အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

Od FlowerRainButterfly

1.5M 191K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ Více

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု

ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်

11.2K 1.5K 21
Od FlowerRainButterfly

အပိုင်း (၅၄) ဝက်ဝံကြီးကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်

လှည်းနှစ်စီးကို တွဲကာထိန်းထားရသည်ဖြစ်လို့ ပိုင်လီက ပုံမှန်ထက် အရှိန်ကိုမမြန်နိုင်ပေ။ သူက လှည်းတွေကို ပုံမှန်သာထိန်းမောင်းသွားခဲ့ပြီး မြို့လေးသို့အရောက်တွင် အတော်လေးလင်းနေပြီဖြစ်ကာ ပိုင်လီ၏ခန့်မှန်းချက်အရ မနက်ခင်းခြောက်နာရီလောက်ပင်ဖြစ်လိမ့်မည်။ ဒီအချိန်က မြို့လေးပေါ်မှာလူရှင်းနေစဲဆိုပေမယ့် သွားလာနေတဲ့ တစ်ယောက်တစ်လေတော့ရှိနေပါပြီ။

ဒါပေမယ့် ပိုင်လီက တောဝက်တွေရောင်းတုန်းကလို မြို့လေးကိုဝင်ဖို့ အစီစဥ်တော့မရှိခဲ့ပေ။ ဝက်ဝံသားက တောဝက်နဲ့မတူဘူးလေ။ အကောင်က အရမ်းကြီးပေးမယ့် ဆိပ်ကမ်းမြို့ကဝယ်ချင်တဲ့လူတိုင်းတောင် မရလောက်မှာကို သူခန့်မှန်းနိုင်သည်။ ဒါကြောင့် ဒီဝက်ဝံက ဆိပ်ကမ်းမြို့ကလူတွေနဲ့တင် လုံလောက်ပါတယ်။ အကယ်၍ မြို့လေးကလူတွေသာသိသွားရင် သူတို့ရွာကလူတွေက မြို့လေးကိုတော့ အမြဲတစေအဝင်ထွက်ရှိလို့ သတင်းကရွာကိုမြန်မြန်ပဲရောက်သွားလိမ့်မယ်။

ဒီအတွေးနဲ့ ပိုင်လီက မြို့လေးသို့မဝင်တော့ပဲ ဆိပ်ကမ်းမြို့ကိုပဲဦးတည်သွားခဲ့ကာ သူ၏ ပုံမှန်အရှိန်နှင့်ပဲ သွားလာမှုကြောင့် ဆိပ်ကမ်းမြို့ကို ခန့်မှန်းချေအရ ညနေသုံးနာရီကျော်လောက်မှပင် စိုက်ရောက်ခဲ့တော့သည်။

ပိုင်လီ၏ လှည်းနှစ်စီးတွဲသည် အရမ်းကိုမျက်စိဖမ်းစားချင်စရာကောင်းနေခဲ့ပြီး လူများက ဝိုင်းကြည့်လာကျကာ တချို့မှာမူ ပိုင်လီကို ယခင်က တောဝက်တွေ လာရောင်းခဲ့သည့်လူမှန်း မှတ်မိသွားကျ၍...

"ဟေး ဒါ အရင်က တောဝက်တွေလာရောင်းသွားတဲ့ မုဆိုးပိုင်မလား"

"ဟုတ်တယ်ကွ ဒါကမုဆိုးပိုင်ပဲ ဒီတစ်ခါလှည်းနှစ်နဲ့ပါလား တောကောင်သားတွေ ထပ်လာရောင်းလားမသိဘူး"

"ဖြစ်နိုင်တယ် ဝါးဖျာတွေအုပ်ထားပေမယ့် အောက်မှာတစ်ခုခုရှိနေတာ သိသာတယ်လေ"

ဤသို့လူများက တီးတိုးပြောနေကျရင်းဖြင့် တချို့ကသိချင်စိတ်ကြောင့် ပိုင်လီ၏လှည်းနောက်လာခဲ့ကျသည်။ အရင်က ပိုင်လီ တောဝက်တွေလာရောင်းအပြီးမှာ ပိုင်လီထပ်အရောက်လာကို မျှော်နေတဲ့လူတွေအများကြီးရှိပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီတုန်းက ပိုင်လီတို့ရောက်လာတာက အရမ်းရုတ်တရက်ဆန်ပြီး မသိလိုက်တဲ့လူတွေ အများကြီးရှိနေတယ်လေ။ ဒါကြောင့် တချို့လူတွေက ပိုင်လီဆိပ်ကမ်းမြို့ကို တောကောင်တွေနဲ့အတူ ရောက်လာမှာကို နားစွင့်၍နေခဲ့ကျ၏။

ပိုင်လီက ဆိပ်ကမ်းမြို့ထဲစဝင်ထဲက တဖြေးဖြေးနဲ့ သူ့လှည်းနောက်လိုက်လာတဲ့လူတွေက ပိုပိုများလာတာကိုသတိထားမိတဲ့အခါ သူကလှည်းကိုရပ်လိုက်ပြီး ပြောခဲ့လိုက်သည်။

"ဒီက မိတ်ဆွေတို့ ကျွန်တော်က အခုကျွန်တော့်မိတ်ဆွေဆီကိုသွားမလို့ပါ ပြီးရင် အရင်ကတောဝက်သားတွေရောင်းခဲ့တဲ့နေရာကိုပဲလာခဲ့မှာမလို့ အဲဒီကနေပဲစောင့်ပေးကျပါ"

ဒါကိုကြားတော့ အရင်ထဲကမေးချက်နေသူများသည် ရှေ့ထွက်လာကျပြီး...

"အယ် မုဆိုးပိုင် မင်းဒီစကားပြောတာက ဒီတစ်ခေါက်လည်း တောကောင်ရောင်းစရာတွေပါလာခဲ့တယ်လို့ပြောတာလား"

ပိုင်လီက ထိုမေးခွန်းကိုခေါင်းငြိမ့်ကာဖြေပေးလိုက်ပြီး...

"ဟုတ်တယ်ဗျ မနေ့က ကျွန်တော် ဝက်ဝံတစ်ကောင်ရလာတယ်လေ အဲဒါလာရောင်းတာပါ"

ပိုင်လီမှ တောကောင်းရောင်းစရာတွေပါလာကြောင်းဖြေခဲ့လျှင် ဘာတောကောင်တွေလဲဟု မေးဖို့ရည်ရွယ်နေသူများသည် အသံမထွက်နိုင်ခင် ဝက်ဝံဆိုသည့်စကားနှင့် နှုတ်ပိတ်ခံလိုက်ရတော့သည်။

"ဝက် ဝက်ဝံ! မုဆိုးပိုင် မင်းအခု ဝက်ဝံလို့ပြောလိုက်တာလား!!"

