အပိုင်း (၅၂) မုဆိုးကြီးပြန်လာပြီ ဇနီးလေးကတော့ပျော်နေတယ်တဲ့
ရှောင်ဟန်က တံခါးခေါက်သံကြားတော့ အိမ်ထဲတွင်မီးခွက်ထွန်းပြီး အဝတ်ချုပ်နေတာဖြစ်သည်။
သူက ဒီရက်တွေမှာ ကောင်းကောင်းအိပ်ပျော်လေ့မရှိဘူး။ ဒါကြောင့် ညနက်တဲ့ထိအဝတ်ချုပ်နေလေ့ရှိပြီး ဒီနေ့ညတွင် သူ့စိတ်အခြေနေက ပိုဆိုးနေတာလည်းဖြစ်သည်။ သူက ဒီနေ့ညမှာ လုံးလုံးကိုအိပ်ချင်စိတ်ရှိမနေတာကြောင့် သန်းခေါင်ကျော်တဲ့ထိ အဝတ်ချုပ်နေခဲ့ပြီး အချိန်မတော်ချိန်တွင် တံခါးခေါက်သံသဲ့သဲ့ကိုကြားလိုက်ရသောအခါ သူကအဝတ်ခြင်းကိုတင်းတင်းဆုပ်ကိုင်သွားမိခဲ့၏။
ဒီနေ့အိမ်မှာ ရှောင်ဟန်နဲ့ အသေးလေးတွေပဲရှိနေပြီး ရှေ့နှစ်ရက်ကလို ပိုင်အမေနဲ့ပိုင်မိန်က သူတို့နဲ့အတူရှိမနေခဲ့ပေ။ အကြောင်းမှာ မော့ဟွာနှင့်ပိုင်မိန်က နှစ်ရက်ဆက်တိုက် ရှောင်ဟန်တို့နှင့်နေပြီးနောက်တွင် ကျိုးရှီနှင့်စုရှီသည် ၎င်းတို့၏ကိုယ်ဝန်တွေကိုအကြောင်းပြကာ တစ်ခုခုဆိုပါက အိမ်တွင် ကူညီပေးမည့်မိန်းမသားမရှိဘူးဟုဆိုကာ ငိုယိုကျလျက်လာခေါ်သဖြင့် ပိုင်အမေက မတတ်နိုင်ဘဲလိုက်သွားပေးခဲ့ရရှာ၏။ အစမှာတော့ ပိုင်အမေက ပြန်လိုက်သွားဖို့ တွေဝေနေပြီး သူမက သူမရဲ့မြေးတွေနဲ့ ဒုတိယချွေးမကို တစ်ယောက်ထဲထားခဲ့ဖို့ စိတ်မချဖြစ်နေသော်လည်း ရှောင်ဟန်က သူတို့တွေအဆင်ပြေကြောင်း အထပ်ထပ်ပြောခဲ့၍သာ ပြန်လိုက်သွားခဲ့ရတာလည်းဖြစ်သည်။
တကယ်တော့ ပုံမှန်ဆိုရင် သူတို့ချည်းပဲလည်း နေရဲပါတယ်။ ဒါပေမယ့် အခု သူတို့အိမ်မှာက ပိုင်လီစုဝယ်ထားတဲ့ပစ္စည်းတွေကပုံနေပြီး ပိုင်လီအိမ်မှာမရှိတာကိုသိလို့ အခွင့်ကောင်းယူကာ သူခိုးကပ်မှာကို ကြောက်နေရတာဖြစ်၏။ အရင်ကလိုဆိုရင်တာ့ ပိုင်အိမ်နဲ့ ရှောင်ဟန်တို့က သူတို့ရွာက အေးချမ်းပြီး ရိုးသားတဲ့သူတွေပဲပြည့်နေလို့ စိတ်အေးလက်အေးနေနေမှာပေမယ့် ရှောင်မိသားစုကိစ္စနဲ့ ဝမ်မိသားစုရဲ့ကိစ္စအပြီးမှာတော့ ပိုင်လီတွင် ရွာထဲ၌အဆင်မပြေသူတချို့ရှိလာခဲ့ပြီး သူတို့အနေနဲ့ သတိထားတာကသာ အကောင်းဆုံးဖြစ်မယ်ဟုတွေးခဲ့ကျသည်။
ဒါကြောင့် ရှောင်ဟန်က ဒီနေ့ညမှာ လုံးဝမအိပ်ချင်နေခဲ့ပါဘူး။
နောက်ထပ် သူ့ကိုအိပ်မပျော်စေတဲ့အချက်ကတော့ ဒီနေ့က ပိုင်လီတောင်ပေါ်တတ်သွားတာ သုံးရက်မြောက်နေ့ဖြစ်ပြီး ဒီညကျော်သွားပါက လေးရက်မြောက်ကိုရောက်သွားတော့မည်ဟူသည့် စိတ်ကြောင့်ပါပင်။
ပိုင်လီက သူ့ကို သုံးလေးရက်လို့ပြောသွားပေမယ့် ပိုင်အိမ်နဲ့ ရှောင်ဟန်ရဲ့စိတ်ရှည်မှုကတော့ သုံးရက်ထိပါပဲ။ မနက်ဖြန်မှ ပိုင်လီပြန်ရောက်မလာသေးရင် ပိုင်အဖေက အကြီးကဲကျန်းကို ငယ်ရွယ်တဲ့ရွာသားတွေစုပြီး ပိုင်လီကိုလိုက်ရှာမယ်လို့ ပြောနေတာကိုသူကြားခဲ့ရပြီး ရှောင်ဟန်ကလည်း အဝတ်ချုပ်နေခဲ့ပေမယ့် သူ့စိတ်တွေကတော့ အကယ်၍ ပိုင်လီသာအိမ်ပြန်မလာနိုင်ခဲ့ရင် ဆိုတဲ့အတွေးတွေပဲ ဝင်ဝင်လာနေတာဖြစ်သည်။ မနက်ဖြန်နေမြင့်လို့မှ ပိုင်လီပြန်မလာသေးရင် သူလည်း ဆက်ပြီးတည်ငြိမ်နိုင်မယ်လို့မထင်တော့ပါဘူး။
သူက ပိုင်လီကို ကြောက်ပါတယ်။ ဒါပေမယ့် သူက ပိုင်လီကိုလိုအပ်ပြီး သူ့ရဲ့သားတွေကလည်း ပိုင်လီကိုအပ်တယ်လေ။ ခင်ပွန်းသည်မရှိတော့တဲ့ ဇနီးတစ်ယောက်နဲ့ ဖခင်အရင်းမရှိတော့တဲ့ ငယ်သေးတဲ့ကောလေးတွေက ဘယ်လိုလုပ်များ ရှေ့ဆက် ကောင်းမွန်စွာရပ်တည်နိုင်တော့မှာလဲ။
ဒါကြောင့် ရှောင်ဟန်က ဒီနေ့ညမကုန်ခင် ပိုင်လီပြန်လာဖို့ကို တိတ်တိတ်လေးမျှော်နေခဲ့ပေမယ့် ညသန်းခေါင်ကိုကျော်လွန်လာတဲ့အခါ သူ့ရဲ့မျှော်လင့်ချက်တွေကလည်း တဖြေးဖြေးလျော့ရဲလာခဲ့တော့သည်။
