Chapter -1

417 13 0
                                    


U ver

𖡛YOUR SHADOW𖡛

လူသူကင်းမဲ့ကာခြောက်ကပ်တိတ်ဆိတ်နေသောမြို့စွန်မှတိုက်ပျက်ကြီးများဝန်းရံလျက်ရှိသောစွန့်ပစ်နေရာအတွင်းကျယ်လောင်စွာထွက်ပေါ်လာတဲ့သေနတ်ပစ်ခတ်သံများမှာမိုးခြိမ်းသံပမာမြည်ဟေးလို့နေလေသည်

ဒိုင်း!!!ဒိုင်း!!!ဒိုင်း!!!

သေနတ်သံတို့ကိုနောက်ခံထားလို့ဒဏ်ရာရကာသွေးများမြင်မကောင်းအောင်ထွက်နေတဲ့ဘယ်ဘက်လက်မောင်းကိုညာဘက်လက်ဖြင့်အုပ်မိုးကာကိုင်ထားပြီး အနောက်ကထပ်ကြပ်မကွာလိုက်နေတဲ့လက်နက်ကိုင်လူတစ်စုရဲ့လက်ထဲမှလွှတ်မြှောက်စေရန်ပြေးလွှားနေတဲ့ကောင်လေးတစ်ယောက်ရဲ့ဒဏ်ရာရနေတဲ့ဘယ်ဘက်လက်ထဲတွင်တော့ကျည်ကုန်နေတဲ့သေနတ်တစ်လက်ကိုဆွဲကိုင်ထားရင်းနဲ့ပေါ့

သေချာကြည့်မည်ဆိုပါက ဘယ်ဘက်လက်တင်ဒဏ်ရာရနေခြင်းမဟုတ်ပါပဲ ခန္ဓာကိုယ်တစ်ခုလုံးမှာပါဒဏ်ရာ ဒဏ်ချက်များမှာလည်းမြင်မကောင်းအောင်ကိုရှိနေပြီး ဆင်စွယ်ရောင်အင်္ကျီတစ်ခုလုံးတွင် ရဲရဲတောက်နေတဲ့အနီရင့်ရောင်သွေးတို့ကစွန်းထင်းနေခြင်းကြောင့် အနီရောင်သို့တဖြည်းဖြည်းပြောင်းလဲလို့နေလေပြီဖြစ်သည်

ဒဏ်ရာဗလပွနဲ့ပြေးလွှားနေရသည်ဖြစ်တာကြောင့်အလွန်ကိုမောပန်းနွမ်းနှယ်နေသော်ငြားလည်း ‌အနောက်ကနေမျက်ခြေမပြတ်လိုက်လာကြသောလက်နက်ကိုင်လူတစ်စုကြောင့် ထိုကောင်လေးမှာမရပ်နားနိုင်ခဲ့ချေ

* ငါရဲ့ဘဝကဒီလိုနဲ့ပဲအဆုံးသတ်သွားတော့မှာလား...ဖေဖေ ကျွန်တော်တို့ပြန်တွေ့ဆုံနိုင်ပါဦးမလား...ကျွန်တော်အရမ်းကိုပင်ပန်နေပြီ ဆက်ပြီးမပြေးနိုင်တော့ဘူး...ဒီလူတွေလက်ထဲမှာပဲကျွန်တော့ဘဝကအဆုံးသတ်တော့မှာလား... ဟင့်အင် မဖြစ်ဘူး ငါဒီလိုအဆုံးသတ်သွားလို့မဖြစ်ဘူး...မဟုတ်ရင် ဖေဖေတစ်ယောက်ထဲအထီးကျန်နေလိမ့်မယ်...ငါအားတင်းထားရမယ် သူတို့လက်ထဲ‌ကနေလွှတ်မြှောက်အောင်ကြိုးစားရမယ်...အခုကငါ့ရဲ့အဆုံးသတ်မဟုတ်ဘူး ဖေဖေ့ဆီကိုရောက်အောင်ပြန်သွားရဦးမယ်… *

ထိုကောင်လေးမှာအားတင်းရင်းအပျက်အဆီးတွေကြားထဲကနေပုန်းရှောင်ကာလွှတ်မြှောက်ရန်ကြိုးစားရင်းပြေးလွှားနေလေသည်

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now