ပိုင်လီက ဟုတ်မှန်ကြောင်း ခေါင်းငြိမ့်ပြလိုက်တော့ ဆွေးနွေးသံများက ချက်ခြင်းညံသွားခဲ့ပြီး လူများကချက်ခြင်း ဖြစ်နိုင်သည်နှင့်မဖြစ်နိုင်ဟူသော နှစ်ဖက်သို့ချက်ခြင်းကွဲထွက်သွားကာ ငြင်းခုန်နေကျပြီး တချို့ကလည်း ဝါးဖျာအောက်က ပစ္စည်းများကို မြင်ရလိုမြင်ရငြား သေချာစူးစမ်းကြည့်နေခဲ့ကျ၏။

ပါးနပ်သောလူများမှာမူ ပိုင်လီ၏ပုံစံက နောက်နေပုံမရတာကိုမြင်ထဲက သူတို့သခင်များထံအကြောင်းကြားဖို့ လှည့်ထွက်သွားကျပြီးဖြစ်သည်။ ဒီလူက တောဝက်နှစ်ကောင်ကိုတောင် လာရောင်းဖူးသေးတာ ဝက်ဝံကိုရောင်းမယ်ဆိုတာက နည်းနည်းမယုံချင်စရာကောင်းပေမယ့် လုံးဝကြီးမဖြစ်နိုင်နေတာတော့မဟုတ်ဘူးလေ။

ပိုင်လီကလည်း ငြင်းခုန်ကာ ဝါးဖျာအောက်မှာ တကယ်ပဲ ဝက်ဝံသားတွေရှိမရှိကို အကြိတ်နယ်ဆွေးနွေးနေကျသည့်လူအုပ်အား ထားခဲ့လိုက်ပြီး ချောင်ရန်၏ဆိုင်သို့ ထွက်လာခဲ့လိုက်တော့သည်။

သူက သူ့ရဲ့အသားချစ်တဲ့ညီအကိုကို အရင်သတင်းပေးရမယ်လေ။

သူက ချောက်ရန်ဆိုင်ရှေ့သို့အရောက်တွင် လှည်းပေါ်ကမဆင်းတော့ပဲ...

"အကိုကြီးချောင်ရေ! အကိုကြီး မြန်မြန်ထွက်မလာရင် အသားဝယ်နိုင်မှာမဟုတ်တော့ဘူးနော်"

ချောင်ရန်က ဆိုင်ထဲတွင် သူ့ဆိုင်ကကောင်လေးများအား ဆူနေတာဖြစ်ပြီး အပြင်ကပိုင်လီအသံကိုကြားလိုက်တော့ အမြန်ထွက်ခဲ့ကာ...

"ပိုင်လီလား မင်းအထဲမဝင်လာဘဲဘာလုပ်..."

ချောင်ရန်က စကားမဆုံးခင်မှာပင် လှည်းနှစ်စီးတွဲကိုတွေ့လိုက်ရသဖြင့် အသံတိတ်သွားခဲ့ရှာသည်။ နောက်တော့ သူကသဘောပေါက်သွားပြီး ပြုံးလိုက်ကာ...

"မင်းကတော့ ညီအကိုကောင်းလေးပဲ အသားလာရောင်းရင် လာသတိပေးပါဦးဆိုတဲ့ မင်းအကိုကြီးကိုစကားကို မှတ်မိတယ် ဟားဟား ကောင်းတယ်ကောင်းတယ် မင်းနဲ့ညီအကိုလုပ်ရတာအရှုံးကိုမရှိဘူး"

အစောလေးကမှ စိတ်အခြေနေမကောင်းသောချောက်ရန်သည် ပိုင်လီရောက်လာတာနှင့် ချက်ခြင်းရယ်မောသွားပြီး သူက ပိုင်လီဘေးကလှည်းပေါ်ဝင်တတ်လိုက်ကာ မေးလာခဲ့သည်။

"ဒီတစ်ခါ ဘာတောကောင်လဲ လှည်းကနှစ်စီးတောင် အများကြီးပဲလား ဒီမှာ မင်းငါ့ကို အရင်ကရောင်းလိုက်တဲ့ ဒရယ်သားက အရမ်းကောင်းတာကွ ဒီနေ့ပါလာခဲ့လား ပါခဲ့ရင် မင်းရဲ့အကိုကြီးက အကုန်ယူချင်လို့ပါ ရောင်းပေးမယ်မလား"

ချောင်ရန်သည် ထိုဒရယ်သားအား အရမ်းကြိုက်သဖြင့် အကြာကြီးစားရရန် ခြွေတာစားမည်ဟု စီစဥ်ထားသော်လည်း သူ့မိသားစုကလည်း သူ့လိုအသားသရဲများဖြစ်နေသောအခါတွင် ရက်သိပ်မကြာလိုက်ဘဲကုန်သွားခဲ့သည်။ သူက နောက်ထပ် ပိုင်လီဆီကိုတောင်ထပ်လာခဲ့ချင်တယ်။ ဒါပေမယ့် ပိုင်လီက သူ့မိတ်ဆွေတွေ သွားဝယ်တုန်းက နောက်နှစ်နွေဦးထိ အမဲလိုက်သွားတော့မှာ မဟုတ်ဘူးလို့မှာခဲ့တာကိုသတိရပြီး နန်ချောင်းရွာကို မသွားမိအောင် သူ့ကိုသူထိန်းနေခဲ့ရသည်။

ပိုင်လီက ချောင်ရန် သူ့ဘေးနားတတ်ထိုင်ပြီးတာနဲ့ လှည်းကိုစမောင်းလိုက်ပြီး ချောင်ရန်ပြောတဲ့ စကားများကိုကြားတော့ ရယ်လိုက်ကာ...

"ဒီတစ်ခါတော့ ဒရယ်မပါခဲ့ပါဘူး ဝက်ဝံသားတစ်မျိူးပဲပါခဲ့တယ်"

ချောင်ရန်က အစတွင် သေချာမစဥ်းစားနိုင်သေးသော်လည်း ဝက်ဝံဟူသည့်စကားကို သေချာပြန်တွေးပြီးနောက် လန့်လွန်းလို့ ထခုန်မိတော့မလိုဖြစ်သွားသဖြင့် လှည်းပေါ်ကနေ ပြုတ်ကျတော့မတတ်ပင်ဖြစ်သွားခဲ့ရလေသည်။ သူက ပိုင်လီကို မကျေမနပ်ကြည့်လိုက်ပြီး...

"မင်းဆိုတဲ့ကောင်စုတ်လေး! ငါ့ကိုလန့်ပြီးလှည်းပေါ်ကပြုတ်ကျအောင် တမင်ခြောက်နေတာလားကွ!"

ပိုင်လီကတော့ လှည်းမောင်းနေရင်း အရိုးခံမျက်နှာလေးနှင့်သာ...

