အပိုင်း (၃၆) မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ -4
မူလထဲက အခြေနေမှာတင်းနေမာနေတာဖြစ်ပြီး ပိုင်လီကရုတ်တရက် တစ်ဖက်ကလူတစ်ယောက်ကိုကန်လိုက်သော် ချက်ခြင်းပင်လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။
တစ်ဖက်ကလူတွေက စတင်တိုက်ခိုက်ဖို့လှုပ်ရှားကျတော့မှာပေမယ့် ကြားဖြတ်ဝင်လာတဲ့အသံတစ်ခါကြောင့် ဘာလှုပ်ရမှန်းမသိဖြစ်ကာ ရပ်တန့်သွားခဲ့ကျ၏။ ထိုအသံမှာ အကြီးကဲကျန်း၏အသံပါပင်။
"ငါက ဒီရွာရဲ့အကြီးကဲပဲ! ဒီမှာဘာတွေဖြစ်နေကျတာလဲ!"
အကြီးကဲကျန်းက ခြံဝတွင်သာရှိသေးသော်လည်း တိုက်ခိုက်ကျတော့မည့်အရိပ်ယောင်များမြင်၍ အော်ဟစ်ရင်းပြေးလာကာ သူ့ရွာသားများ၏ရှေ့တွင်နေရာယူလိုက်ပြီး တစ်ဖက်ကလူများကိုမူ အလွန်သုန်မှုန်စွာကြည့်လျက်...
"ဒါက ငါ့ရွာပဲ မင်းတို့ကဘယ်ကလူတွေလဲ ဒီရွာကိုလာပြီးတိုက်ခိုက်ချင်နေကျတာလား!"
အကြီးကဲကျန်း၏မေးသံကြားမှ ယန်စန်းဟွားလည်း ကြောင်နေရာမှသတိပြန်ဝင်လာခဲ့သည်။ သူမက ပိုင်လီ ရုတ်တရက် တိုက်ခိုက်လိုက်မယ်လို့မထင်ထားတာကြောင့် အံသြသွားခဲ့ရတာဖြစ်၏။ သူမက သူမလူတွေကို ကလေးတွေကိုသွားခေါ်ခိုင်းခဲ့ပေမယ့် အဲတာက တကယ်တိုက်ခိုက်ခိုင်းတယ်လို့မှမဆိုလိုတာ။ ပိုင်လီသာရုတ်တရက်ရန်မစခဲ့ရင် သူမလူတွေကလည်း တိုက်ခိုက်ကျပြီထင်ပြီးတော့ ပြန်တုန့်ပြန်ခဲ့မှာမဟုတ်ဘူး။
ဒီမှာရန်ပွဲဖြစ်မှာကို အကြောက်ဆုံးလူကဘယ်သူလဲဆိုရင် အဲတာကသေချာပေါက်ယန်စန်းဟွားပဲပေါ့။ သူမကလက်ထဲမှာစာချုပ်မရှိပဲ ကလေးတွေကိုလာခေါ်ခဲ့တယ်။ အစထဲက ဒါကဟန်ပြခြိမ်းခြောက်မှုဆိုတာအသိသာကြီးပဲ။ သူမကပိုင်လီကြောက်လန့်ပြီး ကလေးတွေကိုထည့်ပေးအောင်ပဲလုပ်ချင်ခဲ့တာ။ ပိုင်လီက အသာတကြည်ထည့်မပေးဘူးဆိုမှတော့ သူမကစာချုပ်ရအောင် ထပ်ဝယ်ရုံပဲရှိတော့တာပေါ့။ ဒါကို ပိုင်လီက စလက်ပါခဲ့တယ်။ ဒီခွေးကောင်က ဘာဖြစ်ချင်နေတာလဲ!!
ပိုင်လီက ပြဿနာဖြစ်ချင်နေတာအသိသာကြီးပဲ။ အကယ်၍ဒီမှာသာရန်ပွဲဖြစ်သွားရင် သေချာပေါက်ရုံးတော်ကိုရောက်တော့မယ်။ ရုံးတော်ကိုရောက်ရင် သူမက ကလေးတွေကို စာချုပ်မရှိပဲအတင်းခေါ်သွားဖို့လုပ်ရာကနေ ရန်ပွဲပါဖြစ်ရတယ်ဆိုပြီး ဖြစ်သွားလိမ့်မယ်။ ဒါဆို ပြဿနာတတ်မှာက ဟွမ်ဟာနဲ့သူမပဲ!။
ယန်စန်းဟွားရဲ့ ဒီကိုမလာခင် မျှော်မှန်းထားခဲ့တာတွေက တစ်ခုမှဖြစ်လာတဲ့အပြင် ဆန့်ကျင်ဘက်တွေချည်းဖြစ်လာခဲ့တာကြောင့် သူမကအံကိုကြိတ်ထားရပြီး အံကြိတ်ထားရင်းပဲ သူမလူတွေကိုအမြန်လှမ်းအော်လိုက်ရ၏။
"ရပ်စမ်း! ဘယ်သူကနင်တို့ကိုတိုက်ခိုက်ခိုင်းလို့လဲ အခုနောက်ပြန်ဆုတ်ကျ!"
အထက်လူကြီး၏အမိန့်ကြောင့် ယန်စန်းဟွားဘက်ကလူများက နောက်ပြန်ဆုတ်သွားကျသော်လည်း သူတို့က ပိုင်လီကိုမကျေမနပ်ကြည့်သွားကျသေးသည်။ ပိုင်လီကတော့ နှာခေါင်းသာရှုံ့လိုက်ပြီး ဂရုစိုက်မနေပေ။ သူက မျက်လုံးထောင့်ကနေ အကြီးကဲကျန်းလာနေတာမြင်လိုက်ရလို့ ဒီလှုပ်ရှားမှုကိုလုပ်ခဲ့တယ် ဘာဖြစ်လဲ။
သူက ယန်စန်းဟွားကို ပြဿနာတတ်စေချင်တာမှန်ပေမယ့် ပိုင်အိမ်ကလူတွေနဲ့ ရွာသားတွေထိခိုက်မှာကိုတော့ ခွင့်မပြုနိုင်ဘူးလေ။ ယန်စန်းဟွားတို့ဘက်မှာလူနည်းပြီး ရွာသားတွေဘက်ကလူများပေမယ့် ဟိုဘက်ကလူတွေက ကိုယ်ခံပညာအနည်းငယ်တတ်ကျတယ်ဆိုတာအသိသာကြီးပဲ။ တကယ်တမ်းချကျပြီဆို ရွာသားတွေဘက်ကပဲခံရမှာပေါ့။ ဒါကိုပိုင်လီကနားမလည်ပဲနေပါ့မလား။
ဒါကြောင့် ပိုင်လီက အကြီးကဲကျန်းဝင်တားမှာကိုတွက်ဆပြီးမှ လှုပ်ရှားခဲ့တာ။ တကယ်လို့သူတွက်ဆတာမှားသွားရင်လည်း တစ်ဖက်ကလူတွေလောက်ကိုသူတစ်ယောက်တည်း ကိုင်တွယ်နိုင်လို့ သူကရွာသားတွေနဲ့တိုက်ခွင့်ပေးမှာမဟုတ်ဘူး။
ယန်စန်းဟွားကတော့ အတော်လေးမျက်နှာပျက်နေပြီး သူမက ပိုင်လီအိမ်မှာလူအများကြီးရှိနေတာကိုမမျှော်လင့်ခဲ့သလိုမျိုး ကိစ္စကဒီလောက်ထိကြီးထွားလာဖို့လည်း မမျှော်လင့်ခဲ့တာကြောင့် ဒီနေ့တော့ပြန်လိုက်တာကောင်းမည်ဟုသာတွေးမိတော့သည်။
ဒါကြောင့် သူမက အပြုံးတစ်ခုကိုဖျစ်ညှစ်လိုက်ပြီး ရွာအကြီးကဲကို ဘာမှမဟုတ်ကြောင်းပြောတော့မည်ဖြစ်သော်လည်း ကျန်းထင်ကသူမထက်အရင်ဦးအောင် ပြောလာခဲ့၏။
"အဖေ ဒီမိန်းမတွေက ပြည့်တန်ဆာအိမ်ကလူတွေဖြစ်မယ် ပြီးတော့သူမတို့က ပိုင်လီအိမ်ကကောလေးတွေကို ပိုင်လီကရောင်းထားပါတယ်ဆိုပြီး အတင်းခေါ်သွားချင်နေကျတယ် ဒါပေမယ့် ပိုင်လီကတော့ သူမရောင်းခဲ့ဘူးလို့ပြောတဲ့အပြင် ဒီဦးဆောင်လာတဲ့မိန်းမကိုတောင်မသိဘူးလို့ပြောတယ်"
ကျန်းထင်က ထိုစကားပြောနေချိန် ပိုင်လီကိုသံသယဖြင့်မကြည့်ပဲမနေနိုင်ခဲ့ပေ။ သူကပိုင်လီဘယ်လောက်ပဲမရောင်းခဲ့ဘူးလို့ပြောနေပါစေ အရင်ကပိုင်လီရဲ့လုပ်ရပ်တွေကိုပြန်တွေးမိတော့ သံသယမဝင်ပဲမနေနိုင်ခဲ့ဘူး။
အကြီးကဲကျန်းက ကိစ္စကိုနားလည်သွားချိန်တွင် ပိုင်လီကိုစေ့စေ့ကြည့်လိုက်မိသည်။ သူကပိုင်လီရဲ့မျက်နှာမှာ ဘာအမှားမှရှာမရတဲ့အပြင် ပိုင်လီကဒီကိစ္စအပေါ် မလုံမလဲဖြစ်နေတာမျိုးလည်းမရှိခဲ့ဘူး။ ဒါ့အပြင် ပိုင်လီကအရမ်းကိုတည်ငြိမ်နေတာဖြစ်လို့ သူမရောင်းခဲ့တာအမှန်ဖြစ်လောက်ပါတယ်။
အကြီးကဲကျန်းသည် ထိုသို့တွေးပြီးနောက် တစ်ဖက်ကလူများကို ကြည့်လိုက်ကာ အလွန်တင်းမာနေလျက်...
