အပိုင်း (၆၉) မုဆိုးကြီးပြန်လာပြီ ရှောင်မိန်လေးကလည်းပျော်နေတယ်တဲ့
ရှောင်ဟန်က သူအကုန်လုံးရှင်းပြပြီးချိန် ပိုင်လီဘယ်လိုနေမလဲလို့ ခိုးကြည့်လိုက်တော့ ထိုအမျိုးသားက သူ၏မျက်ရိုးများကို ဖိနှိပ်နေတာကိုတွေ့ခဲ့ရသည်။
ထိုတော့မှ သူတွေးမိသွား၏။ သူ့ခင်ပွန်းက နောက်ပိုင်းမှာ အမြဲပေါ့ပါးလန်းဆန်းနေပုံပဲရလို့ သတိမထားမိခဲ့ပေမယ့် အရမ်းပင်ပန်းနေမှာပဲ။ ဝက်ဝံကိုအမဲလိုက်ရတာကိုမပြောနဲ့ဦး တောင်ပေါ်မှာသုံးရက်လောက်နေခဲ့ရတာတွေ၊ ပြီးတော့လည်း နားချိန်တောင်မရှိဘဲ ချက်ခြင်း ဆိပ်ကမ်းမြို့ကိုသွားရပြန်ကာ သူပြန်ရောက်ချိန်မှာ အိမ်ကပြဿနာကလည်းစီးကြိုနေတော့ ဘယ်သူကများ စိတ်ရောလူရောမပင်ပန်းပဲနေမှာတဲ့လဲ။
ရှောင်ဟန်က ဤသို့တွေးမိချိန်တွင် စိတ်မကောင်းဖြစ်လာပြီး သူကမဝံ့မရဲနှင့်...
"ခင်ဗျား အဆင်ပြေရဲ့လားဟင်.."
ပိုင်လီကမူ ရှောင်ဟန်ထင်သလို လူက ပင်ပန်းခြင်းမရှိဘဲ သူကအမြဲပြဿနာတွေပဲဖြေရှင်းနေရလို့ စိတ်ညစ်နေတာသာရှိတာပင်။ သူက ရှောင်ဟန်စကားကြားတော့ ပြုံးပြလိုက်ပြီး...
"ပြေပါတယ် ကျိုးရှီက ဒုက္ခပေးတတ်တာပဲလို့တွေးမိနေရုံပါ ကောင်းပြီ ဒါကိုမနက်ကျမှ ပြောကျတာပေါ့ အခုတော့အိပ်ချိန်ပဲ"
ထိုသို့ပြောပြီး သူက အနားယူရန် အနွေးကုတင်ဆီထသွားသော်လည်း လမ်းတစ်ဝက်ရောက်မှ တစ်ခုခုကိုသတိရသွားကာ ပြန်လှည့်ပြောလိုက်၏။
"ဟုတ်သားပဲ မင်းညဘက်တွေအဝတ်မချုပ်နဲ့တော့ အဲတာက မျက်စိအတွက်မကောင်းဘူးနော်"
ထို့နောက် သူက ကုတက်ပေါ်တတ်သွားကာ လျှင်မြန်စွာပင် အိပ်မောကျသွားခဲ့တော့သည်။
ရှောင်ဟန်က ထိုလူအိပ်ပျော်သွားတဲ့ထိ ကြည့်နေကာ သူ့ခင်ပွန်းက အရင်နဲ့လုံးဝမတူဘဲ အခုနောက်ပိုင်းတွင် အရမ်းမြန်မြန်အိပ်ပျော်တက်သည်ဟု တွေးမိနေခဲ့သော်လည်း အဲတာက ပင်ပန်းတာကြောင့်ဖြစ်မည်ဟု တွေးမိခဲ့သဖြင့် ထူးထူးဆန်းဆန်းတော့မထင်မိခဲ့တော့ချေ။
ဒါပေမယ့် သူ့ခင်ပွန်းက အရင်ကနဲ့ယှဥ်ရင် တော်တော်လေးပြောင်းလဲသွားတာတော့ အမှန်ပဲ။
ရှောင်ဟန်က သူ့အိမ်ကဦးစီးရဲ့စကားကို နားထောင်တဲ့အနေနဲ့ အဝတ်ချုပ်တာကို နားလိုက်ပြီး သူသည်လည်း အိပ်ရာဝင်ခဲ့ကာ ညက ဤသို့ဖြင့် အေးချမ်းစွာနဲ့ ကုန်ဆုံးသွားခဲ့တော့သည်။
နောက်တစ်နေ့မနက်တွင် ပိုင်လီက သူထနေကျပုံမှန်အချိန်တွင်နိုးလာပြီး သူနိုးလာချိန်တွင် ပိုင်ရှောင်ဖူကသူ့ဘေးမှာ ဝမ်းလျားမှောက်ရပ်လေးနှင့် သူ့ကိုကြည့်နေကြောင်းတွေ့လိုက်ရသဖြင့် သူကထိုကောင်လေး၏ နဖူးကိုတို့လိုက်ကာ...
