့ ငါပြောလိုက်မယ်"

ဒုက္ခဖြစ်စေနိုင်တဲ့စွမ်းရည်က ကြီးမားပြီး ဝန်ခံတဲ့စွမ်းရည်ကလည်း ပိုကောင်းလာတယ်။ ချစ်ခြင်းအရိပ်လေးတောင် တိတ်တဆိတ်ရှိနေသေးတယ်။

ဇာတ်လမ်းတွဲမရိုက်ကူးခင်ညမှာ အမျိုးသမီးဇာတ်ဆောင် ရုတ်တရက်ပြောင်းလဲသွားတာကြောင့် ဒီအဖြစ်အပျက်မှာ လှည့်ကွက်မရှိဘူးဆိုတာ ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ ဒါကြောင့် ဒီကိစ္စက လူတွေရဲ့ အာရုံကို ဖမ်းစားသွားတယ်။ ဖျော်ဖြေရေးနယ်ပယ်မှာရှိတဲ့လူတွေက ဒီကိစ္စကို အတော်အာရုံစိုက်နေကြတာ။

ကုမျန်ရဲ့မိတ်ကပ်ဓာတ်ပုံတွေကို တရားဝင်ဘလော့ဂ်မှာ ထုတ်ပြန်ခဲ့တယ်။ အဲ့ဒီနေ့ညနေမှာပဲ ၀မ့်ရှားက ဖြောင့်မှန်ပုံရပေမယ့် အမှန်တကယ်မှာတော့ ဆိုးရွားတဲ့ရည်ရွယ်ချက်တွေ ရှိနေတဲ့ အင်တာဗျူးတစ်ခုဖြေခဲ့တယ်။ရည်ရွယ်ချက်ကတော့ ခန့်မှန်းရမခက်လှဘူး။

ဇာတ်ကောင်ပြောင်းလဲမှုမုန်တိုင်းကို ရှေ့ခြေတစ်လှမ်းလောက် တွေ့ကြုံခံစားပြီးတာနဲ့တပြိုင်နက်၊ နောက်ခြေတစ်လှမ်းအဖြစ် တရားဝင်ဘလော့ဂ်က ကုမျန်ရဲ့မိတ်ကပ်ဓာတ်ပုံတွေကို အပ်ဒိတ်လုပ်ခဲ့တယ်လေ။

အဲ့ဒီအရာနှစ်ခုက ရှေ့ဆင့်နောက်ဆင့်ဖြစ်ပျက်ခဲ့တာ။ တမြေ့မြေ့တက်နေတဲ့ရေနွေးငွေ့တွေက ရှိနေတုန်းပဲ။ လူကြိုက်များစေဖို့အတွက် ကုမျန်ရဲ့မိတ်ကပ်ဓာတ်ပုံတွေကို တရားဝင်ထုတ်ပြန်ခဲ့တာ နားလည်ပေးနိုင်ပါတယ်။

ဒါပေမယ့် ၀မ့်ရှားက အဲဒီအချိန်မှာ ဝင်လာတယ်။ သူမက  သူမကိုယ်သူမစန်းတင်ရုံသာမက နားလည်ပေးတတ်သူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကိုလည်း အောင်အောင်မြင်မြင် ဖန်တီးနိုင်ခဲ့တယ်။ အရမ်းရောင်းရပြီး ပရိတ်သတ်တွေလည်း အများကြီးရခဲ့တယ်။ သူမက ဖြတ်သွားဖြတ်လာတွေဆီကနေ ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေ ရရှိခဲ့ပြီး ကုမျန်ကတော့ အရမ်းမည်းနက်လာခဲ့တယ်။

ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်သတ်လိုက်တယ်လို့ ပြောလို့ရတယ်။

