အပိုင်း (၆၈) ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
ပိုင်လီက ဒါကိုမြင်တော့ သူက ရှောင်ဟန်လက်ထဲကစာရွက်တွေကိုပြန်ယူလိုက်ကာ ဘေးမှာချလိုက်ပြီး ထိုကောင်လေး အရမ်းလန့်မသွားစေရန် ပုခုံးကိုအသာပုတ်ပေးလိုက်သည်။
"အရမ်းအံသြသွားတာလား ကိုယ့်အမှားပါ ဝက်ဝံတွေရောင်းရင် ရွှေချောင်းအများကြီးရတတ်တာကို မင်းသိထားပြီးသားလို့ထင်နေခဲ့တာ ဘာမှမဖြစ်ပါဘူး ဒါကငွေလက်မှတ်လေးတွေပဲလေ "
ရှောင်ဟန်က ထိတ်လန့်မှုထဲက ရုန်းမထွက်နိုင်သေးပေ။ သူက အခုချိန်မှာ ပိုင်လီကိုကြောက်ဖို့တောင် မေ့သွားပြီး ငွေလက်မှတ်တွေကို ကြည့်လိုက်ကာ အလန့်တကြားနှင့်...
"ဒါပေမယ့်...ဒါပေမယ့် အဲတာကရွှေချောင်းတွေလေ အများကြီးပဲ သောင်းနဲ့ချီတောင်မှ! "
ရှောင်ဟန်က ဒါကို အိမ်မက်လား၊ တကယ်လားဆိုတာကို မခွဲနိုင်တော့ဘူး။ သူ့ဘဝမှာ ဒီလောက်များတဲ့ပမာဏက သူ့လက်ထဲရောက်လာမယ်လို့ တစ်ကြိမ်တစ်ခါမှ အိမ်မက်တောင်မမက်ဖူးလို့ သူအရမ်းလန့်သွားတာလည်းဖြစ်နိုင်သည်။ သူက သူ့ကိုယ်သူ အိမ်မက်မက်နေပြီး အိမ်မက်ထဲက ရုန်းမထွက်နိုင်တာလို့တောင်ထင်နေမိ၏။
သူ ဘယ်အချိန်က အိမ်မက်မက်နေခဲ့တာများလဲ။ သူရေထဲကျပြီး နေမကောင်းဖြစ်သွားတဲ့အချိန်ကများလား။ အဲဒီအချိန်ထဲက သူ့ခင်ပွန်းက ပြောင်းလဲသွားရုံမကလို့ မိသားစုကိုဂရုစိုက်ပြီး ငွေတွေလည်းအများကြီးရှာနိုင်လာတာတွေ အားလုံးက သူဖြစ်ချင်တာတွေကို အိမ်မက်မက်နေခဲ့တာများလား။
ဒါပေမယ့် အိမ်မက်ဆိုရင်တောင် ရွှေချောင်းသုံးသောင်းကျော်က များလွန်းတယ်လေ။
ရှောင်ဟန်က ထိုအတွေးကြောင့် အရမ်းလန့်သွားပြီး အရာအားလုံးကအိမ်မက်ဖြစ်နေကာ အစစ်မှန်ဘဝကိုပြန်ရောက်သွားမှာကို ကြောက်ရွံသွားခဲ့သည်။ သူ့ရဲ့ဘဝမှန်ဖြစ်တဲ့ ဆိုးသွမ်းမိုက်မဲပြီး အကြင်နာတရားမရှိတဲ့ ခင်ပွန်းနဲ့ပြန်နေထိုင်ရမှာကို သူကြောက်ရွံလာခဲ့၏။
ပိုင်လီက ဒီကောင်လေးက အရမ်းဖြူဖျော့သွားတဲ့ထိ လန့်သွားလိမ့်မယ်မထင်ခဲ့တာကြောင့် သူက အသေးလေးတွေကို ခဏဘေးချလိုက်၍ ရေတစ်ခွက်အပြေးသွားယူပေးလိုက်ကာ လက်ထဲထည့်ပေးလိုက်ပြီး...
"ရေသောက်လိုက်နော် ဘာမှမဖြစ်ဘူး ဝက်ဝံတွေကအရမ်းရှားတာလေ ဒီလောက်ရတာပုံမှန်ပါပဲ ဒါတောင် ကိုယ်တို့က မြို့တော်မှာမဟုတ်လို့ မဟုတ်ရင်ဧကရာဇ်ကိုဆက်သလို့ရတယ် ဒါဆို ဒီထက်တောင်ပိုရဦးမယ်"
ရှောင်ဟန်က ရေတစ်ခွက်လုံးသောက်ပြီးနောက်မှ သူအရမ်းအတွေးလွန်သွားမှန်း သဘောပေါက်သွားကာ စိတ်ငြိမ်သွားပြီး အနည်းငယ်စဥ်ခြင်နိုင်သွားခဲ့သည်။ ရုတ်တရက် သူက သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းတောင်မသိလိုက်ဘူး။ အဲဒါက နည်းနည်းရှက်စရာကောင်းသလိုပဲ။
ပိုင်လီက သူ့ရှေ့ကကောင်လေးက ချက်ခြင်းပြောင်းလဲသွားကာ မျက်နှာနီရဲလာတာမြင်မှ စိတ်ချနိုင်သွားခဲ့သည်။ ရှောင်ဟန်ဘာဖြစ်သွားတာလဲဆိုတာ သေချာမသိပေမယ့် သူနည်းနည်းတော့ရိပ်မိပါတယ်။
ဒါ့ကြောင့်သူက မမေးချင်ဘူး။ အဲဒီအစား သူကဒါကိုကျော်သွားဖို့ ကြိုးစားလိုက်ကာ....