အဲဒီအချိန်မှာပဲ သူကတံခါးခေါက်သံကိုကြားလိုက်ခဲရတာဖြစ်ပြီး ရှောင်ဟန်က လူစိမ်းတစ်ယောက်ယောက်ထင်လို့ လန့်သွားပေမယ့် ပိုင်လီများလားဆိုတဲ့ မျှော်လင့်ချက်ရေးရေးလေးလည်းရှိနေတာကြောင့် တံခါးခေါက်သံကို အာရုံစိုက်နားထောင်ကြည့်တဲ့အခါ တံခါးခေါက်သံက သိပ်မပြင်းပဲ အမြဲတမ်းသုံးချက်ပဲခေါက်တတ်ကာ တံခါးခေါက်သံသုံးချက်ထွက်ပေါ်လာအပြီးတွင် ခဏလောက်ငြိမ်သွားပြီးမှ ပြန်ပြန်ထွက်ပေါ်လာတာမျိုးဖြစ်နေသည်ကို သိရှိသွားခဲ့သည်။
ပိုင်လီက သူ့ကိုညအချိန်မတော်မှပြန်ရောက်ရင် ဒီလိုအချက်ပေးမယ်လို့ မမှာခဲ့ပေမယ့် ပိုင်လီရဲ့နောက်ပိုင်းသွားလဲသွားတဲ့ အမူကျင့်တွေအရ ဒါကပိုင်လီဖြစ်နိုင်တယ်လို့ ရှောင်ဟန်ကတော့ထင်နေမိတုန်းပါပဲ။ သူကဒီခံစားချက်ကိုတော့ရှင်းမပြနိုင်ဘူး။
ရှောင်ဟန်က တံခါးခေါက်သံထွက်လာတဲ့ အနောက်တံခါးနားသွားကာ မည်သူမှန်းအတည်ပြုချင်ပါသော်လည်း သူကနည်းနည်းစိုးရိမ်နေသဖြင့် သွားရင်ကောင်းမလားကိုစဥ်းစားရင်း အချိန် အတော်လေးကြာသွားခဲ့သည်။ ဒါပေမယ့် တံခါးခေါက်သံကတော့စိတ်မရှည်လာပုံမရဘဲ အေးအေးဆေးဆေးဖြစ်နေတုန်းပါပဲ။ ဒါကိုသတိပြုမိတော့ ရှောင်ဟန်က နောက်ပိုင်း အရမ်းကိုအေးဆေးလာပုံရတဲ့ ပိုင်လီရဲ့အပြုမူတွေကိုသတိရသွားပြီး သူကပိုင်လီဖြစ်နိုင်သည်ဟု ပိုယုံကြည်လာသဖြင့် အံကြိတ်ကာ မီးခွက်ကိုယူပြီး အိမ်ရဲ့အနောက်တံခါးဆီကို ချည်းကပ်သွားတော့သည်။
ညကအရမ်းတိတ်ဆိတ်ပြီး လရောင်သဲ့သဲ့ပဲရှိတယ်။ ထပ်ပြီးဆောင်းတွင်းဝင်လာတော့ ဒီလိုအရမ်းစောသေးတဲ့အချိန်မှာ နည်းနည်းအေးစိမ့်စိမ့်လည်းဖြစ်နေရဲ့။
ရှောင်ဟန်က မီးခွက်လေးကိုတစ်ဖက်က ကိုင်ပြီးခြေလှမ်းတိုင်းကိုအသံမထွက်အောင် ဂရုစိုက်နေပေမယ့် တံခါးရဲ့တစ်ဖက်ကလူကတော့ သူ့ကိုသတိထားမိသွားပုံပါပဲ။ သူတခါးနဲ့အရမ်းမနှီးသေးတာတောင် တံခါးခေါက်သံကရပ်သွားပြီး မေးသံခပ်တိုးတိုးထွက်ပေါ်လာခဲ့တယ်။
"ရှောင်ဟန်လား.."
ရှောင်ဟန်က ပိုင်လီရဲ့အသံကို မမှတ်မိစရာမရှိတဲ့အတွက် သူကပိုင်လီရဲ့အသံကိုကြားတဲ့အခါ အရမ်းပျော်သွားသလိုပဲ။ ဒါကြောင့်သူက အလျှင်မြန်မေးလိုက်မိတယ်။
"ခင်ဗျားလား...ခင်ဗျားပြန်လာလား"
ပိုင်လီက တစ်ဖက်လူရဲ့ ပျော်ရွှင်သွားတဲ့လေသံကိုကြားတဲ့အခါ ဘာကြောင့်မှန်းမသိပေမယ့် သူလည်းပြုံးမိသွားခဲ့သည်။ သူက သူတောထဲမသွားခင်မှာ ဒီကောင်လေးက အရမ်းမလိုလားနေတာကိုတွေ့ခဲ့ရပြီး အကယ်၍ သူပြန်လာရင်တောင် သူ့ကိုအနည်းငယ်စိတ်ဆိုးနေလောက်မယ်ဟုထင်နေခဲ့တာဖြစ်၏။ သို့သော် ယခုလို တစ်ဖက်လူက သူပြန်လာတဲ့အတွက်ပျော်ရွှင်ပုံရသွားတဲ့အခါ သူ့ရင်ထဲမှာကြည်နူးမှုလှိုင်းလေးတစ်ခုက လျှင်မြန်စွာဖြတ်ပြေးသွားခဲ့သည်။
ကြည့်ရတာ ဒါက အဝေးကိုအလုပ်သွားပြီးမှ အိမ်ပြန်ရောက်တဲ့အခါ ဇနီးသည်ရဲ့ ပျော်ရွှင်စွာကြိုဆိုမှုကိုခံရတဲ့ အမျိုးသားတွေရဲ့ခံစားချက်နဲ့ တူညီလောက်မယ်ထင်တယ်။
ပိုင်လီက ပြုံးရင်းခပ်တိုးတိုးဖြင့်...
"ဟုတ်တယ်...ကိုယ်ပါ ကိုယ့်ကိုတံခါးဖွင့်ပေးပါဦး"
အဲဒီနောက် ပိုင်လီကချက်ခြင်းပဲတံခါးဖွင့်သံကြားလိုက်ရပြီးသူကတံခါးပွက့်မလာအလျှင်မြန်ပြောလိုက်ရသည်။
"ရှောင်ဟန်မင်းကိုယ့်ခန္ဓာကိုယ်ကနေသွေးနံ့တွေရလိမ့်မယ်အရမ်းမလန့်သွားနဲ့အကုန်လုံးကတောကောင်ရဲ့သွေးတွေချည်းပဲ"
ဒါကိုကြားတော့ ရှောင်ဟန်ရဲ့တံခါးဖွင့်နေတဲ့လက်ကခဏရပ်တန့်သွားပုံရပေမယ့် တံခါးကအလျှင်မြန်ပဲပွင့်လာခဲ့ပြီး ပိုင်လီကတစ်ဖက်လူကိုမြင်လိုက်ရတော့၏။
အစကတော့ ပိုင်လီက ရှောင်ဟန်အိပ်နေလောက်မယ်ထင်ထားလို့ သူကရှောင်ဟန်ရဲ့ အိပ်ချင်မူးတူးပုံစံလေးကို မြင်ရလိမ်လို့ထင်ထားပေမယ့် တကယ်တမ်းတွေ့လိုက်ရတာကတော့ အရမ်းကိုနိုးကြားနေတဲ့ကောလေးကိုပါပဲ။
ပိုင်လီက ချက်ခြင်းမျက်မှောင်ကြုံ့သွားတော့တယ်။
သူကအိမ်ထဲကိုလှမ်းဝင်ရင်းနဲ့...
