ဘာသာပြန်သူ- Chihirolily
ရှန်ယွဲ့သည် ရုတ်တရက်လန့်သွားသလို ဟန်ဆောင်လိုက်၏။ ရင်ဘတ်ကို ပုတ်ရင်း လှည့်ကြည့်လိုက်လေသည်။ သူမသည် အာပေါင်အာရင်းသန်သန်ဖြင့် ပြောလိုက်တော့သည်။
" ငါက နင်တို့တွေကို မေးရမှာ__ ညသန်းခေါင်ကြီး နင်တို့က အောက်ထပ်မှာ ဘာလုပ်နေတာလဲ"
ဒီလူအားလုံးသည် မက်စ်များ တပ်ထားပြီး သာမန်အဝတ်အစားများ ဝတ်ထားလေသည်။ သူတို့လက်ထဲတွင် တစ်ခုခုကို ကိုင်ထား၏။ သူတို့အားလုံးသည် သေချာလေ့ကျင့်ထားကြသည့် ပရော်ဖက်ရှင်နယ် လူသ-တ်သမားများနှင့်တူသည်။
ခေါင်းဆောင်သည် အစက ရှန်ယွဲ့ကို တိုက်ခိုက်ရန် အခွင့်ရေးအယူ ချင်သော်လည်း ရှန်ယွဲ့က ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်သောအခါ အနီးအနားက နေထိုင်သူများ သိသွားပြီး ပြဿနာတက်မည်စိုးသဖြင့် သည်းခံနေလိုက်ရသည်။
ရှန်ယွဲ့၏သံသယနှင့် ရင်ဆိုင်လိုက်ရပြီးနောက် ထိုလူသည် အခိုက်တန့် ပျာယာခတ်သွားပြီး မြန်မြန် ပြန်ဖြေလိုက်လေသည်။
" ငါတို့တွေက အရပ်ဝတ်ရဲတွေပါ၊ သူခိုးတစ်ယောက်ကို လိုက်နေကြတာ၊ အခုလေးတင် ဒီနားမှာ တစ်ယောက်ယောက် ဖြတ်သွားတာကို မြင်လိုက်သေးလား"
လေထဲတွင် သွေးနံ့ခပ်ဖျော့ဖျော့ရနေ၏။ သူတို့သာ သည်နေရာတွင် ဆက်ရှိနေလျှင် ဒီလူသ-တ်သမားများသည် သံသယဝင်လာတော့မည်။ ရှန်ယွဲ့သည် ထိုစကားကို ကြားလိုက်သောအခါ အလွန်စိတ်လှုပ်ရှား ဟန်ဆောင်လိုက်ပြီး ပြုံးလိုက်လေသည်။
" ဪ ရဲတွေလား၊ အရမ်းနောက်ကျနေပြီလေ၊ အမှု လိုက်နေကြတုန်းလား၊ ကြိုးစားလိုက်ကြတာ"
ထိုသို့ပြောရင်း ရှန်ယွဲ့သည် သူမ၏ခေါင်းကို ထပ်ကုပ်လိုက်ပြီး စကားအများကြီး ပြောရမှာ ရှက်ရွံ့ဟန် လုပ်လိုက်လေသည်။ သူမ ထပ်ပြောလိုက်၏။
" ခုနတုန်းကတော့ လူတစ်ယောက် ဟိုလမ်းကြားထဲ ဝင်သွားတာ တွေ့လိုက်တယ်၊ ငါ ထင်တာက အလုပ်ကပြန်လာတဲ့ ဒီနားကအိမ်နီးချင်းလို့ ထင်နေတာ"
ရှန်ယွဲ့လက်ညိုးထိုးပြလိုက်သည့်ဘက်ကို ကြည့်လိုက်ပြီးနောက် ထိုလူသည် သူ့နောက်က အပေါင်းအပါများကို ကြည့်ကာ ပစ်မှတ်ကို အတည်ပြုလိုက်တော့သည်။ သူသည် ကျိုးယန်နောက် ချက်ချင်း ဆက်လိုက်ကြတော့သည်။
