အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

By ChihiroLily7

105K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)

အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်

982 88 0
By ChihiroLily7

အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်

ဘာသာပြန်သူ - ChihiroLily

"ဟေး ရှန်ချန်ရေ ငါဒီဘက်မှာ"

ရှန်ယွဲ့သည် ချန်းမင်ကို အခုလေးတင်မှ ပညာပေးလာပြီးဖြစ်သည်။

သူမသည် စာသင်ဆောင်က ထွက်လာချိန်၌ ရှန်ချန်နှင့် မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။

ရှန်ချန်သည် အချိန်အရမ်းနောက်ကျသည်အထိ ရှန်ယွဲ့က သူ့အား စောင့်နေလိမ့်မည်ဟုတ် မျှော်မထားခဲ့ချေ။ ရှန်ချန်၏နှလုံးသားသည် နွေးထွေးသွားတော့သည်။ သူသည် တစ်ဖက်သို့ မြန်မြန်လှည့်လိုက်ပြီး မျက်ရည်များကိုသုတ်လိုက်ကာ ပြန်လှည့်လာ၏။ သူသည် အားယူကာ ပြုံးလိုက်ပြီးနောက် ပြန်ပြောလိုက်လေသည်။

" အမ သွားစားကြစို့"

ရှန်ချန်နှင့် ယှဥ်လျှောက်လာရင်း ရှန်ယွဲ့သည် သိလိုစိတ်ဖြင့် မေးလိုက်လေသည်။

"ဘာလို့ကျောင်းကနေ အဲလောက်နောက်ကျမှ ထွက်လာတာလဲ၊ တစ်ခုခုက နင့်ကို နှောင့်ယှက်နေလို့လား"

ငါလေးက ချန်းမင် ပြဿနာလာရှာလို့ နောက်ကျတာလေ။ ဧကန္တ တစ်ယောက်ယောက် ရှန်ချန်ကို ပြဿနာရှာနေလို့များလား။

ရှန်ချန်သည် ရှန်ယွဲ့အား သူ၏မကောင်းသည့်ခံစားချက်ကို မပေးလိုချေ။ အကြောင်းမှာ သူမအား ပြောပြလိုက်လျှင် သူမ၏ခံစားချက် ပိုသိမ်ငယ်သွားမည်ကို သိနေသောကြောင့်ပင်။

သူသည် ဝမ်းနည်းမှုများကို စိတ်ထဲတွင်သာ မြှုပ်ထားလိုက်ပြီး ခေါင်းခါပြလိုက်၏။

" ငါ ပုစ္ဆာတစ်ချို့ကို အဖြေရှာမရလို့လေ၊ စဥ်းစားရင်းနဲ့ ကြာသွားတာ"

သူမ၏သနားစရာမောင်လေးသည် စိတ်မကောင်းဖြစ်နေသော်လည်း သူမကို မပြောပြချင်ဖြစ်နေသည်ကို ခံစားမိသဖြင့် ရှန်ယွဲ့သည် ထပ်မမေးတော့ချေ။ ရှန်ချန်သည် သူမအား မပြာပြချင်ဖြစ်နေသဖြင့် သူမသည် နောက်တစ်ခါအားသည့်အချိန်ကျလျှင် ရှန်ချန်၏အခန်းသို့ သွားစစ်ဆေးရပေလိမ့်မည်။

သို့နှင့် ရှန်ယွဲ့သည် နားလည်မှုဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြန်ပြောလိုက်တော့သည်။

" အင်းပါ ဒီည အိမ်ပြန်ရောက်ရင် ငါနင့်ကို သင်ပေးမယ်နော်"

"အင်း"

ရှန်ချန်သည် နာနာခံခံဖြင့် သဘောတူလိုက်လေသည်။

မောင်နှမနှစ်ယောက်လုံးသည် သူတို့တွင် ဖြစ်ပျက်ခဲ့သည့် ဆိုးရွားသည့်ကိစ္စများကို အချင်းချင်း ပြန်မပြောပြကြချေ။ ထို့အစား သူတို့သည် ကန်တင်းဆီသို့ ဘာမှမပြောဘဲ အတူတူ လျှောက်သွားလိုက်ကြတော့သည်။