"မင်းတို့က ပိုင်လီက ကလေးတွေကိုရောင်းတယ်လို့ပြောခဲ့တာလား ဒါဆိုအသက်စာချုပ်တွေပြနိုင်လား! မင်းတို့က ကလေးတွေကိုခေါ်သွားချင်ရင် စာချုပ်ပြနိုင်ရမယ်!!"
ထိုစကားကြောင့် ဖျစ်ညှစ်ထုတ်ထားရသော ရန်စန်းဟွားရဲ့အပြုံးသည် ခဏလေးနှင့်ပင်ပြိုကွဲသွားခဲ့တော့သည်။ တလျောက်လုံးမှာ ပိုင်လီအပါအဝင် တခြားလူတွေက စာချုပ်အကြောင်းမမေးခဲ့ဘူး။ ပိုင်လီကလည်း သူမရောင်းခဲ့ဘူးလို့သာပြောနေခဲ့ပြီး တခြားလူတွေကလည်း ဒါကိုယုံကြည်ပြီးသာ ပိုင်လီဘက်မှာရပ်ခဲ့ကျပေမယ့် ရွာအကြီးကဲလို အဓိကကျတာကို မေးဖို့တော့မေ့နေကျတယ်လို့ထင်ရသည်။ ဒါပေမယ့် ရှေ့မှာ ယန်စန်းဟွားက စာချုပ်တွေအခိုးခံရတယ်လို့ထည့်ပြောခဲ့ပြီး အကြီးကဲကဒါကိုမကြားလိုက်ဘဲ ယန်စန်းဟွားရဲ့မျက်နှာကိုရိုက်ဖို့ ဒီမေးခွန်းကို ဒဲ့တိုးအသုံးပြုလိုက်သလိုပင်။
ယန်စန်းဟွားက သူမဆီမှာစာချုပ်တွေမရှိတော့ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောဖို့ ဖိအားပေးခံနေရသလိုပါပဲ။ သူမရဲ့မျက်နှာပေါ်ကအကြောတွေကတောင် ဒေါသကြောင့်လှုပ်လာပုံရကာ သူမကအံကိုတင်းတင်းကြိတ်ထားလိုက်ရသည်။
အကြီးကဲကျန်းက သူမရဲ့မျက်နှာအမူယာကိုကြည့်ပြီး သူမဆီမှာစာချုပ်မရှိမှန်း သဘောပေါက်သွားသဖြင့် အေးတိအေးစက်နှာမှုတ်လိုက်ကာ...
"ဟမ့်! မင်းမှာစာချုပ်မရှိပဲနဲ့များ ပိုင်လီကိုစွပ်စွဲပြီး ကလေးတွေကိုလာခေါ်ဝံ့နေသေးတယ် မင်းတို့ကငါတို့ရွာကလူတွေကို အနိုင်ကျင့်ဖို့လွယ်တယ်လို့ထင်နေတာလား! မင်းတို့တကယ်ရုံးတော်ကိုအတိုင်ခံချင်နေတာလား!!"
ဘေးကလူများသည် အစောလေးက ယန်စန်းဟွားမှစာချုပ်များအခိုးခံလိုက်ရတာကို ပိုင်လီသိနေခဲ့သလားဟု မေးခွန်းထုတ်သလိုအပြောကိုကြားခဲ့ရသော်လည်း ဤမျှရှင်းရှင်းလင်းလင်းမရှိခဲ့ကျပေ။ အခုချိန်မှာသူတို့က အရေးကြီးဆုံးကိုအမှတ်ရသွားကျပြီး အဲဒီအရေးကြီးဆုံးကလည်း မရှိဘူးဆိုတာကို သေချာနားလည်သွားကျရ၏။ စာချုပ်တွေကမရှိဘူးပေါ့။ ဒါဆိုရင် ပိုင်လီသေချာပေါက်မရောင်းဘူးလို့ပြောတာပဲမဟုတ်ဘူးလား။
ထိုသို့နားလည်သွားကျတော့ ရွာသားတွေကလည်းအော်ဟစ်လာကျပြီး...
"သူတို့ဆီမှာ အသက်စာချုပ်တွေမရှိဘူးပဲ!"
"စာချုပ်တွေမရှိဘူးဆိုမှတော့ ပိုင်လီမရောင်းခဲ့တာအမှန်ပဲပေါ့ ပိုင်လီကမလိမ်ခဲ့ဘူးပဲ"
"ဒါပေါ့ဟ ပိုင်လီကမရောင်းခဲ့ဘူးဆိုမှတော့ စာချုပ်တွေကဘယ်လိုလုပ်ရှိပါ့မလဲ သူတို့တွေကလာလိမ်နေကျတာပဲ"
"စာချုပ်မရှိပဲနဲ့ သူတို့တွေကဘယ်လိုလုပ်လာရဲတာလဲ! သူတို့ကငါတို့ရွာကို မြို့နဲ့အလှမ်းဝေးတဲ့ချောင်ကျကျရွာငယ်လေးဆိုပြီး အနိုင်ကျင့်ချင်နေတာနဲ့တူတယ်!"
"အကြီးကဲ ကျုပ်ထင်တာတော့ ပိုင်လီကအရင်ကမြို့လေးကပြည့်တန်ဆာအိမ်ကိုသွားနေကျဆိုတော့ သူတို့က ပိုင်လီက ကလေးတွေကိုရောင်းလောက်မယ်ထင်လို့ လာတာနေမယ်!"