ထွက်မသွားမီ ခေါင်းဆောင်သည် သူ့သရုပ်ဆောင်ချက်ကို အဆုံးသတ်ရန် မမေ့လိုက်ချေ။
" ပြောပြပေးလို့ ကျေးဇူးပဲနော်၊ အခုတလော လုံခြုံရေးတွေက မကောင်းဘူး၊ ညဆို အပြင်မထွက်နဲ့"
" ဟုတ် ဟုတ် ရဲအရာရှိကြီးတို့ ကြိုးစားကြနော်၊ သူခိုးနောက်လိုက်တာက အရေးကြီးတယ်၊ မြန်မြန် သွားကြတော့"
ရှန်ယွဲ့သည် ခေါင်းတွင်တွင် ညိတ်ကာ လူသ-တ်သမားများက သူမညွှန်ပြလိုက်သည့် လမ်းကြားထဲ အပြေးဝင်သွားသည်ကို ပြုံး၍ ကြည့်နေလိုက်လေသည်။
အရူးတစ်သိုက်။ သူတို့တွေ ပုရွတ်ဆိတ်အိမ်ထပ်တောင် ရှုပ်ထွေးတဲ့ ဒီရပ်ကွက်ထဲဝင်လိုက်ပြီဆိုတာနဲ့ လွယ်လွယ်နဲ့ ပြန်ထွက်လို့ရတော့မှာမဟုတ်ဘူး။
ရှန်ယွဲ့သည် ထိုငတုံးတစ်သိုက်ကြောင့် အော်ရယ်မိမတတ်ဖြစ်သွားတော့သည်။
ရှန်ယွဲ့သည် သိုလှောင်ရုံဆီ ပြန်ရောက်လာချိန်၌ သူမ၏အမူအရာသည် အနည်းငယ် အေးဆေးနေ၏။
" အဲဒီလူတွေ အဝေးကြီးရောက်သွားပြီ၊ သူတို့ခဏနေ ပြန်လာလောက်တယ်၊ သွားစို့၊ ငါ နင့်ကို ခေါ်သွားပေးမယ်"
" နင့်သရုပ်ဆောင် စွမ်းရည်က တကယ်ကောင်းတာပဲ၊ သူတို့တွေကို ကောင်းကောင်း လှည့်စားနိုင်တယ်"
ကျိုးယန်သည် ရှန်ယွဲ့နှင့် ထိုလူသ-တ်သမားတို့ အပြန်အလှန်ပြောစကားကို နားထောင်လိုက်ပြီးနောက် တအံ့တဩနှင့် ပြောလိုက်လေသည်။
"သူတို့တွေ ပါမွှားလေးတွေပါ"
ရှန်ယွဲ့သည် ထိုလူသ-တ်သမားကို လုံးဝ ဂရုမစိုက်ချေ။
ကျိုးယန်လို ကောက်ရိုးအိတ်ကြီးကတောင် သူတို့လက်က လွှတ်အောင် ပြေးနိုင်တဲ့ဟာကို။ အဲလူတွေက ဒီအတိုင်း လူသ-တ်သမားတွေကို သိက္ခာချနေတာ။
ကျိုးယန်သည် ရှန်ယွဲ့က စိတ်ထဲမှ သူ့အားအထင်သေးနေသည်ကိ မသိချေ။ ယခုမူ သူ့တွင် မျှော်လင့်ချက် အမျှင်တန်းလေးတစ်ခုရှိလာရာ သူသည် အသက်ပြန်ရှင် လာသယောင် စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။
" နင်ဘယ်သူလဲ၊ နင် အရမ်းအားကောင်းတယ်လို့ ငါ ခံစားမိတယ်...."
