အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

بواسطة ChihiroLily7

106K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... المزيد

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)

အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်

961 101 0
بواسطة ChihiroLily7


" နင်က လူတွေကိုရိုက်ရတာနဲ့ ကျောင်းတွင်းအကြမ်းဖက်ရတာကို ကြိုက်တယ်မလား"

ရှန်ယွဲ့သည် တွန့်လိမ်နေသည့်ချန်းမင်ကို ဖိထားပြီး အပြုံးတုတစ်ခုဖြင့် ပြောလိုက်လေသည်။

ငါ့ဘဝမှာ အစက်ဆုပ်ဆုံးအရာက အားနည်းသူတဲ့တွေကို အနိုင်ကျင့်တတ်တဲ့ ချန်းမင်လို လူတွေကိုပဲ။ မူလပိုင်ရှင်က ကျောင်းမှာ ချန်းမင်ရဲ့ သန့်စင်ခန်းထဲ ဆွဲခေါ်သွားခံရပြီး အနိုင်ကျင့် အရှက်ခွဲခံခဲ့ရတာလေ။

အေး ဒီနေ့တော့ ငါလည်း ချန်းမင်ကို အနိုင်ကျင့်ခံရတဲ့အရသာ ပေးမြည်းအုံးမှာ။

သူမသည် ချန်းမင်မိတ်ကပ်အပြည့်နှင့်မျက်နှာကို အသာပုတ်လိုက်၏။ သူမ၏မျက်လုံးထဲက ကြောက်ရွံ့မှုများသည် အလွန်ထင်ရှားလေသည်။

ရှန်ယွဲ့ စကားမပြောရသေးခင်မှာပင် ချန်းမင်၏စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်မှာ လုံးဝပြိုပျက်သွားတော့သည်။ သူမသည် ခေါင်းကို တွင်တွင်ရမ်းလိုက်ပြီး အလွန်ကြောက်ရွံ့သဖြင့် မျက်ရည်များပင် ထွက်လာတော့သည်။

" ငါ့ကို မရိုက်နဲ့၊ ငါ့ကို မရိုက်ပါနဲ့..."
မိသားစု၏မျက်လုံးထဲတွင် အမြဲလိုလို ပန်သီးလေးဖြစ်ခဲ့ပြီး သူမ၏အတန်းဖော်များ၏ စိတ်ဝင်စားခံရလေ့ရှိသည့် ချန်းမင်းသည် ဤသို့သောသနားစရာအခြေအနေမျိုးမရောက်ဖူးသလို အရှက်လည်း မကွဲဖူးချေ။ ထို့အပြင် အမြဲတမ်းအနိုင်ကျင့်ခံနေရသည့် ဖက်တီးတစ်ယောက်၏ ဖိနှိပ်ခြင်းခံထားရလေသည်။ ချန်းမင်၏ဂုဏ်သိက္ခာသည် အပိုင်းပိုင်း ကွဲကြေသွားတော့ပေမည်။

ရှန်ယွဲ့သည် တစ်နေရာမှ ဓားတိုလေးကို ထုတ်ယူလိုက်၏။ သူမ၏နှုတ်ခမ်းများသည် အပြုံးတစ်ခုအသွင် ကွေးသွားလေသည်။ သူမသည် ဓားတိုလေးကို ကိုင်ကာ ချန်းမင်၏မျက်နှာပေါ်တွင် အကြိမ်ကြိမ် ဂရုတစိုက် ဟန်ရေးပြနေလေသည်။ သူမသည် ရူးချင်ယောင်ဆောင်ကာ ပြောလိုက်၏။

" ဟင်းဟင်း ငါ နင့်ရဲ့မျက်နှာလှလှလေးကို ဓားနဲ့ခြစ်လိုက်ရင် နင်ဘယ်လောက်တောင် ဝမ်းနည်းနေမလဲနော်"