"နိုးနေရင်ထတော့လေ ကောင်စုတ်လေး အပျင်းခိုနေတာလား"
ရှောင်ဖူက ဒါကိုကြားတော့ ခေါင်းလေးစောင်းသွားပြီးပြောလာခဲ့၏။
"သားက အဖေ့ကိုစောင့်ကြည့်နေတာလေ ပျောက်မသွားတော့အောင်လို့လေ"
ပိုင်လီက ထိုစကားကြား၍ ပြုံးမိတော့မည့်အချိန်တွင်ရှောင်ဖူက ထပ်ပြောလာခဲ့သည်။
"ရှောင်ဝူကလည်း အပြင်မှာ စူးစူးကိုစောင့်ကြည့်နေတာ"
ပိုင်လီ:: ......
ပိုင်လီကတော့ ပိုင်ရှောင်ဝူနဲ့ စကားပြောသင့်ပြီလို့ယူဆလိုက်၏။ စူးစူးထက် သူတို့အဖေကို ပိုအာရုံစိုက်သင့်ကြောင်းကိုလေ။
သူက ထလိုက်ပြီး ပိုင်ရှောင်ဖူရဲ့ခေါင်လေးကို ပွတ်ပေးလိုက်ကာ အနွေးကုတင်ပေါ်ကဆင်းရင်း ထိုအသေးလေးကိုလည်း အောက်ချပေးလိုက်၍...
"ကောင်းပြီ အဖေက အခုဘယ်မှမသွားသေးဘူးဆိုတော့ ရှောင်ဝူနဲ့အတူတူသွားဆော့လို့ရပြီနော်"
ရှောင်ဖူက နာခံစွာနှင့် အပြင်ကိုထွက်သွားချိန်တွင် ပိုင်လီကလည်း ရေတွင်းဆီသွားကာ သန့်ရှင်းရေးလုပ်လိုက်ပြီး သူပြန်လာချိန်မှာတော့ ရှောင်ဟန်က သူ့အတွက် မနက်စာပြင်လို့ပြီးနေပြီဖြစ်သည်။ အသေးလေးတွေကိုကြည့်ရတာ မနက်စာစားပြီးတဲ့ပုံပေမယ့် ပိုင်လီက ရှောင်ဟန်ကတော့ သူ့ထက်အရင် လုံးဝစားမှာမဟုတ်မှန်းသိတာကြောင့် သူနဲ့အတူစားဖို့ပြောလိုက်ပြီး ရှောင်ဟန်ကလည်း အရင်လိုငြင်းဆန်ခြင်းမရှိတော့သဖြင့် နှစ်ယောက်သားက မနက်စာကိုအေးဆေးစွာစားခဲ့ကျ၏။
သူတို့ စားပြီးတဲ့အချိန်မှာပဲ ခြံအပြင်ဘက်ကနေ ပိုင်မိန်၏အသံကိုကြားလိုက်ရကာ...
"ဒုတိယယောင်းမ ဒုတိယယောင်းမရေ..."
ထိုကောင်မလေးသည် စံပါယ်ပင်ကိစ္စမရှိထဲက မနက်တိုင်း ဒီအိမ်ကိုအပြေးလာလေ့ရှိပြီး ထိုကိစ္စဖြစ်ပြီးနောက်တွင် ပို၍စောလာခဲ့သည်။ ဘာလို့လည်းဆိုတော့ သူမလေးက ပိုင်လီပြန်လာတာကို မျှော်နေလို့ပါပဲ။
ပိုင်လီက ပန်းကန်တွေသိမ်းရင်းက တံခါးသွားဖွင့်ဖို့ ပြင်နေတဲ့ရှောင်ဟန်ကိုတားလိုက်ကာ သူသွားဖွင့်ပေးလိုက်မည်ဖြစ်ကြောင်း အချက်ပြခဲ့သည်။ ဒီကောင်မလေးက ညက သူပြန်ရောက်တာကိုမသိသေးပါဘူး။ ဒါကြောင့် အခု သူ့ကို တံခါးဝမှာတွေ့လိုက်ရရင် အရမ်းပျော်သွားလိမ့်မယ်။
ပိုင်လီထင်သည့်အတိုင်းပင် ပိုင်မိန်က သူမကိုတံခါးလာဖွင့်ပေးသည့်လူကို တွေ့ချိန်တွင် ခဏရပ်တန့်သွားသော်လည်း သိပ်မကြာခင်မှာဘဲ သူမက ထခုန်လာခဲ့လေသည်။
"ဒုတိယအကို! ဝါးးးး ဒုတိယအကိုပြန်လာပြီ!!"
သူမလေးက ပိုင်လီကိုပြေးဖက်ရုံမက ပိုင်လီ၏လက်မောင်းကိုပါ ဖက်ပြီးခုန်ပေါက်နေရာ ပိုင်လီကဂရုမစိုက်သော်လည်း ဤကဲ့သို့ ရှေးခေတ်မျိုးတွင် ပိုင်မိန်က မယဥ်ကျေးဟူ၍ ပြောသံတွေရှိလာမည်စိုးရိမ်သောကြောင့် ပြောလိုက်ရ၏။
"ဟုတ်ပြီ ဟုတ်ပြီ အကိုပြန်ရောက်ပါပြီ နည်းနည်းငြိမ်ငြိမ်လေးနေပါ"
ဒါကိုကြားတော့ ပိုင်မိန်က ငြိမ်သက်သွားသော်လည်း သူမက ပိုင်လီ၏လက်မောင်းကိုဖက်ထားစဲဖြင့် သိပ်မကြာခင်တွင် သူမရဲ့မျက်ဝန်းများကနီရဲလာကာ...