" ငါက သာမန်လူတစ်ယောက်ပါပဲ၊ ပေါက်ကရတွေ ပြောမနေနဲ့၊ ဘာပဲဖြစ်ဖြစ် နင်ငါ့ကို ထိုက်တန်တဲ့ ငွေပမာဏတော့ ပေးရမယ်၊ ဒီဖက်ကိုလိုက်ခဲ့"
ရှန်ယွဲ့သည် သူ့အား ခြံငယ်လေးထဲမှ မြန်မြန်ကူထုတ်လိုက်ပြီး လူသ-တ်သမားများ သွားလိုက်သည့် ဆန့်ကျင်ဘက်အရပ်သို့ ဦးဆောင်ခေါ်သွားလိုက်လေသည်။
" နင်ဘာလို့ အဲဖက်ကို မသွားတာလဲ"
ကျိုးယန်သည် ဇဝေဇဝါဖြစ်သွားပြီး မိန်းလမ်းကို ဦးတည်နေသည့်လမ်းကြားလေးကို ညွှန်ပြလိုက်လေသည်။
ဒီလမ်းကြားကနေထွက်လိုက်ရင် လမ်းဘေးကိုရောက်သွားမှာပဲ။ လမ်းမီးနဲ့ လုံခြုံရေးကင်မရာတွေရှိနေတာကို ပိုမလုံခြုံဘူးလား။
" နင်ရူးနေလား၊ သူတို့တွေ ဒီနေရာအထိလိုက်လာနိုင်မှတော့ လမ်းရဲ့အနီးနားမှာ ခြုံခိုပြီး စောင့်နေမှာသေချာတယ်ဟဲ့"
ရှန်ယွဲ့သည် ကျိုးယန်၏ဉာဏ်ရည်ကို အံ့ဩမဆုံးဖြစ်သွားတော့သည်။
သူရဲ့ ဒီဉာဏ်ရည်နဲ့များ ဒီလူသ-တ်သမားတစ်အုပ်လက်ကနေ ဘယ်လိုလွတ်လာပါလိမ့်နော်။
ကျိုးယန်အား ဘာမှထပ်မပြောတော့ဘဲ ရှန်ယွဲ့သည် ကျိုးယန်အား ကြက်ကလေးတစ်ကောင်လို သယ်လာသည့်နှယ် ရပ်ကွက်၏ မှောင်မှောင်မဲမဲ လမ်းကြားများမှ ခေါ်လာလိုက်သည်။ အဆုံးတွင် သူမသည် ကျိုးယန်ကို မူးနောက်သွားစေတော့သည်။
နောက်ဆုံးတွင် သူမသည် ကျိုးယန်ကို ကီလိုမီတာအနည်းငယ်ဝေးသည့် လုံခြုံသည့်ထွက်ပေါက်တစ်ခု သို့ခေါ်လာခဲ့၏။ ရှန်ယွဲ့သည် နဖူးမှချွေးကို သုတ်လိုက်ပြီး markerဘောပင်ကို ထုတ်လိုက်လေသည်။ သူမသည် ကျိုးယန်၏အင်္ကျီလက်ကို ဆွဲလိုက်ပြီး သူမ၏ဘဏ်ကတ်နံပါတ်နှင့် နာမည်ကို ချရေးလိုက်၏။
" ငါ နင့်အသက်ကို ကယ်ထားပေးတယ်နော်၊ ငါ့ဆီ ပိုက်ဆံလွဲလိုက်ဖို့ မမေ့နဲ့၊ နင်အခု ဝူထုန်လမ်းနားမှာ ရောက်နေပြီ၊ အဲဒီလူသ-တ်သမားတွေက နင် ဒီနေရာမှာ ရှိတာကို လုံးဝသိမှာမဟုတ်ဘူး၊ နင့်အိမ်ကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းလိုက်"
" အာ.. ကျေးဇူး..."