"အကိုကြီးချောင်ဘာတွေပြောနေတာလဲ ကျွန်တော်ကအမှန်တိုင်းပြောနေတာကို"

ချောင်ရန်က မယုံကြည်သဖြင့် ခဏလောက်ထိ ပိုင်လီကို စိုက်ကြည့်နေခဲ့သော်လည်း ထိုလူငယ်က လုံးဝ နောက်နေသည့်ပုံမပေါက်လေရာ သူကလည်း အတည်ပြန်မေးလိုက်ရုံသာတက်နိုင်တော့၏။

"မင်း တကယ်ကြီးပြောနေတာလား အဲတာက ဝက်ဝံလေ တောဝက်မဟုတ်ဘူးလေ ဝက်ဝံတွေဆိုတာက...„

သူဆက်မပြောတော့သော်လည်း ဝက်ဝံဆိုတာက နောက်စရာမဟုတ်မှန်းလူတိုင်းသိနိုင်သည်ပင်။ ပိုင်လီကတော့ သူ့အနေနဲ့ သံသယတွေကို လုံးဝမရှောင်နိုင်မှာကို အစထဲကသိခဲ့သဖြင့် အကောင်းဆုံးဆင်ခြေကိုပဲပေးရုံသာတတ်နိုင်ခဲ့သည်။

"အဲတာက တကယ်ဝက်ဝံပါ အကိုကြီးချောင်ရာ အဲလိုဖြစ်မနေစမ်းပါနဲ့ ကျွန်တော့်အတွက်လည်း လွယ်ခဲ့တာမဟုတ်ပါဘူး ကျွန်တော်က နောက်နှစ်နွေဦးမှာအိမ်အသစ်ဆောက်ဖို့ တောကောင်ကြီးကြီးရှာချင်ရုံလေးဆိုပေမယ့် ဝက်ဝံနဲ့ ထပ်တိုက်တိုးမယ်လို့တော့ဘယ်လိုလုပ်ထင်ထားမှာလဲ ကျွန်တော့်မှာသာ အရမ်းမြန်မြန်ပြေးနိုင်တဲ့ ခြေထောက်တွေမရှိရင် ဒီနေ့နေထွက်တာကိုတောင် မမြင်ရတော့လောက်ဘူး ဒီဝက်ဝံက ကျွန်တော့်လိုက်နေတဲ့အချိန်ကို ပြန်တွေးမိရင် ဒူးတွေတောင်တုန်နေတုန်းပဲ ကံကောင်းလို့ ဒီကောင်က ကမ်းပါးနိမ့်တစ်ခုထဲ ပြုတ်ကျသွားတုန်း ကျွန်တော်က မြှားနဲ့အမိအရပစ်ခဲ့လိုက်လို့သာပေါ့ ဒါတောင် ဒီကောင်ကြီးကို တစ်ခါထဲမနိုင်လို့ ခွဲသယ်ခဲ့ရသေးတာ ကျွန်တော့်ရဲ့အပြင်ပန်း အဆင်ပြေနေတဲ့ပုံစံကိုပဲ ကြည့်မနေစမ်းပါနဲ့ဗျာ လုံးဝ လွယ်ကူခဲ့တာမဟုတ်ဘူး"

ချောင်ရန်သည် အချိန်တစ်ခုကြာအောင် စဥ်းစားးနေခဲ့ပြီးနောက် ပိုင်လီပြောတာက အမှန်ဟုလက်ခံရုံပဲရှိတော့၏။ အကယ်၍ ပိုင်လီမှာဒီလိုကံကောင်းမှုမျိုးသာမရှိခဲ့ရင် ပိုင်လီကဝက်ဝံကိုဘယ်လိုမှသတ်နိုင်မှာမဟုတ်ဘဲ အခုချိန်ဆိုအသက်ရှိနေမှာတောင်မဟုတ်တော့ပါဘူး။ ဒါကြောင့် သူကပိုင်လီရဲ့ပုခုံးကိုပုတ်လိုက်ကာ...

"မင်းက ကံတော့ အတော်ကောင်းတဲ့ကောင်ပဲကွ ပိုင်လီရ ဒါပေမယ့် ကံဆိုတာ အမြဲတမ်းတော့မကောင်းနိုင်ဘူးဆိုမှတ်ထားရမယ် မင်းရဲ့ဒီလုပ်ရပ်က အရမ်းအရဲစွန့်လွန်းရာကျတယ် တစ်ချက်မှားသွားတာနဲ့ မင်းအသက်ကိုထိခိုက်သွားမှာ နောက်တစ်ခါ ဒီလောက်မမိုက်မဲစမ်းပါနဲ့ကွာ"

ပိုင်လီက ဒီစကားတွေကိုကြားတော့ ချောင်ရန်ယုံကြည်သွားတာကို နားလည်သွားပြီးသက်ပျင်းခိုးချလိုက်ရသည်။ ဒါက သူလူတိုင်းကို ဆင်ခြေပေးမယ့်စကားလုံးတွေပါပဲ။ မဟုတ်ရင် သူတစ်ယောက်ထဲ ဝက်ဝံကို အမဲလိုက်ခဲ့တယ်ဆိုတဲ့အချက်က လူတွေကို သဘာလွန်အကြောင်းရာတွေကို တွေးမိစေမှာကို သူအရမ်းစိုးရိမ်နေရတယ်။ ဒါပေမယ့် ချောင်ရန်တောင် ဒီစကားတွေကိုယုံကြည်တယ်ဆိုရင် တခြားလူတွေလဲ သိပ်တော့သံသယရှိမှာ မဟုတ်တော့ပါဘူး။

ပိုင်လီက ဒီတစ်ခေါက်ပြီးရင်တော့ သူ့ရဲ့သားကောင်ကြီးတွေ အမဲလိုက်တဲ့ခရီးစဥ်တွေကို ခဏနားထားဦးမယ်လို့ တိတ်တဆိတ်ဆုံးဖြတ်ခဲ့လိုက်ပြီး သိပ်မကြာခင်တွင် သူအရင်က တောဝက်တွေရောင်းဖူးးသောနေရာသို့ ရောက်ရှိလာခဲ့တော့သည်။

အဲဒီမှာဆိုရင် လူအုပ်ကြီးက ကြောက်စရာကောင်းလောက်အောင်ကို ဝိုင်းနေကျပြီး အကုန်လုံးက ဝက်ဝံသားတွေ တကယ်ရောင်းမယ်ဆိုတာကို ယုံလို့တော့မဟုတ်ပါဘူး။ တချို့က တကယ်ဟုတ်မဟုတ် စပ်စုချင်ရုံသာဖြစ်ပြီး တကယ်ရရင် တကယ်ဝယ်ချင်သူများလည်း တချို့ရှိနေကာ ကုန်သည်ကြီးများမှာမူဝက်ဝံသားမွှေး တကယ်ရှိနေလျှင် လက်မလွှတ်မခံချင်တာကြောင့် အများပြားရောက်လာခဲ့ကျလေသည်။

အားလုံးက တစ်ယောက်တစ်ပေါက်နဲ့ ဆူညံနေကျပြီး ပိုင်လီရဲ့လှည်းနှစ်စီးတွဲက ဒီနေရာသို့ဝင်လာတာကိုမြင်လိုက်ကျရသည့်အခါတွင်မူ တမဟုတ်ချင်း တိတ်ဆိတ်သွားခဲ့ကျကာ လှည်းနှစ်စီးပေါ်တွင် ဝက်ဝံသားများတကယ်ရှိမရှိကိုသိချင်နေခဲ့ကျသော်လည်း ဘယ်သူမှအရမ်းမလုပ်ရဲခဲ့ပေ။

ဘာလို့လည်းဆိုတော့ ဒီနေရာမှာ ဒီမြို့ရဲ့တန်ခိုးကြီးတဲ့လူတချို့ရှိနေပြီး သူတို့မျက်စိအောက်မှာ ပြဿနာရှာဖို့ သူတို့အနေနဲ့မဝံ့ရဲဘူး။ ပြီးတော့ ပိုင်လီရဲ့ဘေးက ချောင်ရန်ကလည်း အလှပြထားတဲ့ရုပ်ထုပ်ကြီးမဟုတ်ဘူးလေ။

