အပိုင်း (၅၆) ဟင်းလင်းပြင်လေလံပွဲ -2
ပိုင်လီကလည်း ထိုနှစ်ဦး၏ပွဲကို တိတ်တဆိတ်စောင့်ကြည့်နေပြီး သူကအတော်လေးကိုပျော်ရွှင်နေတာပင်။
ဘယ္သူမ်ား ကိုယ့်ပစ္စည်းကို ဈေးအများကြီးပေးတာမကြိုက်လို့လဲ။ ပြီးတော့ ပိုင်လီက မတန်တဆတောင်းတာမဟုတ်ဘဲ သူတို့ကိုယ်တိုင်ပေးတာမျိုးလေ။ သူကယူရုံပဲပေါ့။
ရွှေချောင်းလေးထောင်သည် လုံးဝမနည်းပေ။ သို့သော်ထိုနှစ်ဦးက ဆက်လက်ယှဉ်ပြိုင်တော့မည့်အချိန်တွင် နောက်ထပ်လူတစ်ဦးရောက်လာခဲ့ပြီး...
"ငါ ရွှေချောင်းငါးထောင်ပေးမယ်"
ရန်သူတော်နှစ်ဦးအပါအဝင် ပိုင်လီနှင့်လူအုပ်က နောက်ရောက်လာသည့်လူကို ကြည့်လိုက်ကျသည်။ ထိုလူက ကုန်သည်ကြီးတစ်ဦးပါပဲ။
အချင်းချင်းယှဉ်ပြိုင်နေသောလူနှစ်ဦးက ဝက်ဝံလက်၏ဈေးက ရွှေချောင်းငါးထောင်ထိရောက်သွားတာကတစ်ကြောင်း ဆက်လက်ယှဉ်ပြိုင်နေရင်လည်း တစ်ဦးကိုတစ်ဦးအကျောမခံချင်သဖြင့် ဈေးက မတန္တဆထိ ရောက်သွားတော့မည်ကိုသိနေသည်ကတစ်ကြောင်းဖြင့် ကြားလူဝင်လာချိန်တွင် နှစ်ဦးလုံးက မတိုင်ပင်ရဘဲ နောက်ဆုတ်လိုက်ကျတော့သည်။
ပိုင်လီက ဒါကိုမြင်တော့ ရွှေချောင်းငါးထောင် ထက်ပိုပေးမည့်သူ မရှိလောက်မှာကိုသိသော်လည်း ခဏလောက်စောင့်ကြည့်ပြီးနောက်မှ ဝက်ဝံညာလက်ကို နောက်ဆုံးရောက်လာသူထံ လွဲပြောင်းပေးခဲ့လိုက်၏။ ပိုင်လီက သူ့အိတ်ထဲရောက်လာတဲ့ ရွှေချောင်းငါးထောက်တန် ငွေလက်မှတ်ကိုကြည့်ပြီး အတော်လေးပျော်ရွှင်၍လည်းနေခဲ့သည်။
ဝက်ဝံညာလက်က ရောင်းထွက်သွားအပြီးတွင် ဘယ်လက်ကိုဝယ်ချင်သူများက လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သော်လည်း ညာလပ်ကိုဝယ်သွားခဲ့သည့်ကုန်သည်ကြီးက ပြောလာ၏။
"မုဆိုးလေး မင်းမှာ ဝက်ဝံအရေခွံပါလာတာကိုငါတို့မြင်နေရတယ် ရောင်းမှာမဆိုရင် အခုပဲရောင်းလိုက်ပါတော့"
