ဘာသာပြန်သူ - Chihirolily
အိမ်ရာဟောင်းရှိ နောက်ဖေးခြံငယ်လေး၏ ထောင့်တွင် စွန့်ပစ်ထားသည့် သိုလှောင်ရုံလေးတစ်ခုရှိသည်ကို ရှန်ယွဲ့ကောင်းကောင်း မှတ်မိနေ၏။ အရင်က လူများအတွက် စက်ဘီးများ ထားရန်နေရာဖြစ်ခဲ့သည်။ နှစ်ကြာလာပြီးနောက် အိမ်ရာထဲမှ လူကြီး လူငယ်များ အားလုံးက ပြောင်းရွှေ့သွားကြရာ စက်ဘီးထားရာနေသည် သိုလှောင်ရုံတစ်ခု အလိုလို ဖြစ်သွားတော့သည်။
အချိန်ကြာမြင့်စွာ ဘယ်သူမှ အသုံးမပြုကြရာ သော့ခလောက်မှာ သံချေးတက်နေပြီး သိုလှောင်ရုံလေးသည်လည်း လုံးဝ အမေ့ခံဖြစ်သွားတော့သည်။ အခုတော့ အသုံးဝင်လာလေသည်။
ရှန်ယွဲ့သည် ကျိုးယန်ကို သိုလှောင်ရုံငယ်လေးဆီ ဆွဲလာပြီး သူ့အား နံရံကို မှီကာထိုင်ခိုင်းလိုက်၏။ ထို့နောက် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကျိုးယန်၏ဒဏ်ရာကို စစ်ဆေးရန်ပြင်လိုက်လေသည်။
" နင် ဘာလုပ်နေတာလဲ၊ နင်ဘယ်သူလဲ"
ရှန်ယွဲ့သည် သည်နေရာနှင့် ရင်းနှီးနေပြီး သွေးများကိုမြင်လျက် မကြောက်ရွံ့သည်ကို မြင်လိုက်ပြီးနောက် ကျိူးယန်သည် သတိအနေအထား အလိုလို ဖြစ်သွားတော့သည်။ သူ့ဒဏ်ရာကို ကြည့်လို့မရအောင် လက်ဖြင့် ကာလိုက်လေသည်။
" ငါ ဘယ်သူလဲဆိုတာ ဘာလို့ ဂရုစိုက်နေတာလဲ၊ အခုနေ ငါ့အပြင် နင့်ကို ဘယ်သူကယ်နိုင်လို့လဲ၊ နင့်အတွက် ဘာကအကျိုးရှိတယ်ဆိုတာ သိရင် ပါးစပ်ပိတ်ထား"
ရှန်ယွဲ့ အေးစက်စက်ပြောလိုက်လေသည်။ ကျိုးယန်၏လက်ကို ဖတ်ခနဲရိုက်က ဖယ်လိုက်ပြီး မှိန်ပြပြ အလင်းရောင်အောက်တွင် အနီးကပ်သေချာ ကြည့်လိုက်၏။
အမှန်ပင်။ သေရမှာကို စောင့်တာထက်စာလျှင် သူသည် သူ့ရှေ့က သူမကိုသာ ယုံကြည်ရတော့မည်။ ကျိုးယန် အံကြိတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ ကံကိုသာ ပုံထားလိုက်တော့သည်။
ကျိုးယန်၏ဒဏ်ရာသည် ဘယ်ဖက်နံရိုးအောက် ဝမ်းဗိုက်တွင်ရှိ၏။ ဓားတစ်ချောင်းဖြင့် ထိုးခံထားရဟန်တူသည်။ ထိုးချက်မှာ အလွန်နက်၏။
" ဒီဒဏ်ရာကို မကုရင် နင့်နောက်လိုက်လာတဲ့သူတွေရဲ့ သတ်တာမခံရရင်တောင် သွေးလွန်ပြီး သေသွားလိမ့်မယ်"
ရှန်ယွဲ့ လေသံနိမ့်ကာ ပြောလိုက်၏။
" အင်း..."
