အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

By FlowerRainButterfly

1.5M 191K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ More

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု

အပိုင်း (၅၃)

11.4K 1.5K 29
By FlowerRainButterfly

အပိုင်း (၅၃) မုဆိုးကြီးပြန်လာပြီ ဇနီးလေးကတော့ပျော်နေတယ်တဲ့ -2

"အမ်း...ဆက်ပြောပါဦး မင်းသူတို့ကိုကာကွယ်ပေးနေတာကို ကိုယ်ထပ်ကြားချင်သေးတယ်"

ရှောင်ဟန်က ဒီစကားကြားတဲ့အခါ ပိုင်လီရဲ့လေသံကသိပ်မမှန်ဘူးလို့ ခံစားမိပေမယ့် သူက ပိုင်လီနောက်က အမြန်လိုက်သွားပြီး ပြောမိသွားတုန်းပါပဲ။

"သူတို့က ကိုယ်ဝန်ရှိနေကျတာလေ ကိုယ်ဝန်သည်တွေက မလွယ်ကူဘူး သူတို့ စိုးရိမ်နေတာ သဘာဝကျတယ်မလားဟင်"

ပိုင်လီက ဒီကောင်စုတ်လေးက အရိပ်သုံးပါးနားမလည်ပဲ တကယ်ကြီးဆက်ပြောလာလိမ့်မယ်လို့ မထင်ခဲ့ဘူး။ သူ့အနေနဲ့ ရှောင်ဟန်က မိသားစုအချင်းချင်းတွေမလို့ ဆက်ဆံရေးအဆင်ပြေအောင် ကြိုးစားချင်နေတာကို ခန့်မှန်းမိပေမယ့် ရှောင်ဟန်ရဲ့စိတ်ထားက သူ့ကိုနည်းနည်းစိတ်ပူစေခဲ့၏။

တကယ်တော့ ကျိုးရှီနဲ့စုရှီ ပိုင်အမေနဲ့ပိုင်မိန်ကိုပြန်ခေါ်တာက အိမ်အလုပ်တွေနဲ့မလုပ်ချင်လို့နဲ့ ရှောင်ဟန်တို့ကို ဂရုစိုက်နေတာကို မလိုလားနေလို့ဆိုတာ တွေးကြည့်တာနဲ့သိနိုင်ပြီး အဲဒီနှစ်ယောက်ရဲ့စိတ်ထားကလည်း သူတို့မပိုင်ရရင် မနာလိုတတ်တဲ့ပုံစံတွေဖြစ်တာကို လွယ်လွယ်နှင့်သိနိုင်သည်။

ဒါပေမယ့် ရှောင်ဟန်က ဒီလိုလူတွေအပေါ် အပြစ်တင်ချင်စိတ်မရှိခဲ့ဘူးပေါ့။ ​ပြီးတော့ ဖြည့်တောင်တွေးပေးချင်နေသေးတာလား။ ဒါကအရမ်းကိုအနိုင်ကျင့်ဖို့လွယ်မယ့် စိတ်နေစိတ်ထားမျိုးပါပဲ။

ပိုင်လီက သက်ပြင်းချလိုက်သော်လည်း ထိုကဲ့သို့လူနှစ်ယောက်ကြောင့် သူ့စိတ်ကိုအရှုပ်ခံဖို့စိတ်ကူးရှိမနေပေ။ သူကတဲအိမ်လေးအရောက်မှာ အနွေးကုတင်ပေါ်မှာ ကွေးကွေးလေးတွေအိပ်ပျော်နေတဲ့အသေးလေးတွေကိုတွေ့လိုက်ရပြီး သူကဒီကောင်လေးတွေကို မတွေ့ရတာသုံးရက်လောက်ရှိနေပြီဖြစ်လို့ သတိရနေတာဖြစ်သည်။ ပိုင်လီ အနွေးကုတင်နားသွားပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့အသေးလေးတွေရဲ့ ပါးလေးတွေကိုညှစ်လိုက်ပြီး....

"ကောင်စုတ်လေးတွေ မတွေ့ရတာသုံးရက်ပဲရှိသေးတာကို ပါးတွေကပိုဖောင်းလာတယ် သူတို့အဖေကိုသတိမရဘဲ စားဖို့ပဲအာရုံရောက်နေတာထင်တယ်"

မီးခွက်ကို စင်ပေါ်တင်နေသည့် ရှောင်ဟန်က ပိုင်လီစကားကိုကြားတော့ ကလေးတွေကို တကယ်အပြစ်တင်မှာ ကြောက်တာကြောင့် အလျှင်မြန်ပြောလာခဲ့၏။

"သူတို့ ခင်ဗျားကိုမေးပါတယ် နေ့တိုင်းမေးတာပါ"

အသေးလေးတွေက ငယ်သေးသည်။ သူတို့တွေက ဒီအရွယ်မှာ လူကြီးတွေကသာ အလိုလိုက်မယ်ဆိုရင်စားဖို့နဲ့ကစားဖို့ကလွဲပြီး ဘာမှသိသေးမှာမဟုတ်ပါဘူး။ ဒါကြောင့် ရှေ့ရက်တွေမှာ ပိုင်လီနဲ့ပိုရင်းနှီးလာသည့် သူတို့လေးတွေက မကြာခဏဆိုသလို ပိုင်လီကိုသတိတတ်ကျပြီး ရှောင်ဟန်ကိုလာမေးတတ်ကျသော်လည်း ရှောင်ဟန်က ပိုင်လီတောထဲခဏသွားတယ်ဟုသာ ပြောထားခဲ့တာဖြစ်သည်။ အရင်ရက်တွေမှာလည်း ပိုင်လီက တောထဲခဏခဏသွားတတ်တာကြောင့် အသေးလေးတွေက ဒီလိုစကားကို မကြာမကြာကြားရတတ်ပါတယ်။ ဒါကြောင့် ရှောင်ဟန်က ဒီလိုမျိုးပြောလိုက်ပြီဆိုရင် သူတို့ပိုင်လီခဏနေပြန်လာမှာပဲထင်ပြီးသွားကစားနေကျလေ့ရှိတယ်။ ပြီးတော့ သူတို့လေးတွေက လူကြီးတွေလိုစိတ်ပူရမှန်းလည်းမသိတာကြောင့် အစားလည်းမပျက်ကျဘူးလေ။

ပိုင်လီက ရှောင်ဟန်ဘာစိုးရိမ်နေမှန်းသိတာကြောင့် ပြောလိုက်ရသည်။

"ကိုယ်ကစနေတာပါ ဒီကောင်စုတ်လေးတွေ ပိုစားလေပိုကြိုက်လေပဲ"

ရှောင်ဟန်က ဒါကိုကြားတော့ စိတ်သက်သာရာရသွားပြီး...