ဤနေရာတွင် အလွန်ကြွယ်သောလူများရှိနေသော်လည်း သူတို့က ဝက်ဝံညာလက်ကို ဝင်ပြိုင်လုခြင်းသိပ်မရှိခဲ့ပေ။ ဘာလို့လဲဆိုတော့ သူတို့က ပိုင်လီရဲ့လှည်းပေါ်က ဝက်ဝံအရေခွံကိုမြင်ပြီးနောက်မှာ အဲတာကိုပြစ်မှတ်ထားခဲ့ကျလို့ပါပဲ။ ဝက်ဝံညာလက်ကကောင်းပါတယ်။ ဒါပေမယ့် အဲဒါကစားရရုံပဲလေ။ ဒါပေမယ့် ဝက်ဝံသားမွှေးအစစ်ကတော့ မတူဘူးမလား။ ဝက်ဝံတွေဆိုတာ ပေါ်လာခဲပြီး ဒီလိုကောင်တွေရဲ့သားမွှေးအစစ်ဆိုတာ ဘယ်လောက်တောင်ရှားလိုက်သလဲ။ သူတို့တွေသာဒီသားမွှေးကိုလက်ဝယ်ပိုင်နိုင်သွားရင် ဘယ်လိုကောင်းတဲ့ကိစ္စတွေဖြစ်လာမလဲဆိုတာ သူတို့ပဲသိပါတယ်။
ပိုင်လီကအစတွင် အသားတွေအကုန်ရောင်းပြီးမှ အေရခြံကို ရောင်းဖို့ဆုံးဖြတ်ထားသော်လည်း ဤလူများကအလျှင်လိုနေလျှင် သူ့အနေနဲ့ အရင်မရောင်းပေးနိုင်စရာတော့မရှိပေ။ ဒါကြောင့် သူက...
"ဒါဆိုလည်း အခုတစ်ခါရောင်းမှာက ဝက်ဝံအရေခွံပေါ့ဗျာ"
အဲဒီနောက်သူက လှည်းပေါ်က ဝက်ဝံအရေခွံကိုယူလာကာ အရွယ်အစားအား အားလုံးမြင်ရရန်ဖြန့်ပြလိုက်ပြီး...
"တန်ဖိုးကိုအားလုံးကသိနေပြီးသားဆိုတော့ မပြောတော့ပါဘူး စဉ်းမျဉ်းကတော့ ညာလက်တုန်းကလိုပဲ ဈေးအများဆုံးပေးနိုင်တဲ့လူက ယူနိုင်မှာပါ"
ပိုင်လီ၏ ထိုစကားဆုံးပြီးပြီးချင်းပင် ချက်ခြင်းဈေးခေါ်သူရှိလာခဲ့သည်။
"ရွှေချောင်းငါးထောင်!"
"ခြောက်ထောင်!"
"ခြောက်ထောင့်ငါးရာ"
"ငါ ရွှေချောင်းခုနှစ်ထောင်ပေးမယ်"
ခုနှစ်ထောင်ထိ လျှင်မြန်စွာရောက်လာအပြီးတွင် ပိုင်လီ၏အပြုံးတို့ကပိုမိုနက်ရှိုင်းလာခဲ့ပေသည်။ အမှန်တိုင်းပြောရရင် ပိုင်လီအမျှော်လင့်ထားဆုံးက ညာလက်မဟုတ်ဘဲ ဝက်ဝံသားမွှေးမှာပဲ။ ပိုင်လီကအရဲစွန့်ပြီး အရေခွံကတစ်သောင်းကျော်ရမယ်လို့ ခန့်မှန်းထားခဲ့တယ်။
အဲဒီအချိန်မှာပဲ ခပ်ကြမ်းကြမ်းအသံတစ်ခုကနေ...
"မင်းတို့တွေ ဘာတွေတို့တိတို့တိလုပ်နေတာလဲ ဒီဝက်ဝံသားမွှေးက တစ်သောင်းကျော်သွားမှာအသိသာချည်းကို မင်းတို့ အချိန်ခြွေတာဖို့မလုပ်တတ်ကျဘူးလား ငါပဲလုပ်ပေးလိုက်မယ် ရွှေချောင်းတစ်သောင်း!"
