လီရှောက်သည် သူမ၏နာကျည်းမှုကို သည်းခံလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ပုံအနေအထားပြန်ဖြစ်သွားလေသည်။ သူမသည် ထောင့်တွင်ရှိနေသည့် ရှန်ယွဲ့ကို မကြည့်မိအောင် အကောင်းဆုံးကြိုးစားလိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်လေသည်။
မနက်ခင်းသည် မြန်မြန်ဆန်ဆန် ကုန်ဆုံးသွား၏။ သင်္ချာချိန်တွင် ဆူဆူညံညံဖြစ်သွားပြီး အခိုက်အတန့်တွင် ရှန်ယွဲ့ကို မည်သူမှ ရန်မစရဲတော့ချေ။ ထို့ကြောင့် သူမသည် စာချိန်သင်နှစ်ချိန်ကို အေးအေးလူလူ အိပ်ခဲ့ရလေသည်။
နေ့လည်စာစားချိန် ကျောင်းဆင်းသောအခါ ကျောင်းသားများသည် ကျောင်းမုန့်ဆိုင်သို့ မြန်မြန်သွားကြရာ တစ်ယောက်ပြီး တစ်ယောက်ထွက်သွားတော့သည်။ ရှန်ယွဲ့သည်လည်း သူမ၏အိတ်ကို ထုတ်လိုက်ပြီး ရှန်ချန်နှင့် စားဖို့ ပြင်လိုက်လေသည်။ မနက်က သူတို့ လမ်းခွဲခဲ့ချိန်က ရှန်ချန်သည် နောက်ဆိုလျှင် သူမနှင့်အတူ နေ့လည်စာစားမည်ဟု သေသေချာချာ ပြောခဲ့သည်ကို သတိရနေသေးသည်။
ငါလေးရဲ့ဒီနုံအတဲ့မောင်လေးက အေးတိအေးစက် ဂရုမစိုက်သလိုတဲ့ပုံဆိုပေမယ့် သူက တကယ်တော့အရမ်း အစွဲကြီးတာပဲ။
သို့သော် ရှန်ချန်ရောက်လာမည့်အစား မဖိတ်ခေါ်ထားသည့်ဧည့်အချို့ ရောက်လာလေသည်။
ဝုန်း။
စာသင်ခန်း၏ သစ်သားတံခါးသည်ကို ကန်ကာဖွင့်လိုက်ပြီး လှလှပပဝတ်စားထားသည့် မိန်းခလေးအချို့သည် ခြေလှမ်းကျဲများဖြင့် ဝင်လာလေသည်။ သူတို့သည် ဝင်လာသည်နှင့်တပြိုင်နက် အခန်းကို လှည့်ပတ် ကြည့်လိုက်ပြီး သူတို့၏အကြည့်များသည် ရှန်ယွဲ့ဆီသို့ ချက်ချင်းရောက်သွားတော့သည်။
ခေါင်းဆောင်မိန်းခလေး၏နာမည်မှာ ချန်းမင် ဖြစ်၏။ သူမသည် အင်မတန်လှပပြီး မောက်မာသည့်အကျင့်စရိုက် ရှိလေသည်။ သူမသည် အတိတ်တုန်းက ရှန်ယွဲ့ကို သူ့အပေါင်းအပါများနှင့် မကြာခဏ အနိုင်ကျင့်တတ်လေသည်။
ချန်းမင်၏အကြည့်သည် ထောင့်တွင် ကျောင်းလွယ်အိတ်ကို လွယ်ပြီး ထွက်သွားဖို့ရန် ပြင်နေသည့် ရှန်ယွဲ့ကို မလွှတ်တမ်း ကြည့်နေ၏။ သူမသည် ခပ်ကြမ်းကြမ်း အော်ဟစ်လိုက်လေသည်။
" ရှန်ယွဲ့ အဲမှာရပ်စမ်း"
ချန်မင်းသည် ယွီဟောက်ကို ကြိုက်နေပြီး တစ်ချိန်လုံး သူ့နောက်ကို လိုက်နေခဲ့သည်။ ဝမ်းနည်းစရာမှာ ယွီဟောက်သည် သူမကို ဘယ်တော့မှ နှုတ်မဆက်ရာ သူမကို အလွန်ဒေါပွစေတော့သည်။ ဘယ်သူ့ကိုမှ မျက်လုံးထဲမထည့်သည့် ချန်းမင်သည် သူမ၏ဒေါသကို ဝက်မဆီ ပုံချရန် ဆုံးဖြတ်လိုက်လေသည်။
