"စမ်းနွေရဂုံ"[ Completed ]

By Tay-Khit-Mo

4.6K 401 77

စမ်းရေတသွယ် နွေဖြာတယှက် ပေါင်းစုကာရည် ရဂုံဝယ်တည်၏။ (Feb26-Oct27 - 2023) More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
ဇာတ်သိမ်းပိုင်း
Happy Thadingyut

အပိုင်း ၂၄

78 3 0
By Tay-Khit-Mo

(၂၄)

စာမေးပွဲခန်းထဲ နွေဆူးမှာ တဝှါးဝှါးသန်းရင်း အိပ်ငိုက်ချင်နေသည်။အပိုင်ရသည့် မေးခွန်းတွေ ပါလာပေမဲ့ လက်ကမလှုပ်ချင်တော့။ပိုဆိုးသည်က တဖြေးဖြေး အိစင်းလာတဲ့ မျက်လုံးတွေကြောင့် ရေးလက်စ စာလုံးတွေပင် ပြားကုန်သယောင်။

ငါ့အတင်း ဘယ်သူပြော.!!!!

"နာရီဝက်ပဲ ကျန်တော့တယ်နော်..ငေးမောမနေပဲ ကောင်းကောင်းဖြေပါ"

မျက်နှာကို အစွမ်းကုန် တည်တင်းကာ မထွက်တဲ့ အသံကို ညစ်နေသူ..၊ ပပဝင်းခင်အသံနှင့် ဆင်သည့် နွေဆူးတို့ ဆရာမ။စိတ်ထားကောင်းပြီး အမြဲတစေ ပြုံးတတ်လွန်းသူမို့ ဒေါ်ပြုံးပန်းဝေလို့တောင် တကျောင်းလုံးကကင်ပွန်းတပ် ပေးခဲ့တာလေ။

သူက ခုလိုမျိုးဆိုတော့..ထပဲ ရယ်ရလေမလား..လန့်ဖြန်ပြီးပဲ ရပ်လိုက်ရလေမလား..သေချာသည်တော့ တခိခိနဲ့ ကြိတ်ရယ်ကြသူချည်း။နွေဆူးတော့မရယ်မိပါချေ..ကျေးဇူးတင်စွာနဲ့ အောင်မှတ်ရအော​င် ​ဆက်ဖြေနေလိုက်၏။

ပြီးပြီကွ!!!

နွေဆူး ပစ္စည်းတွေကို အိတ်လေးထဲပြန်ထည့်ပြီး သံချောင်းခေါက်သံကို နားစွင့်မိ၏။

--------

ဆူညံလှသော လူအုပ်ကြီးထဲ စမ်းရေမှာ ညပ်သပ်နေ၏။အရေးထဲကျောင်းသားများကြားထဲ မိဘများမှာ အလုအယက်။အထက်တန်းကျောင်းလည်းဖြစ်ပြန် စာမေးပွဲကာလမို့ ထွက်ပေါက် တခုသာ ထားသောကြောင့် တော်တော်နှင့် လူစုကမကွဲ။

"စမ်းရေ..ငါဒီမှာ!!"

ဝင်ပေါက်မှ ဆရာများထိုင်သော ထိုင်ခုံပေါ်တက်၍ လက်ပြနေသော ကိုကြီးဘဲပု။ကျောင်းတွင်းစစ်မို့ စမ်းရေတို့ အခန်းမှာ အခန်းစောင့်ကျ၏။သိပ်မကြာခင်ကမှ စာဖြေခန်းက သူနှင့်အတူ ထွက်လာတာ။ခုတော့ ဘယ်လိုကနေ ရှေ့ရောက်နေ။

"​မြန်လိုက်တာဗျာ..လူကြားထဲ ဘယ်လိုတိုးထွက်လဲ"

လူဆိုတာ အကြံကောင်း မင်းလောင်းတောင်ဖြစ်တယ်တဲ့။ခုလဲဘဲပုတို့ အကြံကောင်းတော့... !

"ဒီလိုပဲပေါ့ကွာ"

ကိုယ့်သိက္ခာအရ တပည့်ကျောပေါ်ကုန်းပိုးလိုက်လို့ ရောက်တယ်လို့တော့ ပြောလို့မဖြစ်ဘူးလေ။ဟဲဟဲ..။

"ကဲ သွားကြမယ်..မင့်အဖေ မျှော်နေလောက်ပြီ"

ကိုကိုရှိမနေသည့် စာမေးပွဲရက်တွေမှာ အဖေ လာဂရုစိုက်ပေး၏။အဖေရှိနေ၍ ဝမ်းရေးအတွက် မပူရပေမဲ့ လွမ်းရေးတော့ အတော်ခက်ခဲပါသည်။သတိရလို့ ဖုန်းဆက်ချင်တောင် သူ့မျက်နှာကြည့်နေရသည်။တခါတလေ စကားဆက်စပ်မိလို့ ကိုကို့ အကြောင်းပါမိရင် ဒေါသူပုန်တွေထပြီး ကုန်းအော်တော့တာ။

"အေးဆေးပေါ့ ကိုကြီးဘဲပုရာ မမှောင်ခင် သူပြန်ရမှာပါဗျ"

စမ်းရေသွင်က ခပ်ငယ်ငယ်တုန်းကနဲ့ မတူတော့။အသက် ၁ရက် ကြီးလာလေ စိတ်ညစ် စိတ်ပုတ်လေးက ခြတောင်ပို့လို တရိပ်ရိပ် မြင့်လာလေလေ။

"မင့်တော့နော် တော်သလားမှတ်တယ် တကယ့်ပဲပုတ်ပဲကွ"

"ဟီး..အနံ့လေး မဆိုသလောက် ထွက်တာကလွဲလို့ စားကောင်းတယ်လေ..ဟုတ်တယ်မလား"

"ငါတော့မကြိုက်ဘူးဟေ့!"

"မကြိုက်လဲ ကိစ္စမရှိပါဘူးနော်..ကိုကိုရှိတယ်လေ"

ခြေလှမ်းတွေ ပိုသွက်သွားတဲ့ စမ်းရေမှာ လွယ်အိတ်ကြိုးလေး စုထုံးကိုင်ရင်းလူငယ်သဘာဝ ကျောင်းသူ လှလှလေးတွေကို လက်ပြကာ လူပျိုလှည့်နေ၏။ယောကျ်ားလေးပေမဲ့ ငယ်မူငယ်သွေးအပြည့်နဲ့ မျက်နှာပြည့်ပြည့်လေးက နေရောင်ဖြဖြအောက်မှာ ငေးခနဲဖြစ်စေသည်။

မင်းတော့..အပြောခံထိတော့မယ်!!

ကိုယ့်နဖူးကို ခပ်နာနာတချက်ထုရင်း သတိပေးရသည်။

"စျေးဆိုင် ခဏဝင်ဦးမယ်နော် ကိုကြီးဘဲပု"

"အေးအေး"

မီးဖိုချောင်ထဲ လျော့စပြုနေသောဟင်းခတ်မှုန့်အမယ် တစ်ခုချင်းစီကိုဝယ်ပြီးနောက်...ဆီပုံးတန်းဆီ ခြေဦးလှည့်ရပြန်သည်။

"ဦး​လေး နှမ်းဆီ စစ်စစ်ရှိလားဗျ"

"ရှိတယ် လူလေး၊ဘယ်နှပိဿာလောက် လိုချင်လဲ နည်းရင် ချက်ချင်းရမယ်၊များရင် ခဏကြာမယ် ဒါပေမဲ့ အိမ်တိုင်ရာရောက် ပို့ပေးပါတယ်"

"တပိဿာပါပဲဗျ"

ဘဲပုခမျာ ဆီဗူးကြီးဆွဲရလို့ မျက်နှာမှာမဲ့တဲ့တဲ့။ဗိုက်ဆာလို့ အိမ်အမြန်ရောက်ချင်သည်ဆိုမှ လေကြောပေကြောကရှည်နေသေး၏။

"ဟော ပြန်လာကြပြီ..ဘယ်လိုလဲ သားငယ်ဖြေနိုင်လာား"

ရေညှစ်ပြီးသား အဝတ်တွေကို တဗြန်းဗြန်းခါရင်း အဖေက လှမ်းမေးလာသည်။

"ဟုတ် အဖေ့ ၊ဒါနဲ့ ကိုကို ပြန်မရောက်သေးဘူးလား"

အဖေက သဘောမတွေ့သလို မျက်မှောင်တချက် ကြုတ်ပြသည်။လှမ်းပြီးသား အဝတ်ကို ဆွဲဆန့်ပြီး..