"ကောင်းပြီ ဝက်ဝံကြီးရလာလို့ အဆင်ပြေသွားတာပဲ ကိုယ်တို့တွေနောက်နှစ်မှာ အိမ်အသစ်ဆောက်ဖို့ပူစရာမလိုတော့ဘူးလေ ကိုယ့်ဆီမှာနည်းနည်းရှိသေးလို့ အဲဒီထဲကထုတ်သုံးစရာလိုမှာမဟုတ်ဘူး မင်းသေချာသိမ်းထားလိုက်နော်"
ဒါကိုကြားတော့ ရှောင်ဟန်က စိတ်လျော့လိုက်ပြီး "ဟုတ်ကဲ့ပါ" ဟုသာပြန်ပြောနိုင်တော့သည်။
ဒါပေမယ့် သူ့မိသားစုမှာ ငွေအများကြီးရှိနေတဲ့ အံသြစရာခံစားချက်ကိုတော့ သူရနေတုန်းပါပဲ။ နောက်တော့ သူက ဒီငွေတွေကို ပိုင်လီအရမ်းမသုံးနိုင်အောင် ဘယ်လိုတားသင့်လဲဆိုတာကို စတွေးလာပြီး မနက်ကျရင် ပိုင်အမေကိုပြောသင့်မပြောသင့်ကိုလည်း စဥ်းစားနေခဲ့တော့သည်။
ပိုင်လီက ခင်ပွန်းတစ်ယောက်လုပ်သင့်တဲ့ ဇနီးသည်ကိုငွေအပ်ခြင်းတာဝန်ကို ထမ်းဆောင်အပြီးမှာ အခုချိန်ထိမအိပ်သေးတဲ့ ဇီးကွက်လေးတွေကို သိပ်ဖို့ပြင်လိုက်သော်လည်း ထိုကောင်လေးတွေက ပတ်ပြေးနေပြီး မောသွားကာမှ ပိုင်ရှောင်ဖူက တစ်ခုခုကိုသတ်ရပုံနှင့်အော်ဟစ်လာခဲ့၏။
"ဟုတ်သားပဲ! အဖေ အဖေ ဒေါ်လေးငယ်ရဲ့စံပါယ်လေးကမရှိတော့ဘူး!"
ဒါကိုကြားတော့ ပိုင်လီကရပ်တန့်သွားသလို ပန်းကန်တွေသိမ်းနေတဲ့ ရှောင်ဟန်ကလည်း ရပ်တန့်သွားခဲ့သည်။ ဟုတ်သားပဲ သူက ပိုင်လီပြန်လာလာချင်း ဒီကိစ္စကိုပြောပြသင့်တာပေမယ့် ဘယ်လိုလုပ်မေ့နေခဲ့လည်းမသိဘူး။
ရှောင်ဟန်က ပိုင်လီသူ့ကိုအပြစ်တင်မှာ စိုးရိမ်နေချိန်တွင် ပိုင်လီက ရှောင်ဖူလေးကိုမေးနေပြီဖြစ်သည်။
"ဟုတ်လား ဘာဖြစ်သွားတာလဲ ရှောင်ဖူလေးသိလား"
ပိုင်ရှောင်ဖူက နှစ်နှစ်သာရှိသေးသော်လည်း သူကစကားတချို့ကိုမှတ်မိနေစဲဖြစ်သဖြင့်...
"အဲတာက.. စံပါယ်ပင်လေးက ပျောက်သွားတယ် ဒေါ်လေးငယ်ကငိုတယ် ပြီးတော့ အကြီးဆုံးဒေါ်လေးက ခိုးတယ်လို့လည်းပြောတယ် "
ကလေးလေးရဲ့မှတ်ဉာဏ်က ဒီလောက်ပါပဲ။ သူက ဒါကိုတောင် ပိုင်မိန်အထပ်ထပ်ပြောလို့ မှတ်မိနေတာဖြစ်ပြီး ဘာဖြစ်မှန်းကိုတော့ အတိကျမပြောတက်ရှာပေ။ ပိုင်လီက ပိုင်ရှောင်ဖူကို တော်ကြောင်းချီးကျူးလိုက်ပေမယ့် သူ့စိတ်ထဲတွင်တော့ ပျော်မနေတော့ပေ။
အစက စံပါယ်ပင်မရှိတော့ဘူးဆိုတာကို သူက အပင်သေသွားမျိုးလို့ တွေးမိနေပေမယ့် ရှောင်ဖူရဲ့စကားနဲ့တင် ဘာတွေဖြစ်သွားမှန်းသိလိုက်ကာ ခေါင်းတွေပင်ထိုးကိုက်ချင်လာခဲ့တော့သည်။
သူဒီနေ့မှ ပြဿနာတစ်ခုရှင်းပြီးပြန်လာတာပေမယ့် ကျိုးရှီက သူ့ကို နောက်ထပ်ပြဿနာတစ်ခုနဲ့ အဆင်သင့်စောင့်နေခဲ့တယ်။ သိပ်ကောင်းတယ်။ သူ့ကို နားဖို့တောင် အခွင့်ရေးမပေးကျဘူးပဲ။
ပိုင်လီက စိုးရိမ်နေတဲ့ ရှောင်ဟန်ကို ခဏဖယ်ထားလိုက်ပြီး အသေးလေးတွေပို ရအောင်သိပ်လိုက်၏။ အချိန်ကညဥ့်နက်နေတာရယ်၊ ဆော့လို့မောသွားတာရယ်ကြောင့် ထိုလူသားအသေးလေးတွေအိပ်ပျော်သွားချိန်တွင် ပိုင်လီက အနွေးကုတင်ပေါ်ကဆင်းကာ စားပွဲတွင်သွားထိုင်လိုက်ပြီး ရှောင်ဟန်ကိုလည်းလာဖို့ခေါ်လိုက်သည်။ နောက်တော့ သူက လက်ဖက်ရည်ငှဲ့ရင်း အေးအေးဆေးဆေးပဲမေးလိုက်၏။
"ကိုယ်မရှိတုန်း အိမ်မှာ ဘာတွေဖြစ်သွားတာလဲ"