ဒီလိုအချိန်ဆိုရင် ကန်တင်းမှာ စားစရာအများကြီး ကျန်တော့မှာမဟုတ်လောက်ဘူးနော်။ ရှန်ယွဲ့သည် ရေရွတ်ရင်း ရှန်ချန်ကို ပုံမှန်အတိုင်း အကဲခတ်ကြည့်လိုက်လေသည်။

သူမသည် သူ့ကိုကြည့်နေရင်းမှ သူမ၏မောင်လေးသည် ကျောင်းတော်၏မင်းသားလေး ယွီဟောက် ထက်ပင် ပိုချောသေးသည်ဟု ရုတ်တရက်ခံစားလိုက်ရတော့သည်။

သူ့အသားအရေက အရမ်းလှတာပဲ။ နေရောင်အောက်မှာတောင် ဖောက်ထွင်းမြင်နိုင်လောက်တယ်။ သူ့နှာတံက မြင့်ပြီး၊ သူ့မျက်လုံးတွေက စူးရှလို့ သူ့နှုတ်ခမ်းပါးလေးတွေ ခန့်ညားနေရောပဲ။ ဒါကမှ တကယ့်ကို ကျောင်းတော်ရဲ့မင်းသားလေးစစ်စစ်ပဲ။

တစ်ခုတည်းသောအပြစ်အနာဆာမှာ ရှန်ချန်၏မျက်ခုံးများကို ဖုံးကွယ်ထားသည့် ရှေ့ဆံပင်ရှည်များသာဖြစ်သည်။ ရှန်မိသားစုသည် အလွန်ဆင်းရဲသဖြင့် ဆိုင်တွင် ဆံပင်ညှပ်ရန် ငွေပိုမရှိချေ။ ထို့ကြောင့် ရှန်ယွဲ့နှင့် ရှန်ချန်တို့သည် ဆံပင်များကို ကိုယ်တိုင်ညှပ်ကြရသည်။ နှစ်ပေါင်းများစွာ သူတို့သည် ဤသို့သော ထူထူထဲထဲ ရုပ်ဆိုးသည့်ဆံပင်ပုံစံ နှင့်နေလာကြလေသည်။

ရှန်ချန်သည် ကောင်လေးများက ရှန်ယွဲ့၏ဉာဏ်ရည်အား ဆက်တိုက်လှောင်ပြောင်နေသည့်ကိစ္စကို ဆက်စဥ်းစားနေမိလေသည်။ သူသည် ပြဿနာဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မေးလိုက်တော့သည်။

" အမ နင်လေ လာမယ့်စာမေးပွဲမှာ ကောင်းကောင်း ဖြေနော်၊ အဲဒီလူတွေ နင့်ကို အထင်သေးခွင့်မပေးနဲ့"

" အင်းပါ ပြဿနာမရှိဘူး"

ရှန်ယွဲ့သည် ချက်ချင်း သဘောတူလိုက်လေသည်။ သူမသည် ဆွန်းလင်နှင်ပင် လောင်းကြေးထပ်ခဲ့သေးသည်။ ဆွန်လင်းက ပြောခဲ့သေသည်။ ရှန်ယွဲ့က တစ်တန်းလုံးတွင် အဆင့်၁ရလျှင် ဆွန်းလင်က သူမ၏ခေါင်းကို ဘောလုံးတစ်လုံးလို ကန်ခွင့်ပေးမည်တဲ့။

ထိုရယ်စရာမြင်ကွင်းကို စဥ်းစားမိလိုက်ပြီးနောက် ရှန်ယွဲ့သည် အော်ရယ်လေတော့သည်။

ရှန်ယွဲ့သည် စိတ်ထဲတွင် အလေးမထားသည်ကို မြင်လိုက်ရပြီးနောက် ရှန်ချန်သည် စိုးရိမ်တကြီး ပြောလိုက်လေသည်။

" အမ နင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရမှာနော်၊ ကောလိပ်ဝင်ခွင့်စာမေးပွဲက ငါတို့လို မိသားစုက ခလေးတွေအတွက် အရမ်းအရေးကြီးတယ်၊ နင် အကောင်းဆုံးလုပ်မှာမလား"

