Chapter -3

154 9 0
                                    


U ver

𖡛YOUR SHADOW𖡛

နောက်တော့ကျွန်းတစ်ခုကိုရောက်လာပြီးကမ်းကပ်ကာ သူ့ကိုဆင်းခဲ့ဖို့ခေါ်တာကြောင့် အားယူကာထရပ်လိုက်ပေမဲ့ခြေထောက်တို့ကအားနည်းပြီးယိုင်နဲ့နေသလို နာကျင်မှုနဲ့အတူ ခေါင်းတစ်ခုလုံးမူးဝေကာသတိလွှတ်တစ်ချက် ရတစ်ချက်ဖြစ်နေပြီး ထိုလူပြောစကားများကိုလည်းကြားတစ်ချက် မကြားတစ်ချက်ပေ

ထိုလူသူ့ကိုလာတွဲကူတာကိုသူသိတယ်။ပြီးတော့ ကမ်းစပ်ကိုဆင်းသွားပြီး သောင်ပြင်ပေါ်ကိုရောက်သွားပြီဆိုတာကိုလည်းသူသိလိုက်ရတယ်။ဒါပေမဲ့လည်းခဏအကြာမှပဲ ဘယ်လိုမှာတင်းမထားနိုင်တော့ပဲ သူ့ရဲ့အမြင်အာရုံတွေစတင်ဝေဝါးလာပြီးအမှောင်ကမ္ဘာထဲကိုကျရောက်သွားခဲ့ရတယ် ။ အမှောင်ကမ္ဘာထဲအလုံးစုံမကျရောက်ခင်နောက်ဆုံးကြားလိုက်ရတဲ့စကားက " ကောင်လေး" ဆိုတဲ့ ထိုလူရဲ့အက်ရှရှခေါ်သံတစ်ခုသာ

သူသတိလစ်သွားသည်မှာဘယ်လောက်ကြာသွားတယ်မသိ။သတိရလာချိန်မှာတော့ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာနာကျင်ကိုက်ခဲနေပြီး လေးလံနေတဲ့မျက်ခွံတို့ကိုအားယူကာဖွင့်လိုက်တော့ မြင်လိုက်ရတာကလေ‌ယူရာယိမ်းနွှဲ့နေတဲ့မြစိမ်းရောင်သစ်ရွက်တို့ခိုတွဲရာသစ်ကိုင်းတချို့နဲ့အတူ ပုစွန်ဆီရောင်ကောင်းကင်ကြီးကိုမြင်လိုက်ရပြီး သူဟာသစ်ပင်တစ်ပင်အောက်မှာရှိနေကြောင်းသိလိုက်ရသည်

ဘေးပတ်ဝန်းကျင်ကိုခေါင်းလှည့်ကာကြည့်လိုက်တော့ ဘယ်သူမှရှိမနေချေ။ခေါင်းအောက်တွင်တစ်ခုခုရှိနေတာကြောင့်‌အားယူကာထကြည့်လိုက်မိတော့ အနက်ရောင်ထပ်အင်္ကျီတစ်ထည်။သေချာကြည့်မည်ဆိုလျှင်ထိုအရာသည် သူ့ကိုလာကယ်တယ်ဆိုတဲ့လူရဲ့ထပ်အင်္ကျီပင်

*ဒါဆိုထိုလူကဘယ်မှာလဲ?…ဘာလို့မတွေ့တော့တာလဲ?…သူ့ကိုတစ်ယောက်ထဲထားခဲ့တာလား?…???…*

ဆိုတဲ့အတွေးနဲ့အတူပင်လယ်ကမ်းစပ်နားကိုကြည့်လိုက်မိတော့ လှေကရှိနေသေးသည်။

*ဆိုတော့ထိုလူလဲရှိနေသေးတာပေါ့ ဒါဆိုငါဘာလို့မတွေ့တာလဲ?… ဘယ်တွေသွားနေတာပါလိမ့် *

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now