"ဟုတ်တယ်ဟုတ်တယ် သူတို့ကအစက ပိုင်လီက ကလေးတွေကိုရောင်းခဲ့တာလို့ပြောပြီး ခေါ်သွားချင်နေတာ ပိုင်လီက ယတိပြတ်ငြင်းလိုက်တော့ ကလေးတွေကိုဝယ်မယ်ဖြစ်သွားရော"
"အမှန်ပဲ သူတို့ကပိုင်လီအိမ်က ကောလေးတွေကအရမ်းချစ်စရာကောင်းမှန်းသိလို့ ဝယ်ချင်နေတာဖြစ်မယ် အစကတော့ သူတို့က ပိုင်လီအရင်ကဆိုးသွမ်းခဲ့တာကိုသိလို့ ကလေးတွေကိုပိုင်လီကရောင်းထားတာလို့စွပ်စွဲလိုက်ရင် လူတွေယုံမယ်လို့ထင်နေတာနေမယ် ကျုပ်တို့ကိုလည်း ရွာသားတွေဆိုပြီး ဒီလောက်နဲ့လိမ့်လို့ရမယ်လို့ထင်နေတာနေမှာ!"
"ဒီအောက်တန်းကျတဲ့မိန်းမတွေကတော့! သူတို့ကနှစ်နှစ်အရွယ်ကလေးတွေကိုတောင် ဘယ်လိုလုပ်မကောင်းကြံနိုင်ရတာလဲ!"
"မင်းဘာပြောတာလဲ သူတို့ကပြည့်တန်ဆာအိမ်ကမိန်းမတွေလေ ဘယ်လိုလုပ်ကောင်းမွန်နိုင်မှာလဲ!"
လူတွေကဒီလိုမျိုး တစ်ယောက်တစ်ပေါက်နဲ့ သူတို့ထင်တာတွေကိုထုတ်ပြောလာတဲ့အချိန်မှာ ဇာက်လမ်းတစ်ပုဒ်က တဖြေးဖြေးနဲ့ရုပ်လုံးပေါ်လာပါတော့တယ်။
အဲတာက ပိုင်လီ အရင်ကပြည့်တန်ဆာအိမ်သွားနေကျမလို့ဆိုတဲ့စကားတွေကနေ စတင်လာပြီး အဲဒီကမိန်းမတွေက ပိုင်လီအိမ်က ကောလေးတွေချစ်စရာကောင်းမှန်းသိလို့ အလကားအမြတ်ထုတ်ဖို့ကြံစည်ကျတယ်ပေါ့လေ။ သူတို့က ရွာသားတွေကဘာမှသိမှာမဟုတ်ဘူးဆိုပြီး စာချုပ်မရှိပဲ ကလေးတွေကိုလည်း လာခေါ်ရဲခဲ့တဲ့အပြင် အပြစ်တွေအကုန်လုံးကိုလည်း ပိုင်လီအပေါ်ပုံချချင်ခဲ့ကျတယ်။ ဘာလို့လည်းဆိုတော့ ပိုင်လီက ရွာကလူတိုင်းရွံမုန်းတဲ့ လူဆိုးလူမိုက်တစ်ယောက်ဖြစ်ခဲ့လို့ သူဒီလိုလုပ်မယ်ဆိုတာကို လူတိုင်းယုံနိုင်တဲ့အတွက်တဲ့လေ။
အကျိုးအကြောင်းနဲ့ သိပ်ယုတ္တိရှိတဲ့ဇာက်လမ်းပါပဲ။ ပိုင်လီအနေနဲ့ အထွေထူးဖြေရှင်းချက်ပေးစရာတောင်မလိုတော့ပဲ လူအများရဲ့ထင်မြင်ချက်မှာ မျောပြီးလိုက်သွားလိုက်ဖို့ပဲလိုခဲ့တယ်။
အသက်စာချုပ်တွေကလည်းမရှိတဲ့အပြင် ဒီလို ဖြစ်နိုင်ချေများတဲ့ ထင်မြင်ချက်လည်းထွက်လာတော့ ပိုင်မိသားစုနဲ့ရှောင်ဟန်ရဲ့မျက်နှာက သိသိသာသာပိုကောင်းလာပြီး သူတို့ရင်ထဲက ပိုင်လီအပေါ်ထားတဲ့သံယတွေကလည်း အတော်လေးကိုလျော့နည်းသွားကျသည်။
ပိုင်လီက ဒါကိုသတိထားမိတော့ စိတ်ထဲမှာ သက်ပြင်းခိုးချလိုက်ရကာ ဒီနေ့အဖြစ်ပျက်အပြီး နောင်တွင် ပိုင်မိသားစုနှင့်ရှောင်ဟန်က သူကလေးတွေကိုရောင်းနိုင်တယ်ဆိုတဲ့အတွေး လုံးဝမဝင်တော့ဖို့ကို မျှော်လင့်နေမိ၏။
ထိုအချိန်မှာပင် ပိုင်လီလက်ထဲကပိုင်အမေက ရုန်းထွက်သွားကာ ယန်စန်းဟွားထံပြေးသွားပြီး ပါးကို ဖြန်းခနဲမည်အောင်ရိုက်လိုက်သံ ထွက်ပေါ်လာခဲ့သည်။
မော့ဟွာရဲ့လှုပ်ရှားမှုက အရမ်းရုတ်တရက်ဆန်ပြီး ဒါကိုဘယ်သူမှထင်ထားခဲ့မှာမဟုတ်ဘူး။ ယန်စန်းဟွားလို တစ်သက်လုံးအပျော်မယ်အဖြစ်နုနုရွရွနေခဲ့ရသူနှင့်ယှဥ်လျှင် ဘဝတစ်လျောက်လုံး လယ်အလုပ် လုပ်လာခဲ့တဲ့ပိုင်အမေက ပိုသန်မာတာထင်ရှားပြီး ယန်စန်းဟွားရဲ့မျက်နှာက လည်ထွက်သွားခဲ့ရှာသည်။ မော့ဟွာက သူမကိုခေါင်းပြန်မော့ခွင့်မပေးပဲ နောက်တစ်ချက်ဆက်ရိုက်လိုက်ပြီး မုန်းတီးစွာနှင့်...
"မိန်းမပျက်မ! နင်က ငါ့သားကိုမဟုတ်တရုတ်တွေပြောပြီး ငါ့မြေးတွေကိုနင့်လိုဘဝရောက်အောင်ဆွဲချချင်နေတာပေါ့လေ! ငါဒီနေ့နင့်ကိုမသတ်မရရင် မကျေအေးဘူး!!"
ပုံမှန်အားဖြင့်မော့ဟွာသည် ယဥ်ကျေးသောအမျိုးသမီးတစ်ယောက်ဖြစ်ပြီး လဲ့ရှီလိုအဆိပ်ပြင်းသောမိန်းမမျိုးနှင့်တွေ့မှသာ စကားကြမ်းများထွက်တတ်သူဖြစ်သော်လည်း ယခုအခါတွင်မူ လက်ပါသည်ထိကြမ်းတမ်းလာခဲ့သည်။ သူမက ယန်စန်းဟွားဆံပင်ကိုဆွဲထားပြီး ဆက်ရိုက်ချင်နေတာဖြစ်တဲ့အတွင် ဘေးကအမျိုးသမီးချန်းက ဝင်ဆွဲလာကာ ယန်စန်းဟွားဘက်ကလူတွေကလည်း ပိုင်အမေကိုဆွဲရန်ပြေးသွားကျသဖြင့် ထိခိုက်မည်စိုးသောကြောင့် ပိုင်လီကအရင်ဦးအောင် ပိုင်အမေကိုပြန်ဆွဲခေါ်လိုက်ရသည်။
မော့ဟွာကတော့ ပိုင်လီလက်ထဲလွှတ်အောင်ရုန်းနေပြီး သူမကိုကြည့်ရတာ လုံးဝပေါက်ကွဲနေသလိုပါပဲ။
"ငါ့ကိုလွှတ်စမ်း! ငါဒီမိန်းမရဲ့မျက်နှာအလွှာလိုက်ကွာတဲ့ထိရိုက်ရမှကျေနပ်မယ် လွှတ်! ငါကိုလွှတ်!!