ချောင်ရန်ကတော့ ပိုင်လီကဝက်ဝံကိုအမဲလိုက်လာသည်ဟုကြားသောအခါတွင် ပိုင်လီအားကိုယ့်အသက်ကို တန်ဖိုးထားသင့်ကြောင်း စကားတွေအများကြီးပြောနေခဲ့သည်။ တကယ်တော့ချောင်ရန်က ပိုင်အိမ်ကအကြီးဆုံးသား ပိုင်ကျန်းထက်တောင်နှစ်အနည်းငယ်ကြီးလို့ ပိုင်လီနဲ့ဆိုအသက်အများကြီးကွာပါတယ်။

ဒါကြောင့် သူက ပိုင်လီကို ဆုံးမစကားတွေ အများကြီးပြောခဲ့ပေမယ့်လည်း နောက်တော့ ပိုင်လီအပေါ်စိုးရိမ်တဲ့သူ့ရဲ့စိတ်က သူဝက်ဝံသားစားဖူးတော့မှာမလို့ ပျော်ရွှင်တဲ့စိတ်နဲ့ လဲလှယ်သွားပြီး ဝက်ဝံသားကို ဘယ်လိုချက်စားရင် ကောင်းမလဲဆိုတာကို ပိုင်လီနဲ့တိုင်ပင်နေခဲ့လေသည်။

ရောင်းချမယ့်နေရာကိုရောက်တဲ့အခါ ချောင်ရန်ကအရမ်းတတ်ကြွနေခဲ့ပြီး သူက ပိုင်လီကို ကူညီပေးတော့မလို့ပေမယ့် လူအုပ်ထဲမှာ ရင်းနှီးနေတဲ့မျက်နှာကို မြင်လိုက်ရတာကြောင့် ပြေးသွားလိုက်ပြီး...

"မိန်းမ! မင်းကဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ!"

ထိုရင်းနှီးနေသည့်သူမှာ ချောင်ရန်၏ဇနီး ဟုန်ရင်းပင်။

ဟုန်ရင်းကလည်း ချောင်ရန်ကို အသားရောင်းမယ့်သူနဲ့ အတူတူတွေ့လိုက်ရနဲ့အခါ အနည်းငယ်အံသြသွားပေမယ့် ချောင်ရန်က သူ့ကအရမ်းတော်သည့် မုဆိုးတစ်ယောက်နှင့် မိတ်ဆွေဖြစ်ခဲ့သည်ဟုပြောတာကြားဖူးပြီး သိပ်မကြာခင်က ဒရယ်တစ်ကောင်နှင့် စံပါယ်ပင်တစ်ပင်ပါလာခဲ့တာကို အမှတ်ရသွားတဲ့အခါ သူမကသဘောပေါက်သွားခဲ့သည်။ သူမက...

"ကျွန်မက ဘာလို့ဒီနေရာမှာရှိနေရမှာလဲ ပိုးထည်ဝယ်နေရင်းနဲ့ တစ်ယောက်က ဝက်ဝံသားတွေရောင်းမယ့်သူ ရှိတယ်လို့ ပြောတာကြားလိုက်ရတယ် အဲတာကြောင့် ဟုတ်မဟုတ်လာကြည့်တာလေ"

ချောင်ရန်ကတော့ မေးသာမေးလိုက်တာဖြစ်ပြီး အကြောင်းရာကိုသိပ်ဂရုစိုက်မနေပေ။ သူက သူ့ဇနီးကိုဆွဲခေါ်သွားပြီး ပိုင်လီနဲ့မိတ်ဆက်ပေးဖို့ကိုသာတက်ကြွနေခဲ့တာပင်။ သူ ပိုင်လီရဲ့အိမ်ကိုသွားလည်တုန်းက ပိုင်လီမှာ ချစ်စရာကောင်းတဲ့ ဇနီးကောလေးနဲ့ သားလေးတွေရှိတာကိုမြင်ခဲ့ရပြီး သူကလည်း သူ့မှာ ဇနီးချောလေးရှိကြောင်း ကြွားဝါချင်နေတာဖြစ်သည်။

"ညီလေးပိုင် ဒီမှာ ဒါကမင်းရဲ့မရီး နာမည်ကဟုန်ရင်းတဲ့ အကိုကြီးချောင်ရဲ့ဇနီးလေ ဇနီးလေး ဒါက ကိုယ်ပြောပြောနေတဲ့အမဲလိုက်တော်တဲ့မုဆိုးလေးလေ ပိုင်လီတဲ့ အရင်က ဒရယ်ကိုသူ့ဆီကဝယ်လာတာ မင်းကိုတောင် စံပါယ်ပင်လက်ဆောင်ပေးခဲ့သေးတယ်လေ အဲတာသူပေါ့"

ချောင်ရန်က ထိုသို့လူနှစ်ယောက်ကိုအားတက်သရော မိတ်ဆက်ပေးနေရင်းနဲ့မှ စံပါယ်ပင်ကိုထည့်ပြောမိသဖြင့် တစ်ခုခုသတိရသွားခဲ့သည်။ ဟုတ်သားပဲ သူ့မှာ စံပါယ်ပင်နဲ့ပတ်သတ်ပြီး ပိုင်လီကို ပေးစရာသတင်းကြီးရှိနေသေးတယ်။

.
.
.
.
.
.
.
.
.
တူဘီ ကိုတိမ်ညွှန့်😇
...............................................................
(AN/ paid gpမှာ အပိုင်း၆၀ ကျော်သွားပါပြီ💖)

###

အပိုင္း (၅၄) ဝက္ဝံႀကီးကိုေရာင္းရန္ ဆိပ္ကမ္းၿမိဳ႕သို႔အလည္တစ္ေခါက္

လွည္းႏွစ္စီးကို တြဲကာထိန္းထားရသည္ျဖစ္လို႔ ပိုင္လီက ပုံမွန္ထက္ အရွိန္ကိုမျမန္နိုင္ေပ။ သူက လွည္းေတြကို ပုံမွန္သာထိန္းေမာင္းသြားခဲ့ၿပီး ၿမိဳ႕ေလးသို႔အေရာက္တြင္ အေတာ္ေလးလင္းေနၿပီျဖစ္ကာ ပိုင္လီ၏ခန့္မွန္းခ်က္အရ မနက္ခင္းေျခာက္နာရီေလာက္ပင္ျဖစ္လိမ့္မည္။ ဒီအခ်ိန္က ၿမိဳ႕ေလးေပၚမွာလူရွင္းေနစဲဆိုေပမယ့္ သြားလာေနတဲ့ တစ္ေယာက္တစ္ေလေတာ့ရွိေနပါၿပီ။

ဒါေပမယ့္ ပိုင္လီက ေတာဝက္ေတြေရာင္းတုန္းကလို ၿမိဳ႕ေလးကိုဝင္ဖို႔ အစီစဥ္ေတာ့မရွိခဲ့ေပ။ ဝက္ဝံသားက ေတာဝက္နဲ႕မတူဘူးေလ။ အေကာင္က အရမ္းႀကီးေပးမယ့္ ဆိပ္ကမ္းၿမိဳ႕ကဝယ္ခ်င္တဲ့လူတိုင္းေတာင္ မရေလာက္မွာကို သူခန့္မွန္းနိုင္သည္။ ဒါေၾကာင့္ ဒီဝက္ဝံက ဆိပ္ကမ္းၿမိဳ႕ကလူေတြနဲ႕တင္ လုံေလာက္ပါတယ္။ အကယ္၍ ၿမိဳ႕ေလးကလူေတြသာသိသြားရင္ သူတို႔႐ြာကလူေတြက ၿမိဳ႕ေလးကိုေတာ့ အၿမဲတေစအဝင္ထြက္ရွိလို႔ သတင္းက႐ြာကိုျမန္ျမန္ပဲေရာက္သြားလိမ့္မယ္။