"ငါမပြန်သေးရင် အခြေနေသိလေ"

တစ်ကောင်စီဆို ထမင်းပဲခွံ့ရ ခွံ့ရ၊ရေပဲချိုးပေးရ ပေးရ တချက်မငြီး လုပ်ပေးမိမည်။သို့သော် နှစ်ကောင်သား ပူးပြီဆိုရင်တော့လား ကန္တာ ဒုန်းစိုင်းပဲ ပြန်ပြေးချင်ပါသည်။ထိုမျှလောက်ထိ ဒီသားနှစ်ကောင်ကို ချစ်ရပါသည်။

"ဝင်တော့ နေပူတယ်"

ဆူမဲသလို လေသံမာတော့ ကောက်ကိုင်မယ်ဟန်ပြင်နေတဲ့ အဝတ်စိုတွေကို တာ့တာ့ပြရင်း စမ်းရေတို့ အလိုက်သိရပါသည်။

"ဟုတ်ကဲ့ဗျ"

ဆောင်းလေသွေးသော နေ့လယ်ခင်းသည်ပူရှိန်းရှိန်း။ဆန့်ကျင်ဘက်အနေနဲ့ ကန္တာရင်ထဲ အေးငြိမ့်ငြိမ့်။

'ကန္တာ့ သားငယ်လေးက မျက်စိရှေ့တင် အရွယ်ရောက်လာပြီ'

-------

ညနေစောင်းတော့ ကိုလေးဖိုးလူ ပြန်ရောက်လာ၏။ကိုကိုပါမယ် အမှတ်နှင့် ချက်ချင်းပင် အဖေက နှုတ်ဆက်ကာ ပြန်သွားလေ၏။အမှန်တော့ ကိုကိုက ပါမလာ။

"ကိုကိုက နောက်ကျမယ်တဲ့လားဟင်"

"အင်း ကုန်သည်တွေနဲ့ အလုပ်ကိစ္စ မပြတ်သေးလို့ သူကျန်နေခဲ့တာ ၊ ပြီးရင်တော့ ချက်ချင်းပြန်မယ် ပြောတယ်"

"ဟာ. ဘယ်ဖြစ်မလဲ၊အရမ်းညဥ့်နက်နေမှာပေါ့..မဖြစ်ဘူး မဖြစ်ဘူး ဖုန်းဆက်ပြီး မနက်မှလာဖို့ ပြောရမယ်"

တွေ့ချင်ပေမဲ့ ညနက်လွန်းရင် ကားမောင်းရတဲ့သူက အန္တရာယ်များလွန်းသည်။နောက်ပြီး ကိုကိုကတနေကုန်အလုပ်မှာ ပင်ပန်းပြီးမှ လာရမှာ။

အသက်ကြီးကြီး လူကို ချစ်မိပြန်တော့လည်း သွားရေးလာရေးက အစ ဂရုစိုက်ရပြန်ပါသည်။ကျန်းကျန်းမာမာနဲ့အချိန်အကြာကြီး အတူရှိနိုင်ဖို့ပေါ့။

'hello' ကြားကြားချင်း ဘဲပု မေတ္တာတသီတတန်း ပို့ပစ်လိုက်သည်။ဖအေကျ မှောင်ပစေ တောပြန်ပေါ့။သူ့လင်ကျ..ဟင်းဟင်း။

"ကိုကြီးဘဲပု..အဖေ့ကားမထွက်လောက်သေးဘူး လိုက်သွားပေးပါဦး"

"လိုက်ရုံမဟုတ်ဘူးဟေ့ ငါပါပြန်မှာ"

စကားပြန် မစောင့်တော့ပဲ အဝတ်ထုပ်အစား နှမ်းဆီဗူးကြီးထမ်းပြီး နောက်ဖေးပေါက်ကနေ အမြန်လစ်ထွက်ခဲ့လိုက်တော့၏။မသွားခင် မေတ္တာလေးတော့ အပီအပြင် ပို့ခဲ့ပါသေး၏။

သေစမ်း ရဂုံ!မင်းတို့ ငတ်စမ်း..!

-------

နှင်းမှုန် ခပ်ပါးပါးဝေ့နေတဲ့ ဒီဇင်ဘာ ညနေခင်းက သိပ်မအေး။ပိတ်ရက်ရှည်မှာ စာအုပ်အထပ်လိုက်နဲ့ ပေါက်ခေါင်းသွားဖို့ မောင်းတင်ထားတဲ့ နွေဆူး။ဖြစ်နိုင်ရင် မပြန်တမ်း နေဖို့တွေးမိပေမဲ့ ကျောင်းပြောင်းတာ မရတော့လို့သာ ဒီမှာ အောင့်အီး သည်းခံနေရ၏။

"ဘယ်သူမှ လာမတားနဲ့!"

စင်စစ် မည်သူမျှမတား။သွားဖို့ပင် တကူးတက ပြင်ဆင်ပေးကြသူချည်း။လေးငယ်သည်ပင်လျှင် ကားစက်နှိုးနေချေပြီ။

"ဂရုစိုက်နော် မြေး ၊ ဟိုကျ ကိုလေးတို့ စကားလည်း နားထောင်၊စာတွေလည်းပစ်မထားပဲ ပြန်နွှေး..ဘွားကြာရင်လိုက်လာခဲ့မယ်"

ကားနောက်ဖုံးထဲ စားစရာနှင့်အထုပ်အပိုးအများစုကို အသေချာထည့်ရင်း နွေဆူးကိုတလှည့် မှာတမ်းခြွေနေ၏။

"ဟုတ်ကဲ့ပါရှင့်"

သို့နှင့် ရန်ကုန်မှသည် ပေါက်ခေါင်းသို့....။

"လေးငယ်..လေးငယ်!! ကားရပ်ဦး"

ဘေးနားကနေ ရိပ်ခနဲကျော်တက်သွားသည့် ခဲပုတ်ရောင် BMW ကားလေး။အလျင်လိုနေသလို အရှိန်မသေးတဲ့ကားကို ဟန့်တားဖို့...ဖုန်းထုတ်လိုက်သည်။

"သမီး ဘာလို့လဲ??"

လမ်းဘေးကားရပ်ပြီး နောက်လှည့်မေးတော့ ငတိမက လက်ကာပြပြီး ဖုန်းကလိလို့။

"ti..ti !"

ဟေဝန် ကြားပေမဲ့ break နင်းထားတဲ့ ခြေထောက်တွေက ဖိမချဖြစ်။steering ကိုင်ထားတဲ့လက်တွေကို ရုတ်တရက် လှည့်ဖို့ကလည်း လက်တွေ့မှာ လွယ်ကူမနေ။

"ti..ti"

ဖုန်းဝင်တာ အကြိမ်ရေ စိပ်လွန်းလာသည်။သီးသန့် ringtone သံလည်း မဟုတ်၍ ညီတော့ မဖြစ်တန်ရာ။ဖိုးလူပဲ ပြန်ရှာတွေ့လို့ အသိပေးတာလား မသိ။

"hello"

တဖက်က အသံကြောင့် သတိထားနေတဲ့ကြားမှပင် ကားက လမ်းကြောင်းတိမ်းသွားသေး၏။နားကြပ်ကို ဆွဲခွါပြီး ကားကို အရှိန်သပ်လိုက်ရတော့သည်။

"ပြော နွားမလေး"

"....."

ကားကို တုန့်ခနဲ ရပ်လိုက်ရသည်အထိ နွေဆူး၏ အမိန့်က ပြင်းထန်လှပါသည်။အလိုလိုက်ထား၍ ဆိုးသလိုရှိပေမဲ့ သူ့အစ်ကို ကို စိတ်ပူတတ်လွန်းတဲ့ စိတ်ကလေးကတော့ အလွန်လိမ်မာပါ၏။

သိပ်တော့မကြာ..ဆယ်မိနစ်လောက်ကြာတော့ ကားတစ်စီးက ရှေ့မှာ ပိတ်ရပ်လာသည်။

"ကိုလေး...နွေဆူးလိုက်မယ်"

ပါးစပ်ကပဲ ပြောသည်။လူတော့ ထိုင်ရာကမထ။ကိုယ့်မှာ ပလုံစီလှတဲ့ မုန့်မျိုးစုံကိုရွှေ့ပြောင်း..သူ့အဝတ်ထုပ်ကို သယ်မပြီး နေရာတကျ လုပ်ရသည်။ပြီးမှစီးမှသာ ရွှေမင်းသမီးက ဂါဝန်တဖားဖားနှင့် ကြွမြန်းလာသည်။

"နောက်မှာ ထိုင်မှာလား"

"ထိုင်စရာပဲ..ဒါကားအသစ်မလား ဦးအောင်ထိုင်မှပေါ့"

ကိုလေးမျက်နှာ ကွက်ခနဲပျက်၏။ကားတံခါးဖွင့်ပေးဖို့အရေး ချီတုံချတုံ။

"ပဲ့မပါဘူးကွာ..နွေဆူးထိုင်မယ်နော်"

ချိုတလှည့် ခါးတခါ တောင်းဆိုပါလည်း ကားတံခါးကို ဖွင့်မပေး။သူ့လက်မောင်းလေး ပါးမှီပြီး စမ်းရေလိုချွဲပြပါသော်လည်း အချည်းနှီးသာ။

"နေပစေတော့.. !"