သားမွှေးအတွက်ဝင်ပြိုင်နေကျလူများသည် အချင်းချင်းကြည့်ရှုလိုက်ကျပြီး ထိုလူပြောတာကအမှန်ပင်ဖြစ်ကြောင်း လက်ခံခဲ့ရသည်။ ဖြေးဖြေးသွားသွား၊ မြန်မြန်သွားသွား ဒီသားမွှေးကတစ်သောင်းကျော်သွားမှာဆိုတော့ တစ်သောင်းကနေစပြိုင်တာကပိုကောင်းပါတယ်။
"ဒါဆိုလည်း တစ်သောင်းတစ်ထောင်!! ဒီသားမွှေးကိုငါရမှဖြစ်မယ်!"
"ရူးနေလား ဒီသားမွှေးကငါ့ဟာပဲ!! တစ်သောင်းနှစ်ထောင်!!!"
"စကားများလိုက်တဲ့ကောင်တွေ တစ်သောင်းခွဲ!! ငါ့ကိုပေးလိုက်တော့!"
တစ်သောင်းခွဲပေးလိုက်သူသည် သူသာရမည်ဟုထင်ထားသော်လည်း စိတ်မကောင်းစရာမှာ နောက်ထပ်ပေးသူများရှိလာပြီး နောက်ဆုံးတွင် ရွှေချောင်းတစ်သောင်းရှစ်ထောင်ပေးသည့် တခြားတစ်ယောက်ကရသွားခဲ့သည်။
လာကြည့်နေတဲ့လူတွေကတော့ ဒီလူတွေကရွှေချောင်းသောင်းချီကို စကားလုံးလေးအနည်းငယ်နဲ့သုံးသွားတဲ့အတွက် သွားမစိပဲမနေနိုင်ကျပါဘူး။ ဒါအပြင် သူတို့တွေပိုင်လီကိုကြည့်တဲ့အကြည့်တွေကလည်း တမူထူးခြားလာပြီး အကြောင်းရင်းမှာ ဒီနေ့ပြီးရင် ပိုင်လီကချမ်းသာလာတော့မှာကို အကြားမြင်ရသလိုမြင်နေရတယ်လေ။
တန်ဖိုးအရှိဆုံးဖြစ်တဲ့ ညာလက်နှင့် အရေခွံအားရောင်းထွက်သွားအပြီးတွင် လူအုပ်ကအနည်းငယ်လျော့ကျသွားခဲ့သော်လည်း အရမ်းများနေစဲဖြစ်ပြီး ညာလက်ရော၊ အရေခွံရော မရလိုက်သည့်လူများက ဘယ်လက်ကိုဝိုင်းလုကျသဖြင့် ဘယ်လက်၏ဈေးမှာလည်း ရွှေချောင်းသုံးထောင်သို့ရောက်သွားခဲ့သည်။
နောက်တော့ ပိုင်လီက ခြေထောက်နှစ်ချောင်းကိုလည်း ရွှေချောင်းနှစ်ထောင်စီနဲ့ရောင်းနိုင်ခဲ့ပြီး အဲတာကလုံးဝကို မထင်ထားခဲ့တဲ့ဈေးပါပဲ။
ခြေထောက်များရော ရောင်းထွက်သွားအပြီးတွင်မူ လူအုပ္က စိုးရိမ္လာက်ကာ ကျန်သည့်အသားများကို လုဝယ်ရန်အဆင်သင့်ဖြစ်နေခဲ့ကျပြီး ပိုင်လီက အသားတစ်ကျင်ကို ရွှေချောင်းနှစ်ဆယ်ဖြင့် ရောင်းချခဲ့ပြီး ထိုမှလည်း ရွှေချောင်းတစ်သောင်းနီးပါးလောက်ရရှိခဲ့သေးသည်။