ကျိုးယန်၏နှုတ်ခမ်းများသည် သွေးထွက်လွန်ထားသဖြင့် ဖြူဆွတ်နေပြီးဖြစ်သည်။ သူ့တစ်ကိုယ်လုံးသည်လည်း စကားပြောရင်းပင် တုန်ယင်နေ၏။ အကြောင်းကြောင်း ကြောင့် ရှန်ယွဲ့၏တည်ငြိမ်သည့် လေသံကို ကြားလိုက်ရချိန်၌ အလိုလို လုံခြုံသွားသည့်အာရုံကို ခံစားမိလိုက်တော့သည်။
နောက်တစ်စက္ကန့်တွင်တော့ ကျိုးယန်သည် ကိုယ့်ကိုယ်ကို ကန့်ကွက်သည့်အနေဖြင့် ခေါင်းခါလိုက်တော့သည်။ သူ သွေးတွေ အများကြီး ဆုံးရှုံးထားတာမလား။ သူ့အုံးနှောက်က ရှုပ်ထွေးနေတာပဲ ဖြစ်မယ်။ ဒီဝတုတ်မလေးက သူ့ကို ကယ်နိုင်မယ်လို့ တကယ်ထင်နေတာတဲ့လား။ မျက်လုံးမှိတ်ရင်း နောက်ဆုံးအတွေးကို စဥ်းစားလိုက်ချိန်၌ အဝတ်စဖြဲသံတစ်ခုကို ရုတ်တရက် ကြားလိုက်လေသည်။ ရှန်ယွဲ့က သူ့ဗိုက်အား တစ်ခုခုနှင့် မြန်မြန်ဆန်ဆန် စည်းနှောင်ပေးနေသည်ကို ကျိုးယန် ခံစားလိုက်ရတော့သည်။
ကျိုးယန်သည် မျက်လုံးဖွင့်ကြည့်လိုက်ရာ ရှန်ယွဲ့သည် သူမ၏အားကစားဘောင်းဘီကို ဖြဲပြီး သူ့ဗိုက်ဒဏ်ရာကို စည်းပေးထားသည်ကို တွေ့လိုက်ရတော့သည်။
ရှန်ယွဲ့သည် ပတ်တီးစည်းနည်းဖြင့် အလွန်ရင်းနှီးလေသည်။ အရင်ဘဝတွင် သူမ အဖွဲ့အစည်းအတွက် အလုပ်လုက်ပေးချိန်က မရေမတွက်နိုင်သည့် ဒဏ်ရာများ ရခဲ့လေသည်။ သူမ၏ခန္ဓကိုယ်တစ်ခုလုံးသည် အမာရွတ်မျိုးစုံဖြင့် ဖုံးနေ၏။ သူမသည် ထိုအရာကိုပင် ကျင့်သားရနေပြီး ဖြစ်လေသည်။
" အခုလောလောဆယ်တော့ ပတ်တီးစည်းထားရင် နင့်အသက်ကို ခဏတော့ ကယ်ထားနိုင်မယ်, ဒါပေမယ့် ဒီထက်အချိန်ကြာသွားရင်တော့ နင် သေမှာပဲ"
ရှန်ယွဲ့သည် သေချာအာရုံစိုက်ထားသည်။ အပြင်ဘက်ကို ဆူညံသံကို နားထောင်ရင်း ကျိုးယန်ကို လေသံနိမ့်ကာ ညွှန်ကြားလိုက်သည်။
ထင်ထားသည့်အတိုင်းပင် ဒဏ်ရာကို စည်းနှောင်လိုက်ပြီးနောက် သွေးတိတ်သွားသည်။ ကျိုးယန်သည် သက်ပြင်းချလိုက်ပြီး စိုးရိမ်းစိတ်ဖြင့် ပြောလိုက်လေသည်။
" ဒါပေမယ့် သူတို့တွေ လိုက်လာတာ အရမ်းနီးနေပြီ၊ ဒီနေရာက နယ်မြေကလည်း ရှုပ်ထွေးတယ်၊ ငါ ဒီကိုဝင်လာရင်းနဲ့ လမ်းပျောက်သွားတာ၊ ငါ မထွက်တတ်တော့ဘူး"
ဒီနေရာက ငါ့ရဲ့ အိမ်လေဟယ်။ သူဘယ်လိုလုပ်ပြီး မထွက်နိုင်ဘဲ ရှိရမှာလဲ။
