အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

Oleh FlowerRainButterfly

1.5M 191K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ Lebih Banyak

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု

အပိုင်း (၅၉)

10.7K 1.4K 21
Oleh FlowerRainButterfly

အပိုင်း (၅၉) မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ် -2

ပိုင်လီကတော့ ထိုကောင်မလေးက ဘာတွေတွေးနေလဲဆိုတာမသိပေ။ သူက ယွီလျန်ဟွားရဲ့အလယ်ထပ်ကိုတက်လာလိုက်ပြီး ထိုအထပ်သည်ရွှေထည်များနှင့် တခြားအဖိုးတန်ပစ္စည်းများကို ရောင်းချသောအထပ်ပင်။

ထိုအထပ်မှာရှိတဲ့ အရောင်းတာဝန်ခံအမျိုးသမီးက ပိုင်လီကိုမြင်တော့ ပြုံးရွှင်စွာနဲ့...

"အိုက်ယား! မုဆိုးပိုင်ပါလား "

ပိုင်လီက ဒီအမျိုးသမီးက သူ့ကို သိနေဖို့ မမျှော်လင့်ခဲ့ပေမယ့် သိနေတော့လည်း အထွေထူးပြောစရာမလိုတော့ဟု တွေးလိုက်၏။ တာဝန်ခံအမျိုးသမီးကလည်း ပိုင်လီကိုသိနေသည်ဆိုမှတော့ သူမက မနေ့က ပိုင်လီဘယ်လောက်တောင် ငွေဝင်သွားမှန်းသိနေလေရာ ယခုကဲ့သို့ သူမဆိုင်သို့ရောက်လာချိန်တွင် ဒီနေ့တော့အကြီးကြီးရောင်းရတော့မည်ဟုတွေးကာ ပျော်ရွှင်နေတာဖြစ်သည်။

သူမက အရမ်းကိုဖော်ရွေစွာနဲ့ ....

"အရင်ထိုင်ပါဦး.."

ပိုင်လီက ဒီအမျိုးသမီးရဲ့ဖော်ရွေမှုကို နားလည်တဲ့အတွက် ခုံမှာဝင်ထိုင်လိုက်ပြီး ဤအထပ်သည် ကြွယ်ဝသည့်လူများအတွက်သာ ရည်ရွယ်ထားသည်ဖြစ်လို့ ဧည့်သည်များထိုင်ဖို့ပြင်ဆင်ထားသည့်ခုံများကပင် ခမ်းနားလှပနေခဲ့သည်။ ဒါပေမယ့် အပြင်အဆင်တွေက အမျိုးသမီးတွေရဲ့အကြိုက် တလက်လက်ဖြစ်လွန်းတာကြောင့် ပိုင်လီတို့လို ယောင်္ကျားကြီးတွေအတွက်တော့ သိပ်အဆင်မပြေလှဘူး။

တာဝန်ခံအမျိုးသမီးက ချက်ခြင်းဘာမှမပြောသေးဘဲ တူညီသည့်ပန်းရောင်အင်္ကျီဝတ်ထားသော ဆယ်ကျော်သက်အရွယ် ကောင်မလေးနှစ်ယောက်က တစ်ယောက်က လက်ဖက်ရည်ဗန်းကိုသယ်လာပြီး တစ်ယောက်က အဆာပြေမုန့်ဗန်းသယ်လာကာ ပိုင်လီအတွက်ပါ လက်ဖက်ရည်ငှဲ့ပေးသွားသဖြင့် ပိုင်လီတိတ်တဆိတ်မျက်ခုံးပင့်မိခဲ့၏။ သူက တလျောက်လုံးမှာ သူရောက်နေတဲ့ဒီနေရာက အရမ်းကိုရှေးကျလွန်းပြီး ဘာမှသိပ်မရှိသေးဘူးလို့ ထင်ခဲပေမယ့် ဒီလိုမျိုး ရတနာဆိုင်တွေမှာ ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေရှိနေမယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမယ့် ပြန်တွေးကြည့်ပြီးနောက်မှာတော့ ဒါက ဒီလိုဆိုင်မျိုးတွေကိုမကြာခဏလာတက်တဲ့ သခင်မတွေနဲ့သခင်မလေးတွေ စိတ်ကျေနပ်အောင် လုပ်ပေးတာမျိုးမှန်း သဘောပေါက်သွားခဲ့တော့သည်။

တာဝန်ခံအမျိုးသမီးက အဆာပြေမုန့်တွေနဲ့ လက်ဖက်ရည်တွေ ချပေးပြီးတော့မှ ပိုင်လီရဲ့အရိပ်ခြေကိုကြည့်ကာ...

"မုဆိုးပိုင်က ဒီနေ့ ကျွန်မတို့ဆိုင်ကိုရောက်လာတာဆိုတော့  လက်ဝတ်ရတနာတစ်ခုခုကို ဝယ်ချင်လို့ထင်တယ်နော် မုဆိုးပိုင် စိတ်ကြိုက်ပုံစံမျိုးကိုသာပြောလိုက်ပါ ကျွန်မတို့ယူလာပြပါ့မယ် အကယ်၍ စဥ်းစားထားတဲ့ပုံစံမရှိဘူးဆိုရင် ရှိသမျှပစ္စည်းအကုန်ထုတ်ပြခိုင်းလို့လည်းရပါတယ်နော်"

ပိုင်လီက 21ရာစုကလာတဲ့လူဖြစ်၍ ဒီလိုဝန်ဆောင်မှုမျိုးကိုစိမ်းသက်မနေပေ။ ဒါကြောင့်သူက ပုံမှန်ဖြစ်စွာနဲ့ပဲ...

"ဒါဆိုလည်း ရွှေထည်နဲ့ကျောက်စိမ်းထည်တွေ ပြပေးပါ"

ပြီးနောက် သူက တစ်ခုခုကိုသတိရသွားပြီး ထပ်ပြောလိုက်သေးသည်။

"ပုလဲနဲ့ ပတ်သက်တာတွေရောပေါ့"

ဒါကိုကြားတော့ တာဝန်ခံအမျိုးသမီးက ပျော်ရွှင်စွာနှင့် အလယ်ထပ်ရှိ မိန်းမကလေးကိုအကုန်ခေါ်စေကာ ပိုင်လီပြောသည့်ပစ္စည်းတွေကို ယူလာပြဖို့ ချက်ခြင်း စေခိုင်းလိုက်၏။ သူမက အပေါ်ယံတွင် ပြုံးနေသော်လည်း စိတ်ထဲတွင်မူ အနည်းငယ်ဇဝေဇဝါဖြစ်တာပင်။ သူမက ခုံမှာအေးအေးဆေးဆေးထိုင်ပြီး လက်ဖက်ရည်သောက်နေတဲ့ ပိုင်လီကိုထပ်မကြည့်ဘဲမနေနိုင်ခဲ့ဘူး။