"ဒါ ဒါဆိုခင်ဗျားတစ်ခုခုစားချင်လားဟင် အိမ်မှာထမင်းနဲ့ဟင်းတွေရှိသေးတယ် ကျွန်တော်ပြန်နွေးလိုက်မယ်လေ"

ရှောင်ဟန်က နှစ်ရက်မြောက်နေ့ကစပြီး ပိုင်လီဘယ်ချိန်ပြန်လာမသိနိုင်လို့ အမြဲစားစရာတွေကိုပိုချက်ထားခဲ့တယ်။ အခုကအေးလာပြီဆိုတော့ ဟင်းတွေကလည်းမပျက်စီးနိုင်ဘူးလေ။ စားချင်ရင်အနည်းငယ်အပူပေးလိုက်ရုံပါပဲ။

တကယ်တော့ပိုင်လီကလည်း တောင်ပေါ်ကဆင်းလာထဲက ဘာမှမစားရသေးတာကြောင့် နည်းနည်းဗိုက်ဆာနေပေမယ့် သူကဒီအချိန်ကြီး ရှောင်ဟန်ကိုလည်းမချက်ခိုင်းချင်တာကြောင့် ဘာမှမပြောခဲ့တာဖြစ်ပြီး သူကနောက်မှ အသေးလေးတွေအတွက်ဝယ်ထားတဲ့မုန့်ထဲက နည်းနည်းလောက်စားလိုက်မယ်ဟု တွေးထားခဲ့တာဖြစ်သည်။ ပိုင်လီက အသေးလေးတွေအတွက် မြို့ကိုသွားဖြစ်တိုင်း မုန့်တချို့ဆောင်ထားတတ်တာကြောင့် အိမ်မှာမုန့်တွေကတော့ မပြတ်ရှိနေတာလေ။

အခု ရှောင်ဟန်ရဲ့စကားကိုကြားတော့ ဒါကအိမ်မှာဇနီးတစ်ယောက်ရှိနေတဲ့အကျိုးကျေးဇူးပါလားလို့တွေးလိုက်ပြီး သူကပျော်ရွှင်စွာခေါင်းငြိမ့်လိုက်တော့၏။

"ဒါဆိုလည်း ကိုယ့်အတွက် နည်းနည်းလောက်ပြင်ပေးထားဦး ကိုယ်တောကောင်ကို အိမ်ထဲသွင်းပြီးရင် ပိုင်အိမ်ကိုခဏသွားလိုက်ဦးမယ်"

ရှောင်ဟန်က ဒါကိုကြားမှပဲ ပိုင်လီက အမဲလိုက်ရာက ပြန်လာတာဖြစ်ကြောင်း သတိရသွားတော့သည်။ပိုင်လီက တောင်ပေါ်ကပြန်လာခဲ့ပေမယ့် သူကတောကောင်ကိုမတွေ့ခဲ့ရဘူး။ ဒါပေမယ့် ပိုင်လီက သူ့ကိုယ်ပေါ်ကသွေးတွေက တောကောင်ရဲ့သွေးတွေလို့ပြောခဲ့တာကြောင့် သားကောင်မရခဲ့တာမဖြစ်နိုင်ဘဲ ပိုင်လီ ခြံထဲကို ဘာမှမပါဘဲဝင်လာထဲက ရှောင်ဟန်ကသတိထားခဲ့မိသင့်တာဖြစ်ပေမယ့် သူကအဲတာကိုမေ့နေခဲ့တာပင်။

ရှောင်ဟန်က အဲဒီအချိန်မှာ နည်းနည်းရှက်မိသွားသလိုပဲ။ သူက ပိုင်လီပြန်လာတာကိုပဲ ဂရုစိုက်နေမိပြီး တောကောင်မပါဘူးလားလို့တောင် မေးဖို့မေ့နေခဲ့တာလေ။ ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ။

ဒါပေမယ့် သူကသိလည်းသိချင်နေတယ်။ သူ့အနေနဲ့အရင်လို ပိုင်လီကိုစကားပြောဖို့အခက်မတွေ့တာကြောင့်လည်း မေးဖို့ဝံ့ရဲလာပြီး...

"ဘာကောင်ကြီးလဲဟင်..."

ပိုင်လီက အိမ်ထဲကအပြင်ကိုထွက်တော့မှာပေမယ့် ဒါကိုကြားတော့ ရပ်တန့်သွားပြီး သူကခပ်တိုးတိုးနဲ့...

"အဲတာက ဝက်ဝံတစ်ကောင်.."

ပိုင်လီရဲ့စကားကမဆုံးသေးပေမယ့် သူကရှောင်ဟန်ရဲ့ထိတ်လန့်သွားတဲ့အမူရာကိုတွေ့တော့ ထိတ်လန့်ပြီးမအော်စေဖို့ နှုတ်ရှေ့လက်ညိုးထောင်ပြီးအသံမထွက်ဖို့အချက်ပြလိုက်သည်။ ရှောင်ဟန်ကလည်း ဒါကိုမြင်တော့ သူ့ပါးစပ်သူ လက်နဲ့အမြန်အုပ်လိုက်ရှာ၏။ ပိုင်လီက...

"ဒီတစ်ခေါက်တော့ ကိုယ့်အတွက်လည်းလွယ်ခဲ့တာမဟုတ်ဘူး ဒါပေမယ့် ရွာသားတွေအမြင်မှာတော့ ကိုယ့်အတွက် သားကောင်ကြီးရဖို့က အရမ်းလွယ်နေတယ်လို့ပဲထင်ကျလိမ့်မယ် ဒါဆိုရင် အရင်လိုပြဿနာတွေကို ဖိတ်ခေါ်မိမှာစိုးရတယ် ဒါကြောင့်ကိုယ်က မနက်မလင်းခင်ဆိပ်ကမ်းမြို့ကိုသွားတော့မှာ အဲတော့လန့်မနေဘဲ ကိုယ့်အတွက်စားစရာတစ်ခုခုသာပြင်ထားပေး ဟုတ်ပြီလား"

ဒါပေမယ့် ရှောင်ဟန်ကိုကြည့်ရတာ အံသြခြင်းထဲကရုံးမထွက်နိုင်သေးတဲ့ပုံပါပဲ။

သူက အစက ပိုင်လီက နောက်နေတယ်လို့ထင်ပေမယ့် ပိုင်လီရဲ့ပုံစံက ရယ်စရာပြောနေတာနဲ့လည်း မတူတော့ အလွန်အံသြခဲ့ရသည်။ ဝက်ဝံတစ်ကောင်လား? ဝက်တစ်ကောင်တဲ့လား! ဝက်ဝံ! ဝက်ဝံ!!

ရှောင်ဟန်က အပြင်မှာ ဝက်ဝံတွေက ဘယ်ပုံရှိလဲဆိုတာမမြင်ဖူးပေမယ့် ရွာကလူကြီးတွေရဲ့ပုံဖော်ပြောဆိုမှုတွေကြောင့် ဝက်ဝံတွေက သူတို့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်တွေနဲ့ ကြီးမားတဲ့ခွန်အားတွေကြောင့် ကြောက်စရာကောင်းတာ်ဆိုတာကိုတော့ သိထားခဲ့သည်။ ဒါကြောင့်လည်း ပိုင်လီက ဝက်ဝံကိုအမဲလိုက်လာတယ်လို့ သိရတဲ့အခါ သူက အံသြခြင်းတွေထဲနစ်မြှပ်သွားခဲ့တော့၏။

ပိုင်လီက ရှောင်ဟန်ရဲ့အမူယာကိုကြည့်ပြီးနောက် တွေးလိုက်ကာထပ်ပြောခဲ့သည်။

"ကိုယ်က တောကောင်ကို တစ်ခါထဲမနိုင်လို့ နှစ်ခေါက်သယ်ဖို့အတွက် အရေခွံစုတ်ပြီး နှစ်ပိုင်းပိုင်းလာရတာ အဲတာကအရမ်းကြောက်စရာကောင်းတာနော် သွားမကြည့်ရဘူး ကြည့်မိရင်အိမ်မက်ဆိုးတွေတောင်မက်နိုင်တယ် "

ပိုင်လီက သူ့ရဲ့ခွန်အားအစစ်မှန်ကို လန့်သွားကျမှာစိုးတဲ့အတွက် ဘယ်သူ့ကိုမှပြောပြဖို့ရည်ရွယ်ချက်မရရှိခဲ့ဘူး။

ရှောင်ဟန်ကလည်း ဒါကိုကြားတော့ တစ်ချက်တုန်သွားပြီး...

