အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

By ChihiroLily7

105K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)

အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်

974 94 0
By ChihiroLily7


ဘာသာပြန်သူ - Chihirolily

မိနစ်၂၀ကြာပြီးနောက် ကျိုးမိသားစုသည် အလျင်စလိုရောက်ချလာ၏။ ရလာဒ်အနေဖြင့် ကျိုးယန်ကို အောင်အောင်မြင်မြင် ကယ်တယ်နိုင်ခဲ့ပြီး လူနာထမ်းစင်ပေါ်သို့ တင်လိုက်၏။ ဒါဇင်မကသည့် ဆေးဝန်ထမ်းများက သူ့ကို ဝန်းရံထားပြီး အရေးပေါ်ကုသရေးအတွက် လုပ်ဆောင်လိုက်ကြလေသည်။

သူ့အသိစိတ်များ ပျောက်ကွယ်သွားသည့် နောက်ဆုံးမိနစ်အထိ ကျိုးယန်သည် ရှန်ယွဲ့က သူမ၏ဘဏ်အကောင့် နံပါတ်ရေးခဲ့သည့် အင်္ကျီလက်ကို ကိုင်ထားဆဲ။ သူသည် တတွတ်တွတ် ရွတ်နေ၏။

" သူ့ဆီ ငွေလွဲပေးဖို့ မမေ့နဲ့... ငွေလွဲပေးဖို့....."

နောက်တစ်နေ့ ။

" ဒီတော့ မင်းကို သာမန်အထက်တန်းကျောင်းသူတစ်ယောက်က ကယ်ပေးခဲ့တာပေါ့၊ သူက မင်းနောက်လိုက်နေတဲ့ လူသ-တ်သမားတွေကို လှည့်စားပြီး မင်းကို အန္တရာယ်ကင်းတဲ့နေရာကို ပို့ပေးလိုက်တာပေါ့"

ကျိုးရွှမ်းသည် ရှန်ယွဲ့၏ကိုယ်ရေးအချက်အလက်ကို လက်ထဲတွင် ကိုင်ထားပြီး မျက်မှောင်ကျုံ့ကာ ပြောလိုက်လေသည်။

ကျိုးယန်သည် သတိပြန်ရနေပြီဖြစ်၏။ ရှန်ယွဲ့၏အချိန်မီကုသပေးခဲ့သည့်အတွက်ကြောင့် သူ့ဒဏ်ရာသည် ပိုဆိုးမသွားခြင်းဖြစ်သည်။ သူ့ကို အောင်အောင်မြင်မြင် ကယ်တင်လိုက်နိုင်ပြီးနောက် သူ့တွင် ကျိုးရွှမ်းကို စကားပြောနိုင်သည့် အားရှိနေသေးသည်။

" ဦးလေး ကျွန်တော့်ကို မယုံမရှိနဲ့နော်၊ သူက အရမ်းသန်မာတာ...."

ကျိုးယန်၏တတွတ်တွတ် ပြောစကားများကို နားထောင်ရင် ကျိုးရွှမ်းသည် ရှန်ယွဲ့၏ကိုယ်ရေးအချက်အလက်ကို သေချာပြန်ဖတ်လိုက်လေသည်။

သူမအသက်က ၁၈နှစ်၊ အထက်တန်း တတိယနှစ်ကျောင်းသူတစ်ယောက်၊ သူကအဝလွန်ပြီး အဆင့်အရမ်းညံ့လွန်းလို့ သူ့အခန်းဖော်တွေရဲ့ ခွဲခြားဆက်ဆံခံရပြီး အိမ်မှာလည်း တန်ဖိုးထားမခံရဘူးတဲ့။