တောဝက်တွေရဲ့ကိစ္စပြီးထဲက လူတွေက မုဆိုးပိုင်ဆိုတဲ့နာမည်ကို ပြောလာကျပြီး မနေ့က ဝက်ဝံကိစ္စထပ်ဖြစ်အပြီးတွင် ဆိပ်ကမ်းမြို့ထဲ၌ မုဆိုးပိုင်၏အကြောင်းကို စိတ်ဝင်စားသူအတော်လေးများပြားလာခဲ့သည်။ လူတွေပြောကျတဲ့ သတင်းတွေအရတော့ မုဆိုးပိုင်က ချောင်ကျကျလယ်သမားရွာလေးက ရွားသားတစ်ယောက်တဲ့။ ဒါပေမယ့် သူမဘယ်လိုပဲကြည့်ကြည့် ပိုင်လီဆီမှာ လယ်သမားတစ်ယောက်ရဲ့ အရိပ်ယောင် တစ်စက်လေးမှတောင်ရှိမနေပါဘူး။ သူ့ဆီမှာ နွမ်းပါးတဲ့သူဆိုတဲ့ အရိပ်ယောင်အနည်းငယ်လေးတောင် ဖမ်းလို့မရခဲ့ဘူး။

ထပ်ပြီး တကယ်ပဲ တစ်သက်လုံးကို လယ်သမားရွာလေးမှာ နွမ်းပါးစွာဖြတ်သန်းခဲ့ရရင် မနေ့ကရွှေချောင်းသောင်းချီဝင်မှုကြောင့် ဒီနေ့ ပိုင်လီကစိတ်လှုပ်ရှားတာကို ဖုံးဖိထားရတဲ့ပုံစံမျိုးဖြစ်နေရမှာလေ။ သူမတို့ဆိုင်ရဲ့ ဒုတိယထပ်ကလည်း ကြွယ်ဝတဲ့သူတွေအတွက်ပြင်ဆင်ထားတာဆိုတော့ သာမာန်အလှပြထားတဲ့ ပန်းအိုးလေးကအစ အဖိုးတန်တွေချည်းပဲဖြစ်လို့ လယ်သမားရွာက နေ့ချင်းညချင်းကြွယ်ဝလာတဲ့ လယ်သူဌေးအလောင်းလျာလေးက ဒီလိုခမ်းနားတဲ့ဆိုင်မျိုးကြောင့် အနေခက်ပြီး ရှက်အမ်းအမ်းဖြစ်နေရမှာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး သာမာန်လိုအရမ်းတည်ငြိမ်နေရတာလဲ။

တာဝန်ခံအမျိုးသမီးသည် ပိုင်လီကိုနောက်ထပ် ထပ်မကြည့်ဘဲမနေနိုင်ပေ။

အေးဆေးလွန်းတယ်။ အရမ်းတည်ငြိမ်လွန်းတယ်။

သူ့ကိုကြည့်ရတာ ရွှေချောင်းသောင်းချီကရော၊ သူမတို့ရဲ့ခမ်းနားတဲ့ရတနာဆိုင်ကရော ဘာမှမဟုတ်သလိုပဲ။ သူ့အတွက် ဘာမှမထူးခြားဘဲ သူကဒီလိုမျိုးကြွယ်ဝမှုတွေကို တွေ့ကြုံနေကျဖြစ်လို့ သူ့အတွက်ဘာမှမထူးခြားတော့တဲ့ ပုံစံမျိုးလိုပဲ။ ဒါကလယ်သမားရွာက ရွာသားတစ်ယောက်လို့ သူမဘယ်လိုလုပ်ယုံရမှာလဲ။

ဒီအချိန်မှာ တာဝန်ခံအမျိုးသမီးက ပိုင်လီကဟန်ဆောင်နေတာများလားဟု တွေးနေမိသော်လည်း သူမတွင် အတွေးများနေရန် အချိန်သိပ်မရှိလိုက်ပေ။ ဘာလို့လည်းဆိုတော့ ရွှေထည်နဲ့ကျောင်စိမ်းထည်တွေက ပိုင်လီကိုပြဖို့ အဆင်သင့်ဖြစ်နေပြီမလို့ပါပဲ။

ယွီလျန်ဟွားရဲ့အလယ်ထပ်တွင် တာဝန်ခံအမျိုးသမီးအပြင် မိန်းမငယ်လေးခုနှစ်ယောက်ရှိကာ ယခုတွင်ထိုမိန်းမငယ်လေး ခုနှစ်ယောက်လုံးက ရတနာပစ္စည်းတွေပါသည့် ဗန်းတစ်ခုစီကိုကိုင်ထားပြီး ပိုင်လီ၏ရှေ့တွင် တန်းစီရပ်နေကျလျက် စားပွဲပေါ်တွင်မူ အကောင်းဆုံးပစ္စည်းများထည့်ထားသည့် ရတနာဗန်းလေးခုထပ်ရှိနေသေးသည်။ ပြီးတော့ဒါက အကုန်မဟုတ်သေးပါဘူး။

ဒီလိုအဆင်သင့်ဖြစ်သွားတာကိုမြင်တော့ တာဝန်ခံအမျိုးသမီးက သူမအတွေးတွေကို မောင်းထုတ်လိုက်ပြီး အမြန်ရှင်းပြခန်းဝင်ရတော့သည်။

"မုဆိုးပိုင် ဒါတွေကိုစိတ်ကြိုက်ကြည့်ပါ ဒါတွေအကုန်လုံးက ရွှေထည်၊ ကျောက်စိမ်းထည်နဲ့ ပုလဲနဲ့ပြုလုပ်ထားတဲ့အထည်တွေပါပဲ ဒါပေမယ့် ဒါတွေက မတူညီတဲ့ဒီဇိုင်းပုံစံတွေဖြစ်ပြီး ဒီထဲက မုဆိုးပိုင်တစ်ခုကိုပဲနမူနာရွေးပြီး အဲဒီပစ္စည်းနဲ့ဆင်တူတဲ့ ဒီဇိုင်းတွေနဲ့ အရောင်ကွဲတွေကိုထပ်မေးနိုင်ပါသေးတယ်"

ပိုင်လီက ဒါကိုကြားတော့ခေါင်းငြိမ့်လိုက်ပြီး သူက ရတနာပစ္စည်းတွေထည့်ထားသည့် ဗန်းအားကို မျက်လုံးဝေ့ကြည့်လိုက်သည်။

တကယ်တော့ သူက ဒီလိုမျိုးရွေးနေသင့်တာမဟုတ်ဘူး။ သူ့ဇနီးဖြစ်တဲ့ ရှောင်ဟန်ကသာ ဒီလိုမျိုး ရတနာပစ္စည်းတွေကို စိတ်ကြိုက်ကြည့်ပြီး သူကိုယ်တိုင်အတွက်နဲ့ အိမ်ကအသေးလေးတွေအတွက်ရယ်၊ ပိုင်အမေနဲ့ပိုင်မိန်တို့အတွက်ရယ်ကို ရွေးချယ်ပေးနေရမှာ။ ဒါကမှ ခင်ပွန်းရှာထားတဲ့ငွေကို သုံးနိုင်တဲ့တရားဝင်ဇနီးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်လေ။

သို့သော် ပိုင်လီသိသည်။ ယခုအချိန်တွင် ထိုကောင်စုတ်လေးက သူ့ကိုရိုက်နှက်လျှင်တောင် ဤသို့ငွေဖြုန်းရသည့်လုပ်ငန်းစဥ်ကြီးကို လုပ်ဝံ့မှာမဟုတ်ပေ။ ဒါပေမယ့် ကိစ္စတော့မရှိပါဘူး။ အခုတစ်ကြိမ်မှာ သူဝယ်သွားပြီး နောက်ဒီလိုမျိုးရတနာပစ္စည်းတွေနဲ့အသားကျသွားတဲ့အခါကျရင်တော့ အဲဒီကောင်လေးကို သူ့ဘာသာဝယ်တတ်အောင် လွှတ်ပေးရမှာပေါ့။