"မကြည့်ပါဘူး ကျွန်တော်လုံးဝကြည့်မှာမဟုတ်ဘူး"

"အင်း...လိမ္မာတယ်"

ထိုသို့ပြောပြီးနောက် ပိုင်လီက တုန်လှုပ်နေသည့်ကောလေးကိုထားခဲ့ကာ လရောင်ကိုအသုံးချလျက်ဝက်ဝံကြီးကိုအိမ်ထဲဆွဲသွင်းလာခဲ့၏။ ထိုနောက် သူက ဝက်ဝံကြီးအား ရေတွင်းနားထိဆွဲသွားကာ အရေခွံစုတ်ခဲ့ပြီး လက်များ၊ခြေထောက်များနှင့်ခေါင်းတို့ကို အခြေမှဖြတ်ကာ သွေးများကိုဆေးချခဲ့သည်။

ဝက်ဝံအရေခွံက သားမွေးလုပ်ဖို့အတွက်အရမ်းတန်ဖိုးရှိတယ်လေ သူ့ကိုအရေခွံမစုတ်ထားလို့မရဘူး။ ဒီမှာက သားမွှေးအစစ်တွေကို မျိုးရိုးမြင့်တွေနဲ့ချမ်းသာတဲ့လူတွေပဲဝတ်နိုင်တာဖြစ်ပြီး ဝက်ဝံသားမွှေးလို ရှားပါးလွန်းတာမျိုးဆိုရင်တော့ တော်ဝင်မိသားစုတွေကသာဝတ်ဆင်နိုင်တာပင်။ ပိုင်လီရဲ့ဝက်ဝံအရေခွံက ဘယ်သူ့လက်ထဲရောက်သွားရောက်သွား တဆင့်ပြီးတဆင့်နဲ့ တော်ဝင်မျိုးနွယ်တွေလက်ထဲမှာအဆုံးသတ်ရမှာပါပဲ။

ပိုင်လီက ဖြတ်တောက်ခြင်းလုပ်ငန်းစဥ်ပြီးချိန်တွင်မှောင်ထဲကနေ ပိုင်အိမ်ထံပြေးသွားခဲ့သည်။ သူက ပိုင်အိမ်ကိုရောက်ချိန်မှာတော့ ချက်ခြင်းတံခါးခေါက်လိုက်တော့၏။

ပိုင်ကျန့်နှင့် မော့ဟွာသည် ပိုင်လီကိုစိတ်ပူနေကျရသည့်အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ကျပေ။ ဒါကြောင့် သူတို့က တံခါးခေါက်သံကို အလျှန်မြန်ပဲကြားသွားကျပြီး ပိုင်အဖေက ထလာကာ...

"ဒီအချိန်မှ ဘယ်သူလဲ"

ဒါကိုကြားတော့ ပိုင်လီကလည်း...

"အဖေ ကျွန်တော်ပါ"

"ဒုတိယလား!"

ထိုသို့ အံသြသံနှင့်အတူ တံခါးက အလျှင်မြန်ပွင့်လာခဲ့ပြီး ပိုင်အဖေက အပြင်ကလူမှာ ပိုင်လီမှန်းသေချာသွားတော့ သက်ပြင်းမောကြီးချလိုက်လေသည်။

"မင်းဆိုတဲ့ ဒုက္ခပေးလို့မဝနိုင်တဲ့ကောင်လေးကတော့လေ တောင်ပေါ်ကိုတတ်သွားတာကို မိဘတွေကိုမ​ပြောခဲ့ဘူး ငါတို့ဘယ်လောက်စိတ်ပူနေရသိလား! "

ပိုင်လီက ဒီအတွက်အဆူခံရမည်ကို ကြိုသိထားသဖြင့် သူ၏နှာခေါင်းပွတ်သပ်လိုက်ကာ အလျှင်မြန်စကားလမ်းကြောင်းလွဲခဲ့လိုက်သည်။

"အဖေ ပြောစရာရှိရင်နောက်မှပြောပါလား ကျွန်တော်နည်းနည်းအလျှင်လိုနေလို့ပါ"

သူက ခုနကလုပ်ငန်းစဥ်မှာ အချိန်နည်းနည်းပေးခဲ့ရပြီး အခုချက်ခြင်း ရွာကထွက်ဖို့မလုပ်ဘူးဆိုလျှင် ရွာကလူများနိုးလာမည့်အချိန်ရောက်သွားပြီး သူမဖြစ်စေချင်တာတွေဖြစ်လာလိမ့်မည်။

ပိုင်အဖေက ဒါကိုကြားတော့ စိတ်တိုပေမယ့် သူကအရေးကြီးတယ်ဆိုတာကိုသာ ဦးစားပေးနေတုန်းပါပဲ။

"မင်းဘာဖြစ်လာလို့လဲ ဒဏ်ရာရလာတာလား"

ပိုင်လီက မဟုတ်ကြောင်းငြင်းဆိုလိုက်ပြီး သူရှောင်ဟန်ကိုပြောခဲ့တဲ့အတိုင်းသာ ပြန်ရှင်းပြခဲ့လိုက်သည်။ အဲဒီနောက်ပိုင်အဖေရဲ့မျက်နှာအမူယာကတော့ ​ရှောင်ဟန်နဲ့တူလုနီးပါးပါပဲ။ သူကအလန့်တကြားနဲ့...

"မင်းတကယ်ပြောနေတာလား!"

"ဒါက နောက်စရာမှမဟုတ်တာအဖေရာ ကျွန်တော်က အခုရွာသားတွေမထခင် ဆိပ်ကမ်းမြို့ကို သွားချင်နေတာ ဒါပေမယ့် အိမ်ကစူးစူးက ဝက်ဝံတစ်ကောင်လုံးကိုသယ်နိုင်မှာမဟုတ်ဘူးလေ  အဲတာကြောင့် အိမ်ကလှည်းနဲ့ ရွာအကြီးကဲအိမ်ကကျွဲကိုပါယူသွားချင်လို့ အဖေက အကြီးကဲဆီ အကူညီလိုက်တောင်းပေးပါဦး"

ပိုင်အဖေကလည်း အချိန်ကြာကြာလန့်မနေနိုင်ဘဲ ပိုင်လီပြောတာကိုသဘောတူခဲ့ကာ သူတို့က ပိုင်အဖေနည်းတူ နိုးနေတဲ့ပိုင်အမေကို အကျိုးကြောင်းသွားပြောပြခဲ့ကျသည်။ မော့ဟွာက သူမသားပြန်ရောက်တယ်လို့ သိရတဲ့အချိန်မှာ စိတ်အေးသွားပေမယ့် ပိုင်လီ အမဲလိုက်ခဲ့တာက ဝက်ဝံလို့သိတဲ့အခါ ပိုင်လီကိုဒဏ်ရာရမရ အပြန်ပြန်အလှန်လှန်စစ်ဆေးနေတော့၏။ ပိုင်လီက သူဘာဒဏ်ရာမရကြောင်းအထပ်ထပ်ပြောခဲ့ရပြီး ပိုင်အဖေကမူ ထိုသားအမိတွေကိုစိတ်မရှည်၍ တစ်ယောက်ထဲ ရွာအကြီးအိမ်ကိုထွက်သွားခဲ့လိုက်သည်။