ရှောင်ဟန်က ပိုင်လီသူ့ကို ဆူတော့မည်ဟုထင်လိုက်သော်လည်း ထိုလူက မဆူတဲ့အပြင် သူ့အတွက်ပါရေနွေးတစ်ခွက်ငှဲ့ပြီး ကမ်းပေးခဲ့သေးသဖြင့် စိတ်ငြိမ်သွားခဲ့သည်။ ဒါကြောင့် သူကလည်း ဖြစ်ခဲ့တာတွေကိုရှင်းပြလိုက်၏။
ပြဿနာကိုစပြောရလျှင် ပိုင်လီ အမဲလိုက်စသွားထဲလို့ပြောရလိမ့်မည်။
ရိတ်သိမ်းချိန်ပြီးသွားပြီးနောက်မှာ ကျိူးရှီနဲ့စုရှီက သူတို့မိသားစုတွေဆီ မကြာခဏ သွားလည်ခဲ့ကျပြီး သူတို့က ကိုယ်ဝန်တွေကြောင့် မိသားစုကို လွမ်းဆွတ်နေတာဟုပြောခဲ့သဖြင့် ပိုင်အမေက ခွင့်ပြုပေးခဲ့တာပင်။ တခြားမိသားစုတွေမှာဆိုရင်တော့ လက်ထပ်ပြီးမိသားစုကို ခဏခဏပြန်တာက ခွင့်ပြုလေ့မရှိပေမယ့် မော့ဟွာကတော့ သဘောကောင်းကာ ချွေးမတွေဆန္ဒကိုလိုက်လျောခဲ့တာဖြစ်၏။
နောက်တော့ ပိုင်လီတောင်ပေါ်တတ်သွားသည့် နေ့မှာပင် ကျိုးရှီ၏မိသားစုများက ပိုင်အိမ်ကိုအလည်ပတ်ရောက်လာခဲ့ကျသည်။ ထိုလာလည်သူများထဲတွင် ကျိုးမိသားစု၏ လက်မထပ်ရသေးသည့် လူလွတ်တစ်ယောက်ပါလာကာ ကျိုးရှီက ပိုင်အမေတားနေသည့်ကြားမှ ရှောင်ဟန်တို့အိမ်ကိုတောင် ခေါ်လာခဲ့သေး၏။ အဲဒီအချိန်က ကျိုးရှီပြောခဲ့တာက ပိုင်လီမရှိတော့ သူတို့တွေက ရှောင်ဟန်ပျင်းနေမှာစိုးလို့ ရှောင်ဟန်ဆီကို သွားလည်သင့်တယ်တဲ့။
သူတို့အိမ်မှာက နေ့ခင်းဆိုရင် သစ်သားမြင်းရုပ်လုပ်ဖို့အတွက် ပိုင်အိမ်၊ရုံအိမ်နှင့်ကျန်းအိမ်က ယောင်္ကျားတွေလာလေ့ရှိပြီး ပိုင်မိသားစုက ပိုင်အဖေလည်းရှိနေသဖြင့် ရှောင်ဟန်က ဒီအပေါ် ထင်မြင်ချက်သိပ်တော့မရှိခဲ့ပေ။ ပိုင်အမေနဲ့ပိုင်မိန်ကလည်း အမြဲလိုလိုရရှိနေတတ်သဖြင့် အိမ်ရဲ့ဦးစီးမရှိခင် တစိမ်းယောင်္ကျားတွေဝင်ထွက်နေတဲ့အပေါ် အတင်းပြောသူများလည်း ရှိလာမှာမဟုတ်သောကြောင့် သူတို့တွေက အေးချမ်းစွာနေခဲ့ကျတာပင်။
အဲဒီနေ့က ကျိုးရှီက သူ့မိသားစုဘက်က လူတွေကိုရှောင်ဟန်အိမ်ကိုခေါ်လာခဲ့ပြီး သူတို့အိမ်မှာက စာလေ့လာရာကနေခိုးထွက်လာတဲ့ ကျန်းချင်လည်းရှိနေကာ ကျိုးမိသားစုက လက်မထပ်ရသေးတဲ့ကောက ကျန်းချင်ကို သိသိသာသာကပ်နေတာကို လူတိုင်းမြင်နိုင်ခဲ့ကျသည်။
သို့သော် လက်မထပ်ရသေးသည့် လူအချင်းချင်းမတော်တဆတွေ့ရင်းက ရင်းနှီးသွားမှုသည် ပုံမှန်သာဖြစ်ပြီး လူတိုင်းက ထိုသို့ထင်ကျပေမယ့် ရှောင်ဟန်နှင့်ပိုင်မိန်ကတော့ တစ်ခါက ပိုင်လီပြောဖူးတဲ့စကားကြောင့် ဒါကတိုက်ဆိုင်တာဟု တုံးအစွာနဲ့မမြင်ကျတော့ပေ။ ကျိုးရှီက ဒါကိုတမင်ဖြစ်စေချင်ပုံရပါတယ်။
ပိုင်မိန်က အရမ်းကို ဒေါသထွက်နေခဲ့သော်လည်း ကျန်းချင်လို ငတုံးက ဘာမှမသိကာ တဖက်က သူ့ကိုကပ်နေမှန်းတောင်မသိခဲ့သဖြင့် နောက်ဆုံးတွင် ကြည့်မနေနိုင်သည့်ကျန်းထင်က သူ့ညီအငယ်ဆုံးကို စာလေ့လာရန် အိမ်ကိုအတင်းပြန်လွှတ်ခဲ့ရတော့သည်။
ထိုတော့မှ သိပ်မကြာခင် ကျိုးရှီတို့လည်း ပြန်သွားကျပြီး ကျန်းချင် ကံကောင်းသွားသည်မှာ သူက ထိုကောကို သဘောကျသည့်အရိပ်ယောင် မပြလိုက်မိခြင်းပင်။ မဟုတ်ပါက ပိုင်မိန်က သူနဲ့လက်ထပ်ဖို့ကို ဘယ်လိုမှ သဘောတူတော့မှာမဟုတ်ဘူး။
ပြဿနာက ထိုမျှနှင့် ပြီးသွားသင့်သော်လည်း ထိုနေ့က ကျိုးမိသားစုမှလူများသည် အိမ်နှစ်အိမ်က စံပါယ်ပင်များကိုမြင်သွားကာ မော့ဟွာထံ အနည်းငယ်ပေးရန်တောင်းသဖြင့် မော့ဟွာကလည်း ခမည်းခမက်မိသားစုဖြစ်နေ၍ ပန်းအနည်းငယ်ကို ခူးခွင့်ပေးခဲ့လိုက်၏။
