Chapter-35

30 3 0
                                    









U ver

𖡛YOUR SHADOW𖡛




“ ကျစ်!…စိတ်ရှုပ်လိုက်တာ... ”

ရုံးခန်းအတွင်းရှိဆိုဖာပေါ်မှာ ထိုင်ကာ ဆံပင်တို့ကိုခပ်ကြမ်းကြမ်းဖွပစ်လိုက်ရင်း စိတ်ရှုပ်စွာဖြင့် တစ်ယောက်တည်း တီးတိုးရေရွတ်နေတဲ့ ဦးထွဋ်ခေါင်

“ ကျစ်!…ငါ...ငါတကယ်ပဲ…တကယ်ပဲဘာတွေလုပ်ခဲ့မိတာလဲကွာ ”

ဆိုဖာခုံရဲ့ အနောက်ကျောမှီတဲ့အရာကိုမှီလိုက်ရင်း ခေါင်းကိုပါထိုပေါ်ကိုတင်ကာ အခန်းရဲ့အဖြူရောင်မျက်နှာကြပ်ကိုမမှိတ်မတုန်ဖြင့်ကြည့်ရင်း လွန်ခဲ့တဲ့တစ်ပတ်လောက်ကအကြောင်းအရာတွေကိုပြန်တွေးနေမိတယ်

သူအဲ့ဒီနေ့က နွယ့်ဆီကိုသွားခဲ့တယ်…အဲ့မှာသူယူကြုံးမရစွာနဲ့ငိုနေမိတုန်းမှာပဲ ရုတ်တရပ်ဆိုသလို အကန်ခံလိုက်ရတာကြောင့် ဘေးကိုလှဲကျသွားချိန် အပေါ်ကိုနေတက်ခွကာသူ့ရဲ့မျက်နှာကို လက်သီးနဲ့ သုံးချက်ဆင့်ထိုးလာတဲ့ လူတစ်ယောက်ကြောင့် အငိုက်မိသံာတဲ့သူ့မှာဘာမှမလုပ်နိုင်ခဲ့

နောက်တော့ သူ့အပေါ်ကနေထသွားကာဒေါသတကြီးနဲ့ဆိုလာတဲ့စကားနဲ့အတူကြားလိုက်ရတဲ့အသံဟာသူ့အရမ်းမုန်းတဲ့လူရဲ့အသံနဲ့ဆင်တူနေတာကြောင့် ထရပ်ကာကြည့်လိုက်မိတော့ ထိုသူဖြစ်နေတာကြောင့်ခနဲ့သလိုရယ်လိုက်ပြီးပြန်ပြောလိုက်တော့ ဒေါသတကြီး သူ့ရဲ့အင်္ကျီစကိုဆွဲပြီး ဘာမှမပြောပဲ လက်လွှတ်လိုက်ကာသူ့နဲ့အနည်းငယ်ခွာလိုက်ပြီး ပြောလာတဲ့စကားတွေကိုသူတစ်ကယ်ကိုနားမလည်နိုင်ပါ

နောက်တော့ နွယ်အတွက်ယူလာတဲ့ ဒေလီယာပန်းစည်းကိုထားခဲ့ပြီး နောက်ကိုတစ်ချက်တောင်လှည့်မကြည့်ပဲထွက်သွားတဲ့ ထိုသူကို သူအမှန်တကယ်ပဲ မုန်းတီးမိသည်လားဆိုတာကိုသူမသိဘူး။သူ့ရဲ့နှုတ်ကနေသာမုန်းချင်းထပ်အောင်ပြောဆိုနေမိပေမယ့်လည်း သူဝေခွဲလို့မရသေးပါ

နောက်တော့သူ့လည်း ဝမ်းနည်းပြီးနာကျင်ကာ မွန်းကြပ်နေတဲ့စိတ်အစုံကို ဖြေလျှော့ရန်အတွက် "Dream Theater" အမည်းရှိတဲ့နာမ်မည်ကြီး ဘားကိုထွက်လာကာ တစ်နေကုန်ထိုင်သောက်နေမိတယ်။ဒါပေမယ့်လည်း နာကျင်နေတဲ့စိတ်အစုံကတော့ပိုလို့ပင်နာကျင်လာရသည်သာ

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now