ရွာအကြီးကဲအိမ်ကို ပိုင်လီဘာသာသွားအကူညီတောင်းရင်လည်းရပေမယ့် အချိန်မတော်သွားနှောက်ယှက်ရမှာဖြစ်တာကြောင့် လူကြီးဖြစ်တဲ့ပိုင်အဖေသွားတာကပိုကောင်းပါတယ်။

ပိုင်အဖေက ရွာအကြီးကဲကိုသိပ်မပြောခဲ့ရဘဲ ကျွဲနှင့်အတူ ခဏနေတွင်ပြန်လာခဲ့ပြီး သူက သူ့အိမ်ကသားတွေကိုလည်းနိုးကာ ပိုင်လီနှင့်အတူ ဆိပ်ကမ်းမြို့ကိုလိုက်ခဲ့ချင်ပေမယ့် ပိုင်လီကတော့ငြင်းဆိုခဲ့သည်။ ပိုင်လီက ဒါကိုဘယ်လိုလုပ်လက်ခံနိုင်မှာလဲ။ သူကဟွမ်ဟာကလူတွေကို မမေ့သေးဘူးလေ။

အဲဒီယန်စန်ဟွားဆိုတဲ့မိန်းမက သူတစ်ယောက်ထဲအပြင်ထွက်လာမှာကို စောင်ံနေတာမျိုးတောင် ဖြစ်နိုင်လောက်လို့ သူကလည်း ဒီကိစ္စကိုမြန်မြန်လေးရှင်းချင်နေပါတယ်။ ဒါကြောင့် သူက ပိုင်မိသားစု ဒီကိစ္စမှာ ပါဝင်လာမှာကိုမလိုလားခဲ့ဘူး။ တစ်ယောက်ယောက် မတော်တဆထိခိုက်သွားမှာကိုတောင် သူမလိုလားလို့ပါပဲ။

အဲဒါကြောင့် ပိုင်လီက လူတွေအများကြီး သွားတာကသတိထားဖို့လွယ်လို့ သူတစ်ယောက်ထဲသွားတာပဲအဆင်ပြေကြောင်းပြောပြီး ပိုင်အဖေရဲ့ဆန္ဒကိုငြင်းခဲ့လိုက်သည်။ ဆိပ်ကမ်းမြို့သွားရင် သုံးရက်လောက်တော့ကြာမှာဆိုတော့ လူအများကြီးပျောက်နေတာထက်စာရင် သူတစ်ယောက်ထဲကပိုအဆင်ပြေတညအမှန်ပဲလေ။

နောက်ဆုံးတော့ ပိုင်အဖေနဲ့ပိုင်အမေလည်း သူတို့ဒုတိယသားကို နိုင်အောင်မပြောနိုင်တော့ပဲ လှည်းကိုယူပြီး သူ့အိမ်ပြန်သွားတာကိုသာကြည့်နေခဲ့ရတော့သည်။ ဘာပဲဖြစ်ဖြစ် သူတို့တွေက ပိုင်လီတောင်ပေါ်ကနေ ဘေးကင်းကင်းနဲ့ပြန်လာတဲ့အတွက်တော့ စိတ်အေးသွားကျရပါပြီ။

ပိုင်လီကမူ သူ့အိမ်ပြန်သွားပြီးနောက် ရှောင်ဟန် နွေးပေးထားသည့် စားစရာများကိုမြန်မြန်စားကာ လှည်းနှစ်စီးကို ကြိုးဖြင့်တွဲလျက် ဖြတ်တောက်ထားသည့်ဝက်ဝံသားများကို နောက်ကလှည်းပေါ်တင်လိုက်ပြီး ဝက်ဝံ၏ခန္ဓာကိုယ်ဖြစ်တဲ့အကြီးဆုံးအပိုင်းကိုမူ ရှေ့ကသူ့အိမ်ကလှည်းပေါ်တင်လိုက်ကာ ရှောင်ဟန်အား သူဒီတစ်ခေါက်ဆိပ်ကမ်းမြို့ကိုရောက်ရင် ချောင်ရန်ရဲ့အိမ်ကိုလည်ပတ်ဖို့ ကတိပေးထားတာကြောင့် ရက်အနည်းငယ်ပိုကြာနိုင်သည်ဟု မှာထားခဲ့လိုက်သည်။

သူက ဟွမ်ဟွာနဲ့ရှင်းရနိုင်ချေအရမ်းများလို့ ဒီလိုစကားခံထားတာက အကောင်းဆုံးပါပဲ။

အဲဒီနောက်မှာတော့ ပိုင်လီက သူ့အိမ်ကလှည်းကိုစထွက်လိုက်ကာ နောက်က အကြီးကဲကျန်းအိမ်က ကျွဲအိုကြီးကလည်း သူတို့လှည်းရဲ့အရှိန်နည်းတူ လိုက်ပါလာတာကိုတွေ့ခဲ့ရသည်။ ဒီကျွဲအိုကြီးက တစ်သက်လုံးလယ်အလုပ်လုပ်ပြီး လူတွေနဲ့အရမ်းနီးကပ်ခဲ့တာကြောင့် ငြင်းဆန်တာမျိုးတွေလုံးဝမရှိပါဘူး။ အကယ်၍ ပိုင်လီက လှည်းနှစ်စီးကိုကြိုးနဲ့တွဲမထားရင်တောင် ထိုကျွဲအိုကြီးက အလိုက်တသိနဲ့ သူတို့နောက်ကနေ အသာတကြည်လိုက်ခဲ့လောက်သည်။

.............................................................

(AN/ လာပါပြီ စာရေးနေလို့နောက်ကျသွားပါတယ်ရှင့်။ 😚

paid gpမှာ အပိုင်း (၆၀) ရှိပါပြီ။💖)

###

အပိုင္း (၅၃) မုဆိုးႀကီးျပန္လာၿပီ ဇနီးေလးကေတာ့ေပ်ာ္ေနတယ္တဲ့ -2

"အမ္း...ဆက္ေျပာပါဦး မင္းသူတို႔ကိုကာကြယ္ေပးေနတာကို ကိုယ္ထပ္ၾကားခ်င္ေသးတယ္"

ေရွာင္ဟန္က ဒီစကားၾကားတဲ့အခါ ပိုင္လီရဲ႕ေလသံကသိပ္မမွန္ဘူးလို႔ ခံစားမိေပမယ့္ သူက ပိုင္လီေနာက္က အျမန္လိုက္သြားၿပီး ေျပာမိသြားတုန္းပါပဲ။

"သူတို႔က ကိုယ္ဝန္ရွိေနက်တာေလ ကိုယ္ဝန္သည္ေတြက မလြယ္ကူဘူး သူတို႔ စိုးရိမ္ေနတာ သဘာဝက်တယ္မလားဟင္"

ပိုင္လီက ဒီေကာင္စုတ္ေလးက အရိပ္သုံးပါးနားမလည္ပဲ တကယ္ႀကီးဆက္ေျပာလာလိမ့္မယ္လို႔ မထင္ခဲ့ဘူး။ သူ႕အေနနဲ႕ ေရွာင္ဟန္က မိသားစုအခ်င္းခ်င္းေတြမလို႔ ဆက္ဆံေရးအဆင္ေျပေအာင္ ႀကိဳးစားခ်င္ေနတာကို ခန့္မွန္းမိေပမယ့္ ေရွာင္ဟန္ရဲ႕စိတ္ထားက သူ႕ကိုနည္းနည္းစိတ္ပူေစခဲ့၏။