နွေဆူးစိတ်ထဲ မကျေနပ်ချက်ကို တေးထားလိုက်သည်။ဟိုရောက်လို့ သူတို့အတွဲကို ဒုက္ခပေးဖို့အတွက် plot အကျနချပြီး လေးငယ်ကို နှုတ်ဆက်ကာ ငြိမ်ငြိမ်လေးပဲ လိုက်လာခဲ့၏။

အင်း..spoil မပေးပေမဲ့ ကွက်ကျော်မြင်တတ်တဲ့ နွေဆူးရဲ့ masterbrain က ယင်း Sence သည် အငြိမ်မနေတဲ့ခွေးပေါက်လေး ပုရွက်စိတ်ဝိုင်းအုံကိုက်သလိုမျိုး မြင်လွှာထဲကွက်ကွက် ကွင်းကွင်း။

-------

"ကိုကိုရေ..လာပါတော့ စမ်းလေးတမော့မော့!!ချစ်တဲ့ကိုကို လာပါတော့ စမ်းလေး မျှော်လှပေါ့"

TV ကလာတဲ့ လက်ဝှေ့ပွဲကို ကြည့်ရင်း ဧည့်ခန်းထဲမှနေ၍ အပြင်ဘက်ဒန်းပေါ်ထိုင်နေတဲ့ စမ်းရေ ကြားအောင် တမင်အော်ဆိုနေတဲ့ ကိုလေးဖိုးလူ သီချင်းက စောင်းစောင်းချိတ်ချိတ်။

အရေးမစိုက်နိုင်အားပဲ ခြံဝဆီသာမျှော်ကြည့်မိသည်။ခရီးဝေးက လာသူကို မမျှော်ကောင်းမှန်း ဟိုးကလေးဘဝထဲက အမေပွေးပြောခဲ့တာ မှတ်မိသေးပေမဲ့ 'ကိုကို ပြန်လာပြီ' ဆိုတဲ့ စာတိုတစောင်ကြောင့် လည်ဆန့်မိသည်။

မြေကြီးကို ထိထားတဲ့ ခြေထောက်တွေ အနည်းငယ် လှုပ်ရမ်းမိချိန်မှာတော့ လက်က အလိုလိုပိုက်မိသည်။ဆောင်းရိပ်ကြောင့် ခြင်မကိုက်ပေမဲ့ လက်တိုကြောင့် အနည်းငယ်တော့ အေးစိမ့်စိမ့်။

"ကျွှီ" ဟူသောအသံနှင့် မီးနီလေး ဖြတ်ခနဲမှိတ်သွားတဲ့အချိန်... စမ်းရေ အလိုလျှောက် ခြံဝဆီ ရောက်မိလျက်သား။

"ကိုကို"

တနင့်တပိုး လွမ်းနေလို့ရယ် မဟုတ်ပါပဲပြေးဝင်မိတဲ့ ရင်ခွင်သည် မျက်ရည်စို့ဖို့လုံလောက်ပါ၏။ခါးတွေကို တင်းနေအောင်ဖက်ထားပြီး ကို့ကို့ဆီက ကိုယ်ငွေ့နွေးနွေးကို လက်ခံယူနေတုန်းအလိုက်သိသူကြီးက ဆံနွယ်တွေကို ဖွဖွလေး ပွတ်သပ်ပေးလာ၏။

"ဟွန့်!"

ကြည်နူးပီတိဖြစ်နေတဲ့ မနောသည် ရုတ်ချည်းပင် စိတ်ညစ်ညူးခြင်း သမုဒ္ဓရာထဲသို့ ဒိုင်ဗင် ထိုးဆင်းသွားလေသည်။ရင်ခွင်မှာကပ်နေသည့် ပါးကိုမသိမသာလေး ပွတ်တိုက် ရွေ့လျားရင်း ချောင်းကြည့်တော့ လားလာ..နှာခေါင်းရှုံ့နေသူတယောက်။

"သူလိုက်လာပြန်ပြီ"

တိုးဖျဖျလေး ဆိုလာတဲ့ လေသံလေးကို ဟေဝန် ဂရုစိုက်စွာပဲ နှစ်သိမ့်ပေးလိုက်သည်။

"ကိုကိုရှိတယ်လေ..လာ အထဲဝင်ရအောင်နော်၊အပြင်ကအေးတယ်"

"အွန်း..ချီပါဦး"

တစုံတရာကြောင့်သာ အချွဲပိုသည့်ကလေးငယ်သည် မျက်နှာတော့စပ်ဖြီးဖြီး။သူ့အလိုကျ ဟေဝန် ပွေ့မလိုက်မှ လက်ပြ..လျှာထုတ်ပြနဲ့ သူ့အတွင်းစိတ်က ပိုပီပြင်သွား၏။

"ဝေါ့"

အကြီးပီပီ ကိုယ့်ရင်ဘတ်လေး ဖိကာပဲနွေဆူးတို့ အိန္ဒြေရရ အိမ်ထဲဝင်ခဲ့လိုက်သည်။တနေကုန် ချွေးတလုံးလုံးနဲ့ နေခဲ့မှန်းက အထူးတလည် မေးနေစရာမလို။ကျောင်းစိမ်း ယူနီဖောင်း စုတ်တိစုတ်ပဲ့ အသွင်နဲ့ ရီးစားကို ကြိုသတဲ့။

အမလေးနော်!

"သူဘာဖြစ်သွားတာလဲ ကိုကို"

"မသိပါဘူးကွာ..ဒါနဲ့"

ကိုကိုက စကားကို ရှေ့မဆက်ပါပဲ လျော့ရဲရဲဖြစ်နေတဲ့ စမ်းရေကိုယ်လုံးကိုတချက် ပင့်တင်သည်။ထို့နောက် ချွေးစို့နေတဲ့ နားသယ်စပ်ကို မြတ်နိုးစွာ အချိန်ကြာကြာလေး ဖိကပ်နမ်းပြီးမှ..

"နံ့သာတုံးလေး"

"ဟီး..စမ်းရေ ကိုကိုပြန်လာရင် တမ်းမတွေ့ရမှာဆိုးလို့ပါ"

"ဟုတ်ပါပြီကွာ..ကဲ ရေချိုးကြစို့"

နှစ်ယောက်လုံး ရေချိုးအဝတ်လဲပြီးချိန်က ည ၁ဝ နာရီ။ထိုတော့ ညစာလွတ်တဲ့ ဝမ်းဗိုက်က ဆန္ဒပြလာသလို ပင်ပန်းလာတဲ့ ကိုကို့မျက်တောင်တွေက ခဏအတွင်း ဇာတိပြချင်လာ၏။

"ထမင်းနည်းနည်း ဖြစ်ဖြစ်စားဦး..ပြီးမှအိပ်"

"အဲစကားက ကလေးကိုပြောရမှာ"

"အွန်း..ခဏစောင့်"

အဖေ့လက်ရာ ကြက်သားဆီပြန်ကိုနွေး၊ရွှေဖရုံသီးနဲ့မှို ရောချက်ထားတဲ့အရေသောက်ပါပြန်နွေး.. ကြက်သွန်ချဥ်လေးသုတ် ထမင်းဝိုင်း အဆင်သင့်ဖြစ်လေမှ...

"ကိုကိုရေ ထမင်းစားမယ်!"

အိမ်တအိမ်လုံး တံခါးတွေပိတ်ထားသဖြင့် ဘယ်အရပ်မျက်နှာကမှ လေမလာပါပဲ အမှိုက်တစလွင့်လို့လာ၏။ထိုအမှိုက်သည် ပြန်သုံး၍ မရသောပလပ်စတစ်လို အမှိုက်မျိုးဖြစ်၍ စမ်းရေ ဖတ်ခနဲ ရိုက်ချပစ်လိုက်သည်။

"နင်စားပြီးသားမလား"

"အွန်း"

မူကြိုကလေးလို ချိုချဥ်စုပ်လုံးကို တပြွတ်စုပ်နေရင်းမှ လက်ကလည်း ဟိုဝေ့ဒီဝေ့..

"လူကြီးစားဖို့နော် နွေဆူး"

"သိတယ် နင်အကြီးကို ပြန်မပြောနဲ့"

"သွားတော့ဟာ"

စက္ကန့်ပိုင်းအတွင်း အုပ်ဆောင်းပြာပြာအောက်ဝင်ပုန်းသွားတဲ့ အငွေ့တထောင်းထောင်း ဟင်းခွက်တွေကိုငေးရီရီကြည့်ရင်း...

"ငါစားတုန်းကနဲ့ မတူသလိုပဲ"

စမ်းရေ ရင်ထဲလှိုက်ခနဲ။ကပ်စီးကုပ်သည့်စိတ်ကို ပထမဆုံးအကြိမ် နောင်တရမိသည်။

"ကိုကိုလာရင် အတူစားကြမယ်လေ"

"စားပြီးသွားပြီ"

ထမင်းဖြူပန်းကန် ထပ်တိုးလာတဲ့ ထမင်းဝိုင်းလေးက ခပ်တိတ်တိတ်။ကိုကိုကလည်း ငြိမ်စားနေ၍ စမ်းရေလည်း ထမင်းသာငုံ့စားဖြစ်၏။

"စမ်းရေ!"

"ဟင်!"

ဝါးလက်စထမင်းကို ကပြာကယာမြိုချရင်း ပြာပြာသလဲထူးတော့ နွေဆူးက ကျောပုတ်ပေးသည်။ရေသောက်လိုက်လို့ လျှောခနဲကျသွားတဲ့ ထမင်းအစားဝမ်းနည်းမှုက လည်ချောင်းနင်သည်။

"လန့်သွားတာလား.. sorry"

"ကလေး ဘာဖြစ်တာလဲ"

အရည်လဲ့နေတဲ့ မျက်ဝန်းတွေကို နားမလည်နိုင်စွာ ဟေဝန်မေးကြည့်တော့ ကျန်နှစ်ယောက်က ပြိုင်ငြင်းသည်။'ကိုယ့်ထမင်းကိုယ်စား'လို့ မပြောရုံတမယ် မျက်နှာထားက တချက်သာကြည့်လာတယ်။တယောက်လက် တယောက်တွဲရင်း ထသွားကြ၍ ထမင်းဝိုင်း သိမ်းသည့်တာဝန်က ဟေဝန့်ထံ auto။

"ခုဏလေ.."