"ဒုတိယအကို! ညီမလေးရဲ့ ပန်းပင်လေး.. ညီမလေးရဲ့ပန်းပင်လေးက မရှိတော့ဘူး!!"
ပိုင်လီက ရှောင်မိန်ကို မနက်စောစောစီးစီးတွင် ငိုရတာမျိုးမဖြစ်စေချင်သောကြောင့် ခေါင်းလေးပုတ်လိုက်ပြီး ချော့မြူလိုက်၏။
"ဒုတိယအကိုသိပြီးပြီ စိတ်မပူပါနဲ့ အကိုအဆင်ပြေအောင်ပြန်လုပ်ပေးမယ်"
ဒါကိုကြားမှ ပိုင်မိန်သည် သူမမျက်လုံးထဲကမျက်ရည်တွေကို လက်ခုံနှင့်ပွတ်ထုတ်ပြစ်လိုက်ပြီး ဒေါသတကြီးနှင့် ပြောလာခဲ့သည်။
"ညီမလေးက ဒုတိယအကို့ကိုယုံတယ်! အဲဒါ ကျိူးရှီဆိုတဲ့သူခိုးမလေ! သူမ ခိုးသွားတာ!! သူမက သူခိုးမ မလို့ ညီမကသူခိုးမလို့ခေါ်တာကို အမေက ဆူသေးတယ် ဒုတိယအကို ညီမလေး အကို့အိမ်မှာလာနေလို့မရဘူးလား!"
ပိုင်လီကတော့ ရယ်မိတာကိုမထိန်းချုပ်နိုင်ခဲ့ပေ။ ဒီလို ဆယ်ကျော်သက်အရွယ်လေးတွေမှာ နည်းနည်းဆူမိတာနဲ့ အိမ်ကဆင်းချင်စိတ် အမြဲရှိနေတော့တာပဲ။
"ဘာလို့မရရမှာလဲ ဒုတိယအကိုရဲ့အိမ်ကလည်းရှောင်မိန်ရဲ့အိမ်ပဲပေါ့ ဒါပေမယ့် အခုတော့အကို့အိမ်ကနည်းနည်းကျဥ်းနေတယ် အိမ်အသစ်ဆောက်ပြီးမှနေချင်သပဆိုလာနေလှည့်"
ဒါကိုကြားမှ ပိုင်မိန်ကတစ်ခုခုကိုသတိရသွားပုံနှင့် အသံတိုးတိုးဖြင့်မေးလာခဲ့သည်။
"ဟုတ်သားပဲ အမေကပြောတာ အကိုဝက်ဝံကို အမဲလိုက်လာတာဆို ညီမလေးသိသားပဲ ဒုတိယအကိုကအတော်ဆုံးပါဆို! ဒဏ်ရာတွေမရခဲ့ဘူးမလား ညီမသိတယ် ညီမလေးရဲ့အကိုက သန်မာပြီးသားဆိုတာ ဒါဆို ငွေတွေအများကြီးရခဲ့မှာပေါ့နော် ကောင်းတယ်ကောင်းတယ် ဒါဆို အိမ်အကြီးကြီးဆောက်လေနော် ဟီးဟီး အိမ်ဆောက်ပြီးရင် ညီမလေးကိုရောခေါ်လေနော်"
ပိုင်လီက ခုနကပင် မျက်ရည်ကျမလိုဖြစ်နေတဲ့ ကလေးမလေးက အခု တဟီးဟီးဖြစ်နေတာကို ကြည့်ပြီး ဘာပြောရမှန်းပင်မသိတော့ပေ။ သူက ပိုင်မိန်ခေါင်းကိုပုတ်လိုက်ပြီးတော့ပဲ...
"အဲဒါတွေကနောက်မှဖြစ်လာမှာ အခု ဒုတိယအကိုမေးမယ် မနက်စာစားခဲ့ပြီလား"
ပိုင်မိန်က ဒီမေးခွန်းကို နှုတ်ခမ်းဆူထားတဲ့မျက်နှာနဲ့သာပြန်ဖြေသဖြင့် ပိုင်လီက သူမလေးကိုရှောင်ဟန်ဘက်တွန်းပို့လိုက်ကာ...
"သွား မနက်စာမစားပဲမနေရဘူး မင်းရဲ့ယောင်းမဆီမှာ ဘာရှိသေးလဲသွားမေးချေ"
ပိုင်မိန်ကတော့ မနက်စာကို သိပ်ဂရုစိုက်မနေချင်ပေ။ ရှောင်ဟန်က သူမကို အသေးလေးတွေရဲ့မုန့်တွေအမြဲမျှပေးတဲ့အတွက် သူမက အခုတလောအိမ်ကိုဆန္ဒပြပြီး ထမင်းသိပ်မစားပေမယ့် အစားပျက်နေတာတော့မဟုတ်ဘူးလေ။ အဲတာကြောင့် သူမက ပိုင်လီအနား ပြန်ပြေးသွားလိုက်ပြီး...
