အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...
Por FlowerRainButterfly
1.5M 191K 3.7K
အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
10.5K 1.4K 14
Por FlowerRainButterfly
အပိုင်း (၅၇) စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
ပိုင်လီက အိပ်နေရင်းကနေ ရုတ်တရက်အနိုးခံလိုက်ရပေမယ့် စိတ်မကြည်လင်တာမျိုး မဖြစ်တတ်သဖြင့် သူ့မျက်လုံးများကိုပွတ်သပ်ရင်း ထထိုင်လိုက်ကာ သူ့ကုတင်ဘေးက ချောင်ချင်းချင်းဟုခေါ်သည့် ကလေးမလေးကိုကြည့်လိုက်ပြီး...
"ချင်းချင်းလား.. ဘာဖြစ်လို့လဲ"
ချောင်ချင်းချင်းသည် ပိုင်လီနိုးလာတာ မြင်သည့်အခါ သူမလေးတွင် တိုင်ပြောရန်စကားလုံးများ များနေသကဲ့သို့ပြောဖို့အားယူနေချိန်မှာပင် အခန်းထဲသို့ချောင်ရန်ဝင်လာခဲ့သည်။ ချောင်ရန်ကိုကြည့်ရတာ ဒီသမီးတစ်ယောက်ကြောင့် အနည်းငယ်စိတ်ညစ်နေသလိုပါပဲ။ သူက...
"အိုက်ယား ငါမသင်္ကါလို့လာကြည့်လိုက်တာ ထင်တဲ့အတိုင်းပဲ"
အဲဒီနောက် သူက အပြေးလာကာ ပိုင်လီကုတင်နားက ကလေးမလေးကိုဆွဲခေါ်သွားပြီး...
"ညီလေးပိုင်ရေ မင်းအကိုကြီးက တောင်းပန်ပါတယ် တည်းခိုအိမ်မှာဆို အဆင်မပြေမှာစိုးလို့ အိမ်မှာတည်းဖို့ဖိတ်ခါမှ နှောက်ယှက်မိသလိုဖြစ်နေပြီ ချောင်ချင်းချင်း! အဖေဘာပြောထားလဲ ဦးဦးပိုင်ကိုသွားမနှောက်ယှက်ရဘူးလို့ ပြောထားတယ်လေ ဦးဦးကို အခုတောင်းပန်လိုက်!"
သို့သော် ချောင်ချင်းချင်းသည် အလွန်ခေါင်းမာပုံရလေသည်။ သူမလေးက တောင်းပန်ဖို့နေနေသာသာ ချောင်ရန်လက်ထဲကနေ ရုန်းနေပြီး သူမကပိုင်လီအနားကိုပြန်ပြေးလာချင်နေပုံရ၏။
ပိုင်လီက ဒီမြင်ကွင်းကို ပြုံးကာကြည့်နေပြီး...
"ဒါ ဘာတောင်းပန်စရာလိုလို့လဲ ကျွန်တော်လည်း ပုံမှန်ဆို ဒီအချိန်လောက်နိုးနေကျပါပဲ ချင်းချင်းလာမနိုးတောင် ခဏနေနိုးလာတော့မှာ"
ပိုင်လီပြောတာ အမှန်တရားပါပင်။ အချိန်သည် ပိုင်လီနိုးနေကျအချိန်သို့ရောက်နေပြီး ချင်းချင်းလာမနိုးတောင် သူက မကြာခင်နိုးလာတော့မှာဖြစ်၍ ပိုင်လီက အနှောက်ယှက်ခံရသလို မခံစားရပေ။ အဲဒါအပြင် ပိုင်လီက ကလေးတွေကိုချစ်ပါတယ်။ ချောင်းချင်းချင်းက အရမ်းဆိုးဝါးတဲ့ကိစ္စကိုလုပ်တာလည်းမဟုတ်ဘဲနဲ့ သူကဘယ်လိုများစိတ်ထဲထည့်မှာလဲ။
ဒါပေမယ့် ပိုင်လီက ငိုနေပြီး ချောင်ရန်ရဲ့လက်တွေကိုထုရိုက်နေတဲ့ ကလေးမလေးကိုကြည့်ကာ ဘာတွေဖြစ်နေလဲသိချင်လာခဲ့သည်။ ဘာလို့လဲဆိုတော့ ပိုင်လီက အစောလေးက မသဲကွဲပေမယ့် စံပါယ်ပင်အကြောင်းကြားလိုက်ရသလိုပဲ။ ဒါကြောင် ဒီကိစ္စကစံပါယ်ပင်နဲ့ စပ်ဆက်နေမယ်လို့ထင်တာကြောင့်...