ကျိုးယန်သည် သူ့အင်္ကျီလက်ပေါ်က နံပါတ်အတန်းလိုက်ကိုကြည့်ပြီး အူကြောင်ကြောင် ဖြစ်နေတော့သည်။ သူသည် ရှန်ယွဲ့အား ကျေးဇူးတင်စကားပြောချင်သော်လည်း သူစကားမဆုံးခင်မှာပင် ရှန်ယွဲ့က ထွက်သွားနှင့်ပြီးဖြစ်၏။
ရှန်ယွဲ့၏သန်မာသည့်ပုံရိပ်က ငါးတစ်ကောင်လို မှောင်မဲနေသည့်လမ်းကြားထဲ ပြန်ဝင်သွားသည်ကို ကြည့်နေရင်း ကျိုးယန်သည် အချိန်တော်တော်ကြာသည်အထိ အံ့အားသင့်နေပြီးနောက်မှ သူသည် အကူအညီ တောင်းသင့်ကြောင်း သတိရလာတော့သည်။ သူသည် အနီးဆုံးဖုန်းရုံဆီ မြန်မြန်လျှောက်သွားလိုက်ပြီး သူ့အိမ်နံပါတ်ကို ဖုန်းခေါ်လိုက်တော့သည်။
....
Paid group မှာ တပတ် ၅ပိုင်းနှုန်းတင်ပါတယ်။ Freeမစောင့်ချင်ရင် အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ် pageမှာ hi ပို့ပြီး ဝယ်ယူနိုင်ပါတယ်ရှင်။
Gp1 ( 1-250) Kpay/Wavepay -2500
....
Zawgyi
အပိုင္း (၂၅) အရပ္ဝတ္နဲ႔ရဲအတု
ဘာသာျပန္သူ- Chihirolily
ရွန္ယြဲ႕သည္ ႐ုတ္တရက္လန္႔သြားသလို ဟန္ေဆာင္လိုက္၏။ ရင္ဘတ္ကို ပုတ္ရင္း လွည့္ၾကည့္လိုက္ေလသည္။ သူမသည္ အာေပါင္အာရင္းသန္သန္ျဖင့္ ေျပာလိုက္ေတာ့သည္။
" ငါက နင္တို႔ေတြကို ေမးရမွာ__ ညသန္းေခါင္ႀကီး နင္တို႔က ေအာက္ထပ္မွာ ဘာလုပ္ေနတာလဲ"
ဒီလူအားလုံးသည္ မက္စ္မ်ား တပ္ထားၿပီး သာမန္အဝတ္အစားမ်ား ဝတ္ထားေလသည္။ သူတို႔လက္ထဲတြင္ တစ္ခုခုကို ကိုင္ထား၏။ သူတို႔အားလုံးသည္ ေသခ်ာေလ့က်င့္ထားၾကသည့္ ပေရာ္ဖက္ရွင္နယ္ လူသ-တ္သမားမ်ားႏွင့္တူသည္။
ေခါင္းေဆာင္သည္ အစက ရွန္ယြဲ႕ကို တိုက္ခိုက္ရန္ အခြင့္ေရးအယူ ခ်င္ေသာ္လည္း ရွန္ယြဲ႕က က်ယ္က်ယ္ေလာင္ေလာင္ ေအာ္ေျပာလိုက္ေသာအခါ အနီးအနားက ေနထိုင္သူမ်ား သိသြားၿပီး ျပႆနာတက္မည္စိုးသျဖင့္ သည္းခံေနလိုက္ရသည္။
ရွန္ယြဲ႕၏သံသယႏွင့္ ရင္ဆိုင္လိုက္ရၿပီးေနာက္ ထိုလူသည္ အခိုက္တန္႔ ပ်ာယာခတ္သြားၿပီး ျမန္ျမန္ ျပန္ေျဖလိုက္ေလသည္။
