အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

By FlowerRainButterfly

1.5M 190K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ More

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု

ဟွမ်ဟွာ၏ဖိတ်ခေါ်မှု

10.3K 1.4K 37
By FlowerRainButterfly

အပိုင်း (၆၀) ဟွမ်ဟွာ၏ဖိတ်ခေါ်မှု

ပိုင်လီက နောက်တော့ သူ့အတွေးတွေသူပြန်ထိန်းလိုက်ကာ ရုပ်တည်လိုက်ပြီး ဆံထိုးနှစ်ချောင်းကို ဗန်းအလွတ်တစ်ခုထဲထည့်လိုက်၍...

"ဒါဆိုလည်း သူတကယ်ပျော်ဖို့ပဲ ဆုတောင်းရတော့မှာပေါ့"

ထို့နောက် ပိုင်လီက ပိုင်အမေအတွက် ကျောင်စိမ်းကိုယ်ထည်မှာ ရွှေရောင်နွယ်တွေပတ်နေတဲ့ ဆံထိုးတစ်ချောင်းကိုလည်းရွေးခဲ့သေးကာ ထိုဆံထိုးက ထပ်ဖျားတွင် နွယ်များမှပန်းပွင့်နေသည့်ပုံဖြစ်ပြီး ပွင့်လွှာတွေထဲရှိဝတ်ဆံသည် ကျောက်စိမ်းပင်။

ရွှေနဲ့ကျောက်စိမ်းရဲ့ လိုက်ဖက်စွာပေါင်းဖက်မှုက အရမ်းလိုက်ဖက်ပြီးတော့ ဒါကလူလတ်ပိုင်းအမျိုးသမီးတွေနဲ့ အမျိုးသမျိုးကြီးတွေအကြိုက်တွေ့မယ့်ပုံစံမျိုးပါပဲ။ ထိုဆံထိုးကတော့ ထူထဲပြီးခန့်ညားတာဖြစ်လို့ တစ်ချောင်းထဲတင် ရွှေချောင်း တစ်ရာ့ရှစ်ဆယ်နဲ့အစွန်းထွက်တချို့ရှိခဲ့ပြီး ထပ်၍ ပိုင်လီက ပိုင်မိန်အတွက် ပန်းနုရောင်ပုလဲအဆင်တန်ဆာတစ်စုံကိုရွေးခဲ့ကာ ထိုတစ်စုံထဲတွင် ကြိုးတန်းလေးတွေပါသော ပုလဲဆံထိုး၊ နဖူးတွင်ဝတ်ဆင်ရသည့် ပုလဲကြိုး၊ ပုလဲပုတီး၊ ပုလဲလက်ကောက်နှင့် ပုလဲနားဆွဲစသည်တို့ပါဝင်ပြီး တစ်စုံစာကို ရွှေချောင်းနှစ်ရာကျသင့်ခဲ့သည်။

နောက်ဆုံးတော့ သူ့အိမ်က အသေးလေးတွေအလှည့်ရောက်လာပါပြီ။ ပိုင်လီက အသေးလေးတွေအတွက် ဝယ်ရာတွင် အထိန်းကွပ်မရှိခဲ့ဘဲ ကျောက်စိမ်းနှင့်ပုံဖော်ထားသည့် ခါးချိတ်အဆောင်ပေါင်းများစွာကို ရွေးယူခဲ့သည်။ ထိုခါးချိတ်အဆောင်များထဲတွင် အကောင်ငယ်လေးများ၏ ရုပ်ပုံများပါဝင်သလို ပန်းနှင့် အသီးလေးများ၏ပုံများလည်းပါဝင်ကာ တစ်ခုချင်း၏ စျေးကသိပ်မရှိလှသော်လည်း ပိုင်လီကအတော်လေးဝယ်ပြစ်ခဲ့တာပင်။ ထပ်ပြီး ကျောက်စိမ်းလက်ကောက်များနှင့် ဆွဲကြိုးအများပြားကိုလည်း ဝယ်ခဲ့သေးရာ သူကယွီလျန်ဟွားတွင် ရွှေချောင်းထောင့်သုံးရာကျော်လောက် ရှင်းခဲ့ရတော့သည်။

ဒါပေမယ့် ပိုင်လီက ကုန်သွားတဲ့ငွေတွေကို ရေတွက်မနေပါဘူး။ သူ့မှာ ရွှေချောင်းလေးသောင်းကျော်တောင်ရှိနေတာကို သူ့မိသားစုအတွက်ဒီလောက်မှသုံးမလာရင် သူကအရမ်းကပ်စီးနှဲသလိုဖြစ်နေလိမ့်မယ်။ ဖြစ်နိုင်ရင်သူကဒီထက်တောင် ပိုသုံးချင်သေးတယ် ။ ဒါပေမယ့်သူ့မိသားစုတွေအရမ်းလန့်သွားမှာစိုးတာရယ် နောင်မှသူတို့စိတ်ကြိုက်တာတွေ ကိုယ်တိုင်လာဝယ်နိုင်အောင်လို့ရယ်ကိုတွေးပြီး ဒီလောက်နဲ့ရပ်တန့်ခဲ့တာပင်။

ပိုင်လီက ရတနာဆိုင်ကထွက်လာပြီးမှာ သူ့အိမ်အတွက် ဘာလိုသေးလဲစဥ်းစားနေပေမယ့် အသေးလေးတွေအတွက် မုန့်ကလွဲရင် ဘာမှဝယ်စရာမရှိတာကိုသဘောပေါက်သွားခဲ့သည်။ ပြီးခဲ့တဲ့တစ်ခေါက်က သူက လှည်းနှစ်စီအပြည့်နဲ့ လိုအပ်တာတွေအကုန်ဝယ်ထားခဲ့တာဆိုတော့ ဆောင်တွင်းအတွက်လည်း ဘာမှမလိုအပ်တော့ဘူး။ ဒီတော့ ပိုင်လီက အသေးလေးတွေမုန့်တချို့ရှာဝယ်အပြီးမှာ ချောင်အိမ်ကိုပြန်တော့ဖို့လုပ်ခဲ့သော်လည်း ပန်းထိုးဖိနပ်များရောင်းချနေသောဆိုင်လေးတွင် သူ့မိသားစုက ကောတွေနဲ့အမျိုးသမီးတွေဖို့ ဖိနပ်များကြည့်နေစဥ် လူတချို့ကသူ့အနားချဥ်းကပ်လာခဲ့ကျသည်။

ပိုင်လီက ဒါကိုသတိထားမိပေမယ့် သူကဖိနပ်တွေကြည့်နေရာကနေ အကြည့်ပျက်မသွားပါဘူး။ တစ်ယောက်ကသာ သူ့အနားကပ်လာပြီး အံကြိတ်သံခပ်တိုးတိုးဖြင့်...

"မိန်းကလေးယန်က မင်းကို ဟွမ်ဟွာကိုလာဖို့ဖိတ်လိုက်တယ် ကျေးဇူးပြုပြီး မငြင်းတာက ကောင်းလိမ့်မယ်နော်"

ပိုင်လီက နောက်ဆုံးတွင် ဒါကရောက်လာပြီပဲဟု တွေးမိသွားခဲ့သည်။ ပိုင်လီက ဘာလို့လဲမသိပေမယ့် ယန်စန်းဟွားက အကြောင်းတစ်ခုခုကြောင့် ကလေးတွေကို လက်လွှတ်မှာမဟုတ်ဘူးလို့ ရိပ်မိခဲ့ပြီး သူကဒီအတွက်အမြဲသတိရှိနေခဲ့တယ်။ ဒါပေမယ့် သူက လုံးဝကိုဂရုမစိုက်ဘူး။

ပိုင်လီက အခုချိန်မှာ ပန်းရောင်ပေါ်မှာ အပြာရောင်လိပ်ပြာလေးတွေပန်းထိုးထားတဲ့ ကလေးစီးဖိနပ်လေးတွေကိုကြည့်နေတာဖြစ်ပြီး သူကတစ်ဖက်လူကိုဂရုမစိုက်စွာနဲ့ ထိုဖိနပ်လေးကို လက်ချောင်းထည့်ကာတောင် လျိုကြည့်နေသေး၏။ ပြီးမှ သူကထိုလူကိုပြောလိုက်သည်။