"အိုက်ယား! ညီမလေးဗိုက်မဆာပါဘူး မနေ့ညကမုန်စားတာများသွားလို့ ဟုတ်ပြီလား "
အဲဒီနောက် သူမက ပိုင်လီ၏လက်မောင်းကိုဆွဲထားကာ မဝံ့မရဲဖြင့်...
"ဒုတိယအကို ညီမမေးချင်တာကလေ ရွှေချောင်းတစ်ချောင်းက လယ်ကွက်တွေနဲ့ မြေကွက်တွေဝယ်လို့ရတဲ့ထိများတယ်လေ အဲဒါ အကိုရွှေချောင်းတစ်ချောင်းလိုချင်လားဟင်.."
ပိုင်လီက ဒီကောင်မလေးက သူ့ကိုစကားနှိုက်ဖို့ကြိုးစားနေတာကို ဘယ်လိုလုပ်မသိဘဲနေမှာလဲ။ သူမလေးက ကျိုးရှီရဲ့ ပန်းပင်ကိုရွှေတစ်ချောင်းနဲ့လဲလာတဲ့လုပ်ရက်အပေါ် ပိုင်လီသဘောတူသည့်အမြင်ရှိသွားမှာကို စိုးရိမ်နေတာဖြစ်နိုင်သည်။
ပိုင်လီ ဒါကိုသဘောပေါက်သဖြင့် အသံတိုးတိုးဖြင့်...
"ရှောင်မိန် ဒုတိယအကိုက လျို့ဝှက်ချက်တစ်ခုပြောပြမယ် အကို ဝက်ဝံရောင်းရာကနေ ရွှေချောင်းသောင်းချီရခဲ့တယ်"
ဒါကိုကြားတော့ ပိုင်မိန်က ထခုန်မိသွားကာ သူမအော်မိမှာစိုး၍ သူမပါးစပ်ကို သူမလက်ဖဝါးများဖြင့်ပိတ်ထားလိုက်ရသည်။ နောက်မှ သူမက ဇက်လေးပုပြီး အသံတိုးတိုးလေးဖြင့်...
"သောင်းချီလား.. ရွှေချောင်းတွေလေ..."
ပိုင်လီက သူမပုံလေးကိုကြည့်ပြီး သူ့ရဲ့ညီမလေးက အတော်လေးချစ်စရာကောင်းသည်ဟု ခံစားခဲ့ကသည်။ သူက ခေါင်းအသာငြိမ့်ပြလိုက်ပြီး...
"ဟုတ်တယ် အဲတော့ ရှောင်မိန်ပြောကြည့်လေ အကိုက ရွှေတစ်ချောင်းကို သဘောကျဦးမလားဆိုတာ"
ပိုင်မိန်က အခုမှပိုင်လီဆိုလိုချင်တဲ့သဘောကိုနားလည်သွားပြီး သူမကပိုင်လီ၏လက်မောင်းကိုပြေးဖက်လိုက်ပြန်သည်။ ပြီးနောက်အော်ဟစ်နေတော့၏။
"ညီမလေးသိသားပဲ!! ညီမလေးသိတယ်! ဒုတိအကိုက အမြဲတမ်း ညီမလေးဘက်ကဆိုတာကို! ဒုတိယအကိုက ညီမလေးကိုအချစ်ဆုံးလေ! ဟုတ်တယ်မလား!! ညီမလေးအတွက် တရားမျှတမှုကို ပြန်ရှာပေးရမယ်နော် ညီမလေးက အကိုပေးထားတဲ့ပန်းပင်လေးကို အရမ်းကြိုက်တာကို အခုတော့မရှိတော့ဘူး "
ပိုင်လီက ပျော်လိုက်၊စိတ်တိုလိုက်ဖြစ်နေတဲ့ ကလေးမလေးရဲ့ခေါင်းကို ထပ်ပုတ်ပေးခဲ့ပြီး နှစ်သိမ့်လိုက်ကာ...
"စိတ်မပူပါနဲ့ ကျိုးရှီက အကြီးဆုံးအကိုနဲ့မလိုက်ဖက်သလို အကိုတို့ပိုင်မိသားစုနဲ့မလိုက်ဖက်တာကို အကိုသိပါတယ်"
..............................................................
(AN/ paid gpမှာ 120ကျော်သွားပါပြီ)
###
အပိုင္း (၆၉) မုဆိုးႀကီးျပန္လာၿပီ ေရွာင္မိန္ေလးကလည္းေပ်ာ္ေနတယ္တဲ့
ေရွာင္ဟန္က သူအကုန္လုံးရွင္းျပၿပီးခ်ိန္ ပိုင္လီဘယ္လိုေနမလဲလို႔ ခိုးၾကည့္လိုက္ေတာ့ ထိုအမ်ိဳးသားက သူ၏မ်က္ရိုးမ်ားကို ဖိႏွိပ္ေနတာကိုေတြ႕ခဲ့ရသည္။
ထိုေတာ့မွ သူေတြးမိသြား၏။ သူ႕ခင္ပြန္းက ေနာက္ပိုင္းမွာ အၿမဲေပါ့ပါးလန္းဆန္းေနပုံပဲရလို႔ သတိမထားမိခဲ့ေပမယ့္ အရမ္းပင္ပန္းေနမွာပဲ။ ဝက္ဝံကိုအမဲလိုက္ရတာကိုမေျပာနဲ႕ဦး ေတာင္ေပၚမွာသုံးရက္ေလာက္ေနခဲ့ရတာေတြ၊ ၿပီးေတာ့လည္း နားခ်ိန္ေတာင္မရွိဘဲ ခ်က္ျခင္း ဆိပ္ကမ္းၿမိဳ႕ကိုသြားရျပန္ကာ သူျပန္ေရာက္ခ်ိန္မွာ အိမ္ကျပႆနာကလည္းစီးႀကိဳေနေတာ့ ဘယ္သူကမ်ား စိတ္ေရာလူေရာမပင္ပန္းပဲေနမွာတဲ့လဲ။
ေရွာင္ဟန္က ဤသို႔ေတြးမိခ်ိန္တြင္ စိတ္မေကာင္းျဖစ္လာၿပီး သူကမဝံ့မရဲႏွင့္...