"မင်းအိပ်နေတာလား ကိုယ့်ကြောင့်နိုးသွားတာလား"
ရှောင်ဟန်က ပိုင်လီနဲ့ စကားတွေအများကြီးပြောဖို့ကိုတွန့်ဆုတ်နေတုန်းပဲ။ ဒါပေမယ့် ပိုင်လီတောင်ပေါ်မတတ်ခင်မှာ သူကပိုင်လီကိုတားချင်တာကြောင့်စကားတွေအများကြီးပြောခဲ့ရတယ်။ ရလဒ်ကတော့ သူပိုင်လီကိုစကားပြောဖို့ နည်းနည်းသတ္တိရှိလာတာပါပဲ။
"မဟုတ် မဟုတ်ပါဘူး ကျွန်တော်မအိပ်သေးဘူး"
ဒါကိုကြားတော့ ပိုင်လီကအဓိကအချက်ကိုဖမ်းလိုက်ပြီး...
"ဒီချိန်ထိမအိပ်သေးဘူးလား နောက်တစ်နေ့တောင်ရောက်တော့မှာလေ"
ပိုင်လီက အခု သူ့ကိုယ်ပေါ်ကသွေးခြောက်တွေကိုဆေးကျောဖို့ ရေတွင်းဆီသွားနေတာဖြစ်ပြီး ရှောင်ဟန်က နောက်ကနေ မီးခွက်လေးကိုင်ပြီး လိုက်လာနေတာဖြစ်သည်။ ပိုင်လီရဲ့စကားက ရှင်းရှင်းလင်းလင်းကြီးဆိုပေမယ့် သူ့နောက်က မီးရောင်ပြရင်း ကပ်လိုက်လာတဲ့ ကောင်လေးဆီကတော့ ပိုင်လီကအဖြေပြန်မရခဲ့ပါဘူး။ ဒါကြောင့်သူက နောက်လှည့်ကြည့်လိုက်တော့ ထိုကောင်လေးက မြေကြီးကိုကြည့်နေရင်း ဘာမှမသိတဲ့မျက်နှာမျိုးလေးဖြစ်နေတာကိုတွေ့ခဲ့ရတယ်။
ပိုင်လီက ဒါကိုမြင်တဲ့အခါ အော်ရယ်မိတော့မလိုပါပဲ။
သူက ရှောင်ဟန်မှာ ခေါင်းမာတဲ့အကျင့်လေးရှိတယ်လို့ သတိထားမိခဲ့ပြီးပေမယ့် ဒီကောင်လေးက အခုလိုသူမပြောချင်တာမျိုးရှိလာတဲ့အခါကျရင် ဘာမှမသိတဲ့မျက်နှာမျိုးလေးနဲ့ မသိချင်ယောင်ဆောင်နေတတ်မယ်လို့တော့ မထင်ခဲ့မိတာအမှန်ပဲ။ ပိုင်လီက ရှောင်ဟန်က သူ့ကို ဒီလိုမျိုးသူ့အကျင့်လေးတွေထုတ်ပြလာတဲ့အထိ အကြောက်လျော့လာတာကိုတွေ့တဲ့အခါ စိတ်သက်သာရာရသလိုခံစားခဲ့ရပြီး ရှောင်ဟန်မပြောချင်ရင်တောင်ကိစ္စမရှိပါဘူး။ သူခန့်မှန်းကြည့်နိုင်တာပဲလေ။
သူထင်တာသာမမှားရင် ဒီကောင်လေးက အိမ်မှာဦးစီးမရှိနေလို့ စိုးရိမ်ပြီးအိပ်မပျော်တာဖြစ်ပါလိမ့်မယ်။
ပိုင်လီက ဒါအတွက် နည်းနည်းအပြစ်ရှိသလိုခံစားလိုက်ရတာကြောင့် မေးလိုက်မိသည်။
"အရင်နှစ်ရက်ကရော မအိပ်ဘူးလား"
ဒါကိုကြားတော့ ဒီကောင်စုတ်လေး ဒီစကားကိုပြန်ချင်ပုံရလာပြီး ခပ်တိုးတိုးလေးပြန်ဖြေလာ၏။
"မဟုတ်ပါဘူး အရင်နှစ်ရက်က အမေနဲ့ရှောင်မိန်ရောရှိပါတယ်"
ထိုအချိန်တွင် သူတို့တွေ ရေတွင်းနားကိုရောက်နေပြီဖြစ်လို့ ပိုင်လီကသစ်သားရေဇလုံထဲရေထည့်ကာမျက်နှာအရင်သစ်လိုက်ပြီးမှ...
"ဒါဆို ဒီနေ့ရော ဘာလို့အမေတို့မရှိတာလဲ"
ပိုင်လီက မော့ဟွာရဲ့အကျင့်ကိုသိသည်။ သူကတစ်ခုခုမဖြစ်ဘဲ ရှောင်ဟန်တို့ကို ထားသွားမှာမဟုတ်လောက်ဘူး။ ပြီးတော့ နှစ်ရက်တောင် အဖော်လာနေပြီးသွားပြီလေ ဘာလို့ သုံးရက်မြောက်နေ့မှပြန်သွားရတာလဲ။ တွေးကြည့်စရာမလိုပဲတောင် တစ်ခုခုဖြစ်ကြောင့်ဆိုတာသိသာနေတယ်။
ဒါပေမယ့် ပိုင်လီကဒီစကားအတွက်လည်း ရှောင်ဟန်ဆီကအဖြေပြန်မရခဲ့ပေ။ အဲဒီအစား ရှောင်ဟန်က ဒီစကားကို မကြားလိုက်သလိုဖြင့် အရိုးခံမျက်နှာလေးနှင့် ပိုင်လီအလင်းရောင်ကောင်းကောင်းမြင်ရရန်မီးခွက်ကိုကိုင်ထားရင်းက နေရာပင်ပြောင်းခဲ့သေးသည်။
ပိုင်လီက သူ့မျက်နှာပေါ်က ရေတွေကိုသပ်ချလိုက်ရင်း မရယ်ပဲမနေနိုင်ခဲ့ဘူး။ ဒီကောင်စုတ်လုံးကအရမ်းရဲတင်းလာတာပဲကွာ။
ဒါပေမယ့် သူ့မှာ ဒီလိုကောင်လေးကို ပြောထွက်လာစေမယ့်နည်းလမ်းတွေ အများကြီးရှိနေပါတယ်။
ဒါကြောင့် ပိုင်လီက ခြေထောက်တွေဆေးဖို့ပြင်နေရင်းက အမှုမထားသလိုဖြင့်...