ကျိုးရွှမ်းသည် လက်ပေါ်က တန်ဖိုးကြီးလက်စွပ်ကို ပွတ်သပ်ရင်း ပို၍ သံသယဝင်လာတော့သည်။

ဘယ်လိုပဲ ကြည့်ကြည့် ရှန်ယွဲ့က သာမန်လူတစ်ယောက် ၊ တနည်းနည်းနဲ့ အရည်အချင်းမရှိတဲ့ ကောင်မလေးတစ်ယောက်ပဲ။ သူက ဘယ်လိုလုပ်ပြီး ကျိုးယန်ကိုကယ်ဖို့ သူရဲကောင်းအလုပ်ကို လုပ်နိုင်တာတဲ့လဲ။

ကျိုးရွှမ်းသည် ရှန်ယွဲ့နှင့် ပတ်သက်သည့်အချက်အလက်ထဲတွင် ဘာသဲလွန်စမှ တွေ့ရပေ။ ထို့ကြောင့် ဆက်မကြည့်ပဲ ရပ်လိုက်တော့သည်။ သူ့သံသယကို ခဏဘေးချိတ်ထးလိုက်ပြီး ကျိုးယန်စကားကို ဆက်နားထောင်နေလိုက်သည်။

".... ဒီတော့ သူ ကျွန်တော့်ကို ကယ်ခဲ့တယ်၊ သူ့ရဲ့ဘဏ်အကောင့်ကို တောင်ချန်ခဲ့တယ်၊ ဒါပေမယ့် ကျွန်တော့်ကို ဘယ်လောက်ပေးစေချင်တယ်လို့ မပြောခဲ့ဘူး၊ ကျွန်တော် သူ့ကို ငွေဘယ်လောက်ပေးလိုက်သင့်လဲ"

ကျိုးယန်သည် ရှန်ယွဲ့က သူမထံ ငွေလွဲရန် တောင်းဆိုသည့်အကြောင်း ပြောပြလိုက်ပြီး သူ့အမူအရာသည် ဒွိဟဖြစ်နေတော့သည်။

" မင်းလည်း အရွယ်ရောက်ပြီးပဲ မင်းဟာမင်းဆုံးဖြတ်"

ကျိုးရွှမ်း အေးတိအေးစက်ပြောလိုက်၏။

သူနှင့် ကျိုးယန်သည် သွေးချင်းအလွန်နီးသော်လည်း သူတို့နှစ်ဦးကြားတွင် ကြီးမားသည့် ခြားနားချက်က ရှိလေသည်။

အသွင်ပြင်အားဖြင့်ပြောရလျှင် နှစ်ယောက်လုံးသည် အလွန်ချောမောသော်လည်း ကျိုးယန်က တောက်ပပြီး ချောမာသည့်ကောင်လေးတစ်ယောက်ဖြစ်ပြီး ကျိုးရွှမ်း၏မျက်နှာသွင်ပြင်မှာ ပို၍လေးနက်ကာ ပို၍ပြတ်သားလေသည်။ သူသည် အေးစက်မာကျောပြီး ရင့်ကျက်သည့်ယောက်ျားတစ်ယောက်၏ နှစ်လိုဖွယ်ဆွဲဆောင်မှုကို လှစ်ပြထား၏

ဉာဏ်ရည်အားဖြင့်ပြောရလျှင်တော့ ကျိုးရွှမ်းသည် ပို၍အကြံများကာ စဥ်းလဲ၏။ သူသည် ကျိုးယန်နှင့် အတူကြီးပြင်းလာသော်လည်း ကျိုးယန်အား အရာအားလုံးကို သင်ပြပေးခဲ့သည် မိဘတစ်ယောက်လို ဖြစ်နေသည်။ သူ အရွယ်မရောက်ခင်ကတည်းက ကျိုးကော်ပိုရေးရှင်းသို့ ခေါ်လာခံရပြီး ကော်ပိုရေးရှင်းကို ကောင်းစွာ ကိုင်တွယ်စီမံခဲ့လေသည်။ တစ်ချိန်ထဲတွင် ကျိုးယန်သည် ကလေးဆန်သည့် သခင်လေးတစ်ယောက် သာဖြစ်နေဆဲပင်။