ရှန်ယွဲ့သည် အထင်သေးစွာ မျက်နှာကို မဲ့လိုက်သော်လည်း ဘာမှပြန်မပြောပေ။ ထို့အစား သေသေချာချာ နားထောင်လိုက်နေလိုက်သည်။
သိပ်မဝေးလှသည့်နေရာမှာ လူတစ်ခု၏ခြေသံနီးကပ်လာသည်ကို ကြားလိုက်ရပြီးနောက် ရှန်ယွဲ့သည် ထရပ်လိုက်ကာ ကျိုးယန်ကို စိုက်ကြည့်လိုက်ပြီး
" ငါ နင့်ကိုအသက်ကို ကယ်ပေးမယ်၊ နင် ငါ့ကို ပိုက်ဆံပေးရလိမ့်မယ်"
ကျိုးယန် ပြန်မပြောလိုက်ခင်မှာပင် ရှန်ယွဲ့သည် သိုလှောင်ရုံထဲထွက်ကာ တံခါးကို ပိတ်နှင့်ပြီးနေသည်။ အပြင်ဘက်က အဝါရောင်မီးရောင်ကို ချက်ချင်း ကွယ်ထားလိုက်သည်။
ဒီကောင်မလေးက ပတ်တီးစည်းနည်းသိတယ် ဒါပေမယ့် အန္တရာယ်အခြေအနေမှာတောင် လန့်မသွားဘူး။ သူ့ပုံစံက ထင်သလောက် ရိုးရှင်းတဲ့ပုံမပေါ်ဘူး။ ကျိုးယန်သည် အမှောင်ထဲတွင် ထိုင်ကာ အတွေးနစ်နေလေသည်။
ရှန်ယွဲ့သည် ပုံမှန်အတိုင်း နံရံထောင့်က တံမြက်စီးကို လှမ်းယူလိုက်ပြီး နောက်ဖေးခြံနားတွင် ရပ်ကာ တကိုယ်တည်း ရေရွတ်နေလိုက်သည်။
" ရာသီဥတုကလည်း ဆိုးလိုက်တာနော်၊ နေ့ခင်းကျတော့ နေပူပြီး ညရောက်တာနဲ့ မိုးကြီးတော့တာပဲ ၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ"
" မိုးကကြီးတော့ အောက်ထပ်မှာ ရေတောင်ဝင်ကုန်ပြီ၊ ဒါနဲ့ပဲ အိပ်ရာကနေထ ၊နောက်ဖေးခြံထဲထွက်ပြီး ရေတွေကို လှဲထုတ်နေရတယ်၊ ပင်ပမ်းလိုက်တာနော်၊ တကယ်ကံဆိုးလိုက်တာ...."
ရှန်ယွဲ့သည် မိုးကြီးသဖြင့် မိုးရေများကို လှဲထုတ်နေရသည့် အပြစ်ကင်းသည့်အရပ်သူတစ်ယောက်လို ဟန်ဆောင်နေလိုက်လေသည်။ ကျိုးယန် ဖြတ်သွားသည့်နေရာတိုင်းတွင် သွေးကွက်များ ကျန်နေလိမ့်မည်။ သူမသည် အာရုံစိုက်စရာ သွေးကွက်များကို တံမြက်စည်းဖြင့် အချိန်မီ လှဲထုတ်လိုက်သော်လည်း လူသ-တ်သမားက သူမကို တွေ့သွားတော့သည်။
ရှန်ယွဲ့သည် နောက်ဆုံးသွေးကွက်ကို လှဲထုတ်ပြီးသည်နှင့် တပြိုင်နက် ခပ်ဩဩယောကျ်ားသံတစ်ခုသည် သူမ၏နောက်ကျောမှ ထွက်လာ၏။
" ညသန်းခေါင်ကြီး မင်းက ဒီမှာ ဘာလုပ်နေတာလဲ"
...
Paid group မှာ တပတ် ၅ပိုင်းနှုန်းတင်ပါတယ်။ Freeမစောင့်ချင်ရင် အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ် pageမှာ hi ပို့ပြီး ဝယ်ယူနိုင်ပါတယ်ရှင်။
Gp1 ( 1-250) Kpay/Wavepay -2500
....