"ဘာမှမဖြစ်ဘူး..ဝက်သားလည်းဟင်း၊ကြက်သားလဲဟင်း ဘာမှစိတ်မကောင်းမဖြစ်နဲ့"

ခေါင်းတဆတ်ဆတ် ငြိမ့်ပြပေမဲ့ အငိုမတိတ်တဲ့ကလေးက နွေဆူးကိုကြည့်တုန်း။

"ငါလေ...အဖေချက်"

"ရပါတယ်ဆို"

အတွင်းသိ အစင်းသိဆိုတာ ဒီလိုမျိုးပဲ ဖြစ်မယ်။နှုတ်ကမပြောလည်း အလိုလိုသိနေတာ။မျက်ဝန်းတချက်ဖတ်ရုံနဲ့ တပ်အပ်သိနိုင်တဲ့ သံယောဇဥ်ကြိုးအထူအပါး။မချီနှောင်မထုံးဖွဲ့ပါပဲ အလိုလို ရစ်ပတ်မိတဲ့ မေတ္တာအမျှင်တန်း။

"တိတ်တော့ ငါ့မောင်သေးသေး ပိစိလေး"

ကိုယ့်လိုမျိုး နူးညံ့တဲ့ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းကို နွေဆူး သုတ်ပေးနေတုန်း..စကားသံသံတိုးတိုး ကြားလိုက်ရသည်။

"ကျွန်တော် နေရာနှံ့ပြီ၊ ရှာတာလုံးဝမတွေ့ဘူး ကိုလေး..ပြန်စဥ်းစားကြည့်ဦး ဒီမှာထားတာ သေချာလို့လား"

"ငါလည်း မသေချာဘူး ၊ကိုယ်နဲ့မကွာတော့ ထားတာပဲ ရန်ကုန်မှာမရှိလို့ဒီမှာရှိမယ်ထင်လိုက်တာ"

တစ်ယောက်မျက်နှာ တယောက်ပြန်ကြည့်မိကြပြီး နားမလည်နိုင် ဖြစ်နေတုန်းနောက်ထပ် အသံက ကိုလေးဆီမှ ထွက်လာသည်။

"တွေ့မှာပါ..ကိုလေးအမေ ချန်ရစ်ခဲ့တဲ့ တခုထဲသော ပစ္စည်းပဲ၊ တွေ့မှာပါ"

ဘာပါလိမ့်!

ကိုယ်စီ အိပ်ခန်းထဲ ဝင်သွားပေမဲ့ ဟေဝန့်မှာ ခေါင်းပူမတတ် တွေးရ စဥ်းစားရတုန်း။လကြာနေပြီမို့ ဘယ်နေမှန်း အစကမရ။

"ကိုကို...!"

ငြိမ်သက်နေတဲ့ ဒန်းလေး ရမ်းသွားတဲ့အခိုက် ချစ်စရာကလေးလေးက စွေ့ကနဲအနားရောက်လာသည်။လက်နဲ့အရင်တွန်းပြီးမှခုန်တက်တာ ဖားပျံလေးအတိုင်း။

"မအိပ်သေးဘူးလားကလေးရဲ့ ဟင်"

ဆွယ်တာ အပါးလေး ဝတ်ထားတဲ့ ကလေးပေါက်က ဝါကျင်ကျင်မီးရောင်အောင်မှာ မျက်နှာလေးမှိုင်းလို့။

"နွေဆူးနဲ့က ဘယ်လိုဖြစ်တာလဲ"

ငဲ့လာတဲ့ခေါင်းလေးကိုမိမိ ပခုံးဖြင့် အလိုက်သင့်ထိန်းရင်း... ဒုတိယအကြိမ်ထပ်မေးမိသည်။

"နပမ်းလုံးကြတာလား..ဟင်"

"ကိုကို ဝမ်းနည်းနေတာလား ဟင်"

ကာရံကိုက်သည့် တန်ပြန်မေးခွန်းမှာ ရယ်စရာမပါပဲ ဟေဝန်ဟက်ခနဲ ရယ်ချမိသည်။

"ဘာရယ်တာလဲ!"

သူ့အတွက် ခံစားပေးနေတဲ့ နှလုံးသားက လှောင်ပြောင်ခံရမှုကြောင့် ဆတ်ခနဲထခုန်သည်။

"ကျွန်တော်က စေတနာနဲ့မေးတာဗျ"

ဝေးအံဆဲဆဲ ကျောပြင်လေးကိုရစ်သိုင်းဖက်တွယ်လိုက်ပြီး...

"လက်စွပ် ပျောက်လို့ ကလေးရဲ့၊ကိုကိုက ခေါင်းထိထားတော့ မေ့တတ်တာတအားပဲ"

ထိုမျှလောက် ရှင်းပြရုံနဲ့ စမ်းရေကုန်စင်အောင်သိနှင့်၏။တကြိမ်သာမြင်ဖူးပါလေတဲ့ ကိုကို့လက်ချောင်းထက် စိန်လက်စွပ်က သူ့မိခင်၏တခုတည်းသောအမွေ။

"ဝတ်တော့မထားပဲနဲ့ဗျာ"

"အင်း..ကိုကို ဝတ်လို့မဖြစ်တဲ့ အကြောင်းလေး ရှိနေလို့"

စင်စစ် ချစ်ရတဲ့ ဒီကလေးလေး ကိုယ့်ကြောင့် သိမ်ငယ်စိတ် မဖြစ်ဖို့။မေ့တတ်လွန်းတဲ့ ဟေဝန် interviewနေ့က သူ့မျက်ဝန်းတွေ ဒီကနေ့အထိ အရိပ်ထင်နေသည်။

"ချစ်တယ် ကိုကို"

"အင်း ကိုကိုလည်းပဲ"

လည်ပြန်ကြည့်လာတဲ့ မျက်လုံးနက်နက်လေးတွေကို တည့်တည့်ကြည့်ပြီး ပြောလိုက်တော့ ပွေ့ဖက်ထားတဲ့ခန္ဓာကိုယ်လေး တချက်တုန်သွားတာ သတိထားမိလိုက်သည်။

"ချမ်းတယ်.. ဝင်ကြစို့"

"ပြန်တွေ့မှာပါနော်..စမ်းရေ ကူရှာပေးမယ်..ဘာမှမတွေးပဲ အိပ်"

"ဟုတ်ကဲ့ပါဗျ"

အချစ်သည် ဝမ်းနည်းတဲ့စိတ်ကို ပျော်စေနိုင်သလို မေ့သည့်အတိတ်ကိုလည်း သတိရစေ၏။ပြုံးပန်းဝေစေသလို ကြည်နူးမှုလည်း တိုးစေ၏။

ကိုယ်နဲ့မကွာ ဆောင်ထားသင့်သည့်အချစ်။

အချစ်ကိုလေ... ဟောသလို ကောက်ပွေ့ ရင်ခွင်ထဲထည့် နဖူးလေးနမ်း..ပါးလေးနမ်းပြီး တယုတယ သိမ်းထားသင့်သည်။

ညသည် လရေးရေးကြောင့် မှိန်ဖျလို့။လူနှစ်ဦးသည်လည်း အချစ်နွေးနွေးကြောင့်ချိုမြလို့။

Oct 20-23 (မွန်ဦး)

==============

(၂၄)

စာေမးပြဲခန္းထဲ ႏြေဆူးမွာ တဝွါးဝွါးသန္းရင္း အိပ္ငိုက္ခ်င္ေနသည္။အပိုင္ရသည့္ ေမးခြန္းေတြ ပါလာေပမဲ့ လက္ကမလႈပ္ခ်င္ေတာ့။ပိုဆိုးသည္က တေျဖးေျဖး အိစင္းလာတဲ့ မ်က္လုံးေတြေၾကာင့္ ေရးလက္စ စာလုံးေတြပင္ ျပားကုန္သေယာင္။

ငါ့အတင္း ဘယ္သူေျပာ.!!!!

"နာရီဝက္ပဲ က်န္ေတာ့တယ္ေနာ္..ေငးေမာမေနပဲ ေကာင္းေကာင္းေျဖပါ"

မ်က္ႏွာကို အစြမ္းကုန္ တည္တင္းကာ မထြက္တဲ့ အသံကို ညစ္ေနသူ..၊ ပပဝင္းခင္အသံႏွင့္ ဆင္သည့္ ႏြေဆူးတို႔ ဆရာမ။စိတ္ထားေကာင္းၿပီး အၿမဲတေစ ၿပဳံးတတ္လြန္းသူမို႔ ေဒၚၿပဳံးပန္းေဝလို႔ေတာင္ တေက်ာင္းလုံးကကင္ပြန္းတပ္ ေပးခဲ့တာေလ။

သူက ခုလိုမ်ိဳးဆိုေတာ့..ထပဲ ရယ္ရေလမလား..လန့္ျဖန္ၿပီးပဲ ရပ္လိုက္ရေလမလား..ေသခ်ာသည္ေတာ့ တခိခိနဲ႕ ႀကိတ္ရယ္ၾကသူခ်ည္း။ႏြေဆူးေတာ့မရယ္မိပါေခ်..ေက်းဇူးတင္စြာနဲ႕ ေအာင္မွတ္ရေအာင္ ဆက္ေျဖေနလိုက္၏။

ၿပီးၿပီကြ!!!