ဒီလောက်ဆင်းရဲပြီးရုပ်ဆိုးတဲ့ ဝက်မက သူ့လိုပဲ ဘာလို့ ယောက်ျားတစ်ယောက်ထဲကို လာကြိုက်နေရတာလဲ။ အရမ်းရွံစရာကောင်းတာပဲ။
ဝက်မရှန်ယွဲ့သည် သည်မနက်ခင်းတွင် ယွီဟောက်၏သူငယ်ချင်းကို ရိုက်ရုံသာမက ယွီဟောက်ကိုလည်း လူရှေ့တွင် လှောင်ပြောင်ခဲ့သည်ဟု ကြားလိုက်ရသောအခါ သူမ၏ဒေါသများသည့် ပေါက်ကွဲတော့မတတ်ပင်။
အတင့်ရဲလိုက်တဲ့ခွေးမရှန်ယွဲ့ ယွီဟောက်ကို ဒီလို ဆက်ဆံရဲတယ်ဟုတ်လား။
ထို့ကြောင့် ကျောင်းဆင်းချိန်၌ သူမသည် နောက်လိုက်တစ်ဖွဲ့လုံးကို ခေါ်လာပြီး ရှန်ယွဲ့၏လမ်းကို ပိတ်ထားလိုက်သည်။
ဒီတစ်ခါတော့ ရှန်ယွဲ့ကို ပညာပေးရလိမ့်မယ်။ ဒီဝက်မကို ပညာပြရမယ်။
ချန်းမင်၏ပုံစံက အခန်းထဲရှိ ကျန်နေသည့်ကျောင်းသူများကို ကြောက်လန့်သွားစေလေသည်။ သူတို့သည် ပြဿနာ မဖြစ်ချင်ကြချေ။ အခန်းထဲကလူများသည် မြန်မြန်ထွက်သွားပြီး ရှန်ယွဲ့နှင့် ချန်းမင်ကို ထားခဲ့လိုက်ကြသည်။
ရှန်ယွဲ့သည် မျက်မှောင်ကျုံ့လိုက်၏။
ကြက်ကလေးတစ်ကောင်လို အော်သံက ငါ့ရှေ့က ဒီကောင်မလေးဆီက လာတာလား။
ချန်းမင်၏ပုံစံကို သေသေချာချာ အကဲခတ်လိုက်ပြီးနောက် ရှန်ယွဲ့၏အကြည့်သည် အေးစက်သွားတော့သည်။
ဒီချန်းမင်က ငါသိတဲ့ထဲကတစ်ယောက်ပဲ။ ပိုင်ရှင်ရဲ့ နောက်ဆုံးမှတ်ဉာဏ်ထဲမှာ သူ့ကို ရေထဲတွန်းချပြီး သူမရဲ့ပင်မစိတ်ဝိဉာဥ်ကို လွင့်သွားအောင်လုပ်ခဲ့တာ ချန်းမင်မလား။
" နင်က ကိုယ့်ဟာကိုတော့ သတိရှိသားပဲ၊ ငါတောင် နင့်ဆီလာမရှာရသေးဘူး၊ နင်က ငါ့ဆီ ရောက်လာပြီ"
ရှန်ယွဲ့၏နှုတ်ခမ်းသည် ကွေးတက်သွားပြီး သူမ၏မျက်လုံးများသည် အန္တရာယ်ရိပ် သန်းသွားလေသည်။
ဒီကောင်မလေးတွေက ငါ့ရှေ့ပေါ်လာရဲတယ်ဆိုတော့ ငါလေးကလည်း မူလပိုင်ရှင်အတွက် လက်စားချေပေးရတော့မှာပေါ့။
" ခွေးမ ယွီဟောက်ကို မြူဆွယ်ဖို့ဆို တကယ်ပဲ ကောက်ကျစ်တာပဲ၊ ညီအမတို့ သူ့ကို ရိုက်ကြ"
ချန်းမင်သည် ရှန်ယွဲ့ကို ထိုသို့မြင်လိုက်ရချိန်၌ ပို၍ပင် ရွံရှာသွားပြီး အန်ချင်သွားလေသည်။ သူမသည် လက်ယမ်းပြလိုက်ပြီး နောက်က သူမ၏လက်ပါးစေများကို ရှန်ယွဲ့အား ရိုက်နက်ရန် ညွှန်ကြားလိုက်လေသည်။