ရှန်ချန်၏စိတ်ပူနေသည့် စကားလုံးများကို ကြားလိုက်ပြီး ရှန်ယွဲ့သည် သူမ၏မျက်နှာထားကို တည်လိုက်ကာ ရှန်ချန်၏စိုးရိမ်နေသည့်မျက်လုံးများ ကြည့်လိုက်ပြီး ကတိပေးလိုက်လေသည်။

" မစိုးရိမ်ပါနဲ့ ငါ အကောင်းဆုံးလုပ်မှာပါ"

ငါလေးအတွက်တော့ ကောလိပ်ဝင်ခွင့်စာမေးပွဲက လွယ်လွယ်လေး ပြီးသွားနိုင်တဲ့ကိစ္စပဲလေ။ အခွင့်အရေးတစ်ခုရှိနေမှတော့ ဘာလို့မလုပ်ရမှာတဲ့လဲ။

ရှန်ယွဲ့က အာမခံလိုက်သဖြင့် ရှန်ချန်သည် စိတ်အေးသွားပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြည်းဖြည်းချင်းပေါ်လာတော့သည်။

သူတို့သည် ကန်တင်းသို့ရောက်လာချိန်တွင် ပြတင်းပေါက်များတွင် တန်းစီနေသည့်လူများစွာရှိနေသေးသည်။ မောင်နှမနှစ်ယောက်သည် လူခွဲလိုက်၏။ ရှန်ယွဲ့သည် သူမ၏ ဝတ်ချနေသည့်အစီအစဥ်ကို စဥ်းစားလိုက်ပြီး သက်သက်လွတ်အတန်းဆီသွားလိုက်စဥ် ရှန်ချန်က တခြားဘက်သို့ သွားလိုက်လေသည်။

အသီးအရွက်တစ်ပန်းကန်နှင့် ထမင်းနည်းနည်းတစ်ပန်ကန် ယူလာပြီးနောက် ရှန်ယွဲ့သည် တခြားလူများ၏ ထူးဆန်းသည့်အကြည့်များကို လျစ်လျူရှုကာ ငွေချေရန် ကောင်တာသို့ တည်တည်ငြိမ်ငြိမ် လျှောက်လာလိုက်တော့သည်။

အစားအစာသည် ၄.၆၀ယွမ်သာ ကျသင့်လေသည်။ သို့သော် မူလပိုင်ရှင်၏အစားအသောက်ကတ်ထဲတွင် ထိုပမာဏကို မတတ်နိုင်ဖြစ်နေ၏။ ရှန်ယွဲ့ အနည်းငယ် အံ့ဩသွားတော့သည်။

သူမရဲ့မှတ်ဉာဏ်အရဆိုရင် ပိုင်ရှင်ရဲ့အစားအသောက်ကတ်က လဝက်တိုင်း ယွမ်၅၀ ရှိတာလေ။ ငွေတစ်ချို့တော့ ကျန်ရအုံးမှာမလား။

သူမ ရုတ်တရက် မှတ်မိသွားတော့သည်။ မူလပိုင်ရှင် ရေထဲမကျခင်က သူ့ညီမ ရှန်ရှင်းသည် သူမ၏ကတ်ကို တစ်ရက်ငှားသွားသေးည်။

ရှန်ရှင်းက မူလပိုင်ရှင်ရဲ့ အစားအသောက်ကတ်ထဲက ငွေအားလုံးကို သုံးလိုက်တာလား။

ရှန်ယွဲ့သည် အတွေးနစ်နေစဥ် ကန်တင်းက အန်တီသည် သူမ၏ဇွန်းကို ခေါက်လိုက်ကာ တိုက်တွန်းလိုက်လေသည်။

"မြန်မြန်လုပ်လေ၊ ငွေချေတော့၊ အစားအသောက်ကတ်ထဲမှာ ပိုက်ဆံမရှိတော့ရင် ပိုက်ဆံထုတ်ချေလိုက်လေ၊ အချိန်ဆွဲမနေနဲ့"

ရှန်ယွဲ့သည် သူမ၏ခန္ဓာကိုယ်ကို အူကြောင်ကြောင်ဖြင့် ထိလိုက်ပြီးမှ မူလပိုင်ရှင်သည် အလွန်ဆင်းရဲသဖြင့် သူမတွင် ငွေအကြွေပင်မရှိကြောင်း သိလိုက်ရတော့သည်။ ဒါသည် အနေရခက်လှပေတော့သည်။

....