ႏြေဆူး ပစၥည္းေတြကို အိတ္ေလးထဲျပန္ထည့္ၿပီး သံေခ်ာင္းေခါက္သံကို နားစြင့္မိ၏။

--------

ဆူညံလွေသာ လူအုပ္ႀကီးထဲ စမ္းေရမွာ ညပ္သပ္ေန၏။အေရးထဲေက်ာင္းသားမ်ားၾကားထဲ မိဘမ်ားမွာ အလုအယက္။အထက္တန္းေက်ာင္းလည္းျဖစ္ျပန္ စာေမးပြဲကာလမို႔ ထြက္ေပါက္ တခုသာ ထားေသာေၾကာင့္ ေတာ္ေတာ္ႏွင့္ လူစုကမကြဲ။

"စမ္းေရ..ငါဒီမွာ!!"

ဝင္ေပါက္မွ ဆရာမ်ားထိုင္ေသာ ထိုင္ခုံေပၚတက္၍ လက္ျပေနေသာ ကိုႀကီးဘဲပု။ေက်ာင္းတြင္းစစ္မို႔ စမ္းေရတို႔ အခန္းမွာ အခန္းေစာင့္က်၏။သိပ္မၾကာခင္ကမွ စာေျဖခန္းက သူႏွင့္အတူ ထြက္လာတာ။ခုေတာ့ ဘယ္လိုကေန ေရွ႕ေရာက္ေန။

"ျမန္လိုက္တာဗ်ာ..လူၾကားထဲ ဘယ္လိုတိုးထြက္လဲ"

လူဆိုတာ အႀကံေကာင္း မင္းေလာင္းေတာင္ျဖစ္တယ္တဲ့။ခုလဲဘဲပုတို႔ အႀကံေကာင္းေတာ့... !

"ဒီလိုပဲေပါ့ကြာ"

ကိုယ့္သိကၡာအရ တပည့္ေက်ာေပၚကုန္းပိုးလိုက္လို႔ ေရာက္တယ္လို႔ေတာ့ ေျပာလို႔မျဖစ္ဘူးေလ။ဟဲဟဲ..။

"ကဲ သြားၾကမယ္..မင့္အေဖ ေမွ်ာ္ေနေလာက္ၿပီ"

ကိုကိုရွိမေနသည့္ စာေမးပြဲရက္ေတြမွာ အေဖ လာဂ႐ုစိုက္ေပး၏။အေဖရွိေန၍ ဝမ္းေရးအတြက္ မပူရေပမဲ့ လြမ္းေရးေတာ့ အေတာ္ခက္ခဲပါသည္။သတိရလို႔ ဖုန္းဆက္ခ်င္ေတာင္ သူ႕မ်က္ႏွာၾကည့္ေနရသည္။တခါတေလ စကားဆက္စပ္မိလို႔ ကိုကို႔ အေၾကာင္းပါမိရင္ ေဒါသူပုန္ေတြထၿပီး ကုန္းေအာ္ေတာ့တာ။

"ေအးေဆးေပါ့ ကိုႀကီးဘဲပုရာ မေမွာင္ခင္ သူျပန္ရမွာပါဗ်"

စမ္းေရသြင္က ခပ္ငယ္ငယ္တုန္းကနဲ႕ မတူေတာ့။အသက္ ၁ရက္ ႀကီးလာေလ စိတ္ညစ္ စိတ္ပုတ္ေလးက ျခေတာင္ပို႔လို တရိပ္ရိပ္ ျမင့္လာေလေလ။

"မင့္ေတာ့ေနာ္ ေတာ္သလားမွတ္တယ္ တကယ့္ပဲပုတ္ပဲကြ"

"ဟီး..အနံ႕ေလး မဆိုသေလာက္ ထြက္တာကလြဲလို႔ စားေကာင္းတယ္ေလ..ဟုတ္တယ္မလား"

"ငါေတာ့မႀကိဳက္ဘူးေဟ့!"

"မႀကိဳက္လဲ ကိစၥမရွိပါဘူးေနာ္..ကိုကိုရွိတယ္ေလ"

ေျခလွမ္းေတြ ပိုသြက္သြားတဲ့ စမ္းေရမွာ လြယ္အိတ္ႀကိဳးေလး စုထုံးကိုင္ရင္းလူငယ္သဘာဝ ေက်ာင္းသူ လွလွေလးေတြကို လက္ျပကာ လူပ်ိဳလွည့္ေန၏။ေယာက်္ားေလးေပမဲ့ ငယ္မူငယ္ေသြးအျပည့္နဲ႕ မ်က္ႏွာျပည့္ျပည့္ေလးက ေနေရာင္ျဖျဖေအာက္မွာ ေငးခနဲျဖစ္ေစသည္။

မင္းေတာ့..အေျပာခံထိေတာ့မယ္!!

ကိုယ့္နဖူးကို ခပ္နာနာတခ်က္ထုရင္း သတိေပးရသည္။

"ေစ်းဆိုင္ ခဏဝင္ဦးမယ္ေနာ္ ကိုႀကီးဘဲပု"

"ေအးေအး"

မီးဖိုေခ်ာင္ထဲ ေလ်ာ့စျပဳေနေသာဟင္းခတ္မႈန့္အမယ္ တစ္ခုခ်င္းစီကိုဝယ္ၿပီးေနာက္...ဆီပုံးတန္းဆီ ေျခဦးလွည့္ရျပန္သည္။

"ဦးေလး ႏွမ္းဆီ စစ္စစ္ရွိလားဗ်"

"ရွိတယ္ လူေလး၊ဘယ္ႏွပိႆာေလာက္ လိုခ်င္လဲ နည္းရင္ ခ်က္ခ်င္းရမယ္၊မ်ားရင္ ခဏၾကာမယ္ ဒါေပမဲ့ အိမ္တိုင္ရာေရာက္ ပို႔ေပးပါတယ္"

"တပိႆာပါပဲဗ်"

ဘဲပုခမ်ာ ဆီဗူးႀကီးဆြဲရလို႔ မ်က္ႏွာမွာမဲ့တဲ့တဲ့။ဗိုက္ဆာလို႔ အိမ္အျမန္ေရာက္ခ်င္သည္ဆိုမွ ေလေၾကာေပေၾကာကရွည္ေနေသး၏။

"ေဟာ ျပန္လာၾကၿပီ..ဘယ္လိုလဲ သားငယ်ဖြေနိုင်လာား"

ေရညွစ္ၿပီးသား အဝတ္ေတြကို တျဗန္းျဗန္းခါရင္း အေဖက လွမ္းေမးလာသည္။

"ဟုတ္ အေဖ့ ၊ဒါနဲ႕ ကိုကို ျပန္မေရာက္ေသးဘူးလား"

အေဖက သေဘာမေတြ႕သလို မ်က္ေမွာင္တခ်က္ ၾကဳတ္ျပသည္။လွမ္းၿပီးသား အဝတ္ကို ဆြဲဆန့္ၿပီး..

"ငါမျပန္ေသးရင္ အေျခေနသိေလ"

တစ္ေကာင္စီဆို ထမင္းပဲခြံ႕ရ ခြံ႕ရ၊ေရပဲခ်ိဳးေပးရ ေပးရ တခ်က္မၿငီး လုပ္ေပးမိမည္။သို႔ေသာ္ ႏွစ္ေကာင္သား ပူးၿပီဆိုရင္ေတာ့လား ကႏၱာ ဒုန္းစိုင္းပဲ ျပန္ေျပးခ်င္ပါသည္။ထိုမွ်ေလာက္ထိ ဒီသားႏွစ္ေကာင္ကို ခ်စ္ရပါသည္။

"ဝင္ေတာ့ ေနပူတယ္"

ဆူမဲသလို ေလသံမာေတာ့ ေကာက္ကိုင္မယ္ဟန္ျပင္ေနတဲ့ အဝတ္စိုေတြကို တာ့တာ့ျပရင္း စမ္းေရတို႔ အလိုက္သိရပါသည္။

"ဟုတ္ကဲ့ဗ်"

ေဆာင္းေလေသြးေသာ ေန႕လယ္ခင္းသည္ပူရွိန္းရွိန္း။ဆန့္က်င္ဘက္အေနနဲ႕ ကႏၱာရင္ထဲ ေအးၿငိမ့္ၿငိမ့္။

'ကႏၱာ့ သားငယ္ေလးက မ်က္စိေရွ႕တင္ အ႐ြယ္ေရာက္လာၿပီ'

-------

ညေနေစာင္းေတာ့ ကိုေလးဖိုးလူ ျပန္ေရာက္လာ၏။ကိုကိုပါမယ္ အမွတ္ႏွင့္ ခ်က္ခ်င္းပင္ အေဖက ႏႈတ္ဆက္ကာ ျပန္သြားေလ၏။အမွန္ေတာ့ ကိုကိုက ပါမလာ။

"ကိုကိုက ေနာက္က်မယ္တဲ့လားဟင္"