တကယ္ေတာ့ က်ိဳးရွီနဲ႕စုရွီ ပိုင္အေမနဲ႕ပိုင္မိန္ကိုျပန္ေခၚတာက အိမ္အလုပ္ေတြနဲ႕မလုပ္ခ်င္လို႔နဲ႕ ေရွာင္ဟန္တို႔ကို ဂ႐ုစိုက္ေနတာကို မလိုလားေနလို႔ဆိုတာ ေတြးၾကည့္တာနဲ႕သိနိုင္ၿပီး အဲဒီႏွစ္ေယာက္ရဲ႕စိတ္ထားကလည္း သူတို႔မပိုင္ရရင္ မနာလိုတတ္တဲ့ပုံစံေတြျဖစ္တာကို လြယ္လြယ္ႏွင့္သိနိုင္သည္။

ဒါေပမယ့္ ေရွာင္ဟန္က ဒီလိုလူေတြအေပၚ အျပစ္တင္ခ်င္စိတ္မရွိခဲ့ဘူးေပါ့။ ၿပီးေတာ့ ျဖည့္ေတာင္ေတြးေပးခ်င္ေနေသးတာလား။ ဒါကအရမ္းကိုအနိုင္က်င့္ဖို႔လြယ္မယ့္ စိတ္ေနစိတ္ထားမ်ိဳးပါပဲ။

ပိုင္လီက သက္ျပင္းခ်လိဳက္ေသာ္လည္း ထိုကဲ့သို႔လူႏွစ္ေယာက္ေၾကာင့္ သူ႕စိတ္ကိုအရႈပ္ခံဖို႔စိတ္ကူးရွိမေနေပ။ သူကတဲအိမ္ေလးအေရာက္မွာ အႏြေးကုတင္ေပၚမွာ ေကြးေကြးေလးေတြအိပ္ေပ်ာ္ေနတဲ့အေသးေလးေတြကိုေတြ႕လိုက္ရၿပီး သူကဒီေကာင္ေလးေတြကို မေတြ႕ရတာသုံးရက္ေလာက္ရွိေနၿပီျဖစ္လို႔ သတိရေနတာျဖစ္သည္။ ပိုင္လီ အႏြေးကုတင္နားသြားၿပီးေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတဲ့အေသးေလးေတြရဲ႕ ပါးေလးေတြကိုညွစ္လိုက္ၿပီး....

"ေကာင္စုတ္ေလးေတြ မေတြ႕ရတာသုံးရက္ပဲရွိေသးတာကို ပါးေတြကပိုေဖာင္းလာတယ္ သူတို႔အေဖကိုသတိမရဘဲ စားဖို႔ပဲအာ႐ုံေရာက္ေနတာထင္တယ္"

မီးခြက္ကို စင္ေပၚတင္ေနသည့္ ေရွာင္ဟန္က ပိုင္လီစကားကိုၾကားေတာ့ ကေလးေတြကို တကယ္အျပစ္တင္မွာ ေၾကာက္တာေၾကာင့္ အလွ်င္ျမန္ေျပာလာခဲ့၏။

"သူတို႔ ခင္ဗ်ားကိုေမးပါတယ္ ေန႕တိုင္းေမးတာပါ"

အေသးေလးေတြက ငယ္ေသးသည္။ သူတို႔ေတြက ဒီအ႐ြယ္မွာ လူႀကီးေတြကသာ အလိုလိုက္မယ္ဆိုရင္စားဖို႔နဲ႕ကစားဖို႔ကလြဲၿပီး ဘာမွသိေသးမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ ေရွ႕ရက္ေတြမွာ ပိုင္လီနဲ႕ပိုရင္းႏွီးလာသည့္ သူတို႔ေလးေတြက မၾကာခဏဆိုသလို ပိုင္လီကိုသတိတတ္က်ၿပီး ေရွာင္ဟန္ကိုလာေမးတတ္က်ေသာ္လည္း ေရွာင္ဟန္က ပိုင္လီေတာထဲခဏသြားတယ္ဟုသာ ေျပာထားခဲ့တာျဖစ္သည္။ အရင္ရက္ေတြမွာလည္း ပိုင္လီက ေတာထဲခဏခဏသြားတတ္တာေၾကာင့္ အေသးေလးေတြက ဒီလိုစကားကို မၾကာမၾကာၾကားရတတ္ပါတယ္။ ဒါေၾကာင့္ ေရွာင္ဟန္က ဒီလိုမ်ိဳးေျပာလိုက္ၿပီဆိုရင္ သူတို႔ပိုင္လီခဏေနျပန္လာမွာပဲထင္ၿပီးသြားကစားေနက်ေလ့ရွိတယ္။ ၿပီးေတာ့ သူတို႔ေလးေတြက လူႀကီးေတြလိုစိတ္ပူရမွန္းလည္းမသိတာေၾကာင့္ အစားလည္းမပ်က္က်ဘဴးေလ။

ပိုင္လီက ေရွာင္ဟန္ဘာစိုးရိမ္ေနမွန္းသိတာေၾကာင့္ ေျပာလိုက္ရသည္။

"ကိုယ္ကစေနတာပါ ဒီေကာင္စုတ္ေလးေတြ ပိုစားေလပိုႀကိဳက္ေလပဲ"

ေရွာင္ဟန္က ဒါကိုၾကားေတာ့ စိတ္သက္သာရာရသြားၿပီး...

"ဒါ ဒါဆိုခင္ဗ်ားတစ္ခုခုစားခ်င္လားဟင္ အိမ္မွာထမင္းနဲ႕ဟင္းေတြရွိေသးတယ္ ကြၽန္ေတာ္ျပန္ႏြေးလိုက္မယ္ေလ"

ေရွာင္ဟန္က ႏွစ္ရက္ေျမာက္ေန႕ကစၿပီး ပိုင္လီဘယ္ခ်ိန္ျပန္လာမသိနိုင္လို႔ အၿမဲစားစရာေတြကိုပိုခ်က္ထားခဲ့တယ္။ အခုကေအးလာၿပီဆိုေတာ့ ဟင္းေတြကလည္းမပ်က္စီးနိုင္ဘူးေလ။ စားခ်င္ရင္အနည္းငယ္အပူေပးလိုက္႐ုံပါပဲ။

တကယ္ေတာ့ပိုင္လီကလည္း ေတာင္ေပၚကဆင္းလာထဲက ဘာမွမစားရေသးတာေၾကာင့္ နည္းနည္းဗိုက္ဆာေနေပမယ့္ သူကဒီအခ်ိန္ႀကီး ေရွာင္ဟန္ကိုလည္းမခ်က္ခိုင္းခ်င္တာေၾကာင့္ ဘာမွမေျပာခဲ့တာျဖစ္ၿပီး သူကေနာက္မွ အေသးေလးေတြအတြက္ဝယ္ထားတဲ့မုန့္ထဲက နည္းနည္းေလာက္စားလိုက္မယ္ဟု ေတြးထားခဲ့တာျဖစ္သည္။ ပိုင္လီက အေသးေလးေတြအတြက္ ၿမိဳ႕ကိုသြားျဖစ္တိုင္း မုန့္တခ်ိဳ႕ေဆာင္ထားတတ္တာေၾကာင့္ အိမ္မွာမုန့္ေတြကေတာ့ မျပတ္ရွိေနတာေလ။

အခု ေရွာင္ဟန္ရဲ႕စကားကိုၾကားေတာ့ ဒါကအိမ္မွာဇနီးတစ္ေယာက္ရွိေနတဲ့အက်ိဳးေက်းဇူးပါလားလို႔ေတြးလိုက္ၿပီး သူကေပ်ာ္႐ႊင္စြာေခါင္းၿငိမ့္လိုက္ေတာ့၏။