Zawgyi
အပိုင္း ( ၂၄) နင့္အသက္ကိုကယ္ေပးမယ္
အိမ္ရာေဟာင္းရွိ ေနာက္ေဖးၿခံငယ္ေလး၏ ေထာင့္တြင္ စြန္႔ပစ္ထားသည့္ သိုေလွာင္႐ုံေလးတစ္ခုရွိသည္ကို ရွန္ယြဲ႕ေကာင္းေကာင္း မွတ္မိေန၏။ အရင္က လူမ်ားအတြက္ စက္ဘီးမ်ား ထားရန္ေနရာျဖစ္ခဲ့သည္။ ႏွစ္ၾကာလာၿပီးေနာက္ အိမ္ရာထဲမွ လူႀကီး လူငယ္မ်ား အားလုံးက ေျပာင္းေ႐ႊ႕သြားၾကရာ စက္ဘီးထားရာေနသည္ သိုေလွာင္႐ုံတစ္ခု အလိုလို ျဖစ္သြားေတာ့သည္။
အခ်ိန္ၾကာျမင့္စြာ ဘယ္သူမွ အသုံးမျပဳၾကရာ ေသာ့ခေလာက္မွာ သံေခ်းတက္ေနၿပီး သိုေလွာင္႐ုံေလးသည္လည္း လုံးဝ အေမ့ခံျဖစ္သြားေတာ့သည္။ အခုေတာ့ အသုံးဝင္လာေလသည္။
ရွန္ယြဲ႕သည္ က်ိဳးယန္ကို သိုေလွာင္႐ုံငယ္ေလးဆီ ဆြဲလာၿပီး သူ႔အား နံရံကို မွီကာထိုင္ခိုင္းလိုက္၏။ ထို႔ေနာက္ ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး က်ိဳးယန္၏ဒဏ္ရာကို စစ္ေဆးရန္ျပင္လိုက္ေလသည္။
" နင္ ဘာလုပ္ေနတာလဲ၊ နင္ဘယ္သူလဲ"
ရွန္ယြဲ႕သည္ သည္ေနရာႏွင့္ ရင္းႏွီးေနၿပီး ေသြးမ်ားကိုျမင္လ်က္ မေၾကာက္႐ြံ႕သည္ကို ျမင္လိုက္ၿပီးေနာက္ က်ိဴးယန္သည္ သတိအေနအထား အလိုလို ျဖစ္သြားေတာ့သည္။ သူ႔ဒဏ္ရာကို ၾကည့္လို႔မရေအာင္ လက္ျဖင့္ ကာလိုက္ေလသည္။
" ငါ ဘယ္သူလဲဆိုတာ ဘာလို႔ ဂ႐ုစိုက္ေနတာလဲ၊ အခုေန ငါ့အျပင္ နင့္ကို ဘယ္သူကယ္ႏိုင္လို႔လဲ၊ နင့္အတြက္ ဘာကအက်ိဳးရွိတယ္ဆိုတာ သိရင္ ပါးစပ္ပိတ္ထား"
ရွန္ယြဲ႕ ေအးစက္စက္ေျပာလိုက္ေလသည္။ က်ိဳးယန္၏လက္ကို ဖတ္ခနဲ႐ိုက္က ဖယ္လိုက္ၿပီး မွိန္ျပျပ အလင္းေရာင္ေအာက္တြင္ အနီးကပ္ေသခ်ာ ၾကည့္လိုက္၏။
အမွန္ပင္။ ေသရမွာကို ေစာင့္တာထက္စာလွ်င္ သူသည္ သူ႔ေရွ႕က သူမကိုသာ ယုံၾကည္ရေတာ့မည္။ က်ိဳးယန္ အံႀကိတ္လိုက္ၿပီး မ်က္လုံးမွိတ္လိုက္ကာ ကံကိုသာ ပုံထားလိုက္ေတာ့သည္။
က်ိဳးယန္၏ဒဏ္ရာသည္ ဘယ္ဖက္နံ႐ိုးေအာက္ ဝမ္းဗိုက္တြင္ရွိ၏။ ဓားတစ္ေခ်ာင္းျဖင့္ ထိုးခံထားရဟန္တူသည္။ ထိုးခ်က္မွာ အလြန္နက္၏။
" ဒီဒဏ္ရာကို မကုရင္ နင့္ေနာက္လိုက္လာတဲ့သူေတြရဲ႕ သတ္တာမခံရရင္ေတာင္ ေသြးလြန္ၿပီး ေသသြားလိမ့္မယ္"
ရွန္ယြဲ႕ ေလသံနိမ့္ကာ ေျပာလိုက္၏။
" အင္း..."