ထို့ကြောင့် ပိုင်လီက လက်ရှိတွင် ရတနာပစ္စည်းတွေကိုပဲအာရုံစိုက်လိုက်ကာ ပထမဆုံး သူ့အာရုံကိုဖမ်းစားသွားနိုင်သည့်ပစ္စည်းကတော့ သူ့ရှေ့ခုံပေါ်ကဗန်းတွေထဲမှတစ်ခုဖြစ်သည့် မြစိမ်းရောင်ကျောက်စိမ်းဆံထိုးတစ်ခုပင်။

ပိုင်လီက အဲဒီဆံထိုးကို ယူကြည့်လိုက်တော့ ကျောက်စိမ်းအရောင်က အရမ်းတောက်ပပေမယ့် ကြည်လင်နေပြီး ဆံထိုးသည် အဖျားချွန်သော အဖြောင့်ပုံဆံဖြစ်ကာ တစ်ဖက်အဆုံးနားတွင် ခေါင်းလောင်းပန်းပုံလေးများကို ထွင်းထားကာ ထိုပန်းလေးများက တွဲလျောင်းကျနေသည့်ပုံကို ချိတ်ဆက်ပြီးထွင်းထုထားတာပင်။ ပြောရရင်တော့ လက်ရာက အရမ်း​​သေသပ်ပြီး အရမ်းလည်းအနုစိတ်တယ်။ အကယ်၍ ခေါင်းမှာထိုးထားပြီး လမ်းလျောက်လိုက်တာမျိုးလို လှုပ်ရှားမှုလေးတွေသာလုပ်ရင် ခေါင်းလောင်းပန်းလေးတွေက လှုပ်ရှားသွားပြီး အရမ်းအသက်ဝင်တော့မှာပဲ။

တာဝန်ခံအမျိုးသမီးက ပိုင်လီက အဲဒီဆံထိုးကိုသေချာကြည့်နေတာမြင်တော့ သူမကအမြန်ပင်...

"မုဆိုးပိုင်က အရမ်းကြည့်တတ်တာပဲ ဒါက နောက်နှစ်မှ ပွဲထုတ်မယ့်လက်ရာအသစ်လေ ကျွန်မလိမ်မပြောချင်ဘူး အခု မုဆိုးပိုင်လက်ထဲမှာ ငွေအများကြီးရှိနေတာသိထားလို့ ကျွန်မက နောက်နှစ်မှပွဲထုတ်မယ့်လက်ရာအသစ်တွေကိုချပြလိုက်တာ ကျွန်မတို့ရဲ့ယွီလျန်ဟွားက မြို့တော်မှာလည်းဆိုင်ခွဲရှိတာပေါ့ ဒီခေါင်းလောင်းပန်းပုံဆံထိုးက လုံးဝလက်အရာသစ်ဖြစ်ပြီး မြို့တော်ကဆိုင်ခွဲကိုပဲ ပို့မယ့်ပစ္စည်းတွေပါ စုစုပေါင်း လေးချောင်းပဲရှိပြီး အရောင်တွေပဲကွဲပါတယ် မုဆိုးပိုင်က ကိုယ်တိုင်အနီးကပ်ယူကြည့်နေပြီဆိုတော့ ကျောက်စိမ်းရဲ့အရည်သွေးနဲ့ လက်ရာကိုတော့ ကျွန်မထူးပြီးပြောမပြတော့ဘူးနော်"

ပိုင်လီကလည်း ဆံထိုးရဲ့လက်ရာကိုအရမ်းကျေနပ်နေတာဖြစ်သည်။ သူက နောက်ထပ်အရောင်ကွဲတွေရှိသေးတယ်ကြားတော့...

"နောက်ထပ်အရောင်ကွဲတွေက ဘာအရောင်တွေလဲတစ်ချက်ပြကြည့်ပါဦး"

ဒါကိုကြားတော့ တာဝန်ခံအမျိုးသမီးသည် ပိုင်လီကိုခဏစောင့်ဖို့ပြောခဲ့ပြီး ထိုဆံထိုးရဲ့တခြားအရောင်ကွဲတွေကိုကိုယ်တိုင်သွားထုတ်လာခဲ့သည်။ ဘာလို့လည်းဆိုတော့ အလယ်ထပ်ရဲ့မိန်းကလေးငယ်လေးတွေအကုန်လုံးကမအားလို့ပါပဲ။

သူမက ခဏကြာတော့ သေတ္တာအသေးတစ်လုံးနဲ့ပြန်ရောက်လာပြီး ထိုသေတ္တာထဲက အနက်ရောင်ပိုးသားပေါ်တွင် ကျောက်စိမ်းဆံထိုးသုံးချောင်းရှိနေပြီး သူမက ပိုင်လီကြည့်နိုင်ရန် ပိုင်လီကိုပေးခဲ့သည်။

ပိုင်လီက အထဲကဆံထိုးသုံးချောင်းတွင် အနီရောင်ကျောက်စိမ်းနှင့်ထွင်းထုထားသည်ကတစ်ခု၊ အဖြူတစ်ရောင်ကျောက်စိမ်းနှင့် ထွင်းထုထားသည်ကတစ်ခုကိုတွေ့ခဲ့ပြီး သူကထိုနှစ်ခုလုံးကိုပါယ်ချခဲ့၏။ ဘာလို့လည်းဆိုတော့ သူက ဒီဆံထိုးကိုရှောင်ဟန်အတွက်ရည်ရွယ်ထားပြီး အနီရောင်က တောက်လွန်းကာ ရှောင်ဟန်နှင့်သိပ်မလိုက်ဖက်ပေ။ အဖြူကတော့သိပ်မဆိုးပေမယ့် ရှောင်ဟန်က အေးဆေးတဲ့ကောင်လေးဆိုတော့ အဖြူထပ်ဆင်လိုက်ရင် သိပ်မကောင်းဘူးလို့ထင်မိပြီး ဒါကြောင့် သူက မူလကမြစိမ်းရောင်ဆံထိုးကိုပဲရွေးခဲ့ကာ သေတ္တာထဲတွင်နောက်ဆုံးကျန်ခဲ့သည့် လေးချောင်းမြောင်ဆံထိုးကိုလည်း ရွေးချယ်ခဲ့လိုက်သည်။ ထိုဆံထိုးက စိမ်းပြာရောင်ရှိပြီး တချို့နေရာတွေမှာ ခရမ်းပြာရောင်အမျှင်လေးတွေရောယှက်နေကာ ခေါင်းလောင်းပန်းထွင်းထားသောနေရာသည် လုံးဝကိုခရမ်းရောင်များဖြစ်၍ အရောင်စပ်မှုကအရမ်းလှပြီး မြစိမ်းရောင်ရော၊ ဒီအရောင်ရောက လန်းဆန်းစေတဲ့အရောင်ရှိတာကြောင့် သူကထိုနှစ်ချောင်းကို ရှောင်ဟန်အတွက် ရွေးခဲ့တာပင်။

တာဝန်ခံအမျိုးသမီးသည် ပိုင်လီကနှစ်ချောင်းကို ရွေးချယ်ပြီးတာမြင်တော့ ကျန်သည့်နှစ်ခုကိုပြန်သိမ်းသွားပြီး...

