အပိုင်း (၆၁) မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
ပိုင်လီက အပြန်လမ်းတွင်လည်း လှည်းနှစ်စီးကိုတွဲထားစဲဖြစ်သည်။ သို့သော် ဘာမှမပါတော့တာကြောင့် ကျွဲနှစ်ကောင်၏ ခြေလှမ်းများကသွက်လက်နေကာ ပိုင်လီက အရှိန်တင်မောင်းခြင်းမရှိတာတောင်မှ လှည်းလေးက ပုံမာန်အရှိန်ထက် အနည်းငယ်မြန်တဲ့နှူန်းလေးနဲ့ ပြေးနေလေ၏။
ဆိပ်ကမ်းမြို့ကနေ နန်ချောင်းရွာကိုသွားချင်လျှင် ဆိပ်ကမ်းမြို့ကနေ မြို့ငယ်လေးကိုသွားသောလမ်းကနေအရင်သွားရမည်ဖြစ်ပြီး မြို့ငယ်လေးသို့ရောက်မှ နန်ချောင်းရွာသို့သွားသည့်လမ်းက သပ်သပ်ထပ်ရှိနေတာပင်။
ဒါကြောင့် ပိုင်လီက အခု ဆိပ်ကမ်းမြို့ကနေ မြို့ငယ်လေးကိုသွားတဲ့လမ်းပေါ်မှာရှိပြီး ဤလမ်း၌ ဆိပ်ကမ်းမြို့နှင့် မြို့ငယ်လေးကို ကူးသန်းတတ်သောလူတချို့အား ရံဖန်ရံခါတွေ့ရတတ်သော်လည်း ပုံမွန္မရွိပဲ ခေါင်ကာ လူပြတ်လေ့ရှိသည်။
ဒီနယ်မှာ ဓားပြတွေမရှိတော့လို့သာ မဟုတ်ရင်တော့ ဒီလမ်းက ဓားပြတွေရဲ့အကြိုက်ဖြစ်နေမှာလေ။
ပိုင်လီက ထိုသို့တွေးနေရင်းနဲ့ ရှေ့ကသစ်ပင်ပေါ်မှ ပုံမှန်မဟုတ်သောလှုပ်ရှားမှုကို မြင်လိုက်တော့ လှည်းကိုဖြည်းညင်းစွာရပ်လိုက်၏။ နေရာက လမ်းရဲ့အလယ်လောက်ကိုရောက်နေပြီဆိုတော့ လူအပြတ်ဆုံးနေရာလို့ပြောရမည်။ ဆိုတော့ ဟွမ်ဟွာကလူတွေက နည်းနည်းတော့ညာဏ်ကောင်းသားပဲ။ ဒါပေမယ့်...
ပိုင်လီက လှည်းပေါ်ကနေ မလှမ်းမကမ်းကသစ်ပင်ကြီးပေါ်ကနောက်ထပ်လှုပ်ရှားသွားသော အနက်ရောင် အရိပ်များကိုကြည့်ကာ စိတ်ထဲမပြောပဲမနေနိုင်ပေ။
နေ့ခင်းကြောင်တောင်မှာ အနက်ရောင်ဝတ်စုံတွေနဲ့?