"အကိုကြီးချောင် ချင်းချင်းကဘာဖြစ်လို့လဲ"
ပိုင်လီက အစောက စံပါယ်ပန်းပင်အကြောင်းကိုကြားခဲ့သော်လည်း ထည့်မမေးခဲ့ပေ။ သူကချောင်ရန်ပြောချင်စိတ်ရှိမှသာ နားထောင်မှာဖြစ်ပြီး ချောင်ရန်ပြောချင်စိတ်မရှိရင်တော့ နားမထောင်ချင်ပါဘူး။ နောက်ဆုံးမှာတော့ သူကစံပါယ်ပင်ကို ချောင်ရန်ကိုစိတ်ပြတ်စွာပေးလိုက်ပြီးသားပဲလေ။ သူတို့ဘာလုပ်လုပ် သူစိတ်ထဲထည့်မှာမဟုတ်လေဘူး။
ဒါကိုကြားတော့ ချောင်ရန်သည် အော်ဟစ်ချင်နေသည့် သူ့အငယ်ဆုံးသမီးလေး၏ပါးစပ်ကိုအုပ်လိုက်ပြီး...
"ဒါကပြောရမှာရှည်တယ် ဒီတော့ အရင်မနက်စာစားကျမယ်လေ အကိုကြီးချောင် ဒီအဆိုးပေလေးကိုအရင်အပြင်ထုတ်သွားလိုက်မယ် မင်းပြီးမှထွက်လာခဲ့ပေါ့"
ထို့နောက် ချောင်ရန်က ချောင်ချင်းချင်းကို မကာထွက်သွားခဲ့သဖြင့် ပိုင်လီလည်း အစေခံဝတ်စုံနှင့်ကောင်လေးတစ်ယောက်လာပို့ပေးသော ရေကိုသုံးကာ သန့်ရှင်းရေးလုပ်ပြီး အပြင်ထွက်လာခဲ့တော့သည်။ ချောင်ရန်ရဲ့အိမ်မှာ အစေခံတချို့ရှိပါတယ်။ ပိုင်လီက လူတွေကို ကျွန်အဖြစ် ပစ္စည်းတစ်ခုလိုရောင်းဝယ်တာကို သဘောမကျပေမယ့် သူ့ရဲ့မူလဘဝမှာ သူကလည်း ကြီးမားတဲ့မိသားစုရဲ့ဒုတိယသခင်လေးဖြစ်ခဲ့ဖူးတာကြောင့် သူငယ်စဥ်က သူ့ကိုကြည့်ရှုစောက်ရှောက်ကာ ပြုစုပေးတဲ့အလုပ်သမားတချို့ရှိခဲ့ဖူးပြီး ဒါကသူ့ကိုသိပ်တော့မခက်ခဲစေပါဘူး။
ပိုင်လီက အပြင်ထွက်လာခဲ့အပြီးမှာ သူ့ရဲ့အကြားအာရုံကကောင်းတာကြောင့် ချောင်ချင်းချင်းရဲ့ငိုသံနောက်လိုက်သွားလိုက်ပြီး ဥယျာဥ်ထဲသို့ရောက်သွားကာ ထိုနေရာမှာ ချောင်ရန်နှင့်ချောင်ချင်းချင်းအပြင် ဟုန်ရင်းနှင့် အစေခံမလေးတွေပါ ရှိနေတာကိုတွေ့လိုက်ရသည်။
ချောင်ရန်က ပိုင်လီလာနေတာမြင်တော့ ငိုနေစဲ ချောင်ချင်းချင်းကို ဆူပူလိုက်၏။
"မင်းကြည့် မင်းငိုသံက အရမ်းကျယ်လွန်းလို့ ဦးဦးပိုင်ကတောင် မင်းငိုသံနောက်ကနေ လိုက်လာနိုင်တယ် မင်းကိုယ်မင်း မိန်းကလေးလို့ရောပြောရဲသေးလား ဟမ်"
ဟုန်ရင်းသည် ပိုင်လီရောက်လာတာမြင်တော့ မျက်နနှာပူစွာနဲ့...