"မုဆိုးပိုင်ကအရမ်းအမြင်ရှိတာပဲ ရွေးထားတဲ့အရောင်တွေလှလွန်းတယ် ကျွန်မ အတင့်ရဲပြီး မှန်းကြည့်မယ်နော် ဒါက မုဆိုးပိုင်ရဲ့ဇနီးအတွက်များလား"

သူမက ပိုင်လီနှင့်ပတ်သတ်ပြီး သတင်းတချို့ကြားခဲ့ရကာ အဲတာက တချို့လူတွေက ပိုင်လီက သူ့ဇနီးကိုသဘောကျဘူးလို့ပြောကျပြီး တချို့လူတွေကတော့ လက်ရှိမှာ ပိုင်လီက သူ့မိသားစုကိုတုန်နေအောင်ချစ်တယ်လို့ ပြန်ငြင်းခုံနေကျတာဖြစ်သည်။ ဒါကြောင့်သူမက ဒီစကားပြောတဲ့အခါ သတိထားရပေမယ့် မတက်နိုင်ဘူးလေ။ သူမရောင်းသူဆိုတော့ ဝယ်သူစိတ်ကျေနပ်အောင် စကားကောင်းတချို့သုံးရဦးမှာဆိုတော့လည်း...။

ထို့ကြောင့် သူမက သတိထားခဲ့ရသော်လည်း ပိုင်လီက ဆံထိုးတွေကြည့်နေရင်းက ခေါင်းငြိမ့်ပြတာကို မြင်လိုက်ရသည့်အခါတွင်မူ ပိုင်လီက သူ့မိသားစုကိုတုန်နေအောင်ချစ်တယ်ဆိုသည့် သတင်းကသာအမှန်ဖြစ်ကြောင်း ယုံကြည်သွားခဲ့တော့သည်။ ဒါကြောင့် သူမက စကားကောင်းတွေပြောဖို့စတင်ကြိုးစားတော့တယ်။

"ဒါဆိုရင်တော့ ကျွန်မပြောရဲတယ် မုဆိုးပိုင်ရဲ့ဇနီးဖြစ်သူက အရမ်းပျော်သွားလိမ့်မယ် ဒီဆံထိုးတွေက တစ်ချောင်းကို ရွှေချောင်း တစ်ရာ့ငါးဆယ်လေ မုဆိုးပိုင်က ဇနီးအတွက် ဆံထိုးနှစ်ချောင်းရွေးခဲ့တာဆိုတော့ ရွှေချောင်းသုံးရာတောင်လေ ဒီလိုတန်ဖိုးကြီးပြီး လှပလွန်းတဲ့ လက်ဝတ်ရတနာမျိုးကို ကိုယ့်ခင်ပွန်းဆီကနေ လက်ဆောင်ရရင် မပျော်တဲ့ဇနီးသည်ရှိမှာမဟုတ်ဘူးလေ ဇနီးဖြစ်သူကတော့ မုဆိုးပိုင်ရဲ့အကြင်နာတွေကို သူတစ်ယောက်ထဲရထားတာကိုသဘောပေါက်သွားပြီး အရမ်းကိုပျော်ရွှင်နေတော့မှာပါပဲ"

ပိုင်လီက ဆံထိုးတွေကိုကြည့်ကာ ရှောင်ဟန်သာဒီဆံထိုးတွေကို ထိုးထားရင်ဘယ်လိုပုံလေးဖြစ်မလဲကို မြင်ယောင်ကြည့်နေတာဖြစ်ပြီး တာဝန်ခံအမျိုးသမီးသမီး၏စကားကြောင့် ရုတ်တရက် သူ့အတွေးထဲကရှောင်ဟန်က သူခေါင်းပေါ်ကဆံထိုးတွေကရွှေချောင်းရာချီတန်မှန်းသိသွားလို့ အကြောက်အကန်ငြင်းတဲ့ပုံဖြစ်သွား၍ သူလည်းရယ်လိုက်မိလေသည်။

ပိုင်လီက သတိလက်လွတ်ရယ်မိရင်းက အဲဒီကောင်စုတ်လေးသာ ဒီဆံထိုးတွေက ရွှေချောင်းရာချီတန်မှန်းသိသွားရင် ဝယ်လာတဲ့သူ့ကိုဘယ်လိုများကြည့်နေမလဲကိုလည်း မတွေးဘဲမနေနိုင်ခဲ့ပေ။
ကျစ်...ဒါကအရမ်းစိတ်ဝင်စားစရာကောင်းတာပဲ။

..................................................................
(AN/ တချို့တွေများ ဘာစိတ်မှမရှိပါဘူး ဘာစိတ်မှမရှိပါဘူးဆိုပြီး အရင်တစ်ခေါက်ကလည်း ဆံထိုးကိုပထမဆုံးဝယ်ပေးပြီး အခုလည်း ပထမဆုံးဝယ်ပေးပြန်ပြီ။ ဘာစိတ်မှမရှိတာကို ယုံပါတယ်လို့နော်😊

paid gp ရှိပါတယ် ။ 51-85 gpနဲ့ 86-120 gp နှစ်ခုလုံးကို 5500ပါရှင်။)

###

အပိုင္း (၅၉) မိသားစုအတြက္ လက္ေဆာင္ေတြ ဝယ္ ဝယ္ ဝယ္ -2

ပိုင္လီကေတာ့ ထိုေကာင္မေလးက ဘာေတြေတြးေနလဲဆိုတာမသိေပ။ သူက ယြီလ်န္ဟြားရဲ႕အလယ္ထပ္ကိုတက္လာလိုက္ၿပီး ထိုအထပ္သည္ေ႐ႊထည္မ်ားႏွင့္ တျခားအဖိုးတန္ပစၥည္းမ်ားကို ေရာင္းခ်ေသာအထပ္ပင္။

ထိုအထပ္မွာရွိတဲ့ အေရာင္းတာဝန္ခံအမ်ိဳးသမီးက ပိုင္လီကိုျမင္ေတာ့ ၿပဳံး႐ႊင္စြာနဲ႕...

"အိုက္ယား! မုဆိုးပိုင္ပါလား "

ပိုင္လီက ဒီအမ်ိဳးသမီးက သူ႕ကို သိေနဖို႔ မေမွ်ာ္လင့္ခဲ့ေပမယ့္ သိေနေတာ့လည္း အေထြထူးေျပာစရာမလိုေတာ့ဟု ေတြးလိုက္၏။ တာဝန္ခံအမ်ိဳးသမီးကလည္း ပိုင္လီကိုသိေနသည္ဆိုမွေတာ့ သူမက မေန႕က ပိုင္လီဘယ္ေလာက္ေတာင္ ေငြဝင္သြားမွန္းသိေနေလရာ ယခုကဲ့သို႔ သူမဆိုင္သို႔ေရာက္လာခ်ိန္တြင္ ဒီေန႕ေတာ့အႀကီးႀကီးေရာင္းရေတာ့မည္ဟုေတြးကာ ေပ်ာ္႐ႊင္ေနတာျဖစ္သည္။

သူမက အရမ္းကိုေဖာ္ေ႐ြစြာနဲ႕ ....

