Chapter -7

87 5 0
                                    


U ver

𖡛YOUR SHADOW𖡛

“ အစ်ကို… ”

ခေါ်သံကြားလို့ထိုင်နေရင်းနောက်ကိုလှည့်ကြည့်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကနှာခေါင်းသွေးလျှံချင်စရာ

သူ့ရဲ့ရှပ်လက်ရှည်မိုးပြာရောင်ကိုယူဝတ်ထားတာကြောင့် ကောင်လေးရဲ့ပေါင်လယ်လောက်ထိရှိနေပြီးဒူးအထက်ဂျင်းအနက်လေးနဲ့တွဲဝတ်ထားတာကြောင့်ဖြူဥဥခြေတလုံးလေးကအထင်းသားပေ။ အခုကောင်လေးရဲ့ပုံစံမှာအကြည့်မလွှဲနိုင်စရာပုံရိပ်လေးတစ်ခုပင်

ရေချိုးပြီးခါစလည်းဖြစ်တာကြောင့်ဆပ်ပြာနံ့သင်းသင်းလေးကနှာခေါင်းဝနားကိုလာရောက်ပွတ်သပ်ကြည်စယ်လို့နေသည်။ခေါင်းကရေမသုတ်ထားတာကြောင့်စိုနေပြီး ရေစက်တချို့ကဖြူနုနုလည်တိုင်တစ်လျှောက်ဖြတ်သန်းစီးဆင်းကာတဖြေးဖြေးအနည်းငယ်ပေါ်နေတဲ့ ညှပ်ရိုးဖွေးဖွေးတို့ကိုဖြတ်ကာအင်္ကျီအတွင်းထိုးဖောက်ဝင်ရောက်သွားကြသည်ကိုသူမနာလိုစွာကြည့်နေမိတယ်

ဟုတ်တယ်လေ ကိုယ်တောင်မထိရက်မတွေ့ရက်ပိုးဥသလိုဥထားတာကို သူတို့ကတော့ထိရက်တယ်

အခုတော့ကောင်လေးကိုဆက်ငမ်း…အဲလေ မှားလို့ ကြည့်နေလို့မရသေးဘူး။ရေစိုနေတဲ့ခေါင်းကိုသုတ်ပေးရဦးမယ်။တော်ကြာနေအအေးမိပြီးဖျားနေမှဒီကောင်ကြီးရင်ကျိုးရချည်ရဲ့

သူလည်းကောင်လေးကိုဆက်‌ကြည့်‌မနေတော့ပဲအကြည့်လွှဲလိုက်ပြီး ထိုနေရာမှထသွားလိုက်တယ်။မဟုတ်ရင်အခုန်မြန်နေတဲ့နှလုံးသားနဲ့အတူ အဟမ်း…မဖြစ်သင့်တာတွေဖြစ်ကုန်မှဖြင့် အမလေးလေး မတွေးရဲစရာပဲ

ဒီလူကြီးကိုပြုစားနိုင်လွန်းတဲ့ကြွေရုပ်လေးရယ်ပါ…

“ ….... ”

သူခေါ်လိုက်တာနဲ့ သူ့ကိုပေါက်ထွက်မတတ်ကြည့်နေတဲ့လူကြီးကြောင့်လူကအနေခက်လာရတယ်။ဒီလူကြီးရဲ့အဲ့လိုအကြည့်တွေကိုသူမခံနိုင်ပါ ပြီးရင်လည်း ရင်ဘတ်ထဲကအကောင်ပေါက်ကအခုန်မြန်နေတာကြောင့် နှလုံးရောဂါရပြီလို့တောင်ထင်မှတ်လိုက်မိတယ်။နောက်တော့အကြည့်လွှဲပြီးထိုင်နေရာကနေထထွက်သွားတဲ့လူကြီးကြောင့် သူသိပ်တော့စိတ်အလိုမကျဖြစ်မိသွားရတယ်

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now