"ဟမ်..ကျုပ်က ကျုပ်ဇနီးနဲ့ ကျုပ်ရဲ့မိသားစုကို ပြည့်တန်ဆာအိမ်တွေကို ထပ်မသွားတော့ပါဘူးလို့ ကတိပေးထားတယ် ဒါကြောင့်မလိုက်တော့ပါဘူး"

ပိုင်လီ၏လေသံက သာမာန်ပင်။ သူက အသံတင်ပြောချင်းမရှိပေမယ့် အသံနိမ့်ပြီးပြောချင်းလည်းမရှိတဲ့အတွက် ဖိနပ်ရောင်းတဲ့မိန်းမကြီးက ကြားသွားတာပုံမှန်ပါပဲ။ ထိုမိန်းမကြီးက လူမိုက်ရုပ်နဲ့တစ်ယောက်က သူမဆီ ဖိနပ်ဝယ်နေတဲ့ကောင်လေးကို တိုးတိုးကပ်ပြောတာမြင်လိုက်ရပေမယ့် အသံကတိုးလွန်းတာကြောင့် မကြားခဲ့ရပေ။ ဒါပေမယ့် အခုတော့ ပိုင်လီစကားကြောင့် သူမကခန့်မှန်းနိုင်သွားပြီ။ ဒါက လိမ္မာဖို့ကြိုးစားနေတဲ့ သူများအိမ်ကသားကို ဖျက်စီးတတ်တဲ့ ခွေးလိုအပေါင်းသင်းတွေကလွဲရင် ဘာဖြစ်နိုင်မှာတဲ့လဲ။ ဒီအတွေးနဲ့သူမက ထိုလူကိုမနှစ်မြို့စွာနှာခေါင်းရှုံ့လိုက်တော့တယ်။

ပိုင်လီရဲ့ဘေးကလူကလည်း ဒါကိုမြင်ပြီး သူကပိုင်လီကို စိတ်တိုစွာကြည့်လိုက်ပေမယ့် ပိုင်လီက သူ့ကိုလုံးလုံးဂရုစိုက်စွာနဲ့ ဖိနပ်လေးကိုပြပြီး မေးနေတာကိုတွေ့ခဲ့ရသည်။

"အဒေါ် ဒီလိုပုံစံတူလေးရှိလား ကျွန်တော့်အိမ်ကလေးတွေက အမွှာလေးတွေဆိုတော့ ဆင်တူလေးဝယ်ပေးချင်လို့ပါ"

အမျိုးသမီးကြီးသည် ပိုင်လီ၏ ရည်မွန်သည့်ရုပ်ရည်နှင့် ဖော်ရွှေတတ်သောအပြုံးကြောင့် ပိုင်လီအပေါ်တွင်ငြင်သာပေသည်။ သူမက...

"ရှိဦးမလားမသိဘူး မင်းခဏစောင့်ဦး အဒေါ်ရှာလိုက်ဦးမယ် "

ဒါကိုကြားတော့ ပိုင်လီကလည်း...

"ကျေးဇူးပါ ကျွန်တော်အလျှင်မလိုတာကြောင့် အဒေါ်ဖြေးဖြေးချင်းရှာလို့ရပါတယ်"

မရှိသည့် လေလိုပင်သဘောထားခံနေရသည့် ဘေးကလူသည် ဒါကိုမြင်တော့အော်ဟစ်ချင်မိသွားခဲ့သည်။ သူက အမျိုးသမီးကြီး အိတ်ထဲကဖိနပ်ပုံထဲကနေ ပိုင်လီပြောတဲ့ဖိနပ်လေးတွေကိုရှာနေစဥ် သူကစိတ်မရှည်စွာနှင့်...

"ငါပြောနေတာကို စောက်ဂရုစိုက်စမ်း မင်းကို ရွေးချယ်ခွင့်ပေးနေတာမဟုတ်ဘူး အခုချက်ခြင်းဟွမ်ဟွာကိုလိုက်ခဲ့!"

ထို့နောက် သူက ပိုင်လီ၏လက်ကို ဖမ်းကိုင်လိုက်သော်လည်း တိုက်ဆိုင်သည်လား တမင်လားမသိစွာပိုင်လီက နောက်ထပ်ဖိနပ်တစ်ခုကို ကောက်ကိုင်လိုက်ချိန်နှင့် တိုးသွား၍ လေကိုဖမ်းမိသွားခဲ့သည်။ အဲဒီအချိန်မှာ အမျိုးသမီးကြီးက ခေါင်းပြန်မော့လာပြီဖြစ်လို့ ထိုလူကအခွင့်ရေးမသာတော့ဘူး။

ပိုင်လီက ကောက်ကိုင်လိုက်သည့်ဖိနပ်ကိုပြကာ...

"အဒေါ် ဒီလိုပန်းထိုးထားတဲ့ပုံက အောက်ခံအနက်ပဲရှိတာလား အပြာရောင်ဘက်သွားတဲ့တစ်ခုခုမရှိဘူးလား ကျွန်တော့်ဇနီးက အနက်နဲ့သိပ်မလိုက်လို့ပါ"

အမျိုးသမီးကြီးသည် ပိုင်လီက သူ့ဇနီးကို ဂရုစိုက်ချင်စိတ်ရှိသည်မြင်သည့်အခါ အခုထိထွက်မသွားသေးဘဲ စိတ်မရှည်သည့်ပုံစံနှင့် ပိုင်လီကို မဟုတ်သည့်နေရာတွေကို ဇွတ်ခေါ်ချင်နေပုံရသောလူကို ပို၍အထင်မြင်သေးသွားခဲ့၏။ သူများက သူ့မိသားစုကိုဂရုစိုက်နေတဲ့အချိန်မှာ နင်ကတော့ သူများကို ဖျက်စီးဖို့တွေးနေတယ်။ ဘယ်လိုတောင်ရွံစရာလဲ။

ဒါကြောင့် သူမက ပိုင်လီပြသည့်ဖိနပ်ကို ယူလိုက်ကာ ရွဲ့စောင်းသည့်အပြုံးနှင့်....

"လူငယ်လေး မင်းရဲ့ဇနီးအတွက် တွေးချင်စိတ်ရှိတာအရမ်းကောင်းတာပဲ မင်းရဲ့ဇနီးက မင်းကိုပြုစုပြီး မင်းအတွက် ကလေးတွေမွေးပေးထားတယ် မင်းသူ့ကိုငဲ့ညာရမယ် ကြင်နာရမယ် တချို့လူတွေဖျက်စီးချင်တိုင်း ပျက်စီးမသွားလိုက်နဲ့!"

ပိုင်လီက အဒေါ်ကြီးစကားကိုထောက်ခံကာ ခေါင်းငြိမ့်လိုက်တော့ ဘေးကလူသည် သွားတွေကိုကြိတ်ရလွန်းလို့ မီးတောက်လာတော့မလိုပင် ခံစားခဲ့ရသည်။ အဒေါ်ကြီးက တဖန် ပိုင်လီပြောတဲ့ဖိနပ်ကိုရှာနေတဲ့အချိန်မှာ သူက အသံတိုးထားပေမယ့်ခြိမ်းခြောက်သံနဲ့...

"ငါမင်းကို နောက်ဆုံးပြောလိုက်မယ် မင်းရှာထားတဲ့ပြဿနာကို ကိုယ်ဘာသာသိ! မိန်းကလေးယန်က မင်းကိုလွှတ်ပေးမှာမဟုတ်ဘူး အဲတော့ ဒီနေ့မကုန်ခင် ဟွမ်ဟွာကိုလာခဲ့လိုက် မဟုတ်ရင် နောင်တရသွားစေရမယ်!"

ထို့နောက် ထိုလူကလှည့်ထွက်သွားပြီး မလှမ်းမကမ်းကလူသုံးလေးယောက်နဲ့အတူ လျှင်မြန်စွာ မြင်ကွင်းထဲကနေပျောက်ကွယ်သွားခဲ့တော့သည်။ ပိုင်လီက ပျောက်ကွယ်သွားတဲ့လူတွေကြည့်ပြီးမှ ခပ်တိုးတိုးရေရွတ်လိုက်၏။

"ငါက နောင်တရမှာမဟုတ်ပါဘူး..."