အဲဒီအချိန်မှာ အရိုက်ခံလိုက်ရတဲ့ ယန်စန်းဟွားကတော့ ရှက်ရွံမှုနဲ့ဒေါသကြောင့်တုန်ယင်လာပြီး သူမကပါးကိုအုပ်ကိုင်ကာ ပိုင်အမေကိုစိမ်းစိမ်းဝါးဝါးလှမ်းကြည့်လာ၏။
သူမကပြည့်တန်ဆာလုပ်ခဲ့ပေမယ့် တာဝန်ခံတစ်ယောက်ဖြစ်လာတဲ့အခါ ဒီလိုစော်ကားခံရမှုမျိုးမရှိတော့ဘူး။ ဟွမ်ဟွာရဲ့နောက်ခံကတောင့်တင်းတာကြောင့်လည်း ဘယ်သူမှသူမကိုရန်စဖို့စိတ်မဝင်စားကျဘူး။ ဒါကြောင့် အချိန်အကြာကြီးနေမှ လူကြားထဲပါးရိုက်ခံရတာလိုမျိုး အရှက်ကွဲစော်ကားခံရမှုက ယန်စန်းဟွားကို ရူးသွပ်သွားစေပြီး အဲဒီအချိန်မှာ သူမကလည်း ပိုင်အမေကိုပြန်ရိုက်ချင်တာကြောင့် ပြေးသွားပေမယ့် သတိရှိသေးတဲ့အမျိုးသမီးချန်းကအတင်းပြန်ဆွဲထားကာ...
"မိန်းကလေးယန် မင်းဒီလိုလုပ်လို့မရဘူး ဒီလိုလုပ်လို့မရဘူးလေ"
ပြည့်တန်ဆာတွေဆိုတာ အနိမ့်ကျဆုံးလူတန်းစားမျိုးပဲ။ ပိုင်အမေက ယန်စန်းဟွားကိုအသားလွတ်ပါးရိုက်နိုင်ပေမယ့် အဲတာက ယန်စန်းဟွားက ပိုင်အမေကိုပြန်ရိုက်နိုင်မယ်လို့မှမဆိုလိုတာ။ ဒီမှာ သူတို့ဘက်ကအခြေနေကလည်း မလှတော့တဲ့အတွက် ပြဿနာမဖြစ်အောင်နေတာကအကောင်းဆုံးပါပဲ။
ယန်စန်းဟွားက ဒါကိုနားလည်ပေမယ့် သူမကရှက်ရွံဒေါသထွက်နေမိတုန်းပဲ။ ဒါကြောင့်သူမက မုန်းတီးစွာနဲ့အော်ဟစ်လာတော့တယ်။
"အဖွားကြီး!! ရှင်ကဘာလို့လက်ပါရတာလဲ!! ကျွန်မဘယ်သူလဲသိလား!! ရှင်ဘယ်လိုတောင်လုပ်ရဲရတာလဲ!!!"
ပိုင်အမေကဒါကိုကြားတော့ ရွံရှာတဲ့မျက်နှာထားနဲ့ ယန်စန်းဟွားကိုတံတွေးနဲ့လှမ်းထွေးလိုက်ပြီး...
"ငါ ထွီ! နင်ကဘယ်သူရမှာလဲ နင်ကပြည့်တန်ဆာမလေ ဒါကိုအကုန်လုံးသိတယ်ဟဲ့! ဒါတောင်နင်ကမေးရဲသေးတယ်!!"
ဒါကိုကြားတဲ့ ယန်စန်းဟွားက အသတ်ခံနေရတဲ့ဝက်လို စူးစူးဝါးဝါးအော်ဟစ်လာတော့၏။
ပိုင်လီကတော့ ပိုင်အမေကိုထိန်းထားရင်း မျက်ခုံးမပင့်ပဲမနေနိုင်ခဲ့ဘူး။ ဒါက အမျိုးသမီးတွေကြားကရန်ပွဲဆိုတာနဲ့တူပါရဲ့။
ထိုအချိန်မှာပဲ ခြံဝကနေ လေထုနဲ့မလိုက်ဖက်တဲ့ အလွန်ကျယ်လောင်တဲ့ အသံတစ်ခုထွက်ပေါ်လာခဲ့ပြီး အသံကအရမ်းကိုရွှင်မြူးခြင်းတွေနဲ့ပြည့်နေပုံရသည်။
"ညီလေးပိုင်ရေ!! ဒါမင်းအိမ်မလားဟေ့! အကိုကြီးဝင်ခဲ့ပြီနော် ဟဟား မင်းအိမ်ကိုရှာလိုက်ရတာကွာ!"
အသံကအရမ်းကိုကျယ်လွန်းသည်မှာ ရန်ပွဲနှစ်ဖက်ကလူတွေအကုန်လုံး ရပ်တန့်သွားကျတဲ့အထိပင်။ သူတို့က ဒီလိုအချိန်ခါမသင့်တဲ့အချိန်မှာ အလိုက်မသိဝင်လာတဲ့လူကဘယ်သူလဲဆိုတာ သိရရန် ခြံဝကိုပြိုင်တူလှမ်းကြည့်လိုက်ကျချိန် ပိုင်လီကလည်း အရမ်းအံသြနေတာကိုမဖုံးကွယ်နိုင်ခဲ့ပေ။ သူအံသြတကြီးနဲ့ ခြံဝကိုလှမ်းကြည့်လိုက်တော့ အသံပိုင်ရှင်က တကယ်ပဲ ဆိပ်ကမ်းမြို့ကနိုင်ငံတော်ပိုင်လက်နက်ဆိုင်ရဲ့တာဝန်ခံ ချောင်ရန်ဖြစ်တာကိုတွေ့လိုက်ရပြီး ချောင်ရန်ကိုကြည့်ရတာ အထဲကအခြေနေကိုရိပ်မိဟန်မတူပဲ အလွန်ပျော်ရွှင်နေပုံရ၏။
ထိုအချိန်တွင် ပိုင်လီကမစဥ်းစားပဲမနေနိုင်တော့ပေ။
နေပါဦး ဒီနေ့ကဘာနေ့မလို့ သူ့အိမ်ကိုလာလည်တဲ့သူတွေများနေရတာလဲ?။
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိမ်ညွန့် 😇
.................................................................
(AN/ သားမိနှစ်ယောက်ကလည်း လစ်တာနဲ့တွယ်တော့တာပဲ😭
ဒီခေါင်းစဥ်ခွဲလေးက ဒီအပိုင်းမှာပြီးသွားပါပြီ။ နောက်လာမယ့်ခေါင်းစဥ်ခွဲလေးတွေကို မျှော်နေကျမယ်မလားဟင်။ သုံးလေးရက်နေမှတစ်ခါတင်မယ်ဆိုပြီး မေ့မသွားရဘူးနော်😞)
###
အပိုင္း (၃၆) မုဆိုးႀကီးအိမ္သို႔ေရာက္ရွိလာတဲ့ မဖိတ္ေခၚထားေသာဧည့္သည္မ်ား -4
မူလထဲက အေျခေနမွာတင္းေနမာေနတာျဖစ္ၿပီး ပိုင္လီက႐ုတ္တရက္ တစ္ဖက္ကလူတစ္ေယာက္ကိုကန္လိုက္ေသာ္ ခ်က္ျခင္းပင္လႈပ္လႈပ္ရွားရွားျဖစ္သြားခဲ့သည္။
တစ္ဖက္ကလူေတြက စတင္တိုက္ခိုက္ဖို႔လႈပ္ရွားက်ေတာ့မွာေပမယ့္ ၾကားျဖတ္ဝင္လာတဲ့အသံတစ္ခါေၾကာင့္ ဘာလႈပ္ရမွန္းမသိျဖစ္ကာ ရပ္တန့္သြားခဲ့က်၏။ ထိုအသံမွာ အႀကီးကဲက်န္း၏အသံပါပင္။
"ငါက ဒီ႐ြာရဲ႕အႀကီးကဲပဲ! ဒီမွာဘာေတြျဖစ္ေနက်တာလဲ!"
အႀကီးကဲက်န္းက ၿခံဝတြင္သာရွိေသးေသာ္လည္း တိုက္ခိုက္က်ေတာ့မည့္အရိပ္ေယာင္မ်ားျမင္၍ ေအာ္ဟစ္ရင္းေျပးလာကာ သူ႕႐ြာသားမ်ား၏ေရွ႕တြင္ေနရာယူလိုက္ၿပီး တစ္ဖက္ကလူမ်ားကိုမူ အလြန္သုန္မႈန္စြာၾကည့္လ်က္...