Zawgyi

အပိုင္း (၂၀) ေက်ာင္းေတာ္ရဲ႕မင္းသားေလးထပ္ေတာင္ပိုေခ်ာေသးတယ္

ဘာသာျပန္သူ - Chihirolily

"ေဟး ရွန္ခ်န္ေရ ငါဒီဘက္မွာ"

ရွန္ယြဲ႕သည္ ခ်န္းမင္ကို အခုေလးတင္မွ ပညာေပးလာၿပီးျဖစ္သည္။

သူမသည္ စာသင္ေဆာင္က ထြက္လာခ်ိန္၌ ရွန္ခ်န္ႏွင့္ မေမွ်ာ္လင့္ဘဲ ေတြ႕လိုက္ရသည္။

ရွန္ခ်န္သည္ အခ်ိန္အရမ္းေနာက္က်သည္အထိ ရွန္ယြဲ႕က သူ႔အား ေစာင့္ေနလိမ့္မည္ဟုတ္ ေမွ်ာ္မထားခဲ့ေခ်။ ရွန္ခ်န္၏ႏွလုံးသားသည္ ေႏြးေထြးသြားေတာ့သည္။ သူသည္ တစ္ဖက္သို႔ ျမန္ျမန္လွည့္လိုက္ၿပီး မ်က္ရည္မ်ားကိုသုတ္လိုက္ကာ ျပန္လွည့္လာ၏။ သူသည္ အားယူကာ ၿပဳံးလိုက္ၿပီးေနာက္ ျပန္ေျပာလိုက္ေလသည္။

" အမ သြားစားၾကစို႔"

ရွန္ခ်န္ႏွင့္ ယွဥ္ေလွ်ာက္လာရင္း ရွန္ယြဲ႕သည္ သိလိုစိတ္ျဖင့္ ေမးလိုက္ေလသည္။

"ဘာလို႔ေက်ာင္းကေန အဲေလာက္ေနာက္က်မွ ထြက္လာတာလဲ၊ တစ္ခုခုက နင့္ကို ေႏွာင့္ယွက္ေနလို႔လား"

ငါေလးက ခ်န္းမင္ ျပႆနာလာရွာလို႔ ေနာက္က်တာေလ။ ဧကႏၲ တစ္ေယာက္ေယာက္ ရွန္ခ်န္ကို ျပႆနာရွာေနလို႔မ်ားလား။

ရွန္ခ်န္သည္ ရွန္ယြဲ႕အား သူ၏မေကာင္းသည့္ခံစားခ်က္ကို မေပးလိုေခ်။ အေၾကာင္းမွာ သူမအား ေျပာျပလိုက္လွ်င္ သူမ၏ခံစားခ်က္ ပိုသိမ္ငယ္သြားမည္ကို သိေနေသာေၾကာင့္ပင္။

သူသည္ ဝမ္းနည္းမႈမ်ားကို စိတ္ထဲတြင္သာ ျမႇဳပ္ထားလိုက္ၿပီး ေခါင္းခါျပလိုက္၏။

" ငါ ပုစာၦတစ္ခ်ိဳ႕ကို အေျဖရွာမရလို႔ေလ၊ စဥ္းစားရင္းနဲ႔ ၾကာသြားတာ"

သူမ၏သနားစရာေမာင္ေလးသည္ စိတ္မေကာင္းျဖစ္ေနေသာ္လည္း သူမကို မေျပာျပခ်င္ျဖစ္ေနသည္ကို ခံစားမိသျဖင့္ ရွန္ယြဲ႕သည္ ထပ္မေမးေတာ့ေခ်။ ရွန္ခ်န္သည္ သူမအား မျပာျပခ်င္ျဖစ္ေနသျဖင့္ သူမသည္ ေနာက္တစ္ခါအားသည့္အခ်ိန္က်လွ်င္ ရွန္ခ်န္၏အခန္းသို႔ သြားစစ္ေဆးရေပလိမ့္မည္။