အကယ်၍ဟွမ်ဟွာကလူတွေသည် လူမ်ားကို ဓားပြပုံစံဖြင့်လှည့်စားချင်လျှင်လည်း တောရွာဘက်က ဓားပြများက အနက်ရောင်ဆင်တူဝတ်စုံများကို ဝတ်လေ့မရှိကြောင်း သူပြောပြချင်မိသွား၏။ ဒါကဘယ်လိုကြည့်ကြည့် လုပ်ကြံမှုလို့ပဲ ထင်နေရတာကို...။
ပိုင်လီက အတွေးများဖြင့် လှည်းပေါ်ကဆင်းလိုက်ပြီး ကျွဲနှစ်ကောင်ကိုလှည်းမှဖြုတ်ကာ ဘေးရှိသစ်ပင်သေးလေးများတွင် ချည်ထားခဲ့လိုက်သည်။
ဘာလို့သူက လှည်းနဲ့ ထိုနေရာထိရောက်အောင် မောင်းမသွားရလဲဆိုတော့ ဒီကျွဲကြီးတွေ လန့်ပြီးထွက်မပြေးအောင်လို့ပါပဲ။ သူ့အိမ်က အသေးလေးတွေက စူးစူးနဲ့ဆော့နေကျကိုမပြောနဲ့ဦး တစ်ကောင်က ရွာအကြီးကဲရဲ့အိမ်ကလေ။ သူ့မှာကျွဲပေါင်းများစွာကို လျော်ပေးနိုင်စွမ်းရှိပေမယ့် သူများကျွဲကိုငှားသွားပြီး ပျောက်လာတယ်ဆိုတာက စည်းကမ်းမရှိတာပဲမဟုတ်ဘူးလား။ ဒါကြောင့် ပိုင်လီက ကျွဲတွေကိုလုံခြုံအောင်အရင်စီစဉ်လိုက်ကာ သူက မလှမ်းမကမ်းကသစ်ပင်တွေနားကို အေးဆေးစွာလျောက်သွားလိုက်သည်။
ထိုနေရာကသစ်ပင်တွေက လမ်းရဲ့တစ်ဖက်စီမှာ မျက်နှာချင်းဆိုင်စွာပေါက်နေကျပြီး အကိုင်းခက်တွေကအုပ်ဆိုင်းကာ အပင်ကလည်းကြီးမားတာကြောင့် ထိုလူတွေပုန်းနေဖို့ရွေးချယ်တာက မဆိုးဟုပြောနိုင်သည်။ ပိုင်လီက သစ်ပင်နှစ်ပင်ကြားကို အရောက်မှာ ပြောလိုက်၏။
"အကုန္လုံးက ကျုပ်ကိုစောင့်နေကျတာပဲမဟုတ်ဘူးလား ဘာလို့ခုထိဆင်းမလာကျသေးတာလဲ"
အပင်ပေါ်ရှိ လူများသည် အနည်းငယ်ဇဝေဇဝါဖြစ်နေကျတာပင်။ သူတို့က ပိုင်လီကိုစောင့်နေကျတာမှန်ပေမယ့် မလှမ်းမကမ်းမှာ ပိုင်လီက လှည်းရပ်သွားတဲ့အခါ အနည်းငယ်စဉ်းစားရကျပ်သွားခဲ့ကျ၏။
သူက ဘာလို့ ရုတ်တရက်လှည်းရပ်လိုက်တာလဲ။ အပေါ့ပါးသွားချင်လို့လား ဒါမှမဟုတ် အနားယူချင်လို့လား။ ဒါပေမယ့် ရှေ့နည်းနည်းဆက်လာလိုက်ရင်ကို သူတို့နဲ့တွေ့တော့မှာလေ။ ထိုအချိန်တွင် ထိုလူမ်ားက သူတို့ကသာ ပိုင်လီဆီသွားလိုက်ရမလားကို စဉ်းစားနေခဲ့ကျ၏။
သို့သော် ပိုင်လီက ကျွဲများကိုချည်ပြီးနောက် လူချည်း ဒီဘက်ကိုလျောက်လာသောအခါတွင်မူ ပိုပြီးတောင် စိတ်ရှုပ်သွားခဲ့ကျသည်။
အခု ပိုင်လီရဲ့စကားကိုကြားတော့မှသာ ဒီလူက သူတို့ရှိနေတာကို အစထဲက သတိထားမိခဲ့၍ သူ့လှည်းကိုရပ်ကာ ကျွဲများကိုပင် လုံခြုံအောင်ချည်ခဲ့ပြီးမှ သူတို့ဆီကို လက်ဗလာနှင့်လျောက်လာလိုက်တာမှန်း သဘောပေါက်သွားကျ၏။ သူ့ကို ချောင်းမြောင်းနေတဲ့လူတွေရှိမှန်းသိထားတာတောင် လက္နက္တစ္ခုခုမရွာခဲ့ဘူး။ ဆိုတော့ သူတို့ကို လုံးဝမျက်လုံးထဲထည့်မထားတာပေါ့။
အနက်ဝတ်လူများသည် အလှောင်ပြောင်ခံရသလို ခံစားရကာ သူတို့က စိတ်တိုစွာနှင့်အပင်ပေါ်က ခုန်ဆင်းလာကျပြီး ပိုင်လီကိုဝိုင်းလိုက်၍ ဦးဆောင်လာသူကပြောလိုက်သည်။
"မင်းသိနေတယ်ဆိုလည်း ကောင်းတာပဲ ငါတို့လိုချင်တာက မင်းရဲ့လက်ဗွေရာတစ်ချက်ပဲ အလိုက်တသိနဲ့ပေးမယ်ဆိုရင်..အွတ်!"