ချန်းမင်နောက်လိုက်လာကြသည့် လက်ပါးစေများအားလုံးသည် ရန်ဖြစ်နေကျ လမ်းသရဲမလေးများ ဖြစ်ကြ၏။ သူသည် ချန်းမင်နောက် လိုက်လေ့ရှိပြီး ရာဇဝတ်မှုအားလုံးကို ကျူးလွန်ကြလေသည်။ မည်သည့်အမှုတွင်မဆို သူတို့သည် ဖြစ်သမျှအတွက် တာဝန်ယူစရာမလိုခဲ့ချေ။ နောက်ဆုံး ချန်းမင်၏အဖေသည် မြို့၏ အရေးပါသော ကောင်စီဝင်တစ်ယောက် ဖြစ်သည်။ သူသည် အနာဂတ်တွင် မြို့တော်ဝန် ဖြစ်လာပေလိမ့်မည်။
လမ်းသရဲမလေးများသည် သူတို့အစောကတည်းက ပြင်ဆင်လာခဲ့သည့် ဘေ့စ်ဘောရိုက်တံကို ထုတ်လိုက်ပြီး ရှန်ယွဲ့ဆီသို့ အရှိန်ဖြင့် ပြေးဝင်သွားကြ၏။ ပုံမှန်အတိုင်းဆိုလျှင် ရှန်ယွဲ့သည် သူမ၏ခေါင်းကို လက်ဖြင့် ချက်ချင်းကာလိုက်ပြီး ထောင့်တွင် ပုန်းကာ ငိုပေလိမ့်မည်။
သို့သော် ရှန်ယွဲ့၏အမူအရာသည် တည်ငြိမ်နေရာ အံ့ဩသွားကြလေသည်။ သူတို့သည် သူမ၏ရှေ့သို့ ရောက်သွားချိန်၌ ရှန်ယွဲ့သည် သူမ၏ခြေထောက်ကို ရုတ်တရက် မြောက်လိုက်ကာ တစ်ယောက်ပြီး တစ်ယောက် ကန်ကျောက်လိုက်တော့သည်။
ရှန်ယွဲ့၏ခြေထောက်သည် အဆီများနှင့် ပြည့်ဖြိုးနေ၏။ ကန်ချက်သည် ပေါင်တစ်ထောင်လောက် လေးသည်ဟု ထင်ရလေသည်။ ရှေ့ကလူဆိုးမလေးများသည် နောက်ပြန်လဲကျကုန်ပြီး နောက်တွင်ရပ်နေသည့် လူဆိုးမလေးများကို သွားတိုက်မိကုန်တော့သည်။ နောက်ဆုံးတွင် သူတို့အားလုံးသည် စာပွဲဘေးတွင် အလဲလဲ အကွဲကွဲ ဖြစ်ကုန်ကြလေသည်။
သို့သော် မပြီးသေးချေ။ ရှန်ယွဲ့သည် သူမနောက်က ချန်းမင်ကို ပစ်မှတ်ထားလိုက်လေသည်။ သူမ၏အားကို စုစည်းလိုက်ပြီး ခန္ဓာကိုယ်ကို ဘေးစောင်းကာ သူမ၏ပခုံးကို အားထည့်လိုက်ပြီး ချန်းမင် ပစ်ဆောင့် လိုက်လေသည်။
" သူ့ကိုသ-တ်__"
ချန်းမင်သည် အံကြိတ်ကာ အော်ဟစ်လို့မပြီးခင်မှာပင် ရှန်ယွဲ့က သူမကို ရုတ်တရက် ဝင်ဆောင့်လိုက်တော့သည်။ သူမသည် ရပ်သာကြည့်နေနိုင်ပြီး ဧရာမအားကြီးတစ်ခုကို ခံစားလိုက်ရကာ နာကျင်သွားတော့သည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ်သို့ ရုတ်တရက်လဲကျသွားပြီး ရှန်ယွဲ့က သူမကိုပေါ်သို့ မြန်မြန် တက်ခွလိုက်တော့သည်။
"အားးး"
ချန်းမင်သည် သူမ၏ရှေ့တွင် အသားများပြည့်ဖြိုးနေသည့် ရှန်ယွဲ့၏မျက်နှာကြီးကို မြင်လိုက်ရလေသည်။ သူမ၏မျက်လုံးမျာသည် ကြောက်မက်ဖွယ် ဝင်းဝင်းတောက်နေလေသည်။ ချန်းမင်သည် ချက်ချင်းဆိုသလို သေမတတ်ကြောက်လန့်သွားပြီး လည်ချောင်းကွဲအောင် အော်မိမတတ် ဖြစ်သွားလေတော့သည်။
...