က်ိဳးယန္၏ႏႈတ္ခမ္းမ်ားသည္ ေသြးထြက္လြန္ထားသျဖင့္ ျဖဴဆြတ္ေနၿပီးျဖစ္သည္။ သူ႔တစ္ကိုယ္လုံးသည္လည္း စကားေျပာရင္းပင္ တုန္ယင္ေန၏။ အေၾကာင္းေၾကာင္း ေၾကာင့္ ရွန္ယြဲ႕၏တည္ၿငိမ္သည့္ ေလသံကို ၾကားလိုက္ရခ်ိန္၌ အလိုလို လုံၿခဳံသြားသည့္အာ႐ုံကို ခံစားမိလိုက္ေတာ့သည္။
ေနာက္တစ္စကၠန္႔တြင္ေတာ့ က်ိဳးယန္သည္ ကိုယ့္ကိုယ္ကို ကန္႔ကြက္သည့္အေနျဖင့္ ေခါင္းခါလိုက္ေတာ့သည္။ သူ ေသြးေတြ အမ်ားႀကီး ဆုံးရႈံးထားတာမလား။ သူ႔အုံးေႏွာက္က ရႈပ္ေထြးေနတာပဲ ျဖစ္မယ္။ ဒီဝတုတ္မေလးက သူ႔ကို ကယ္ႏိုင္မယ္လို႔ တကယ္ထင္ေနတာတဲ့လား။ မ်က္လုံးမွိတ္ရင္း ေနာက္ဆုံးအေတြးကို စဥ္းစားလိုက္ခ်ိန္၌ အဝတ္စၿဖဲသံတစ္ခုကို ႐ုတ္တရက္ ၾကားလိုက္ေလသည္။ ရွန္ယြဲ႕က သူ႔ဗိုက္အား တစ္ခုခုႏွင့္ ျမန္ျမန္ဆန္ဆန္ စည္းေႏွာင္ေပးေနသည္ကို က်ိဳးယန္ ခံစားလိုက္ရေတာ့သည္။
က်ိဳးယန္သည္ မ်က္လုံးဖြင့္ၾကည့္လိုက္ရာ ရွန္ယြဲ႕သည္ သူမ၏အားကစားေဘာင္းဘီကို ၿဖဲၿပီး သူ႔ဗိုက္ဒဏ္ရာကို စည္းေပးထားသည္ကို ေတြ႕လိုက္ရေတာ့သည္။
ရွန္ယြဲ႕သည္ ပတ္တီးစည္းနည္းျဖင့္ အလြန္ရင္းႏွီးေလသည္။ အရင္ဘဝတြင္ သူမ အဖြဲ႕အစည္းအတြက္ အလုပ္လုက္ေပးခ်ိန္က မေရမတြက္ႏိုင္သည့္ ဒဏ္ရာမ်ား ရခဲ့ေလသည္။ သူမ၏ခႏၶကိုယ္တစ္ခုလုံးသည္ အမာ႐ြတ္မ်ိဳးစုံျဖင့္ ဖုံးေန၏။ သူမသည္ ထိုအရာကိုပင္ က်င့္သားရေနၿပီး ျဖစ္ေလသည္။
" အခုေလာေလာဆယ္ေတာ့ ပတ္တီးစည္းထားရင္ နင့္အသက္ကို ခဏေတာ့ ကယ္ထားႏိုင္မယ္, ဒါေပမယ့္ ဒီထက္အခ်ိန္ၾကာသြားရင္ေတာ့ နင္ ေသမွာပဲ"
ရွန္ယြဲ႕သည္ ေသခ်ာအာ႐ုံစိုက္ထားသည္။ အျပင္ဘက္ကို ဆူညံသံကို နားေထာင္ရင္း က်ိဳးယန္ကို ေလသံနိမ့္ကာ ၫႊန္ၾကားလိုက္သည္။
ထင္ထားသည့္အတိုင္းပင္ ဒဏ္ရာကို စည္းေႏွာင္လိုက္ၿပီးေနာက္ ေသြးတိတ္သြားသည္။ က်ိဳးယန္သည္ သက္ျပင္းခ်လိုက္ၿပီး စိုးရိမ္းစိတ္ျဖင့္ ေျပာလိုက္ေလသည္။
" ဒါေပမယ့္ သူတို႔ေတြ လိုက္လာတာ အရမ္းနီးေနၿပီ၊ ဒီေနရာက နယ္ေျမကလည္း ရႈပ္ေထြးတယ္၊ ငါ ဒီကိုဝင္လာရင္းနဲ႔ လမ္းေပ်ာက္သြားတာ၊ ငါ မထြက္တတ္ေတာ့ဘူး"
ဒီေနရာက ငါ့ရဲ႕ အိမ္ေလဟယ္။ သူဘယ္လိုလုပ္ၿပီး မထြက္ႏိုင္ဘဲ ရွိရမွာလဲ။