"အရင္ထိုင္ပါဦး.."

ပိုင္လီက ဒီအမ်ိဳးသမီးရဲ႕ေဖာ္ေ႐ြမႈကို နားလည္တဲ့အတြက္ ခုံမွာဝင္ထိုင္လိုက္ၿပီး ဤအထပ္သည္ ႂကြယ္ဝသည့္လူမ်ားအတြက္သာ ရည္႐ြယ္ထားသည္ျဖစ္လို႔ ဧည့္သည္မ်ားထိုင္ဖို႔ျပင္ဆင္ထားသည့္ခုံမ်ားကပင္ ခမ္းနားလွပေနခဲ့သည္။ ဒါေပမယ့္ အျပင္အဆင္ေတြက အမ်ိဳးသမီးေတြရဲ႕အႀကိဳက္ တလက္လက္ျဖစ္လြန္းတာေၾကာင့္ ပိုင္လီတို႔လို ေယာကၤ်ားႀကီးေတြအတြက္ေတာ့ သိပ္အဆင္မေျပလွဘူး။

တာဝန္ခံအမ်ိဳးသမီးက ခ်က္ျခင္းဘာမွမေျပာေသးဘဲ တူညီသည့္ပန္းေရာင္အကၤ်ီဝတ္ထားေသာ ဆယ္ေက်ာ္သက္အ႐ြယ္ ေကာင္မေလးႏွစ္ေယာက္က တစ္ေယာက္က လက္ဖက္ရည္ဗန္းကိုသယ္လာၿပီး တစ္ေယာက္က အဆာေျပမုန့္ဗန္းသယ္လာကာ ပိုင္လီအတြက္ပါ လက္ဖက္ရည္ငွဲ႕ေပးသြားသျဖင့္ ပိုင္လီတိတ္တဆိတ္မ်က္ခုံးပင့္မိခဲ့၏။ သူက တေလ်ာက္လုံးမွာ သူေရာက္ေနတဲ့ဒီေနရာက အရမ္းကိုေရွးက်လြန္းၿပီး ဘာမွသိပ္မရွိေသးဘူးလို႔ ထင္ခဲေပမယ့္ ဒီလိုမ်ိဳး ရတနာဆိုင္ေတြမွာ ေကာင္းမြန္တဲ့ဝန္ေဆာင္မႈေတြရွိေနမယ္လို႔ မထင္ခဲ့ပါဘူး။ ဒါေပမယ့္ ျပန္ေတြးၾကည့္ၿပီးေနာက္မွာေတာ့ ဒါက ဒီလိုဆိုင္မ်ိဳးေတြကိုမၾကာခဏလာတက္တဲ့ သခင္မေတြနဲ႕သခင္မေလးေတြ စိတ္ေက်နပ္ေအာင္ လုပ္ေပးတာမ်ိဳးမွန္း သေဘာေပါက္သြားခဲ့ေတာ့သည္။

တာဝန္ခံအမ်ိဳးသမီးက အဆာေျပမုန့္ေတြနဲ႕ လက္ဖက္ရည္ေတြ ခ်ေပးၿပီးေတာ့မွ ပိုင္လီရဲ႕အရိပ္ေျခကိုၾကည့္ကာ...

"မုဆိုးပိုင္က ဒီေန႕ ကြၽန္မတို႔ဆိုင္ကိုေရာက္လာတာဆိုေတာ့ လက္ဝတ္ရတနာတစ္ခုခုကို ဝယ္ခ်င္လို႔ထင္တယ္ေနာ္ မုဆိုးပိုင္ စိတ္ႀကိဳက္ပုံစံမ်ိဳးကိုသာေျပာလိုက္ပါ ကြၽန္မတို႔ယူလာျပပါ့မယ္ အကယ္၍ စဥ္းစားထားတဲ့ပုံစံမရွိဘူးဆိုရင္ ရွိသမွ်ပစၥည္းအကုန္ထုတ္ျပခိုင္းလို႔လည္းရပါတယ္ေနာ္"

ပိုင္လီက 21ရာစုကလာတဲ့လူျဖစ္၍ ဒီလိုဝန္ေဆာင္မႈမ်ိဳးကိုစိမ္းသက္မေနေပ။ ဒါေၾကာင့္သူက ပုံမွန္ျဖစ္စြာနဲ႕ပဲ...

"ဒါဆိုလည္း ေ႐ႊထည္နဲ႕ေက်ာက္စိမ္းထည္ေတြ ျပေပးပါ"

ၿပီးေနာက္ သူက တစ္ခုခုကိုသတိရသြားၿပီး ထပ္ေျပာလိုက္ေသးသည္။

"ပုလဲနဲ႕ ပတ္သက္တာေတြေရာေပါ့"

ဒါကိုၾကားေတာ့ တာဝန္ခံအမ်ိဳးသမီးက ေပ်ာ္႐ႊင္စြာႏွင့္ အလယ္ထပ္ရွိ မိန္းမကေလးကိုအကုန္ေခၚေစကာ ပိုင္လီေျပာသည့္ပစၥည္းေတြကို ယူလာျပဖို႔ ခ်က္ျခင္း ေစခိုင္းလိုက္၏။ သူမက အေပၚယံတြင္ ၿပဳံးေနေသာ္လည္း စိတ္ထဲတြင္မူ အနည္းငယ္ဇေဝဇဝါျဖစ္တာပင္။ သူမက ခုံမွာေအးေအးေဆးေဆးထိုင္ၿပီး လက္ဖက္ရည္ေသာက္ေနတဲ့ ပိုင္လီကိုထပ္မၾကည့္ဘဲမေနနိုင္ခဲ့ဘူး။

ေတာဝက္ေတြရဲ႕ကိစၥၿပီးထဲက လူေတြက မုဆိုးပိုင္ဆိုတဲ့နာမည္ကို ေျပာလာက်ၿပီး မေန႕က ဝက္ဝံကိစၥထပ္ျဖစ္အၿပီးတြင္ ဆိပ္ကမ္းၿမိဳ႕ထဲ၌ မုဆိုးပိုင္၏အေၾကာင္းကို စိတ္ဝင္စားသူအေတာ္ေလးမ်ားျပားလာခဲ့သည္။ လူေတြေျပာက်တဲ့ သတင္းေတြအရေတာ့ မုဆိုးပိုင္က ေခ်ာင္က်က်လယ္သမား႐ြာေလးက ႐ြားသားတစ္ေယာက္တဲ့။ ဒါေပမယ့္ သူမဘယ္လိုပဲၾကည့္ၾကည့္ ပိုင္လီဆီမွာ လယ္သမားတစ္ေယာက္ရဲ႕ အရိပ္ေယာင္ တစ္စက္ေလးမွေတာင္ရွိမေနပါဘူး။ သူ႕ဆီမွာ ႏြမ္းပါးတဲ့သူဆိုတဲ့ အရိပ္ေယာင္အနည္းငယ္ေလးေတာင္ ဖမ္းလို႔မရခဲ့ဘူး။