ထိုလူ၏ စကားမဆုံးလိုက်ပေ။ ပိုင်လီ၏ ကန္ခ်က္က သူ့ရင်ဝကိုရုတ်တရက် ရောက်လာလို့ပင်။
ပိုင်လီက ဒီလူတွေဘာလိုချင်လဲဆိုတာသိတာပေါ့။ ဒါပေမယ့် သူက သူ့အိမ်က အသေးလေးတွေကိုလုံးဝမရောင်းနိုင်ဘူးလေ။ ဒီတော့ တိုက်ခိုက်ရမှာပဲတူတူကို ဘာလို့အချိန်တွေဆွဲနေဦးမှာလဲ။
ပိုင်လီရဲ့ လှုပ်ရှားမှုကအရမ်းကိုလျှင်မြန်သည်။ သူကဦးဆောင်လာသူကို ကန်လိုက်အပြီးတွင် ထိုလူ့လက်ထဲက ဓားကိုဆွဲလုလိုက်ပြီး ဓားအိမ်နှင့် ဂုတ်ပိုးကိုထပ်ရိုက်ခဲ့လိုက်၏။
ဝက်ဝံကိုတောင် သယ်နိုင်အပြီးမှာ ပိုင်လီက သူ့ခွန်အားက အနည်းငယ်သဘာဝလွန်နေကြောင်း ရိပ်မိခဲ့ပြီး သူက အံသြခြင်းတော့မရှိခဲ့ပေ။ သူရဲ့ဝိညာဉ်က တခြားလူရဲ့ခန္ဓာကိုယ်ထဲ ရောက်လာတာကိုတောင် သူကကြုံခဲ့ရပြီးပြီကို သူ့ကို ဘာကများထပ်အံသြစေဦးမှာလဲ။
သူက အလွန်ကျွံဖြစ်သွားမှာစိုးလို့ သူ့ခွန်အားကိုလျော့ထားခဲ့တာတောင် လူတစ်ယောက်ကို နှစ်ချက်နှင့် အမှောက်သိပ်နိုင်နေစဲပင်။
ပြီးတော့ ပိုင်လီက ဒီလူကို အသံနဲ့တင် မှတ်မိသည်။ သူဟွမ်ဟွာကို ဖောက်ဝင်တုန်းက ရိုက်ခဲ့တဲ့နှစ်ယောက်ထဲက တစ်ယောက်ဖြစ်သလို့ သူ့အိမ်ကို ယန်စန်းဟွား လာတုန်းက ဒီတစ်ယောက်လည်းပါလာကာ သူကန်ခဲ့သည့်တစ်ယောက်လည်းဖြစ်ပြီး ဖိနပ်ဆိုင်မှာ သူ့ကိုစကားလာပြောတဲ့သူလည်းဖြစ်၏။
ဒီလူက အခု သူ့မျက်နှာကိုအုပ်ထားပေမယ့် သူကယန်စန်းဟွားရဲ့ အနီးကပ်လူဖြစ်သည့်အတွက် ပိုင်လီအတွက် အရေးကြီးသည့်သက်သေနေရာကနေ ဝင်ပါရမည်ဖြစ်လို့ ပိုင်လီက ထိုလူ့အသံကိုမှတ်မိလျှင် မှတ်မိခြင်းမှာပင် အချိန်မဆွဲပဲ အမှောက်သိပ်ခဲ့တာပင်။
သူက ဒီလူကို အမြဲတမ်းရိုက်နေရလို့ စိတ်မကောင်းပေမယ့် တခြားလူတွေကိုမရရင်တောင် သူ့ကိုတော့ ရမှဖြစ်မှာဆိုတော့ မပြေးနိုင်အော င်လုပ်ထားရမှာပဲလေ။