"အင္း ကုန္သည္ေတြနဲ႕ အလုပ္ကိစၥ မျပတ္ေသးလို႔ သူက်န္ေနခဲ့တာ ၊ ၿပီးရင္ေတာ့ ခ်က္ခ်င္းျပန္မယ္ ေျပာတယ္"

"ဟာ. ဘယ္ျဖစ္မလဲ၊အရမ္းညဥ့္နက္ေနမွာေပါ့..မျဖစ္ဘူး မျဖစ္ဘူး ဖုန္းဆက္ၿပီး မနက္မွလာဖို႔ ေျပာရမယ္"

ေတြ႕ခ်င္ေပမဲ့ ညနက္လြန္းရင္ ကားေမာင္းရတဲ့သူက အႏၱရာယ္မ်ားလြန္းသည္။ေနာက္ၿပီး ကိုကိုကတေနကုန္အလုပ္မွာ ပင္ပန္းၿပီးမွ လာရမွာ။

အသက္ႀကီးႀကီး လူကို ခ်စ္မိျပန္ေတာ့လည္း သြားေရးလာေရးက အစ ဂ႐ုစိုက္ရျပန္ပါသည္။က်န္းက်န္းမာမာနဲ႕အခ်ိန္အၾကာႀကီး အတူရွိနိုင္ဖို႔ေပါ့။

'hello' ၾကားၾကားခ်င္း ဘဲပု ေမတၱာတသီတတန္း ပို႔ပစ္လိုက္သည္။ဖေအက် ေမွာင္ပေစ ေတာျပန္ေပါ့။သူ႕လင္က်..ဟင္းဟင္း။

"ကိုႀကီးဘဲပု..အေဖ့ကားမထြက္ေလာက္ေသးဘူး လိုက္သြားေပးပါဦး"

"လိုက္႐ုံမဟုတ္ဘူးေဟ့ ငါပါျပန္မွာ"

စကားျပန္ မေစာင့္ေတာ့ပဲ အဝတ္ထုပ္အစား ႏွမ္းဆီဗူးႀကီးထမ္းၿပီး ေနာက္ေဖးေပါက္ကေန အျမန္လစ္ထြက္ခဲ့လိုက္ေတာ့၏။မသြားခင္ ေမတၱာေလးေတာ့ အပီအျပင္ ပို႔ခဲ့ပါေသး၏။

ေသစမ္း ရဂုံ!မင္းတို႔ ငတ္စမ္း..!

-------

ႏွင္းမႈန္ ခပ္ပါးပါးေဝ့ေနတဲ့ ဒီဇင္ဘာ ညေနခင္းက သိပ္မေအး။ပိတ္ရက္ရွည္မွာ စာအုပ္အထပ္လိုက္နဲ႕ ေပါက္ေခါင္းသြားဖို႔ ေမာင္းတင္ထားတဲ့ ႏြေဆူး။ျဖစ္နိုင္ရင္ မျပန္တမ္း ေနဖို႔ေတြးမိေပမဲ့ ေက်ာင္းေျပာင္းတာ မရေတာ့လို႔သာ ဒီမွာ ေအာင့္အီး သည္းခံေနရ၏။

"ဘယ္သူမွ လာမတားနဲ႕!"

စင္စစ္ မည္သူမွ်မတား။သြားဖို႔ပင္ တကူးတက ျပင္ဆင္ေပးၾကသူခ်ည္း။ေလးငယ္သည္ပင္လွ်င္ ကားစက္ႏွိုးေနေခ်ၿပီ။

"ဂ႐ုစိုက္ေနာ္ ေျမး ၊ ဟိုက် ကိုေလးတို႔ စကားလည္း နားေထာင္၊စာေတြလည္းပစ္မထားပဲ ျပန္ႏႊေး..ဘြားၾကာရင္လိုက္လာခဲ့မယ္"

ကားေနာက္ဖုံးထဲ စားစရာႏွင့္အထုပ္အပိုးအမ်ားစုကို အေသခ်ာထည့္ရင္း ႏြေဆူးကိုတလွည့္ မွာတမ္းေႁခြေန၏။

"ဟုတ္ကဲ့ပါရွင့္"

သို႔ႏွင့္ ရန္ကုန္မွသည္ ေပါက္ေခါင္းသို႔....။

"ေလးငယ္..ေလးငယ္!! ကားရပ္ဦး"

ေဘးနားကေန ရိပ္ခနဲေက်ာ္တက္သြားသည့္ ခဲပုတ္ေရာင္ BMW ကားေလး။အလ်င္လိုေနသလို အရွိန္မေသးတဲ့ကားကို ဟန့္တားဖို႔...ဖုန္းထုတ္လိုက္သည္။

"သမီး ဘာလို႔လဲ??"

လမ္းေဘးကားရပ္ၿပီး ေနာက္လွည့္ေမးေတာ့ ငတိမက လက္ကာျပၿပီး ဖုန္းကလိလို႔။

"ti..ti !"

ေဟဝန္ ၾကားေပမဲ့ break နင္းထားတဲ့ ေျခေထာက္ေတြက ဖိမခ်ျဖစ္။steering ကိုင္ထားတဲ့လက္ေတြကို ႐ုတ္တရက္ လွည့္ဖို႔ကလည္း လက္ေတြ႕မွာ လြယ္ကူမေန။

"ti..ti"

ဖုန္းဝင္တာ အႀကိမ္ေရ စိပ္လြန္းလာသည္။သီးသန့္ ringtone သံလည္း မဟုတ္၍ ညီေတာ့ မျဖစ္တန္ရာ။ဖိုးလူပဲ ျပန္ရွာေတြ႕လို႔ အသိေပးတာလား မသိ။

"hello"

တဖက္က အသံေၾကာင့္ သတိထားေနတဲ့ၾကားမွပင္ ကားက လမ္းေၾကာင္းတိမ္းသြားေသး၏။နားၾကပ္ကို ဆြဲခြါၿပီး ကားကို အရွိန္သပ္လိုက္ရေတာ့သည္။

"ေျပာ ႏြားမေလး"

"....."

ကားကို တုန့္ခနဲ ရပ္လိုက္ရသည္အထိ ႏြေဆူး၏ အမိန့္က ျပင္းထန္လွပါသည္။အလိုလိုက္ထား၍ ဆိုးသလိုရွိေပမဲ့ သူ႕အစ္ကို ကို စိတ္ပူတတ္လြန္းတဲ့ စိတ္ကေလးကေတာ့ အလြန္လိမ္မာပါ၏။

သိပ္ေတာ့မၾကာ..ဆယ္မိနစ္ေလာက္ၾကာေတာ့ ကားတစ္စီးက ေရွ႕မွာ ပိတ္ရပ္လာသည္။

"ကိုေလး...ႏြေဆူးလိုက္မယ္"

ပါးစပ္ကပဲ ေျပာသည္။လူေတာ့ ထိုင္ရာကမထ။ကိုယ့္မွာ ပလုံစီလွတဲ့ မုန့္မ်ိဳးစုံကိုေ႐ႊ႕ေျပာင္း..သူ႕အဝတ္ထုပ္ကို သယ္မၿပီး ေနရာတက် လုပ္ရသည္။ၿပီးမွစီးမွသာ ေ႐ႊမင္းသမီးက ဂါဝန္တဖားဖားႏွင့္ ႂကြျမန္းလာသည္။

"ေနာက္မွာ ထိုင္မွာလား"

"ထိုင္စရာပဲ..ဒါကားအသစ္မလား ဦးေအာင္ထိုင္မွေပါ့"

ကိုေလးမ်က္ႏွာ ကြက္ခနဲပ်က္၏။ကားတံခါးဖြင့္ေပးဖို႔အေရး ခ်ီတုံခ်တဳံ။

"ပဲ့မပါဘူးကြာ..ႏြေဆူးထိုင္မယ္ေနာ္"

ခ်ိဳတလွည့္ ခါးတခါ ေတာင္းဆိုပါလည္း ကားတံခါးကို ဖြင့္မေပး။သူ႕လက္ေမာင္းေလး ပါးမွီၿပီး စမ္းေရလိုခြၽဲျပပါေသာ္လည္း အခ်ည္းႏွီးသာ။

"ေနပေစေတာ့.. !"

