𖡛YOUR SHADOW𖡛 {Completed}
By 79xiaomei
4.8K 259 8
ဒီဇာတ်လမ်းရဲ့မူရင်း plot ကိုပြောင်းပြီးပြန်ရေးထားပါတယ်... Ficအသစ်မိတ်ဆက်တုန်းက မူရင်း plot ကိုအကျဥ်းချုံးပြီး... More
အသိပေးအမှာစာ
Chapter -1
Chapter -2
Chapter -3
Character intro
Chapter -4
Chapter -5
Chapter -6
Chapter -7
Chapter -8
Chapter -9
Chapter -10
Chapter -11
Chapter -12
Chapter -13
Chapter -14
Chapter -15
Chapter -16
Chapter -17
Chapter -18
Chapter -19
🥰read🥰
Chapter -20
Chapter -21
Chapter -22
Second character intro
Chapter -23
Chapter -24
Chapter -25
Chapter -26
Chapter -27
Chapter -28
Chapter -29
Chapter -30
Chapter -31
Chapter -32
Chapter -33
Chapter -34
Chapter -36
Chapter -37
Chapter -38
Chapter -39
Chapter -40
Chapter -41
Chapter -42
Chapter -43
Chapter -44
Chapter -45
Chapter -46
Chapter -47
Chapter -48
Chapter -49
Chapter -50
Chapter -51
Chapter -52
Chapter -53 End...
❤️ကျေးဇူးတင်လွှာ❤️
Extra -1
Extra -2
Extra -3
Extra -4
🙏🏻Apologizs 🙏🏻
Hi...
Extra -5
😁😁😁Hi...
Extra -6 End...
ဖေဖော်ဝါရီလ ၁၃ရက်နေ့
Chapter-35
35 3 0
By 79xiaomei
U ver
𖡛YOUR SHADOW𖡛
“ ကျစ်!…စိတ်ရှုပ်လိုက်တာ... ”
ရုံးခန်းအတွင်းရှိဆိုဖာပေါ်မှာ ထိုင်ကာ ဆံပင်တို့ကိုခပ်ကြမ်းကြမ်းဖွပစ်လိုက်ရင်း စိတ်ရှုပ်စွာဖြင့် တစ်ယောက်တည်း တီးတိုးရေရွတ်နေတဲ့ ဦးထွဋ်ခေါင်
“ ကျစ်!…ငါ...ငါတကယ်ပဲ…တကယ်ပဲဘာတွေလုပ်ခဲ့မိတာလဲကွာ ”
ဆိုဖာခုံရဲ့ အနောက်ကျောမှီတဲ့အရာကိုမှီလိုက်ရင်း ခေါင်းကိုပါထိုပေါ်ကိုတင်ကာ အခန်းရဲ့အဖြူရောင်မျက်နှာကြပ်ကိုမမှိတ်မတုန်ဖြင့်ကြည့်ရင်း လွန်ခဲ့တဲ့တစ်ပတ်လောက်ကအကြောင်းအရာတွေကိုပြန်တွေးနေမိတယ်
သူအဲ့ဒီနေ့က နွယ့်ဆီကိုသွားခဲ့တယ်…အဲ့မှာသူယူကြုံးမရစွာနဲ့ငိုနေမိတုန်းမှာပဲ ရုတ်တရပ်ဆိုသလို အကန်ခံလိုက်ရတာကြောင့် ဘေးကိုလှဲကျသွားချိန် အပေါ်ကိုနေတက်ခွကာသူ့ရဲ့မျက်နှာကို လက်သီးနဲ့ သုံးချက်ဆင့်ထိုးလာတဲ့ လူတစ်ယောက်ကြောင့် အငိုက်မိသံာတဲ့သူ့မှာဘာမှမလုပ်နိုင်ခဲ့