ယခုအချိန်အထိ ကျိုးယန်သည် အပူအပင်မရှိ နေလာသူတစ်ယောက်ဖြစ်၏။ သို့မဟုတ်လျှင် အပြင်ထွက်လည်နေစဥ် ပြန်ပေးဆွဲခံရပြီး သတ်ခံရလုနီးနီး ဖြစ်လိမ့်မည် မဟုတ်ချေ။ ကျိုးရွှမ်းသည် သူ့ကို လေ့ကျင့်ပေးရန် စိတ်ကူးရှိရာ တမင်လမ်းကြောင်းမပေးဘဲ သူ့ဟာသူ စဥ်းစားစေချင်ခဲ့လေသည်။

" ဟင်း..."

ကျိုးယန်သည် အချိန်တော်တော်ကြာအောင် စဥ်းစားလိုက်၏။ ပိုက်ဆံအများကြီးပေးလိုက်လျှင် ရှန်ယွဲ့လို သာမန်မိသားစုက ခလေးတစ်ယောက်ကို ခြောက်လန့်သလိုဖြစ်သွားမှာလည်း စိုးသည်။ နည်းနည်းလေးပေးပြန်လျှင်လည်း သူ့ကျေးဇူးတရားကို မဖော်ပြတတ်ရာကျမည်။

" ဒါဆို ကျွန်တော်သူ့ကို ယွမ်တစ်သန်းပေးလိုက်မယ်"

ကျိုးယန်သည် ကျိုးရွှမ်းကို မဝံ့မရဲကြည့်ကာ မေးလိုက်၏။

ကျိုးရွှမ်းသည် ကျိုးယန်အား အဖြေပြန်မပေးလိုက်ချေ။ သူသည် ကူကယ်ရာမဲ့သလို လက်ခါပြလိုက်ပြီး ကျိုးယန်ကို အပြင်ထွက်ပြီး ကိုယ့်ဟာကိုယ် စဥ်းစားရန် လက်ဟန်ပြလိုက်လေတော့သည်။

ရှန်ယွဲ့ တစ်ယောက်ထဲ ထွက်သွားချိန်က သူမ၏အသွင်ကို ပြန်စဥ်းစားလိုက်ပြီးနောက် ကျိုးယန်သည် တတွတ်တွတ် ဆက်ရွတ်နေလိုက်၏။

" သူ ကမန်းကတမ်းနဲ့ ထွက်သွားပြီး ငါ့စကားကိုတောင် သေချာနားမထောင်သွားဘူး၊ ငါ Sမြို့ကို ကိုယ်တိုင်ထပ်သွားပြီး သူ့ကို လူကိုယ်တိုင် ကျေးဇူးတင်စကားပြော မှရမယ်"

ကျိုးရွှမ်းသည် သူ၏ထိန်းမနိုင်သည့်တူလေးကြောင့် အလွန်ပင် ကူကယ်ရာမဲ့ဖြစ်နေတော့သည်။ သူသည် အေးတိအေးစက် ပြောလိုက်တော့သည်။

" ဆရာဝန်က မင်းကို အိပ်ရာထဲမှာပဲနေပြီး ပြန်ကောင်းအောင်လုပ်ဖို့ ပြောထားတယ်လေ၊ လျှောက်ပတ်သွားမနေနဲ့၊ မင်း မေ့သွားပြီလား ၊ မင်းပြန်ကောင်းလမာမှ သူ့ကို သွားရှာလည်း အရမ်းမနောက်ကျဘူး"

" သိပါပြီ သိပါပြီ ဘာလို့ အဲလောက်ဒေါသထွက်နေတာလဲ"

ကျိုးယန်သည် အနည်းငယ်မှားသွားသည်ဟု ခံစားလိုက်ရ၏။ ကျိုးရွှမ်းက အနည်းငယ်စိတ်မရှည်ဖြစ်နေသည်ကို မြင်လိုက်ရပြီးနောက် သူ မြန်မြန်ထွက်လာလိုက်တော့သည်။

