Extra -1

40 1 0
                                    

U ver

𖡛YOUR SHADOW𖡛



ကျယ်ဝန်းတဲ့ မြစိမ်းရောင်မြက်ခင်းပြင်ပေါ်တွင်တော့ ခမ်းနားလှပသေသပ်စွာဖြင့်အလှဆင်ထားသော မင်္ဂလာပွဲအပြင်အဆင်များနှင့်အတူ စီးကားနေတဲ့ဧည့်သည်တော်များမှာတော့ သူ့နေရာနှင့်သူထိုင်ကာဖြင့် ရင်းနှီးသူတို့အချင်းချင်းစကားစမြည်ပြောရင်း သတို့သား/သမီး မင်္ဂလာခန်းဝင်မဲ့အချိန်အားစောင့်ဆိုင်းလို့နေကြသည်ဖြစ်၏

“ မင်္ဂလာအချိန်အခါသမယသို့ရောက်ရှိပြီဖြစ်တာကြောင့် သတို့သားနှင့်သတို့သမီးအား မင်္ဂလာစင်မြင့်ရှိရာဆီသို့ကြွမြန်းလာရန်အလို့ငြားဖိတ်ကြားအပ်ပါသည် ”

ထို့နောက် ဘိတ်သိပ်ဆရာ၏တည်ကြည်ခန့်ညားလှ‌သောအောင်မြင်ကာဩဇာညောင်းလှသည့်အသံဟာ ထိုနေရာအတွင်းထွက်ပေါ်လို့လာပြီးသည့်နောက်မှာတော့ မင်္ဂလာကော်ဇော်နီပေါ်သို့ အရှေ့မှဦးဆောင်ကာတစ်လှမ်းချင်းလျှောက်လှမ်းလာရင်း လက်ထဲမှာကိုင်ထားတဲ့ ခြင်းလေးထဲမှ နှင်းဆီပန်းပွင့်ချပ်အဖြူနှင့်အပန်းရောင်တို့အား ဖြန့်ကျဲလျက်ရှိသော မိန်းကလေးနှစ်ယောက်နှင့်အတူ သတို့သား/သမီးအရံတွေဖြစ်သော သူများရဲ့အနောက်မှ တစ်ယောက်လက်အားတစ်ယောက်ချိတ်ကာဖြင့် လျှောက်လှမ်းလာနေသော သတိုးသားနှင့်သတို့သမီးဖြစ်သူတို့မှာတော့ မင်္ဂလာစင်မြင့်ရှိရာဆီသို့ဖြေးဖြေးချင်းလျှောက်လှမ်းလာရင်း သူတို့ထိုင်ရန်ပြုလုပ်ထားသော ထိုင်ခုံပေါ်သို့ ပြုံးကာထိုင်လိုက်ကြရင်း ကြွရောက်လာကြသောဧည့်သည်တော်များနှင့်မိသားစုဝင်များကိုကြည့်ပြီး တစ်ယောက်ကိုတစ်ယောက်ပြုံးကာဖြင့်အပြန်အလှန်ကြည့်မိကြရင်း ပိီတိဖြာနေမိကြတော့သည်သာ

သူတို့နောက်တွင်တော့ အလှဆင်ကာ ကာထားသည့်အဖြူရောင်ပိုးဖဲသားစလေးပေါ်တွင်တော့  သတို့သား/သမီးများဖြစ်ကြသော " မောင်မင်းနေခ နှင့် မဂျူလီယာ တို့၏ ထိမ်းမြှားမင်္ဂလာဧည့်ခံပွဲ " ဆိုတဲ့ ထင်းနေအောင်ရေးထိုးထားသည့် အမည်နာမလေးနှစ်ခု

ထို့နောက်အစဉ်အလာအတိုင်း မင်္ဂလာပွဲကိုအစီအစဉ်တကျပြုလုပ်ပြီးတဲ့နောက်မှာတော့ ရွှေပွဲလာဧည့်သည်တော်များအား မင်္ဂလာသတို့သား/သမီးမှ ကျွေးမွေးကာဧည့်ခံလေတော့သည်

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now