"ကိုယ်က ပိုင်အိမ်များ တစ်ခုခုဖြစ်နေလား စိုးရိမ်လို့ပါ အမေက အိမ်မှာတစ်ခုခုမဖြစ်ရင် မင်းနဲ့အသေးလေးတွေကိုထားခဲ့မှာမဟုတ်ဘူးလေ အိမ်ကတစ်ယောက်ယောက်များနေမကောင်းလို့လား "
ရှောင်ဟန်က ဒါကိုကြားတော့ နှုတ်ခမ်းကိုကိုက်လိုက်မိ၏။ အစက သူကကျိုးရှီနဲ့စုရှီကြောင့်ဟု မပြောချင်ခဲ့ပေ။ ဘာလို့လည်းဆိုတော့ အဲတာက ပိုင်လီကို ပြန်တိုင်ပြောသလိုကြီးဖြစ်နေမှာစိုးတာရယ် ပြီးတော့ အစထဲက သူတို့တွေက ပိုင်အိမ်ကခွဲထွက်ပြီးသားဖြစ်ပြီး တွေးကြည့်ရင် မိသားစုခွဲကချွေးမနဲ့မြေးတွေထက် အတူတူနေနေပြီး ကိုယ်ဝန်ရှိနေတဲ့ချွေးမတွေကိုဦးစားပေးသင့်တာဆိုတော့ သူကကျိုးစုရှီနဲ့စုရှီကိုအပြစ်မပြောချင်ခဲ့တာကြောင့်လည်းပါဝင်သည်။ ရှောင်ဟန်က အရင်ကကိစ္စလေးတွေကြောင့် သူတို့နဲ့ ပိုင်အိမ်ကချွေးမနှစ်ယောက်နဲ့က အနည်းငယ် အဖုထစ်လေးတွေရှိတာကို သိနေခဲ့တယ်။ ဒါပေမယ့် သူတို့တွေမိသားစုတွေပဲဖြစ်လို့ သူကတော့ ပြဿနာထပ်ဖြစ်မှာကိုမလိုလားခဲ့ဘူး။ ဒါကြောင့် သူက ပိုင်လီကိုလည်း ကျိုးရှီနဲ့စုရှီကြောင့် ပိုင်အမေပြန်သွားရတာလို့ မပြောချင်ခဲ့ဘူး။
ဒါပေမယ့် ပိုင်လီကဒီလိုမျိုးမေးလာတဲ့အခါကျ သူမပြောဘဲမနေနိုင်တော့ပြန်ဘူး။ မဟုတ်လည်း ပိုင်အိမ်က တစ်ယောက်ယောက်ကိုမေးလိုက်တာနဲ့ ပိုင်လီကအကြောင်းရင်းကိုသိသွားမှာပဲလေ။ ဒါကြောင့်ရှောင်ဟန် ခပ်တိုးတိုးလေးနဲ့....
"အဲတာက...တစ်ယောက်ယောက် နေမကောင်းတာမျိုးမဟုတ်ပါဘူး ဒီတိုင်း ပထမယောင်းမနဲ့ တတိယယောင်းမက နည်းနည်းစိုးရိမ်နေလို့ပါ အမေနဲ့ရှောင်မိန်က ဒီကိုရောက်နေတော့လေ အိမ်မှာက ယောင်္ကျားတွေချည်းပဲမလား ဒါဆို သူတို့တစ်ခုခုဆိုရင် ကူပေးနိုင်မယ့်သူမရှိတော့ဘူးလေ ပြီးတော့ သုံးရက်မြောက်နေ့မှပါ ရှေ့နှစ်ရက်တုန်းကဘာမှမပြောခဲ့ဘူးရယ် သူတို့ပြောတာလည်းဟုတ်တယ်လေ သူတို့က ကိုယ်ဝန်တွေနဲ့ဆိုတော့ အမေက အပြင်မှာရက်အကြာကြီးနေတာက သိပ်မကောင်းဘူးလေ"
ပိုင်လီက ရှောင်ဟန် ဒီလောက်စကားအများကြီးကိုတစ်ခါထဲပြောတာမျိုးမတွေ့ဖူးသေးဘူး။ ရှောင်ဟန်ကိုကြည့်ရတာ နည်းနည်းစိုးရိမ်နေပုံရပြီး သူကပိုင်လီအနေနဲ့ ကျိူးရှီနဲ့စုရှီတို့ကိုအထင်မလွဲအောင် ဖာထေးပြောချင်ပုံလည်းရတယ်။
ရှောင်ဟန်မသိတာက ဒီလောက်ဆို ပိုင်လီကဘာတွေဖြစ်ခဲ့မှန်းသဘောပေါက်သွားပြီဆိုတာပါပဲ။ ပိုင်လီက ပိုင်အမေရဲ့အကျင့်နဲ့ ထိုချွေးမတွေရဲ့အကျင့်ကိုသိထားတယ်။ အကယ်၍ အဲဒီနှစ်ယောက်ကသာ အကြောင်းပြချက်အမျိုးမျိုးနဲ အတင်းပြန်မခေါ်ခဲ့ဘူးဆိုရင် ပိုင်အမေက ပြန်လိုက်သွားမှာမဟုတ်ဘူးလေ။
ဒါကြောင့် ပိုင်လီက ဆေးကြောပြီးလို့ အိမ်လေးဆီဦးတည်လိုက်ပြီး ရှောင်ဟန်ကိုလည်းပြောခဲ့သေးရဲ့။
"အမ်း...ဆက်ပြောပါဦး မင်းသူတို့ကိုကာကွယ်ပေးနေတာကို ကိုယ်ထပ်ကြားချင်သေးတယ်"
................................................................