ရှန်ယွဲ့၏မူလရည်ရွယ်ချက်သည် ချန်းမင်ကို ခြောက်လန့်ရန်သာဖြစ်သည်။ သူမသည် ချန်းမင်ကို မည်မျှပင် ကလဲစားချေချင်နေပါစေ သူမကိုယ်သူမ ထိုသို့လုပ်ရန်အထိတော့ မတုံးအသေးချေ။ နောက်ဆုံး သူမသည် အင်အားမရှိသည့် သာမန်အထက်တန်းကျောင်းသူတစ်ယောက်သာ ဖြစ်လေသည်။ သူမသည် ချန်းမင်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင်လုပ်ခဲ့လျှင် သူမသည် အချုပ်ထဲသို့ သွားရပေလိမ့်မည်။

သို့သော် ချန်းမင်ကို သေစေချင်နေသည့် ရှန်ယွဲ့၏ရူးသွပ်နေသည့် အသွင်ကြောင့် သူမသည် အထိတ်တလန့် ဖြစ်သွားတော့သည်။ ချန်းမင်သည် အလွန်ကြောက်ရွံ့သွားပြီး ငိုဖို့ရန်ပင် မေ့လျော့သွားတော့သည်။

သူမမှာ မျက်နှာလှလှလေးမရှိတော့ရင် ယွီဟောက်ကို ဘယ်လိုဆွဲဆောင်ပြီး ကျောင်းရဲ့နတ်ဘုရားမ ဘယ်လို ဖြစ်လာလို့ရတော့မှာလဲ။ အားလုံးတော့ သွားပါပြီ။

သူမ၏ပျက်စီးသွားသည့် မျက်နှာအသွင်ပြင်ကို တွေးကြည့်လိုက်ယုံနှင့် ချန်းမင်သည် ကြောက်ရွံ့သွားတော့သည်။ အခိုက်တန့်အတွင်း သူမသည် ရှန်ယွဲ့ကို ပညာပေးမည့် မူလရည်ရွယ်ချက်ကို မေ့သွားတော့သည်။ သူမသည် မျက်ရည်များ စိုရွှဲကာ တောင်းပန်နေတော့သည်။

" ကျေးဇူးပြုပြီး ငါ့မျက်နှာကို မထိပါနဲ့၊ မထိနဲ့နော်"

ရှန်ယွဲ့သည် မလှုပ်မရှားဖြစ်နေဆဲ။ သူမသည် ဓားကို ဆက်မြောက်ထားကာ ချန်းမင်၏မျက်နှာကို တစ်လက်မချင်း ချဥ်းကပ်သွားလိုက်သည်။

ဓားဖျားသည် သူမမျက်နှာ၏ စင်တီမီတာအနည်းငယ်သာ ကွာတော့သည်။ ချန်းမင်သည် ဓားသွား၏ရောင်ပြန်ဟပ်နေသည့် အလင်းရောင်ကိုပင် မြင်နေရ၏။ သူမသည် ကတုန်ကယင်ဖြင့် အော်ဟစ်လိုက်လေသည်။

" ငါ့ကိုရူပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ရဲတယ်ပေါ့လေ၊ ငါ့အဖေကနင့်ကို အလွှတ်ပေးမှာမဟုတ်ဘူး၊ နင် အချုပ်ထဲသွားရလိမ့်မယ်"

"ဪ ဒါဆို အဲဒီနေ့ညက ငါ့ကို ရေထဲတွန်းချပြီး လူသတ်ဖို့ ကြိုးစားခဲ့တဲ့အတွက် နင်လည်း အချုပ်ထဲသွားရလိမ့်မယ်"

ရှန်ယွဲ့သည် လုံးဝမကြောက်ဘဲ ကြောက်စရာကောင်းသည့် အကြည့်တစ်ခုဖြင့် ပြောလိုက်လေသည်။

သို့သော် ချန်းမင်က သူမအဖေသည် မြို့တော်ဝန်တစ်ယောက်ဟု ထုတ်ပြောခဲ့သည့်အတွင် ရှန်ယွဲ့သည် ချန်းမင်အဖေဆီမှ စလုပ်နိုင်သည်ဟု ခံစားလိုက်ရတော့သည်။