ရွန္ယြဲ႕သည္ အထင္ေသးစြာ မ်က္ႏွာကို မဲ့လိုက္ေသာ္လည္း ဘာမွျပန္မေျပာေပ။ ထို႔အစား ေသေသခ်ာခ်ာ နားေထာင္လိုက္ေနလိုက္သည္။
သိပ္မေဝးလွသည့္ေနရာမွာ လူတစ္ခု၏ေျခသံနီးကပ္လာသည္ကို ၾကားလိုက္ရၿပီးေနာက္ ရွန္ယြဲ႕သည္ ထရပ္လိုက္ကာ က်ိဳးယန္ကို စိုက္ၾကည့္လိုက္ၿပီး
" ငါ နင့္ကိုအသက္ကို ကယ္ေပးမယ္၊ နင္ ငါ့ကို ပိုက္ဆံေပးရလိမ့္မယ္"
က်ိဳးယန္ ျပန္မေျပာလိုက္ခင္မွာပင္ ရွန္ယြဲ႕သည္ သိုေလွာင္႐ုံထဲထြက္ကာ တံခါးကို ပိတ္ႏွင့္ၿပီးေနသည္။ အျပင္ဘက္က အဝါေရာင္မီးေရာင္ကို ခ်က္ခ်င္း ကြယ္ထားလိုက္သည္။
ဒီေကာင္မေလးက ပတ္တီးစည္းနည္းသိတယ္ ဒါေပမယ့္ အႏၲရာယ္အေျခအေနမွာေတာင္ လန္႔မသြားဘူး။ သူ႔ပုံစံက ထင္သေလာက္ ႐ိုးရွင္းတဲ့ပုံမေပၚဘူး။ က်ိဳးယန္သည္ အေမွာင္ထဲတြင္ ထိုင္ကာ အေတြးနစ္ေနေလသည္။
ရွန္ယြဲ႕သည္ ပုံမွန္အတိုင္း နံရံေထာင့္က တံျမက္စီးကို လွမ္းယူလိုက္ၿပီး ေနာက္ေဖးၿခံနားတြင္ ရပ္ကာ တကိုယ္တည္း ေရ႐ြတ္ေနလိုက္သည္။
" ရာသီဥတုကလည္း ဆိုးလိုက္တာေနာ္၊ ေန႔ခင္းက်ေတာ့ ေနပူၿပီး ညေရာက္တာနဲ႔ မိုးႀကီးေတာ့တာပဲ ၊ စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ"
" မိုးကႀကီးေတာ့ ေအာက္ထပ္မွာ ေရေတာင္ဝင္ကုန္ၿပီ၊ ဒါနဲ႔ပဲ အိပ္ရာကေနထ ၊ေနာက္ေဖးၿခံထဲထြက္ၿပီး ေရေတြကို လွဲထုတ္ေနရတယ္၊ ပင္ပမ္းလိုက္တာေနာ္၊ တကယ္ကံဆိုးလိုက္တာ...."
ရွန္ယြဲ႕သည္ မိုးႀကီးသျဖင့္ မိုးေရမ်ားကို လွဲထုတ္ေနရသည့္ အျပစ္ကင္းသည့္အရပ္သူတစ္ေယာက္လို ဟန္ေဆာင္ေနလိုက္ေလသည္။ က်ိဳးယန္ ျဖတ္သြားသည့္ေနရာတိုင္းတြင္ ေသြးကြက္မ်ား က်န္ေနလိမ့္မည္။ သူမသည္ အာ႐ုံစိုက္စရာ ေသြးကြက္မ်ားကို တံျမက္စည္းျဖင့္ အခ်ိန္မီ လွဲထုတ္လိုက္ေသာ္လည္း လူသ-တ္သမားက သူမကို ေတြ႕သြားေတာ့သည္။
ရွန္ယြဲ႕သည္ ေနာက္ဆုံးေသြးကြက္ကို လွဲထုတ္ၿပီးသည္ႏွင့္ တၿပိဳင္နက္ ခပ္ဩဩေယာက်္ားသံတစ္ခုသည္ သူမ၏ေနာက္ေက်ာမွ ထြက္လာ၏။
" ညသန္းေခါင္ႀကီး မင္းက ဒီမွာ ဘာလုပ္ေနတာလဲ"
...
Paid group မွာ တပတ္ ၅ပိုင္းႏႈန္းတင္ပါတယ္။ Freeမေစာင့္ခ်င္ရင္ အထူးလုပ္ႀကံေရးသမတစ္ေယာက္ရဲ႕စာမ်က္ႏွာသစ္ pageမွာ hi ပို႔ၿပီး ဝယ္ယူႏိုင္ပါတယ္ရွင္။
Gp1 ( 1-250) Kpay/Wavepay -2500