ကုမျန်နဲ့ ဒါရိုက်တာရဲ့အမြော်အမြင်အပေါ် သူမ ယုံကြည်ချက်ရှိရှိ ဖော်ပြနိုင်တဲ့အားလျော်စွာ ကျော်ကြားလှတဲ့ပန်းပွင့်လေး(ယင်းလျန်)မှာ ဇာတ်ကောင်လုယူခဲ့တဲ့ အခြားသူတစ်ယောက်(ကုမျန်)ကို ရင်ဆိုင်ဖို့ရာအတွက် သန်မာအားကောင်းတဲ့ ဆန့်ကျင်ဘက်သဘောထားရှိနေတယ်။(သေချာရှင်းပြရမယ်ဆိုရင် ယင်းလျန်က ဖြူစင်တဲ့ပုံရိပ်ရှိပြီး ကုမျန်ကတော့ ဇာတ်ကောင်လုယူထားတဲ့ စိတ်ထားဆိုးတဲ့သူမို့ ပုံရိပ်ချင်းဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ပြောတာပါ)

၀မ့်ရှားလှုပ်ရှားမှုက ရက်စက်လွန်းလှတယ်။

ဒီအဖြစ်အပျက်ကြောင့် ကုမျန် ဖြတ်သွားဖြတ်လာအများအပြားရဲ့ ချစ်ခင်မှုကိုရယူဖို့က သံသယဖြစ်စရာမလိုအောင်ကို ကျရှုံးသွားတယ်။ ခေါင်းဆောင်နေရာအတွက် အပျက်သဘောဆောင်တဲ့ သတင်းတွေများလွန်းရင် ရိုက်ကူးရေးအဖွဲ့သားတွေကိုတောင် ထိခိုက်စေနိုင်တယ်။ အကယ်၍ ဒါက ရိုက်ကူးရေးအဖွဲ့သားတွေကို အမှန်တကယ် ထိခိုက်စေခဲ့မယ်ဆိုရင် သံသယဖြစ်စရာမလိုအောင်ကို အဖွဲ့ထဲကလူတွေက သူမကို ဖဲကြဉ်ထားမှာဖြစ်ပြီး ဒါရိုက်တာကတောင် သူမကို အရမ်းစိတ်မကျေမနပ်ဖြစ်နေလိမ့်မယ်။

ဒါကို မှန်မှန်ကန်ကန်အသုံးပြုခဲ့ရင် ကုမျန်ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာမှာ အသေအချာပဲ။

သေချာတာပေါ့၊၀မ့်ရှားရဲ့အင်တာဗျူးဗီဒီယို အင်တာနက်ပေါ်  ထွက်ပေါ်လာပြီးတာနဲ့ သူမရဲ့ ပရိသတ်တွေက သူမအတွက် တိုက်ခိုက်‌ပေးဖို့ ထွက်လာကြတယ်။

ကောင်းမွန်တဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ရုပ်ရည်ကြည့်ကောင်းတဲ့၊ လူကြိုက်များတဲ့ ပန်းလေးတစ်ပွင့်ဖြစ်တဲ့သူမက ကုမျန်ထက်ညံ့ပြီး ဒါရိုက်တာရဲ့အမြင်နဲ့ ရွေးချယ်မှုအပေါ် ယုံကြည်မှုရှိကြောင်း နိုင်ငံတစ်ဝှမ်းက အင်တာနက်သုံးစွဲသူတွေရှေ့မှာ ပြောခဲ့တယ်။

အရမ်းထောက်ထားညှာတာတတ်ပြီး အရမ်းကြင်နာတတ်တာပဲ။

တခြားသူတွေက ဒါကိုယုံနိုင်ပေမယ့် သူမရဲ့ ပရိသတ်တွေကတော့ ယုံမှာမဟုတ်ပါဘူး။ သူတို့အမြင်မှာတော့ မရိုးသားမမှန်ကန်တဲ့ကုမျန်က ဇာတ်ကောင်ကိုလုယူပြီး သူတို့ရဲ့နတ်ဘုရားမကို အမှားလုပ်ခဲ့တယ်လို့ ဆိုလိုတာပဲ။

ဒါပေမယ့် ကံကောင်းထောက်မစွာပဲ၊ ကုမျန်ရဲ့မန်နေဂျာလီနန်က အရမ်းအကူအညီဖြစ်တယ်။

သူက ဖျော်ဖြေရေးနယ်ပယ်ရှိ နာမည်ကြီး Ace ပွဲစားတွေထဲမှ တစ်ဦးဖြစ်တယ်။ ထုံးစံအတိုင်း၊ လီနန်က အဆက်အသွယ်တွေကို အားသွန်ခွန်စိုက်လိုက်ဆက်သွယ်ပြီး အဆိုးမြင်သတင်းတွေအားလုံးကို ဖိနှိပ်လိုက်တာကြောင့် hot searchကို ထိရောက်စွာ ဖယ်ရှားနိုင်ခဲ့တယ်။