Zawgyi
အပိုင္း (၁၇) လူမိုက္ေလးတစ္သိုက္
လီေရွာက္သည္ သူမ၏နာက်ည္းမႈကို သည္းခံလိုက္ၿပီး အသက္ျပင္းျပင္း ရႉလိုက္ၿပီးေနာက္ ပုံအေနအထားျပန္ျဖစ္သြားေလသည္။ သူမသည္ ေထာင့္တြင္ရွိေနသည့္ ရွန္ယြဲ႕ကို မၾကည့္မိေအာင္ အေကာင္းဆုံးႀကိဳးစားလိုက္ၿပီး ဘာမွမျဖစ္ခဲ့သလို ဟန္ေဆာင္ေနလိုက္ေလသည္။
မနက္ခင္းသည္ ျမန္ျမန္ဆန္ဆန္ ကုန္ဆုံးသြား၏။ သခ်ၤာခ်ိန္တြင္ ဆူဆူညံညံျဖစ္သြားၿပီး အခိုက္အတန္႔တြင္ ရွန္ယြဲ႕ကို မည္သူမွ ရန္မစရဲေတာ့ေခ်။ ထို႔ေၾကာင့္ သူမသည္ စာခ်ိန္သင္ႏွစ္ခ်ိန္ကို ေအးေအးလူလူ အိပ္ခဲ့ရေလသည္။
ေန႔လည္စာစားခ်ိန္ ေက်ာင္းဆင္းေသာအခါ ေက်ာင္းသားမ်ားသည္ ေက်ာင္းမုန္႔ဆိုင္သို႔ ျမန္ျမန္သြားၾကရာ တစ္ေယာက္ၿပီး တစ္ေယာက္ထြက္သြားေတာ့သည္။ ရွန္ယြဲ႕သည္လည္း သူမ၏အိတ္ကို ထုတ္လိုက္ၿပီး ရွန္ခ်န္ႏွင့္ စားဖို႔ ျပင္လိုက္ေလသည္။ မနက္က သူတို႔ လမ္းခြဲခဲ့ခ်ိန္က ရွန္ခ်န္သည္ ေနာက္ဆိုလွ်င္ သူမႏွင့္အတူ ေန႔လည္စာစားမည္ဟု ေသေသခ်ာခ်ာ ေျပာခဲ့သည္ကို သတိရေနေသးသည္။
ငါေလးရဲ႕ဒီႏုံအတဲ့ေမာင္ေလးက ေအးတိေအးစက္ ဂ႐ုမစိုက္သလိုတဲ့ပုံဆိုေပမယ့္ သူက တကယ္ေတာ့အရမ္း အစြဲႀကီးတာပဲ။
သို႔ေသာ္ ခ်န္ရန္ေရာက္လာမည့္အစား မဖိတ္ေခၚထားသည့္ဧည့္အခ်ိဳ႕ ေရာက္လာေလသည္။
ဝုန္း။
စာသင္ခန္း၏ သစ္သားတံခါးသည္ကို ကန္ကာဖြင့္လိုက္ၿပီး လွလွပပဝတ္စားထားသည့္ မိန္းခေလးအခ်ိဳ႕သည္ ေျခလွမ္းက်ဲမ်ားျဖင့္ ဝင္လာေလသည္။ သူတို႔သည္ ဝင္လာသည္ႏွင့္တၿပိဳင္နက္ အခန္းကို လွည့္ပတ္ ၾကည့္လိုက္ၿပီး သူတို႔၏အၾကည့္မ်ားသည္ ရွန္ယြဲ႕ဆီသို႔ ခ်က္ခ်င္းေရာက္သြားေတာ့သည္။