သူက တကယ်နောင်တရမှာမဟုတ်ဘူး။ သူက ဟွမ်ဟွာကိုသွားမိမှသာ နောင်တရမှာပါ။

ယန်စန်းဟွားက သူ့ကိုခေါ်တာက ကလေးတွေဝယ်ဖိုညှိနိူင်းချင်ရုံပဲလေ။ သူက လုံးဝမရောင်းနိုင်မှာတော့ပြေလည်တဲ့ ညှိနိူင်းမှု ဖြစ်လာမှမဟုတ်တာ။ ဒါကိုသိထားရက်နဲ့ ဟွမ်ဟွာထဲကိုမိုက်မဲစွာဝင်သွားမိရင် မပြေလည်တဲ့နောက်ဆုံး ယန်စန်းဟွားထုတ်သုံးလာမှာက အကြမ်းဖက်မှုပဲဖြစ်မှာမဟုတ်ဘူးလား။

အကယ်၍ ဟွမ်ဟွာထဲမှာသာ အကြမ်းဖက်ခံခဲ့ရရင် သူ့ခြေထောက်နဲ့သူ ဟွမ်ဟွာထဲဝင်သွားခဲ့တာကြောင့် သူ့ဘက်က အားနည်းချက်ဖြစ်သွားနိုင်ပြီး အဲဒီအစား သူတို့တွေလုပ်မယ့် အကြမ်းဖက်မှုကို အပြင်မှာဖြစ်အောင် ဆွဲခေါ်လိုက်တာကပဲမကောင်းဘူးလား။ ဘာပဲဖြစ်ဖြစ် ယန်စန်းဟွားက နောက်ဆုံးမှာအကြမ်းနည်းသုံးလာမှာပဲကို။

ပြီးတော့ သူက တကယ်သူ့မိသားစုကို ကတိပေးထားတာလေ။ ဝင်စရာလား။

ဖိနပ်ရှာပြီး ခေါင်းပြန်မော့လာသော အမျိုးသမီးကြီးသည် ပိုင်လီ၏ ခွေးလိုအပေါင်းဖော်များမရှိတော့သည်ကို မြင်သောအခါ သူမက စိတ်အေးသွားခဲ့သည်။ သူမက ဖိနပ်ကို ပိုင်လီထံကမ်းပေးလိုက်ပြီး....

"မင်းလိုက်မသွားတာကောင်းတယ် သူတို့တွေက မင်းကိုဖျက်စီးချင်နေကျတာ နောက်ဆို အပေါင်းသင်းထားရင်ကြည့်ထား ကိုယ့်ကို ဖျက်စီးမယ့်လူတွေနဲ့ မပေါင်းမိစေနဲ့"

ပိုင်လီက ဒီစေတနာကောင်းရှိတဲ့ အဒေါ်ကြီးအထင်လွဲနေတာကို အမှန်ပြောဖို့ ရည်ရွယ်ချက်မရှိဘဲ သူက ကောင်းမွန်တဲ့အကြံပေးစကားတွေကို ကျေနပ်စွာပဲလက်ခံလိုက်သည်။ အဲဒီနောက် သူက ဖိနပ်တချို့ထပ်ဝယ်ခဲ့ပြီး ကျသင့်ငွေရှင်းပြီးနောက်မှ မေးလိုက်၏။

"အဒေါ် ဖိနပ်တွေမှာ ပန်းထိုးထားတဲ့လက်ရာကအရမ်းကောင်းတာပဲ အဒေါ်ကိုယ်တိုင်ထိုးတာလား"

အမျိုးသမီးကြီးသည် တစ်ခါထဲနှင့် ဖိနပ်အများကြီးရောင်းရသွားလို့ ငွေတွေကို ကျေနပ်စွာရေတွက်ပြီး ဒါကိုကြားတော့ သူမကပြုံးပြီးပြန်ဖြေလာခဲ့သည်။

"ဟုတ်တယ် အဒေါ်ငယ်ငယ်က မိသားစုကအဆင်ပြေတော့ ပန်းထိုးသင်ပေးခဲ့တာ သင်ပေးတဲ့ဆရာက အဒေါ့်မှာအရည်ချင်းရှိတယ်ဆိုပြီး သူ့သိထားတဲ့နည်းတွေအကုန် သင်ပေးသွားတာလေ ဒါပေမယ့် အဒေါ်နဲ့အဒေါ့်မိသားစုက နည်းနည်းအတော့ အထည်ဆိုင်တစ်ခုက အမြတ်ထုတ်ခံခဲ့ရတော့တာပဲ သူတို့က အဒေါ့်ကို ငွေနည်းနည်းနဲ့များများအလုပ်လုပ်ခိုင်းမယ့် စာချုပ်မှာ လှည့်စားပြီး လက်မှတ်ထိုးခိုင်းခဲ့တာ အိုက်ယား! အတိတ်တွေပါကွယ် စာချုပ်ကုန်သွားတာ နှစ်တချို့ပဲရှိနေပြီ အခုတော့ အဒေါ်ဝါဿနာပါတဲ့ ဖိနပ်တွေပဲပန်းထိုးပြီးငွေရှာနေတာလေ"

ပိုင်လီက ဒီအမျိုးသမီးကြီးရဲ့ဇာက်လမ်းကိုကြားတော့ စိတ်မကောင်းဖြစ်သွားသော်လည်း ယခုအခါသူမပျော်ရွှင်နေတာကိုကြည့်ပြီး သူမက အတိတ်ကိုလွှတ်ချနိုင်ခဲ့ပြီမှန်းမြင်နိုင်ခဲ့သည်။

"အဒေါ်ဒီမှာပဲ အမြဲရောင်းတာလား"

ဒါကိုအမျိုးသမီးကြီးကခေါင်းငြိမ့်လာပြီး...

"ဟုတ်တယ် မင်းနောက်ထပ်လာချင်လို့လား အဒေါ်ကဒီမှာပဲအမြဲရောင်းတာ ဒီမှာလာရှာလှည့်နော်"

ပိုင်လီက သူဖိနပ်တွေဝယ်ချင်ပါက လာရှာမည်ဖြစ်ကြောင်းနှင့် အများကြီးရောင်းရန်ဆုတောင်းပေးပြီးနောက် ချောင်အိမ်သို့ပြန်လာခဲ့လိုက်သည်။

ဟွမ်ဟွာကိုလား? သူက အရေးကိုမစိုက်ပါဘူး။

ထိုနေ့တွင် ချောင်ရန်က အစောကြီးပြန်လာခဲ့ပြီးနောက် သူတို့တွေအတူသောက်ဖြစ်ခဲ့ကာ ညနက်တဲ့ထိ စကားတွေပြောဖြစ်ခဲ့ကျ၏။ အဓိကအကြောင်းကတော့ ချောင်ရန်က ပိုင်လီအား ဘာလို့လှည်းနှစ်စီးပေမယ့် တစ်ယောက်ထဲလာဖြစ်တဲ့အကြောင်းနဲ့ ဘာဆက်လုပ်မလဲဆိုသည့် အကြောင်းတွေကို မေးနေတာပင်။

ပိုင်လီက သူတို့ရွာမှာဖြစ်သွားတဲ့ ဝမ်ရူရဲ့ကိစ္စကိုရှင်းပြခဲ့ပြီး သူ့အနေနဲ့ သိပ်မကြာခင်မှည သစ်သီးခြံတည်ဖို့အစီစဥ်ရှိကြောင်း ရှင်းပြခဲ့တော့ ချောင်ရန်က အားပေးခဲ့တဲ့အပြင် သစ်သီးနဲ့ပတ်သတ်ပြီး လုပ်လို့ရတဲ့စီးပွားရေးလမ်းကြောင်းတချို့ကိုပါ သူ့ကိုအကြံပေးခဲ့သည်။ ချောင်ရန်မှာ ကုန်သည်အသိတွေရှိပြီး ပိုင်လီက သစ်သီးတွေကို မြို့တော်ကိုတင်သွင်းချင်ရင်လည်း သူကူညီလို့ရပါတယ်တဲ့။