ႏြေဆူးစိတ္ထဲ မေက်နပ္ခ်က္ကို ေတးထားလိုက္သည္။ဟိုေရာက္လို႔ သူတို႔အတြဲကို ဒုကၡေပးဖို႔အတြက္ plot အက်နခ်ၿပီး ေလးငယ္ကို ႏႈတ္ဆက္ကာ ၿငိမ္ၿငိမ္ေလးပဲ လိုက္လာခဲ့၏။

အင္း..spoil မေပးေပမဲ့ ကြက္ေက်ာ္ျမင္တတ္တဲ့ ႏြေဆူးရဲ႕ masterbrain က ယင္း Sence သည္ အၿငိမ္မေနတဲ့ေခြးေပါက္ေလး ပု႐ြက္စိတ္ဝိုင္းအုံကိုက္သလိုမ်ိဳး ျမင္လႊာထဲကြက္ကြက္ ကြင္းကြင္း။

-------

"ကိုကိုေရ..လာပါေတာ့ စမ္းေလးတေမာ့ေမာ့!!ခ်စ္တဲ့ကိုကို လာပါေတာ့ စမ္းေလး ေမွ်ာ္လွေပါ့"

TV ကလာတဲ့ လက္ေဝွ႕ပြဲကို ၾကည့္ရင္း ဧည့္ခန္းထဲမွေန၍ အျပင္ဘက္ဒန္းေပၚထိုင္ေနတဲ့ စမ္းေရ ၾကားေအာင္ တမင္ေအာ္ဆိုေနတဲ့ ကိုေလးဖိုးလူ သီခ်င္းက ေစာင္းေစာင္းခ်ိတ္ခ်ိတ္။

အေရးမစိုက္နိုင္အားပဲ ၿခံဝဆီသာေမွ်ာ္ၾကည့္မိသည္။ခရီးေဝးက လာသူကို မေမွ်ာ္ေကာင္းမွန္း ဟိုးကေလးဘဝထဲက အေမေပြးေျပာခဲ့တာ မွတ္မိေသးေပမဲ့ 'ကိုကို ျပန္လာၿပီ' ဆိုတဲ့ စာတိုတေစာင္ေၾကာင့္ လည္ဆန့္မိသည္။

ေျမႀကီးကို ထိထားတဲ့ ေျခေထာက္ေတြ အနည္းငယ္ လႈပ္ရမ္းမိခ်ိန္မွာေတာ့ လက္က အလိုလိုပိုက္မိသည္။ေဆာင္းရိပ္ေၾကာင့္ ျခင္မကိုက္ေပမဲ့ လက္တိုေၾကာင့္ အနည္းငယ္ေတာ့ ေအးစိမ့္စိမ့္။

"ကႊၽီ" ဟူေသာအသံႏွင့္ မီးနီေလး ျဖတ္ခနဲမွိတ္သြားတဲ့အခ်ိန္... စမ္းေရ အလိုေလွ်ာက္ ၿခံဝဆီ ေရာက္မိလ်က္သား။

"ကိုကို"

တနင့္တပိုး လြမ္းေနလို႔ရယ္ မဟုတ္ပါပဲေျပးဝင္မိတဲ့ ရင္ခြင္သည္ မ်က္ရည္စို႔ဖို႔လုံေလာက္ပါ၏။ခါးေတြကို တင္းေနေအာင္ဖက္ထားၿပီး ကို႔ကို႔ဆီက ကိုယ္ေငြ႕ႏြေးႏြေးကို လက္ခံယူေနတုန္းအလိုက္သိသူႀကီးက ဆံႏြယ္ေတြကို ဖြဖြေလး ပြတ္သပ္ေပးလာ၏။

"ဟြန့္!"

ၾကည္ႏူးပီတိျဖစ္ေနတဲ့ မေနာသည္ ႐ုတ္ခ်ည္းပင္ စိတ္ညစ္ၫူးျခင္း သမုဒၶရာထဲသို႔ ဒိုင္ဗင္ ထိုးဆင္းသြားေလသည္။ရင္ခြင္မွာကပ္ေနသည့္ ပါးကိုမသိမသာေလး ပြတ္တိုက္ ေ႐ြ႕လ်ားရင္း ေခ်ာင္းၾကည့္ေတာ့ လားလာ..ႏွာေခါင္းရႈံ႕ေနသူတေယာက္။

"သူလိုက္လာျပန္ၿပီ"

တိုးဖ်ဖ်ေလး ဆိုလာတဲ့ ေလသံေလးကို ေဟဝန္ ဂ႐ုစိုက္စြာပဲ ႏွစ္သိမ့္ေပးလိုက္သည္။

"ကိုကိုရွိတယ္ေလ..လာ အထဲဝင္ရေအာင္ေနာ္၊အျပင္ကေအးတယ္"

"အြန္း..ခ်ီပါဦး"

တစုံတရာေၾကာင့္သာ အခြၽဲပိုသည့္ကေလးငယ္သည္ မ်က္ႏွာေတာ့စပ္ၿဖီးၿဖီး။သူ႕အလိုက် ေဟဝန္ ေပြ႕မလိုက္မွ လက္ျပ..လွ်ာထုတ္ျပနဲ႕ သူ႕အတြင္းစိတ္က ပိုပီျပင္သြား၏။

"ေဝါ့"

အႀကီးပီပီ ကိုယ့္ရင္ဘတ္ေလး ဖိကာပဲႏြေဆူးတို႔ အိႏၵျေရရ အိမ္ထဲဝင္ခဲ့လိုက္သည္။တေနကုန္ ေခြၽးတလုံးလုံးနဲ႕ ေနခဲ့မွန္းက အထူးတလည္ ေမးေနစရာမလို။ေက်ာင္းစိမ္း ယူနီေဖာင္း စုတ္တိစုတ္ပဲ့ အသြင္နဲ႕ ရီးစားကို ႀကိဳသတဲ့။

အမေလးေနာ္!

"သူဘာျဖစ္သြားတာလဲ ကိုကို"

"မသိပါဘူးကြာ..ဒါနဲ႕"

ကိုကိုက စကားကို ေရွ႕မဆက္ပါပဲ ေလ်ာ့ရဲရဲျဖစ္ေနတဲ့ စမ္းေရကိုယ္လုံးကိုတခ်က္ ပင့္တင္သည္။ထို႔ေနာက္ ေခြၽးစို႔ေနတဲ့ နားသယ္စပ္ကို ျမတ္နိုးစြာ အခ်ိန္ၾကာၾကာေလး ဖိကပ္နမ္းၿပီးမွ..

"နံ႕သာတုံးေလး"

"ဟီး..စမ္းေရ ကိုကိုျပန္လာရင္ တမ္းမေတြ႕ရမွာဆိုးလို႔ပါ"

"ဟုတ္ပါၿပီကြာ..ကဲ ေရခ်ိဳးၾကစို႔"

ႏွစ္ေယာက္လုံး ေရခ်ိဳးအဝတ္လဲၿပီးခ်ိန္က ည ၁ဝ နာရီ။ထိုေတာ့ ညစာလြတ္တဲ့ ဝမ္းဗိုက္က ဆႏၵျပလာသလို ပင္ပန္းလာတဲ့ ကိုကို႔မ်က္ေတာင္ေတြက ခဏအတြင္း ဇာတိျပခ်င္လာ၏။

"ထမင္းနည္းနည္း ျဖစ္ျဖစ္စားဦး..ၿပီးမွအိပ္"

"အဲစကားက ကေလးကိုေျပာရမွာ"

"အြန္း..ခဏေစာင့္"

အေဖ့လက္ရာ ၾကက္သားဆီျပန္ကိုႏြေး၊ေ႐ႊဖ႐ုံသီးနဲ႕မွို ေရာခ်က္ထားတဲ့အေရေသာက္ပါျပန္ႏြေး.. ၾကက္သြန္ခ်ဥ္ေလးသုတ္ ထမင္းဝိုင္း အဆင္သင့္ျဖစ္ေလမွ...

"ကိုကိုေရ ထမင္းစားမယ္!"

အိမ္တအိမ္လုံး တံခါးေတြပိတ္ထားသျဖင့္ ဘယ္အရပ္မ်က္ႏွာကမွ ေလမလာပါပဲ အမွိုက္တစလြင့္လို႔လာ၏။ထိုအမွိုက္သည္ ျပန္သုံး၍ မရေသာပလပ္စတစ္လို အမွိုက္မ်ိဳးျဖစ္၍ စမ္းေရ ဖတ္ခနဲ ရိုက္ခ်ပစ္လိုက္သည္။

"နင္စားၿပီးသားမလား"

"အြန္း"

မူႀကိဳကေလးလို ခ်ိဳခ်ဥ္စုပ္လုံးကို တႁပြတ္စုပ္ေနရင္းမွ လက္ကလည္း ဟိုေဝ့ဒီေဝ့..

"လူႀကီးစားဖို႔ေနာ္ ႏြေဆူး"

"သိတယ္ နင္အႀကီးကို ျပန္မေျပာနဲ႕"

"သြားေတာ့ဟာ"

စကၠန့္ပိုင္းအတြင္း အုပ္ေဆာင္းျပာျပာေအာက္ဝင္ပုန္းသြားတဲ့ အေငြ႕တေထာင္းေထာင္း ဟင္းခြက္ေတြကိုေငးရီရီၾကည့္ရင္း...

"ငါစားတုန္းကနဲ႕ မတူသလိုပဲ"

စမ္းေရ ရင္ထဲလွိုက္ခနဲ။ကပ္စီးကုပ္သည့္စိတ္ကို ပထမဆုံးအႀကိမ္ ေနာင္တရမိသည္။

"ကိုကိုလာရင္ အတူစားၾကမယ္ေလ"

"စားၿပီးသြားၿပီ"

ထမင္းျဖဴပန္းကန္ ထပ္တိုးလာတဲ့ ထမင္းဝိုင္းေလးက ခပ္တိတ္တိတ္။ကိုကိုကလည္း ၿငိမ္စားေန၍ စမ္းေရလည္း ထမင္းသာငုံ႕စားျဖစ္၏။

"စမ္းေရ!"

"ဟင္!"