အဲဒီနေ့ညတဲ့လား။

ချန်းမင်သည် အလွန်ထိတ်လန့် သွားပြီးနောက် သူမ ရှန်ယွဲ့အပေါ် လုပ်ခဲ့သည့်တစ်စုံတစ်ခုကို သတိရသွားတော့သည်။

ဘာလို့လဲ။ သူမထွက်သွားခင် ဒီဝက်မ ရှန်ယွဲ့ရေထဲနစ်သွားတာ သူတွေ့တာပဲလေ။ ဒါပေမယ့် ရှန်ယွဲ့ကို ကယ်နိုင်ခဲ့သေးတယ်လား။

"နင်... နင်ဘာလို့မသေတာလဲ၊ ငါ သေချာ..."

သူမသည် ရှန်ယွဲ့ရေထဲတွင် မိနစ်အနည်းငယ်ရုန်းကန်နေသည်ကို သေသေချာချာ မြင်ခဲ့လေသည်။ သူမသည် လူဖြစ်နေသ၍ သေလျှင်သေ မသေလျှင် ဒုက္ခိတဖြစ်သွားလိမ့်မည်။

" ဘာလို့လဲဆိုတော့ ငါက နင့်အသက်ကို လာယူတဲ့သရဲတစ်ကောင်မလို့__"

ရှန်ယွဲ့သည် စဥ်းလဲစွာ အော်ရယ်လိုက်၏။ သူမ ဓားကိုင်ထားပုံမှာ ငရဲပြည်က နတ်ဆိုးတစ်ပါးနှင့် တူနေတော့သည်။

" မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး"

ချန်းမင်သည် ရှန်ယွဲ့ကို ဤသို့တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူမ၏မျက်လုံးများ ပြူးကျယ်သွားပြီး__

အလွန်အောက်သိုးသိုးအနံတစ်ခု ရုတ်တရက် တိုးထွက်လာ၏။ ရှန်ယွဲ့သည် မျက်မှောင်ကျုံ့ကာ ခဏရပ်လိုက်ပြီး ချန်းမင်ထံမှ ခုန်ထွက်လိုက်လေသည်။

ချန်းမင်အောက် အဝါရောင်အောက်သိုးသိုးအရည်ကို မြင်လိုက်ရပြီး ရှန်ယွဲ့သည် သူမ၏နှာခေါင်းကို အုပ်ကာ ရွံရှာဟန်ဖြင့် နောက်သို့ အနည်းငယ်ဆုတ်လိုက်လေသည်။

" နင် ဘာလို့ သေးပေါက်ချတာလဲ၊ ချန်းမင် နင် အရမ်းရွံ့စရာကောင်းတာပဲ"

နောက်ဆုံးတွင် မတ်တပ်ရပ်လာနိုင်သည့် လူဆိုးမလေးတချို့သည် ခေါင်းမော့လိုက်ရာ ချန်းမင် သေးပေါက်ချထားသည်ကို မြင်လိုက်ပြီး ချန်းမင်တွင် ကူးစက်ရောဂါဆိုးဆိုးဝါးဝါးရှိသည့်နှယ် အမှတ်တမဲ့ ခုန်ရှောင်လိုက်ကြတော့သည်။

" ငါ ငါ... အားးးးး"

ထိုအချိန်မှသာ ချန်းမင်သည် သူမဘာလုပ်ခဲ့သည်ကို သိရှိသွားတော့သည်။ သူမသည် ပျာယာခတ်သွားပြီး သူမ၏ဖင်ကို ကွယ်ထားဖို့ ကြိုးစားချင်သော်လည်း ဘယ်ကစ,လုပ်ရမည်မသိချေ။ သူမသည် အရူးတစ်ယောက်လိုသာ အော်ဟစ်နိုင်တော့သည်။

" ဘောစ့် မအော်နဲ့တော့၊ တစ်ခြားကျောင်းသားတွေကို ဆွဲဆောင်မိရင် ငါတို့တော့ သွားပြီ"