"မောင်လေးပိုင်ကိုတော့ ရယ်စရာတွေမြင်စေမိပါပြီကွယ် ဒီကောင်မလေးက အဆိုးဆာလေးလေ သူ့ကိုတစ်အိမ်လုံးကမနိုင်ဘူး အစ်မတို့ကပဲတောင်းပန်ပါတယ်"
တကယ်တော့ ချောင်ရန်နှင့်ဟုန်ရင်းသည် ပိုင်လီနှင့်အသက်တော်တော်လေးကွာပြီး ချောင်ရန်ရဲ့တတ်ကြွမှုနဲ့ ပိုင်လီရဲ့ဖော်ရွေတတ်တဲ့အကျင့်ကြောင့်သာမဟုတ်လျှင် သူတို့တွေက ညီအကိုလိုဆက်ဆံရေး ရှိလာဖို့ခက်ခဲပေလိမ့်မည်။ သူတို့ယောင်္ကျားလေးချင်းတွေကအဆင်ပြေပေမယ့် ဟုန်ရင်းကတော့ သူမရဲ့ တူအရွယ်လေးကို အသက်သက်မကွာတဲ့မောင်လေးတစ်ယောက်အနေနဲ့ ဆက်ဆံဖို့ခက်ခဲတာကြောင့် သူမစကားပြောတဲ့အခါ လူကြီးတစ်ယောက်က လူငယ်တစ်ယောက်ကို ပြောသလိုအရိပ်ယောင်တွေပါဝင်နေခဲ့လေသည်။
ပိုင်လီကတော့ ဘာကိုမှဂရုမစိုက်ပါဘူး။
"အကိုကြီးနဲ့မရီးတို့က ဘာကိုတောင်းပန်နေလဲဆိုတာ မသိတော့ဘူး ကျွန်တော်ပြောပြီးပြီပဲ ဒီအချိန်က ကျွန်တော်ပုံမှန်အိပ်ယာထချိန်ပဲမလို့ အနှောက်ယှက်မဖြစ်ပါဘူးလို့ ပြီးတော့ ကျွန်တော့်အိမ်မှာလည်းကလေးမရှိတာမှမဟုတ်တာဗျာ ဒါကဘာမှဟုတ်မနေဘူး"
သူ့အိမ်ကအသေးလေးတွေဆို စေးကပ်တဲ့ဆန်မုန့်လုံးလေးတွေလိုပဲ။ လူကပ်တတ်တဲ့ အကျင့်လေးတွေရှိတယ်လေ။ ပိုင်လီက ထိုသို့တွေးရင်းနဲ့ အိမ်ကိုချက်ခြင်းပြန်ချင်စိတ်တောင် ပေါက်လာခဲ့တော့သည်။ သူတောင်ပေါ်တတ်သွားထဲက အသေးလေးတွေကသူ့ကိုမမြင်ရတော့တာဆိုတော့ အခုချိန်လောက်ဆို သူတို့လေးတွေက သူ့ကိုလွမ်းနေကျလောက်ပြီလေ။
ပိုင်လီက ထိုသို့ပြောလိုက်သော်လည်း ချောင်ရန်နဲ့ဟုန်ရင်းက ပိုင်လီကိုအားနာနေကျစဲပင်။
နောက်တော့ သူတို့က ဥယျာဥ်ထဲကစားပွဲဝိုင်းမှာဝင်ထိုင်လိုက်ကျပြီး အကုန်လုံးက ဥယျာဥ်ရောက်နေတာကြောင့် နေရာက မနက်စာစားရန်မသင့်တော်သော်လည်း ထိုနေရာပင်မနက်စာစားခဲ့ကျသည်။
