Chapter -12

65 6 2
                                    

U ver

𖡛YOUR SHADOW𖡛

လူများစီကားနေတဲ့ shopping mall တစ်ခုအတွင်းရှိ cafe ဆိုင်တစ်ဆိုင်တွင်တော့လူအနည်းငယ်စီကားနေပြီးထိုအထဲတွင်တော့ ထောင့်ကျတဲ့ဝိုင်းတစ်ခုတွင်ထိုင်ကာစကားပြောနေတဲ့လူနှစ်ယောက်

“ ဟဲ့…ဝေယံ ”

“ ဘာလဲ!… ”

“ နင်ကလည်းဟယ် မျက်နှာကြီးပုပ်သိုးနေပုံက…ခုနစ်ရက်လောက်ကသေပြီးသားမသာကြီးလိုပဲ ”

“ ဘာ! ဘိန်နိမ်းမ!…အေးပါပြောအားရှိတုန်းပြောထားပေါ့…ဟွန့် ငါ့ဟာငါအိမ်မှာအေးဆေးလေးနှပ်နေမလို့ဟာကို နင်ပဲအတင်းဆွဲခေါ်လာတာလေ ပြီးတော့လည်း နင်ဝယ်သမျှကိုလိုက်ပြီးသယ်ပေးနေရသေးတယ် အာ့ကိုငါကကျေနပ်နေရမှာလား ”

“ အဟမ်း…နင်ကလည်းဟာ သူငယ်ချင်း အချင်းချင်းတွေပဲကို ”

“ တော်စမ်းပါ ရုပ်ကိုက ဆယ်ဘီးကာကျိတ်ခံထားရတဲ့ဘဲဥလို့ပဲ ”

“ ဟမ်??? ”

မကျေမနပ်နဲ့ပြောနေတဲ့ဝေယံရဲ့ပုံစံကအမေဖြစ်သူကိုစိတ်ကောက်နေတဲ့ကလေးလေးတစ်ယောက်လို့ဖြစ်နေခြင်းကြောင့် သူ့မှာမေးရိုးအောက်ကိုပြုတ်ကျမတတ်ပေ

ဘယ်လိုတောင်ဟယ် ဖြစ်ပျက်နေတဲ့ရုပ်ကိုက…

တကယ်လည်းဝေယံ့ကိုသူမဇွတ်အတင်းဆွဲခေါ်လာခဲ့လေသည်ပဲမလား။ဝယ်စရာရှိတာကြောင့်အဖော်မရှိတော့ဝေယံ့ကိုပဲမျက်လုံးထဲပြေးမြင်မိသည်ကိုး ကိုယ်ကလည်း။အခုလည်း ဈေးဝယ်ပြီးမောလို့နီးစပ်ရာ cafe ဆိုင်တစ်ခုထဲဝင်ပြီး အမောဖြေနေခြင်းသာ

“ အဟင်း…ဝေ ဝေယံ ”

“ ဘာလဲ!! ”

“ နင် နင်ကလည်းဟာ… ”

“ တော်စမ်းပါ…ဘာပြောမှာလဲ ပြော! ”

“ ဟီးဟီးး…ဟို…ငါ toilet ခဏသွားချင်လို့ ”

“ …….. ”

သူ့စကားလည်းဆုံးရောရုပ်တည်ကြီးနဲ့မျက်တောင်မခတ်စတမ်းစိုက်ကြည့်လာတဲ့ သကောင့်သားကြောင့် အလိုလိုနေရင်းကျောချမ်းလာသလိုလိုပင်

အမလေး ဝေယံရယ်ငါ့လေးကိုအာ့လိုကြီးစိုက်မကြည့်ပါနဲ့လား ငါလေးကြက်သီးထလွန်းလို့ပါ…

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now