ဒီအေတြးနဲ႕ ပိုင္လီက ၿမိဳ႕ေလးသို႔မဝင္ေတာ့ပဲ ဆိပ္ကမ္းၿမိဳ႕ကိုပဲဦးတည္သြားခဲ့ကာ သူ၏ ပုံမွန္အရွိန္ႏွင့္ပဲ သြားလာမႈေၾကာင့္ ဆိပ္ကမ္းၿမိဳ႕ကို ခန့္မွန္းေခ်အရ ညေနသုံးနာရီေက်ာ္ေလာက္မွပင္ စိုက္ေရာက္ခဲ့ေတာ့သည္။

ပိုင္လီ၏ လွည္းႏွစ္စီးတြဲသည္ အရမ္းကိုမ်က္စိဖမ္းစားခ်င္စရာေကာင္းေနခဲ့ၿပီး လူမ်ားက ဝိုင္းၾကည့္လာက်ကာ တခ်ိဳ႕မွာမူ ပိုင္လီကို ယခင္က ေတာဝက္ေတြ လာေရာင္းခဲ့သည့္လူမွန္း မွတ္မိသြားက်၍...

"ေဟး ဒါ အရင္က ေတာဝက္ေတြလာေရာင္းသြားတဲ့ မုဆိုးပိုင္မလား"

"ဟုတ္တယ္ကြ ဒါကမုဆိုးပိုင္ပဲ ဒီတစ္ခါလွည္းႏွစ္နဲ႕ပါလား ေတာေကာင္သားေတြ ထပ္လာေရာင္းလားမသိဘူး"

"ျဖစ္နိုင္တယ္ ဝါးဖ်ာေတြအုပ္ထားေပမယ့္ ေအာက္မွာတစ္ခုခုရွိေနတာ သိသာတယ္ေလ"

ဤသို႔လူမ်ားက တီးတိုးေျပာေနက်ရင္းျဖင့္ တခ်ိဳ႕ကသိခ်င္စိတ္ေၾကာင့္ ပိုင္လီ၏လွည္းေနာက္လာခဲ့က်သည္။ အရင္က ပိုင္လီ ေတာဝက္ေတြလာေရာင္းအၿပီးမွာ ပိုင္လီထပ္အေရာက္လာကို ေမွ်ာ္ေနတဲ့လူေတြအမ်ားႀကီးရွိပါတယ္။ ဘာလို႔လည္းဆိုေတာ့ အဲဒီတုန္းက ပိုင္လီတို႔ေရာက္လာတာက အရမ္း႐ုတ္တရက္ဆန္ၿပီး မသိလိုက္တဲ့လူေတြ အမ်ားႀကီးရွိေနတယ္ေလ။ ဒါေၾကာင့္ တခ်ိဳ႕လူေတြက ပိုင္လီဆိပ္ကမ္းၿမိဳ႕ကို ေတာေကာင္ေတြနဲ႕အတူ ေရာက္လာမွာကို နားစြင့္၍ေနခဲ့က်၏။

ပိုင္လီက ဆိပ္ကမ္းၿမိဳ႕ထဲစဝင္ထဲက တေျဖးေျဖးနဲ႕ သူ႕လွည္းေနာက္လိုက္လာတဲ့လူေတြက ပိုပိုမ်ားလာတာကိုသတိထားမိတဲ့အခါ သူကလွည္းကိုရပ္လိုက္ၿပီး ေျပာခဲ့လိုက္သည္။

"ဒီက မိတ္ေဆြတို႔ ကြၽန္ေတာ္က အခုကြၽန္ေတာ့္မိတ္ေဆြဆီကိုသြားမလို႔ပါ ၿပီးရင္ အရင္ကေတာဝက္သားေတြေရာင္းခဲ့တဲ့ေနရာကိုပဲလာခဲ့မွာမလို႔ အဲဒီကေနပဲေစာင့္ေပးက်ပါ"

ဒါကိုၾကားေတာ့ အရင္ထဲကေမးခ်က္ေနသူမ်ားသည္ ေရွ႕ထြက္လာက်ၿပီး...

"အယ္ မုဆိုးပိုင္ မင္းဒီစကားေျပာတာက ဒီတစ္ေခါက္လည္း ေတာေကာင္ေရာင္းစရာေတြပါလာခဲ့တယ္လို႔ေျပာတာလား"

ပိုင္လီက ထိုေမးခြန္းကိုေခါင္းၿငိမ့္ကာေျဖေပးလိုက္ၿပီး...

"ဟုတ္တယ္ဗ် မေန႕က ကြၽန္ေတာ္ ဝက္ဝံတစ္ေကာင္ရလာတယ္ေလ အဲဒါလာေရာင္းတာပါ"

ပိုင္လီမွ ေတာေကာင္းေရာင္းစရာေတြပါလာေၾကာင္းေျဖခဲ့လွ်င္ ဘာေတာေကာင္ေတြလဲဟု ေမးဖို႔ရည္႐ြယ္ေနသူမ်ားသည္ အသံမထြက္နိုင္ခင္ ဝက္ဝံဆိုသည့္စကားႏွင့္ ႏႈတ္ပိတ္ခံလိုက္ရေတာ့သည္။

"ဝက္ ဝက္ဝံ! မုဆိုးပိုင္ မင္းအခု ဝက္ဝံလို႔ေျပာလိုက္တာလား!!"

ပိုင္လီက ဟုတ္မွန္ေၾကာင္း ေခါင္းၿငိမ့္ျပလိုက္ေတာ့ ေဆြးႏြေးသံမ်ားက ခ်က္ျခင္းညံသြားခဲ့ၿပီး လူမ်ားကခ်က္ျခင္း ျဖစ္နိုင္သည္ႏွင့္မျဖစ္နိုင္ဟူေသာ ႏွစ္ဖက္သို႔ခ်က္ျခင္းကြဲထြက္သြားကာ ျငင္းခုန္ေနက်ၿပီး တခ်ိဳ႕ကလည္း ဝါးဖ်ာေအာက္က ပစၥည္းမ်ားကို ျမင္ရလိုျမင္ရျငား ေသခ်ာစူးစမ္းၾကည့္ေနခဲ့က်၏။

ပါးနပ္ေသာလူမ်ားမွာမူ ပိုင္လီ၏ပုံစံက ေနာက္ေနပုံမရတာကိုျမင္ထဲက သူတို႔သခင္မ်ားထံအေၾကာင္းၾကားဖို႔ လွည့္ထြက္သြားက်ၿပီးျဖစ္သည္။ ဒီလူက ေတာဝက္ႏွစ္ေကာင္ကိုေတာင္ လာေရာင္းဖူးေသးတာ ဝက္ဝံကိုေရာင္းမယ္ဆိုတာက နည္းနည္းမယုံခ်င္စရာေကာင္းေပမယ့္ လုံးဝႀကီးမျဖစ္နိုင္ေနတာေတာ့မဟုတ္ဘူးေလ။

ပိုင္လီကလည္း ျငင္းခုန္ကာ ဝါးဖ်ာေအာက္မွာ တကယ္ပဲ ဝက္ဝံသားေတြရွိမရွိကို အႀကိတ္နယ္ေဆြးႏြေးေနက်သည့္လူအုပ္အား ထားခဲ့လိုက္ၿပီး ေခ်ာင္ရန္၏ဆိုင္သို႔ ထြက္လာခဲ့လိုက္ေတာ့သည္။

သူက သူ႕ရဲ႕အသားခ်စ္တဲ့ညီအကိုကို အရင္သတင္းေပးရမယ္ေလ။

သူက ေခ်ာက္ရန္ဆိုင္ေရွ႕သို႔အေရာက္တြင္ လွည္းေပၚကမဆင္းေတာ့ပဲ...