ေခါင္းေဆာင္မိန္းခေလး၏နာမည္မွာ ခ်န္းမင္ ျဖစ္၏။ သူမသည္ အင္မတန္လွပၿပီး ေမာက္မာသည့္အက်င့္စ႐ိုက္ ရွိေလသည္။ သူမသည္ အတိတ္တုန္းက ရွန္ယြဲ႕ကို သူ႔အေပါင္းအပါမ်ားႏွင့္ မၾကာခဏ အႏိုင္က်င့္တတ္ေလသည္။
ခ်န္းမင္၏အၾကည့္သည္ ေထာင့္တြင္ ေက်ာင္းလြယ္အိတ္ကို လြယ္ၿပီး ထြက္သြားဖို႔ရန္ ျပင္ေနသည့္ ရွန္ယြဲ႕ကို မလႊတ္တမ္း ၾကည့္ေန၏။ သူမသည္ ခပ္ၾကမ္းၾကမ္း ေအာ္ဟစ္လိုက္ေလသည္။
" ရွန္ယြဲ႕ အဲမွာရပ္စမ္း"
ခ်န္မင္းသည္ ယြီေဟာက္ကို ႀကိဳက္ေနၿပီး တစ္ခ်ိန္လုံး သူ႔ေနာက္ကို လိုက္ေနခဲ့သည္။ ဝမ္းနည္းစရာမွာ ယြီေဟာက္သည္ သူမကို ဘယ္ေတာ့မွ ႏႈတ္မဆက္ရာ သူမကို အလြန္ေဒါပြေစေတာ့သည္။ ဘယ္သူ႔ကိုမွ မ်က္လုံးထဲမထည့္သည့္ ခ်န္းမင္သည္ သူမ၏ေဒါသကို ဝက္မဆီ ပုံခ်ရန္ ဆုံးျဖတ္လိုက္ေလသည္။
ဒီေလာက္ဆင္းရဲၿပီး႐ုပ္ဆိုးတဲ့ ဝက္မက သူ႔လိုပဲ ဘာလို႔ ေယာက္်ားတစ္ေယာက္ထဲကို လာႀကိဳက္ေနရတာလဲ။ အရမ္း႐ြံစရာေကာင္းတာပဲ။
ဝက္မရွန္ယြဲ႕သည္ သည္မနက္ခင္းတြင္ ယြီေဟာက္၏သူငယ္ခ်င္းကို ႐ိုက္႐ုံသာမက ယြီေဟာက္ကိုလည္း လူေရွ႕တြင္ ေလွာင္ေျပာင္ခဲ့သည္ဟု ၾကားလိုက္ရေသာအခါ သူမ၏ေဒါသမ်ားသည့္ ေပါက္ကြဲေတာ့မတတ္ပင္။
အတင့္ရဲလိုက္တဲ့ေခြးမရွန္ယြဲ႕ ယြီေဟာက္ကို ဒီလို ဆက္ဆံရဲတယ္ဟုတ္လား။
ထို႔ေၾကာင့္ ေက်ာင္းဆင္းခ်ိန္၌ သူမသည္ ေနာက္လိုက္တစ္ဖြဲ႕လုံးကို ေခၚလာၿပီး ရွန္ယြဲ႕၏လမ္းကို ပိတ္ထားလိုက္သည္။
ဒီတစ္ခါေတာ့ ရွန္ယြဲ႕ကို ပညာေပးရလိမ့္မယ္။ ဒီဝက္မကို ပညာျပရမယ္။
ခ်န္းမင္၏ပုံစံက အခန္းထဲရွိ က်န္ေနသည့္ေက်ာင္းသူမ်ားကို ေၾကာက္လန္႔သြားေစေလသည္။ သူတို႔သည္ ျပႆနာ မျဖစ္ခ်င္ၾကေခ်။ အခန္းထဲကလူမ်ားသည္ ျမန္ျမန္ထြက္သြားၿပီး ရွန္ယြဲ႕ႏွင့္ ခ်န္းမင္ကို ထားခဲ့လိုက္ၾကသည္။
ရွန္ယြဲ႕သည္ မ်က္ေမွာင္က်ဳံ႕လိုက္၏။
ၾကက္ကေလးတစ္ေကာင္လို ေအာ္သံက ငါ့ေရွ႕က ဒီေကာင္မေလးဆီက လာတာလား။