တကယ်တော့ ယောင်္ကျားတွေနဲ့မိန်းမတွေက တစ်ဝိုင်းထဲစားဖို့မသင့်တော်ပေမယ့် ဒီမှာချောင်ရန်ကိုယ်တိုင်ရှိနေပြီး သူတို့ကဂရုမစိုက်တာကြောင့် ပိုင်လီလည်းဂရုစိူက်မနေတော့ပါဘူး။ စားပြီးနောက်မှာမှ ချောင်ရန်က စားနေချိန်ပဲတိတ်သွားကာ စားလို့အပြီးတွင်ပြန်အော်ဟစ်နေသည့် သူ့သမီးအငယ်ဆုံးလေးအား ကြည့်ပြီး ပိုင်လီကိုပြောလာခဲ့လေသည်။
"တကယ်တော့ ငါမင်းနဲ့တွေ့ရင်ပြောချင်နေခဲ့တာရှိတယ် အဲတာက မင်းပေးလိုက်တဲ့စံပယ်ပန်းပင်လေ.."
ထိုသို့အစချီလာပြီး ချောင်ရန်ပြောပြခဲ့သည့်ဇာက်ကြောင်းမှာ ဟုန်ရင်းသည် လက်ဆောင်ရလာသည့်အပင်လေးက စံပါယ်ပန်းပင်ဖြစ်နိုင်သည်ဟုကြားသောအခါတွင် ဥယျာဥ်ထဲတွင်တယုတယစိုက်ပျိုးထားခဲ့ပြီး သူ့အိမ်သို့ဝင်ထွက်တတ်သော မိတိဆွေများထဲမှ ကုန်သည်ဇနီးမောင်နှံနှစ်ယောက်သည် ပန်းစပွင့်သည့်ရက်နှင့် ဆုံသွားခဲ့ကာ သူတို့က ပန်းပင်ကိုသေချာကြည့်ရှုလေ့လာခဲ့ကျလေသည်။
ဘာလို့လည်းဆိုတော့ အဲဒီကုန်သည်တွေရဲ့လုပ်ငန်းတွေထဲမှာ ရှားပါးတဲ့ပန်းပင်တွေကို ရှာဖွေဝယ်ယူရောင်းချတာလည်း ပါဝင်နေလို့ပါပဲ။ ပြောရရင် ဒီနယ်တစ်ဝိုက်က ပန်းပင်တွေအတွက်ဆိုလျှင် သူတို့နယ်မြေလို့ပင်သတ်မှတ်လို့ရပြီး ရှားပါးသည့်ပန်းများကိုရှာရန် လက်အောက်ငယ်သားအများပြားကိုလည်း စေလွှတ်ထားမျိုးပင်။
အဲဒီဇနီးမောင်နှံက ချောင်ရန်တို့အိမ်က ပိုင်လီပေးလိုက်တဲ့စံပါယ်ပန်းပင်ကိုကြည့်ပြီး ဒါက စံပါယ်ပင်တွေရဲ့ လုံးဝထွက်ပေါ်လာခြင်းမရှိဖူးသေးတဲ့ မျိုးစိတ်အသစ်တစ်မျိုးလို့ ကောက်ချက်ချခဲ့ကျပြီး သူတို့တွေက ချောင်ရန်ရဲ့လက်ထဲကနေ ရွှေချောင်းတစ်ရာပေးပြီးတောင် ဝယ်ယူချင်ကျပေမယ့် ချောင်ရန်ကတော့ ရောင်းဖို့ကိုပါယ်ချခဲ့လိုက်သည်။
ချောင်ရန်ပါယ်ချခဲ့ရသည့် အကြောင်းရင်းတွေက ရွှေချောင်းတစ်ရာက သူ့အတွက်မက်လောက်စရာမဟုတ်လို့တော့မဟုတ်ဘဲ ဒါက ပိုင်လီလက်ဆောင်ပေးတဲ့အပင်ဖြစ်နေတာရယ် သူ့ဇနီးကလည်း ဒီပန်းပွင့်လာထဲက ဥယျာဥ်ထဲမထွက်တော့တာရယ်ကြောင့်ပါပဲ။