သို႔ႏွင့္ ရွန္ယြဲ႕သည္ နားလည္မႈျဖင့္ ေခါင္းညိတ္ျပလိုက္ၿပီး ျပန္ေျပာလိုက္ေတာ့သည္။

" အင္းပါ ဒီည အိမ္ျပန္ေရာက္ရင္ ငါနင့္ကို သင္ေပးမယ္ေနာ္"

"အင္း"

ရွန္ခ်န္သည္ နာနာခံခံျဖင့္ သေဘာတူလိုက္ေလသည္။

ေမာင္ႏွမႏွစ္ေယာက္လုံးသည္ သူတို႔တြင္ ျဖစ္ပ်က္ခဲ့သည့္ ဆိုး႐ြားသည့္ကိစၥမ်ားကို အခ်င္းခ်င္း ျပန္မေျပာျပၾကေခ်။ ထို႔အစား သူတို႔သည္ ကန္တင္းဆီသို႔ ဘာမွမေျပာဘဲ အတူတူ ေလွ်ာက္သြားလိုက္ၾကေတာ့သည္။

ဒီလိုအခ်ိန္ဆိုရင္ ကန္တင္းမွာ စားစရာအမ်ားႀကီး က်န္ေတာ့မွာမဟုတ္ေလာက္ဘူးေနာ္။ ရွန္ယြဲ႕သည္ ေရ႐ြတ္ရင္း ရွန္ခ်န္ကို ပုံမွန္အတိုင္း အကဲခတ္ၾကည့္လိုက္ေလသည္။

သူမသည္ သူ႔ကိုၾကည့္ေနရင္းမွ သူမ၏ေမာင္ေလးသည္ ေက်ာင္းေတာ္၏မင္းသားေလး ယြီေဟာက္ ထက္ပင္ ပိုေခ်ာေသးသည္ဟု ႐ုတ္တရက္ခံစားလိုက္ရေတာ့သည္။

သူ႔အသားအေရက အရမ္းလွတာပဲ။ ေနေရာင္ေအာက္မွာေတာင္ ေဖာက္ထြင္းျမင္ႏိုင္ေလာက္တယ္။ သူ႔ႏွာတံက ျမင့္ၿပီး၊ သူ႔မ်က္လုံးေတြက စူးရွလို႔ သူ႔ႏႈတ္ခမ္းပါးေလးေတြ ခန္႔ညားေနေရာပဲ။ ဒါကမွ တကယ့္ကို ေက်ာင္းေတာ္ရဲ႕မင္းသားေလးစစ္စစ္ပဲ။

တစ္ခုတည္းေသာအျပစ္အနာဆာမွာ ရွန္ခ်န္၏မ်က္ခုံးမ်ားကို ဖုံးကြယ္ထားသည့္ ေရွ႕ဆံပင္ရွည္မ်ားသာျဖစ္သည္။ ရွန္မိသားစုသည္ အလြန္ဆင္းရဲသျဖင့္ ဆိုင္တြင္ ဆံပင္ညႇပ္ရန္ ေငြပိုမရွိေခ်။ ထို႔ေၾကာင့္ ရွန္ယြဲ႕ႏွင့္ ရွန္ခ်န္တို႔သည္ ဆံပင္မ်ားကို ကိုယ္တိုင္ညႇပ္ၾကရသည္။ ႏွစ္ေပါင္းမ်ားစြာ သူတို႔သည္ ဤသို႔ေသာ ထူထူထဲထဲ ႐ုပ္ဆိုးသည့္ဆံပင္ပုံစံ ႏွင့္ေနလာၾကေလသည္။

ရွန္ခ်န္သည္ ေကာင္ေလးမ်ားက ရွန္ယြဲ႕၏ဉာဏ္ရည္အား ဆက္တိုက္ေလွာင္ေျပာင္ေနသည့္ကိစၥကို ဆက္စဥ္းစားေနမိေလသည္။ သူသည္ ျပႆနာျဖစ္ခဲ့ရသည္။ ေနာက္ဆုံးတြင္ မေနႏိုင္ေတာ့ဘဲ ေမးလိုက္ေတာ့သည္။