(AN/ အား ဘဲကြီးကကွာ 😭
paid gp မှာ အပိုင်း (57)ထိရောက်ပါပြီ💖)
###
အပိုင္း (၅၂) မုဆိုးႀကီးျပန္လာၿပီ ဇနီးေလးကေတာ့ေပ်ာ္ေနတယ္တဲ့
ေရွာင္ဟန္က တံခါးေခါက္သံၾကားေတာ့ အိမ္ထဲတြင္မီးခြက္ထြန္းၿပီး အဝတ္ခ်ဳပ္ေနတာျဖစ္သည္။
သူက ဒီရက္ေတြမွာ ေကာင္းေကာင္းအိပ္ေပ်ာ္ေလ့မရွိဘူး။ ဒါေၾကာင့္ ညနက္တဲ့ထိအဝတ္ခ်ဳပ္ေနေလ့ရွိၿပီး ဒီေန႕ညတြင္ သူ႕စိတ္အေျခေနက ပိုဆိုးေနတာလည္းျဖစ္သည္။ သူက ဒီေန႕ညမွာ လုံးလုံးကိုအိပ္ခ်င္စိတ္ရွိမေနတာေၾကာင့္ သန္းေခါင္ေက်ာ္တဲ့ထိ အဝတ္ခ်ဳပ္ေနခဲ့ၿပီး အခ်ိန္မေတာ္ခ်ိန္တြင္ တံခါးေခါက္သံသဲ့သဲ့ကိုၾကားလိုက္ရေသာအခါ သူကအဝတ္ျခင္းကိုတင္းတင္းဆုပ္ကိုင္သြားမိခဲ့၏။
ဒီေန႕အိမ္မွာ ေရွာင္ဟန္နဲ႕ အေသးေလးေတြပဲရွိေနၿပီး ေရွ႕ႏွစ္ရက္ကလို ပိုင္အေမနဲ႕ပိုင္မိန္က သူတို႔နဲ႕အတူရွိမေနခဲ့ေပ။ အေၾကာင္းမွာ ေမာ့ဟြာႏွင့္ပိုင္မိန္က ႏွစ္ရက္ဆက္တိုက္ ေရွာင္ဟန္တို႔ႏွင့္ေနၿပီးေနာက္တြင္ က်ိဳးရွီႏွင့္စုရွီသည္ ၎တို႔၏ကိုယ္ဝန္ေတြကိုအေၾကာင္းျပကာ တစ္ခုခုဆိုပါက အိမ္တြင္ ကူညီေပးမည့္မိန္းမသားမရွိဘူးဟုဆိုကာ ငိုယိုက်လ်က္လာေခၚသျဖင့္ ပိုင္အေမက မတတ္နိုင္ဘဲလိုက္သြားေပးခဲ့ရရွာ၏။ အစမွာေတာ့ ပိုင္အေမက ျပန္လိုက္သြားဖို႔ ေတြေဝေနၿပီး သူမက သူမရဲ႕ေျမးေတြနဲ႕ ဒုတိယေခြၽးမကို တစ္ေယာက္ထဲထားခဲ့ဖို႔ စိတ္မခ်ျဖစ္ေနေသာ္လည္း ေရွာင္ဟန္က သူတို႔ေတြအဆင္ေျပေၾကာင္း အထပ္ထပ္ေျပာခဲ့၍သာ ျပန္လိုက္သြားခဲ့ရတာလည္းျဖစ္သည္။
တကယ္ေတာ့ ပုံမွန္ဆိုရင္ သူတို႔ခ်ည္းပဲလည္း ေနရဲပါတယ္။ ဒါေပမယ့္ အခု သူတို႔အိမ္မွာက ပိုင္လီစုဝယ္ထားတဲ့ပစၥည္းေတြကပုံေနၿပီး ပိုင္လီအိမ္မွာမရွိတာကိုသိလို႔ အခြင့္ေကာင္းယူကာ သူခိုးကပ္မွာကို ေၾကာက္ေနရတာျဖစ္၏။ အရင္ကလိုဆိုရင္တာ့ ပိုင္အိမ္နဲ႕ ေရွာင္ဟန္တို႔က သူတို႔႐ြာက ေအးခ်မ္းၿပီး ရိုးသားတဲ့သူေတြပဲျပည့္ေနလို႔ စိတ္ေအးလက္ေအးေနေနမွာေပမယ့္ ေရွာင္မိသားစုကိစၥနဲ႕ ဝမ္မိသားစုရဲ႕ကိစၥအၿပီးမွာေတာ့ ပိုင္လီတြင္ ႐ြာထဲ၌အဆင္မေျပသူတခ်ိဳ႕ရွိလာခဲ့ၿပီး သူတို႔အေနနဲ႕ သတိထားတာကသာ အေကာင္းဆုံးျဖစ္မယ္ဟုေတြးခဲ့က်သည္။
ဒါေၾကာင့္ ေရွာင္ဟန္က ဒီေန႕ညမွာ လုံးဝမအိပ္ခ်င္ေနခဲ့ပါဘူး။
ေနာက္ထပ္ သူ႕ကိုအိပ္မေပ်ာ္ေစတဲ့အခ်က္ကေတာ့ ဒီေန႕က ပိုင္လီေတာင္ေပၚတတ္သြားတာ သုံးရက္ေျမာက္ေန႕ျဖစ္ၿပီး ဒီညေက်ာ္သြားပါက ေလးရက္ေျမာက္ကိုေရာက္သြားေတာ့မည္ဟူသည့္ စိတ္ေၾကာင့္ပါပင္။
ပိုင္လီက သူ႕ကို သုံးေလးရက္လို႔ေျပာသြားေပမယ့္ ပိုင္အိမ္နဲ႕ ေရွာင္ဟန္ရဲ႕စိတ္ရွည္မႈကေတာ့ သုံးရက္ထိပါပဲ။ မနက္ျဖန္မွ ပိုင္လီျပန္ေရာက္မလာေသးရင္ ပိုင္အေဖက အႀကီးကဲက်န္းကို ငယ္႐ြယ္တဲ့႐ြာသားေတြစုၿပီး ပိုင္လီကိုလိုက္ရွာမယ္လို႔ ေျပာေနတာကိုသူၾကားခဲ့ရၿပီး ေရွာင္ဟန္ကလည္း အဝတ္ခ်ဳပ္ေနခဲ့ေပမယ့္ သူ႕စိတ္ေတြကေတာ့ အကယ္၍ ပိုင္လီသာအိမ္ျပန္မလာနိုင္ခဲ့ရင္ ဆိုတဲ့အေတြးေတြပဲ ဝင္ဝင္လာေနတာျဖစ္သည္။ မနက္ျဖန္ေနျမင့္လို႔မွ ပိုင္လီျပန္မလာေသးရင္ သူလည္း ဆက္ၿပီးတည္ၿငိမ္နိုင္မယ္လို႔မထင္ေတာ့ပါဘူး။
သူက ပိုင္လီကို ေၾကာက္ပါတယ္။ ဒါေပမယ့္ သူက ပိုင္လီကိုလိုအပ္ၿပီး သူ႕ရဲ႕သားေတြကလည္း ပိုင္လီကိုအပ္တယ္ေလ။ ခင္ပြန္းသည္မရွိေတာ့တဲ့ ဇနီးတစ္ေယာက္နဲ႕ ဖခင္အရင္းမရွိေတာ့တဲ့ ငယ္ေသးတဲ့ေကာေလးေတြက ဘယ္လိုလုပ္မ်ား ေရွ႕ဆက္ ေကာင္းမြန္စြာရပ္တည္နိုင္ေတာ့မွာလဲ။
ဒါေၾကာင့္ ေရွာင္ဟန္က ဒီေန႕ညမကုန္ခင္ ပိုင္လီျပန္လာဖို႔ကို တိတ္တိတ္ေလးေမွ်ာ္ေနခဲ့ေပမယ့္ ညသန္းေခါင္ကိုေက်ာ္လြန္လာတဲ့အခါ သူ႕ရဲ႕ေမွ်ာ္လင့္ခ်က္ေတြကလည္း တေျဖးေျဖးေလ်ာ့ရဲလာခဲ့ေတာ့သည္။