"ခင္ဗ်ား အဆင္ေျပရဲ႕လားဟင္.."
ပိုင္လီကမူ ေရွာင္ဟန္ထင္သလို လူက ပင္ပန္းျခင္းမရွိဘဲ သူကအၿမဲျပႆနာေတြပဲေျဖရွင္းေနရလို႔ စိတ္ညစ္ေနတာသာရွိတာပင္။ သူက ေရွာင္ဟန္စကားၾကားေတာ့ ၿပဳံးျပလိုက္ၿပီး...
"ေျပပါတယ္ က်ိဳးရွီက ဒုကၡေပးတတ္တာပဲလို႔ေတြးမိေန႐ုံပါ ေကာင္းၿပီ ဒါကိုမနက္က်မွ ေျပာက်တာေပါ့ အခုေတာ့အိပ္ခ်ိန္ပဲ"
ထိုသို႔ေျပာၿပီး သူက အနားယူရန္ အႏြေးကုတင္ဆီထသြားေသာ္လည္း လမ္းတစ္ဝက္ေရာက္မွ တစ္ခုခုကိုသတိရသြားကာ ျပန္လွည့္ေျပာလိုက္၏။
"ဟုတ္သားပဲ မင္းညဘက္ေတြအဝတ္မခ်ဳပ္နဲ႕ေတာ့ အဲတာက မ်က္စိအတြက္မေကာင္းဘူးေနာ္"
ထို႔ေနာက္ သူက ကုတက္ေပၚတတ္သြားကာ လွ်င္ျမန္စြာပင္ အိပ္ေမာက်သြားခဲ့ေတာ့သည္။
ေရွာင္ဟန္က ထိုလူအိပ္ေပ်ာ္သြားတဲ့ထိ ၾကည့္ေနကာ သူ႕ခင္ပြန္းက အရင္နဲ႕လုံးဝမတူဘဲ အခုေနာက္ပိုင္းတြင္ အရမ္းျမန္ျမန္အိပ္ေပ်ာ္တက္သည္ဟု ေတြးမိေနခဲ့ေသာ္လည္း အဲတာက ပင္ပန္းတာေၾကာင့္ျဖစ္မည္ဟု ေတြးမိခဲ့သျဖင့္ ထူးထူးဆန္းဆန္းေတာ့မထင္မိခဲ့ေတာ့ေခ်။
ဒါေပမယ့္ သူ႕ခင္ပြန္းက အရင္ကနဲ႕ယွဥ္ရင္ ေတာ္ေတာ္ေလးေျပာင္းလဲသြားတာေတာ့ အမွန္ပဲ။
ေရွာင္ဟန္က သူ႕အိမ္ကဦးစီးရဲ႕စကားကို နားေထာင္တဲ့အေနနဲ႕ အဝတ္ခ်ဳပ္တာကို နားလိုက္ၿပီး သူသည္လည္း အိပ္ရာဝင္ခဲ့ကာ ညက ဤသို႔ျဖင့္ ေအးခ်မ္းစြာနဲ႕ ကုန္ဆုံးသြားခဲ့ေတာ့သည္။
ေနာက္တစ္ေန႕မနက္တြင္ ပိုင္လီက သူထေနက်ပဳံမွန္အခ်ိန္တြင္နိုးလာၿပီး သူနိုးလာခ်ိန္တြင္ ပိုင္ေရွာင္ဖူကသူ႕ေဘးမွာ ဝမ္းလ်ားေမွာက္ရပ္ေလးႏွင့္ သူ႕ကိုၾကည့္ေနေၾကာင္းေတြ႕လိုက္ရသျဖင့္ သူကထိုေကာင္ေလး၏ နဖူးကိုတို႔လိုက္ကာ...
"နိုးေနရင္ထေတာ့ေလ ေကာင္စုတ္ေလး အပ်င္းခိုေနတာလား"
ေရွာင္ဖူက ဒါကိုၾကားေတာ့ ေခါင္းေလးေစာင္းသြားၿပီးေျပာလာခဲ့၏။
"သားက အေဖ့ကိုေစာင့္ၾကည့္ေနတာေလ ေပ်ာက္မသြားေတာ့ေအာင္လို႔ေလ"
ပိုင္လီက ထိုစကားၾကား၍ ၿပဳံးမိေတာ့မည့္အခ်ိန္တြင္ေရွာင္ဖူက ထပ္ေျပာလာခဲ့သည္။
"ေရွာင္ဝူကလည္း အျပင္မွာ စူးစူးကိုေစာင့္ၾကည့္ေနတာ"
ပိုင္လီ:: ......