မိသားစုနှစ်စုရဲ့ဦးစီးနှစ်ယောက်က စတဲ့စီးပွားရေးကိစ္စတွေကိုပြောရင်း ညကို အေးဆေးစွာအဆုံးသတ်ခဲ့လိုက်ကျသည်။

နောက်တစ်နေ့ မနက်စောစောမှာတော့ ပိုင်လီရွာကိုပြန်ချိန်ရောက်လာပါပြီ။

ချောင်းချင်းချင်းလေးက ဒီနေ့မှာလည်း အစောကြီးနိုးနေပြီး သူမလေးက ပိုင်လီကိုနှုတ်ဆက်ဖို့ အပြေးလွှားလာခဲ့ရှာကာ အနည်းငယ်လည်း ငိုမဲ့မဲ့ဖြစ်နေခဲ့သည်။ အကြောင်းကတော့ ချောင်ရန်က အလုပ်တွေရှုပ်နေလို့ သူမလေးကို ပိုင်လီဆီ အလည်ပတ်လိုက်မပို့ပေးနိုင်သေးလို့ပါပဲ။ မနေ့ညကဆို သူမလေးက ပိုင်လီနဲ့အရင်လိုက်သွားပြီး နောက်မှ ချောင်ရန်တို့ကလာခေါ်လို့မရဘူးလို့တောင် ဂျီကျခဲ့သေးလို့ အကုန်လုံးကဝိုင်းချော့ထားရတာပင်။

ပိုင်လီက စူပုတ်ပုတ်ဖြစ်နေတဲ့ကလေးမလေးနဲ့အရပ်ညီအောင် ထိုင်လိုက်ပြီး စံပါယ်ပန်းပုံစံခါးချိတ်အဆောင်လေးကို ချိတ်ပေးလိုက်ကာ....

"ဒါက ချင်းချင်းအတွက် ဦးဦးရဲ့လက်ဆောင်ပဲ! ကြိုက်ရဲ့လား"

ကျောက်စိမ်းဖြူနှင့် ထွင်းထုထားသည့် စံပါယ်ပန်းစံ ခါးချိတ်အဆောင်လေးသည် အရမ်းကိုချစ်စရာကောင်းပြီး မနေ့က ပိုင်လီက ဒါကို ချောင်ချင်းချင်းအတွက် ရည်ရွယ်ကာဝယ်လာခဲ့တာပင်ဖြစ်သည်။

ချောင်ရန်နဲ့ဟုန်ရင်းကဒါကိုမြင်တော့ သူတို့ကအရမ်းအားနာသွားကျပြီး...

"ဒါကို ဘယ်လိုလုပ် ချင်းချင်းကိုပေးရတာလဲ ဒါကအနည်းဆုံး ရွှေချောင်းဆယ်ဂဏန်းထိရှိလောက်မှာ အရမ်းများတယ် ငါတို့လက်မခံနိုင်ဘူး"

ပိုင်လီကတော့ ကလေးမလေး၏ ခေါင်းကိုပုတ်ကာ ထရပ်ပြီးနောက်...

"ဒါက အကိုကြီးတို့ကိုပေးတာမှမဟုတ်တာ အကိုကြီးနဲ့မရီးက လက်ခံစရာမလိုပါဘူး ဒါက ချင်းချင်းအတွက်ဆိုတော့ ချင်းချင်းလက်ခံချင်ရင်ရပြီ ဘယ်လိုလဲ ဒါကလည်း စံပါယ်ပန်းပွင့်လေးလေ ချင်းချင်းက စံပါယ်ပန်းကိုကြိုက်တယ်မလား"

ချောင်ချင်းချင်းက ခါးချိတ်အဆောင်လေးကို ကြည့်နေကာ ဒါကစံပါယ်ပန်းလေးလို့ကြားသည့်အခါ သူမလေးက အလွန်ပျော်ရွှင်သွားခဲ့သည်။ ကျောက်စိမ်းနဲ့လုပ်ထားတဲ့စံပါယ်ပွင့်လေးက သူမအိမ်က စံပါယ်ပန်းပွင့်လေးတွေနဲ့သိပ်မတူပေမယ့် သူမက သိပ်မကြည့်တတ်ပါဘူး။ လူကြီးတွေက ဒါကိုစံပါယ်ပန်းလို့ပြောရင် သူမကစံပါယ်ပန်းလို့ပဲသိပြီး သူမက စံပါယ်ပင်လေးအစား အစားပြန်ရလိုက်သလိုပဲမလို့ အလွန်ကျေနပ်သွားတော့သည်။

"အွန်း စံပါယ်ပွင့်လေးဆိုရင် ချင်းချင်းကကြိုက်တယ်! ဦးဦးပိုင်ကိုကျေးဇူးတင်ပါတယ်"

ချောင်ရန်နှင့် ဟုန်ရင်းသည် သူတို့ကလက်မခံနိုင်ဘူးပြောပြီး သူတို့သမီးက တန်းလက်ခံလိုက်သဖြင့် မျက်နှာကို ဘယ်နားသွားဖွတ်ထားရမလဲမသိ ဖြစ်သွားခဲ့ကျသည်။

အဲဒီနောက်မှာတော့ ပိုင်လီက ချောင်မိသားစုကို နှုတ်ဆက်ပြီး ရွာကိုပြန်လာခဲ့သော်လည်း သူက သိပ်ပျော်ရွှင်မနေပါချေ။ ဘာလို့လည်းဆိုတော့ သူဒီနေ့အိပ်ပြန်ရောက်ဦးမှာ မဟုတ်တာကိုသိနေလို့ပါပဲ။

..................................................................
(AN/ ရွှေချောင်းလေးသောင်းကျော်ဆိုတာ အများကြီးပါရှင်။🤧 အိမ်တော်ကြီးလိုဆောက်ရင်တောင် ရွှေချောင်းတစ်သောင်းမကုန်တဲ့အတွက် ပိုင်လီကနည်းနည်းပဲသုံးလိုက်တယ်လို့ပြောလို့ရပါတယ်။ အမောင်ပိုင်လီကို လက်ဖွာတယ်ဆိုပြီးမဆူကျပါနဲ့လို့။

paid gpမှာ အပိုင်း (၉၀) ထိပြီးပါပြီ။

51-85 gpရဲ့စျေးလေးက 3000ကနေ 2500တရားဝင်ဖြစ်သွားပါပြီရှင်။)

###

အပိုင္း (၆၀) ဟြမ္ဟြာ၏ဖိတ္ေခၚမႈ

ပိုင္လီက ေနာက္ေတာ့ သူ႕အေတြးေတြသူျပန္ထိန္းလိုက္ကာ ႐ုပ္တည္လိုက္ၿပီး ဆံထိုးႏွစ္ေခ်ာင္းကို ဗန္းအလြတ္တစ္ခုထဲထည့္လိုက္၍...

"ဒါဆိုလည္း သူတကယ္ေပ်ာ္ဖို႔ပဲ ဆုေတာင္းရေတာ့မွာေပါ့"

ထို႔ေနာက္ ပိုင္လီက ပိုင္အေမအတြက္ ေက်ာင္စိမ္းကိုယ္ထည္မွာ ေ႐ႊေရာင္ႏြယ္ေတြပတ္ေနတဲ့ ဆံထိုးတစ္ေခ်ာင္းကိုလည္းေ႐ြးခဲ့ေသးကာ ထိုဆံထိုးက ထပ္ဖ်ားတြင္ ႏြယ္မ်ားမွပန္းပြင့္ေနသည့္ပုံျဖစ္ၿပီး ပြင့္လႊာေတြထဲရွိဝတ္ဆံသည္ ေက်ာက္စိမ္းပင္။