ဤသို့ဖြင့် ပိုင်လီတောင်ပေါ်ကပြန်လာသည့် နောက်တစ်နေ့မနက်ခင်းတွင် ပိုင်အိမ်ကပန်းပင်နှင့် ကျိုးရှီပျောက်သွားကယ နေ့လယ်ခင်းတွင်မှ ကျိူးရှီကရွှေချောင်းတစ်ချောင်းနှင့်အတူ ပြန်ရောက်လာခဲ့သည်။
သူမပြောတာက သူ့မိသားစုက ခူးသွားတဲ့ပန်းတွေကိုသူမအကိုရဲ့ မိတ်ဆွေကမြင်သွားပြီး ရွှေချောင်းနဲ့ဝယ်ဖို့ကမ်းလှမ်းခဲ့သည်တဲ့။ ရွှေတစ်ချောင်းကအများကြီးပေမယ့် သူမကဒါကိုဖွင့်ပြောလိုက်ရင် ပိုင်မိန်က ပန်းပင်ကိုအရမ်းကြိုက်နေတာဆိုတော့ကလေးဆန်ပြီး လက်မခံမှာစိုးရိမ်လို့ မသိအောင်သွားရောင်းပြီး ငွေကိုပြန်ယူလာခဲ့တာဖြစ်သည်တဲ့လေ။
ပိုင်မိသားစုက ရုတ်တရက်ဘာပြောရမှန်းမသိခဲ့ကျပေ။ ရွှေတစ်ချောင်းဆိုတာ ငွေချောင်းတစ်ထောင်တန်ပြီး သူတို့အတွက်အများကြီးဖြစ်ကာ ပန်းပင်တစ်ပင်က ဤမျှတန်နေမည်ဟု မမျှော်လင့်ထားခဲ့ကျသော်လည်း အဓိကပြဿနာမှာ ပန်းပင်က ပိုင်လီပေးထားသည့် ပိုင်မိန်၏ဟာဖြစ်နေခြင်းပင်။
ကျိုးရှီက သူမက ပိုင်အိမ်အတွက်လုပ်ပေးတာဟု အတွင်တွင်ပြောနေပြီး သူမ မသိအောင်ယူသွားရသည်မှာ ပိုင်မိန်က မိသားစုငွေရမည့်အရေးကို တားမြစ်မှာစိုးလို့ဟူသည့် ဆင်ခြေသုံးခဲ့သဖြင့် သူမရဲ့ ဒုတိယအကိုက သူမကိုပေးထားသည့်ပန်းပင်ကလည်း အခိုးခံလိုက်ရတဲ့အပြင် အပြစ်တင်ပါခံရသေးသည့် ပိုင်မိန်က အသေလဲဒေါသထွက်ပြီး မကျေမနပ်နဲ့ သောင်းကျန်းခဲ့သဖြင့် ပိုင်အဖေက ဒီကိစ္စကို ပန်းပင်၏မူလပိုင်ရှင်ဖြစ်သည့် ပိုင်လီပြန်လာမှ ပိုင်လီကဆုံးဖြတ်ပေးလိမ့်မည်ဖြစ်ကြောင်း ပြောကာ ခဏမျှအဆုံးသတ်ပေးထားခဲ့ရတာဖြစ်၏။
အရင်တုန်းကလိုဆိုရင်တော့ ရှောင်ဟန်က မိသားစုအချင်းချင်းကြား ပြဿနာလျော့ပါးအောင် ဖာထေးပြောပေးဦးမည်ဖြစ်သော်လည်း ယခုတစ်ခေါက်တွင် ကျိုးရှီလုပ်ရပ်က သိပ်မဟုတ်ဟုခံစားရသဖြင့် သူကဖြစ်ခဲ့သမျှကို အမှန်တိုင်းသာ ပိုင်လီကိုပြောလိုက်တာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် တခြားလူတွေဆီကနေလည်း ပိုင်လီက အမှန်တိုင်းသိနိုင်ဦးမှာပဲလေ။ ဒါကြောင့် သူလျော့ပေါ့ပြောပေးနေလို့လည်း မထူးပါဘူး။
.............................................................
(AN/ ဒီနေ့ ဒီပိုင်းကိုလုံးဝအားမရပါဘူး။😭
ဖတ်ရတာအဆင်ရောပြေကျရဲ့လား။
paid gpမှာ 120 ကျော်နေပါပြီ။)
###
အပိုင္း (၆၈) ပိုင္မိန္ရဲ႕စံပါယ္ပင္ေလးမရွိေတာ့ဘူး
ပိုင္လီက ဒါကိုျမင္ေတာ့ သူက ေရွာင္ဟန္လက္ထဲကစာ႐ြက္ေတြကိုျပန္ယူလိုက္ကာ ေဘးမွာခ်လိဳက္ၿပီး ထိုေကာင္ေလး အရမ္းလန့္မသြားေစရန္ ပုခုံးကိုအသာပုတ္ေပးလိုက္သည္။
"အရမ္းအံၾသသြားတာလား ကိုယ့္အမွားပါ ဝက္ဝံေတြေရာင္းရင္ ေ႐ႊေခ်ာင္းအမ်ားႀကီးရတတ္တာကို မင္းသိထားၿပီးသားလို႔ထင္ေနခဲ့တာ ဘာမွမျဖစ္ပါဘူး ဒါကေငြလက္မွတ္ေလးေတြပဲေလ "
ေရွာင္ဟန္က ထိတ္လန့္မႈထဲက ႐ုန္းမထြက္နိုင္ေသးေပ။ သူက အခုခ်ိန္မွာ ပိုင္လီကိုေၾကာက္ဖို႔ေတာင္ ေမ့သြားၿပီး ေငြလက္မွတ္ေတြကို ၾကည့္လိုက္ကာ အလန့္တၾကားႏွင့္...