ကျိုးရွှမ်းသည် ရုံးခန်းထဲတွင် တစ်ယောက်ထဲကျန်ခဲ့ချိန်မှ စားပွဲပေါ်က နောက်ထက်အချက်အလက်ကို ကောက်ကိုင်လိုက်လေသည်။ အချက်အလက်အဖုံးပေါ်က နာမည်မှာ လင်ယွဲ့။

" ကမ္ဘာနံပါတ်တစ် လူသ-တ်သမား လင်ယွဲ့က ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဖယ်ဒရယ်လျှို့ဝှက်အဆောင်အုံမှာ သေသွားတယ်၊ သူ့ရဲ့အလောင်းကတောင် ပြာဖြစ်သွားတယ်တဲ့ နှမြောစရာကောင်းလိုက်တာ"

ကျိုးရွှမ်းသည် မျက်ခုံးနှစ်ခုကြားကို ပွတ်လိုက်ပြီး နှမြောသတသည့် အမူအရာဖြင့် ပြောလိုက်လေသည်။

လင်ယွဲ့၏ အကောင်းဆုံးကိုယ်ရေးအကျဥ်း အထပ်လိုက်ကို လှန်လှောကြည့်လိုက်ပြီးနောက် မျက်လုံးထဲ ဆွဲဆောင်မှုအရှိဆုံးတစ်ခုမှာ " ထိပ်တန်းဆေးပညာစွမ်းရည်" ။ ကျိုးရွှမ်း သက်ပြင်းချလိုက်ပြီး သူ့မျက်လုံးထဲတွင် စိုးရိမ်မှုအရိပ်အယောင်တစ်ခု ပေါ်လာတော့သည်။

အဖေ့ရောဂါကို ကုနိုင်တဲ့ တစ်ယောက်တည်းသောသူ လင်ယွဲ့တောင် သေသွားပြီးဆိုရင် သူ့အဖေကို ကယ်ပေးမယ့်သူကို ဘယ်မှာ သွားရှာရတော့မှာလဲ။ ကျိုးရွှမ်း ခေါင်းကိုက်လာတော့သည်။

အတန်ကြာပြီးနောက်တွင်တော့ ကြီးမားကျယ်ဝန်းလှသည့် ရုံးခန်းထဲတွင် ညင်သာသည့် သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရလေတော့သည်။

...

Paid group မှာ တပတ် ၅ပိုင်းနှုန်းတင်ပါတယ်။ Freeမစောင့်ချင်ရင် အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ် pageမှာ hi ပို့ပြီး ဝယ်ယူနိုင်ပါတယ်ရှင်။

Gp1 ( 1-250) Kpay/Wavepay -2500

....

Zawgyi

အပိုင္း (၂၆) သူမကိုတစ္သန္းေပးလိုက္တယ္

ဘာသာျပန္သူ - Chihirolily

မိနစ္၂၀ၾကာၿပီးေနာက္ က်ိဳးမိသားစုသည္ အလ်င္စလိုေရာက္ခ်လာ၏။ ရလာဒ္အေနျဖင့္ က်ိဳးယန္ကို ေအာင္ေအာင္ျမင္ျမင္ ကယ္တယ္ႏိုင္ခဲ့ၿပီး လူနာထမ္းစင္ေပၚသို႔ တင္လိုက္၏။ ဒါဇင္မကသည့္ ေဆးဝန္ထမ္းမ်ားက သူ႔ကို ဝန္းရံထားၿပီး အေရးေပၚကုသေရးအတြက္ လုပ္ေဆာင္လိုက္ၾကေလသည္။

သူ႔အသိစိတ္မ်ား ေပ်ာက္ကြယ္သြားသည့္ ေနာက္ဆုံးမိနစ္အထိ က်ိဳးယန္သည္ ရွန္ယြဲ႕က သူမ၏ဘဏ္အေကာင့္ နံပါတ္ေရးခဲ့သည့္ အက်ႌလက္ကို ကိုင္ထားဆဲ။ သူသည္ တတြတ္တြတ္ ႐ြတ္ေန၏။

" သူ႔ဆီ ေငြလြဲေပးဖို႔ မေမ့နဲ႔... ေငြလြဲေပးဖို႔....."