ပိုင္လီကေတာ့ ပိုင္ေရွာင္ဝူနဲ႕ စကားေျပာသင့္ၿပီလို႔ယူဆလိုက္၏။ စူးစူးထက္ သူတို႔အေဖကို ပိုအာ႐ုံစိုက္သင့္ေၾကာင္းကိုေလ။
သူက ထလိုက္ၿပီး ပိုင္ေရွာင္ဖူရဲ႕ေခါင္ေလးကို ပြတ္ေပးလိုက္ကာ အႏြေးကုတင္ေပၚကဆင္းရင္း ထိုအေသးေလးကိုလည္း ေအာက္ခ်ေပးလိုက္၍...
"ေကာင္းၿပီ အေဖက အခုဘယ္မွမသြားေသးဘူးဆိုေတာ့ ေရွာင္ဝူနဲ႕အတူတူသြားေဆာ့လို႔ရၿပီေနာ္"
ေရွာင္ဖူက နာခံစြာႏွင့္ အျပင္ကိုထြက္သြားခ်ိန္တြင္ ပိုင္လီကလည္း ေရတြင္းဆီသြားကာ သန့္ရွင္းေရးလုပ္လိုက္ၿပီး သူျပန္လာခ်ိန္မွာေတာ့ ေရွာင္ဟန္က သူ႕အတြက္ မနက္စာျပင္လို႔ၿပီးေနၿပီျဖစ္သည္။ အေသးေလးေတြကိုၾကည့္ရတာ မနက္စာစားၿပီးတဲ့ပုံေပမယ့္ ပိုင္လီက ေရွာင္ဟန္ကေတာ့ သူ႕ထက္အရင္ လုံးဝစားမွာမဟုတ္မွန္းသိတာေၾကာင့္ သူနဲ႕အတူစားဖို႔ေျပာလိုက္ၿပီး ေရွာင္ဟန္ကလည္း အရင္လိုျငင္းဆန္ျခင္းမရွိေတာ့သျဖင့္ ႏွစ္ေယာက္သားက မနက္စာကိုေအးေဆးစြာစားခဲ့က်၏။
သူတို႔ စားၿပီးတဲ့အခ်ိန္မွာပဲ ၿခံအျပင္ဘက္ကေန ပိုင္မိန္၏အသံကိုၾကားလိုက္ရကာ...
"ဒုတိယေယာင္းမ ဒုတိယေယာင္းမေရ..."
ထိုေကာင္မေလးသည္ စံပါယ္ပင္ကိစၥမရွိထဲက မနက္တိုင္း ဒီအိမ္ကိုအေျပးလာေလ့ရွိၿပီး ထိုကိစၥျဖစ္ၿပီးေနာက္တြင္ ပို၍ေစာလာခဲ့သည္။ ဘာလို႔လည္းဆိုေတာ့ သူမေလးက ပိုင္လီျပန္လာတာကို ေမွ်ာ္ေနလို႔ပါပဲ။
ပိုင္လီက ပန္းကန္ေတြသိမ္းရင္းက တံခါးသြားဖြင့္ဖို႔ ျပင္ေနတဲ့ေရွာင္ဟန္ကိုတားလိုက္ကာ သူသြားဖြင့္ေပးလိုက္မည္ျဖစ္ေၾကာင္း အခ်က္ျပခဲ့သည္။ ဒီေကာင္မေလးက ညက သူျပန္ေရာက္တာကိုမသိေသးပါဘူး။ ဒါေၾကာင့္ အခု သူ႕ကို တံခါးဝမွာေတြ႕လိုက္ရရင္ အရမ္းေပ်ာ္သြားလိမ့္မယ္။
ပိုင္လီထင္သည့္အတိုင္းပင္ ပိုင္မိန္က သူမကိုတံခါးလာဖြင့္ေပးသည့္လူကို ေတြ႕ခ်ိန္တြင္ ခဏရပ္တန့္သြားေသာ္လည္း သိပ္မၾကာခင္မွာဘဲ သူမက ထခုန္လာခဲ့ေလသည္။
"ဒုတိယအကို! ဝါးးးး ဒုတိယအကိုျပန္လာၿပီ!!"
သူမေလးက ပိုင္လီကိုေျပးဖက္႐ုံမက ပိုင္လီ၏လက္ေမာင္းကိုပါ ဖက္ၿပီးခုန္ေပါက္ေနရာ ပိုင္လီကဂ႐ုမစိုက္ေသာ္လည္း ဤကဲ့သို႔ ေရွးေခတ္မ်ိဳးတြင္ ပိုင္မိန္က မယဥ္ေက်းဟူ၍ ေျပာသံေတြရွိလာမည္စိုးရိမ္ေသာေၾကာင့္ ေျပာလိုက္ရ၏။
"ဟုတ္ၿပီ ဟုတ္ၿပီ အကိုျပန္ေရာက္ပါၿပီ နည္းနည္းၿငိမ္ၿငိမ္ေလးေနပါ"
ဒါကိုၾကားေတာ့ ပိုင္မိန္က ၿငိမ္သက္သြားေသာ္လည္း သူမက ပိုင္လီ၏လက္ေမာင္းကိုဖက္ထားစဲျဖင့္ သိပ္မၾကာခင္တြင္ သူမရဲ႕မ်က္ဝန္းမ်ားကနီရဲလာကာ...