"ဒါေပမယ့္...ဒါေပမယ့္ အဲတာကေ႐ႊေခ်ာင္းေတြေလ အမ်ားႀကီးပဲ ေသာင္းနဲ႕ခ်ီေတာင္မွ! "
ေရွာင္ဟန္က ဒါကို အိမ္မက္လား၊ တကယ္လားဆိုတာကို မခြဲနိုင္ေတာ့ဘူး။ သူ႕ဘဝမွာ ဒီေလာက္မ်ားတဲ့ပမာဏက သူ႕လက္ထဲေရာက္လာမယ္လို႔ တစ္ႀကိမ္တစ္ခါမွ အိမ္မက္ေတာင္မမက္ဖူးလို႔ သူအရမ္းလန့္သြားတာလည္းျဖစ္နိုင္သည္။ သူက သူ႕ကိုယ္သူ အိမ္မက္မက္ေနၿပီး အိမ္မက္ထဲက ႐ုန္းမထြက္နိုင္တာလို႔ေတာင္ထင္ေနမိ၏။
သူ ဘယ္အခ်ိန္က အိမ္မက္မက္ေနခဲ့တာမ်ားလဲ။ သူေရထဲက်ၿပီး ေနမေကာင္းျဖစ္သြားတဲ့အခ်ိန္ကမ်ားလား။ အဲဒီအခ်ိန္ထဲက သူ႕ခင္ပြန္းက ေျပာင္းလဲသြား႐ုံမကလို႔ မိသားစုကိုဂ႐ုစိုက္ၿပီး ေငြေတြလည္းအမ်ားႀကီးရွာနိုင္လာတာေတြ အားလုံးက သူျဖစ္ခ်င္တာေတြကို အိမ္မက္မက္ေနခဲ့တာမ်ားလား။
ဒါေပမယ့္ အိမ္မက္ဆိုရင္ေတာင္ ေ႐ႊေခ်ာင္းသုံးေသာင္းေက်ာ္က မ်ားလြန္းတယ္ေလ။
ေရွာင္ဟန္က ထိုအေတြးေၾကာင့္ အရမ္းလန့္သြားၿပီး အရာအားလုံးကအိမ္မက္ျဖစ္ေနကာ အစစ္မွန္ဘဝကိုျပန္ေရာက္သြားမွာကို ေၾကာက္႐ြံသြားခဲ့သည္။ သူ႕ရဲ႕ဘဝမွန္ျဖစ္တဲ့ ဆိုးသြမ္းမိုက္မဲၿပီး အၾကင္နာတရားမရွိတဲ့ ခင္ပြန္းနဲ႕ျပန္ေနထိုင္ရမွာကို သူေၾကာက္႐ြံလာခဲ့၏။
ပိုင္လီက ဒီေကာင္ေလးက အရမ္းျဖဴေဖ်ာ့သြားတဲ့ထိ လန့္သြားလိမ့္မယ္မထင္ခဲ့တာေၾကာင့္ သူက အေသးေလးေတြကို ခဏေဘးခ်လိဳက္၍ ေရတစ္ခြက္အေျပးသြားယူေပးလိုက္ကာ လက္ထဲထည့္ေပးလိုက္ၿပီး...
"ေရေသာက္လိုက္ေနာ္ ဘာမွမျဖစ္ဘူး ဝက္ဝံေတြကအရမ္းရွားတာေလ ဒီေလာက္ရတာပုံမွန္ပါပဲ ဒါေတာင္ ကိုယ္တို႔က ၿမိဳ႕ေတာ္မွာမဟုတ္လို႔ မဟုတ္ရင္ဧကရာဇ္ကိုဆက္သလို႔ရတယ္ ဒါဆို ဒီထက္ေတာင္ပိုရဦးမယ္"
ေရွာင္ဟန္က ေရတစ္ခြက္လုံးေသာက္ၿပီးေနာက္မွ သူအရမ္းအေတြးလြန္သြားမွန္း သေဘာေပါက္သြားကာ စိတ္ၿငိမ္သြားၿပီး အနည္းငယ္စဥ္ျခင္နိုင္သြားခဲ့သည္။ ႐ုတ္တရက္ သူက သူ႕ကိုယ္သူ ဘာျဖစ္သြားမွန္းေတာင္မသိလိုက္ဘူး။ အဲဒါက နည္းနည္းရွက္စရာေကာင္းသလိုပဲ။
ပိုင္လီက သူ႕ေရွ႕ကေကာင္ေလးက ခ်က္ျခင္းေျပာင္းလဲသြားကာ မ်က္ႏွာနီရဲလာတာျမင္မွ စိတ္ခ်နိဳင္သြားခဲ့သည္။ ေရွာင္ဟန္ဘာျဖစ္သြားတာလဲဆိုတာ ေသခ်ာမသိေပမယ့္ သူနည္းနည္းေတာ့ရိပ္မိပါတယ္။
ဒါ့ေၾကာင့္သူက မေမးခ်င္ဘူး။ အဲဒီအစား သူကဒါကိုေက်ာ္သြားဖို႔ ႀကိဳးစားလိုက္ကာ....