ေနာက္တစ္ေန႔ ။

" ဒီေတာ့ မင္းကို သာမန္အထက္တန္းေက်ာင္းသူတစ္ေယာက္က ကယ္ေပးခဲ့တာေပါ့၊ သူက မင္းေနာက္လိုက္ေနတဲ့ လူသ-တ္သမားေတြကို လွည့္စားၿပီး မင္းကို အႏၲရာယ္ကင္းတဲ့ေနရာကို ပို႔ေပးလိုက္တာေပါ့"

က်ိဳး႐ႊမ္းသည္ ရွန္ယြဲ႕၏ကိုယ္ေရးအခ်က္အလက္ကို လက္ထဲတြင္ ကိုင္ထားၿပီး မ်က္ေမွာင္က်ဳံ႕ကာ ေျပာလိုက္ေလသည္။

က်ိဳးယန္သည္ သတိျပန္ရေနၿပီျဖစ္၏။ ရွန္ယြဲ႕၏အခ်ိန္မီကုသေပးခဲ့သည့္အတြက္ေၾကာင့္ သူ႔ဒဏ္ရာသည္ ပိုဆိုးမသြားျခင္းျဖစ္သည္။ သူ႔ကို ေအာင္ေအာင္ျမင္ျမင္ ကယ္တင္လိုက္ႏိုင္ၿပီးေနာက္ သူ႔တြင္ က်ိဳး႐ႊမ္းကို စကားေျပာႏိုင္သည့္ အားရွိေနေသးသည္။

" ဦးေလး ကြၽန္ေတာ့္ကို မယုံမရွိနဲ႔ေနာ္၊ သူက အရမ္းသန္မာတာ...."

က်ိဳးယန္၏တတြတ္တြတ္ ေျပာစကားမ်ားကို နားေထာင္ရင္ က်ိဳး႐ႊမ္းသည္ ရွန္ယြဲ႕၏ကိုယ္ေရးအခ်က္အလက္ကို ေသခ်ာျပန္ဖတ္လိုက္ေလသည္။

သူမအသက္က ၁၈ႏွစ္၊ အထက္တန္း တတိယႏွစ္ေက်ာင္းသူတစ္ေယာက္၊ သူကအဝလြန္ၿပီး အဆင့္အရမ္းညံ့လြန္းလို႔ သူ႔အခန္းေဖာ္ေတြရဲ႕ ခြဲျခားဆက္ဆံခံရၿပီး အိမ္မွာလည္း တန္ဖိုးထားမခံရဘူးတဲ့။

က်ိဳး႐ႊမ္းသည္ လက္ေပၚက တန္ဖိုးႀကီးလက္စြပ္ကို ပြတ္သပ္ရင္း ပို၍ သံသယဝင္လာေတာ့သည္။

ဘယ္လိုပဲ ၾကည့္ၾကည့္ ရွန္ယြဲ႕က သာမန္လူတစ္ေယာက္ ၊ တနည္းနည္းနဲ႔ အရည္အခ်င္းမရွိတဲ့ ေကာင္မေလးတစ္ေယာက္ပဲ။ သူက ဘယ္လိုလုပ္ၿပီး က်ိဳးယန္ကိုကယ္ဖို႔ သူရဲေကာင္းအလုပ္ကို လုပ္ႏိုင္တာတဲ့လဲ။

က်ိဳး႐ႊမ္းသည္ ရွန္ယြဲ႕ႏွင့္ ပတ္သက္သည့္အခ်က္အလက္ထဲတြင္ ဘာသဲလြန္စမွ ေတြ႕ရေပ။ ထို႔ေၾကာင့္ ဆက္မၾကည့္ပဲ ရပ္လိုက္ေတာ့သည္။ သူ႔သံသယကို ခဏေဘးခ်ိတ္ထးလိုက္ၿပီး က်ိဳးယန္စကားကို ဆက္နားေထာင္ေနလိုက္သည္။

