Chapter -47

41 3 0
                                    


U ver

𖡛YOUR SHADOW𖡛

တစ်ယောက်နဲ့တစ်ယောက် စကားနဲ့စစ်ခင်းနေတုန်း အခန်းတံခါးဖွင့်သံနဲ့အတူ အထုတ်တချို့ကိုဆွဲကာဝင်လာတဲ့ ဇွဲ

“ ဇွဲ ပြန်လာပြီလား ”

“ အင်း ”

သူ့(မာန်တံခွန်)အမေးကိုပြန်ဖြေရင်း ကိုကြီးဝေယံ ထိုင်နေတဲ့ ခုတင်နားကိုလျှောက်သွားတဲ့ ဇွဲ

“ ကျားပေါက်လေး… ”

“ အင်း… ”

သူ့ကိုခေါ်လာတဲ့ လူကြီးကြောင့် ပြုံးကာကြည့်လိုက်ရင်း ပြန်ထူးလိုက်တော့ သူ့ရဲ့လက်ကို လက်နှစ်ဖက်နဲ့လှမ်းကာဆွဲကိုင်လာသူကြောင့် "ဘာလုပ်တာလဲ?" ဆိုတဲ့ပုံစံမျိုးနဲ့ ကြည့်လိုက်တော့ ချစ်ရည်ရွှမ်းလဲ့နေတဲ့မျက်ဝန်းတွေနဲ့သူ့ကိုပြုံးကာကြည့်လာလေရဲ့

နောက်မှာ ပြောလာတဲ့ ထိုလူရဲ့စကားကြောင့် ကိုယ့်မှာ အရှက်သည်းရပြန်လေသည်

ဘယ့်နှယ်…ဒီလူကြီးနှယ်…အတော်ဆိုးပဲ…ပြောလိုက်တာ ဘာတဲ့…

“ ချစ်လို့လေ… ”

“ ခ ခင်ဗျားကြီး… ”

“ ဟားးး ”

သူ့အပြောကြောင့် အရှက်သည်းနေသည့် ချစ်ရသူလေးဟာ ပါးလေးနှစ်ဖက်မှာ နီမြန်းနေလျှက်

သူလည်းသဘောကျကာ ရယ်လိုက်မိ၏

“ အရူးကြီး… ”

မျက်နှာတစ်ခုလုံးပူထူကာရှက်စိတ်တို့ဝင်နေပါတယ်ဆိုကာမှ ထရယ်လာတဲ့ သူ့အရှေ့မှလူကြောင့် မျက်စောင်းထိုးကာ ပြောလိုက်တော့ ပိုလို့ပင် သဘောတကျရယ်လို့လာသည်သာ

::::::::::::!!!::::::::::::!!!:::::::::::::


“ မမ နန်းကိုတွေ့ချင်တာဘာပြောမလို့လဲဟင် ”

“ ရောက်လာပြီလား ငယ်…လာ ထိုင်  ”

“ ဟုတ် ”

သူလည်း မျက်နှာချင်းဆိုင်ခုံမှာ ဝင်လိုက်တယ်

နားရက်လေးမို့ အိမ်မှာအေးဆေးလေးအနားယူမည်ဟုကြံဆထားသော်လည်း မမအိန်ဂျယ်လ်မှ တွေ့ချင်ကြောင်းဖုန်းဆက်ပြီးပြောကာ ဖယ်ရိုရီပန်းခြံကိုလာခဲ့ဖို့ခေါ်တာကြောင့် ပြင်ဆင်ပြီး ရောက်လာခဲ့ခြင်းသာဖြစ်သည်

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now