နေ့တိုင်းမြင်တွေ့နေရတဲ့ စိတ်လှုပ်ရှားစရာအရာတွေနဲ့ သတင်းတွေအများကြီးရှိတာကြောင့် အင်တာနက်သုံးစွဲသူတွေရဲ့ အာရုံစူးစိုက်မှုက အလျင်စလိုလာပြီး အလျင်စလိုပြန်ပျောက်သွားလေ့ရှိတယ်။ hot searchကို ဖယ်ရှားလိုက်တာနဲ့ ခဏအကြာမှာ အဲ့ဒီအရာက သဘာဝအတိုင်း တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပါ။

T/N - gpမှာ chapter 55ထိ ရောက်ပါပြီ။ တရက်နှစ်ပိုင်း တင်ပေးနေပါတယ်နော်။


Zawgyi

ကုမ်န္ အမ်ိဳးသမီးဇာတ္ေဆာင္ေနရာကို လုယူလိုက္တဲ့သတင္းေၾကာင့္ Weibo က အခ်ိန္အေတာ္ၾကာေအာင္ သက္၀င္တက္ႂကြေနခဲ့တယ္။ ထို႔ေနာက္ သူမေအးဂ်င့္လီနန္ရဲ႕ လ်င္ျမန္ၿပီး အစြမ္းထက္တဲ့လႈပ္ရွားမႈေတြနဲ႕အတူ သူမရဲ႕ အဆိုးျမင္မွတ္ခ်က္အားလုံးက အခ်ိန္မီဖိႏွိပ္ခံလိုက္ရတယ္။

တစ္ဖက္သားရဲ႕ hot searchက ေလဆင္ႏွာေမာင္းတစ္ခုလိုမ်ိဳး ႐ုပ္သိမ္းသြားတာ ျမန္ဆန္လြန္းလို႔ လူအမ်ားက မတုံ႕ျပန္နိုင္ခဲ့ဘဲ ႏွေးေကြးတဲ့လူေတြအတြက္ ဖရဲသီးစားဖို႔ အခ်ိန္မရွိေတာ့တာေၾကာင့္ အင္တာနက္သုံးစြဲသူေတြ ေနာင္တရမိတဲ့အခ်ိန္ေလးမွာပဲ Weibo ေပၚမွာ hot search အသစ္တစ္ခု ႐ုတ္တရက္ေပၚလာခဲ့တယ္။

#ေရွာ့ခ္ရစရာ! ကုမ်န္က တကယ္ကို သူမကိုယ္သူမ ဖ်က္ဆီးေနတာပဲ..#

ကုမ်န္လား?

သူတို႔ သူမရဲ႕နာမည္ကို ေန႕တ၀က္ေလာက္ကမွ ေတြ႕ခဲ့ၾကတာမဟုတ္ဘူးလား။ သိပ္မၾကာခင္မွာပဲ သူမ ဘယ္လိုထပ္ၿပီး hot search ေပၚေရာက္နိုင္မွာလဲ ။

သူမဘာေတြ ဖ်က္ဆီးတာလဲ။

ဖရဲသီးစားသူေတာ္ေတာ္မ်ားမ်ားက hot search ေနာက္တစ္ႀကိမ္ ဖယ္ရွားခံရမွာကို စိုးရိမ္တာေၾကာင့္ အလ်င္အျမန္ ကလစ္ႏွိပ္လိုက္ၾကတယ္။ အေၾကာင္းအရာကိုဖတ္ဖို႔ အခ်ိန္ေတာင္မယူၾကတဲ့ အင္တာနက္သုံးစြဲသူအခ်ိဳ႕ေတာင္ရွိၿပီး သတင္းကို သိမ္းဆည္းဖို႔ရာအတြက္ ပထမဆုံး စခရင္ေရွာ့ယူလိုက္ၿပီးမွ ကလစ္ႏွိပ္ၿပီး ျဖည္းျဖည္းခ်င္းဖတ္ၾကေတာ့တယ္။ သူတို႔က မ်က္စိတစ္မွိတ္အတြင္း hot search ေပ်ာက္သြားမွာကို စိုးရိမ္ေနၾကတာေလ။