".... ဒီေတာ့ သူ ကြၽန္ေတာ့္ကို ကယ္ခဲ့တယ္၊ သူ႔ရဲ႕ဘဏ္အေကာင့္ကို ေတာင္ခ်န္ခဲ့တယ္၊ ဒါေပမယ့္ ကြၽန္ေတာ့္ကို ဘယ္ေလာက္ေပးေစခ်င္တယ္လို႔ မေျပာခဲ့ဘူး၊ ကြၽန္ေတာ္ သူ႔ကို ေငြဘယ္ေလာက္ေပးလိုက္သင့္လဲ"

က်ိဳးယန္သည္ ရွန္ယြဲ႕က သူမထံ ေငြလြဲရန္ ေတာင္းဆိုသည့္အေၾကာင္း ေျပာျပလိုက္ၿပီး သူ႔အမူအရာသည္ ဒြိဟျဖစ္ေနေတာ့သည္။

" မင္းလည္း အ႐ြယ္ေရာက္ၿပီးပဲ မင္းဟာမင္းဆုံးျဖတ္"

က်ိဳး႐ႊမ္း ေအးတိေအးစက္ေျပာလိုက္၏။

သူႏွင့္ က်ိဳးယန္သည္ ေသြးခ်င္းအလြန္နီးေသာ္လည္း သူတို႔ႏွစ္ဦးၾကားတြင္ ႀကီးမားသည့္ ျခားနားခ်က္က ရွိေလသည္။

အသြင္ျပင္အားျဖင့္ေျပာရလွ်င္ ႏွစ္ေယာက္လုံးသည္ အလြန္ေခ်ာေမာေသာ္လည္း က်ိဳးယန္က ေတာက္ပၿပီး ေခ်ာမာသည့္ေကာင္ေလးတစ္ေယာက္ျဖစ္ၿပီး က်ိဳး႐ႊမ္း၏မ်က္ႏွာသြင္ျပင္မွာ ပို၍ေလးနက္ကာ ပို၍ျပတ္သားေလသည္။ သူသည္ ေအးစက္မာေက်ာၿပီး ရင့္က်က္သည့္ေယာက္်ားတစ္ေယာက္၏ ႏွစ္လိုဖြယ္ဆြဲေဆာင္မႈကို လွစ္ျပထား၏

ဉာဏ္ရည္အားျဖင့္ေျပာရလွ်င္ေတာ့ က်ိဳး႐ႊမ္းသည္ ပို၍အႀကံမ်ားကာ စဥ္းလဲ၏။ သူသည္ က်ိဳးယန္ႏွင့္ အတူႀကီးျပင္းလာေသာ္လည္း က်ိဳးယန္အား အရာအားလုံးကို သင္ျပေပးခဲ့သည္ မိဘတစ္ေယာက္လို ျဖစ္ေနသည္။ သူ အ႐ြယ္မေရာက္ခင္ကတည္းက က်ိဳးေကာ္ပိုေရးရွင္းသို႔ ေခၚလာခံရၿပီး ေကာ္ပိုေရးရွင္းကို ေကာင္းစြာ ကိုင္တြယ္စီမံခဲ့ေလသည္။ တစ္ခ်ိန္ထဲတြင္ က်ိဳးယန္သည္ ကေလးဆန္သည့္ သခင္ေလးတစ္ေယာက္ သာျဖစ္ေနဆဲပင္။

ယခုအခ်ိန္အထိ က်ိဳးယန္သည္ အပူအပင္မရွိ ေနလာသူတစ္ေယာက္ျဖစ္၏။ သို႔မဟုတ္လွ်င္ အျပင္ထြက္လည္ေနစဥ္ ျပန္ေပးဆြဲခံရၿပီး သတ္ခံရလုနီးနီး ျဖစ္လိမ့္မည္ မဟုတ္ေခ်။ က်ိဳး႐ႊမ္းသည္ သူ႔ကို ေလ့က်င့္ေပးရန္ စိတ္ကူးရွိရာ တမင္လမ္းေၾကာင္းမေပးဘဲ သူ႔ဟာသူ စဥ္းစားေစခ်င္ခဲ့ေလသည္။

" ဟင္း..."