ေ႐ႊနဲ႕ေက်ာက္စိမ္းရဲ႕ လိုက္ဖက္စြာေပါင္းဖက္မႈက အရမ္းလိုက္ဖက္ၿပီးေတာ့ ဒါကလူလတ္ပိုင္းအမ်ိဳးသမီးေတြနဲ႕ အမ်ိဳးသမ်ိဳးႀကီးေတြအႀကိဳက္ေတြ႕မယ့္ပုံစံမ်ိဳးပါပဲ။ ထိုဆံထိုးကေတာ့ ထူထဲၿပီးခန့္ညားတာျဖစ္လို႔ တစ္ေခ်ာင္းထဲတင္ ေ႐ႊေခ်ာင္း တစ္ရာ့ရွစ္ဆယ္နဲ႕အစြန္းထြက္တခ်ိဳ႕ရွိခဲ့ၿပီး ထပ္၍ ပိုင္လီက ပိုင္မိန္အတြက္ ပန္းႏုေရာင္ပုလဲအဆင္တန္ဆာတစ္စုံကိုေ႐ြးခဲ့ကာ ထိုတစ္စုံထဲတြင္ ႀကိဳးတန္းေလးေတြပါေသာ ပုလဲဆံထိုး၊ နဖူးတြင္ဝတ္ဆင္ရသည့္ ပုလဲႀကိဳး၊ ပုလဲပုတီး၊ ပုလဲလက္ေကာက္ႏွင့္ ပုလဲနားဆြဲစသည္တို႔ပါဝင္ၿပီး တစ္စုံစာကို ေ႐ႊေခ်ာင္းႏွစ္ရာက်သင့္ခဲ့သည္။

ေနာက္ဆုံးေတာ့ သူ႕အိမ္က အေသးေလးေတြအလွည့္ေရာက္လာပါၿပီ။ ပိုင္လီက အေသးေလးေတြအတြက္ ဝယ္ရာတြင္ အထိန္းကြပ္မရွိခဲ့ဘဲ ေက်ာက္စိမ္းႏွင့္ပုံေဖာ္ထားသည့္ ခါးခ်ိတ္အေဆာင္ေပါင္းမ်ားစြာကို ေ႐ြးယူခဲ့သည္။ ထိုခါးခ်ိတ္အေဆာင္မ်ားထဲတြင္ အေကာင္ငယ္ေလးမ်ား၏ ႐ုပ္ပုံမ်ားပါဝင္သလို ပန္းႏွင့္ အသီးေလးမ်ား၏ပုံမ်ားလည္းပါဝင္ကာ တစ္ခုခ်င္း၏ ေစ်းကသိပ္မရွိလွေသာ္လည္း ပိုင္လီကအေတာ္ေလးဝယ္ျပစ္ခဲ့တာပင္။ ထပ္ၿပီး ေက်ာက္စိမ္းလက္ေကာက္မ်ားႏွင့္ ဆြဲႀကိဳးအမ်ားျပားကိုလည္း ဝယ္ခဲ့ေသးရာ သူကယြီလ်န္ဟြားတြင္ ေ႐ႊေခ်ာင္းေထာင့္သုံးရာေက်ာ္ေလာက္ ရွင္းခဲ့ရေတာ့သည္။

ဒါေပမယ့္ ပိုင္လီက ကုန္သြားတဲ့ေငြေတြကို ေရတြက္မေနပါဘူး။ သူ႕မွာ ေ႐ႊေခ်ာင္းေလးေသာင္းေက်ာ္ေတာင္ရွိေနတာကို သူ႕မိသားစုအတြက္ဒီေလာက္မွသုံးမလာရင္ သူကအရမ္းကပ္စီးႏွဲသလိုျဖစ္ေနလိမ့္မယ္။ ျဖစ္နိုင္ရင္သူကဒီထက္ေတာင္ ပိုသုံးခ်င္ေသးတယ္ ။ ဒါေပမယ့္သူ႕မိသားစုေတြအရမ္းလန့္သြားမွာစိုးတာရယ္ ေနာင္မွသူတို႔စိတ္ႀကိဳက္တာေတြ ကိုယ္တိုင္လာဝယ္နိုင္ေအာင္လို႔ရယ္ကိုေတြးၿပီး ဒီေလာက္နဲ႕ရပ္တန့္ခဲ့တာပင္။

ပိုင္လီက ရတနာဆိုင္ကထြက္လာၿပီးမွာ သူ႕အိမ္အတြက္ ဘာလိုေသးလဲစဥ္းစားေနေပမယ့္ အေသးေလးေတြအတြက္ မုန့္ကလြဲရင္ ဘာမွဝယ္စရာမရွိတာကိုသေဘာေပါက္သြားခဲ့သည္။ ၿပီးခဲ့တဲ့တစ္ေခါက္က သူက လွည္းႏွစ္စီအျပည့္နဲ႕ လိုအပ္တာေတြအကုန္ဝယ္ထားခဲ့တာဆိုေတာ့ ေဆာင္တြင္းအတြက္လည္း ဘာမွမလိုအပ္ေတာ့ဘူး။ ဒီေတာ့ ပိုင္လီက အေသးေလးေတြမုန့္တခ်ိဳ႕ရွာဝယ္အၿပီးမွာ ေခ်ာင္အိမ္ကိုျပန္ေတာ့ဖို႔လုပ္ခဲ့ေသာ္လည္း ပန္းထိုးဖိနပ္မ်ားေရာင္းခ်ေနေသာဆိုင္ေလးတြင္ သူ႕မိသားစုက ေကာေတြနဲ႕အမ်ိဳးသမီးေတြဖို႔ ဖိနပ္မ်ားၾကည့္ေနစဥ္ လူတခ်ိဳ႕ကသူ႕အနားခ်ဥ္းကပ္လာခဲ့က်သည္။

ပိုင္လီက ဒါကိုသတိထားမိေပမယ့္ သူကဖိနပ္ေတြၾကည့္ေနရာကေန အၾကည့္ပ်က္မသြားပါဘူး။ တစ္ေယာက္ကသာ သူ႕အနားကပ္လာၿပီး အံႀကိတ္သံခပ္တိုးတိုးျဖင့္...

"မိန္းကေလးယန္က မင္းကို ဟြမ္ဟြာကိုလာဖို႔ဖိတ္လိုက္တယ္ ေက်းဇူးျပဳၿပီး မျငင္းတာက ေကာင္းလိမ့္မယ္ေနာ္"

ပိုင္လီက ေနာက္ဆုံးတြင္ ဒါကေရာက္လာၿပီပဲဟု ေတြးမိသြားခဲ့သည္။ ပိုင္လီက ဘာလို႔လဲမသိေပမယ့္ ယန္စန္းဟြားက အေၾကာင္းတစ္ခုခုေၾကာင့္ ကေလးေတြကို လက္လႊတ္မွာမဟုတ္ဘူးလို႔ ရိပ္မိခဲ့ၿပီး သူကဒီအတြက္အၿမဲသတိရွိေနခဲ့တယ္။ ဒါေပမယ့္ သူက လုံးဝကိုဂ႐ုမစိုက္ဘူး။

ပိုင္လီက အခုခ်ိန္မွာ ပန္းေရာင္ေပၚမွာ အျပာေရာင္လိပ္ျပာေလးေတြပန္းထိုးထားတဲ့ ကေလးစီးဖိနပ္ေလးေတြကိုၾကည့္ေနတာျဖစ္ၿပီး သူကတစ္ဖက္လူကိုဂ႐ုမစိုက္စြာနဲ႕ ထိုဖိနပ္ေလးကို လက္ေခ်ာင္းထည့္ကာေတာင္ လ်ိဳၾကည့္ေနေသး၏။ ၿပီးမွ သူကထိုလူကိုေျပာလိုက္သည္။

"ဟမ္..က်ဳပ္က က်ဳပ္ဇနီးနဲ႕ က်ဳပ္ရဲ႕မိသားစုကို ျပည့္တန္ဆာအိမ္ေတြကို ထပ္မသြားေတာ့ပါဘူးလို႔ ကတိေပးထားတယ္ ဒါေၾကာင့္မလိုက္ေတာ့ပါဘူး"

