Chapter -29

32 2 0
                                    



U ver

𖡛YOUR SHADOW𖡛


“ ကို… ”

“ ပြောလေ အချစ် ”

အလုပ်စားပွဲမှာထိုင်ကာအလုပ်လုပ်နေတဲ့ သူ့ရဲ့နားကိုလာကာ ပေါင်ပေါ်ကိုတက်ကာမျက်နှာချင်းဆိုင်ထိုင်လိုက်ရင်းပြောလာတဲ့ ချစ်ရသူလေးကြောင့် ပြောလိုက်တယ်

“ အချစ်လေ သင်တန်းမှာလေ... ”

“ အွန်း…ပြောပါဦး ဘာဖြစ်လာလို့လဲ…ဘယ်သူတွေကအနိုင်ကျင့်လိုက်လို့လဲ…ကိုယ့်ကိုပြော ကိုယ်သွားပြီဆုံးမပေးမယ်… ”

“ ဟီးဟီးးး…ဒီနေ့လေ အချစ်သင်တန်းကိုသွားတော့လေ…လမ်းမှာ လူတစ်စုရဲ့နှောက်ယှက်တာခံရတယ် သိလား ”

“ ဘာ!!! ”

သူမရဲ့စကားလည်းဆုံးရောဒေါသထွက်စွာနဲ့ပြောလာတဲ့ချစ်ရသူကအတော်စိတ်တိုသွားပုံပင်

ချစ်ရသူဟာသူမနှင့်ပတ်သက်လာရင် မည်သို့မျှအထိခိုက်ခံ၊အပြောဆိုခံတာမဟုတ်ပေ

တခါကများဆိုရင် သူမကိုသင်တန်းလိုက်ပို့တဲ့အချိန် သင်တန်းကျောင်းအဝမှာသူမကိုလူတစ်စုကနှောက်ယှက်တာကိုတွေ့ပြီးအရမ်းစိတ်တိုသွားတဲ့ ချစ်ရသူက ကားပေါ်ကနေဆင်းပြီး သူမတို့နားကိုလာကာ အဲ့နှောက်ယှက်တဲ့လူတွေကို သေမလိုထိထိုးကြိတ်လိုက်ပြီ သတိပေးခဲ့တယ်။ဒါပေမယ့်နောက်ရက်လည်းကျရောအဲ့ဒီလူတစ်စုရဲ့သေသွားပြီဆိုတဲ့သတင်းဟာ TV သတင်းတွေမှာသာမကအင်တာနက်လိုင်းပေါ်မှာထိပါ ဟိုလေးတစ်ကျော်ကျော်ဖြစ်ခဲ့ရတယ်

အဲ့ဒါဟာ သူမချစ်ရသူရဲ့စနက်မှန်းသူမသိတာပေါ့။ဒါပေမယ့်လည်းသူမဘာမှမပြောခဲ့သလို၊ဘာမှလည်းမမေးမြန်းခဲ့ဘူး။သူမချစ်ရသူဟာဘယ်လိုပုံစံပဲဖြစ်ဖြစ်သူမကတော့ချစ်တယ်။အဲ့လိုတွေကြောင့်ကြောက်ရွံ့မသွားတဲ့အပြင်ပိုပြီးတော့တောင်အချစ်ပိုခဲ့ရပါတယ်

အဲ့ကိစ္စကြောင့်ပဲ သူမလည်း တော်ယုံသာလိုက်ပြီးနှောက်ယှက်တဲ့သူတွေဆိုရင်ပြန်မပြောဖြစ်ခဲ့ဘူး။ဘာလို့ဆို သူမကြောင့်နဲ့ ချစ်ရသူရဲ့လက်ကိုအညစ်အကြေးတွေကိုထပ်ပြီးမစွန်းထင်းစေချင်တော့ဘူးလေ

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now