"ဒါက ငါ့႐ြာပဲ မင္းတို႔ကဘယ္ကလူေတြလဲ ဒီ႐ြာကိုလာၿပီးတိုက္ခိုက္ခ်င္ေနက်တာလား!"
အႀကီးကဲက်န္း၏ေမးသံၾကားမွ ယန္စန္းဟြားလည္း ေၾကာင္ေနရာမွသတိျပန္ဝင္လာခဲ့သည္။ သူမက ပိုင္လီ ႐ုတ္တရက္ တိုက္ခိုက္လိုက္မယ္လို႔မထင္ထားတာေၾကာင့္ အံၾသသြားခဲ့ရတာျဖစ္၏။ သူမက သူမလူေတြကို ကေလးေတြကိုသြားေခၚခိုင္းခဲ့ေပမယ့္ အဲတာက တကယ္တိုက္ခိုက္ခိုင္းတယ္လို႔မွမဆိုလိုတာ။ ပိုင္လီသာ႐ုတ္တရက္ရန္မစခဲ့ရင္ သူမလူေတြကလည္း တိုက္ခိုက္က်ၿပီထင္ၿပီးေတာ့ ျပန္တုန့္ျပန္ခဲ့မွာမဟုတ္ဘူး။
ဒီမွာရန္ပြဲျဖစ္မွာကို အေၾကာက္ဆုံးလူကဘယ္သူလဲဆိုရင္ အဲတာကေသခ်ာေပါက္ယန္စန္းဟြားပဲေပါ့။ သူမကလက္ထဲမွာစာခ်ဳပ္မရွိပဲ ကေလးေတြကိုလာေခၚခဲ့တယ္။ အစထဲက ဒါကဟန္ျပၿခိမ္းေျခာက္မႈဆိုတာအသိသာႀကီးပဲ။ သူမကပိုင္လီေၾကာက္လန့္ၿပီး ကေလးေတြကိုထည့္ေပးေအာင္ပဲလုပ္ခ်င္ခဲ့တာ။ ပိုင္လီက အသာတၾကည္ထည့္မေပးဘူးဆိုမွေတာ့ သူမကစာခ်ဳပ္ရေအာင္ ထပ္ဝယ္႐ုံပဲရွိေတာ့တာေပါ့။ ဒါကို ပိုင္လီက စလက္ပါခဲ့တယ္။ ဒီေခြးေကာင္က ဘာျဖစ္ခ်င္ေနတာလဲ!!
ပိုင္လီက ျပႆနာျဖစ္ခ်င္ေနတာအသိသာႀကီးပဲ။ အကယ္၍ဒီမွာသာရန္ပြဲျဖစ္သြားရင္ ေသခ်ာေပါက္႐ုံးေတာ္ကိုေရာက္ေတာ့မယ္။ ႐ုံးေတာ္ကိုေရာက္ရင္ သူမက ကေလးေတြကို စာခ်ဳပ္မရွိပဲအတင္းေခၚသြားဖို႔လုပ္ရာကေန ရန္ပြဲပါျဖစ္ရတယ္ဆိုၿပီး ျဖစ္သြားလိမ့္မယ္။ ဒါဆို ျပႆနာတတ္မွာက ဟြမ္ဟာနဲ႕သူမပဲ!။
ယန္စန္းဟြားရဲ႕ ဒီကိုမလာခင္ ေမွ်ာ္မွန္းထားခဲ့တာေတြက တစ္ခုမွျဖစ္လာတဲ့အျပင္ ဆန့္က်င္ဘက္ေတြခ်ည္းျဖစ္လာခဲ့တာေၾကာင့္ သူမကအံကိုႀကိတ္ထားရၿပီး အံႀကိတ္ထားရင္းပဲ သူမလူေတြကိုအျမန္လွမ္းေအာ္လိုက္ရ၏။
"ရပ္စမ္း! ဘယ္သူကနင္တို႔ကိုတိုက္ခိုက္ခိုင္းလို႔လဲ အခုေနာက္ျပန္ဆုတ္က်!"
အထက္လူႀကီး၏အမိန့္ေၾကာင့္ ယန္စန္းဟြားဘက္ကလူမ်ားက ေနာက္ျပန္ဆုတ္သြားက်ေသာ္လည္း သူတို႔က ပိုင္လီကိုမေက်မနပ္ၾကည့္သြားက်ေသးသည္။ ပိုင္လီကေတာ့ ႏွာေခါင္းသာရႈံ႕လိုက္ၿပီး ဂ႐ုစိုက္မေနေပ။ သူက မ်က္လုံးေထာင့္ကေန အႀကီးကဲက်န္းလာေနတာျမင္လိုက္ရလို႔ ဒီလႈပ္ရွားမႈကိုလုပ္ခဲ့တယ္ ဘာျဖစ္လဲ။
သူက ယန္စန္းဟြားကို ျပႆနာတတ္ေစခ်င္တာမွန္ေပမယ့္ ပိုင္အိမ္ကလူေတြနဲ႕ ႐ြာသားေတြထိခိုက္မွာကိုေတာ့ ခြင့္မျပဳနိုင္ဘူးေလ။ ယန္စန္းဟြားတို႔ဘက္မွာလူနည္းၿပီး ႐ြာသားေတြဘက္ကလူမ်ားေပမယ့္ ဟိုဘက္ကလူေတြက ကိုယ္ခံပညာအနည္းငယ္တတ္က်တယ္ဆိုတာအသိသာႀကီးပဲ။ တကယ္တမ္းခ်က်ၿပီဆို ႐ြာသားေတြဘက္ကပဲခံရမွာေပါ့။ ဒါကိုပိုင္လီကနားမလည္ပဲေနပါ့မလား။
ဒါေၾကာင့္ ပိုင္လီက အႀကီးကဲက်န္းဝင္တားမွာကိုတြက္ဆၿပီးမွ လႈပ္ရွားခဲ့တာ။ တကယ္လို႔သူတြက္ဆတာမွားသြားရင္လည္း တစ္ဖက္ကလူေတြေလာက္ကိုသူတစ္ေယာက္တည္း ကိုင္တြယ္နိုင္လို႔ သူက႐ြာသားေတြနဲ႕တိုက္ခြင့္ေပးမွာမဟုတ္ဘူး။
ယန္စန္းဟြားကေတာ့ အေတာ္ေလးမ်က္ႏွာပ်က္ေနၿပီး သူမက ပိုင္လီအိမ္မွာလူအမ်ားႀကီးရွိေနတာကိုမေမွ်ာ္လင့္ခဲ့သလိုမ်ိဳး ကိစၥကဒီေလာက္ထိႀကီးထြားလာဖို႔လည္း မေမွ်ာ္လင့္ခဲ့တာေၾကာင့္ ဒီေန႕ေတာ့ျပန္လိုက္တာေကာင္းမည္ဟုသာေတြးမိေတာ့သည္။
ဒါေၾကာင့္ သူမက အၿပဳံးတစ္ခုကိုဖ်စ္ညွစ္လိုက္ၿပီး ႐ြာအႀကီးကဲကို ဘာမွမဟုတ္ေၾကာင္းေျပာေတာ့မည္ျဖစ္ေသာ္လည္း က်န္းထင္ကသူမထက္အရင္ဦးေအာင္ ေျပာလာခဲ့၏။
"အေဖ ဒီမိန္းမေတြက ျပည့္တန္ဆာအိမ္ကလူေတြျဖစ္မယ္ ၿပီးေတာ့သူမတို႔က ပိုင္လီအိမ္ကေကာေလးေတြကို ပိုင္လီကေရာင္းထားပါတယ္ဆိုၿပီး အတင္းေခၚသြားခ်င္ေနက်တယ္ ဒါေပမယ့္ ပိုင္လီကေတာ့ သူမေရာင္းခဲ့ဘူးလို႔ေျပာတဲ့အျပင္ ဒီဦးေဆာင္လာတဲ့မိန္းမကိုေတာင္မသိဘူးလို႔ေျပာတယ္"
က်န္းထင္က ထိုစကားေျပာေနခ်ိန္ ပိုင္လီကိုသံသယျဖင့္မၾကည့္ပဲမေနနိုင္ခဲ့ေပ။ သူကပိုင္လီဘယ္ေလာက္ပဲမေရာင္းခဲ့ဘူးလို႔ေျပာေနပါေစ အရင္ကပိုင္လီရဲ႕လုပ္ရပ္ေတြကိုျပန္ေတြးမိေတာ့ သံသယမဝင္ပဲမေနနိုင္ခဲ့ဘူး။
အႀကီးကဲက်န္းက ကိစၥကိုနားလည္သြားခ်ိန္တြင္ ပိုင္လီကိုေစ့ေစ့ၾကည့္လိုက္မိသည္။ သူကပိုင္လီရဲ႕မ်က္ႏွာမွာ ဘာအမွားမွရွာမရတဲ့အျပင္ ပိုင္လီကဒီကိစၥအေပၚ မလုံမလဲျဖစ္ေနတာမ်ိဳးလည္းမရွိခဲ့ဘူး။ ဒါ့အျပင္ ပိုင္လီကအရမ္းကိုတည္ၿငိမ္ေနတာျဖစ္လို႔ သူမေရာင္းခဲ့တာအမွန္ျဖစ္ေလာက္ပါတယ္။
အႀကီးကဲက်န္းသည္ ထိုသို႔ေတြးၿပီးေနာက္ တစ္ဖက္ကလူမ်ားကို ၾကည့္လိုက္ကာ အလြန္တင္းမာေနလ်က္...