လူဆိုးမတစ်ယောက်သည် သူ့နှာခေါင်းကို ပိတ်ထားပြီး ကြမ်းပြင်ပေါ်တွင် ထိုင်နေသည့်ချန်းမင်ကို အထင်းသေး သနားစိတ်ဖြင့် ကြည့်လိုက်လေသည်။

လူဆိုးမလေးသည် သူတို့ဟာသူတို့ တွေ့လိုက်ကြ၏။

နေ့လည်စာစားချိန်မလို့ အဆောက်အအုံထဲမှာ ကျောင်းသားတွေမရှိတာ တော်ပါသေးရဲ့။ မဟုတ်လို့ကတော့ တခြားလူတွေသာ ချန်းမင်ဘောင်းဘီထဲ သေးပေါက်ချတာ မြင်သွားရင် နောက်ဆို သူမနဲ့ အပြင်ထွက်ဖို့ အရမ်းရှက်စရာကောင်းတော့မှာပဲ။

...

Zawgyi

အပိုင္း (၁၈) ခ်န္းမင္ ေဘာင္းဘီထဲေသးေပါက္ခ်တယ္

" နင္က လူေတြကို႐ိုက္ရတာနဲ႔ ေက်ာင္းတြင္းအၾကမ္းဖက္ရတာကို ႀကိဳက္တယ္မလား"

ရွန္ယြဲ႕သည္ တြန္႔လိမ္ေနသည့္ခ်န္းမင္ကို ဖိထားၿပီး အၿပဳံးတုတစ္ခုျဖင့္ ေျပာလိုက္ေလသည္။

ငါ့ဘဝမွာ အစက္ဆုပ္ဆုံးအရာက အားနည္းသူတဲ့ေတြကို အႏိုင္က်င့္တတ္တဲ့ ခ်န္းမင္လို လူေတြကိုပဲ။ မူလပိုင္ရွင္က ေက်ာင္းမွာ ခ်န္းမင္ရဲ႕ သန္႔စင္ခန္းထဲ ဆြဲေခၚသြားခံရၿပီး အႏိုင္က်င့္ အရွက္ခြဲခံခဲ့ရတာေလ။

ေအး ဒီေန႔ေတာ့ ငါလည္း ခ်န္းမင္ကို အႏိုင္က်င့္ခံရတဲ့အရသာ ေပးျမည္းအုံးမွာ။

သူမသည္ ခ်န္းမင္မိတ္ကပ္အျပည့္ႏွင့္မ်က္ႏွာကို အသာပုတ္လိုက္၏။ သူမ၏မ်က္လုံးထဲက ေၾကာက္႐ြံ႕မႈမ်ားသည္ အလြန္ထင္ရွားေလသည္။

ရွန္ယြဲ႕ စကားမေျပာရေသးခင္မွာပင္ ခ်န္းမင္၏စိတ္ပိုင္းဆိုင္ရာ ခံႏိုင္ရည္မွာ လုံးဝၿပိဳပ်က္သြားေတာ့သည္။ သူမသည္ ေခါင္းကို တြင္တြင္ရမ္းလိုက္ၿပီး အလြန္ေၾကာက္႐ြံ႕သျဖင့္ မ်က္ရည္မ်ားပင္ ထြက္လာေတာ့သည္။

" ငါ့ကို မ႐ိုက္နဲ႔၊ ငါ့ကို မ႐ိုက္ပါနဲ႔..."

မိသားစု၏မ်က္လုံးထဲတြင္ အၿမဲလိုလို ပန္သီးေလးျဖစ္ခဲ့ၿပီး သူမ၏အတန္းေဖာ္မ်ား၏ စိတ္ဝင္စားခံရေလ့ရွိသည့္ ခ်န္းမင္းသည္ ဤသို႔ေသာသနားစရာအေျခအေနမ်ိဳးမေရာက္ဖူးသလို အရွက္လည္း မကြဲဖူးေခ်။ ထို႔အျပင္ အၿမဲတမ္းအႏိုင္က်င့္ခံေနရသည့္ ဖက္တီးတစ္ေယာက္၏ ဖိႏွိပ္ျခင္းခံထားရေလသည္။ ခ်န္းမင္၏ဂုဏ္သိကၡာသည္ အပိုင္းပိုင္း ကြဲေၾကသြားေတာ့ေပမည္။