ခ်န္းမင္၏ပုံစံကို ေသေသခ်ာခ်ာ အကဲခတ္လိုက္ၿပီးေနာက္ ရွန္ယြဲ႕၏အၾကည့္သည္ ေအးစက္သြားေတာ့သည္။
ဒီခ်န္းမင္က ငါသိတဲ့ထဲကတစ္ေယာက္ပဲ။ ပိုင္ရွင္ရဲ႕ ေနာက္ဆုံးမွတ္ဉာဏ္ထဲမွာ သူ႔ကို ေရထဲတြန္းခ်ၿပီး သူမရဲ႕ပင္မစိတ္ဝိဉာဥ္ကို လြင့္သြားေအာင္လုပ္ခဲ့တာ ခ်န္းမင္မလား။
" နင္က ကိုယ့္ဟာကိုေတာ့ သတိရွိသားပဲ၊ ငါေတာင္ နင့္ဆီလာမရွာရေသးဘူး၊ နင္က ငါ့ဆီ ေရာက္လာၿပီ"
ရွန္ယြဲ႕၏ႏႈတ္ခမ္းသည္ ေကြးတက္သြားၿပီး သူမ၏မ်က္လုံးမ်ားသည္ အႏၲရာယ္ရိပ္ သန္းသြားေလသည္။
ဒီေကာင္မေလးေတြက ငါ့ေရွ႕ေပၚလာရဲတယ္ဆိုေတာ့ ငါေလးကလည္း မူလပိုင္ရွင္အတြက္ လက္စားေခ်ေပးရေတာ့မွာေပါ့။
" ေခြးမ ယြီေဟာက္ကို ျမဴဆြယ္ဖို႔ဆို တကယ္ပဲ ေကာက္က်စ္တာပဲ၊ ညီအမတို႔ သူ႔ကို ႐ိုက္ၾက"
ခ်န္းမင္သည္ ရွန္ယြဲ႕ကို ထိုသို႔ျမင္လိုက္ရခ်ိန္၌ ပို၍ပင္ ႐ြံရွာသြားၿပီး အန္ခ်င္သြားေလသည္။ သူမသည္ လက္ယမ္းျပလိုက္ၿပီး ေနာက္က သူမ၏လက္ပါးေစမ်ားကို ရွန္ယြဲ႕အား ႐ိုက္နက္ရန္ ၫႊန္ၾကားလိုက္ေလသည္။
ခ်န္းမင္ေနာက္လိုက္လာၾကသည့္ လက္ပါးေစမ်ားအားလုံးသည္ ရန္ျဖစ္ေနက် လမ္းသရဲမေလးမ်ား ျဖစ္ၾက၏။ သူသည္ ခ်န္းမင္ေနာက္ လိုက္ေလ့ရွိၿပီး ရာဇဝတ္မႈအားလုံးကို က်ဴးလြန္ၾကေလသည္။ မည္သည့္အမႈတြင္မဆို သူတို႔သည္ ျဖစ္သမွ်အတြက္ တာဝန္ယူစရာမလိုခဲ့ေခ်။ ေနာက္ဆုံး ခ်န္းမင္၏အေဖသည္ ၿမိဳ႕၏ အေရးပါေသာ ေကာင္စီဝင္တစ္ေယာက္ ျဖစ္သည္။ သူသည္ အနာဂတ္တြင္ ၿမိဳ႕ေတာ္ဝန္ ျဖစ္လာေပလိမ့္မည္။
လမ္းသရဲမေလးမ်ားသည္ သူတို႔အေစာကတည္းက ျပင္ဆင္လာခဲ့သည့္ ေဘ့စ္ေဘာ႐ိုက္တံကို ထုတ္လိုက္ၿပီး ရွန္ယြဲ႕ဆီသို႔ အရွိန္ျဖင့္ ေျပးဝင္သြားၾက၏။ ပုံမွန္အတိုင္းဆိုလွ်င္ ရွန္ယြဲ႕သည္ သူမ၏ေခါင္းကို လက္ျဖင့္ ခ်က္ခ်င္းကာလိုက္ၿပီး ေထာင့္တြင္ ပုန္းကာ ငိုေပလိမ့္မည္။