အသားတွေက ဝယ်ချင်သူတိုင်းလိုသလောက်မရခဲ့ကျပါဘူး။ ဒါတောင် ပိုင်လီက တစ်ယောက်ကို အသားဆယ်ကျင်ထိပဲရောင်းမယ်ဟု မသတ်မှတ်ထားခဲ့ရင် ဒီလောက်လူအများကြီးက ဝက်ဝံသားကိုမြည်းစမ်းနိုင်ခဲ့မှာမဟုတ်ဘဲ ဒီထဲကေန လုံးဝနောက်ကျသွားတဲ့လူတွေကတော့ မကျေမနပ်ဖြစ်နေကျပေမယ့် အသားဝယ္ထားတဲ့ သူတို့အသိတွေကများ နည်းနည်းလောက်ပြန်မျှပေးနိုင်မလားလို့ ပြေးလွှားနေကျရှာသည်။ အသားဝယ်ဖို့ တွေဝေနေတဲ့သူတွေအတွက်ကတော့ သူတို့ချင်တဲ့အချိန်မှာတောင်ဝယ်လို့မရတော့တာ သနားစရာပါပဲ။ ဘာလို့ဆို အရိုးတွေရော ကလီစာတွေရောက ဘာဆိုဘာမှကိုမကျန်တော့လေ။
အစက ပိုင်လီက ဒီတစ်ခါရော ကလီစာတွေကို လိုချင်သူ မရှိလောက်ဘူးလို့ထင်နေပေမယ့် တွေ့ဖို့လုံးဝမဖြစ်နိုင်တဲ့ ဝက်ဝံလိုအကောင်မျိုးအတွက်မူ တချို့က ကလီစာတွေကိုတောင် စားဖို့ဆုံးဖြတ်ခဲ့ကျသဖြင့် ပိုင်လီက ကလီစာတွေဝယ်သွားတဲ့လူတွေကို ကလီစာတွေကို ဘယ်လိုသန့်ရှင်းသင့်ကြောင်းနဲ့ ချက်ပြုတ်နည်းတချို့ကိုတောင် ရက်ရောစွာပေးလိုက်သေးသည်။
အဲဒီနောက် အားလုံးပြီးတဲ့အချိန်မှာတော့ မိုးချုပ်နေခဲ့ပါပြီ။ ဟုန်ရင်းကတောင် သူ့အစေခံမလေးတွေနဲ့ပြန်သွားခဲ့ပြီး ချောင်ရန်ကသာ ပိုင်လီကိုစောင့်ပေးနေတာဖြစ်သည်။ ချောင်ရန်က...
"ညီလေးရေ မင်းတည်းလိုခန်းရှာမနေနဲ့ မနက်ဖြန်လည်းငါ့အိမ်ကိုအလည်လာရမှာတူတူ ဒီညေတာ့ ငါ့အိမ်မှာသာတည်းလိုက်တော့ မင်းမရီးက အခုလောက်ဆို ဧည့်သည်ခန်းကိုတောင်ပြင်ပြီးသွားလောက်ပြီ"
လှည်းပေါ်တတ်နေတဲ့ပိုင်လီက ဒါကိုကြားတော့ ရယ်လိုက်ပြီး...
"ဒါဆိုလည်းအားမနာတော့ဘူးဗျာ မဟုတ်ရင်တည်းခိုခန်းမှာဆိုငွေ လက်မှတ်တွေကိုစိုးရိမ်ပြီး အိပ်မရပဲနေရလိမ့်မယ်"
တကယ်တော့ ပိုင်လီကဘယ်တော့မှအဲလိုမဖြစ်ပါဘူး။ သူက ချောင်ရန်ကိုနောက်လိုက်ရုံသာဖြစ်ပြီး ချောင်ရန်ကလည်း တခြားလှည်းတစ်စီးကိုမောင်းရန်ပြင်ရင်းကနေ ဒါကိုကြားတော့ ရယ်မောလာကာ ...
"ဟေ့ကောင် မင်းလို ဝက်ဝံနဲ့တောင်ရန်ဖက်ဖြစ်ရဲတဲ့ကောင်ကို ဘယ်သူကပြဿနာရှာရဲမှာလဲကွ! ရယ်စရာတွေ ပြောမနေနဲ့!"