" ငါတို႔ေတြက အရပ္ဝတ္ရဲေတြပါ၊ သူခိုးတစ္ေယာက္ကို လိုက္ေနၾကတာ၊ အခုေလးတင္ ဒီနားမွာ တစ္ေယာက္ေယာက္ ျဖတ္သြားတာကို ျမင္လိုက္ေသးလား"
ေလထဲတြင္ ေသြးနံ႔ခပ္ေဖ်ာ့ေဖ်ာ့ရေန၏။ သူတို႔သာ သည္ေနရာတြင္ ဆက္ရွိေနလွ်င္ ဒီလူသ-တ္သမားမ်ားသည္ သံသယဝင္လာေတာ့မည္။ ရွန္ယြဲ႕သည္ ထိုစကားကို ၾကားလိုက္ေသာအခါ အလြန္စိတ္လႈပ္ရွား ဟန္ေဆာင္လိုက္ၿပီး ၿပဳံးလိုက္ေလသည္။
" ဪ ရဲေတြလား၊ အရမ္းေနာက္က်ေနၿပီေလ၊ အမႈ လိုက္ေနၾကတုန္းလား၊ ႀကိဳးစားလိုက္ၾကတာ"
ထိုသို႔ေျပာရင္း ရွန္ယြဲ႕သည္ သူမ၏ေခါင္းကို ထပ္ကုပ္လိုက္ၿပီး စကားအမ်ားႀကီး ေျပာရမွာ ရွက္႐ြံ႕ဟန္ လုပ္လိုက္ေလသည္။ သူမ ထပ္ေျပာလိုက္၏။
" ခုနတုန္းကေတာ့ လူတစ္ေယာက္ ဟိုလမ္းၾကားထဲ ဝင္သြားတာ ေတြ႕လိုက္တယ္၊ ငါ ထင္တာက အလုပ္ကျပန္လာတဲ့ ဒီနားကအိမ္နီးခ်င္းလို႔ ထင္ေနတာ"
ရွန္ယြဲ႕လက္ညိဳးထိုးျပလိုက္သည့္ဘက္ကို ၾကည့္လိုက္ၿပီးေနာက္ ထိုလူသည္ သူ႔ေနာက္က အေပါင္းအပါမ်ားကို ၾကည့္ကာ ပစ္မွတ္ကို အတည္ျပဳလိုက္ေတာ့သည္။ သူသည္ က်ိဳးယန္ေနာက္ ခ်က္ခ်င္း ဆက္လိုက္ၾကေတာ့သည္။
ထြက္မသြားမီ ေခါင္းေဆာင္သည္ သူ႔သ႐ုပ္ေဆာင္ခ်က္ကို အဆုံးသတ္ရန္ မေမ့လိုက္ေခ်။
" ေျပာျပေပးလို႔ ေက်းဇူးပဲေနာ္၊ အခုတေလာ လုံၿခဳံေရးေတြက မေကာင္းဘူး၊ ညဆို အျပင္မထြက္နဲ႔"
" ဟုတ္ ဟုတ္ ရဲအရာရွိႀကီးတို႔ ႀကိဳးစားၾကေနာ္၊ သူခိုးေနာက္လိုက္တာက အေရးႀကီးတယ္၊ ျမန္ျမန္ သြားၾကေတာ့"
ရွန္ယြဲ႕သည္ ေခါင္းတြင္တြင္ ညိတ္ကာ လူသ-တ္သမားမ်ားက သူမၫႊန္ျပလိုက္သည့္ လမ္းၾကားထဲ အေျပးဝင္သြားသည္ကို ၿပဳံး၍ ၾကည့္ေနလိုက္ေလသည္။
အ႐ူးတစ္သိုက္။ သူတို႔ေတြ ပု႐ြတ္ဆိတ္အိမ္ထပ္ေတာင္ ရႈပ္ေထြးတဲ့ ဒီရပ္ကြက္ထဲဝင္လိုက္ၿပီဆိုတာနဲ႔ လြယ္လြယ္နဲ႔ ျပန္ထြက္လို႔ရေတာ့မွာမဟုတ္ဘူး။
ရွန္ယြဲ႕သည္ ထိုငတုံးတစ္သိုက္ေၾကာင့္ ေအာ္ရယ္မိမတတ္ျဖစ္သြားေတာ့သည္။