သို႔ေသာ္ ရွန္ယြဲ႕၏အမူအရာသည္ တည္ၿငိမ္ေနရာ အံ့ဩသြားၾကေလသည္။ သူတို႔သည္ သူမ၏ေရွ႕သို႔ ေရာက္သြားခ်ိန္၌ ရွန္ယြဲ႕သည္ သူမ၏ေျခေထာက္ကို ႐ုတ္တရက္ ေျမာက္လိုက္ကာ တစ္ေယာက္ၿပီး တစ္ေယာက္ ကန္ေက်ာက္လိုက္ေတာ့သည္။
ရွန္ယြဲ႕၏ေျခေထာက္သည္ အဆီမ်ားႏွင့္ ျပည့္ၿဖိဳးေန၏။ ကန္ခ်က္သည္ ေပါင္တစ္ေထာင္ေလာက္ ေလးသည္ဟု ထင္ရေလသည္။ ေရွ႕ကလူဆိုးမေလးမ်ားသည္ ေနာက္ျပန္လဲက်ကုန္ၿပီး ေနာက္တြင္ရပ္ေနသည့္ လူဆိုးမေလးမ်ားကို သြားတိုက္မိကုန္ေတာ့သည္။ ေနာက္ဆုံးတြင္ သူတို႔အားလုံးသည္ စာပြဲေဘးတြင္ အလဲလဲ အကြဲကြဲ ျဖစ္ကုန္ၾကေလသည္။
သို႔ေသာ္ မၿပီးေသးေခ်။ ရွန္ယြဲ႕သည္ သူမေနာက္က ခ်န္းမင္ကို ပစ္မွတ္ထားလိုက္ေလသည္။ သူမ၏အားကို စုစည္းလိုက္ၿပီး ခႏၶာကိုယ္ကို ေဘးေစာင္းကာ သူမ၏ပခုံးကို အားထည့္လိုက္ၿပီး ခ်န္းမင္ ပစ္ေဆာင့္ လိုက္ေလသည္။
" သူ႔ကိုသ-တ္__"
ခ်န္းမင္သည္ အံႀကိတ္ကာ ေအာ္ဟစ္လို႔မၿပီးခင္မွာပင္ ရွန္ယြဲ႕က သူမကို ႐ုတ္တရက္ ဝင္ေဆာင့္လိုက္ေတာ့သည္။ သူမသည္ ရပ္သာၾကည့္ေနႏိုင္ၿပီး ဧရာမအားႀကီးတစ္ခုကို ခံစားလိုက္ရကာ နာက်င္သြားေတာ့သည္။ ထို႔ေနာက္ သူမ၏ခႏၶာကိုယ္သည္ ၾကမ္းျပင္ေပၚသို႔ ႐ုတ္တရက္လဲက်သြားၿပီး ရွန္ယြဲ႕က သူမကိုေပၚသို႔ ျမန္ျမန္ တက္ခြလိုက္ေတာ့သည္။
"အားးး"
ခ်န္းမင္သည္ သူမ၏ေရွ႕တြင္ အသားမ်ားျပည့္ၿဖိဳးေနသည့္ ရွန္ယြဲ႕၏မ်က္ႏွာႀကီးကို ျမင္လိုက္ရေလသည္။ သူမ၏မ်က္လုံးမ်ာသည္ ေၾကာက္မက္ဖြယ္ ဝင္းဝင္းေတာက္ေနေလသည္။ ခ်န္းမင္သည္ ခ်က္ခ်င္းဆိုသလို ေသမတတ္ေၾကာက္လန္႔သြားၿပီး လည္ေခ်ာင္းကြဲေအာင္ ေအာ္မိမတတ္ ျဖစ္သြားေလေတာ့သည္။
...