"ဒါဆိုလည္း ကိုယ့္အတြက္ နည္းနည္းေလာက္ျပင္ေပးထားဦး ကိုယ္ေတာေကာင္ကို အိမ္ထဲသြင္းၿပီးရင္ ပိုင္အိမ္ကိုခဏသြားလိုက္ဦးမယ္"

ေရွာင္ဟန္က ဒါကိုၾကားမွပဲ ပိုင္လီက အမဲလိုက္ရာက ျပန္လာတာျဖစ္ေၾကာင္း သတိရသြားေတာ့သည္။ပိုင္လီက ေတာင္ေပၚကျပန္လာခဲ့ေပမယ့္ သူကေတာေကာင္ကိုမေတြ႕ခဲ့ရဘူး။ ဒါေပမယ့္ ပိုင္လီက သူ႕ကိုယ္ေပၚကေသြးေတြက ေတာေကာင္ရဲ႕ေသြးေတြလို႔ေျပာခဲ့တာေၾကာင့္ သားေကာင္မရခဲ့တာမျဖစ္နိုင္ဘဲ ပိုင္လီ ၿခံထဲကို ဘာမွမပါဘဲဝင္လာထဲက ေရွာင္ဟန္ကသတိထားခဲ့မိသင့္တာျဖစ္ေပမယ့္ သူကအဲတာကိုေမ့ေနခဲ့တာပင္။

ေရွာင္ဟန္က အဲဒီအခ်ိန္မွာ နည္းနည္းရွက္မိသြားသလိုပဲ။ သူက ပိုင္လီျပန္လာတာကိုပဲ ဂ႐ုစိုက္ေနမိၿပီး ေတာေကာင္မပါဘူးလားလို႔ေတာင္ ေမးဖို႔ေမ့ေနခဲ့တာေလ။ ဘယ္ေလာက္ရွက္စရာေကာင္းလိုက္လဲ။

ဒါေပမယ့္ သူကသိလည္းသိခ်င္ေနတယ္။ သူ႕အေနနဲ႕အရင္လို ပိုင္လီကိုစကားေျပာဖို႔အခက္မေတြ႕တာေၾကာင့္လည္း ေမးဖို႔ဝံ့ရဲလာၿပီး...

"ဘာေကာင္ႀကီးလဲဟင္..."

ပိုင္လီက အိမ္ထဲကအျပင္ကိုထြက္ေတာ့မွာေပမယ့္ ဒါကိုၾကားေတာ့ ရပ္တန့္သြားၿပီး သူကခပ္တိုးတိုးနဲ႕...

"အဲတာက ဝက္ဝံတစ္ေကာင္.."

ပိုင္လီရဲ႕စကားကမဆုံးေသးေပမယ့္ သူကေရွာင္ဟန္ရဲ႕ထိတ္လန့္သြားတဲ့အမူရာကိုေတြ႕ေတာ့ ထိတ္လန့္ၿပီးမေအာ္ေစဖို႔ ႏႈတ္ေရွ႕လက္ညိုးေထာင္ၿပီးအသံမထြက္ဖို႔အခ်က္ျပလိုက္သည္။ ေရွာင္ဟန္ကလည္း ဒါကိုျမင္ေတာ့ သူ႕ပါးစပ္သူ လက္နဲ႕အျမန္အုပ္လိုက္ရွာ၏။ ပိုင္လီက...

"ဒီတစ္ေခါက္ေတာ့ ကိုယ့္အတြက္လည္းလြယ္ခဲ့တာမဟုတ္ဘူး ဒါေပမယ့္ ႐ြာသားေတြအျမင္မွာေတာ့ ကိုယ့္အတြက္ သားေကာင္ႀကီးရဖို႔က အရမ္းလြယ္ေနတယ္လို႔ပဲထင္က်လိမ့္မယ္ ဒါဆိုရင္ အရင္လိုျပႆနာေတြကို ဖိတ္ေခၚမိမွာစိုးရတယ္ ဒါေၾကာင့္ကိုယ္က မနက္မလင္းခင္ဆိပ္ကမ္းၿမိဳ႕ကိုသြားေတာ့မွာ အဲေတာ့လန့္မေနဘဲ ကိုယ့္အတြက္စားစရာတစ္ခုခုသာျပင္ထားေပး ဟုတ္ၿပီလား"

ဒါေပမယ့္ ေရွာင္ဟန္ကိုၾကည့္ရတာ အံၾသျခင္းထဲက႐ုံးမထြက္နိုင္ေသးတဲ့ပုံပါပဲ။

သူက အစက ပိုင္လီက ေနာက္ေနတယ္လို႔ထင္ေပမယ့္ ပိုင္လီရဲ႕ပုံစံက ရယ္စရာေျပာေနတာနဲ႕လည္း မတူေတာ့ အလြန္အံၾသခဲ့ရသည္။ ဝက္ဝံတစ္ေကာင္လား? ဝက္တစ္ေကာင္တဲ့လား! ဝက္ဝံ! ဝက္ဝံ!!

ေရွာင္ဟန္က အျပင္မွာ ဝက္ဝံေတြက ဘယ္ပုံရွိလဲဆိုတာမျမင္ဖူးေပမယ့္ ႐ြာကလူႀကီးေတြရဲ႕ပုံေဖာ္ေျပာဆိုမႈေတြေၾကာင့္ ဝက္ဝံေတြက သူတို႔ရဲ႕ႀကီးမားတဲ့ခႏၶာကိုယ္ေတြနဲ႕ ႀကီးမားတဲ့ခြန္အားေတြေၾကာင့္ ေၾကာက္စရာေကာင္းတာ္ဆိုတာကိုေတာ့ သိထားခဲ့သည္။ ဒါေၾကာင့္လည္း ပိုင္လီက ဝက္ဝံကိုအမဲလိုက္လာတယ္လို႔ သိရတဲ့အခါ သူက အံၾသျခင္းေတြထဲနစ္ျမႇပ္သြားခဲ့ေတာ့၏။

ပိုင္လီက ေရွာင္ဟန္ရဲ႕အမူယာကိုၾကည့္ၿပီးေနာက္ ေတြးလိုက္ကာထပ္ေျပာခဲ့သည္။

"ကိုယ္က ေတာေကာင္ကို တစ္ခါထဲမနိုင္လို႔ ႏွစ္ေခါက္သယ္ဖို႔အတြက္ အေရခြံစုတ္ၿပီး ႏွစ္ပိုင္းပိုင္းလာရတာ အဲတာကအရမ္းေၾကာက္စရာေကာင္းတာေနာ္ သြားမၾကည့္ရဘူး ၾကည့္မိရင္အိမ္မက္ဆိုးေတြေတာင္မက္နိုင္တယ္ "

ပိုင္လီက သူ႕ရဲ႕ခြန္အားအစစ္မွန္ကို လန့္သြားက်မွာစိုးတဲ့အတြက္ ဘယ္သူ႕ကိုမွေျပာျပဖို႔ရည္႐ြယ္ခ်က္မရရွိခဲ့ဘူး။

ေရွာင္ဟန္ကလည္း ဒါကိုၾကားေတာ့ တစ္ခ်က္တုန္သြားၿပီး...