အင္တာနက္သုံးစြဲသူအားလုံး ဖရဲသီးစားေနတဲ့အခ်ိန္မွာ ရိုက္ကူးေရးေပၚက ေလာ့ခ်ယ္နဲ႕ေလာ့က်စ္ယြီတို႔ကလည္း hot search ကို သိသိသာသာ သတိထားမိခဲ့ၾကတယ္။

ေလာ့ခ်ယ္က ထိုအခ်ိန္မွာ ရိုက္ကူးစရာ sceneမရွိေပ။ သူက လႈပ္ကုလားထိုင္ေပၚ ေခါင္းငုံ႕ကာထိုင္ေနၿပီး *Dou Dizhu ကို ကစားေနခဲ့ျခင္းပင္။(fight the landlord - ကတ္ဂိမ္း)

သူ႕မ်က္၀န္းေတြကို ေအာက္ငုံ႕ထားၿပီး ေကာ့ၫြတ္ေနတဲ့မ်က္ေတာင္ေလးေတြက နက္ရွိုင္းပုံရတဲ့မ်က္၀န္းေတြကို ဖုံးအုပ္ထားတာေၾကာင့္ ဒါက သူ႕မ်က္၀န္းေတြကို ျမင္ရန္ခက္ခဲေစတယ္။သူ႕ေဘးမွာရပ္ေနတဲ့ ေလာ့က်စ္ယြီက လက္ထဲမွာဖုန္းကိုင္ထားၿပီး ဘေလာ့ဂါက အၿပဳံးတပြင့္နဲ႕ ေရးတင္ထားတဲ့ Weibo ေပၚကစာအရွည္ႀကီးကို တစ္လုံးခ်င္းစီ ဖတ္ျပေနတယ္။

"မင္းေကာင္မေလးက ၀မ့္ရွားဆီကေန ယင္းလ်န္ဇာတ္ေကာင္ကို လုယူထားတယ္လို႔ အင္တာနက္သုံးစြဲသူနဲ႕ ၀မ့္ရွားရဲ႕ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ေျပာေနၾကတယ္ အဲ့ဒါအမွန္ပဲလား"

ေလာ့ခ်ယ္က ေခါင္းေမာ့ၿပီး သူ႕ကိုၾကည့္လိုက္ကာ ေလ့သံေဖ်ာ့ေဖ်ာ့နဲ႕ ေျပာလာတယ္။"ေလာ့က်စ္ယြီ၊ မင္း ငါ့ကို ဘာလို႔ စိတ္အႏွောင့္အယွက္ ျဖစ္ေစရတာလဲ"

သူ႕ေဘးကလူက သတင္းကိုဖတ္ဖို႔ပဲ ေ႐ြးခ်ယ္လိုက္တယ္။

ေလာ့က်စ္ယြီက အသာအယာေခ်ာင္းဆိုးလိုက္ၿပီး "ငါကလား အားခ်ယ္ မင္းေရာ မသိခ်င္ဘူးလား"

မင္းရဲ႕ ေကာင္မေလးက ဘယ္လိုေျဖလဲဆိုတာ မသိခ်င္ဘူးလား။

ေလာ့က်စ္ယြီက ေလာ့ခ်ယ္ကို လ်စ္လ်ဴရႈၿပီး သူ႕ဘာသာသူ ဆက္ဖတ္တယ္။

ကုမ်န္ရဲ႕အေျဖကို သူဖတ္လိုက္တဲ့အခ်ိန္မွာေတာ့ ေလာ့က်စ္ယြီရဲ႕အမူအရာက တြန႔္သြားတယ္။

ဒါက အလြန့္အလြန္ထူးဆန္းပုံေပါက္တယ္။

ကုမ်န္က သတင္းေထာက္ကို တကယ္ႀကီး ဟုတ္တယ္လို႔ ေျဖလိုက္တယ္။

ဟုတ္တယ္လား?

ဟုတ္တယ္!