"ေကာင္းၿပီ ဝက္ဝံႀကီးရလာလို႔ အဆင္ေျပသြားတာပဲ ကိုယ္တို႔ေတြေနာက္ႏွစ္မွာ အိမ္အသစ္ေဆာက္ဖို႔ပူစရာမလိုေတာ့ဘူးေလ ကိုယ့္ဆီမွာနည္းနည္းရွိေသးလို႔ အဲဒီထဲကထုတ္သုံးစရာလိုမွာမဟုတ္ဘူး မင္းေသခ်ာသိမ္းထားလိုက္ေနာ္"
ဒါကိုၾကားေတာ့ ေရွာင္ဟန္က စိတ္ေလ်ာ့လိုက္ၿပီး "ဟုတ္ကဲ့ပါ" ဟုသာျပန္ေျပာနိုင္ေတာ့သည္။
ဒါေပမယ့္ သူ႕မိသားစုမွာ ေငြအမ်ားႀကီးရွိေနတဲ့ အံၾသစရာခံစားခ်က္ကိုေတာ့ သူရေနတုန္းပါပဲ။ ေနာက္ေတာ့ သူက ဒီေငြေတြကို ပိုင္လီအရမ္းမသုံးနိုင္ေအာင္ ဘယ္လိုတားသင့္လဲဆိုတာကို စေတြးလာၿပီး မနက္က်ရင္ ပိုင္အေမကိုေျပာသင့္မေျပာသင့္ကိုလည္း စဥ္းစားေနခဲ့ေတာ့သည္။
ပိုင္လီက ခင္ပြန္းတစ္ေယာက္လုပ္သင့္တဲ့ ဇနီးသည္ကိုေငြအပ္ျခင္းတာဝန္ကို ထမ္းေဆာင္အၿပီးမွာ အခုခ်ိန္ထိမအိပ္ေသးတဲ့ ဇီးကြက္ေလးေတြကို သိပ္ဖို႔ျပင္လိုက္ေသာ္လည္း ထိုေကာင္ေလးေတြက ပတ္ေျပးေနၿပီး ေမာသြားကာမွ ပိုင္ေရွာင္ဖူက တစ္ခုခုကိုသတ္ရပုံႏွင့္ေအာ္ဟစ္လာခဲ့၏။
"ဟုတ္သားပဲ! အေဖ အေဖ ေဒၚေလးငယ္ရဲ႕စံပါယ္ေလးကမရွိေတာ့ဘူး!"
ဒါကိုၾကားေတာ့ ပိုင္လီကရပ္တန့္သြားသလို ပန္းကန္ေတြသိမ္းေနတဲ့ ေရွာင္ဟန္ကလည္း ရပ္တန့္သြားခဲ့သည္။ ဟုတ္သားပဲ သူက ပိုင္လီျပန္လာလာခ်င္း ဒီကိစၥကိုေျပာျပသင့္တာေပမယ့္ ဘယ္လိုလုပ္ေမ့ေနခဲ့လည္းမသိဘူး။
ေရွာင္ဟန္က ပိုင္လီသူ႕ကိုအျပစ္တင္မွာ စိုးရိမ္ေနခ်ိန္တြင္ ပိုင္လီက ေရွာင္ဖူေလးကိုေမးေနၿပီျဖစ္သည္။
"ဟုတ္လား ဘာျဖစ္သြားတာလဲ ေရွာင္ဖူေလးသိလား"
ပိုင္ေရွာင္ဖူက ႏွစ္ႏွစ္သာရွိေသးေသာ္လည္း သူကစကားတခ်ိဳ႕ကိုမွတ္မိေနစဲျဖစ္သျဖင့္...
"အဲတာက.. စံပါယ္ပင္ေလးက ေပ်ာက္သြားတယ္ ေဒၚေလးငယ္ကငိုတယ္ ၿပီးေတာ့ အႀကီးဆုံးေဒၚေလးက ခိုးတယ္လို႔လည္းေျပာတယ္ "
ကေလးေလးရဲ႕မွတ္ဉာဏ္က ဒီေလာက္ပါပဲ။ သူက ဒါကိုေတာင္ ပိုင္မိန္အထပ္ထပ္ေျပာလို႔ မွတ္မိေနတာျဖစ္ၿပီး ဘာျဖစ္မွန္းကိုေတာ့ အတိက်မေျပာတက္ရွာေပ။ ပိုင္လီက ပိုင္ေရွာင္ဖူကို ေတာ္ေၾကာင္းခ်ီးက်ဴးလိုက္ေပမယ့္ သူ႕စိတ္ထဲတြင္ေတာ့ ေပ်ာ္မေနေတာ့ေပ။
အစက စံပါယ္ပင္မရွိေတာ့ဘူးဆိုတာကို သူက အပင္ေသသြားမ်ိဳးလို႔ ေတြးမိေနေပမယ့္ ေရွာင္ဖူရဲ႕စကားနဲ႕တင္ ဘာေတြျဖစ္သြားမွန္းသိလိုက္ကာ ေခါင္းေတြပင္ထိုးကိုက္ခ်င္လာခဲ့ေတာ့သည္။
သူဒီေန႕မွ ျပႆနာတစ္ခုရွင္းၿပီးျပန္လာတာေပမယ့္ က်ိဳးရွီက သူ႕ကို ေနာက္ထပ္ျပႆနာတစ္ခုနဲ႕ အဆင္သင့္ေစာင့္ေနခဲ့တယ္။ သိပ္ေကာင္းတယ္။ သူ႕ကို နားဖို႔ေတာင္ အခြင့္ေရးမေပးက်ဘဴးပဲ။
ပိုင္လီက စိုးရိမ္ေနတဲ့ ေရွာင္ဟန္ကို ခဏဖယ္ထားလိုက္ၿပီး အေသးေလးေတြပို ရေအာင္သိပ္လိုက္၏။ အခ်ိန္ကညဥ့္နက္ေနတာရယ္၊ ေဆာ့လို႔ေမာသြားတာရယ္ေၾကာင့္ ထိုလူသားအေသးေလးေတြအိပ္ေပ်ာ္သြားခ်ိန္တြင္ ပိုင္လီက အႏြေးကုတင္ေပၚကဆင္းကာ စားပြဲတြင္သြားထိုင္လိုက္ၿပီး ေရွာင္ဟန္ကိုလည္းလာဖို႔ေခၚလိုက္သည္။ ေနာက္ေတာ့ သူက လက္ဖက္ရည္ငွဲ႕ရင္း ေအးေအးေဆးေဆးပဲေမးလိုက္၏။