"မင္းတို႔က ပိုင္လီက ကေလးေတြကိုေရာင္းတယ္လို႔ေျပာခဲ့တာလား ဒါဆိုအသက္စာခ်ဳပ္ေတြျပနိုင္လား! မင္းတို႔က ကေလးေတြကိုေခၚသြားခ်င္ရင္ စာခ်ဳပ္ျပနိုင္ရမယ္!!"
ထိုစကားေၾကာင့္ ဖ်စ္ညွစ္ထုတ္ထားရေသာ ရန္စန္းဟြားရဲ႕အၿပဳံးသည္ ခဏေလးႏွင့္ပင္ၿပိဳကြဲသြားခဲ့ေတာ့သည္။ တေလ်ာက္လုံးမွာ ပိုင္လီအပါအဝင္ တျခားလူေတြက စာခ်ဳပ္အေၾကာင္းမေမးခဲ့ဘူး။ ပိုင္လီကလည္း သူမေရာင္းခဲ့ဘူးလို႔သာေျပာေနခဲ့ၿပီး တျခားလူေတြကလည္း ဒါကိုယုံၾကည္ၿပီးသာ ပိုင္လီဘက္မွာရပ္ခဲ့က်ေပမယ့္ ႐ြာအႀကီးကဲလို အဓိကက်တာကို ေမးဖို႔ေတာ့ေမ့ေနက်တယ္လို႔ထင္ရသည္။ ဒါေပမယ့္ ေရွ႕မွာ ယန္စန္းဟြားက စာခ်ဳပ္ေတြအခိုးခံရတယ္လို႔ထည့္ေျပာခဲ့ၿပီး အႀကီးကဲကဒါကိုမၾကားလိုက္ဘဲ ယန္စန္းဟြားရဲ႕မ်က္ႏွာကိုရိုက္ဖို႔ ဒီေမးခြန္းကို ဒဲ့တိုးအသုံးျပဳလိုက္သလိုပင္။
ယန္စန္းဟြားက သူမဆီမွာစာခ်ဳပ္ေတြမရွိေတာ့ဘူးလို႔ ပြင့္ပြင့္လင္းလင္းေျပာဖို႔ ဖိအားေပးခံေနရသလိုပါပဲ။ သူမရဲ႕မ်က္ႏွာေပၚကအေၾကာေတြကေတာင္ ေဒါသေၾကာင့္လႈပ္လာပုံရကာ သူမကအံကိုတင္းတင္းႀကိတ္ထားလိုက္ရသည္။
အႀကီးကဲက်န္းက သူမရဲ႕မ်က္ႏွာအမူယာကိုၾကည့္ၿပီး သူမဆီမွာစာခ်ဳပ္မရွိမွန္း သေဘာေပါက္သြားသျဖင့္ ေအးတိေအးစက္ႏွာမႈတ္လိုက္ကာ...
"ဟမ့္! မင္းမွာစာခ်ဳပ္မရွိပဲနဲ႕မ်ား ပိုင္လီကိုစြပ္စြဲၿပီး ကေလးေတြကိုလာေခၚဝံ့ေနေသးတယ္ မင္းတို႔ကငါတို႔႐ြာကလူေတြကို အနိုင္က်င့္ဖို႔လြယ္တယ္လို႔ထင္ေနတာလား! မင္းတို႔တကယ္႐ုံးေတာ္ကိုအတိုင္ခံခ်င္ေနတာလား!!"
ေဘးကလူမ်ားသည္ အေစာေလးက ယန္စန္းဟြားမွစာခ်ဳပ္မ်ားအခိုးခံလိုက္ရတာကို ပိုင္လီသိေနခဲ့သလားဟု ေမးခြန္းထုတ္သလိုအေျပာကိုၾကားခဲ့ရေသာ္လည္း ဤမွ်ရွင္းရွင္းလင္းလင္းမရွိခဲ့က်ေပ။ အခုခ်ိန္မွာသူတို႔က အေရးႀကီးဆုံးကိုအမွတ္ရသြားက်ၿပီး အဲဒီအေရးႀကီးဆုံးကလည္း မရွိဘူးဆိုတာကို ေသခ်ာနားလည္သြားက်ရ၏။ စာခ်ဳပ္ေတြကမရွိဘူးေပါ့။ ဒါဆိုရင္ ပိုင္လီေသခ်ာေပါက္မေရာင္းဘူးလို႔ေျပာတာပဲမဟုတ္ဘူးလား။
ထိုသို႔နားလည္သြားက်ေတာ့ ႐ြာသားေတြကလည္းေအာ္ဟစ္လာက်ၿပီး...
"သူတို႔ဆီမွာ အသက္စာခ်ဳပ္ေတြမရွိဘူးပဲ!"
"စာခ်ဳပ္ေတြမရွိဘူးဆိုမွေတာ့ ပိုင္လီမေရာင္းခဲ့တာအမွန္ပဲေပါ့ ပိုင္လီကမလိမ္ခဲ့ဘူးပဲ"
"ဒါေပါ့ဟ ပိုင္လီကမေရာင္းခဲ့ဘူးဆိုမွေတာ့ စာခ်ဳပ္ေတြကဘယ္လိုလုပ္ရွိပါ့မလဲ သူတို႔ေတြကလာလိမ္ေနက်တာပဲ"
"စာခ်ဳပ္မရွိပဲနဲ႕ သူတို႔ေတြကဘယ္လိုလုပ္လာရဲတာလဲ! သူတို႔ကငါတို႔႐ြာကို ၿမိဳ႕နဲ႕အလွမ္းေဝးတဲ့ေခ်ာင္က်က်႐ြာငယ္ေလးဆိုၿပီး အနိုင္က်င့္ခ်င္ေနတာနဲ႕တူတယ္!"
"အႀကီးကဲ က်ဳပ္ထင္တာေတာ့ ပိုင္လီကအရင္ကၿမိဳ႕ေလးကျပည့္တန္ဆာအိမ္ကိုသြားေနက်ဆိဳေတာ့ သူတို႔က ပိုင္လီက ကေလးေတြကိုေရာင္းေလာက္မယ္ထင္လို႔ လာတာေနမယ္!"