"မၾကည့္ပါဘူး ကြၽန္ေတာ္လုံးဝၾကည့္မွာမဟုတ္ဘူး"

"အင္း...လိမၼာတယ္"

ထိုသို႔ေျပာၿပီးေနာက္ ပိုင္လီက တုန္လႈပ္ေနသည့္ေကာေလးကိုထားခဲ့ကာ လေရာင္ကိုအသုံးခ်လ်က္ဝက္ဝံႀကီးကိုအိမ္ထဲဆြဲသြင္းလာခဲ့၏။ ထိုေနာက္ သူက ဝက္ဝံႀကီးအား ေရတြင္းနားထိဆြဲသြားကာ အေရခြံစုတ္ခဲ့ၿပီး လက္မ်ား၊ေျခေထာက္မ်ားႏွင့္ေခါင္းတို႔ကို အေျခမွျဖတ္ကာ ေသြးမ်ားကိုေဆးခ်ခဲ့သည္။

ဝက္ဝံအေရခြံက သားေမြးလုပ္ဖို႔အတြက္အရမ္းတန္ဖိုးရွိတယ္ေလ သူ႕ကိုအေရခြံမစုတ္ထားလို႔မရဘူး။ ဒီမွာက သားေမႊးအစစ္ေတြကို မ်ိဳးရိုးျမင့္ေတြနဲ႕ခ်မ္းသာတဲ့လူေတြပဲဝတ္နိုင္တာျဖစ္ၿပီး ဝက္ဝံသားေမႊးလို ရွားပါးလြန္းတာမ်ိဳးဆိုရင္ေတာ့ ေတာ္ဝင္မိသားစုေတြကသာဝတ္ဆင္နိုင္တာပင္။ ပိုင္လီရဲ႕ဝက္ဝံအေရခြံက ဘယ္သူ႕လက္ထဲေရာက္သြားေရာက္သြား တဆင့္ၿပီးတဆင့္နဲ႕ ေတာ္ဝင္မ်ိဳးႏြယ္ေတြလက္ထဲမွာအဆုံးသတ္ရမွာပါပဲ။

ပိုင္လီက ျဖတ္ေတာက္ျခင္းလုပ္ငန္းစဥ္ၿပီးခ်ိန္တြင္ေမွာင္ထဲကေန ပိုင္အိမ္ထံေျပးသြားခဲ့သည္။ သူက ပိုင္အိမ္ကိုေရာက္ခ်ိန္မွာေတာ့ ခ်က္ျခင္းတံခါးေခါက္လိုက္ေတာ့၏။

ပိုင္က်န့္ႏွင့္ ေမာ့ဟြာသည္ ပိုင္လီကိုစိတ္ပူေနက်ရသည့္အတြက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္မေပ်ာ္က်ေပ။ ဒါေၾကာင့္ သူတို႔က တံခါးေခါက္သံကို အလွ်န္ျမန္ပဲၾကားသြားက်ၿပီး ပိုင္အေဖက ထလာကာ...

"ဒီအခ်ိန္မွ ဘယ္သူလဲ"

ဒါကိုၾကားေတာ့ ပိုင္လီကလည္း...

"အေဖ ကြၽန္ေတာ္ပါ"

"ဒုတိယလား!"

ထိုသို႔ အံၾသသံႏွင့္အတူ တံခါးက အလွ်င္ျမန္ပြင့္လာခဲ့ၿပီး ပိုင္အေဖက အျပင္ကလူမွာ ပိုင္လီမွန္းေသခ်ာသြားေတာ့ သက္ျပင္းေမာႀကီးခ်လိဳက္ေလသည္။

"မင္းဆိုတဲ့ ဒုကၡေပးလို႔မဝနိုင္တဲ့ေကာင္ေလးကေတာ့ေလ ေတာင္ေပၚကိုတတ္သြားတာကို မိဘေတြကိုမေျပာခဲ့ဘူး ငါတို႔ဘယ္ေလာက္စိတ္ပူေနရသိလား! "

ပိုင္လီက ဒီအတြက္အဆူခံရမည္ကို ႀကိဳသိထားသျဖင့္ သူ၏ႏွာေခါင္းပြတ္သပ္လိုက္ကာ အလွ်င္ျမန္စကားလမ္းေၾကာင္းလြဲခဲ့လိုက္သည္။

"အေဖ ေျပာစရာရွိရင္ေနာက္မွေျပာပါလား ကြၽန္ေတာ္နည္းနည္းအလွ်င္လိုေနလို႔ပါ"

သူက ခုနကလုပ္ငန္းစဥ္မွာ အခ်ိန္နည္းနည္းေပးခဲ့ရၿပီး အခုခ်က္ျခင္း ႐ြာကထြက္ဖို႔မလုပ္ဘူးဆိုလွ်င္ ႐ြာကလူမ်ားနိုးလာမည့္အခ်ိန္ေရာက္သြားၿပီး သူမျဖစ္ေစခ်င္တာေတြျဖစ္လာလိမ့္မည္။

ပိုင္အေဖက ဒါကိုၾကားေတာ့ စိတ္တိုေပမယ့္ သူကအေရးႀကီးတယ္ဆိုတာကိုသာ ဦးစားေပးေနတုန္းပါပဲ။

"မင္းဘာျဖစ္လာလို႔လဲ ဒဏ္ရာရလာတာလား"

ပိုင္လီက မဟုတ္ေၾကာင္းျငင္းဆိုလိုက္ၿပီး သူေရွာင္ဟန္ကိုေျပာခဲ့တဲ့အတိုင္းသာ ျပန္ရွင္းျပခဲ့လိုက္သည္။ အဲဒီေနာက္ပိုင္အေဖရဲ႕မ်က္ႏွာအမူယာကေတာ့ ေရွာင္ဟန္နဲ႕တူလုနီးပါးပါပဲ။ သူကအလန့္တၾကားနဲ႕...

"မင္းတကယ္ေျပာေနတာလား!"

"ဒါက ေနာက္စရာမွမဟုတ္တာအေဖရာ ကြၽန္ေတာ္က အခု႐ြာသားေတြမထခင္ ဆိပ္ကမ္းၿမိဳ႕ကို သြားခ်င္ေနတာ ဒါေပမယ့္ အိမ္ကစူးစူးက ဝက္ဝံတစ္ေကာင္လုံးကိုသယ္နိုင္မွာမဟုတ္ဘူးေလ အဲတာေၾကာင့္ အိမ္ကလွည္းနဲ႕ ႐ြာအႀကီးကဲအိမ္ကကြၽဲကိုပါယူသြားခ်င္လို႔ အေဖက အႀကီးကဲဆီ အကူညီလိုက္ေတာင္းေပးပါဦး"

ပိုင္အေဖကလည္း အခ်ိန္ၾကာၾကာလန့္မေနနိုင္ဘဲ ပိုင္လီေျပာတာကိုသေဘာတူခဲ့ကာ သူတို႔က ပိုင္အေဖနည္းတူ နိုးေနတဲ့ပိုင္အေမကို အက်ိဳးေၾကာင္းသြားေျပာျပခဲ့က်သည္။ ေမာ့ဟြာက သူမသားျပန္ေရာက္တယ္လို႔ သိရတဲ့အခ်ိန္မွာ စိတ္ေအးသြားေပမယ့္ ပိုင္လီ အမဲလိုက္ခဲ့တာက ဝက္ဝံလို႔သိတဲ့အခါ ပိုင္လီကိုဒဏ္ရာရမရ အျပန္ျပန္အလွန္လွန္စစ္ေဆးေနေတာ့၏။ ပိုင္လီက သူဘာဒဏ္ရာမရေၾကာင္းအထပ္ထပ္ေျပာခဲ့ရၿပီး ပိုင္အေဖကမူ ထိုသားအမိေတြကိုစိတ္မရွည္၍ တစ္ေယာက္ထဲ ႐ြာအႀကီးအိမ္ကိုထြက္သြားခဲ့လိုက္သည္။