"ဒုတိယအကို! ညီမေလးရဲ႕ ပန္းပင္ေလး.. ညီမေလးရဲ႕ပန္းပင္ေလးက မရွိေတာ့ဘူး!!"
ပိုင္လီက ေရွာင္မိန္ကို မနက္ေစာေစာစီးစီးတြင္ ငိုရတာမ်ိဳးမျဖစ္ေစခ်င္ေသာေၾကာင့္ ေခါင္းေလးပုတ္လိုက္ၿပီး ေခ်ာ့ျမဴလိုက္၏။
"ဒုတိယအကိုသိၿပီးၿပီ စိတ္မပူပါနဲ႕ အကိုအဆင္ေျပေအာင္ျပန္လုပ္ေပးမယ္"
ဒါကိုၾကားမွ ပိုင္မိန္သည္ သူမမ်က္လုံးထဲကမ်က္ရည္ေတြကို လက္ခုံႏွင့္ပြတ္ထုတ္ျပစ္လိုက္ၿပီး ေဒါသတႀကီးႏွင့္ ေျပာလာခဲ့သည္။
"ညီမေလးက ဒုတိယအကို႔ကိုယုံတယ္! အဲဒါ က်ိဴးရွီဆိုတဲ့သူခိုးမေလ! သူမ ခိုးသြားတာ!! သူမက သူခိုးမ မလို႔ ညီမကသူခိုးမလို႔ေခၚတာကို အေမက ဆူေသးတယ္ ဒုတိယအကို ညီမေလး အကို႔အိမ္မွာလာေနလို႔မရဘူးလား!"
ပိုင္လီကေတာ့ ရယ္မိတာကိုမထိန္းခ်ဳပ္နိုင္ခဲ့ေပ။ ဒီလို ဆယ္ေက်ာ္သက္အ႐ြယ္ေလးေတြမွာ နည္းနည္းဆူမိတာနဲ႕ အိမ္ကဆင္းခ်င္စိတ္ အၿမဲရွိေနေတာ့တာပဲ။
"ဘာလို႔မရရမွာလဲ ဒုတိယအကိုရဲ႕အိမ္ကလည္းေရွာင္မိန္ရဲ႕အိမ္ပဲေပါ့ ဒါေပမယ့္ အခုေတာ့အကို႔အိမ္ကနည္းနည္းက်ဥ္းေနတယ္ အိမ္အသစ္ေဆာက္ၿပီးမွေနခ်င္သပဆိုလာေနလွည့္"
ဒါကိုၾကားမွ ပိုင္မိန္ကတစ္ခုခုကိုသတိရသြားပုံႏွင့္ အသံတိုးတိုးျဖင့္ေမးလာခဲ့သည္။
"ဟုတ္သားပဲ အေမကေျပာတာ အကိုဝက္ဝံကို အမဲလိုက္လာတာဆို ညီမေလးသိသားပဲ ဒုတိယအကိုကအေတာ္ဆုံးပါဆို! ဒဏ္ရာေတြမရခဲ့ဘူးမလား ညီမသိတယ္ ညီမေလးရဲ႕အကိုက သန္မာၿပီးသားဆိုတာ ဒါဆို ေငြေတြအမ်ားႀကီးရခဲ့မွာေပါ့ေနာ္ ေကာင္းတယ္ေကာင္းတယ္ ဒါဆို အိမ္အႀကီးႀကီးေဆာက္ေလေနာ္ ဟီးဟီး အိမ္ေဆာက္ၿပီးရင္ ညီမေလးကိုေရာေခၚေလေနာ္"
ပိုင္လီက ခုနကပင္ မ်က္ရည္က်မလိုျဖစ္ေနတဲ့ ကေလးမေလးက အခု တဟီးဟီးျဖစ္ေနတာကို ၾကည့္ၿပီး ဘာေျပာရမွန္းပင္မသိေတာ့ေပ။ သူက ပိုင္မိန္ေခါင္းကိုပုတ္လိုက္ၿပီးေတာ့ပဲ...
"အဲဒါေတြကေနာက္မွျဖစ္လာမွာ အခု ဒုတိယအကိုေမးမယ္ မနက္စာစားခဲ့ၿပီလား"
ပိုင္မိန္က ဒီေမးခြန္းကို ႏႈတ္ခမ္းဆူထားတဲ့မ်က္ႏွာနဲ႕သာျပန္ေျဖသျဖင့္ ပိုင္လီက သူမေလးကိုေရွာင္ဟန္ဘက္တြန္းပို႔လိုက္ကာ...