"အကိုႀကီးေခ်ာင္ေရ! အကိုႀကီး ျမန္ျမန္ထြက္မလာရင္ အသားဝယ္နိုင္မွာမဟုတ္ေတာ့ဘူးေနာ္"

ေခ်ာင္ရန္က ဆိုင္ထဲတြင္ သူ႕ဆိုင္ကေကာင္ေလးမ်ားအား ဆူေနတာျဖစ္ၿပီး အျပင္ကပိုင္လီအသံကိုၾကားလိုက္ေတာ့ အျမန္ထြက္ခဲ့ကာ...

"ပိုင္လီလား မင္းအထဲမဝင္လာဘဲဘာလုပ္..."

ေခ်ာင္ရန္က စကားမဆုံးခင္မွာပင္ လွည္းႏွစ္စီးတြဲကိုေတြ႕လိုက္ရသျဖင့္ အသံတိတ္သြားခဲ့ရွာသည္။ ေနာက္ေတာ့ သူကသေဘာေပါက္သြားၿပီး ၿပဳံးလိုက္ကာ...

"မင္းကေတာ့ ညီအကိုေကာင္းေလးပဲ အသားလာေရာင္းရင္ လာသတိေပးပါဦးဆိုတဲ့ မင္းအကိုႀကီးကိုစကားကို မွတ္မိတယ္ ဟားဟား ေကာင္းတယ္ေကာင္းတယ္ မင္းနဲ႕ညီအကိုလုပ္ရတာအရႈံးကိုမရွိဘူး"

အေစာေလးကမွ စိတ္အေျခေနမေကာင္းေသာေခ်ာက္ရန္သည္ ပိုင္လီေရာက္လာတာႏွင့္ ခ်က္ျခင္းရယ္ေမာသြားၿပီး သူက ပိုင္လီေဘးကလွည္းေပၚဝင္တတ္လိုက္ကာ ေမးလာခဲ့သည္။

"ဒီတစ္ခါ ဘာေတာေကာင္လဲ လွည္းကႏွစ္စီးေတာင္ အမ်ားႀကီးပဲလား ဒီမွာ မင္းငါ့ကို အရင္ကေရာင္းလိုက္တဲ့ ဒရယ္သားက အရမ္းေကာင္းတာကြ ဒီေန႕ပါလာခဲ့လား ပါခဲ့ရင္ မင္းရဲ႕အကိုႀကီးက အကုန္ယူခ်င္လို႔ပါ ေရာင္းေပးမယ္မလား"

ေခ်ာင္ရန္သည္ ထိုဒရယ္သားအား အရမ္းႀကိဳက္သျဖင့္ အၾကာႀကီးစားရရန္ ေႁခြတာစားမည္ဟု စီစဥ္ထားေသာ္လည္း သူ႕မိသားစုကလည္း သူ႕လိုအသားသရဲမ်ားျဖစ္ေနေသာအခါတြင္ ရက္သိပ္မၾကာလိုက္ဘဲကုန္သြားခဲ့သည္။ သူက ေနာက္ထပ္ ပိုင္လီဆီကိုေတာင္ထပ္လာခဲ့ခ်င္တယ္။ ဒါေပမယ့္ ပိုင္လီက သူ႕မိတ္ေဆြေတြ သြားဝယ္တုန္းက ေနာက္ႏွစ္ႏြေဦးထိ အမဲလိုက္သြားေတာ့မွာ မဟုတ္ဘူးလို႔မွာခဲ့တာကိုသတိရၿပီး နန္ေခ်ာင္း႐ြာကို မသြားမိေအာင္ သူ႕ကိုသူထိန္းေနခဲ့ရသည္။

ပိုင္လီက ေခ်ာင္ရန္ သူ႕ေဘးနားတတ္ထိုင္ၿပီးတာနဲ႕ လွည္းကိုစေမာင္းလိုက္ၿပီး ေခ်ာင္ရန္ေျပာတဲ့ စကားမ်ားကိုၾကားေတာ့ ရယ္လိုက္ကာ...

"ဒီတစ္ခါေတာ့ ဒရယ္မပါခဲ့ပါဘူး ဝက္ဝံသားတစ္မ်ိဴးပဲပါခဲ့တယ္"

ေခ်ာင္ရန္က အစတြင္ ေသခ်ာမစဥ္းစားနိုင္ေသးေသာ္လည္း ဝက္ဝံဟူသည့္စကားကို ေသခ်ာျပန္ေတြးၿပီးေနာက္ လန့္လြန္းလို႔ ထခုန္မိေတာ့မလိုျဖစ္သြားသျဖင့္ လွည္းေပၚကေန ျပဳတ္က်ေတာ့မတတ္ပင္ျဖစ္သြားခဲ့ရေလသည္။ သူက ပိုင္လီကို မေက်မနပ္ၾကည့္လိုက္ၿပီး...

"မင္းဆိုတဲ့ေကာင္စုတ္ေလး! ငါ့ကိုလန့္ၿပီးလွည္းေပၚကျပဳတ္က်ေအာင္ တမင္ေျခာက္ေနတာလားကြ!"

ပိုင္လီကေတာ့ လွည္းေမာင္းေနရင္း အရိုးခံမ်က္ႏွာေလးႏွင့္သာ...

"အကိုႀကီးေခ်ာင္ဘာေတြေျပာေနတာလဲ ကြၽန္ေတာ္ကအမွန္တိုင္းေျပာေနတာကို"

ေခ်ာင္ရန္က မယုံၾကည္သျဖင့္ ခဏေလာက္ထိ ပိုင္လီကို စိုက္ၾကည့္ေနခဲ့ေသာ္လည္း ထိုလူငယ္က လုံးဝ ေနာက္ေနသည့္ပုံမေပါက္ေလရာ သူကလည္း အတည္ျပန္ေမးလိုက္႐ုံသာတက္နိုင္ေတာ့၏။

"မင္း တကယ္ႀကီးေျပာေနတာလား အဲတာက ဝက္ဝံေလ ေတာဝက္မဟုတ္ဘူးေလ ဝက္ဝံေတြဆိုတာက...