" အမ နင္ေလ လာမယ့္စာေမးပြဲမွာ ေကာင္းေကာင္း ေျဖေနာ္၊ အဲဒီလူေတြ နင့္ကို အထင္ေသးခြင့္မေပးနဲ႔"

" အင္းပါ ျပႆနာမရွိဘူး"

ရွန္ယြဲ႕သည္ ခ်က္ခ်င္း သေဘာတူလိုက္ေလသည္။ သူမသည္ ဆြန္းလင္ႏွင္ပင္ ေလာင္းေၾကးထပ္ခဲ့ေသးသည္။ ဆြန္လင္းက ေျပာခဲ့ေသသည္။ ရွန္ယြဲ႕က တစ္တန္းလုံးတြင္ အဆင့္၁ရလွ်င္ ဆြန္းလင္က သူမ၏ေခါင္းကို ေဘာလုံးတစ္လုံးလို ကန္ခြင့္ေပးမည္တဲ့။

ထိုရယ္စရာျမင္ကြင္းကို စဥ္းစားမိလိုက္ၿပီးေနာက္ ရွန္ယြဲ႕သည္ ေအာ္ရယ္ေလေတာ့သည္။

ရွန္ယြဲ႕သည္ စိတ္ထဲတြင္ အေလးမထားသည္ကို ျမင္လိုက္ရၿပီးေနာက္ ရွန္ခ်န္သည္ စိုးရိမ္တႀကီး ေျပာလိုက္ေလသည္။

" အမ နင္ ေကာလိပ္ဝင္ခြင့္စာေမးပြဲ ေျဖရမွာေနာ္၊ ေကာလိပ္ဝင္ခြင့္စာေမးပြဲက ငါတို႔လို မိသားစုက ခေလးေတြအတြက္ အရမ္းအေရးႀကီးတယ္၊ နင္ အေကာင္းဆုံးလုပ္မွာမလား"

ရွန္ခ်န္၏စိတ္ပူေနသည့္ စကားလုံးမ်ားကို ၾကားလိုက္ၿပီး ရွန္ယြဲ႕သည္ သူမ၏မ်က္ႏွာထားကို တည္လိုက္ကာ ရွန္ခ်န္၏စိုးရိမ္ေနသည့္မ်က္လုံးမ်ား ၾကည့္လိုက္ၿပီး ကတိေပးလိုက္ေလသည္။

" မစိုးရိမ္ပါနဲ႔ ငါ အေကာင္းဆုံးလုပ္မွာပါ"

ငါေလးအတြက္ေတာ့ ေကာလိပ္ဝင္ခြင့္စာေမးပြဲက လြယ္လြယ္ေလး ၿပီးသြားႏိုင္တဲ့ကိစၥပဲေလ။ အခြင့္အေရးတစ္ခုရွိေနမွေတာ့ ဘာလို႔မလုပ္ရမွာတဲ့လဲ။

ရွန္ယြဲ႕က အာမခံလိုက္သျဖင့္ ရွန္ခ်န္သည္ စိတ္ေအးသြားၿပီး သူ႔မ်က္ႏွာေပၚတြင္ အၿပဳံးတစ္ခု ျဖည္းျဖည္းခ်င္းေပၚလာေတာ့သည္။

သူတို႔သည္ ကန္တင္းသို႔ေရာက္လာခ်ိန္တြင္ ျပတင္းေပါက္မ်ားတြင္ တန္းစီေနသည့္လူမ်ားစြာရွိေနေသးသည္။ ေမာင္ႏွမႏွစ္ေယာက္သည္ လူခြဲလိုက္၏။ ရွန္ယြဲ႕သည္ သူမ၏ ဝတ္ခ်ေနသည့္အစီအစဥ္ကို စဥ္းစားလိုက္ၿပီး သက္သက္လြတ္အတန္းဆီသြားလိုက္စဥ္ ရွန္ခ်န္က တျခားဘက္သို႔ သြားလိုက္ေလသည္။