ရွှေချောင်းတစ်ရာဆိုတာ ချောင်ရန်တို့လိုလူအတွက်တောင် မျက်နှာလွှဲနိုင်တဲ့ပမာဏမဟုတ်ဘဲ ချောင်ရန်က ရှားပါးတဲ့ဝက်ဝံသားအတွက် ရွှေချောင်းရာဂဏန်းသုံးခဲ့တယ်ဆိုပေမယ့်လည်း အဲဒါကတစ်ခါတစ်ရံဖြစ်နေလို့ဖြစ်ပြီး သူ့အနေနဲ့ နေ့စဥ်ရက်စက်ရွှေချောင်းတစ်ရာကိုသာသုံးနေရင် လမ်းပေါ်ရောက်တဲ့ထိမွဲတေသွားလိမ့်မယ်။
ဒါကြောင့် သူ့အတွက် ရွှေချောင်းတစ်ရာဆိုတာကလည်း မက်စရာကောင်းနေတယ်။ ဒါပေမယ့် သူက လက်ဆောင်ရထားတဲ့အပင်ကို ရောင်းလို့မကောင်းတာရယ် သူ့ဇနီးက အပင်ကိုအရမ်းကြိုက်နေတာရယ်ကြောင့် မရောင်းတော့ဖို့ စိတ်ပိုင်းဖြတ်လိုက်ပေမယ့် ပိုင်လီကတော့မတူဘူးလေ။
ရွှေချောင်းတစ်ရာဆိုတာ သူ့အတွက်တောင်မက်စရာကောင်းနေရင် ပိုင်လီအတွက်ဆိုရင်ရော။ ရွှေချောင်းတစ်ရာကလယ်မြေတွေအများကြီးဝယ်လို့ရပြီး ဝယ်ထားတဲ့လယ်မြေတွေကို အငှားချထားမယ်ဆိုရင်တောင် ပိုင်လီနဲ့သူမိသားစုက လယ်သူဌေးဆိုတဲ့ဘွဲ့နဲ့ ဘဝသက်တောင့်သက်သာနဲ့ပဲ နေသွားရတော့မှာလေ။ ချောင်ရန်ဒီလိုစဥ်းစားတုန်းက ပိုင်လီက ဝက်ဝံအမဲလိုက်လာမယ်လို့ ယောင်လို့တောင်မတွေးမိလို့ဖြစ်ပြီး သူက ပိုင်လီဆီမှာပန်းပင်နှစ်ပင်ကျန်နေခဲ့တာကို သိထားတာကြောင့် ပိုင်လီကရောင်းလိမ့်မည်ဟုတစ်ထစ်ချယုံကြည်ထားခဲ့တာလည်းဖြစ်သည်။
အဲတာက ပန်းပင်လေးပဲလေ။ ဒီတိုင်း အိမ်မှာအလှစိုက်ထားမှာထက်စာရင် တစ်မိသားစုလုံးချမ်းချမ်းသာသာနဲ့နေရဖို့ကို လူတိုင်းရွေးချယ်မှာပဲမဝုတ်ဘူးလား။
ဒါကြောင့် ချောင်ရန်က သူ့မိတ်ဆွေ ကုန်သည်ဇနီးမောင်နှံကို သူကတော့မရောင်းနိုင်ပေမယ့် ဒီလိုအပင်ထပ်ရှိတဲ့လူကို သူသိထားပြီး တွေ့ရင်ရောင်းမလားမေးထားပေးမယ်ပြောခဲ့ကာ လွန်ခဲ့တဲ့ရက်အနည်းငယ်က အဲဒီကုန်သည်တွေက ချောင်ရန်ဆီကိုချောင်းပေါက်မတတ်လာခဲ့ကျသေး၏။