နောက်တော့ သူ့အပေါ်ကနေထသွားကာဒေါသတကြီးနဲ့ဆိုလာတဲ့စကားနဲ့အတူကြားလိုက်ရတဲ့အသံဟာသူ့အရမ်းမုန်းတဲ့လူရဲ့အသံနဲ့ဆင်တူနေတာကြောင့် ထရပ်ကာကြည့်လိုက်မိတော့ ထိုသူဖြစ်နေတာကြောင့်ခနဲ့သလိုရယ်လိုက်ပြီးပြန်ပြောလိုက်တော့ ဒေါသတကြီး သူ့ရဲ့အင်္ကျီစကိုဆွဲပြီး ဘာမှမပြောပဲ လက်လွှတ်လိုက်ကာသူ့နဲ့အနည်းငယ်ခွာလိုက်ပြီး ပြောလာတဲ့စကားတွေကိုသူတစ်ကယ်ကိုနားမလည်နိုင်ပါ
နောက်တော့ နွယ်အတွက်ယူလာတဲ့ ဒေလီယာပန်းစည်းကိုထားခဲ့ပြီး နောက်ကိုတစ်ချက်တောင်လှည့်မကြည့်ပဲထွက်သွားတဲ့ ထိုသူကို သူအမှန်တကယ်ပဲ မုန်းတီးမိသည်လားဆိုတာကိုသူမသိဘူး။သူ့ရဲ့နှုတ်ကနေသာမုန်းချင်းထပ်အောင်ပြောဆိုနေမိပေမယ့်လည်း သူဝေခွဲလို့မရသေးပါ
နောက်တော့သူ့လည်း ဝမ်းနည်းပြီးနာကျင်ကာ မွန်းကြပ်နေတဲ့စိတ်အစုံကို ဖြေလျှော့ရန်အတွက် "Dream Theater" အမည်းရှိတဲ့နာမ်မည်ကြီး ဘားကိုထွက်လာကာ တစ်နေကုန်ထိုင်သောက်နေမိတယ်။ဒါပေမယ့်လည်း နာကျင်နေတဲ့စိတ်အစုံကတော့ပိုလို့ပင်နာကျင်လာရသည်သာ
သူ ထိုနေရာမှာပဲ အရက်သောက်နေမိသည်မှာဘယ်လောက်တောင်ကြားသွားတယ်မသိ။သူသိတာဆိုလို့ သူ့ရှေ့မှာရပ်ကာ သူ့ကိုစကားပြောနေတဲ့ နွယ့်ကိုသာတွေ့လိုက်ရသည်။နောက်တော့အနားကိုကပ်လာတဲ့ နွယ့်ကိုလက်ကနေဆွဲပြီး တင်းတင်းကျပ်ကျပ်ကိုဖက်တွယ်ထားမိတယ်။ဒါပေမယ့်နွယ်ကတော့ သူ့ရဲ့လက်ထဲကနေအတင်းတွေရုန်းကန်နေ ပြီး သူ့ရဲ့နာမ်မည်ကိုခေါ်တာကြောင့် အလိုမကျစွာနဲ့သူဆိုမိတာကိုမှတ်မိသေးတယ်
အဲ့တာကို နွယ်က ရုန်းလည်းရုန်းရင်း သူ့ကိုသူလည်း နွယ်မဟုတ်ကြောင်းနဲ့ ဓနမာန်သာဖြစ်ကြောင်းကို စိတ်ရှုပ်စွာနဲ့ပြန်ပြောသံတွေကိုကြားပေမယ့်သူလျစ်လျူရှူ့ခဲ့ပြီး ထိုသူအကြောင်းကို‌မပြောဖို့ပြောခဲ့မိသည်ကိုလည်း သူသိတယ်။ပြီးတော့လည်း သူနမ်းချင်တယ်လို့ပြောပြီး ရုန်းနေတဲ့သူကိုလည်းဇွတ်အတင်းတွေနမ်းခဲ့မိတော့ သူ့ကိုစောင့်ကန်လိုက်တာကြောင့် ကုတင်ပေါ်ကနေပြီးပြုတ်ကျကာကြမ်းပြင်မှာ ထိုင်ရက်လေးဖြင့်သာ
နောက်တော့သူ့ကိုစိုးရိမ်တကြီးနဲ့ပြောကာ အနားကိုပြေးလာပြီး လက်လှမ်းလိုက်တာကြောင့် သူလည်းအဲ့လက်ကိုဆွဲပြီး အတင်းချုပ်ပြီးနမ်းခဲ့တယ်။နောက်တော့ စိတ်တိုင်းမကျတာကြောင့် ကုတင်ပေါ်ကို သူတို့သွားခဲ့တယ် ။ပြီးတော့သူချုပ်ပြိီးအတင်းတွေနမ်းခဲ့တာကိုလည်းသူမှတ်တယ်။ဒါပေမယ့် သူ့မျက်လုံးထဲမှာတော့ ထိုအချိန်ထိ ထိုလူကို နွယ်လို့သာမြင်နေခဲ့မိသည်သာ