ဒီေကာင္မေလးက တကယ္ရိုးသားလြန္းတယ္။ သူမ စိတ္ရႈပ္ေထြးေနတာလား?

ေလာ့က်စ္ယြီက စိတ္ၿငိမ္ၿငိမ္ထားလိုက္ၿပီး သူ႕မ်က္ႏွာအမူအရာကို ထိန္းခ်ဳပ္လိုက္ၿပီးေနာက္ ဆက္ဖတ္တယ္။ "သူမက ၀မ့္ရွားရဲ႕ဇာတ္ေကာင္ကို နာမည္ႀကီးဖို႔မဟုတ္ဘဲ ေလာ့ခ်ယ္အတြက္ လုယူခဲ့တာပါလို႔ ကုမ်န္ကေျပာတယ္တဲ့"

ေလာ့က်စ္ယြီက မရယ္ေမာပဲမေနနိုင္ေတာ့ဘူး။ "အားခ်ယ္ မင္းေကာင္မေလးက အရမ္းေတာ္တယ္လို႔ ငါေျပာလိုက္မယ္"

ဒုကၡျဖစ္ေစနိုင္တဲ့စြမ္းရည္က ႀကီးမားၿပီး ဝန္ခံတဲ့စြမ္းရည္ကလည္း ပိုေကာင္းလာတယ္။ ခ်စ္ျခင္းအရိပ္ေလးေတာင္ တိတ္တဆိတ္ရွိေနေသးတယ္။

ဇာတ္လမ္းတြဲမရိုက္ကူးခင္ညမွာ အမ်ိဳးသမီးဇာတ္ေဆာင္ ႐ုတ္တရက္ေျပာင္းလဲသြားတာေၾကာင့္ ဒီအျဖစ္အပ်က္မွာ လွည့္ကြက္မရွိဘူးဆိုတာ ဘယ္သူမွ ယုံမွာမဟုတ္ဘူး။ ဒါေၾကာင့္ ဒီကိစၥက လူေတြရဲ႕ အာ႐ုံကို ဖမ္းစားသြားတယ္။ ေဖ်ာ္ေျဖေရးနယ္ပယ္မွာရွိတဲ့လူေတြက ဒီကိစၥကို အေတာ္အာ႐ုံစိုက္ေနၾကတာ။

ကုမ်န္ရဲ႕မိတ္ကပ္ဓာတ္ပုံေတြကို တရားဝင္ဘေလာ့ဂ္မွာ ထုတ္ျပန္ခဲ့တယ္။ အဲ့ဒီေန႕ညေနမွာပဲ ၀မ့္ရွားက ေျဖာင့္မွန္ပုံရေပမယ့္ အမွန္တကယ္မွာေတာ့ ဆိုး႐ြားတဲ့ရည္႐ြယ္ခ်က္ေတြ ရွိေနတဲ့ အင္တာဗ်ဴးတစ္ခုေျဖခဲ့တယ္။ရည္႐ြယ္ခ်က္ကေတာ့ ခန႔္မွန္းရမခက္လွဘူး။

ဇာတ္ေကာင္ေျပာင္းလဲမႈမုန္တိုင္းကို ေရွ႕ေျခတစ္လွမ္းေလာက္ ေတြ႕ႀကဳံခံစားၿပီးတာနဲ႕တၿပိဳင္နက္၊ ေနာက္ေျခတစ္လွမ္းအျဖစ္ တရားဝင္ဘေလာ့ဂ္က ကုမ်န္ရဲ႕မိတ္ကပ္ဓာတ္ပုံေတြကို အပ္ဒိတ္လုပ္ခဲ့တယ္ေလ။

အဲ့ဒီအရာႏွစ္ခုက ေရွ႕ဆင့္ေနာက္ဆင့္ျဖစ္ပ်က္ခဲ့တာ။ တေျမ့ေျမ့တက္ေနတဲ့ေရႏြေးေငြ႕ေတြက ရွိေနတုန္းပဲ။ လူႀကိဳက္မ်ားေစဖို႔အတြက္ ကုမ်န္ရဲ႕မိတ္ကပ္ဓာတ္ပုံေတြကို တရားဝင္ထုတ္ျပန္ခဲ့တာ နားလည္ေပးနိုင္ပါတယ္။