အဲဒါကြောင့် ချောင်ရန်က ပိုင်လီဆီကို ကိုယ်တိုင်သွားမေးမလို့ပေမယ့် ဖြစ်ချင်တော့ နှစ်ကုန်ခါနီးလာ၍ သူက အထက်ကိုစာရင်းတင်ပြဖို့ အလုပ်ရှုပ်နေပြီး အားလပ်ချိန်ညှိနေချိန်တွင် ခဏခဏလာနေတဲ့လူတွေက ပြီးခဲ့တဲ့နှစ်ရက်ကစလို့ မလာကျတော့တာကိုသတိထားမိသွားခဲ့သည်။ ဒီတော့ ချောင်ရန်က သူတို့တွေ ကုန်သွယ်ဖို့ ထွက်သွားပြီလို့တွေးမိပြီး သူအခု ပိုင်လီထံသွားပြောရင်တောင် ထိုနှစ်ယောက်က ဒီမြို့မှာမရှိလောက်တော့လို့ ပိုင်လီက ချက်ခြင်းငွေရမှာမဟုတ်သေးဘူးလို့တွေးကာ အေးအေးဆေးဆေးဖြစ်သွားပြီးနောက် ပိုင်လီနဲ့တွေ့တော့မှပဲ ပြောတော့မယ်လို့ဆုံးဖြတ်ခဲ့တော့တာပင်။
ဒါသည် ချောင်ရန်က ပိုင်လီကိုပြောရမည့်အကြောင်းဖြစ်ပြီး ချောင်ချင်းချင်းငိုရသည့် အကြောင်းမှာမူ သပ်သပ်ထပ်ရှိနေသေးသည်။ ချောင်ရန်က ပြောလက်စနဲ့ထပ်ပြောလာသည်မှာ ဟုန်ရင်းသည် စံပါယ်ပင်လေးကိုအရမ်းကြိုက်သော်လည်း မြို့ကသူ့သမီးဆီပို့ဖို့သာ ဆုံးဖြတ်ခဲ့တာပင်။
ဘာလို့လည်းဆိုတော့ ချောင်ရန်ရဲ့ညီမဖြစ်သူက စစ်ဘက်အမှုထမ်းရဲ့ဇနီးမယားဖြစ်သွားပေမယ့်လည်း သူက မြို့တော်ဇာတိမဟုတ်တဲ့အတွက် မြို့တော်က သခင်မတွေနဲ့သခင်မလေးတွေက သူမကိုကျေးလတ်သူဟု ယူဆထားပြီး တစ်ခါတရံ၌သွယ်ဝိုက်၍ နှိမ်တတ်တာလည်းဖြစ်သည်။ ချောင်ရန်ရဲ့သားအကြီးဆုံးက သူ့အဖိုးအဖွားတွေနဲ့နေပြီး မြို့တော်မှာ ပညာသင်နေတော့ သူတို့ရဲ့ဒုတိယသမီးကလည်း မြို့တော်မှာပျော်နေခဲ့တယ်လေ။ ချောင်ရန်နဲ့ဟုန်ရင်းက သူမရဲ့ရွေးချယ်မှုကိုဘာမှမပြောခဲ့ဘူး။ မြို့တော်မှာနေရင် သူမဒေါ်လေးရဲ့နောက်ခံနဲ့ သူမလေး ကောင်းမွန်တဲ့အိမ်ထောင်ဘက်ရဖို့နဲ့ အနာဂါတ်မှာကောင်းစားဖို့ကိုတောင် သူတို့ကမျှော်လင့်နေခဲ့တာပင်။
ဒါကြောင့် ဟုန်ရင်းက ချောင်ရန်ရဲ့ညီမလေးနဲ့ သူတို့ရဲ့သမီးလေး မြို့တော်က သခင်မတွေ၊ သခင်မလေးတွေကြား ဝင်ဆန့်နိုင်ဖို့ ဒီလိုထူးခြားပြီး မြို့တော်မှာလုံးဝမရှိသေးတဲ့ပန်းပင်ကို ပို့ပေးဖို့တိုင်ပင်ခဲ့ကာ နောက်ဆုံးတွင် ပို့ပေးဖို့ဆုံးဖြတ်ခဲ့ကျသည်။