ရွန္ယြဲ႕သည္ သိုေလွာင္႐ုံဆီ ျပန္ေရာက္လာခ်ိန္၌ သူမ၏အမူအရာသည္ အနည္းငယ္ ေအးေဆးေန၏။
" အဲဒီလူေတြ အေဝးႀကီးေရာက္သြားၿပီ၊ သူတို႔ခဏေန ျပန္လာေလာက္တယ္၊ သြားစို႔၊ ငါ နင့္ကို ေခၚသြားေပးမယ္"
" နင့္သ႐ုပ္ေဆာင္ စြမ္းရည္က တကယ္ေကာင္းတာပဲ၊ သူတို႔ေတြကို ေကာင္းေကာင္း လွည့္စားႏိုင္တယ္"
က်ိဳးယန္သည္ ရွန္ယြဲ႕ႏွင့္ ထိုလူသ-တ္သမားတို႔ အျပန္အလွန္ေျပာစကားကို နားေထာင္လိုက္ၿပီးေနာက္ တအံ့တဩႏွင့္ ေျပာလိုက္ေလသည္။
"သူတို႔ေတြ ပါမႊားေလးေတြပါ"
ရွန္ယြဲ႕သည္ ထိုလူသ-တ္သမားကို လုံးဝ ဂ႐ုမစိုက္ေခ်။
က်ိဳးယန္လို ေကာက္႐ိုးအိတ္ႀကီးကေတာင္ သူတို႔လက္က လႊတ္ေအာင္ ေျပးႏိုင္တဲ့ဟာကို။ အဲလူေတြက ဒီအတိုင္း လူသ-တ္သမားေတြကို သိကၡာခ်ေနတာ။
က်ိဳးယန္သည္ ရွန္ယြဲ႕က စိတ္ထဲမွ သူ႔အားအထင္ေသးေနသည္ကိ မသိေခ်။ ယခုမူ သူ႔တြင္ ေမွ်ာ္လင့္ခ်က္ အမွ်င္တန္းေလးတစ္ခုရွိလာရာ သူသည္ အသက္ျပန္ရွင္ လာသေယာင္ စိတ္လႈပ္ရွားစြာ ေမးလိုက္ေလသည္။
" နင္ဘယ္သူလဲ၊ နင္ အရမ္းအားေကာင္းတယ္လို႔ ငါ ခံစားမိတယ္...."
" ငါက သာမန္လူတစ္ေယာက္ပါပဲ၊ ေပါက္ကရေတြ ေျပာမေနနဲ႔၊ ဘာပဲျဖစ္ျဖစ္ နင္ငါ့ကို ထိုက္တန္တဲ့ ေငြပမာဏေတာ့ ေပးရမယ္၊ ဒီဖက္ကိုလိုက္ခဲ့"
ရွန္ယြဲ႕သည္ သူ႔အား ၿခံငယ္ေလးထဲမွ ျမန္ျမန္ကူထုတ္လိုက္ၿပီး လူသ-တ္သမားမ်ား သြားလိုက္သည့္ ဆန္႔က်င္ဘက္အရပ္သို႔ ဦးေဆာင္ေခၚသြားလိုက္ေလသည္။
" နင္ဘာလို႔ အဲဖက္ကို မသြားတာလဲ"
က်ိဳးယန္သည္ ဇေဝဇဝါျဖစ္သြားၿပီး မိန္းလမ္းကို ဦးတည္ေနသည့္လမ္းၾကားေလးကို ၫႊန္ျပလိုက္ေလသည္။
ဒီလမ္းၾကားကေနထြက္လိုက္ရင္ လမ္းေဘးကိုေရာက္သြားမွာပဲ။ လမ္းမီးနဲ႔ လုံၿခဳံေရးကင္မရာေတြရွိေနတာကို ပိုမလုံၿခဳံဘူးလား။
" နင္႐ူးေနလား၊ သူတို႔ေတြ ဒီေနရာအထိလိုက္လာႏိုင္မွေတာ့ လမ္းရဲ႕အနီးနားမွာ ၿခဳံခိုၿပီး ေစာင့္ေနမွာေသခ်ာတယ္ဟဲ့"
ရွန္ယြဲ႕သည္ က်ိဳးယန္၏ဉာဏ္ရည္ကို အံ့ဩမဆုံးျဖစ္သြားေတာ့သည္။