ထို့နောက် နှစ်ယောက်သားသည် ရယ်မောကာဖြင့်တစ်ယောက်လှည်းတစ်စီးစီမောင်းကာ ချောင်ရန်၏အိမ်ကိုသွားခဲ့ကျပြီး ပိုင်လီကြည့်ရသလောက်တော့ ချောင်ရန်ကိုကြည့်ရတာ အရမ်းပျော်ရွှင်နေတဲ့ပုံပါပဲ။ ဘာလို့လည်းဆိုတာကိုလည်း သူခန့်မှန်းနိူင်ပါတယ်။
ပိုင်လီက ရိုးရိုးအသားတွေစရောင်းတော့ ချောင်ရန်က ဦးဆုံးအသားဆယ်ကျင်ဝယ်ခဲ့ပြီး ဟုန်ရင်းက အသားတွေကိုယူကာ အမြန်ပြန်သွားပုံကိုကြည့်ရင်းဖြင့် အခုချိန်လောက်ဆို ဝက်ဝံသားတွေကချက်ပြီးနေလောက်ပုံရကာ အိမ်ပြန်ရောက်ပါက ဝက်ဝံသားဟင်းစားရတော့မှာမလို့ ဒီလူကပျော်ရွှင်နေတာဖြစ်နိုင်သည်။
ပိုင်လီက သူ့မိတ်ဆွေက တကယ္ကို အသားချစ်သူတစ်ယောက်ပဲလို့ မှတ်ချက်မပေးဘဲမနေနိုင်ခဲ့ဘူး။
သူတို့ ချောင်ရန်အိမ်သို့ရောက်ချိန်တွင် ချောင်ရန်၏မိသားစုက သူတို့ကိုစောင့်နေကျပြီး မူလတွင်ပိုင်လီက ရက်အနည်းငယ်လောက် အနားမယူရသေးဖြင့် အနားယူရန္သာ စိတ်စောနေသော်လည်း ချောင်ရန်နှင့် ဟုန်ရင်း၏အတင်းဆွဲခေါ်မှုအောက်တွင် ညစာအတူတူစားဖြစ်ခဲ့ကျသည်။
ညစာသည် ဝက်ဝံဟင်းကို အဓိကထားချက်ပြုတ်ထားတာဖြစ်ပြီး ကိုယ်ရောင်းလိုက်သည့်အသားများကိုပြန်စားနေသဖြင့် ပိုင်လီက ရယ်ရခက်၊ငိုရခက်ပင်ဖြစ်သွားခဲ့သေး၏။ ဒါပေမယ့်သူမစားရင်လည်း ချောင်ရန်တို့ စိတ်မကောင်းဖြစ်ပြီး တစ်မျိုးတွေးမှာကို စိုးရိမ်ရတယ်လေ။
ချောင်ရန်၏ ညီမလေးသည် ချောင်ရန်၏သူငယ်ချင်းဖြစ်သူနှင့်လက်ထပ်ပြီးနောက် သူ့မခင်ပွန်းနှင့်မြို့တော်သို့လိုက်သွားကာ ချောင်ရန်၏အကိုကြီးများသည်လည်း သူတို့ညီမ၏ နောက်ခံကိုအားပြုပြီး မြို့တော်သို့ရှေ့ဆင့်နောက်ဆင့်ပြောင်းသွားခဲ့ကျသဖြင့် ဆိပ်ကမ်းမြို့တွင် အလုပ်အတည်တကျရှိနေသော ချောင်ရန်တို့မိသားစုသာဒီမှာကျန်နေခဲ့တာဖြစ်သည်။
ချောင်ရန်တွင် အသက်ဆယ့်ငါးနှစ်အရွယ်သားတစ်ယောက်၊ ဆယ့်နှစ်နှစ်အရွယ်သမီးတစ်ယောက်၊ ရရှစ်အရွယ်သားတစ်ယောက်နှင့် ငါးနှစ်အရွယ်သမီးတစ်ယောက်ရှိကာ စုစုပေါင်းလေးယောက်ရှိသော်လည်း အကြီးနှစ်ယောက်မှာ သူတို့အဖိုးဖွားများနှင့် ဦးလေးတို့ရှိသော မြို့တော်ကိုသွားလည်နေကျသဖြင့် လောလောဆယ်အငယ်လေးနှစ်ယောက်သာအိမ်မှာရှိနေတာပင်။