"ဟုတ္တယ္ဟုတ္တယ္ သူတို႔ကအစက ပိုင္လီက ကေလးေတြကိုေရာင္းခဲ့တာလို႔ေျပာၿပီး ေခၚသြားခ်င္ေနတာ ပိုင္လီက ယတိျပတ္ျငင္းလိုက္ေတာ့ ကေလးေတြကိုဝယ္မယ္ျဖစ္သြားေရာ"
"အမွန္ပဲ သူတို႔ကပိုင္လီအိမ္က ေကာေလးေတြကအရမ္းခ်စ္စရာေကာင္းမွန္းသိလို႔ ဝယ္ခ်င္ေနတာျဖစ္မယ္ အစကေတာ့ သူတို႔က ပိုင္လီအရင္ကဆိုးသြမ္းခဲ့တာကိုသိလို႔ ကေလးေတြကိုပိုင္လီကေရာင္းထားတာလို႔စြပ္စြဲလိုက္ရင္ လူေတြယုံမယ္လို႔ထင္ေနတာေနမယ္ က်ဳပ္တို႔ကိုလည္း ႐ြာသားေတြဆိုၿပီး ဒီေလာက္နဲ႕လိမ့္လို႔ရမယ္လို႔ထင္ေနတာေနမွာ!"
"ဒီေအာက္တန္းက်တဲ့မိန္းမေတြကေတာ့! သူတို႔ကႏွစ္ႏွစ္အ႐ြယ္ကေလးေတြကိုေတာင္ ဘယ္လိုလုပ္မေကာင္းႀကံနိုင္ရတာလဲ!"
"မင္းဘာေျပာတာလဲ သူတို႔ကျပည့္တန္ဆာအိမ္ကမိန္းမေတြေလ ဘယ္လိုလုပ္ေကာင္းမြန္နိုင္မွာလဲ!"
လူေတြကဒီလိုမ်ိဳး တစ္ေယာက္တစ္ေပါက္နဲ႕ သူတို႔ထင္တာေတြကိုထုတ္ေျပာလာတဲ့အခ်ိန္မွာ ဇာက္လမ္းတစ္ပုဒ္က တေျဖးေျဖးနဲ႕႐ုပ္လုံးေပၚလာပါေတာ့တယ္။
အဲတာက ပိုင္လီ အရင္ကျပည့္တန္ဆာအိမ္သြားေနက်မလို႔ဆိုတဲ့စကားေတြကေန စတင္လာၿပီး အဲဒီကမိန္းမေတြက ပိုင္လီအိမ္က ေကာေလးေတြခ်စ္စရာေကာင္းမွန္းသိလို႔ အလကားအျမတ္ထုတ္ဖို႔ႀကံစည္က်တယ္ေပါ့ေလ။ သူတို႔က ႐ြာသားေတြကဘာမွသိမွာမဟုတ္ဘူးဆိုၿပီး စာခ်ဳပ္မရွိပဲ ကေလးေတြကိုလည္း လာေခၚရဲခဲ့တဲ့အျပင္ အျပစ္ေတြအကုန္လုံးကိုလည္း ပိုင္လီအေပၚပုံခ်ခ်င္ခဲ့က်တယ္။ ဘာလို႔လည္းဆိုေတာ့ ပိုင္လီက ႐ြာကလူတိုင္း႐ြံမုန္းတဲ့ လူဆိုးလူမိုက္တစ္ေယာက္ျဖစ္ခဲ့လို႔ သူဒီလိုလုပ္မယ္ဆိုတာကို လူတိုင္းယုံနိုင္တဲ့အတြက္တဲ့ေလ။
အက်ိဳးအေၾကာင္းနဲ႕ သိပ္ယုတၱိရွိတဲ့ဇာက္လမ္းပါပဲ။ ပိုင္လီအေနနဲ႕ အေထြထူးေျဖရွင္းခ်က္ေပးစရာေတာင္မလိုေတာ့ပဲ လူအမ်ားရဲ႕ထင္ျမင္ခ်က္မွာ ေမ်ာၿပီးလိုက္သြားလိုက္ဖို႔ပဲလိုခဲ့တယ္။
အသက္စာခ်ဳပ္ေတြကလည္းမရွိတဲ့အျပင္ ဒီလို ျဖစ္နိုင္ေခ်မ်ားတဲ့ ထင္ျမင္ခ်က္လည္းထြက္လာေတာ့ ပိုင္မိသားစုနဲ႕ေရွာင္ဟန္ရဲ႕မ်က္ႏွာက သိသိသာသာပိုေကာင္းလာၿပီး သူတို႔ရင္ထဲက ပိုင္လီအေပၚထားတဲ့သံယေတြကလည္း အေတာ္ေလးကိုေလ်ာ့နည္းသြားက်သည္။
ပိုင္လီက ဒါကိုသတိထားမိေတာ့ စိတ္ထဲမွာ သက္ျပင္းခိုးခ်လိဳက္ရကာ ဒီေန႕အျဖစ္ပ်က္အၿပီး ေနာင္တြင္ ပိုင္မိသားစုႏွင့္ေရွာင္ဟန္က သူကေလးေတြကိုေရာင္းနိုင္တယ္ဆိုတဲ့အေတြး လုံးဝမဝင္ေတာ့ဖို႔ကို ေမွ်ာ္လင့္ေနမိ၏။
ထိုအခ်ိန္မွာပင္ ပိုင္လီလက္ထဲကပိုင္အေမက ႐ုန္းထြက္သြားကာ ယန္စန္းဟြားထံေျပးသြားၿပီး ပါးကို ျဖန္းခနဲမည္ေအာင္ရိုက္လိုက္သံ ထြက္ေပၚလာခဲ့သည္။
ေမာ့ဟြာရဲ႕လႈပ္ရွားမႈက အရမ္း႐ုတ္တရက္ဆန္ၿပီး ဒါကိုဘယ္သူမွထင္ထားခဲ့မွာမဟုတ္ဘူး။ ယန္စန္းဟြားလို တစ္သက္လုံးအေပ်ာ္မယ္အျဖစ္ႏုႏု႐ြ႐ြေနခဲ့ရသူႏွင့္ယွဥ္လွ်င္ ဘဝတစ္ေလ်ာက္လုံး လယ္အလုပ္ လုပ္လာခဲ့တဲ့ပိုင္အေမက ပိုသန္မာတာထင္ရွားၿပီး ယန္စန္းဟြားရဲ႕မ်က္ႏွာက လည္ထြက္သြားခဲ့ရွာသည္။ ေမာ့ဟြာက သူမကိုေခါင္းျပန္ေမာ့ခြင့္မေပးပဲ ေနာက္တစ္ခ်က္ဆက္ရိုက္လိုက္ၿပီး မုန္းတီးစြာႏွင့္...
"မိန္းမပ်က္မ! နင္က ငါ့သားကိုမဟုတ္တ႐ုတ္ေတြေျပာၿပီး ငါ့ေျမးေတြကိုနင့္လိုဘဝေရာက္ေအာင္ဆြဲခ်ခ်င္ေနတာေပါ့ေလ! ငါဒီေန႕နင့္ကိုမသတ္မရရင္ မေက်ေအးဘူး!!"
ပုံမွန္အားျဖင့္ေမာ့ဟြာသည္ ယဥ္ေက်းေသာအမ်ိဳးသမီးတစ္ေယာက္ျဖစ္ၿပီး လဲ့ရွီလိုအဆိပ္ျပင္းေသာမိန္းမမ်ိဳးႏွင့္ေတြ႕မွသာ စကားၾကမ္းမ်ားထြက္တတ္သူျဖစ္ေသာ္လည္း ယခုအခါတြင္မူ လက္ပါသည္ထိၾကမ္းတမ္းလာခဲ့သည္။ သူမက ယန္စန္းဟြားဆံပင္ကိုဆြဲထားၿပီး ဆက္ရိုက္ခ်င္ေနတာျဖစ္တဲ့အတြင္ ေဘးကအမ်ိဳးသမီးခ်န္းက ဝင္ဆြဲလာကာ ယန္စန္းဟြားဘက္ကလူေတြကလည္း ပိုင္အေမကိုဆြဲရန္ေျပးသြားက်သျဖင့္ ထိခိုက္မည္စိုးေသာေၾကာင့္ ပိုင္လီကအရင္ဦးေအာင္ ပိုင္အေမကိုျပန္ဆြဲေခၚလိုက္ရသည္။
ေမာ့ဟြာကေတာ့ ပိုင္လီလက္ထဲလႊတ္ေအာင္႐ုန္းေနၿပီး သူမကိုၾကည့္ရတာ လုံးဝေပါက္ကြဲေနသလိုပါပဲ။
"ငါ့ကိုလႊတ္စမ္း! ငါဒီမိန္းမရဲ႕မ်က္ႏွာအလႊာလိုက္ကြာတဲ့ထိရိုက္ရမွေက်နပ္မယ္ လႊတ္! ငါကိုလႊတ္!!