ဒါပေမယ့် ချောင်အိမ်မှာ စံပါယ်ပန်းပင်ကိုကြိုက်နှစ်သက်တာ ဟုန်ရင်းတစ်ယောက်ပဲ မဟုတ်ဘူးဆိုတာကို သူတို့ကမေ့သွားခဲ့ကျတယ်လေ။ ချောင်ချင်းချင်းက သူတို့ပြောနေတာကိုကြားသွားပြီးသောင်းကျန်းလာလို့ သူတို့က မြို့တော်ကို မပို့တော့ဘူးလို့ ခဏတာနှစ်သိမ့်ခဲ့ပေမယ့် ချောင်ချင်းချင်းအလစ်မှာ ပန်းပင်ကို ပန်းအိုးထဲပြောင်းနေတုန်း ဖြစ်ချင်တော့ ချောင်ချင်းချင်းက ဒီနေ့မှအစောကြီးနိုးလာပြီး သူမစံပါယ်ပင်လေးကို အပြေးလာကြည့်ရာ ပန်းအိုးထဲရွှေ့နေကျတာကိုမြင်သွား၍ ထပ်သောင်းကျန်းလာတာဖြစ်သည်။ နောက်တော့ သူမလေးက ဘယ်သူချော့တာမှလက်မခံဘဲ ပန်းပင်ကိုလက်ဆောင်ပေးထားတာက ပိုင်လီလို့ မနေ့ညကသိမှသိထားတဲ့အတွက် သူမက ပိုင်လီထံပြေးသွားပြီး ပန်းပင်ကိုပြန်တောင်းခိုင်းတော့တယ်။
သူမလေးရဲ့ ကလေးအတွေးထဲမှာတော့ ပိုင်လီက ဒီမြို့ကလူတွေကိုပဲ လက်ဆောင်ပေးထားတာလေ။ ဒါကို မြို့တော်ပို့လိုက်ရင် ပိုင်လီက စိတ်ဆိုးပြီးပြန်တောင်းပေးလိမ့်မယ်ပေါ့။
................................................................
(AN/ အားလုံးကို စိတ်ရှည်ရှည်ထားဖို့ ဒီစာရေးသူကပြောချင်ပါတယ်။ မကြာခင်မှာ လူတိုင်းမျှော်နေတဲ့ ပိုင်လီရဲ့ငွေဖြုန်းခန်းကြီးက ရောက်ရှိလာတော့မှာပါ။😭
paid gp မှာ အပိုင်း ၇၈ ကိုရောက်ပါပြီ။
paid gpရဲ့စျေးလေးတွေက
51-85 gpကို 3000 ဖြစ်ပြီး
မကြာခင် အသစ်ဖွင့်မယ့် 86-120 gp ကလည်း 3000 ဖြစ်ပါတယ်။
ဖုန်းဘေဆိုရင်တော့ 4000ပါရှင့်။
gpဝင်ချင်တဲ့လူတွေက fb gpဆိုရင် ကိုယ့်ရဲ့fb accဖြစ်တဲ့ "ဒီအမျိုးသမီးမှာ ဒေါသတွေမရှိတော့ပါ" ကိုလာခဲ့ပေးပါ။
tele gpဆိုရင်တော့ @PS12001100 ကိုလာခဲ့ပါရှင်။)
###