ထပ္ၿပီး တကယ္ပဲ တစ္သက္လုံးကို လယ္သမား႐ြာေလးမွာ ႏြမ္းပါးစြာျဖတ္သန္းခဲ့ရရင္ မေန႕ကေ႐ႊေခ်ာင္းေသာင္းခ်ီဝင္မႈေၾကာင့္ ဒီေန႕ ပိုင္လီကစိတ္လႈပ္ရွားတာကို ဖုံးဖိထားရတဲ့ပုံစံမ်ိဳးျဖစ္ေနရမွာေလ။ သူမတို႔ဆိုင္ရဲ႕ ဒုတိယထပ္ကလည္း ႂကြယ္ဝတဲ့သူေတြအတြက္ျပင္ဆင္ထားတာဆိုေတာ့ သာမာန္အလွျပထားတဲ့ ပန္းအိုးေလးကအစ အဖိုးတန္ေတြခ်ည္းပဲျဖစ္လို႔ လယ္သမား႐ြာက ေန႕ခ်င္းညခ်င္းႂကြယ္ဝလာတဲ့ လယ္သူေဌးအေလာင္းလ်ာေလးက ဒီလိုခမ္းနားတဲ့ဆိုင္မ်ိဳးေၾကာင့္ အေနခက္ၿပီး ရွက္အမ္းအမ္းျဖစ္ေနရမွာမဟုတ္ဘူးလား။ ဘယ္လိုျဖစ္ၿပီး သာမာန္လိုအရမ္းတည္ၿငိမ္ေနရတာလဲ။

တာဝန္ခံအမ်ိဳးသမီးသည္ ပိုင္လီကိုေနာက္ထပ္ ထပ္မၾကည့္ဘဲမေနနိုင္ေပ။

ေအးေဆးလြန္းတယ္။ အရမ္းတည္ၿငိမ္လြန္းတယ္။

သူ႕ကိုၾကည့္ရတာ ေ႐ႊေခ်ာင္းေသာင္းခ်ီကေရာ၊ သူမတို႔ရဲ႕ခမ္းနားတဲ့ရတနာဆိုင္ကေရာ ဘာမွမဟုတ္သလိုပဲ။ သူ႕အတြက္ ဘာမွမထူးျခားဘဲ သူကဒီလိုမ်ိဳးႂကြယ္ဝမႈေတြကို ေတြ႕ႀကဳံေနက်ျဖစ္လို႔ သူ႕အတြက္ဘာမွမထူးျခားေတာ့တဲ့ ပုံစံမ်ိဳးလိုပဲ။ ဒါကလယ္သမား႐ြာက ႐ြာသားတစ္ေယာက္လို႔ သူမဘယ္လိုလုပ္ယုံရမွာလဲ။

ဒီအခ်ိန္မွာ တာဝန္ခံအမ်ိဳးသမီးက ပိုင္လီကဟန္ေဆာင္ေနတာမ်ားလားဟု ေတြးေနမိေသာ္လည္း သူမတြင္ အေတြးမ်ားေနရန္ အခ်ိန္သိပ္မရွိလိုက္ေပ။ ဘာလို႔လည္းဆိုေတာ့ ေ႐ႊထည္နဲ႕ေက်ာင္စိမ္းထည္ေတြက ပိုင္လီကိုျပဖို႔ အဆင္သင့္ျဖစ္ေနၿပီမလို႔ပါပဲ။

ယြီလ်န္ဟြားရဲ႕အလယ္ထပ္တြင္ တာဝန္ခံအမ်ိဳးသမီးအျပင္ မိန္းမငယ္ေလးခုႏွစ္ေယာက္ရွိကာ ယခုတြင္ထိုမိန္းမငယ္ေလး ခုႏွစ္ေယာက္လုံးက ရတနာပစၥည္းေတြပါသည့္ ဗန္းတစ္ခုစီကိုကိုင္ထားၿပီး ပိုင္လီ၏ေရွ႕တြင္ တန္းစီရပ္ေနက်လ်က္ စားပြဲေပၚတြင္မူ အေကာင္းဆုံးပစၥည္းမ်ားထည့္ထားသည့္ ရတနာဗန္းေလးခုထပ္ရွိေနေသးသည္။ ၿပီးေတာ့ဒါက အကုန္မဟုတ္ေသးပါဘူး။

ဒီလိုအဆင္သင့္ျဖစ္သြားတာကိုျမင္ေတာ့ တာဝန္ခံအမ်ိဳးသမီးက သူမအေတြးေတြကို ေမာင္းထုတ္လိုက္ၿပီး အျမန္ရွင္းျပခန္းဝင္ရေတာ့သည္။

"မုဆိုးပိုင္ ဒါေတြကိုစိတ္ႀကိဳက္ၾကည့္ပါ ဒါေတြအကုန္လုံးက ေ႐ႊထည္၊ ေက်ာက္စိမ္းထည္နဲ႕ ပုလဲနဲ႕ျပဳလုပ္ထားတဲ့အထည္ေတြပါပဲ ဒါေပမယ့္ ဒါေတြက မတူညီတဲ့ဒီဇိုင္းပုံစံေတြျဖစ္ၿပီး ဒီထဲက မုဆိုးပိုင္တစ္ခုကိုပဲနမူနာေ႐ြးၿပီး အဲဒီပစၥည္းနဲ႕ဆင္တူတဲ့ ဒီဇိုင္းေတြနဲ႕ အေရာင္ကြဲေတြကိုထပ္ေမးနိုင္ပါေသးတယ္"

ပိုင္လီက ဒါကိုၾကားေတာ့ေခါင္းၿငိမ့္လိုက္ၿပီး သူက ရတနာပစၥည္းေတြထည့္ထားသည့္ ဗန္းအားကို မ်က္လုံးေဝ့ၾကည့္လိုက္သည္။

တကယ္ေတာ့ သူက ဒီလိုမ်ိဳးေ႐ြးေနသင့္တာမဟုတ္ဘူး။ သူ႕ဇနီးျဖစ္တဲ့ ေရွာင္ဟန္ကသာ ဒီလိုမ်ိဳး ရတနာပစၥည္းေတြကို စိတ္ႀကိဳက္ၾကည့္ၿပီး သူကိုယ္တိုင္အတြက္နဲ႕ အိမ္ကအေသးေလးေတြအတြက္ရယ္၊ ပိုင္အေမနဲ႕ပိုင္မိန္တို႔အတြက္ရယ္ကို ေ႐ြးခ်ယ္ေပးေနရမွာ။ ဒါကမွ ခင္ပြန္းရွာထားတဲ့ေငြကို သုံးနိုင္တဲ့တရားဝင္ဇနီးတစ္ေယာက္ရဲ႕ လုပ္ပိုင္ခြင့္ေလ။

သို႔ေသာ္ ပိုင္လီသိသည္။ ယခုအခ်ိန္တြင္ ထိုေကာင္စုတ္ေလးက သူ႕ကိုရိုက္ႏွက္လွ်င္ေတာင္ ဤသို႔ေငြျဖဳန္းရသည့္လုပ္ငန္းစဥ္ႀကီးကို လုပ္ဝံ့မွာမဟုတ္ေပ။ ဒါေပမယ့္ ကိစၥေတာ့မရွိပါဘူး။ အခုတစ္ႀကိမ္မွာ သူဝယ္သြားၿပီး ေနာက္ဒီလိုမ်ိဳးရတနာပစၥည္းေတြနဲ႕အသားက်သြားတဲ့အခါက်ရင္ေတာ့ အဲဒီေကာင္ေလးကို သူ႕ဘာသာဝယ္တတ္ေအာင္ လႊတ္ေပးရမွာေပါ့။