ပိုင္လီ၏ေလသံက သာမာန္ပင္။ သူက အသံတင္ေျပာခ်င္းမရွိေပမယ့္ အသံနိမ့္ၿပီးေျပာခ်င္းလည္းမရွိတဲ့အတြက္ ဖိနပ္ေရာင္းတဲ့မိန္းမႀကီးက ၾကားသြားတာပုံမွန္ပါပဲ။ ထိုမိန္းမႀကီးက လူမိုက္႐ုပ္နဲ႕တစ္ေယာက္က သူမဆီ ဖိနပ္ဝယ္ေနတဲ့ေကာင္ေလးကို တိုးတိုးကပ္ေျပာတာျမင္လိုက္ရေပမယ့္ အသံကတိုးလြန္းတာေၾကာင့္ မၾကားခဲ့ရေပ။ ဒါေပမယ့္ အခုေတာ့ ပိုင္လီစကားေၾကာင့္ သူမကခန့္မွန္းနိုင္သြားၿပီ။ ဒါက လိမၼာဖို႔ႀကိဳးစားေနတဲ့ သူမ်ားအိမ္ကသားကို ဖ်က္စီးတတ္တဲ့ ေခြးလိုအေပါင္းသင္းေတြကလြဲရင္ ဘာျဖစ္နိုင္မွာတဲ့လဲ။ ဒီအေတြးနဲ႕သူမက ထိုလူကိုမႏွစ္ၿမိဳ႕စြာႏွာေခါင္းရႈံ႕လိုက္ေတာ့တယ္။

ပိုင္လီရဲ႕ေဘးကလူကလည္း ဒါကိုျမင္ၿပီး သူကပိုင္လီကို စိတ္တိုစြာၾကည့္လိုက္ေပမယ့္ ပိုင္လီက သူ႕ကိုလုံးလုံးဂ႐ုစိုက္စြာနဲ႕ ဖိနပ္ေလးကိုျပၿပီး ေမးေနတာကိုေတြ႕ခဲ့ရသည္။

"အေဒၚ ဒီလိုပုံစံတူေလးရွိလား ကြၽန္ေတာ့္အိမ္ကေလးေတြက အမႊာေလးေတြဆိုေတာ့ ဆင္တူေလးဝယ္ေပးခ်င္လို႔ပါ"

အမ်ိဳးသမီးႀကီးသည္ ပိုင္လီ၏ ရည္မြန္သည့္႐ုပ္ရည္ႏွင့္ ေဖာ္ေ႐ႊတတ္ေသာအၿပဳံးေၾကာင့္ ပိုင္လီအေပၚတြင္ျငင္သာေပသည္။ သူမက...

"ရွိဦးမလားမသိဘူး မင္းခဏေစာင့္ဦး အေဒၚရွာလိုက္ဦးမယ္ "

ဒါကိုၾကားေတာ့ ပိုင္လီကလည္း...

"ေက်းဇူးပါ ကြၽန္ေတာ္အလွ်င္မလိုတာေၾကာင့္ အေဒၚေျဖးေျဖးခ်င္းရွာလို႔ရပါတယ္"

မရွိသည့္ ေလလိုပင္သေဘာထားခံေနရသည့္ ေဘးကလူသည္ ဒါကိုျမင္ေတာ့ေအာ္ဟစ္ခ်င္မိသြားခဲ့သည္။ သူက အမ်ိဳးသမီးႀကီး အိတ္ထဲကဖိနပ္ပုံထဲကေန ပိုင္လီေျပာတဲ့ဖိနပ္ေလးေတြကိုရွာေနစဥ္ သူကစိတ္မရွည္စြာႏွင့္...

"ငါေျပာေနတာကို ေစာက္ဂ႐ုစိုက္စမ္း မင္းကို ေ႐ြးခ်ယ္ခြင့္ေပးေနတာမဟုတ္ဘူး အခုခ်က္ျခင္းဟြမ္ဟြာကိုလိုက္ခဲ့!"

ထို႔ေနာက္ သူက ပိုင္လီ၏လက္ကို ဖမ္းကိုင္လိုက္ေသာ္လည္း တိုက္ဆိုင္သည္လား တမင္လားမသိစြာပိုင္လီက ေနာက္ထပ္ဖိနပ္တစ္ခုကို ေကာက္ကိုင္လိုက္ခ်ိန္ႏွင့္ တိုးသြား၍ ေလကိုဖမ္းမိသြားခဲ့သည္။ အဲဒီအခ်ိန္မွာ အမ်ိဳးသမီးႀကီးက ေခါင္းျပန္ေမာ့လာၿပီျဖစ္လို႔ ထိုလူကအခြင့္ေရးမသာေတာ့ဘူး။

ပိုင္လီက ေကာက္ကိုင္လိုက္သည့္ဖိနပ္ကိုျပကာ...

"အေဒၚ ဒီလိုပန္းထိုးထားတဲ့ပုံက ေအာက္ခံအနက္ပဲရွိတာလား အျပာေရာင္ဘက္သြားတဲ့တစ္ခုခုမရွိဘူးလား ကြၽန္ေတာ့္ဇနီးက အနက္နဲ႕သိပ္မလိုက္လို႔ပါ"

အမ်ိဳးသမီးႀကီးသည္ ပိုင္လီက သူ႕ဇနီးကို ဂ႐ုစိုက္ခ်င္စိတ္ရွိသည္ျမင္သည့္အခါ အခုထိထြက္မသြားေသးဘဲ စိတ္မရွည္သည့္ပုံစံႏွင့္ ပိုင္လီကို မဟုတ္သည့္ေနရာေတြကို ဇြတ္ေခၚခ်င္ေနပုံရေသာလူကို ပို၍အထင္ျမင္ေသးသြားခဲ့၏။ သူမ်ားက သူ႕မိသားစုကိုဂ႐ုစိုက္ေနတဲ့အခ်ိန္မွာ နင္ကေတာ့ သူမ်ားကို ဖ်က္စီးဖို႔ေတြးေနတယ္။ ဘယ္လိုေတာင္႐ြံစရာလဲ။

ဒါေၾကာင့္ သူမက ပိုင္လီျပသည့္ဖိနပ္ကို ယူလိုက္ကာ ႐ြဲ႕ေစာင္းသည့္အၿပဳံးႏွင့္....

"လူငယ္ေလး မင္းရဲ႕ဇနီးအတြက္ ေတြးခ်င္စိတ္ရွိတာအရမ္းေကာင္းတာပဲ မင္းရဲ႕ဇနီးက မင္းကိုျပဳစုၿပီး မင္းအတြက္ ကေလးေတြေမြးေပးထားတယ္ မင္းသူ႕ကိုငဲ့ညာရမယ္ ၾကင္နာရမယ္ တခ်ိဳ႕လူေတြဖ်က္စီးခ်င္တိုင္း ပ်က္စီးမသြားလိုက္နဲ႕!"

ပိုင္လီက အေဒၚႀကီးစကားကိုေထာက္ခံကာ ေခါင္းၿငိမ့္လိုက္ေတာ့ ေဘးကလူသည္ သြားေတြကိုႀကိတ္ရလြန္းလို႔ မီးေတာက္လာေတာ့မလိုပင္ ခံစားခဲ့ရသည္။ အေဒၚႀကီးက တဖန္ ပိုင္လီေျပာတဲ့ဖိနပ္ကိုရွာေနတဲ့အခ်ိန္မွာ သူက အသံတိုးထားေပမယ့္ၿခိမ္းေျခာက္သံနဲ႕...

"ငါမင္းကို ေနာက္ဆုံးေျပာလိုက္မယ္ မင္းရွာထားတဲ့ျပႆနာကို ကိုယ္ဘာသာသိ! မိန္းကေလးယန္က မင္းကိုလႊတ္ေပးမွာမဟုတ္ဘူး အဲေတာ့ ဒီေန႕မကုန္ခင္ ဟြမ္ဟြာကိုလာခဲ့လိုက္ မဟုတ္ရင္ ေနာင္တရသြားေစရမယ္!"

ထို႔ေနာက္ ထိုလူကလွည့္ထြက္သြားၿပီး မလွမ္းမကမ္းကလူသုံးေလးေယာက္နဲ႕အတူ လွ်င္ျမန္စြာ ျမင္ကြင္းထဲကေနေပ်ာက္ကြယ္သြားခဲ့ေတာ့သည္။ ပိုင္လီက ေပ်ာက္ကြယ္သြားတဲ့လူေတြၾကည့္ၿပီးမွ ခပ္တိုးတိုးေရ႐ြတ္လိုက္၏။

"ငါက ေနာင္တရမွာမဟုတ္ပါဘူး..."