က်ိဳးယန္သည္ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ စဥ္းစားလိုက္၏။ ပိုက္ဆံအမ်ားႀကီးေပးလိုက္လွ်င္ ရွန္ယြဲ႕လို သာမန္မိသားစုက ခေလးတစ္ေယာက္ကို ေျခာက္လန္႔သလိုျဖစ္သြားမွာလည္း စိုးသည္။ နည္းနည္းေလးေပးျပန္လွ်င္လည္း သူ႔ေက်းဇူးတရားကို မေဖာ္ျပတတ္ရာက်မည္။

" ဒါဆို ကြၽန္ေတာ္သူ႔ကို ယြမ္တစ္သန္းေပးလိုက္မယ္"

က်ိဳးယန္သည္ က်ိဳး႐ႊမ္းကို မဝံ့မရဲၾကည့္ကာ ေမးလိုက္၏။

က်ိဳး႐ႊမ္းသည္ က်ိဳးယန္အား အေျဖျပန္မေပးလိုက္ေခ်။ သူသည္ ကူကယ္ရာမဲ့သလို လက္ခါျပလိုက္ၿပီး က်ိဳးယန္ကို အျပင္ထြက္ၿပီး ကိုယ့္ဟာကိုယ္ စဥ္းစားရန္ လက္ဟန္ျပလိုက္ေလေတာ့သည္။

ရွန္ယြဲ႕ တစ္ေယာက္ထဲ ထြက္သြားခ်ိန္က သူမ၏အသြင္ကို ျပန္စဥ္းစားလိုက္ၿပီးေနာက္ က်ိဳးယန္သည္ တတြတ္တြတ္ ဆက္႐ြတ္ေနလိုက္၏။

" သူ ကမန္းကတမ္းနဲ႔ ထြက္သြားၿပီး ငါ့စကားကိုေတာင္ ေသခ်ာနားမေထာင္သြားဘူး၊ ငါ Sၿမိဳ႕ကို ကိုယ္တိုင္ထပ္သြားၿပီး သူ႔ကို လူကိုယ္တိုင္ ေက်းဇူးတင္စကားေျပာ မွရမယ္"

က်ိဳး႐ႊမ္းသည္ သူ၏ထိန္းမႏိုင္သည့္တူေလးေၾကာင့္ အလြန္ပင္ ကူကယ္ရာမဲ့ျဖစ္ေနေတာ့သည္။ သူသည္ ေအးတိေအးစက္ ေျပာလိုက္ေတာ့သည္။

" ဆရာဝန္က မင္းကို အိပ္ရာထဲမွာပဲေနၿပီး ျပန္ေကာင္းေအာင္လုပ္ဖို႔ ေျပာထားတယ္ေလ၊ ေလွ်ာက္ပတ္သြားမေနနဲ႔၊ မင္း ေမ့သြားၿပီလား ၊ မင္းျပန္ေကာင္းလမာမွ သူ႔ကို သြားရွာလည္း အရမ္းမေနာက္က်ဘူး"

" သိပါၿပီ သိပါၿပီ ဘာလို႔ အဲေလာက္ေဒါသထြက္ေနတာလဲ"

က်ိဳးယန္သည္ အနည္းငယ္မွားသြားသည္ဟု ခံစားလိုက္ရ၏။ က်ိဳး႐ႊမ္းက အနည္းငယ္စိတ္မရွည္ျဖစ္ေနသည္ကို ျမင္လိုက္ရၿပီးေနာက္ သူ ျမန္ျမန္ထြက္လာလိုက္ေတာ့သည္။