ဒါေပမယ့္ ၀မ့္ရွားက အဲဒီအခ်ိန္မွာ ဝင္လာတယ္။ သူမက  သူမကိုယ္သူမစန္းတင္႐ုံသာမက နားလည္ေပးတတ္သူတစ္ေယာက္ရဲ႕ ပင္ကိုယ္စရိုက္ကိုလည္း ေအာင္ေအာင္ျမင္ျမင္ ဖန္တီးနိုင္ခဲ့တယ္။ အရမ္းေရာင္းရၿပီး ပရိတ္သတ္ေတြလည္း အမ်ားႀကီးရခဲ့တယ္။ သူမက ျဖတ္သြားျဖတ္လာေတြဆီကေန ေကာင္းမြန္တဲ့အက်ိဳးသက္ေရာက္မႈေတြ ရရွိခဲ့ၿပီး ကုမ်န္ကေတာ့ အရမ္းမည္းနက္လာခဲ့တယ္။

ေက်ာက္ခဲတစ္လုံးနဲ႕ ငွက္ႏွစ္ေကာင္သတ္လိုက္တယ္လို႔ ေျပာလို႔ရတယ္။

ကုမ်န္နဲ႕ ဒါရိုက္တာရဲ႕အေျမာ္အျမင္အေပၚ သူမ ယုံၾကည္ခ်က္ရွိရွိ ေဖာ္ျပနိုင္တဲ့အားေလ်ာ္စြာ ေက်ာ္ၾကားလွတဲ့ပန္းပြင့္ေလး(ယင္းလ်န္)မွာ ဇာတ္ေကာင္လုယူခဲ့တဲ့ အျခားသူတစ္ေယာက္(ကုမ်န္)ကို ရင္ဆိုင္ဖို႔ရာအတြက္ သန္မာအားေကာင္းတဲ့ ဆန႔္က်င္ဘက္သေဘာထားရွိေနတယ္။(ေသခ်ာရွင္းျပရမယ္ဆိုရင္ ယင္းလ်န္က ျဖဴစင္တဲ့ပုံရိပ္ရွိၿပီး ကုမ်န္ကေတာ့ ဇာတ္ေကာင္လုယူထားတဲ့ စိတ္ထားဆိုးတဲ့သူမို႔ ပုံရိပ္ခ်င္းဆန႔္က်င္ဘက္ျဖစ္ေနတယ္လို႔ေျပာတာပါ)

၀မ့္ရွားလႈပ္ရွားမႈက ရက္စက္လြန္းလွတယ္။

ဒီအျဖစ္အပ်က္ေၾကာင့္ ကုမ်န္ ျဖတ္သြားျဖတ္လာအမ်ားအျပားရဲ႕ ခ်စ္ခင္မႈကိုရယူဖို႔က သံသယျဖစ္စရာမလိုေအာင္ကို က်ရႈံးသြားတယ္။ ေခါင္းေဆာင္ေနရာအတြက္ အပ်က္သေဘာေဆာင္တဲ့ သတင္းေတြမ်ားလြန္းရင္ ရိုက္ကူးေရးအဖြဲ႕သားေတြကိုေတာင္ ထိခိုက္ေစနိုင္တယ္။ အကယ္၍ ဒါက ရိုက္ကူးေရးအဖြဲ႕သားေတြကို အမွန္တကယ္ ထိခိုက္ေစခဲ့မယ္ဆိုရင္ သံသယျဖစ္စရာမလိုေအာင္ကို အဖြဲ႕ထဲကလူေတြက သူမကို ဖဲၾကဥ္ထားမွာျဖစ္ၿပီး ဒါရိုက္တာကေတာင္ သူမကို အရမ္းစိတ္မေက်မနပ္ျဖစ္ေနလိမ့္မယ္။

ဒါကို မွန္မွန္ကန္ကန္အသုံးျပဳခဲ့ရင္ ကုမ်န္ေကာင္းကင္ေပၚကေန ျပဳတ္က်လာမွာ အေသအခ်ာပဲ။

ေသခ်ာတာေပါ့၊၀မ့္ရွားရဲ႕အင္တာဗ်ဴးဗီဒီယို အင္တာနက္ေပၚ  ထြက္ေပၚလာၿပီးတာနဲ႕ သူမရဲ႕ ပရိသတ္ေတြက သူမအတြက္ တိုက္ခိုက္‌ေပးဖို႔ ထြက္လာၾကတယ္။