သူက တကယ္ေနာင္တရမွာမဟုတ္ဘူး။ သူက ဟြမ္ဟြာကိုသြားမိမွသာ ေနာင္တရမွာပါ။

ယန္စန္းဟြားက သူ႕ကိုေခၚတာက ကေလးေတြဝယ္ဖိုညွိနိူင္းခ်င္႐ုံပဲေလ။ သူက လုံးဝမေရာင္းနိုင္မွာေတာ့ေျပလည္တဲ့ ညွိနိူင္းမႈ ျဖစ္လာမွမဟုတ္တာ။ ဒါကိုသိထားရက္နဲ႕ ဟြမ္ဟြာထဲကိုမိုက္မဲစြာဝင္သြားမိရင္ မေျပလည္တဲ့ေနာက္ဆုံး ယန္စန္းဟြားထုတ္သုံးလာမွာက အၾကမ္းဖက္မႈပဲျဖစ္မွာမဟုတ္ဘူးလား။

အကယ္၍ ဟြမ္ဟြာထဲမွာသာ အၾကမ္းဖက္ခံခဲ့ရရင္ သူ႕ေျခေထာက္နဲ႕သူ ဟြမ္ဟြာထဲဝင္သြားခဲ့တာေၾကာင့္ သူ႕ဘက္က အားနည္းခ်က္ျဖစ္သြားနိုင္ၿပီး အဲဒီအစား သူတို႔ေတြလုပ္မယ့္ အၾကမ္းဖက္မႈကို အျပင္မွာျဖစ္ေအာင္ ဆြဲေခၚလိုက္တာကပဲမေကာင္းဘူးလား။ ဘာပဲျဖစ္ျဖစ္ ယန္စန္းဟြားက ေနာက္ဆုံးမွာအၾကမ္းနည္းသုံးလာမွာပဲကို။

ၿပီးေတာ့ သူက တကယ္သူ႕မိသားစုကို ကတိေပးထားတာေလ။ ဝင္စရာလား။

ဖိနပ္ရွာၿပီး ေခါင္းျပန္ေမာ့လာေသာ အမ်ိဳးသမီးႀကီးသည္ ပိုင္လီ၏ ေခြးလိုအေပါင္းေဖာ္မ်ားမရွိေတာ့သည္ကို ျမင္ေသာအခါ သူမက စိတ္ေအးသြားခဲ့သည္။ သူမက ဖိနပ္ကို ပိုင္လီထံကမ္းေပးလိုက္ၿပီး....

"မင္းလိုက္မသြားတာေကာင္းတယ္ သူတို႔ေတြက မင္းကိုဖ်က္စီးခ်င္ေနက်တာ ေနာက္ဆို အေပါင္းသင္းထားရင္ၾကည့္ထား ကိုယ့္ကို ဖ်က္စီးမယ့္လူေတြနဲ႕ မေပါင္းမိေစနဲ႕"

ပိုင္လီက ဒီေစတနာေကာင္းရွိတဲ့ အေဒၚႀကီးအထင္လြဲေနတာကို အမွန္ေျပာဖို႔ ရည္႐ြယ္ခ်က္မရွိဘဲ သူက ေကာင္းမြန္တဲ့အႀကံေပးစကားေတြကို ေက်နပ္စြာပဲလက္ခံလိုက္သည္။ အဲဒီေနာက္ သူက ဖိနပ္တခ်ိဳ႕ထပ္ဝယ္ခဲ့ၿပီး က်သင့္ေငြရွင္းၿပီးေနာက္မွ ေမးလိုက္၏။

"အေဒၚ ဖိနပ္ေတြမွာ ပန္းထိုးထားတဲ့လက္ရာကအရမ္းေကာင္းတာပဲ အေဒၚကိုယ္တိုင္ထိုးတာလား"

အမ်ိဳးသမီးႀကီးသည္ တစ္ခါထဲႏွင့္ ဖိနပ္အမ်ားႀကီးေရာင္းရသြားလို႔ ေငြေတြကို ေက်နပ္စြာေရတြက္ၿပီး ဒါကိုၾကားေတာ့ သူမကၿပဳံးၿပီးျပန္ေျဖလာခဲ့သည္။

"ဟုတ္တယ္ အေဒၚငယ္ငယ္က မိသားစုကအဆင္ေျပေတာ့ ပန္းထိုးသင္ေပးခဲ့တာ သင္ေပးတဲ့ဆရာက အေဒၚ့မွာအရည္ခ်င္းရွိတယ္ဆိုၿပီး သူ႕သိထားတဲ့နည္းေတြအကုန္ သင္ေပးသြားတာေလ ဒါေပမယ့္ အေဒၚနဲ႕အေဒၚ့မိသားစုက နည္းနည္းအေတာ့ အထည္ဆိုင္တစ္ခုက အျမတ္ထုတ္ခံခဲ့ရေတာ့တာပဲ သူတို႔က အေဒၚ့ကို ေငြနည္းနည္းနဲ႕မ်ားမ်ားအလုပ္လုပ္ခိုင္းမယ့္ စာခ်ဳပ္မွာ လွည့္စားၿပီး လက္မွတ္ထိုးခိုင္းခဲ့တာ အိုက္ယား! အတိတ္ေတြပါကြယ္ စာခ်ဳပ္ကုန္သြားတာ ႏွစ္တခ်ိဳ႕ပဲရွိေနၿပီ အခုေတာ့ အေဒၚဝါႆနာပါတဲ့ ဖိနပ္ေတြပဲပန္းထိုးၿပီးေငြရွာေနတာေလ"

ပိုင္လီက ဒီအမ်ိဳးသမီးႀကီးရဲ႕ဇာက္လမ္းကိုၾကားေတာ့ စိတ္မေကာင္းျဖစ္သြားေသာ္လည္း ယခုအခါသူမေပ်ာ္႐ႊင္ေနတာကိုၾကည့္ၿပီး သူမက အတိတ္ကိုလႊတ္ခ်နိဳင္ခဲ့ၿပီမွန္းျမင္နိုင္ခဲ့သည္။

"အေဒၚဒီမွာပဲ အၿမဲေရာင္းတာလား"

ဒါကိုအမ်ိဳးသမီးႀကီးကေခါင္းၿငိမ့္လာၿပီး...

"ဟုတ္တယ္ မင္းေနာက္ထပ္လာခ်င္လို႔လား အေဒၚကဒီမွာပဲအၿမဲေရာင္းတာ ဒီမွာလာရွာလွည့္ေနာ္"

ပိုင္လီက သူဖိနပ္ေတြဝယ္ခ်င္ပါက လာရွာမည္ျဖစ္ေၾကာင္းႏွင့္ အမ်ားႀကီးေရာင္းရန္ဆုေတာင္းေပးၿပီးေနာက္ ေခ်ာင္အိမ္သို႔ျပန္လာခဲ့လိုက္သည္။

ဟြမ္ဟြာကိုလား? သူက အေရးကိုမစိုက္ပါဘူး။

ထိုေန႕တြင္ ေခ်ာင္ရန္က အေစာႀကီးျပန္လာခဲ့ၿပီးေနာက္ သူတို႔ေတြအတူေသာက္ျဖစ္ခဲ့ကာ ညနက္တဲ့ထိ စကားေတြေျပာျဖစ္ခဲ့က်၏။ အဓိကအေၾကာင္းကေတာ့ ေခ်ာင္ရန္က ပိုင္လီအား ဘာလို႔လွည္းႏွစ္စီးေပမယ့္ တစ္ေယာက္ထဲလာျဖစ္တဲ့အေၾကာင္းနဲ႕ ဘာဆက္လုပ္မလဲဆိုသည့္ အေၾကာင္းေတြကို ေမးေနတာပင္။

ပိုင္လီက သူတို႔႐ြာမွာျဖစ္သြားတဲ့ ဝမ္႐ူရဲ႕ကိစၥကိုရွင္းျပခဲ့ၿပီး သူ႕အေနနဲ႕ သိပ္မၾကာခင္မွည သစ္သီးၿခံတည္ဖို႔အစီစဥ္ရွိေၾကာင္း ရွင္းျပခဲ့ေတာ့ ေခ်ာင္ရန္က အားေပးခဲ့တဲ့အျပင္ သစ္သီးနဲ႕ပတ္သတ္ၿပီး လုပ္လို႔ရတဲ့စီးပြားေရးလမ္းေၾကာင္းတခ်ိဳ႕ကိုပါ သူ႕ကိုအႀကံေပးခဲ့သည္။ ေခ်ာင္ရန္မွာ ကုန္သည္အသိေတြရွိၿပီး ပိုင္လီက သစ္သီးေတြကို ၿမိဳ႕ေတာ္ကိုတင္သြင္းခ်င္ရင္လည္း သူကူညီလို႔ရပါတယ္တဲ့။