ထို့ကြောင့် အရမ်းမြန်မြန်နဲ့ သူတို့ကိုဦးဆောင်လာတဲ့လူက မှောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ကျသော ကျန်သည့် အနက်ဝတ်လူသုံးဆယ်ကျော်သည် ခဏလောက် အံအားသင့်သွားကျခဲ့သော်လည်း သူတို့ကယန်စန်းဟွားရဲ့ ပိုင်လီရဲ့လက်ဗွေရာကို စာချုပ်မှာမြင်ရမှဖြစ်မည်ဟူသော အမိန့်ကြောင့် ပိုင်လီကို ဝိုင်းဝန်းတိုက်ခိုက်ရုံသာ တတ်နိုင်ခဲ့တော့သည်။
ပိုင်လီက အသာတကြည် လက်ဗွေမနှိပ်ပေးရင် ပိုင်လီကို မှောက်သွားတဲ့အထိရိုက်ပြီးတော့မှပဲ သူတို့ကလက်ဗွေကို ယူရတော့မှာပေါ့။ ယန်စန်းဟွားက ဖြစ်သမျှ သူမတာဝန်ယူမယ်လို့ပြောထားတာလေ။
သို့သော် ဝမ်းနည်းစရာမှာ မူလဘဝထဲက ကိုယ်လက်လှုပ်ရှားရတာကို သေဘာက်၍ အတိုက်ခိုက်နည်းပညာကို သင်ယူထားခဲ့သောပိုင်လီက ဒီဘဝရဲ့သာလွန်တဲ့ခွန်အားနဲ့ ပေါင်းမိသွားသောအခါတွင် ထိုလူသုံးဆယ်ကျော်က ပိုင်လီအား တစ်ချက်မှမထိလိုက်နိုင်ဘဲ အကုန်လုံးမှောက်သွားခဲ့ခြင်းပင်။
ယန်စန်းဟွားက ပိုင်လီက မုဆိုးပိုင်ဖြစ်နေပြီး ဝက်ဝံကိုတောင် သတ်နိုင်ခဲ့တာကို သိသွားခဲ့တာကြောင့် သူမက ဟွမ်ဟွာမှာရှိတဲ့ လူတွေအပြင် အပြင်ကနေတောင် လူတွေငှားခဲ့ပေမယ့် ဒီရလဒ်ကိုမျှော်လင့်ထားရှာမှာမဟုတ်ပေ။
ဒါက ထူးတော့မထူးဆန်းပါဘူး။ ပိုင်လီရဲ့ ပုံပြင်ကြောင့် လူတွေက ပိုင်လီ ဝက်ဝံကိုသတ်နိုင်ခဲ့တာက ကံကောင်းမှုနဲ့ သတ္တိကြောင့်လို့ပဲ ပြောနေကျတာလေ။ အဲတာက ပိုင်လီ အတိုက်ခိုက်ကျွမ်းတယ်လို့ ပြောနေကျတာမှမဟုတ်တာ။ ဒါကြောင့် ယန်စန်းဟွားရဲ့ လူသုံးဆယ်ကျော်စီစဉ်မှုက လုံလောက်သည်ထက် ပိုနေပြီဟုပြောလို့ရခဲ့သည်။
စိတ်မကောင်းစရာကတော့ သူမက ပိုင်လီကို လုံးလုံးသိမထားတာပါပဲ။