ထို႔ေၾကာင့္ ပိုင္လီက လက္ရွိတြင္ ရတနာပစၥည္းေတြကိုပဲအာ႐ုံစိုက္လိုက္ကာ ပထမဆုံး သူ႕အာ႐ုံကိုဖမ္းစားသြားနိုင္သည့္ပစၥည္းကေတာ့ သူ႕ေရွ႕ခုံေပၚကဗန္းေတြထဲမွတစ္ခုျဖစ္သည့္ ျမစိမ္းေရာင္ေက်ာက္စိမ္းဆံထိုးတစ္ခုပင္။

ပိုင္လီက အဲဒီဆံထိုးကို ယူၾကည့္လိုက္ေတာ့ ေက်ာက္စိမ္းအေရာင္က အရမ္းေတာက္ပေပမယ့္ ၾကည္လင္ေနၿပီး ဆံထိုးသည္ အဖ်ားခြၽန္ေသာ အေျဖာင့္ပုံဆံျဖစ္ကာ တစ္ဖက္အဆုံးနားတြင္ ေခါင္းေလာင္းပန္းပုံေလးမ်ားကို ထြင္းထားကာ ထိုပန္းေလးမ်ားက တြဲေလ်ာင္းက်ေနသည့္ပုံကို ခ်ိတ္ဆက္ၿပီးထြင္းထုထားတာပင္။ ေျပာရရင္ေတာ့ လက္ရာက အရမ္းေသသပ္ၿပီး အရမ္းလည္းအႏုစိတ္တယ္။ အကယ္၍ ေခါင္းမွာထိုးထားၿပီး လမ္းေလ်ာက္လိုက္တာမ်ိဳးလို လႈပ္ရွားမႈေလးေတြသာလုပ္ရင္ ေခါင္းေလာင္းပန္းေလးေတြက လႈပ္ရွားသြားၿပီး အရမ္းအသက္ဝင္ေတာ့မွာပဲ။

တာဝန္ခံအမ်ိဳးသမီးက ပိုင္လီက အဲဒီဆံထိုးကိုေသခ်ာၾကည့္ေနတာျမင္ေတာ့ သူမကအျမန္ပင္...

"မုဆိုးပိုင္က အရမ္းၾကည့္တတ္တာပဲ ဒါက ေနာက္ႏွစ္မွ ပြဲထုတ္မယ့္လက္ရာအသစ္ေလ ကြၽန္မလိမ္မေျပာခ်င္ဘူး အခု မုဆိုးပိုင္လက္ထဲမွာ ေငြအမ်ားႀကီးရွိေနတာသိထားလို႔ ကြၽန္မက ေနာက္ႏွစ္မွပြဲထုတ္မယ့္လက္ရာအသစ္ေတြကိုခ်ျပလိုက္တာ ကြၽန္မတို႔ရဲ႕ယြီလ်န္ဟြားက ၿမိဳ႕ေတာ္မွာလည္းဆိုင္ခြဲရွိတာေပါ့ ဒီေခါင္းေလာင္းပန္းပုံဆံထိုးက လုံးဝလက္အရာသစ္ျဖစ္ၿပီး ၿမိဳ႕ေတာ္ကဆိုင္ခြဲကိုပဲ ပို႔မယ့္ပစၥည္းေတြပါ စုစုေပါင္း ေလးေခ်ာင္းပဲရွိၿပီး အေရာင္ေတြပဲကြဲပါတယ္ မုဆိုးပိုင္က ကိုယ္တိုင္အနီးကပ္ယူၾကည့္ေနၿပီဆိုေတာ့ ေက်ာက္စိမ္းရဲ႕အရည္ေသြးနဲ႕ လက္ရာကိုေတာ့ ကြၽန္မထူးၿပီးေျပာမျပေတာ့ဘူးေနာ္"

ပိုင္လီကလည္း ဆံထိုးရဲ႕လက္ရာကိုအရမ္းေက်နပ္ေနတာျဖစ္သည္။ သူက ေနာက္ထပ္အေရာင္ကြဲေတြရွိေသးတယ္ၾကားေတာ့...

"ေနာက္ထပ္အေရာင္ကြဲေတြက ဘာအေရာင္ေတြလဲတစ္ခ်က္ျပၾကည့္ပါဦး"

ဒါကိုၾကားေတာ့ တာဝန္ခံအမ်ိဳးသမီးသည္ ပိုင္လီကိုခဏေစာင့္ဖို႔ေျပာခဲ့ၿပီး ထိုဆံထိုးရဲ႕တျခားအေရာင္ကြဲေတြကိုကိုယ္တိုင္သြားထုတ္လာခဲ့သည္။ ဘာလို႔လည္းဆိုေတာ့ အလယ္ထပ္ရဲ႕မိန္းကေလးငယ္ေလးေတြအကုန္လုံးကမအားလို႔ပါပဲ။

သူမက ခဏၾကာေတာ့ ေသတၱာအေသးတစ္လုံးနဲ႕ျပန္ေရာက္လာၿပီး ထိုေသတၱာထဲက အနက္ေရာင္ပိုးသားေပၚတြင္ ေက်ာက္စိမ္းဆံထိုးသုံးေခ်ာင္းရွိေနၿပီး သူမက ပိုင္လီၾကည့္နိုင္ရန္ ပိုင္လီကိုေပးခဲ့သည္။

ပိုင္လီက အထဲကဆံထိုးသုံးေခ်ာင္းတြင္ အနီေရာင္ေက်ာက္စိမ္းႏွင့္ထြင္းထုထားသည္ကတစ္ခု၊ အျဖဴတစ္ေရာင္ေက်ာက္စိမ္းႏွင့္ ထြင္းထုထားသည္ကတစ္ခုကိုေတြ႕ခဲ့ၿပီး သူကထိုႏွစ္ခုလုံးကိုပါယ္ခ်ခဲ့၏။ ဘာလို႔လည္းဆိုေတာ့ သူက ဒီဆံထိုးကိုေရွာင္ဟန္အတြက္ရည္႐ြယ္ထားၿပီး အနီေရာင္က ေတာက္လြန္းကာ ေရွာင္ဟန္ႏွင့္သိပ္မလိုက္ဖက္ေပ။ အျဖဴကေတာ့သိပ္မဆိုးေပမယ့္ ေရွာင္ဟန္က ေအးေဆးတဲ့ေကာင္ေလးဆိုေတာ့ အျဖဴထပ္ဆင္လိုက္ရင္ သိပ္မေကာင္းဘူးလို႔ထင္မိၿပီး ဒါေၾကာင့္ သူက မူလကျမစိမ္းေရာင္ဆံထိုးကိုပဲေ႐ြးခဲ့ကာ ေသတၱာထဲတြင္ေနာက္ဆုံးက်န္ခဲ့သည့္ ေလးေခ်ာင္းေျမာင္ဆံထိုးကိုလည္း ေ႐ြးခ်ယ္ခဲ့လိုက္သည္။ ထိုဆံထိုးက စိမ္းျပာေရာင္ရွိၿပီး တခ်ိဳ႕ေနရာေတြမွာ ခရမ္းျပာေရာင္အမွ်င္ေလးေတြေရာယွက္ေနကာ ေခါင္းေလာင္းပန္းထြင္းထားေသာေနရာသည္ လုံးဝကိုခရမ္းေရာင္မ်ားျဖစ္၍ အေရာင္စပ္မႈကအရမ္းလွၿပီး ျမစိမ္းေရာင္ေရာ၊ ဒီအေရာင္ေရာက လန္းဆန္းေစတဲ့အေရာင္ရွိတာေၾကာင့္ သူကထိုႏွစ္ေခ်ာင္းကို ေရွာင္ဟန္အတြက္ ေ႐ြးခဲ့တာပင္။

တာဝန္ခံအမ်ိဳးသမီးသည္ ပိုင္လီကႏွစ္ေခ်ာင္းကို ေ႐ြးခ်ယ္ၿပီးတာျမင္ေတာ့ က်န္သည့္ႏွစ္ခုကိုျပန္သိမ္းသြားၿပီး...