"သြား မနက္စာမစားပဲမေနရဘူး မင္းရဲ႕ေယာင္းမဆီမွာ ဘာရွိေသးလဲသြားေမးေခ်"
ပိုင္မိန္ကေတာ့ မနက္စာကို သိပ္ဂ႐ုစိုက္မေနခ်င္ေပ။ ေရွာင္ဟန္က သူမကို အေသးေလးေတြရဲ႕မုန့္ေတြအၿမဲမွ်ေပးတဲ့အတြက္ သူမက အခုတေလာအိမ္ကိုဆႏၵျပၿပီး ထမင္းသိပ္မစားေပမယ့္ အစားပ်က္ေနတာေတာ့မဟုတ္ဘူးေလ။ အဲတာေၾကာင့္ သူမက ပိုင္လီအနား ျပန္ေျပးသြားလိုက္ၿပီး...
"အိုက္ယား! ညီမေလးဗိုက္မဆာပါဘူး မေန႕ညကမုန္စားတာမ်ားသြားလို႔ ဟုတ္ၿပီလား "
အဲဒီေနာက္ သူမက ပိုင္လီ၏လက္ေမာင္းကိုဆြဲထားကာ မဝံ့မရဲျဖင့္...
"ဒုတိယအကို ညီမေမးခ်င္တာကေလ ေ႐ႊေခ်ာင္းတစ္ေခ်ာင္းက လယ္ကြက္ေတြနဲ႕ ေျမကြက္ေတြဝယ္လို႔ရတဲ့ထိမ်ားတယ္ေလ အဲဒါ အကိုေ႐ႊေခ်ာင္းတစ္ေခ်ာင္းလိုခ်င္လားဟင္.."
ပိုင္လီက ဒီေကာင္မေလးက သူ႕ကိုစကားႏွိုက္ဖို႔ႀကိဳးစားေနတာကို ဘယ္လိုလုပ္မသိဘဲေနမွာလဲ။ သူမေလးက က်ိဳးရွီရဲ႕ ပန္းပင္ကိုေ႐ႊတစ္ေခ်ာင္းနဲ႕လဲလာတဲ့လုပ္ရက္အေပၚ ပိုင္လီသေဘာတူသည့္အျမင္ရွိသြားမွာကို စိုးရိမ္ေနတာျဖစ္နိုင္သည္။
ပိုင္လီ ဒါကိုသေဘာေပါက္သျဖင့္ အသံတိုးတိုးျဖင့္...
"ေရွာင္မိန္ ဒုတိယအကိုက လ်ိဳ႕ဝွက္ခ်က္တစ္ခုေျပာျပမယ္ အကို ဝက္ဝံေရာင္းရာကေန ေ႐ႊေခ်ာင္းေသာင္းခ်ီရခဲ့တယ္"
ဒါကိုၾကားေတာ့ ပိုင္မိန္က ထခုန္မိသြားကာ သူမေအာ္မိမွာစိုး၍ သူမပါးစပ္ကို သူမလက္ဖဝါးမ်ားျဖင့္ပိတ္ထားလိုက္ရသည္။ ေနာက္မွ သူမက ဇက္ေလးပုၿပီး အသံတိုးတိုးေလးျဖင့္...
"ေသာင္းခ်ီလား.. ေ႐ႊေခ်ာင္းေတြေလ..."
ပိုင္လီက သူမပုံေလးကိုၾကည့္ၿပီး သူ႕ရဲ႕ညီမေလးက အေတာ္ေလးခ်စ္စရာေကာင္းသည္ဟု ခံစားခဲ့ကသည္။ သူက ေခါင္းအသာၿငိမ့္ျပလိုက္ၿပီး...
"ဟုတ္တယ္ အဲေတာ့ ေရွာင္မိန္ေျပာၾကည့္ေလ အကိုက ေ႐ႊတစ္ေခ်ာင္းကို သေဘာက်ဦးမလားဆိုတာ"
ပိုင္မိန္က အခုမွပိုင္လီဆိုလိုခ်င္တဲ့သေဘာကိုနားလည္သြားၿပီး သူမကပိုင္လီ၏လက္ေမာင္းကိုေျပးဖက္လိုက္ျပန္သည္။ ၿပီးေနာက္ေအာ္ဟစ္ေနေတာ့၏။
"ညီမေလးသိသားပဲ!! ညီမေလးသိတယ္! ဒုတိအကိုက အၿမဲတမ္း ညီမေလးဘက္ကဆိုတာကို! ဒုတိယအကိုက ညီမေလးကိုအခ်စ္ဆုံးေလ! ဟုတ္တယ္မလား!! ညီမေလးအတြက္ တရားမွ်တမႈကို ျပန္ရွာေပးရမယ္ေနာ္ ညီမေလးက အကိုေပးထားတဲ့ပန္းပင္ေလးကို အရမ္းႀကိဳက္တာကို အခုေတာ့မရွိေတာ့ဘူး "
ပိုင္လီက ေပ်ာ္လိုက္၊စိတ္တိုလိုက္ျဖစ္ေနတဲ့ ကေလးမေလးရဲ႕ေခါင္းကို ထပ္ပုတ္ေပးခဲ့ၿပီး ႏွစ္သိမ့္လိုက္ကာ...
"စိတ္မပူပါနဲ႕ က်ိဳးရွီက အႀကီးဆုံးအကိုနဲ႕မလိုက္ဖက္သလို အကိုတို႔ပိုင္မိသားစုနဲ႕မလိုက္ဖက္တာကို အကိုသိပါတယ္"
..............................................................
(AN/ paid gpမွာ 120ေက်ာ္သြားပါၿပီ)