႐ြာအႀကီးကဲအိမ္ကို ပိုင္လီဘာသာသြားအကူညီေတာင္းရင္လည္းရေပမယ့္ အခ်ိန္မေတာ္သြားႏွောက္ယွက္ရမွာျဖစ္တာေၾကာင့္ လူႀကီးျဖစ္တဲ့ပိုင္အေဖသြားတာကပိုေကာင္းပါတယ္။

ပိုင္အေဖက ႐ြာအႀကီးကဲကိုသိပ္မေျပာခဲ့ရဘဲ ကြၽဲႏွင့္အတူ ခဏေနတြင္ျပန္လာခဲ့ၿပီး သူက သူ႕အိမ္ကသားေတြကိုလည္းနိုးကာ ပိုင္လီႏွင့္အတူ ဆိပ္ကမ္းၿမိဳ႕ကိုလိုက္ခဲ့ခ်င္ေပမယ့္ ပိုင္လီကေတာ့ျငင္းဆိုခဲ့သည္။ ပိုင္လီက ဒါကိုဘယ္လိုလုပ္လက္ခံနိုင္မွာလဲ။ သူကဟြမ္ဟာကလူေတြကို မေမ့ေသးဘူးေလ။

အဲဒီယန္စန္ဟြားဆိုတဲ့မိန္းမက သူတစ္ေယာက္ထဲအျပင္ထြက္လာမွာကို ေစာင္ံေနတာမ်ိဳးေတာင္ ျဖစ္နိုင္ေလာက္လို႔ သူကလည္း ဒီကိစၥကိုျမန္ျမန္ေလးရွင္းခ်င္ေနပါတယ္။ ဒါေၾကာင့္ သူက ပိုင္မိသားစု ဒီကိစၥမွာ ပါဝင္လာမွာကိုမလိုလားခဲ့ဘူး။ တစ္ေယာက္ေယာက္ မေတာ္တဆထိခိုက္သြားမွာကိုေတာင္ သူမလိုလားလို႔ပါပဲ။

အဲဒါေၾကာင့္ ပိုင္လီက လူေတြအမ်ားႀကီး သြားတာကသတိထားဖို႔လြယ္လို႔ သူတစ္ေယာက္ထဲသြားတာပဲအဆင္ေျပေၾကာင္းေျပာၿပီး ပိုင္အေဖရဲ႕ဆႏၵကိုျငင္းခဲ့လိုက္သည္။ ဆိပ္ကမ္းၿမိဳ႕သြားရင္ သုံးရက္ေလာက္ေတာ့ၾကာမွာဆိုေတာ့ လူအမ်ားႀကီးေပ်ာက္ေနတာထက္စာရင္ သူတစ္ေယာက္ထဲကပိုအဆင္ေျပတညအမွန္ပဲေလ။

ေနာက္ဆုံးေတာ့ ပိုင္အေဖနဲ႕ပိုင္အေမလည္း သူတို႔ဒုတိယသားကို နိုင္ေအာင္မေျပာနိုင္ေတာ့ပဲ လွည္းကိုယူၿပီး သူ႕အိမ္ျပန္သြားတာကိုသာၾကည့္ေနခဲ့ရေတာ့သည္။ ဘာပဲျဖစ္ျဖစ္ သူတို႔ေတြက ပိုင္လီေတာင္ေပၚကေန ေဘးကင္းကင္းနဲ႕ျပန္လာတဲ့အတြက္ေတာ့ စိတ္ေအးသြားက်ရပါၿပီ။

ပိုင္လီကမူ သူ႕အိမ္ျပန္သြားၿပီးေနာက္ ေရွာင္ဟန္ ႏြေးေပးထားသည့္ စားစရာမ်ားကိုျမန္ျမန္စားကာ လွည္းႏွစ္စီးကို ႀကိဳးျဖင့္တြဲလ်က္ ျဖတ္ေတာက္ထားသည့္ဝက္ဝံသားမ်ားကို ေနာက္ကလွည္းေပၚတင္လိုက္ၿပီး ဝက္ဝံ၏ခႏၶာကိုယ္ျဖစ္တဲ့အႀကီးဆုံးအပိုင္းကိုမူ ေရွ႕ကသူ႕အိမ္ကလွည္းေပၚတင္လိုက္ကာ ေရွာင္ဟန္အား သူဒီတစ္ေခါက္ဆိပ္ကမ္းၿမိဳ႕ကိုေရာက္ရင္ ေခ်ာင္ရန္ရဲ႕အိမ္ကိုလည္ပတ္ဖို႔ ကတိေပးထားတာေၾကာင့္ ရက္အနည္းငယ္ပိုၾကာနိုင္သည္ဟု မွာထားခဲ့လိုက္သည္။

သူက ဟြမ္ဟြာနဲ႕ရွင္းရနိုင္ေခ်အရမ္းမ်ားလို႔ ဒီလိုစကားခံထားတာက အေကာင္းဆုံးပါပဲ။

အဲဒီေနာက္မွာေတာ့ ပိုင္လီက သူ႕အိမ္ကလွည္းကိုစထြက္လိုက္ကာ ေနာက္က အႀကီးကဲက်န္းအိမ္က ကြၽဲအိုႀကီးကလည္း သူတို႔လွည္းရဲ႕အရွိန္နည္းတူ လိုက္ပါလာတာကိုေတြ႕ခဲ့ရသည္။ ဒီကြၽဲအိုႀကီးက တစ္သက္လုံးလယ္အလုပ္လုပ္ၿပီး လူေတြနဲ႕အရမ္းနီးကပ္ခဲ့တာေၾကာင့္ ျငင္းဆန္တာမ်ိဳးေတြလုံးဝမရွိပါဘူး။ အကယ္၍ ပိုင္လီက လွည္းႏွစ္စီးကိုႀကိဳးနဲ႕တြဲမထားရင္ေတာင္ ထိုကြၽဲအိုႀကီးက အလိုက္တသိနဲ႕ သူတို႔ေနာက္ကေန အသာတၾကည္လိုက္ခဲ့ေလာက္သည္။

.............................................................

(AN/ လာပါၿပီ စာေရးေနလို႔ေနာက္က်သြားပါတယ္ရွင့္။ 😚

paid gpမွာ အပိုင္း (၆၀) ရွိပါၿပီ။)

Continue Reading

You'll Also Like

29.6K 5K 51
ဘာသာပြန်သူ - စွဲညို့အသင်း
3.8K 571 10
ဝင်ဖတ်လို့လည်းရတယ် လစ်လျူရှုလို့လည်းရတယ်...တစ်ခါတလေ စိတ်ကျဥ်းကျပ်သည့်အခါမှာ... ငါ စာတိုတွေ ရေးတတ်လာတယ်... စိတ်ခံစားချက်တွေ တိုက်မိသွားရင် ငါ့စာတိုတွေ...
224K 19.8K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
193K 17.9K 22
ခ်စ္စရာ BL ဇာတ္လမ္းတိုေလး ႀကိဳက္ရင္ေတာ့ဒါေလးဖတ္ၾကည့္လိုက္ပါ။ ချစ်စရာ BL ဇာတ်လမ်းတိုလေး ကြိုက်ရင်တော့ဒါလေးဖတ်ကြည့်လိုက်ပါ။