"မုဆိုးပိုင္ကအရမ္းအျမင္ရွိတာပဲ ေ႐ြးထားတဲ့အေရာင္ေတြလွလြန္းတယ္ ကြၽန္မ အတင့္ရဲၿပီး မွန္းၾကည့္မယ္ေနာ္ ဒါက မုဆိုးပိုင္ရဲ႕ဇနီးအတြက္မ်ားလား"

သူမက ပိုင္လီႏွင့္ပတ္သတ္ၿပီး သတင္းတခ်ိဳ႕ၾကားခဲ့ရကာ အဲတာက တခ်ိဳ႕လူေတြက ပိုင္လီက သူ႕ဇနီးကိုသေဘာက်ဘဴးလို႔ေျပာက်ၿပီး တခ်ိဳ႕လူေတြကေတာ့ လက္ရွိမွာ ပိုင္လီက သူ႕မိသားစုကိုတုန္ေနေအာင္ခ်စ္တယ္လို႔ ျပန္ျငင္းခုံေနက်တာျဖစ္သည္။ ဒါေၾကာင့္သူမက ဒီစကားေျပာတဲ့အခါ သတိထားရေပမယ့္ မတက္နိုင္ဘူးေလ။ သူမေရာင္းသူဆိုေတာ့ ဝယ္သူစိတ္ေက်နပ္ေအာင္ စကားေကာင္းတခ်ိဳ႕သုံးရဦးမွာဆိုေတာ့လည္း...။

ထို႔ေၾကာင့္ သူမက သတိထားခဲ့ရေသာ္လည္း ပိုင္လီက ဆံထိုးေတြၾကည့္ေနရင္းက ေခါင္းၿငိမ့္ျပတာကို ျမင္လိုက္ရသည့္အခါတြင္မူ ပိုင္လီက သူ႕မိသားစုကိုတုန္ေနေအာင္ခ်စ္တယ္ဆိုသည့္ သတင္းကသာအမွန္ျဖစ္ေၾကာင္း ယုံၾကည္သြားခဲ့ေတာ့သည္။ ဒါေၾကာင့္ သူမက စကားေကာင္းေတြေျပာဖို႔စတင္ႀကိဳးစားေတာ့တယ္။

"ဒါဆိုရင္ေတာ့ ကြၽန္မေျပာရဲတယ္ မုဆိုးပိုင္ရဲ႕ဇနီးျဖစ္သူက အရမ္းေပ်ာ္သြားလိမ့္မယ္ ဒီဆံထိုးေတြက တစ္ေခ်ာင္းကို ေ႐ႊေခ်ာင္း တစ္ရာ့ငါးဆယ္ေလ မုဆိုးပိုင္က ဇနီးအတြက္ ဆံထိုးႏွစ္ေခ်ာင္းေ႐ြးခဲ့တာဆိုေတာ့ ေ႐ႊေခ်ာင္းသုံးရာေတာင္ေလ ဒီလိုတန္ဖိုးႀကီးၿပီး လွပလြန္းတဲ့ လက္ဝတ္ရတနာမ်ိဳးကို ကိုယ့္ခင္ပြန္းဆီကေန လက္ေဆာင္ရရင္ မေပ်ာ္တဲ့ဇနီးသည္ရွိမွာမဟုတ္ဘူးေလ ဇနီးျဖစ္သူကေတာ့ မုဆိုးပိုင္ရဲ႕အၾကင္နာေတြကို သူတစ္ေယာက္ထဲရထားတာကိုသေဘာေပါက္သြားၿပီး အရမ္းကိုေပ်ာ္႐ႊင္ေနေတာ့မွာပါပဲ"

ပိုင္လီက ဆံထိုးေတြကိုၾကည့္ကာ ေရွာင္ဟန္သာဒီဆံထိုးေတြကို ထိုးထားရင္ဘယ္လိုပုံေလးျဖစ္မလဲကို ျမင္ေယာင္ၾကည့္ေနတာျဖစ္ၿပီး တာဝန္ခံအမ်ိဳးသမီးသမီး၏စကားေၾကာင့္ ႐ုတ္တရက္ သူ႕အေတြးထဲကေရွာင္ဟန္က သူေခါင္းေပၚကဆံထိုးေတြကေ႐ႊေခ်ာင္းရာခ်ီတန္မွန္းသိသြားလို႔ အေၾကာက္အကန္ျငင္းတဲ့ပုံျဖစ္သြား၍ သူလည္းရယ္လိုက္မိေလသည္။

ပိုင္လီက သတိလက္လြတ္ရယ္မိရင္းက အဲဒီေကာင္စုတ္ေလးသာ ဒီဆံထိုးေတြက ေ႐ႊေခ်ာင္းရာခ်ီတန္မွန္းသိသြားရင္ ဝယ္လာတဲ့သူ႕ကိုဘယ္လိုမ်ားၾကည့္ေနမလဲကိုလည္း မေတြးဘဲမေနနိုင္ခဲ့ေပ။
က်စ္...ဒါကအရမ္းစိတ္ဝင္စားစရာေကာင္းတာပဲ။

..................................................................
(AN/ တခ်ိဳ႕ေတြမ်ား ဘာစိတ္မွမရွိပါဘူး ဘာစိတ္မွမရွိပါဘူးဆိုၿပီး အရင္တစ္ေခါက္ကလည္း ဆံထိုးကိုပထမဆုံးဝယ္ေပးၿပီး အခုလည္း ပထမဆုံးဝယ္ေပးျပန္ၿပီ။ ဘာစိတ္မွမရွိတာကို ယုံပါတယ္လို႔ေနာ္😊

paid gp ရွိပါတယ္ ။ 51-85 gpနဲ႕ 86-120 gp ႏွစ္ခုလုံးကို 5500ပါရွင္။)

Lanjutkan Membaca

Kamu Akan Menyukai Ini

1.5M 191K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
3.8K 571 10
ဝင်ဖတ်လို့လည်းရတယ် လစ်လျူရှုလို့လည်းရတယ်...တစ်ခါတလေ စိတ်ကျဥ်းကျပ်သည့်အခါမှာ... ငါ စာတိုတွေ ရေးတတ်လာတယ်... စိတ်ခံစားချက်တွေ တိုက်မိသွားရင် ငါ့စာတိုတွေ...
28.1K 1.6K 51
နတ်မိစ္ဆာဘုရင်လေးနဲ့ လူသားအိမ်ရှေ့စံလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ။ ဘာသာပြန်လုံးဝမဟုတ်ပါ❌❌
41.9K 2.7K 42
လောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လ...