သူရဲ႕ ဒီဉာဏ္ရည္နဲ႔မ်ား ဒီလူသ-တ္သမားတစ္အုပ္လက္ကေန ဘယ္လိုလြတ္လာပါလိမ့္ေနာ္။
က်ိဳးယန္အား ဘာမွထပ္မေျပာေတာ့ဘဲ ရွန္ယြဲ႕သည္ က်ိဳးယန္အား ၾကက္ကေလးတစ္ေကာင္လို သယ္လာသည့္ႏွယ္ ရပ္ကြက္၏ ေမွာင္ေမွာင္မဲမဲ လမ္းၾကားမ်ားမွ ေခၚလာလိုက္သည္။ အဆုံးတြင္ သူမသည္ က်ိဳးယန္ကို မူးေနာက္သြားေစေတာ့သည္။
ေနာက္ဆုံးတြင္ သူမသည္ က်ိဳးယန္ကို ကီလိုမီတာအနည္းငယ္ေဝးသည့္ လုံၿခဳံသည့္ထြက္ေပါက္တစ္ခု သို႔ေခၚလာခဲ့၏။ ရွန္ယြဲ႕သည္ နဖူးမွေခြၽးကို သုတ္လိုက္ၿပီး markerေဘာပင္ကို ထုတ္လိုက္ေလသည္။ သူမသည္ က်ိဳးယန္၏အက်ႌလက္ကို ဆြဲလိုက္ၿပီး သူမ၏ဘဏ္ကတ္နံပါတ္ႏွင့္ နာမည္ကို ခ်ေရးလိုက္၏။
" ငါ နင့္အသက္ကို ကယ္ထားေပးတယ္ေနာ္၊ ငါ့ဆီ ပိုက္ဆံလြဲလိုက္ဖို႔ မေမ့နဲ႔၊ နင္အခု ဝူထုန္လမ္းနားမွာ ေရာက္ေနၿပီ၊ အဲဒီလူသ-တ္သမားေတြက နင္ ဒီေနရာမွာ ရွိတာကို လုံးဝသိမွာမဟုတ္ဘူး၊ နင့္အိမ္ကို ဖုန္းဆက္ၿပီး လာေခၚခိုင္းလိုက္"
" အာ.. ေက်းဇူး..."
က်ိဳးယန္သည္ သူ႔အက်ႌလက္ေပၚက နံပါတ္အတန္းလိုက္ကိုၾကည့္ၿပီး အူေၾကာင္ေၾကာင္ ျဖစ္ေနေတာ့သည္။ သူသည္ ရွန္ယြဲ႕အား ေက်းဇူးတင္စကားေျပာခ်င္ေသာ္လည္း သူစကားမဆုံးခင္မွာပင္ ရွန္ယြဲ႕က ထြက္သြားႏွင့္ၿပီးျဖစ္၏။
ရွန္ယြဲ႕၏သန္မာသည့္ပုံရိပ္က ငါးတစ္ေကာင္လို ေမွာင္မဲေနသည့္လမ္းၾကားထဲ ျပန္ဝင္သြားသည္ကို ၾကည့္ေနရင္း က်ိဳးယန္သည္ အခ်ိန္ေတာ္ေတာ္ၾကာသည္အထိ အံ့အားသင့္ေနၿပီးေနာက္မွ သူသည္ အကူအညီ ေတာင္းသင့္ေၾကာင္း သတိရလာေတာ့သည္။ သူသည္ အနီးဆုံးဖုန္း႐ုံဆီ ျမန္ျမန္ေလွ်ာက္သြားလိုက္ၿပီး သူ႔အိမ္နံပါတ္ကို ဖုန္းေခၚလိုက္ေတာ့သည္။
....
Paid group မွာ တပတ္ ၅ပိုင္းႏႈန္းတင္ပါတယ္။ Freeမေစာင့္ခ်င္ရင္ အထူးလုပ္ႀကံေရးသမတစ္ေယာက္ရဲ႕စာမ်က္ႏွာသစ္ pageမွာ hi ပို႔ၿပီး ဝယ္ယူႏိုင္ပါတယ္ရွင္။
Gp1 ( 1-250) Kpay/Wavepay -2500
....