ဝါးလက္စထမင္းကို ကျပာကယာၿမိဳခ်ရင္း ျပာျပာသလဲထူးေတာ့ ႏြေဆူးက ေက်ာပုတ္ေပးသည္။ေရေသာက္လိုက္လို႔ ေလွ်ာခနဲက်သြားတဲ့ ထမင္းအစားဝမ္းနည္းမႈက လည္ေခ်ာင္းနင္သည္။

"လန့္သြားတာလား.. sorry"

"ကေလး ဘာျဖစ္တာလဲ"

အရည္လဲ့ေနတဲ့ မ်က္ဝန္းေတြကို နားမလည္နိုင္စြာ ေဟဝန္ေမးၾကည့္ေတာ့ က်န္ႏွစ္ေယာက္က ၿပိဳင္ျငင္းသည္။'ကိုယ့္ထမင္းကိုယ္စား'လို႔ မေျပာ႐ုံတမယ္ မ်က္ႏွာထားက တခ်က္သာၾကည့္လာတယ္။တေယာက္လက္ တေယာက္တြဲရင္း ထသြားၾက၍ ထမင္းဝိုင္း သိမ္းသည့္တာဝန္က ေဟဝန့္ထံ auto။

"ခုဏေလ.."

"ဘာမွမျဖစ္ဘူး..ဝက္သားလည္းဟင္း၊ၾကက္သားလဲဟင္း ဘာမွစိတ္မေကာင္းမျဖစ္နဲ႕"

ေခါင္းတဆတ္ဆတ္ ၿငိမ့္ျပေပမဲ့ အငိုမတိတ္တဲ့ကေလးက ႏြေဆူးကိုၾကည့္တုန္း။

"ငါေလ...အေဖခ်က္"

"ရပါတယ္ဆို"

အတြင္းသိ အစင္းသိဆိုတာ ဒီလိုမ်ိဳးပဲ ျဖစ္မယ္။ႏႈတ္ကမေျပာလည္း အလိုလိုသိေနတာ။မ်က္ဝန္းတခ်က္ဖတ္႐ုံနဲ႕ တပ္အပ္သိနိုင္တဲ့ သံေယာဇဥ္ႀကိဳးအထူအပါး။မခ်ီႏွောင္မထုံးဖြဲ႕ပါပဲ အလိုလို ရစ္ပတ္မိတဲ့ ေမတၱာအမွ်င္တန္း။

"တိတ္ေတာ့ ငါ့ေမာင္ေသးေသး ပိစိေလး"

ကိုယ့္လိုမ်ိဳး ႏူးညံ့တဲ့ပါးျပင္ေပၚက မ်က္ရည္စီးေၾကာင္းကို ႏြေဆူး သုတ္ေပးေနတုန္း..စကားသံသံတိုးတိုး ၾကားလိုက္ရသည္။

"ကြၽန္ေတာ္ ေနရာႏွံ႕ၿပီ၊ ရွာတာလုံးဝမေတြ႕ဘူး ကိုေလး..ျပန္စဥ္းစားၾကည့္ဦး ဒီမွာထားတာ ေသခ်ာလို႔လား"

"ငါလည္း မေသခ်ာဘူး ၊ကိုယ္နဲ႕မကြာေတာ့ ထားတာပဲ ရန္ကုန္မွာမရွိလို႔ဒီမွာရွိမယ္ထင္လိုက္တာ"

တစ္ေယာက္မ်က္ႏွာ တေယာက္ျပန္ၾကည့္မိၾကၿပီး နားမလည္နိုင္ ျဖစ္ေနတုန္းေနာက္ထပ္ အသံက ကိုေလးဆီမွ ထြက္လာသည္။

"ေတြ႕မွာပါ..ကိုေလးအေမ ခ်န္ရစ္ခဲ့တဲ့ တခုထဲေသာ ပစၥည္းပဲ၊ ေတြ႕မွာပါ"

ဘာပါလိမ့္!

ကိုယ္စီ အိပ္ခန္းထဲ ဝင္သြားေပမဲ့ ေဟဝန့္မွာ ေခါင္းပူမတတ္ ေတြးရ စဥ္းစားရတုန္း။လၾကာေနၿပီမို႔ ဘယ္ေနမွန္း အစကမရ။

"ကိုကို...!"

ၿငိမ္သက္ေနတဲ့ ဒန္းေလး ရမ္းသြားတဲ့အခိုက္ ခ်စ္စရာကေလးေလးက ေစြ႕ကနဲအနားေရာက္လာသည္။လက္နဲ႕အရင္တြန္းၿပီးမွခုန္တက္တာ ဖားပ်ံေလးအတိုင္း။

"မအိပ္ေသးဘူးလားကေလးရဲ႕ ဟင္"

ဆြယ္တာ အပါးေလး ဝတ္ထားတဲ့ ကေလးေပါက္က ဝါက်င္က်င္မီးေရာင္ေအာင္မွာ မ်က္ႏွာေလးမွိုင္းလို႔။

"ႏြေဆူးနဲ႕က ဘယ္လိုျဖစ္တာလဲ"

ငဲ့လာတဲ့ေခါင္းေလးကိုမိမိ ပခုံးျဖင့္ အလိုက္သင့္ထိန္းရင္း... ဒုတိယအႀကိမ္ထပ္ေမးမိသည္။

"နပမ္းလုံးၾကတာလား..ဟင္"

"ကိုကို ဝမ္းနည္းေနတာလား ဟင္"

ကာရံကိုက္သည့္ တန္ျပန္ေမးခြန္းမွာ ရယ္စရာမပါပဲ ေဟဝန္ဟက္ခနဲ ရယ္ခ်မိသည္။

"ဘာရယ္တာလဲ!"

သူ႕အတြက္ ခံစားေပးေနတဲ့ ႏွလုံးသားက ေလွာင္ေျပာင္ခံရမႈေၾကာင့္ ဆတ္ခနဲထခုန္သည္။

"ကြၽန္ေတာ္က ေစတနာနဲ႕ေမးတာဗ်"

ေဝးအံဆဲဆဲ ေက်ာျပင္ေလးကိုရစ္သိုင္းဖက္တြယ္လိုက္ၿပီး...

"လက္စြပ္ ေပ်ာက္လို႔ ကေလးရဲ႕၊ကိုကိုက ေခါင္းထိထားေတာ့ ေမ့တတ္တာတအားပဲ"

ထိုမွ်ေလာက္ ရွင္းျပ႐ုံနဲ႕ စမ္းေရကုန္စင္ေအာင္သိႏွင့္၏။တႀကိမ္သာျမင္ဖူးပါေလတဲ့ ကိုကို႔လက္ေခ်ာင္းထက္ စိန္လက္စြပ္က သူ႕မိခင္၏တခုတည္းေသာအေမြ။

"ဝတ္ေတာ့မထားပဲနဲ႕ဗ်ာ"

"အင္း..ကိုကို ဝတ္လို႔မျဖစ္တဲ့ အေၾကာင္းေလး ရွိေနလို႔"

စင္စစ္ ခ်စ္ရတဲ့ ဒီကေလးေလး ကိုယ့္ေၾကာင့္ သိမ္ငယ္စိတ္ မျဖစ္ဖို႔။ေမ့တတ္လြန္းတဲ့ ေဟဝန္ interviewေန႕က သူ႕မ်က္ဝန္းေတြ ဒီကေန႕အထိ အရိပ္ထင္ေနသည္။

"ခ်စ္တယ္ ကိုကို"

"အင္း ကိုကိုလည္းပဲ"

လည္ျပန္ၾကည့္လာတဲ့ မ်က္လုံးနက္နက္ေလးေတြကို တည့္တည့္ၾကည့္ၿပီး ေျပာလိုက္ေတာ့ ေပြ႕ဖက္ထားတဲ့ခႏၶာကိုယ္ေလး တခ်က္တုန္သြားတာ သတိထားမိလိုက္သည္။

"ခ်မ္းတယ္.. ဝင္ၾကစို႔"

"ျပန္ေတြ႕မွာပါေနာ္..စမ္းေရ ကူရွာေပးမယ္..ဘာမွမေတြးပဲ အိပ္"

"ဟုတ္ကဲ့ပါဗ်"

အခ်စ္သည္ ဝမ္းနည္းတဲ့စိတ္ကို ေပ်ာ္ေစနိုင္သလို ေမ့သည့္အတိတ္ကိုလည္း သတိရေစ၏။ၿပဳံးပန္းေဝေစသလို ၾကည္ႏူးမႈလည္း တိုးေစ၏။

ကိုယ္နဲ႕မကြာ ေဆာင္ထားသင့္သည့္အခ်စ္။

အခ်စ္ကိုေလ... ေဟာသလို ေကာက္ေပြ႕ ရင္ခြင္ထဲထည့္ နဖူးေလးနမ္း..ပါးေလးနမ္းၿပီး တယုတယ သိမ္းထားသင့္သည္။

ညသည္ လေရးေရးေၾကာင့္ မွိန္ဖ်လိဳ႕။လူႏွစ္ဦးသည္လည္း အခ်စ္ႏြေးႏြေးေၾကာင့္ခ်ိဳျမလို႔။

Oct 20-23 (မြန္ဦး)

==============

Continue Reading

You'll Also Like

298K 10.7K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
388K 9.4K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
43.1K 3.4K 26
ရည္​းစား​ေတြနဲ႔ ခဏခဏျပတ္​ၿပီး အခ်စ္​​ေရးကံမ​ေကာင္​း႐ွာ​ေသာ ​ေကာင္​​ေလးတစ္​​ေယာက္​၏ ဖူးစာ႐ွင္​ရွာပံုေတာ္ဖြင့္ခန္း ရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးက...