Chapter -15

59 5 0
                                    




U ver

𖡛YOUR SHADOW𖡛

မိနန်းကိုမကျေမနပ်နဲ့အိမ်ကိုပြန်လာတော့လမ်းချိုးတစ်ခုကိုအရောက်ကွေ့လိုက်ပေမဲ့ကားကိုဟွန်းမတီးမိလိုက်။တဖက်ကဝင်လာတဲ့ကားနဲ့တိုက်မိသွားတာကြောင့်အနည်းငယ်ဒေါသထွက်သွားမိတယ်

သူလည်းကားပေါ်ကနေဆင်းသွားလိုက်တော့တစ်ဖက်ကားပေါ်မှလည်းကောင်လေးတစ်ယောက်ကဆင်းလာတာကိုတွေ့လိုက်ရတယ်။ ကားကိုကြည့်မိလိုက်တော့လည်းမိမိရဲ့ကားကဘာမှထိခိုက်မိသွားတာမရှိပေမဲ့တစ်ဖက်ကားကတော့ အရှေ့မီးသီးပျက်စီးသွားကာအနည်းငယ်ပွန်းရာပဲ့ရာလေးတချို့သာရှိလေသည်

အစတည်းကမိနန်းကိုမကျေမနပ်ဖြစ်နေတဲ့ကိုယ်ကအခုတော့တစ်ဖက်ကားမှာလူကိုသာအပြစ်မြင်မိပြီးပွားလိုက်ပေမဲ့ ကိုယ့်ဘက်ကမှားနေတယ်ဆိုတာကိုတော့လုံးလုံးကြီးကိုမေ့လျော့လို့နေမိသည်ပင်

ဒါကြောင့်လေသံမာမာနဲ့ပြောဆိုလိုက်မိတော့ ဘာမှပြန်မပြောပဲမျက်မှောင်ကြုတ်ကာသူ့ကိုစိုက်ကြည့်လာတဲ့ကောင်လေးကြောင့် သူပြန်ပြောလိုက်ပြီး ခနဲ့သလိုတစ်ချက်ရယ်လိုက်ရင်းငွေစကားဆိုလိုက်မိသည်ပင်

အခုခေတ်ကဒီလိုဇာတ်လမ်းဆင်ပြီးငွေဖန်တဲ့နည်းတွေကနေရာတိုင်းလိုလိုပင်ရှိနေသည်ပဲမလား။ဒါကြောင့်သူလည်းအကြံအဖန်တွေထင်ကာပြောလိုက်မိသည်သာ

ဒါပေမဲ့လည်းတစ်ဖက်ကကောင်လေးကသူ့ရဲ့စကားကြောင့်ဒေါသထွက်သွားကာသူ့ကိုပြန်‌ပြောလာသည်ကဒေါသသံစွတ်လို့နေလေသည်

ကောင်လေးပြောလာတဲ့စကားတွေကိုကြားပြီးသူလည်းဟန်ဆောင်နေတယ်အထင်နဲ့ ခနဲ့တည့်တည့်ရယ်လိုက်ပြီးပြောလိုက်တော့ မျက်နှာကြီးတစ်ခုလုံးနီရဲသည်အထိဒေါသထွက်သွားတဲ့ကောင်လေးကသူ့ကိုပြောလာတယ် သူလိုချင်တာဟာ"ငွေမဟုတ်ပဲ လူမှုရေးသိတတ်ဖို့ကိုသာ"တဲ့လေ ပြီးတော့လည်း "ငွေ" လို့ပြောကာခနဲ့သလိုရယ်လိုက်ပြီး အဖြူရောင်ထပ်လက်ရှည်အင်္ကျီအိတ်ကပ်ထဲကနေ credit card တစ်ခုကိုထုတ်ပြီး " ခင်ဗျားပြောတဲ့ငွေ… ရော်ကြေးယူလိုက်" ဆိုကာသူ့ဆီကိုပစ်ပေးကာလှည့်ထွက်ရန်ပြင်နေတဲ့ကောင်လေး

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now