အဲဒီအခ်ိန္မွာပဲ သူကတံခါးေခါက္သံကိုၾကားလိုက္ခဲရတာျဖစ္ၿပီး ေရွာင္ဟန္က လူစိမ္းတစ္ေယာက္ေယာက္ထင္လို႔ လန့္သြားေပမယ့္ ပိုင္လီမ်ားလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေရးေရးေလးလည္းရွိေနတာေၾကာင့္ တံခါးေခါက္သံကို အာ႐ုံစိုက္နားေထာင္ၾကည့္တဲ့အခါ တံခါးေခါက္သံက သိပ္မျပင္းပဲ အၿမဲတမ္းသုံးခ်က္ပဲေခါက္တတ္ကာ တံခါးေခါက္သံသုံးခ်က္ထြက္ေပၚလာအၿပီးတြင္ ခဏေလာက္ၿငိမ္သြားၿပီးမွ ျပန္ျပန္ထြက္ေပၚလာတာမ်ိဳးျဖစ္ေနသည္ကို သိရွိသြားခဲ့သည္။
ပိုင္လီက သူ႕ကိုညအခ်ိန္မေတာ္မွျပန္ေရာက္ရင္ ဒီလိုအခ်က္ေပးမယ္လို႔ မမွာခဲ့ေပမယ့္ ပိုင္လီရဲ႕ေနာက္ပိုင္းသြားလဲသြားတဲ့ အမူက်င့္ေတြအရ ဒါကပိုင္လီျဖစ္နိုင္တယ္လို႔ ေရွာင္ဟန္ကေတာ့ထင္ေနမိတုန္းပါပဲ။ သူကဒီခံစားခ်က္ကိုေတာ့ရွင္းမျပနိုင္ဘူး။
ေရွာင္ဟန္က တံခါးေခါက္သံထြက္လာတဲ့ အေနာက္တံခါးနားသြားကာ မည္သူမွန္းအတည္ျပဳခ်င္ပါေသာ္လည္း သူကနည္းနည္းစိုးရိမ္ေနသျဖင့္ သြားရင္ေကာင္းမလားကိုစဥ္းစားရင္း အခ်ိန္ အေတာ္ေလးၾကာသြားခဲ့သည္။ ဒါေပမယ့္ တံခါးေခါက္သံကေတာ့စိတ္မရွည္လာပုံမရဘဲ ေအးေအးေဆးေဆးျဖစ္ေနတုန္းပါပဲ။ ဒါကိုသတိျပဳမိေတာ့ ေရွာင္ဟန္က ေနာက္ပိုင္း အရမ္းကိုေအးေဆးလာပုံရတဲ့ ပိုင္လီရဲ႕အျပဳမူေတြကိုသတိရသြားၿပီး သူကပိုင္လီျဖစ္နိုင္သည္ဟု ပိုယုံၾကည္လာသျဖင့္ အံႀကိတ္ကာ မီးခြက္ကိုယူၿပီး အိမ္ရဲ႕အေနာက္တံခါးဆီကို ခ်ည္းကပ္သြားေတာ့သည္။
ညကအရမ္းတိတ္ဆိတ္ၿပီး လေရာင္သဲ့သဲ့ပဲရွိတယ္။ ထပ္ၿပီးေဆာင္းတြင္းဝင္လာေတာ့ ဒီလိုအရမ္းေစာေသးတဲ့အခ်ိန္မွာ နည္းနည္းေအးစိမ့္စိမ့္လည္းျဖစ္ေနရဲ႕။
ေရွာင္ဟန္က မီးခြက္ေလးကိုတစ္ဖက္က ကိုင္ၿပီးေျခလွမ္းတိုင္းကိုအသံမထြက္ေအာင္ ဂ႐ုစိုက္ေနေပမယ့္ တံခါးရဲ႕တစ္ဖက္ကလူကေတာ့ သူ႕ကိုသတိထားမိသြားပုံပါပဲ။ သူတခါးနဲ႕အရမ္းမႏွီးေသးတာေတာင္ တံခါးေခါက္သံကရပ္သြားၿပီး ေမးသံခပ္တိုးတိုးထြက္ေပၚလာခဲ့တယ္။
"ေရွာင္ဟန္လား.."
ေရွာင္ဟန္က ပိုင္လီရဲ႕အသံကို မမွတ္မိစရာမရွိတဲ့အတြက္ သူကပိုင္လီရဲ႕အသံကိုၾကားတဲ့အခါ အရမ္းေပ်ာ္သြားသလိုပဲ။ ဒါေၾကာင့္သူက အလွ်င္ျမန္ေမးလိုက္မိတယ္။
"ခင္ဗ်ားလား...ခင္ဗ်ားျပန္လာလား"
ပိုင္လီက တစ္ဖက္လူရဲ႕ ေပ်ာ္႐ႊင္သြားတဲ့ေလသံကိုၾကားတဲ့အခါ ဘာေၾကာင့္မွန္းမသိေပမယ့္ သူလည္းၿပဳံးမိသြားခဲ့သည္။ သူက သူေတာထဲမသြားခင္မွာ ဒီေကာင္ေလးက အရမ္းမလိုလားေနတာကိုေတြ႕ခဲ့ရၿပီး အကယ္၍ သူျပန္လာရင္ေတာင္ သူ႕ကိုအနည္းငယ္စိတ္ဆိုးေနေလာက္မယ္ဟုထင္ေနခဲ့တာျဖစ္၏။ သို႔ေသာ္ ယခုလို တစ္ဖက္လူက သူျပန္လာတဲ့အတြက္ေပ်ာ္႐ႊင္ပုံရသြားတဲ့အခါ သူ႕ရင္ထဲမွာၾကည္ႏူးမႈလွိုင္းေလးတစ္ခုက လွ်င္ျမန္စြာျဖတ္ေျပးသြားခဲ့သည္။
ၾကည့္ရတာ ဒါက အေဝးကိုအလုပ္သြားၿပီးမွ အိမ္ျပန္ေရာက္တဲ့အခါ ဇနီးသည္ရဲ႕ ေပ်ာ္႐ႊင္စြာႀကိဳဆိုမႈကိုခံရတဲ့ အမ်ိဳးသားေတြရဲ႕ခံစားခ်က္နဲ႕ တူညီေလာက္မယ္ထင္တယ္။
ပိုင္လီက ၿပဳံးရင္းခပ္တိုးတိုးျဖင့္...
"ဟုတ္တယ္...ကိုယ္ပါ ကိုယ့္ကိုတံခါးဖြင့္ေပးပါဦး"
အဲဒီေနာက္ ပိုင္လီကခ်က္ျခင္းပဲတံခါးဖြင့္သံၾကားလိုက္ရၿပီးသူကတံခါးပြက့္မလာအလွ်င္ျမန္ေျပာလိုက္ရသည္။
"ေရွာင္ဟန္မင္းကိုယ့္ခႏၶာကိုယ္ကေနေသြးနံ႕ေတြရလိမ့္မယ္အရမ္းမလန့္သြားနဲ႕အကုန္လုံးကေတာေကာင္ရဲ႕ေသြးေတြခ်ည္းပဲ"
ဒါကိုၾကားေတာ့ ေရွာင္ဟန္ရဲ႕တံခါးဖြင့္ေနတဲ့လက္ကခဏရပ္တန့္သြားပုံရေပမယ့္ တံခါးကအလွ်င္ျမန္ပဲပြင့္လာခဲ့ၿပီး ပိုင္လီကတစ္ဖက္လူကိုျမင္လိုက္ရေတာ့၏။
အစကေတာ့ ပိုင္လီက ေရွာင္ဟန္အိပ္ေနေလာက္မယ္ထင္ထားလို႔ သူကေရွာင္ဟန္ရဲ႕ အိပ္ခ်င္မူးတူးပုံစံေလးကို ျမင္ရလိမ္လို႔ထင္ထားေပမယ့္ တကယ္တမ္းေတြ႕လိုက္ရတာကေတာ့ အရမ္းကိုနိုးၾကားေနတဲ့ေကာေလးကိုပါပဲ။
ပိုင္လီက ခ်က္ျခင္းမ်က္ေမွာင္ႀကဳံ႕သြားေတာ့တယ္။
သူကအိမ္ထဲကိုလွမ္းဝင္ရင္းနဲ႕...