"ကိုယ္မရွိတုန္း အိမ္မွာ ဘာေတြျဖစ္သြားတာလဲ"
ေရွာင္ဟန္က ပိုင္လီသူ႕ကို ဆူေတာ့မည္ဟုထင္လိုက္ေသာ္လည္း ထိုလူက မဆူတဲ့အျပင္ သူ႕အတြက္ပါေရႏြေးတစ္ခြက္ငွဲ႕ၿပီး ကမ္းေပးခဲ့ေသးသျဖင့္ စိတ္ၿငိမ္သြားခဲ့သည္။ ဒါေၾကာင့္ သူကလည္း ျဖစ္ခဲ့တာေတြကိုရွင္းျပလိုက္၏။
ျပႆနာကိုစေျပာရလွ်င္ ပိုင္လီ အမဲလိုက္စသြားထဲလို႔ေျပာရလိမ့္မည္။
ရိတ္သိမ္းခ်ိန္ၿပီးသြားၿပီးေနာက္မွာ က်ိဴးရွီနဲ႕စုရွီက သူတို႔မိသားစုေတြဆီ မၾကာခဏ သြားလည္ခဲ့က်ၿပီး သူတို႔က ကိုယ္ဝန္ေတြေၾကာင့္ မိသားစုကို လြမ္းဆြတ္ေနတာဟုေျပာခဲ့သျဖင့္ ပိုင္အေမက ခြင့္ျပဳေပးခဲ့တာပင္။ တျခားမိသားစုေတြမွာဆိုရင္ေတာ့ လက္ထပ္ၿပီးမိသားစုကို ခဏခဏျပန္တာက ခြင့္ျပဳေလ့မရွိေပမယ့္ ေမာ့ဟြာကေတာ့ သေဘာေကာင္းကာ ေခြၽးမေတြဆႏၵကိုလိုက္ေလ်ာခဲ့တာျဖစ္၏။
ေနာက္ေတာ့ ပိုင္လီေတာင္ေပၚတတ္သြားသည့္ ေန႕မွာပင္ က်ိဳးရွီ၏မိသားစုမ်ားက ပိုင္အိမ္ကိုအလည္ပတ္ေရာက္လာခဲ့က်သည္။ ထိုလာလည္သူမ်ားထဲတြင္ က်ိဳးမိသားစု၏ လက္မထပ္ရေသးသည့္ လူလြတ္တစ္ေယာက္ပါလာကာ က်ိဳးရွီက ပိုင္အေမတားေနသည့္ၾကားမွ ေရွာင္ဟန္တို႔အိမ္ကိုေတာင္ ေခၚလာခဲ့ေသး၏။ အဲဒီအခ်ိန္က က်ိဳးရွီေျပာခဲ့တာက ပိုင္လီမရွိေတာ့ သူတို႔ေတြက ေရွာင္ဟန္ပ်င္းေနမွာစိုးလို႔ ေရွာင္ဟန္ဆီကို သြားလည္သင့္တယ္တဲ့။
သူတို႔အိမ္မွာက ေန႕ခင္းဆိုရင္ သစ္သားျမင္း႐ုပ္လုပ္ဖို႔အတြက္ ပိုင္အိမ္၊႐ုံအိမ္ႏွင့္က်န္းအိမ္က ေယာကၤ်ားေတြလာေလ့ရွိၿပီး ပိုင္မိသားစုက ပိုင္အေဖလည္းရွိေနသျဖင့္ ေရွာင္ဟန္က ဒီအေပၚ ထင္ျမင္ခ်က္သိပ္ေတာ့မရွိခဲ့ေပ။ ပိုင္အေမနဲ႕ပိုင္မိန္ကလည္း အၿမဲလိုလိုရရွိေနတတ္သျဖင့္ အိမ္ရဲ႕ဦးစီးမရွိခင္ တစိမ္းေယာကၤ်ားေတြဝင္ထြက္ေနတဲ့အေပၚ အတင္းေျပာသူမ်ားလည္း ရွိလာမွာမဟုတ္ေသာေၾကာင့္ သူတို႔ေတြက ေအးခ်မ္းစြာေနခဲ့က်တာပင္။
အဲဒီေန႕က က်ိဳးရွီက သူ႕မိသားစုဘက္က လူေတြကိုေရွာင္ဟန္အိမ္ကိုေခၚလာခဲ့ၿပီး သူတို႔အိမ္မွာက စာေလ့လာရာကေနခိုးထြက္လာတဲ့ က်န္းခ်င္လည္းရွိေနကာ က်ိဳးမိသားစုက လက္မထပ္ရေသးတဲ့ေကာက က်န္းခ်င္ကို သိသိသာသာကပ္ေနတာကို လူတိုင္းျမင္နိုင္ခဲ့က်သည္။
သို႔ေသာ္ လက္မထပ္ရေသးသည့္ လူအခ်င္းခ်င္းမေတာ္တဆေတြ႕ရင္းက ရင္းႏွီးသြားမႈသည္ ပုံမွန္သာျဖစ္ၿပီး လူတိုင္းက ထိုသို႔ထင္က်ေပမယ့္ ေရွာင္ဟန္ႏွင့္ပိုင္မိန္ကေတာ့ တစ္ခါက ပိုင္လီေျပာဖူးတဲ့စကားေၾကာင့္ ဒါကတိုက္ဆိုင္တာဟု တုံးအစြာနဲ႕မျမင္က်ေတာ့ေပ။ က်ိဳးရွီက ဒါကိုတမင္ျဖစ္ေစခ်င္ပုံရပါတယ္။
ပိုင္မိန္က အရမ္းကို ေဒါသထြက္ေနခဲ့ေသာ္လည္း က်န္းခ်င္လို ငတုံးက ဘာမွမသိကာ တဖက္က သူ႕ကိုကပ္ေနမွန္းေတာင္မသိခဲ့သျဖင့္ ေနာက္ဆုံးတြင္ ၾကည့္မေနနိုင္သည့္က်န္းထင္က သူ႕ညီအငယ္ဆုံးကို စာေလ့လာရန္ အိမ္ကိုအတင္းျပန္လႊတ္ခဲ့ရေတာ့သည္။