အဲ့နောက်တော့သူဘာတွေဆက်ဖြစ်ခဲ့ကြလည်းဆိုတာကိုမသိတော့ဘူး။မနက်ရောက်တော့မှ သူသိလိုက်ရတာ သူနွယ်လို့ထင်ခဲ့တဲ့သူဟာ သူအရမ်းကိုမှမုးန်တီးရွံရှာခဲ့မိတဲ့ ဓနမာန်ဆိုသူသာဖြစ်လို့နေတာကြောင့် အလွန်ကိုဒေါသလည်းဖြစ်သလို တစ်ချိန်ထဲမှာပဲ တစ်မျိုးကြီးခံစားလာရတဲ့ခံစားချက်တို့ကြောင့်ရော ရောကာ လက်သီးနဲ့ထိုးခဲ့တယ်။နောက်တော့နှစ်ယောက်သားစကားများခဲ့ကြတယ်
သူအိမ်ပြန်ရောက်ကတည်းကနေအခုချိန်ထိ ထိုအဖြစ်အပျက်တစ်ခုလုံးကိုမမှတ်မိသေးပေ။သူဘယ်လောက်ပဲကြိုးစားကာစဉ်းစားပြီးတွေးတောကြည့်သော်လည်းအဖြေမရခဲ့
“ ကျစ်!…တကယ်ပဲဘာတွေဖြစ်ခဲ့ကြတာလဲကွာ…တောက်စ်!!…ဟာကွာ!… ”
ဒေါက် ဒေါက် ဒေါက်
“ ဝင်ခဲ့… ”
ရုတ်တရပ်ဆိုသလိုတံခါးခေါက်သံကိုကြားလိုက်တာကြောင့် သေချာသပ်သပ်ရပ်ရပ်လေးပြန်ပြင်လိုက်ရင်း ဝင်လာခိုင်းလိုက်တယ်
“ လေးလေး... ”
“ ဪ…အဂ္ဂနဲ့မာန်လေးပါလား…အိန်ဂျယ်လ်နဲ့နန်းလည်းပါတာပဲ ”
“ ဟုတ် ”
မာန်နဲ့ နန်းစံကပြုံးကာဖြေလိုက်တယ်
နောက်အားလုံးလည်းဆိုဖာမှာဝင်ထိုင်းလိုက်ကြတယ်
“ ငါ့တူတို့ကဘာများပြောစရာရှိလို့လဲ ”
“ ဟုတ်ကဲ့…အသိပေးစရာရှိလို့ပါ”
တူဖြစ်သူရဲ့အပြောကြောင့် ဦးထွဋ်ခေါင်ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်နေလိုက်တယ်
“ ကျွန်တော်နဲ့ ကြွေရုပ်လေးနဲ့ ချစ်သူတွေဖြစ်သွားကြပြီ…လက်ထပ်ဖို့အထိလည်းရည်ရွယ်ထားတယ်…ကောင်လေးဘွဲ့ရပြီးရင်‌လို့တွေးထားတယ်…ကျွန်တော်တို့မှာလည်း မိဘဆိုတာမရှိတော့ လေးလေးကိုပဲ မိဘအရာထားပြီး အသိပေးတာပါ… ”
“ အင်း…လေးလေး အစတည်းကထင်ပါတယ်…လေးလေးမှာဘာမှကန့်ကွက်စရာမရှိပါဘူး…မင်းတို့ချစ်လို့ကြိုက်လို့ ယူကြတာပဲ…လေးလေး ဘာမှမပြောလိုဘူး…ဒါပေမယ့် အဂ္ဂ မင်းဘက်ကတော့သစ္စာရှိရှိနဲ့မာန်လေးအပေါ်ကိုချစ်သွားဖို့လိုတယ်…သစ္စာရှိရုံနဲ့တော့ဘယ်ရမလဲ ယုံကြည်မှုရှိဖို့အတွက်လည်းလိုသေးတယ်တာပေါ့…တကယ်လို့ မင်းတို့သာတစ်ယောက်အပေါ်ကိုတစ်ယောက်ယုံကြည်မှုမရှိဘူးဆိုရင် မင်းတို့ရဲ့အချစ်ခရီးလမ်းဟာဘယ်လိုလိုက်ပြီးသာယာဖျောင်းဖြူးတော့မလဲ…ပြီးတော့ တစ်ယောက်ကိုတစ်ယောက်သစ္စာမရှိကြဘူးဆိုရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို မင်းခန့်မှန်းနိုင်မှာပါ…အဂ္ဂ မင်းကအကြီးဆိုတော့ပိုပြီးနားလည်မှာပါ… ”
“ ဟုတ်ကဲ့ ကျွန်တော်တို့ မှတ်ထားပါ့မယ်… ”
ထိုအချိန် အဂ္ဂဖုန်းလာတာကြောင့် ကြည့်လိုက်တော့ ဦးဓနမာန်ဖြစ်လို့နေတာကြောင့် ကောင်လေးကိုဖုန်းပေးလိုက်တယ်
