Extra -3

33 1 0
                                    

U ver

𖡛YOUR SHADOW𖡛


" ရာ ရာဇ "

" မာန် ဒါတွေက...? "

အခန်းအတွင်းဝင်လာလိုက်တော့ သူ့ထပ်အရင်ရောက်လို့နေတဲ့ ရာဇကြောင့်သူထိတ်လန့်သွားမိကာ ခေါ်လိုက်မိတော့ နားမလည်သလိုဖြင့်မေးလာတဲ့ ရာဇစကားကိုအရေးမလုပ်နိုင်သေးပေ

" ရာဇ မင်း မင်းဘယ်လိုလုပ်ပြီးဒီအခန်းထဲကိုရောက်နေတာလဲ "

" ငါဘယ်လိုရောက်နေတယ်ဆိုတာကအရေးကြီးလို့လား...အခုငါမေးတာသာဖြေစမ်းပါ...ဒါတွေကဘာတွေလဲ "

‌သူ့အားမြင်ကာထိတ်လန့်သွားတဲ့သူမှာ သူမေးတာကိုမဖြေပဲပြန်လည်မေးခွန်းထုတ်လာ‌တာကြောင့်စိတ်မရှည်စွာဖြင့်ပြောလိုက်တော့ ခေါင်းကိုအောက်သို့ငုံ့ကိုင်းသွားတဲ့ မာန်ကြောင့် အနားကို‌တစ်လှမ်းချင်းလျှောက်သွားလိုက်တော့ သူလျှောက်လာတာကိုသတိထားမိပုံရသွားတဲ့မာန်မှာတော့ အနောက်သို့တစ်ဖြေးဖြေးဆုတ်သွားလေသည်

သူရှိရာဆီကိုလှမ်းလာနေတဲ့ ရာဇကြောင့် သူလည်းအနောက်ကိုသာတစ်လှမ်းချင်းဆုတ်နေမိတော့တယ်။သိပ်တောင်မဆုတ်လိုက်ရ အခန်းတံခါးနှင့်‌ထိမိသွားပြီဖြစ်တဲ့သူ့ရဲ့ခန္ဓာကိုယ်

" ဘာလဲ?...ထပ်မဆုတ်တော့ဘူးလား? ဟင်... "

" ဆုတ်လို့မှမရတော့တာ ဘယ်လိုဆုတ်မှာလဲ... "

ရာဇရဲ့ခနဲ့သလိုအမေးစကားကြောင့် ထုံးစံအတိုင်း အကျင့်ဖြစ်နေတဲ့နှုတ်ဖျားမှ ဘောက်ဆက်ဆက်ဖြင့်ပြန်ပြောမိလိုက်တယ်

သူ့အမေးကိုဘောက်ဆက်ဆက်ဖြင့်ပြန်ပြောလာတဲ့မာန်ရဲ့အသံမှာအနည်းငယ်မကျေနပ်တဲ့အရိပ်အယောင်တို့ကကပ်လို့ပါလာသည်သာ

" အဟင်း...ဟုတ်ပါပြီ...ဒါဆိုလည်း ကိုယ်မေးတာကိုဖြေပေးလေ "

မာန်ဖီနေတဲ့ကြောင်ပေါက်လေးလိုဖြစ်နေတဲ့မာန်ကြောင့် သဘောကျကာရယ်လိုက်ရင်းဖြင့်မေးလိုက်တယ်

" ဟင်... "

သူ့အပြောကြောင့်တစ်ချက်ရယ်လိုက်ပြီး ကိုယ့်ကိုယ်ကို "ကိုယ်" လို့သုံးနှုန်းကာပြောလာတဲ့ရာဇကြောင့် သူမှင်သက်ကာဖြင့်မော့ကြည့်လိုက်မိတယ်

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now