Chapter -53 End...

84 1 0
                                    

U ver

𖡛YOUR SHADOW𖡛

" ဒါ ဒါဆို ဦး ဦးထွဋ်ကမှ သားရဲ့ဖေဖေပေါ့ "

" အင်း... "

သားဖြစ်သူရဲ့အမေးအား ပြုံးကာခေါင်းညိတ်ပြလိုက်တယ်

ဖခင်ဖြစ်သူရဲ့ရှင်းပြမှုအပြီးမှာတော့ သူအရာအားလုံးကိုနားလည်သွားတော့တယ်။ဦးထွဋ်ကမှသူ့ရဲ့တကယ့်ဖခင်ရင်းဖြစ်ပြီးမိခင်ဖြစ်သူနဲ့ကချစ်သူတွေ...အင်း သည့်ထက်လည်းပိုတယ်လို့ဆိုလို့ရတာပေါ့။ဖေဖေကကျတော့ မေမေနဲ့သူ့ကိုကာကွယ်ပေးဖို့အတွက် အနစ်နာခံပြီး နာမ်မည်ခံဖခင်တစ်ယောက်ဖြစ်တယ်

ဘယ်လိုပဲဖြစ်ဖြစ်ပါ...အငယ်လေးတည်းကနေ အာ မဟုတ်ဘူး...သ‌န္ဓေတည်စတည်းကနေယခုချိန်ထိဖခင်ရင်းနှင့်မခြားကျွေးမွေးပြုစုစောင့်ရှောက်ကာကွယ်ပေးခဲ့သည်မဟုတ်ပါလား

" တောင်းပန်ပါတယ်...Daddy မသိခဲ့လို့ "

" တောင်းပန်စရာမလိုပါဘူး ကျွန်တော်အဆင်ပြေတာမလို့ ရပါတယ် Daddy "

" ကျေးဇူးပါ "

ပြောကာသူ့ကိုဖက်တွယ်လာတဲ့ daddy ကြောင့်သူလည်းပြုံးကာပြန်လည်ဖက်တွယ်ထားလိုက်တယ်

" လာလေ... "

တံခါးရှိရာဘက်ကိုလှည့်ကြည့်ကာပြုံးရင်းပြောလိုက်တဲ့ဦးမာန်ကြောင့် သူတို့တွေအားလုံးလည်းကြည့်လိုက်မိတော့ အားတုံ့အားနာဖြစ်နေဟန်ဖြင့်မရဲတရဲလေးအခန်းရှေ့မှာရပ်ကာကြည့်နေတဲ့ ‌လူနှစ်ယောက်ကိုမြင်လိုက်ရတယ်

ထို့နောက် အခန်းထဲကိုဝင်လာတဲ့ ထိုလူနှစ်ယောက်မှာတော့မဝင့်မရဲလေးဖြင့် မာန်နဲ့ဦးမာန်အား ကြည့်လို့လာကာ

" လေးလေးနဲ့မာန်လေး ကျွန်တော်တောင်းပန်ပါတယ်...အမှန်တရားတွေကိုမသိပဲ မှားယွင်းစွပ်စွဲခဲ့မိတဲ့အပြင်အသက်အန္တရာယ်ပါပေးခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်...ကျွန်တော် အနူးအညွှတ်ကိုတောင်းပန်ပါတယ် "

" မလိုပါဘူး မင်းနေ...လေးလေးအရာအားလုံးကိုခွင့်လွှတ်ပေးပြီးသားပါ "

ခေါင်းကိုငုံ့ကိုင်းပြီးတောင်းပန်စကားဆိုလာတဲ့တူဖြစ်သူကြောင့် ပြုံးကာခွင့်လွှတ်ကြောင်းပြောလိုက်တယ်

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now