ေကာင္းမြန္တဲ့ သ႐ုပ္ေဆာင္စြမ္းရည္နဲ႕ ႐ုပ္ရည္ၾကည့္ေကာင္းတဲ့၊ လူႀကိဳက္မ်ားတဲ့ ပန္းေလးတစ္ပြင့္ျဖစ္တဲ့သူမက ကုမ်န္ထက္ညံ့ၿပီး ဒါရိုက္တာရဲ႕အျမင္နဲ႕ ေ႐ြးခ်ယ္မႈအေပၚ ယုံၾကည္မႈရွိေၾကာင္း နိုင္ငံတစ္ဝွမ္းက အင္တာနက္သုံးစြဲသူေတြေရွ႕မွာ ေျပာခဲ့တယ္။

အရမ္းေထာက္ထားညွာတာတတ္ၿပီး အရမ္းၾကင္နာတတ္တာပဲ။

တျခားသူေတြက ဒါကိုယုံနိုင္ေပမယ့္ သူမရဲ႕ ပရိသတ္ေတြကေတာ့ ယုံမွာမဟုတ္ပါဘူး။ သူတို႔အျမင္မွာေတာ့ မရိုးသားမမွန္ကန္တဲ့ကုမ်န္က ဇာတ္ေကာင္ကိုလုယူၿပီး သူတို႔ရဲ႕နတ္ဘုရားမကို အမွားလုပ္ခဲ့တယ္လို႔ ဆိုလိုတာပဲ။

ဒါေပမယ့္ ကံေကာင္းေထာက္မစြာပဲ၊ ကုမ်န္ရဲ႕မန္ေနဂ်ာလီနန္က အရမ္းအကူအညီျဖစ္တယ္။

သူက ေဖ်ာ္ေျဖေရးနယ္ပယ္ရွိ နာမည္ႀကီး Ace ပြဲစားေတြထဲမွ တစ္ဦးျဖစ္တယ္။ ထုံးစံအတိုင္း၊ လီနန္က အဆက္အသြယ္ေတြကို အားသြန္ခြန္စိုက္လိုက္ဆက္သြယ္ၿပီး အဆိုးျမင္သတင္းေတြအားလုံးကို ဖိႏွိပ္လိုက္တာေၾကာင့္ hot searchကို ထိေရာက္စြာ ဖယ္ရွားနိုင္ခဲ့တယ္။

ေန႕တိုင္းျမင္ေတြ႕ေနရတဲ့ စိတ္လႈပ္ရွားစရာအရာေတြနဲ႕ သတင္းေတြအမ်ားႀကီးရွိတာေၾကာင့္ အင္တာနက္သုံးစြဲသူေတြရဲ႕ အာ႐ုံစူးစိုက္မႈက အလ်င္စလိုလာၿပီး အလ်င္စလိုျပန္ေပ်ာက္သြားေလ့ရွိတယ္။ hot searchကို ဖယ္ရွားလိုက္တာနဲ႕ ခဏအၾကာမွာ အဲ့ဒီအရာက သဘာဝအတိုင္း တျဖည္းျဖည္း ေပ်ာက္ကြယ္သြားမွာပါ။

T/N - gpမွာ chapter 55ထိ ေရာက္ပါၿပီ။ တရက္ႏွစ္ပိုင္း တင္ေပးေနပါတယ္ေနာ္။

Continue Reading

You'll Also Like

381K 62.7K 105
ဝတၳဳေပါင္း ဇာတ္​လမ္​းေပါင္​း ေျမာက္​မ် ားစြာကေန ျဖစ္​ေပၚလာတဲ့ ေလာကေတြ ကမၻာေတြဆီကို သြားလို႔ရတယ္​လို႔ စိတ္​ကူးၾကည္​့ပါလား။ သင္​သာဆိုရင္​ ဘယ္​ဇာတ္​ရုပ...
192K 29.1K 72
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
402K 52.1K 133
စာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not...