ရွန္ယြဲ႕သည္ တစ္ေနရာမွ ဓားတိုေလးကို ထုတ္ယူလိုက္၏။ သူမ၏ႏႈတ္ခမ္းမ်ားသည္ အၿပဳံးတစ္ခုအသြင္ ေကြးသြားေလသည္။ သူမသည္ ဓားတိုေလးကို ကိုင္ကာ ခ်န္းမင္၏မ်က္ႏွာေပၚတြင္ အႀကိမ္ႀကိမ္ ဂ႐ုတစိုက္ ဟန္ေရးျပေနေလသည္။ သူမသည္ ႐ူးခ်င္ေယာင္ေဆာင္ကာ ေျပာလိုက္၏။

" ဟင္းဟင္း ငါ နင့္ရဲ႕မ်က္ႏွာလွလွေလးကို ဓားနဲ႔ျခစ္လိုက္ရင္ နင္ဘယ္ေလာက္ေတာင္ ဝမ္းနည္းေနမလဲေနာ္"

ရွန္ယြဲ႕၏မူလရည္႐ြယ္ခ်က္သည္ ခ်န္းမင္ကို ေျခာက္လန္႔ရန္သာျဖစ္သည္။ သူမသည္ ခ်န္းမင္ကို မည္မွ်ပင္ ကလဲစားေခ်ခ်င္ေနပါေစ သူမကိုယ္သူမ ထိုသို႔လုပ္ရန္အထိေတာ့ မတုံးအေသးေခ်။ ေနာက္ဆုံး သူမသည္ အင္အားမရွိသည့္ သာမန္အထက္တန္းေက်ာင္းသူတစ္ေယာက္သာ ျဖစ္ေလသည္။ သူမသည္ ခ်န္းမင္ကို ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ေအာင္လုပ္ခဲ့လွ်င္ သူမသည္ အခ်ဳပ္ထဲသို႔ သြားရေပလိမ့္မည္။

သို႔ေသာ္ ခ်န္းမင္ကို ေသေစခ်င္ေနသည့္ ရွန္ယြဲ႕၏႐ူးသြပ္ေနသည့္ အသြင္ေၾကာင့္ သူမသည္ အထိတ္တလန္႔ ျဖစ္သြားေတာ့သည္။ ခ်န္းမင္သည္ အလြန္ေၾကာက္႐ြံ႕သြားၿပီး ငိုဖို႔ရန္ပင္ ေမ့ေလ်ာ့သြားေတာ့သည္။

သူမမွာ မ်က္ႏွာလွလွေလးမရွိေတာ့ရင္ ယြီေဟာက္ကို ဘယ္လိုဆြဲေဆာင္ၿပီး ေက်ာင္းရဲ႕နတ္ဘုရားမ ဘယ္လို ျဖစ္လာလို႔ရေတာ့မွာလဲ။ အားလုံးေတာ့ သြားပါၿပီ။

သူမ၏ပ်က္စီးသြားသည့္ မ်က္ႏွာအသြင္ျပင္ကို ေတြးၾကည့္လိုက္ယုံႏွင့္ ခ်န္းမင္သည္ ေၾကာက္႐ြံ႕သြားေတာ့သည္။ အခိုက္တန္႔အတြင္း သူမသည္ ရွန္ယြဲ႕ကို ပညာေပးမည့္ မူလရည္႐ြယ္ခ်က္ကို ေမ့သြားေတာ့သည္။ သူမသည္ မ်က္ရည္မ်ား စို႐ႊဲကာ ေတာင္းပန္ေနေတာ့သည္။

" ေက်းဇူးျပဳၿပီး ငါ့မ်က္ႏွာကို မထိပါနဲ႔၊ မထိနဲ႔ေနာ္"

ရွန္ယြဲ႕သည္ မလႈပ္မရွားျဖစ္ေနဆဲ။ သူမသည္ ဓားကို ဆက္ေျမာက္ထားကာ ခ်န္းမင္၏မ်က္ႏွာကို တစ္လက္မခ်င္း ခ်ဥ္းကပ္သြားလိုက္သည္။