"မင္းအိပ္ေနတာလား ကိုယ့္ေၾကာင့္နိုးသြားတာလား"
ေရွာင္ဟန္က ပိုင္လီနဲ႕ စကားေတြအမ်ားႀကီးေျပာဖို႔ကိုတြန့္ဆုတ္ေနတုန္းပဲ။ ဒါေပမယ့္ ပိုင္လီေတာင္ေပၚမတတ္ခင္မွာ သူကပိုင္လီကိုတားခ်င္တာေၾကာင့္စကားေတြအမ်ားႀကီးေျပာခဲ့ရတယ္။ ရလဒ္ကေတာ့ သူပိုင္လီကိုစကားေျပာဖို႔ နည္းနည္းသတၱိရွိလာတာပါပဲ။
"မဟုတ္ မဟုတ္ပါဘူး ကြၽန္ေတာ္မအိပ္ေသးဘူး"
ဒါကိုၾကားေတာ့ ပိုင္လီကအဓိကအခ်က္ကိုဖမ္းလိုက္ၿပီး...
"ဒီခ်ိန္ထိမအိပ္ေသးဘူးလား ေနာက္တစ္ေန႕ေတာင္ေရာက္ေတာ့မွာေလ"
ပိုင္လီက အခု သူ႕ကိုယ္ေပၚကေသြးေျခာက္ေတြကိုေဆးေက်ာဖို႔ ေရတြင္းဆီသြားေနတာျဖစ္ၿပီး ေရွာင္ဟန္က ေနာက္ကေန မီးခြက္ေလးကိုင္ၿပီး လိုက္လာေနတာျဖစ္သည္။ ပိုင္လီရဲ႕စကားက ရွင္းရွင္းလင္းလင္းႀကီးဆိုေပမယ့္ သူ႕ေနာက္က မီးေရာင္ျပရင္း ကပ္လိုက္လာတဲ့ ေကာင္ေလးဆီကေတာ့ ပိုင္လီကအေျဖျပန္မရခဲ့ပါဘူး။ ဒါေၾကာင့္သူက ေနာက္လွည့္ၾကည့္လိုက္ေတာ့ ထိုေကာင္ေလးက ေျမႀကီးကိုၾကည့္ေနရင္း ဘာမွမသိတဲ့မ်က္ႏွာမ်ိဳးေလးျဖစ္ေနတာကိုေတြ႕ခဲ့ရတယ္။
ပိုင္လီက ဒါကိုျမင္တဲ့အခါ ေအာ္ရယ္မိေတာ့မလိုပါပဲ။
သူက ေရွာင္ဟန္မွာ ေခါင္းမာတဲ့အက်င့္ေလးရွိတယ္လို႔ သတိထားမိခဲ့ၿပီးေပမယ့္ ဒီေကာင္ေလးက အခုလိုသူမေျပာခ်င္တာမ်ိဳးရွိလာတဲ့အခါက်ရင္ ဘာမွမသိတဲ့မ်က္ႏွာမ်ိဳးေလးနဲ႕ မသိခ်င္ေယာင္ေဆာင္ေနတတ္မယ္လို႔ေတာ့ မထင္ခဲ့မိတာအမွန္ပဲ။ ပိုင္လီက ေရွာင္ဟန္က သူ႕ကို ဒီလိုမ်ိဳးသူ႕အက်င့္ေလးေတြထုတ္ျပလာတဲ့အထိ အေၾကာက္ေလ်ာ့လာတာကိုေတြ႕တဲ့အခါ စိတ္သက္သာရာရသလိုခံစားခဲ့ရၿပီး ေရွာင္ဟန္မေျပာခ်င္ရင္ေတာင္ကိစၥမရွိပါဘူး။ သူခန့္မွန္းၾကည့္နိုင္တာပဲေလ။
သူထင္တာသာမမွားရင္ ဒီေကာင္ေလးက အိမ္မွာဦးစီးမရွိေနလို႔ စိုးရိမ္ၿပီးအိပ္မေပ်ာ္တာျဖစ္ပါလိမ့္မယ္။
ပိုင္လီက ဒါအတြက္ နည္းနည္းအျပစ္ရွိသလိုခံစားလိုက္ရတာေၾကာင့္ ေမးလိုက္မိသည္။
"အရင္ႏွစ္ရက္ကေရာ မအိပ္ဘူးလား"
ဒါကိုၾကားေတာ့ ဒီေကာင္စုတ္ေလး ဒီစကားကိုျပန္ခ်င္ပုံရလာၿပီး ခပ္တိုးတိုးေလးျပန္ေျဖလာ၏။
"မဟုတ္ပါဘူး အရင္ႏွစ္ရက္က အေမနဲ႕ေရွာင္မိန္ေရာရွိပါတယ္"
ထိုအခ်ိန္တြင္ သူတို႔ေတြ ေရတြင္းနားကိုေရာက္ေနၿပီျဖစ္လို႔ ပိုင္လီကသစ္သားေရဇလုံထဲေရထည့္ကာမ်က္ႏွာအရင္သစ္လိုက္ၿပီးမွ...
"ဒါဆို ဒီေန႕ေရာ ဘာလို႔အေမတို႔မရွိတာလဲ"
ပိုင္လီက ေမာ့ဟြာရဲ႕အက်င့္ကိုသိသည္။ သူကတစ္ခုခုမျဖစ္ဘဲ ေရွာင္ဟန္တို႔ကို ထားသြားမွာမဟုတ္ေလာက္ဘူး။ ၿပီးေတာ့ ႏွစ္ရက္ေတာင္ အေဖာ္လာေနၿပီးသြားၿပီေလ ဘာလို႔ သုံးရက္ေျမာက္ေန႕မွျပန္သြားရတာလဲ။ ေတြးၾကည့္စရာမလိုပဲေတာင္ တစ္ခုခုျဖစ္ေၾကာင့္ဆိုတာသိသာေနတယ္။
ဒါေပမယ့္ ပိုင္လီကဒီစကားအတြက္လည္း ေရွာင္ဟန္ဆီကအေျဖျပန္မရခဲ့ေပ။ အဲဒီအစား ေရွာင္ဟန္က ဒီစကားကို မၾကားလိုက္သလိုျဖင့္ အရိုးခံမ်က္ႏွာေလးႏွင့္ ပိုင္လီအလင္းေရာင္ေကာင္းေကာင္းျမင္ရရန္မီးခြက္ကိုကိုင္ထားရင္းက ေနရာပင္ေျပာင္းခဲ့ေသးသည္။
ပိုင္လီက သူ႕မ်က္ႏွာေပၚက ေရေတြကိုသပ္ခ်လိဳက္ရင္း မရယ္ပဲမေနနိုင္ခဲ့ဘူး။ ဒီေကာင္စုတ္လုံးကအရမ္းရဲတင္းလာတာပဲကြာ။
ဒါေပမယ့္ သူ႕မွာ ဒီလိုေကာင္ေလးကို ေျပာထြက္လာေစမယ့္နည္းလမ္းေတြ အမ်ားႀကီးရွိေနပါတယ္။
ဒါေၾကာင့္ ပိုင္လီက ေျခေထာက္ေတြေဆးဖို႔ျပင္ေနရင္းက အမႈမထားသလိုျဖင့္...