အဲဒီအခ်ိန္မွာ အရိုက္ခံလိုက္ရတဲ့ ယန္စန္းဟြားကေတာ့ ရွက္႐ြံမႈနဲ႕ေဒါသေၾကာင့္တုန္ယင္လာၿပီး သူမကပါးကိုအုပ္ကိုင္ကာ ပိုင္အေမကိုစိမ္းစိမ္းဝါးဝါးလွမ္းၾကည့္လာ၏။
သူမကျပည့္တန္ဆာလုပ္ခဲ့ေပမယ့္ တာဝန္ခံတစ္ေယာက္ျဖစ္လာတဲ့အခါ ဒီလိုေစာ္ကားခံရမႈမ်ိဳးမရွိေတာ့ဘူး။ ဟြမ္ဟြာရဲ႕ေနာက္ခံကေတာင့္တင္းတာေၾကာင့္လည္း ဘယ္သူမွသူမကိုရန္စဖို႔စိတ္မဝင္စားက်ဘဴး။ ဒါေၾကာင့္ အခ်ိန္အၾကာႀကီးေနမွ လူၾကားထဲပါးရိုက္ခံရတာလိုမ်ိဳး အရွက္ကြဲေစာ္ကားခံရမႈက ယန္စန္းဟြားကို ႐ူးသြပ္သြားေစၿပီး အဲဒီအခ်ိန္မွာ သူမကလည္း ပိုင္အေမကိုျပန္ရိုက္ခ်င္တာေၾကာင့္ ေျပးသြားေပမယ့္ သတိရွိေသးတဲ့အမ်ိဳးသမီးခ်န္းကအတင္းျပန္ဆြဲထားကာ...
"မိန္းကေလးယန္ မင္းဒီလိုလုပ္လို႔မရဘူး ဒီလိုလုပ္လို႔မရဘူးေလ"
ျပည့္တန္ဆာေတြဆိုတာ အနိမ့္က်ဆဳံးလူတန္းစားမ်ိဳးပဲ။ ပိုင္အေမက ယန္စန္းဟြားကိုအသားလြတ္ပါးရိုက္နိုင္ေပမယ့္ အဲတာက ယန္စန္းဟြားက ပိုင္အေမကိုျပန္ရိုက္နိုင္မယ္လို႔မွမဆိုလိုတာ။ ဒီမွာ သူတို႔ဘက္ကအေျခေနကလည္း မလွေတာ့တဲ့အတြက္ ျပႆနာမျဖစ္ေအာင္ေနတာကအေကာင္းဆုံးပါပဲ။
ယန္စန္းဟြားက ဒါကိုနားလည္ေပမယ့္ သူမကရွက္႐ြံေဒါသထြက္ေနမိတုန္းပဲ။ ဒါေၾကာင့္သူမက မုန္းတီးစြာနဲ႕ေအာ္ဟစ္လာေတာ့တယ္။
"အဖြားႀကီး!! ရွင္ကဘာလို႔လက္ပါရတာလဲ!! ကြၽန္မဘယ္သူလဲသိလား!! ရွင္ဘယ္လိုေတာင္လုပ္ရဲရတာလဲ!!!"
ပိုင္အေမကဒါကိုၾကားေတာ့ ႐ြံရွာတဲ့မ်က္ႏွာထားနဲ႕ ယန္စန္းဟြားကိုတံေတြးနဲ႕လွမ္းေထြးလိုက္ၿပီး...
"ငါ ထြီ! နင္ကဘယ္သူရမွာလဲ နင္ကျပည့္တန္ဆာမေလ ဒါကိုအကုန္လုံးသိတယ္ဟဲ့! ဒါေတာင္နင္ကေမးရဲေသးတယ္!!"
ဒါကိုၾကားတဲ့ ယန္စန္းဟြားက အသတ္ခံေနရတဲ့ဝက္လို စူးစူးဝါးဝါးေအာ္ဟစ္လာေတာ့၏။
ပိုင္လီကေတာ့ ပိုင္အေမကိုထိန္းထားရင္း မ်က္ခုံးမပင့္ပဲမေနနိုင္ခဲ့ဘူး။ ဒါက အမ်ိဳးသမီးေတြၾကားကရန္ပြဲဆိုတာနဲ႕တူပါရဲ႕။
ထိုအခ်ိန္မွာပဲ ၿခံဝကေန ေလထုနဲ႕မလိုက္ဖက္တဲ့ အလြန္က်ယ္ေလာင္တဲ့ အသံတစ္ခုထြက္ေပၚလာခဲ့ၿပီး အသံကအရမ္းကို႐ႊင္ျမဴးျခင္းေတြနဲ႕ျပည့္ေနပုံရသည္။
"ညီေလးပိုင္ေရ!! ဒါမင္းအိမ္မလားေဟ့! အကိုႀကီးဝင္ခဲ့ၿပီေနာ္ ဟဟား မင္းအိမ္ကိုရွာလိုက္ရတာကြာ!"
အသံကအရမ္းကိုက်ယ္လြန္းသည္မွာ ရန္ပြဲႏွစ္ဖက္ကလူေတြအကုန္လုံး ရပ္တန့္သြားက်တဲ့အထိပင္။ သူတို႔က ဒီလိုအခ်ိန္ခါမသင့္တဲ့အခ်ိန္မွာ အလိုက္မသိဝင္လာတဲ့လူကဘယ္သူလဲဆိုတာ သိရရန္ ၿခံဝကိုၿပိဳင္တူလွမ္းၾကည့္လိုက္က်ခ်ိန္ ပိုင္လီကလည္း အရမ္းအံၾသေနတာကိုမဖုံးကြယ္နိုင္ခဲ့ေပ။ သူအံၾသတႀကီးနဲ႕ ၿခံဝကိုလွမ္းၾကည့္လိုက္ေတာ့ အသံပိုင္ရွင္က တကယ္ပဲ ဆိပ္ကမ္းၿမိဳ႕ကနိုင္ငံေတာ္ပိုင္လက္နက္ဆိုင္ရဲ႕တာဝန္ခံ ေခ်ာင္ရန္ျဖစ္တာကိုေတြ႕လိုက္ရၿပီး ေခ်ာင္ရန္ကိုၾကည့္ရတာ အထဲကအေျခေနကိုရိပ္မိဟန္မတူပဲ အလြန္ေပ်ာ္႐ႊင္ေနပုံရ၏။
ထိုအခ်ိန္တြင္ ပိုင္လီကမစဥ္းစားပဲမေနနိုင္ေတာ့ေပ။
ေနပါဦး ဒီေန႕ကဘာေန႕မလို႔ သူ႕အိမ္ကိုလာလည္တဲ့သူေတြမ်ားေနရတာလဲ?။
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိမ္ၫြန့္ 😇
.................................................................
(AN/ သားမိႏွစ္ေယာက္ကလည္း လစ္တာနဲ႕တြယ္ေတာ့တာပဲ😭
ဒီေခါင္းစဥ္ခြဲေလးက ဒီအပိုင္းမွာၿပီးသြားပါၿပီ။ ေနာက္လာမယ့္ေခါင္းစဥ္ခြဲေလးေတြကို ေမွ်ာ္ေနက်မယ္မလားဟင္။ သုံးေလးရက္ေနမွတစ္ခါတင္မယ္ဆိုၿပီး ေမ့မသြားရဘူးေနာ္😞)