ပိုင်လီကြည့်ရသလောက်တော့ ချောင်ရန်ရဲ့တတိယသားလေးက ရှစ်နှစ်ပဲရှိသေးသော်လည်း သူ့ကိုယ်သူ ဂုဏ္သေရရွိတဲ့ စာသင်သားလို့သတ်မှတ်ထားပြီး အရမ်းကိုအိန္ဒြရှေိရှိနေတတ်ကာ သမီးအငယ်ဆုံးလေးကတော့ အလိုလိုက်ထားလို့ ကလေးဆိုးလေးလိုဆိုးပုံရသည်။
ညစာစားအပြီးမှာ ချောင်ရန်က ပိုင်လီနဲ့စကားလေးဘာလေးပြောပြီး သောက်ချင်နေပေမယ့် သူကပိုင်လီရဲ့ပင်ပန်းနေတဲ့ပုံကိုမြင်နိုင်လို့ မတားရက်တော့ဘူး။
ဒါကြောင့် ပိုင်လီကစောစောအိပ်ခွင့်ရသွားကာ ဒီရက်ပိုင်း ကောင်းကောင်းအနားမယူခဲ့ရတာကြောင့် တန်းအိပ်ပျော်သွားခဲ့ပြီး နောက်တစ်နေ့ မနက်ခင်းစောစောတွင်တော့ ကျယ်လောင်သော ကလေးငိုသံလေးကြောင့် နိုးလာခဲ့ရသည်။
ပိုင်လီက မျက်လုံးဖွင့်ကြည့်တဲ့အခါ သူ့ကုတင်ဘေးမှာ အော်ငိုနေတဲ့ ချောင်အိမ်ကသမီးအငယ်ဆုံးလေးကိုတွေ့လိုက်ရပြီး သူမေလးက ငိုလွန်းလို့မျက်နှာလေးကတောင်နီရဲနေကာ ပိုင်လီကိုတိုင်သလိုလေးပြောလာခဲ့သည်။
"ဦးဦး ဦးဦးပေးထားတဲ့ ပန်းပင်လေးကို မေမေက မြို့တော်ကိုပို့မလို့တဲ့ ဦးဦး ဦးဦး သမီးအတွက်ပြန်တောင်းပေးရမယ်!
...................................................................
(AN/ ဟို ဒီနေ့အပိုင်းကပျင်းစရာနည်းနည်းကောင်းသွားလားဟင် ။မနေ့က ကိုယ်စာရေးတာနားတာကြောင့် wp မှာတင်တဲ့ရက်ဆိုတာမေ့သွားတာပါ။
paid gpမှာ အပိုင်း၇၀ ကျော်သွားပါပြီ။💖)
###
"ရွှေချောင်းငါးထောင်!"
"ခြောက်ထောင်!"
"ခြောက်ထောင့်ငါးရာ"
သူတို့ ချောင်ရန်အိမ်သို့ရောက်ချိန်တွင် ချောင်ရန်၏မိသားစုက သူတို့ကိုစောင့်နေကျပြီး မူလတွင်ပိုင်လီက ရက်အနည်းငယ်လောက် အနားမယူရသေးဖြင့် အနားယူရန်သာ စိတ်စောနေသော်လည်း ချောင်ရန်နှင့် ဟုန်ရင်း၏အတင်းဆွဲခေါ်မှုအောက်တွင် ညစာအတူတူစားဖြစ်ခဲ့ကျသည်။
ပိုင်လီကြည့်ရသလောက်တော့ ချောင်ရန်ရဲ့တတိယသားလေးက ရှစ်နှစ်ပဲရှိသေးသော်လည်း သူ့ကိုယ်သူ ဂုဏ်သေရရွိတဲ့ စာသင်သားလို့သတ်မှတ်ထားပြီး အရမ်းကိုအိန္ဒရြှေိရှိနေတတ်ကာ သမီးအငယ်ဆုံးလေးကတော့ အလိုလိုက်ထားလို့ ကလေးဆိုးလေးလိုဆိုးပုံရသည်။
...................................................................