ပိုင်လီက မှောက်သွားတဲ့လူသုံးဆယ်ကျော်ကို လှည်းတွေနားထိဆွဲဆွဲခေါ်သွားကာ လှည်းနှစ်စီးပေါ်သို့ အထပ်လိုက်ကောက်တင်ပြီးနောက် ၎င်းတို့နှင့်ပါလာသည့် ဓားတွေကိုပါ မချန်ခဲ့ပေ။ အဲဒီနောက်မှာတော့ သူက မေ့မျောနေတဲ့ လူသုံးဆယ်ကျော်ကို တင်ပြီးဆိပ်ကမ်းမြို့ကို ပြန်လှည့်သွားခဲ့တော့ကာ သူဦးတည်နေသောနေရာကတော့ ရုံးတော်ကိုပါပင်။
ပိုင်လီက အေစာထဲက ဒီကိစ္စက ရုံးတော်ကနေ ရှင်းမှပြတ်မယ်ဆိုတာသိထားပေမယ့် ယန်စန်းဟွားကိုအပြစ်ပေးနိုင်ဖို့ အကြောင်းရာက မလုံလောက်နေသေးလို့ ငြိမ်နေခဲ့တာသာဖြစ်သည်။
ယန်စန်းဟွား သူ့အိမ်ကိုလာပြီး ကလေးတွေလာခေါ်တုန်းက ရုံးတော်ကိုတိုင်ချင်ရင် တိုင်လို့ရပေမယ့် အဲဒီတုန်းက သူမက ကလေးတွေကို တကယ်မထိနိုင်ခဲ့ဘူး။ ပြီးတော့ တကယ်တမ်း ပြဿနာလည်း ကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့တာမဟုတ်ဘူး။ အဲတာကြောင့် ရုံးတော်ကိုရောက်ရင်တောင် အျပစ္က ကြီးမားမှုရှိမှာမဟုတ်ဘူးလေ။ ဒါပေမယ့် ဒီနေ့အဖြစ်ပျက်နဲ့ အဲဒီနေ့က အျဖစ္ပ်က္ကို ပေါင်းလိုက်မယ်ဆိုရင်တော့ သူက ဟွမ်ဟွာရဲ့ကိစ္စကို အပြီးရှင်းနိုင်လောက်မယ်လို့ ထင်ရပါတယ်။
ဟွမ်ဟွာနဲ့သာဖြေရှင်းပြီးရင် ပိုင်လီက သူ့မိသားစုကိုဆိပ်ကမ်းမြို့ကိုခေါ်သွားဖို့ တွန့်ဆုတ်နေရတော့မှာ မဟုတ်တာကိုတွေးပြီး နှစ်သစ်ကူး မီးပုံးပွဲတော်ကျရင် သူ့မိသားစုနဲ့ ပိုင်မိသားစု တစ်ခုလုံးကိုလည်းခေါ်ကာ ဆိပ်ကမ်းမြို့ကို အလည်ပတ်သွားလို့ရပြီဟု စဉ်းစားကာ ပျော်ရွှင်နေခဲ့လေသည်။
သူက သူ့ကိုအချိန်သိပ်မကြာပဲ ရုံးတော်မှာ ထပ်တွေ့ရလို့ ဖြစ်သွားမယ့် တရားသူကြီးရဲ့မျက်နှာကိုတော့ တကယ်မစဉ်းစားခဲ့မိပဲနဲ့ပေါ့။
................................................................
(AN/ gpမှာ ဒီနေ့ အပိုင်း (၉၅) ထိ ရောက်မှာပါ။💖
120ထိ gpနှစ်ခုရှိပြီး နှစ်ခုလုံးကို 5500ပါရှင်။)
###