ထိုေတာ့မွ သိပ္မၾကာခင္ က်ိဳးရွီတို႔လည္း ျပန္သြားက်ၿပီး က်န္းခ်င္ ကံေကာင္းသြားသည္မွာ သူက ထိုေကာကို သေဘာက်သည့္အရိပ္ေယာင္ မျပလိုက္မိျခင္းပင္။ မဟုတ္ပါက ပိုင္မိန္က သူနဲ႕လက္ထပ္ဖို႔ကို ဘယ္လိုမွ သေဘာတူေတာ့မွာမဟုတ္ဘူး။
ျပႆနာက ထိုမွ်ႏွင့္ ၿပီးသြားသင့္ေသာ္လည္း ထိုေန႕က က်ိဳးမိသားစုမွလူမ်ားသည္ အိမ္ႏွစ္အိမ္က စံပါယ္ပင္မ်ားကိုျမင္သြားကာ ေမာ့ဟြာထံ အနည္းငယ္ေပးရန္ေတာင္းသျဖင့္ ေမာ့ဟြာကလည္း ခမည္းခမက္မိသားစုျဖစ္ေန၍ ပန္းအနည္းငယ္ကို ခူးခြင့္ေပးခဲ့လိုက္၏။
ဤသို႔ျဖင့္ ပိုင္လီေတာင္ေပၚကျပန္လာသည့္ ေနာက္တစ္ေန႕မနက္ခင္းတြင္ ပိုင္အိမ္ကပန္းပင္ႏွင့္ က်ိဳးရွီေပ်ာက္သြားကယ ေန႕လယ္ခင္းတြင္မွ က်ိဴးရွီကေ႐ႊေခ်ာင္းတစ္ေခ်ာင္းႏွင့္အတူ ျပန္ေရာက္လာခဲ့သည္။
သူမေျပာတာက သူ႕မိသားစုက ခူးသြားတဲ့ပန္းေတြကိုသူမအကိုရဲ႕ မိတ္ေဆြကျမင္သြားၿပီး ေ႐ႊေခ်ာင္းနဲ႕ဝယ္ဖို႔ကမ္းလွမ္းခဲ့သည္တဲ့။ ေ႐ႊတစ္ေခ်ာင္းကအမ်ားႀကီးေပမယ့္ သူမကဒါကိုဖြင့္ေျပာလိုက္ရင္ ပိုင္မိန္က ပန္းပင္ကိုအရမ္းႀကိဳက္ေနတာဆိုေတာ့ကေလးဆန္ၿပီး လက္မခံမွာစိုးရိမ္လို႔ မသိေအာင္သြားေရာင္းၿပီး ေငြကိုျပန္ယူလာခဲ့တာျဖစ္သည္တဲ့ေလ။
ပိုင္မိသားစုက ႐ုတ္တရက္ဘာေျပာရမွန္းမသိခဲ့က်ေပ။ ေ႐ႊတစ္ေခ်ာင္းဆိုတာ ေငြေခ်ာင္းတစ္ေထာင္တန္ၿပီး သူတို႔အတြက္အမ်ားႀကီးျဖစ္ကာ ပန္းပင္တစ္ပင္က ဤမွ်တန္ေနမည္ဟု မေမွ်ာ္လင့္ထားခဲ့က်ေသာ္လည္း အဓိကျပႆနာမွာ ပန္းပင္က ပိုင္လီေပးထားသည့္ ပိုင္မိန္၏ဟာျဖစ္ေနျခင္းပင္။
က်ိဳးရွီက သူမက ပိုင္အိမ္အတြက္လုပ္ေပးတာဟု အတြင္တြင္ေျပာေနၿပီး သူမ မသိေအာင္ယူသြားရသည္မွာ ပိုင္မိန္က မိသားစုေငြရမည့္အေရးကို တားျမစ္မွာစိုးလို႔ဟူသည့္ ဆင္ေျခသုံးခဲ့သျဖင့္ သူမရဲ႕ ဒုတိယအကိုက သူမကိုေပးထားသည့္ပန္းပင္ကလည္း အခိုးခံလိုက္ရတဲ့အျပင္ အျပစ္တင္ပါခံရေသးသည့္ ပိုင္မိန္က အေသလဲေဒါသထြက္ၿပီး မေက်မနပ္နဲ႕ ေသာင္းက်န္းခဲ့သျဖင့္ ပိုင္အေဖက ဒီကိစၥကို ပန္းပင္၏မူလပိုင္ရွင္ျဖစ္သည့္ ပိုင္လီျပန္လာမွ ပိုင္လီကဆုံးျဖတ္ေပးလိမ့္မည္ျဖစ္ေၾကာင္း ေျပာကာ ခဏမွ်အဆုံးသတ္ေပးထားခဲ့ရတာျဖစ္၏။
အရင္တုန္းကလိုဆိုရင္ေတာ့ ေရွာင္ဟန္က မိသားစုအခ်င္းခ်င္းၾကား ျပႆနာေလ်ာ့ပါးေအာင္ ဖာေထးေျပာေပးဦးမည္ျဖစ္ေသာ္လည္း ယခုတစ္ေခါက္တြင္ က်ိဳးရွီလုပ္ရပ္က သိပ္မဟုတ္ဟုခံစားရသျဖင့္ သူကျဖစ္ခဲ့သမွ်ကို အမွန္တိုင္းသာ ပိုင္လီကိုေျပာလိုက္တာျဖစ္သည္။ ဘာပဲျဖစ္ျဖစ္ တျခားလူေတြဆီကေနလည္း ပိုင္လီက အမွန္တိုင္းသိနိုင္ဦးမွာပဲေလ။ ဒါေၾကာင့္ သူေလ်ာ့ေပါ့ေျပာေပးေနလို႔လည္း မထူးပါဘူး။
.............................................................
(AN/ ဒီေန႕ ဒီပိုင္းကိုလုံးဝအားမရပါဘူး။😭
ဖတ္ရတာအဆင္ေရာေျပက်ရဲ႕လား။
paid gpမွာ 120 ေက်ာ္ေနပါၿပီ။)