ဓားဖ်ားသည္ သူမမ်က္ႏွာ၏ စင္တီမီတာအနည္းငယ္သာ ကြာေတာ့သည္။ ခ်န္းမင္သည္ ဓားသြား၏ေရာင္ျပန္ဟပ္ေနသည့္ အလင္းေရာင္ကိုပင္ ျမင္ေနရ၏။ သူမသည္ ကတုန္ကယင္ျဖင့္ ေအာ္ဟစ္လိုက္ေလသည္။

" ငါ့ကို႐ူပ္ပ်က္ဆင္းပ်က္ျဖစ္ေအာင္ လုပ္ရဲတယ္ေပါ့ေလ၊ ငါ့အေဖကနင့္ကို အလႊတ္ေပးမွာမဟုတ္ဘူး၊ နင္ အခ်ဳပ္ထဲသြားရလိမ့္မယ္"

"ဪ ဒါဆို အဲဒီေန႔ညက ငါ့ကို ေရထဲတြန္းခ်ၿပီး လူသတ္ဖို႔ ႀကိဳးစားခဲ့တဲ့အတြက္ နင္လည္း အခ်ဳပ္ထဲသြားရလိမ့္မယ္"

ရွန္ယြဲ႕သည္ လုံးဝမေၾကာက္ဘဲ ေၾကာက္စရာေကာင္းသည့္ အၾကည့္တစ္ခုျဖင့္ ေျပာလိုက္ေလသည္။

သို႔ေသာ္ ခ်န္းမင္က သူမအေဖသည္ ၿမိဳ႕ေတာ္ဝန္တစ္ေယာက္ဟု ထုတ္ေျပာခဲ့သည့္အတြင္ ရွန္ယြဲ႕သည္ ခ်န္းမင္အေဖဆီမွ စလုပ္ႏိုင္သည္ဟု ခံစားလိုက္ရေတာ့သည္။

အဲဒီေန႔ညတဲ့လား။

ခ်န္းမင္သည္ အလြန္ထိတ္လန္႔ သြားၿပီးေနာက္ သူမ ရွန္ယြဲ႕အေပၚ လုပ္ခဲ့သည့္တစ္စုံတစ္ခုကို သတိရသြားေတာ့သည္။

ဘာလို႔လဲ။ သူမထြက္သြားခင္ ဒီဝက္မ ရွန္ယြဲ႕ေရထဲနစ္သြားတာ သူေတြ႕တာပဲေလ။ ဒါေပမယ့္ ရွန္ယြဲ႕ကို ကယ္ႏိုင္ခဲ့ေသးတယ္လား။

"နင္... နင္ဘာလို႔မေသတာလဲ၊ ငါ ေသခ်ာ..."

သူမသည္ ရွန္ယြဲ႕ေရထဲတြင္ မိနစ္အနည္းငယ္႐ုန္းကန္ေနသည္ကို ေသေသခ်ာခ်ာ ျမင္ခဲ့ေလသည္။ သူမသည္ လူျဖစ္ေနသ၍ ေသလွ်င္ေသ မေသလွ်င္ ဒုကၡိတျဖစ္သြားလိမ့္မည္။

" ဘာလို႔လဲဆိုေတာ့ ငါက နင့္အသက္ကို လာယူတဲ့သရဲတစ္ေကာင္မလို႔__"

ရွန္ယြဲ႕သည္ စဥ္းလဲစြာ ေအာ္ရယ္လိုက္၏။ သူမ ဓားကိုင္ထားပုံမွာ ငရဲျပည္က နတ္ဆိုးတစ္ပါးႏွင့္ တူေနေတာ့သည္။

" မဟုတ္ဘူး၊ မျဖစ္ႏိုင္ဘူး"

ခ်န္းမင္သည္ ရွန္ယြဲ႕ကို ဤသို႔တစ္ခါမွ မျမင္ဖူးခဲ့ေခ်။ သူမ၏မ်က္လုံးမ်ား ျပဴးက်ယ္သြားၿပီး__