သူဆက္မေျပာေတာ့ေသာ္လည္း ဝက္ဝံဆိုတာက ေနာက္စရာမဟုတ္မွန္းလူတိုင္းသိနိုင္သည္ပင္။ ပိုင္လီကေတာ့ သူ႕အေနနဲ႕ သံသယေတြကို လုံးဝမေရွာင္နိုင္မွာကို အစထဲကသိခဲ့သျဖင့္ အေကာင္းဆုံးဆင္ေျခကိုပဲေပး႐ုံသာတတ္နိုင္ခဲ့သည္။

"အဲတာက တကယ္ဝက္ဝံပါ အကိုႀကီးေခ်ာင္ရာ အဲလိုျဖစ္မေနစမ္းပါနဲ႕ ကြၽန္ေတာ့္အတြက္လည္း လြယ္ခဲ့တာမဟုတ္ပါဘူး ကြၽန္ေတာ္က ေနာက္ႏွစ္ႏြေဦးမွာအိမ္အသစ္ေဆာက္ဖို႔ ေတာေကာင္ႀကီးႀကီးရွာခ်င္႐ုံေလးဆိုေပမယ့္ ဝက္ဝံနဲ႕ ထပ္တိုက္တိုးမယ္လို႔ေတာ့ဘယ္လိုလုပ္ထင္ထားမွာလဲ ကြၽန္ေတာ့္မွာသာ အရမ္းျမန္ျမန္ေျပးနိုင္တဲ့ ေျခေထာက္ေတြမရွိရင္ ဒီေန႕ေနထြက္တာကိုေတာင္ မျမင္ရေတာ့ေလာက္ဘူး ဒီဝက္ဝံက ကြၽန္ေတာ့္လိုက္ေနတဲ့အခ်ိန္ကို ျပန္ေတြးမိရင္ ဒူးေတြေတာင္တုန္ေနတုန္းပဲ ကံေကာင္းလို႔ ဒီေကာင္က ကမ္းပါးနိမ့္တစ္ခုထဲ ျပဳတ္က်သြားတုန္း ကြၽန္ေတာ္က ျမႇားနဲ႕အမိအရပစ္ခဲ့လိုက္လို႔သာေပါ့ ဒါေတာင္ ဒီေကာင္ႀကီးကို တစ္ခါထဲမနိုင္လို႔ ခြဲသယ္ခဲ့ရေသးတာ ကြၽန္ေတာ့္ရဲ႕အျပင္ပန္း အဆင္ေျပေနတဲ့ပုံစံကိုပဲ ၾကည့္မေနစမ္းပါနဲ႕ဗ်ာ လုံးဝ လြယ္ကူခဲ့တာမဟုတ္ဘူး"

ေခ်ာင္ရန္သည္ အခ်ိန္တစ္ခုၾကာေအာင္ စဥ္းစားးေနခဲ့ၿပီးေနာက္ ပိုင္လီေျပာတာက အမွန္ဟုလက္ခံ႐ုံပဲရွိေတာ့၏။ အကယ္၍ ပိုင္လီမွာဒီလိုကံေကာင္းမႈမ်ိဳးသာမရွိခဲ့ရင္ ပိုင္လီကဝက္ဝံကိုဘယ္လိုမွသတ္နိုင္မွာမဟုတ္ဘဲ အခုခ်ိန္ဆိုအသက္ရွိေနမွာေတာင္မဟုတ္ေတာ့ပါဘူး။ ဒါေၾကာင့္ သူကပိုင္လီရဲ႕ပုခုံးကိုပုတ္လိုက္ကာ...

"မင္းက ကံေတာ့ အေတာ္ေကာင္းတဲ့ေကာင္ပဲကြ ပိုင္လီရ ဒါေပမယ့္ ကံဆိုတာ အၿမဲတမ္းေတာ့မေကာင္းနိုင္ဘူးဆိုမွတ္ထားရမယ္ မင္းရဲ႕ဒီလုပ္ရပ္က အရမ္းအရဲစြန့္လြန္းရာက်တယ္ တစ္ခ်က္မွားသြားတာနဲ႕ မင္းအသက္ကိုထိခိုက္သြားမွာ ေနာက္တစ္ခါ ဒီေလာက္မမိုက္မဲစမ္းပါနဲ႕ကြာ"

ပိုင္လီက ဒီစကားေတြကိုၾကားေတာ့ ေခ်ာင္ရန္ယုံၾကည္သြားတာကို နားလည္သြားၿပီးသက္ပ်င္းခိုးခ်လိဳက္ရသည္။ ဒါက သူလူတိုင္းကို ဆင္ေျခေပးမယ့္စကားလုံးေတြပါပဲ။ မဟုတ္ရင္ သူတစ္ေယာက္ထဲ ဝက္ဝံကို အမဲလိုက္ခဲ့တယ္ဆိုတဲ့အခ်က္က လူေတြကို သဘာလြန္အေၾကာင္းရာေတြကို ေတြးမိေစမွာကို သူအရမ္းစိုးရိမ္ေနရတယ္။ ဒါေပမယ့္ ေခ်ာင္ရန္ေတာင္ ဒီစကားေတြကိုယုံၾကည္တယ္ဆိုရင္ တျခားလူေတြလဲ သိပ္ေတာ့သံသယရွိမွာ မဟုတ္ေတာ့ပါဘူး။

ပိုင္လီက ဒီတစ္ေခါက္ၿပီးရင္ေတာ့ သူ႕ရဲ႕သားေကာင္ႀကီးေတြ အမဲလိုက္တဲ့ခရီးစဥ္ေတြကို ခဏနားထားဦးမယ္လို႔ တိတ္တဆိတ္ဆုံးျဖတ္ခဲ့လိုက္ၿပီး သိပ္မၾကာခင္တြင္ သူအရင္က ေတာဝက္ေတြေရာင္းဖူးးေသာေနရာသို႔ ေရာက္ရွိလာခဲ့ေတာ့သည္။

အဲဒီမွာဆိုရင္ လူအုပ္ႀကီးက ေၾကာက္စရာေကာင္းေလာက္ေအာင္ကို ဝိုင္းေနက်ၿပီး အကုန္လုံးက ဝက္ဝံသားေတြ တကယ္ေရာင္းမယ္ဆိုတာကို ယုံလို႔ေတာ့မဟုတ္ပါဘူး။ တခ်ိဳ႕က တကယ္ဟုတ္မဟုတ္ စပ္စုခ်င္႐ုံသာျဖစ္ၿပီး တကယ္ရရင္ တကယ္ဝယ္ခ်င္သူမ်ားလည္း တခ်ိဳ႕ရွိေနကာ ကုန္သည္ႀကီးမ်ားမွာမူဝက္ဝံသားေမႊး တကယ္ရွိေနလွ်င္ လက္မလႊတ္မခံခ်င္တာေၾကာင့္ အမ်ားျပားေရာက္လာခဲ့က်ေလသည္။

အားလုံးက တစ္ေယာက္တစ္ေပါက္နဲ႕ ဆူညံေနက်ၿပီး ပိုင္လီရဲ႕လွည္းႏွစ္စီးတြဲက ဒီေနရာသို႔ဝင္လာတာကိုျမင္လိုက္က်ရသည့္အခါတြင္မူ တမဟုတ္ခ်င္း တိတ္ဆိတ္သြားခဲ့က်ကာ လွည္းႏွစ္စီးေပၚတြင္ ဝက္ဝံသားမ်ားတကယ္ရွိမရွိကိုသိခ်င္ေနခဲ့က်ေသာ္လည္း ဘယ္သူမွအရမ္းမလုပ္ရဲခဲ့ေပ။