မိသားစုႏွစ္စုရဲ႕ဦးစီးႏွစ္ေယာက္က စတဲ့စီးပြားေရးကိစၥေတြကိုေျပာရင္း ညကို ေအးေဆးစြာအဆုံးသတ္ခဲ့လိုက္က်သည္။

ေနာက္တစ္ေန႕ မနက္ေစာေစာမွာေတာ့ ပိုင္လီ႐ြာကိုျပန္ခ်ိန္ေရာက္လာပါၿပီ။

ေခ်ာင္းခ်င္းခ်င္းေလးက ဒီေန႕မွာလည္း အေစာႀကီးနိုးေနၿပီး သူမေလးက ပိုင္လီကိုႏႈတ္ဆက္ဖို႔ အေျပးလႊားလာခဲ့ရွာကာ အနည္းငယ္လည္း ငိုမဲ့မဲ့ျဖစ္ေနခဲ့သည္။ အေၾကာင္းကေတာ့ ေခ်ာင္ရန္က အလုပ္ေတြရႈပ္ေနလို႔ သူမေလးကို ပိုင္လီဆီ အလည္ပတ္လိုက္မပို႔ေပးနိုင္ေသးလို႔ပါပဲ။ မေန႕ညကဆို သူမေလးက ပိုင္လီနဲ႕အရင္လိုက္သြားၿပီး ေနာက္မွ ေခ်ာင္ရန္တို႔ကလာေခၚလို႔မရဘူးလို႔ေတာင္ ဂ်ီက်ခဲ့ေသးလို႔ အကုန္လုံးကဝိုင္းေခ်ာ့ထားရတာပင္။

ပိုင္လီက စူပုတ္ပုတ္ျဖစ္ေနတဲ့ကေလးမေလးနဲ႕အရပ္ညီေအာင္ ထိုင္လိုက္ၿပီး စံပါယ္ပန္းပုံစံခါးခ်ိတ္အေဆာင္ေလးကို ခ်ိတ္ေပးလိုက္ကာ....

"ဒါက ခ်င္းခ်င္းအတြက္ ဦးဦးရဲ႕လက္ေဆာင္ပဲ! ႀကိဳက္ရဲ႕လား"

ေက်ာက္စိမ္းျဖဴႏွင့္ ထြင္းထုထားသည့္ စံပါယ္ပန္းစံ ခါးခ်ိတ္အေဆာင္ေလးသည္ အရမ္းကိုခ်စ္စရာေကာင္းၿပီး မေန႕က ပိုင္လီက ဒါကို ေခ်ာင္ခ်င္းခ်င္းအတြက္ ရည္႐ြယ္ကာဝယ္လာခဲ့တာပင္ျဖစ္သည္။

ေခ်ာင္ရန္နဲ႕ဟုန္ရင္းကဒါကိုျမင္ေတာ့ သူတို႔ကအရမ္းအားနာသြားက်ၿပီး...

"ဒါကို ဘယ္လိုလုပ္ ခ်င္းခ်င္းကိုေပးရတာလဲ ဒါကအနည္းဆုံး ေ႐ႊေခ်ာင္းဆယ္ဂဏန္းထိရွိေလာက္မွာ အရမ္းမ်ားတယ္ ငါတို႔လက္မခံနိုင္ဘူး"

ပိုင္လီကေတာ့ ကေလးမေလး၏ ေခါင္းကိုပုတ္ကာ ထရပ္ၿပီးေနာက္...

"ဒါက အကိုႀကီးတို႔ကိုေပးတာမွမဟုတ္တာ အကိုႀကီးနဲ႕မရီးက လက္ခံစရာမလိုပါဘူး ဒါက ခ်င္းခ်င္းအတြက္ဆိုေတာ့ ခ်င္းခ်င္းလက္ခံခ်င္ရင္ရၿပီ ဘယ္လိုလဲ ဒါကလည္း စံပါယ္ပန္းပြင့္ေလးေလ ခ်င္းခ်င္းက စံပါယ္ပန္းကိုႀကိဳက္တယ္မလား"

ေခ်ာင္ခ်င္းခ်င္းက ခါးခ်ိတ္အေဆာင္ေလးကို ၾကည့္ေနကာ ဒါကစံပါယ္ပန္းေလးလို႔ၾကားသည့္အခါ သူမေလးက အလြန္ေပ်ာ္႐ႊင္သြားခဲ့သည္။ ေက်ာက္စိမ္းနဲ႕လုပ္ထားတဲ့စံပါယ္ပြင့္ေလးက သူမအိမ္က စံပါယ္ပန္းပြင့္ေလးေတြနဲ႕သိပ္မတူေပမယ့္ သူမက သိပ္မၾကည့္တတ္ပါဘူး။ လူႀကီးေတြက ဒါကိုစံပါယ္ပန္းလို႔ေျပာရင္ သူမကစံပါယ္ပန္းလို႔ပဲသိၿပီး သူမက စံပါယ္ပင္ေလးအစား အစားျပန္ရလိုက္သလိုပဲမလို႔ အလြန္ေက်နပ္သြားေတာ့သည္။

"အြန္း စံပါယ္ပြင့္ေလးဆိုရင္ ခ်င္းခ်င္းကႀကိဳက္တယ္! ဦးဦးပိုင္ကိုေက်းဇူးတင္ပါတယ္"

ေခ်ာင္ရန္ႏွင့္ ဟုန္ရင္းသည္ သူတို႔ကလက္မခံနိုင္ဘူးေျပာၿပီး သူတို႔သမီးက တန္းလက္ခံလိုက္သျဖင့္ မ်က္ႏွာကို ဘယ္နားသြားဖြတ္ထားရမလဲမသိ ျဖစ္သြားခဲ့က်သည္။

အဲဒီေနာက္မွာေတာ့ ပိုင္လီက ေခ်ာင္မိသားစုကို ႏႈတ္ဆက္ၿပီး ႐ြာကိုျပန္လာခဲ့ေသာ္လည္း သူက သိပ္ေပ်ာ္႐ႊင္မေနပါေခ်။ ဘာလို႔လည္းဆိုေတာ့ သူဒီေန႕အိပ္ျပန္ေရာက္ဦးမွာ မဟုတ္တာကိုသိေနလို႔ပါပဲ။

..................................................................
(AN/ ေ႐ႊေခ်ာင္းေလးေသာင္းေက်ာ္ဆိုတာ အမ်ားႀကီးပါရွင္။ အိမ္ေတာ္ႀကီးလိုေဆာက္ရင္ေတာင္ ေ႐ႊေခ်ာင္းတစ္ေသာင္းမကုန္တဲ့အတြက္ ပိုင္လီကနည္းနည္းပဲသုံးလိုက္တယ္လို႔ေျပာလို႔ရပါတယ္။ အေမာင္ပိုင္လီကို လက္ဖြာတယ္ဆိုၿပီးမဆူက်ပါနဲ႕လို႔။

paid gpမွာ အပိုင္း (၉၀) ထိၿပီးပါၿပီ။

51-85 gpရဲ႕ေစ်းေလးက 3000ကေန 2500တရားဝင္ျဖစ္သြားပါၿပီရွင္။)

Continue Reading

You'll Also Like

279K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
233K 25.6K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
6.3K 460 20
Cake နဲ့ Seeiwရဲ့ storyလေးကို ဘာသာပြန်ချင်လို့ပါ။ လိုအပ်ချက်တွေရှိရင်တော့နားလည်ပေးနော်။
28.1K 1.6K 51
နတ်မိစ္ဆာဘုရင်လေးနဲ့ လူသားအိမ်ရှေ့စံလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ။ ဘာသာပြန်လုံးဝမဟုတ်ပါ❌❌