အလြန္ေအာက္သိုးသိုးအနံတစ္ခု ႐ုတ္တရက္ တိုးထြက္လာ၏။ ရွန္ယြဲ႕သည္ မ်က္ေမွာင္က်ဳံ႕ကာ ခဏရပ္လိုက္ၿပီး ခ်န္းမင္ထံမွ ခုန္ထြက္လိုက္ေလသည္။

ခ်န္းမင္ေအာက္ အဝါေရာင္ေအာက္သိုးသိုးအရည္ကို ျမင္လိုက္ရၿပီး ရွန္ယြဲ႕သည္ သူမ၏ႏွာေခါင္းကို အုပ္ကာ ႐ြံရွာဟန္ျဖင့္ ေနာက္သို႔ အနည္းငယ္ဆုတ္လိုက္ေလသည္။

" နင္ ဘာလို႔ ေသးေပါက္ခ်တာလဲ၊ ခ်န္းမင္ နင္ အရမ္း႐ြံ႕စရာေကာင္းတာပဲ"

ေနာက္ဆုံးတြင္ မတ္တပ္ရပ္လာႏိုင္သည့္ လူဆိုးမေလးတခ်ိဳ႕သည္ ေခါင္းေမာ့လိုက္ရာ ခ်န္းမင္ ေသးေပါက္ခ်ထားသည္ကို ျမင္လိုက္ၿပီး ခ်န္းမင္တြင္ ကူးစက္ေရာဂါဆိုးဆိုးဝါးဝါးရွိသည့္ႏွယ္ အမွတ္တမဲ့ ခုန္ေရွာင္လိုက္ၾကေတာ့သည္။

" ငါ ငါ... အားးးးး"

ထိုအခ်ိန္မွသာ ခ်န္းမင္သည္ သူမဘာလုပ္ခဲ့သည္ကို သိရွိသြားေတာ့သည္။ သူမသည္ ပ်ာယာခတ္သြားၿပီး သူမ၏ဖင္ကို ကြယ္ထားဖို႔ ႀကိဳးစားခ်င္ေသာ္လည္း ဘယ္ကစ,လုပ္ရမည္မသိေခ်။ သူမသည္ အ႐ူးတစ္ေယာက္လိုသာ ေအာ္ဟစ္ႏိုင္ေတာ့သည္။

" ေဘာစ့္ မေအာ္နဲ႔ေတာ့၊ တစ္ျခားေက်ာင္းသားေတြကို ဆြဲေဆာင္မိရင္ ငါတို႔ေတာ့ သြားၿပီ"

လူဆိုးမတစ္ေယာက္သည္ သူ႔ႏွာေခါင္းကို ပိတ္ထားၿပီး ၾကမ္းျပင္ေပၚတြင္ ထိုင္ေနသည့္ခ်န္းမင္ကို အထင္းေသး သနားစိတ္ျဖင့္ ၾကည့္လိုက္ေလသည္။

လူဆိုးမေလးသည္ သူတို႔ဟာသူတို႔ ေတြ႕လိုက္ၾက၏။

ေန႔လည္စာစားခ်ိန္မလို႔ အေဆာက္အအုံထဲမွာ ေက်ာင္းသားေတြမရွိတာ ေတာ္ပါေသးရဲ႕။ မဟုတ္လို႔ကေတာ့ တျခားလူေတြသာ ခ်န္းမင္ေဘာင္းဘီထဲ ေသးေပါက္ခ်တာ ျမင္သြားရင္ ေနာက္ဆို သူမနဲ႔ အျပင္ထြက္ဖို႔ အရမ္းရွက္စရာေကာင္းေတာ့မွာပဲ။

...

واصل القراءة

ستعجبك أيضاً

259K 9.4K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
17.8K 1.3K 23
လီစု၀မ် အပိုင်း၁၅၅ကနေအဆက်ပါနော် ရှေ့ကဟာတွေကို သာသာaccထဲ၀င်ရှာလိုက်ပါနော်❤️
79K 11.2K 82
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
1.5M 63.1K 74
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...