"ကိုယ္က ပိုင္အိမ္မ်ား တစ္ခုခုျဖစ္ေနလား စိုးရိမ္လို႔ပါ အေမက အိမ္မွာတစ္ခုခုမျဖစ္ရင္ မင္းနဲ႕အေသးေလးေတြကိုထားခဲ့မွာမဟုတ္ဘူးေလ အိမ္ကတစ္ေယာက္ေယာက္မ်ားေနမေကာင္းလို႔လား "
ေရွာင္ဟန္က ဒါကိုၾကားေတာ့ ႏႈတ္ခမ္းကိုကိုက္လိုက္မိ၏။ အစက သူကက်ိဳးရွီနဲ႕စုရွီေၾကာင့္ဟု မေျပာခ်င္ခဲ့ေပ။ ဘာလို႔လည္းဆိုေတာ့ အဲတာက ပိုင္လီကို ျပန္တိုင္ေျပာသလိုႀကီးျဖစ္ေနမွာစိုးတာရယ္ ၿပီးေတာ့ အစထဲက သူတို႔ေတြက ပိုင္အိမ္ကခြဲထြက္ၿပီးသားျဖစ္ၿပီး ေတြးၾကည့္ရင္ မိသားစုခြဲကေခြၽးမနဲ႕ေျမးေတြထက္ အတူတူေနေနၿပီး ကိုယ္ဝန္ရွိေနတဲ့ေခြၽးမေတြကိုဦးစားေပးသင့္တာဆိုေတာ့ သူကက်ိဳးစုရွီနဲ႕စုရွီကိုအျပစ္မေျပာခ်င္ခဲ့တာေၾကာင့္လည္းပါဝင္သည္။ ေရွာင္ဟန္က အရင္ကကိစၥေလးေတြေၾကာင့္ သူတို႔နဲ႕ ပိုင္အိမ္ကေခြၽးမႏွစ္ေယာက္နဲ႕က အနည္းငယ္ အဖုထစ္ေလးေတြရွိတာကို သိေနခဲ့တယ္။ ဒါေပမယ့္ သူတို႔ေတြမိသားစုေတြပဲျဖစ္လို႔ သူကေတာ့ ျပႆနာထပ္ျဖစ္မွာကိုမလိုလားခဲ့ဘူး။ ဒါေၾကာင့္ သူက ပိုင္လီကိုလည္း က်ိဳးရွီနဲ႕စုရွီေၾကာင့္ ပိုင္အေမျပန္သြားရတာလို႔ မေျပာခ်င္ခဲ့ဘူး။
ဒါေပမယ့္ ပိုင္လီကဒီလိုမ်ိဳးေမးလာတဲ့အခါက် သူမေျပာဘဲမေနနိုင္ေတာ့ျပန္ဘူး။ မဟုတ္လည္း ပိုင္အိမ္က တစ္ေယာက္ေယာက္ကိုေမးလိုက္တာနဲ႕ ပိုင္လီကအေၾကာင္းရင္းကိုသိသြားမွာပဲေလ။ ဒါေၾကာင့္ေရွာင္ဟန္ ခပ္တိုးတိုးေလးနဲ႕....
"အဲတာက...တစ္ေယာက္ေယာက္ ေနမေကာင္းတာမ်ိဳးမဟုတ္ပါဘူး ဒီတိုင္း ပထမေယာင္းမနဲ႕ တတိယေယာင္းမက နည္းနည္းစိုးရိမ္ေနလို႔ပါ အေမနဲ႕ေရွာင္မိန္က ဒီကိုေရာက္ေနေတာ့ေလ အိမ္မွာက ေယာကၤ်ားေတြခ်ည္းပဲမလား ဒါဆို သူတို႔တစ္ခုခုဆိုရင္ ကူေပးနိုင္မယ့္သူမရွိေတာ့ဘူးေလ ၿပီးေတာ့ သုံးရက္ေျမာက္ေန႕မွပါ ေရွ႕ႏွစ္ရက္တုန္းကဘာမွမေျပာခဲ့ဘူးရယ္ သူတို႔ေျပာတာလည္းဟုတ္တယ္ေလ သူတို႔က ကိုယ္ဝန္ေတြနဲ႕ဆိုေတာ့ အေမက အျပင္မွာရက္အၾကာႀကီးေနတာက သိပ္မေကာင္းဘူးေလ"
ပိုင္လီက ေရွာင္ဟန္ ဒီေလာက္စကားအမ်ားႀကီးကိုတစ္ခါထဲေျပာတာမ်ိဳးမေတြ႕ဖူးေသးဘူး။ ေရွာင္ဟန္ကိုၾကည့္ရတာ နည္းနည္းစိုးရိမ္ေနပုံရၿပီး သူကပိုင္လီအေနနဲ႕ က်ိဴးရွီနဲ႕စုရွီတို႔ကိုအထင္မလြဲေအာင္ ဖာေထးေျပာခ်င္ပုံလည္းရတယ္။
ေရွာင္ဟန္မသိတာက ဒီေလာက္ဆို ပိုင္လီကဘာေတြျဖစ္ခဲ့မွန္းသေဘာေပါက္သြားၿပီဆိုတာပါပဲ။ ပိုင္လီက ပိုင္အေမရဲ႕အက်င့္နဲ႕ ထိုေခြၽးမေတြရဲ႕အက်င့္ကိုသိထားတယ္။ အကယ္၍ အဲဒီႏွစ္ေယာက္ကသာ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ အတင္းျပန္မေခၚခဲ့ဘူးဆိုရင္ ပိုင္အေမက ျပန္လိုက္သြားမွာမဟုတ္ဘူးေလ။
ဒါေၾကာင့္ ပိုင္လီက ေဆးေၾကာၿပီးလို႔ အိမ္ေလးဆီဦးတည္လိုက္ၿပီး ေရွာင္ဟန္ကိုလည္းေျပာခဲ့ေသးရဲ႕။
"အမ္း...ဆက္ေျပာပါဦး မင္းသူတို႔ကိုကာကြယ္ေပးေနတာကို ကိုယ္ထပ္ၾကားခ်င္ေသးတယ္"
................................................................
(AN/ အား ဘဲႀကီးကကြာ 😭
paid gp မွာ အပိုင္း (57)ထိေရာက္ပါၿပီ)
###