ပေးလာတဲ့ဖုန်းကိုယူပြီး ထိုနေရာကနေ ဝရံတာနားကိုထသွားလိုက်တယ်
“ ဟုတ်…ကျွန်တော်အဆင်ပြေပါတယ်…ဖေဖေလည်းကျန်းရေးဂရုစိုက်ဦးနော် ”
📱“ …….. ”
“ ဟုတ်… ”
📱“ …….. ”
“ ‌ဗျာ…တ တကယ်လားဟင် ”
📱“ …….... ”
“ ကိုယ်ဝန်ကတစ်ပတ်တောင်ရှိပြီ ဟုတ်လား… ”
📱“ .…..… ”
“ တောက်စ်!…ဖေဖေ…အဲ့တာဘယ်ခွေးကောင်လက်ချက်လဲ…တွေ့လို့ကတော့ အရေခွံခွာပြီးနုတ်နုတ်စဉ်းပစ်မယ်…ပြီး… ”
📱“ …….... ”
“ ဟုတ်ကဲ့ပါ ဖေဖေကလည်း…ကျွန်တော် မနက်ဖြန်ဖေဖေ့ဆီကိုပြန်လာမယ်…ပြီးတော့ပြောစရာလည်းရှိတယ် ”
📱“ …….... ”
“ ဟုတ် ဟုတ်…ဂရုစိုက်ပါ…ကျွန်တော်ပြန်လာမှအဲ့ခွေးကိစ္စရှင်းမယ်…ဟုတ် ”
မာန်ဖုန်းပြောပြီးတော့ လူကြီးတို့ရှိတဲ့နေရာကိုပြန်လာလိုက်တော့ သူ့ကို ဘယ်လိာကြီးကြည့်နေမှန်းမသိတဲ့ ဦးထွဋ်
“ ဘာ ဘာဖြစ်လို့လဲဟင်… ”
“ အစောက မာန်လေးပြောတာအမှန်ပဲလား…'ကိုယ်ဝန်တစ်ပတ်ရှိနေပြီ'ဆိုတာ ”
“ ဗျာ…ဟုတ် ဖေဖေပြော… ”
“ ဟင်?? ”
သူ့စကားတောင်မဆုံးသေးဘူးအပြင်ကိုအမြန်ပြေးထွက်သွားတဲ့ ဦးထွဋ်
🍂🍂🍂🍂🍂🍂🍂🍂
ကဲ…ဘာတွေဆက်ဖြစ်လာမှာပါလိမ့်နော်🤔🤔
#23.7.2023... Sun#
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Z ver
𖡛YOUR SHADOW𖡛
သူအဲ့ဒီနေ့က နွယ့်ဆီကိုသွားခဲ့တယ်…အဲ့မှာသူယူကြုံးမရစွာနဲ့ငိုနေမိတုန်းမှာပဲ ရုတ်တရပ်ဆိုသလို အကန်ခံလိုက်ရတာကြောင့် ဘေးကိုလှဲကျသွားချိန် အပေါ်ကိုနေတက်ခွကာသူ့ရဲ့မျက်နှာကို လက်သီးနဲ့ သုံးချက်ဆင့်ထိုးလာတဲ့ လူတစ်ယောက်ကြောင့် အငိုက်မိသာံတဲ့သူ့မှာဘာမှမလုပ်နိုင်ခဲ့
ဒေါက် ဒေါက် ဒေါက်
“ ဝင်ခဲ့… ”
“ လေးလေး... ”
“ ဟုတ် ”
📱“ …….. ”
“ ဟုတ်… ”
📱“ …….. ”
“ ‌ဗျာ…တ တကယ်လားဟင် ”
📱“ …….... ”
📱“ .…..… ”
📱“ …….... ”
📱“ …….... ”
“ ဘာ ဘာဖြစ်လို့လဲဟင်… ”
“ ဗျာ…ဟုတ် ဖေဖေပြော… ”
“ ဟင်?? ”
🍂🍂🍂🍂🍂🍂🍂🍂
#23.7.2023... Sun#
Continue Reading
You'll Also Like
38.9K 4.2K 52
မင်းကြောင့် အချစ်ဆိုတာ မွေးဖွားလာခဲ့တယ်..။
3.2K 74 12
Dick Grayson had never known about his identical twin brother Ric that was not until the man who was a few minutes older had came to the Manor delive...
9.7K 840 4
1.8M 113K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...