ဘာလို႔လည္းဆိုေတာ့ ဒီေနရာမွာ ဒီၿမိဳ႕ရဲ႕တန္ခိုးႀကီးတဲ့လူတခ်ိဳ႕ရွိေနၿပီး သူတို႔မ်က္စိေအာက္မွာ ျပႆနာရွာဖို႔ သူတို႔အေနနဲ႕မဝံ့ရဲဘူး။ ၿပီးေတာ့ ပိုင္လီရဲ႕ေဘးက ေခ်ာင္ရန္ကလည္း အလွျပထားတဲ့႐ုပ္ထုပ္ႀကီးမဟုတ္ဘူးေလ။

ေခ်ာင္ရန္ကေတာ့ ပိုင္လီကဝက္ဝံကိုအမဲလိုက္လာသည္ဟုၾကားေသာအခါတြင္ ပိုင္လီအားကိုယ့္အသက္ကို တန္ဖိုးထားသင့္ေၾကာင္း စကားေတြအမ်ားႀကီးေျပာေနခဲ့သည္။ တကယ္ေတာ့ေခ်ာင္ရန္က ပိုင္အိမ္ကအႀကီးဆုံးသား ပိုင္က်န္းထက္ေတာင္ႏွစ္အနည္းငယ္ႀကီးလို႔ ပိုင္လီနဲ႕ဆိုအသက္အမ်ားႀကီးကြာပါတယ္။

ဒါေၾကာင့္ သူက ပိုင္လီကို ဆုံးမစကားေတြ အမ်ားႀကီးေျပာခဲ့ေပမယ့္လည္း ေနာက္ေတာ့ ပိုင္လီအေပၚစိုးရိမ္တဲ့သူ႕ရဲ႕စိတ္က သူဝက္ဝံသားစားဖူးေတာ့မွာမလို႔ ေပ်ာ္႐ႊင္တဲ့စိတ္နဲ႕ လဲလွယ္သြားၿပီး ဝက္ဝံသားကို ဘယ္လိုခ်က္စားရင္ ေကာင္းမလဲဆိုတာကို ပိုင္လီနဲ႕တိုင္ပင္ေနခဲ့ေလသည္။

ေရာင္းခ်မယ့္ေနရာကိုေရာက္တဲ့အခါ ေခ်ာင္ရန္ကအရမ္းတတ္ႂကြေနခဲ့ၿပီး သူက ပိုင္လီကို ကူညီေပးေတာ့မလို႔ေပမယ့္ လူအုပ္ထဲမွာ ရင္းႏွီးေနတဲ့မ်က္ႏွာကို ျမင္လိုက္ရတာေၾကာင့္ ေျပးသြားလိုက္ၿပီး...

"မိန္းမ! မင္းကဘယ္လိုလုပ္ဒီကိုေရာက္ေနတာလဲ!"

ထိုရင္းႏွီးေနသည့္သူမွာ ေခ်ာင္ရန္၏ဇနီး ဟုန္ရင္းပင္။

ဟုန္ရင္းကလည္း ေခ်ာင္ရန္ကို အသားေရာင္းမယ့္သူနဲ႕ အတူတူေတြ႕လိုက္ရနဲ႕အခါ အနည္းငယ္အံၾသသြားေပမယ့္ ေခ်ာင္ရန္က သူ႕ကအရမ္းေတာ္သည့္ မုဆိုးတစ္ေယာက္ႏွင့္ မိတ္ေဆြျဖစ္ခဲ့သည္ဟုေျပာတာၾကားဖူးၿပီး သိပ္မၾကာခင္က ဒရယ္တစ္ေကာင္ႏွင့္ စံပါယ္ပင္တစ္ပင္ပါလာခဲ့တာကို အမွတ္ရသြားတဲ့အခါ သူမကသေဘာေပါက္သြားခဲ့သည္။ သူမက...

"ကြၽန္မက ဘာလို႔ဒီေနရာမွာရွိေနရမွာလဲ ပိုးထည္ဝယ္ေနရင္းနဲ႕ တစ္ေယာက္က ဝက္ဝံသားေတြေရာင္းမယ့္သူ ရွိတယ္လို႔ ေျပာတာၾကားလိုက္ရတယ္ အဲတာေၾကာင့္ ဟုတ္မဟုတ္လာၾကည့္တာေလ"

ေခ်ာင္ရန္ကေတာ့ ေမးသာေမးလိုက္တာျဖစ္ၿပီး အေၾကာင္းရာကိုသိပ္ဂ႐ုစိုက္မေနေပ။ သူက သူ႕ဇနီးကိုဆြဲေခၚသြားၿပီး ပိုင္လီနဲ႕မိတ္ဆက္ေပးဖို႔ကိုသာတက္ႂကြေနခဲ့တာပင္။ သူ ပိုင္လီရဲ႕အိမ္ကိုသြားလည္တုန္းက ပိုင္လီမွာ ခ်စ္စရာေကာင္းတဲ့ ဇနီးေကာေလးနဲ႕ သားေလးေတြရွိတာကိုျမင္ခဲ့ရၿပီး သူကလည္း သူ႕မွာ ဇနီးေခ်ာေလးရွိေၾကာင္း ႂကြားဝါခ်င္ေနတာျဖစ္သည္။

"ညီေလးပိုင္ ဒီမွာ ဒါကမင္းရဲ႕မရီး နာမည္ကဟုန္ရင္းတဲ့ အကိုႀကီးေခ်ာင္ရဲ႕ဇနီးေလ ဇနီးေလး ဒါက ကိုယ္ေျပာေျပာေနတဲ့အမဲလိုက္ေတာ္တဲ့မုဆိုးေလးေလ ပိုင္လီတဲ့ အရင္က ဒရယ္ကိုသူ႕ဆီကဝယ္လာတာ မင္းကိုေတာင္ စံပါယ္ပင္လက္ေဆာင္ေပးခဲ့ေသးတယ္ေလ အဲတာသူေပါ့"

ေခ်ာင္ရန္က ထိုသို႔လူႏွစ္ေယာက္ကိုအားတက္သေရာ မိတ္ဆက္ေပးေနရင္းနဲ႕မွ စံပါယ္ပင္ကိုထည့္ေျပာမိသျဖင့္ တစ္ခုခုသတိရသြားခဲ့သည္။ ဟုတ္သားပဲ သူ႕မွာ စံပါယ္ပင္နဲ႕ပတ္သတ္ၿပီး ပိုင္လီကို ေပးစရာသတင္းႀကီးရွိေနေသးတယ္။

.
.
.
.
.
.
.
.
.
တူဘီ ကိုတိမ္ၫႊန့္😇
...............................................................
(AN/ paid gpမွာ အပိုင္း၆၀ ေက်ာ္သြားပါၿပီ)

Pokračovat ve čtení

Mohlo by se ti líbit

234K 25.8K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
1.5M 191K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
193K 17.9K 22
ခ်စ္စရာ BL ဇာတ္လမ္းတိုေလး ႀကိဳက္ရင္ေတာ့ဒါေလးဖတ္ၾကည့္လိုက္ပါ။ ချစ်စရာ BL ဇာတ်လမ်းတိုလေး ကြိုက်ရင်တော့ဒါလေးဖတ်ကြည့်လိုက်ပါ။
29.6K 5K 51
ဘာသာပြန်သူ - စွဲညို့အသင်း