အသီးအ႐ြက္တစ္ပန္းကန္ႏွင့္ ထမင္းနည္းနည္းတစ္ပန္ကန္ ယူလာၿပီးေနာက္ ရွန္ယြဲ႕သည္ တျခားလူမ်ား၏ ထူးဆန္းသည့္အၾကည့္မ်ားကို လ်စ္လ်ဴရႈကာ ေငြေခ်ရန္ ေကာင္တာသို႔ တည္တည္ၿငိမ္ၿငိမ္ ေလွ်ာက္လာလိုက္ေတာ့သည္။

အစားအစာသည္ ၄.၆၀ယြမ္သာ က်သင့္ေလသည္။ သို႔ေသာ္ မူလပိုင္ရွင္၏အစားအေသာက္ကတ္ထဲတြင္ ထိုပမာဏကို မတတ္ႏိုင္ျဖစ္ေန၏။ ရွန္ယြဲ႕ အနည္းငယ္ အံ့ဩသြားေတာ့သည္။

သူမရဲ႕မွတ္ဉာဏ္အရဆိုရင္ ပိုင္ရွင္ရဲ႕အစားအေသာက္ကတ္က လဝက္တိုင္း ယြမ္၅၀ ရွိတာေလ။ ေငြတစ္ခ်ိဳ႕ေတာ့ က်န္ရအုံးမွာမလား။

သူမ ႐ုတ္တရက္ မွတ္မိသြားေတာ့သည္။ မူလပိုင္ရွင္ ေရထဲမက်ခင္က သူ႔ညီမ ရွန္ရွင္းသည္ သူမ၏ကတ္ကို တစ္ရက္ငွားသြားေသးည္။

ရွန္ရွင္းက မူလပိုင္ရွင္ရဲ႕ အစားအေသာက္ကတ္ထဲက ေငြအားလုံးကို သုံးလိုက္တာလား။

ရွန္ယြဲ႕သည္ အေတြးနစ္ေနစဥ္ ကန္တင္းက အန္တီသည္ သူမ၏ဇြန္းကို ေခါက္လိုက္ကာ တိုက္တြန္းလိုက္ေလသည္။

"ျမန္ျမန္လုပ္ေလ၊ ေငြေခ်ေတာ့၊ အစားအေသာက္ကတ္ထဲမွာ ပိုက္ဆံမရွိေတာ့ရင္ ပိုက္ဆံထုတ္ေခ်လိုက္ေလ၊ အခ်ိန္ဆြဲမေနနဲ႔"

ရွန္ယြဲ႕သည္ သူမ၏ခႏၶာကိုယ္ကို အူေၾကာင္ေၾကာင္ျဖင့္ ထိလိုက္ၿပီးမွ မူလပိုင္ရွင္သည္ အလြန္ဆင္းရဲသျဖင့္ သူမတြင္ ေငြအေႂကြပင္မရွိေၾကာင္း သိလိုက္ရေတာ့သည္။ ဒါသည္ အေနရခက္လွေပေတာ့သည္။

...

Continue Reading

You'll Also Like

164K 8.1K 44
Lord Chu's Wife is Wild Wevnovel_796. Paid. Gp-1 (1-150) - Free completed. Gp-2 (151-300)-2000MMK.completed. Gp-3(301-450)-2000MMK.completed. Gp-4(4...
10.5K 1.5K 21
Title ; Quick Transmigration Cannon Fodder's Record of Counterattacks 快穿之炮灰女配逆袭记 Author(s) ; 很是矫情 Hen Shi Jiao Qing English translator(s) ; Butterf...
27.1K 2.4K 99
EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတ...
5K 286 50
စုန့်လွမ်သည် "အာဏာရှင်ဝန်ကြီး" ဟု အမည်ပေးထားသော စာအုပ်ထဲကို ကူးပြောင်းလာခဲ့ပြီး ဇာတ်လိုက်၏ ဇနီးဖြစ်လာခဲ့သည်။ စာအုပ်ထဲမှာ မူလကိုယ်က မိုက်မဲကာ သူ့သားကိ...