က်ိဳး႐ႊမ္းသည္ ႐ုံးခန္းထဲတြင္ တစ္ေယာက္ထဲက်န္ခဲ့ခ်ိန္မွ စားပြဲေပၚက ေနာက္ထက္အခ်က္အလက္ကို ေကာက္ကိုင္လိုက္ေလသည္။ အခ်က္အလက္အဖုံးေပၚက နာမည္မွာ လင္ယြဲ႕။

" ကမာၻနံပါတ္တစ္ လူသ-တ္သမား လင္ယြဲ႕က ၿပီးခဲ့တဲ့ ရက္အနည္းငယ္တုန္းက ဖယ္ဒရယ္လွ်ိဳ႕ဝွက္အေဆာင္အုံမွာ ေသသြားတယ္၊ သူ႔ရဲ႕အေလာင္းကေတာင္ ျပာျဖစ္သြားတယ္တဲ့ ႏွေျမာစရာေကာင္းလိုက္တာ"

က်ိဳး႐ႊမ္းသည္ မ်က္ခုံးႏွစ္ခုၾကားကို ပြတ္လိုက္ၿပီး ႏွေျမာသတသည့္ အမူအရာျဖင့္ ေျပာလိုက္ေလသည္။

လင္ယြဲ႕၏ အေကာင္းဆုံးကိုယ္ေရးအက်ဥ္း အထပ္လိုက္ကို လွန္ေလွာၾကည့္လိုက္ၿပီးေနာက္ မ်က္လုံးထဲ ဆြဲေဆာင္မႈအရွိဆုံးတစ္ခုမွာ " ထိပ္တန္းေဆးပညာစြမ္းရည္" ။ က်ိဳး႐ႊမ္း သက္ျပင္းခ်လိုက္ၿပီး သူ႔မ်က္လုံးထဲတြင္ စိုးရိမ္မႈအရိပ္အေယာင္တစ္ခု ေပၚလာေတာ့သည္။

အေဖ့ေရာဂါကို ကုႏိုင္တဲ့ တစ္ေယာက္တည္းေသာသူ လင္ယြဲ႕ေတာင္ ေသသြားၿပီးဆိုရင္ သူ႔အေဖကို ကယ္ေပးမယ့္သူကို ဘယ္မွာ သြားရွာရေတာ့မွာလဲ။ က်ိဳး႐ႊမ္း ေခါင္းကိုက္လာေတာ့သည္။

အတန္ၾကာၿပီးေနာက္တြင္ေတာ့ ႀကီးမားက်ယ္ဝန္းလွသည့္ ႐ုံးခန္းထဲတြင္ ညင္သာသည့္ သက္ျပင္းခ်သံတစ္ခုကို ၾကားလိုက္ရေလေတာ့သည္။

...

Paid group မွာ တပတ္ ၅ပိုင္းႏႈန္းတင္ပါတယ္။ Freeမေစာင့္ခ်င္ရင္ အထူးလုပ္ႀကံေရးသမတစ္ေယာက္ရဲ႕စာမ်က္ႏွာသစ္ pageမွာ hi ပို႔ၿပီး ဝယ္ယူႏိုင္ပါတယ္ရွင္။

Gp1 ( 1-250) Kpay/Wavepay -2500

....

Continue Reading

You'll Also Like

10.4K 1.5K 21
Title ; Quick Transmigration Cannon Fodder's Record of Counterattacks 快穿之炮灰女配逆袭记 Author(s) ; 很是矫情 Hen Shi Jiao Qing English translator(s) ; Butterf...
17.7K 1.3K 23
လီစု၀မ် အပိုင်း၁၅၅ကနေအဆက်ပါနော် ရှေ့ကဟာတွေကို သာသာaccထဲ၀င်ရှာလိုက်ပါနော်❤️
447K 23.3K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...