မှိုင်းဟန်မြခေတ် {Hiatus}

By _JANE_PESNO_

23.9K 803 63

"အေး..ငါက ရိုင်းတယ်! အဲ့တော့..သောက်ဘောပဲ! ီး!!" မှိုင်းဟ... More

အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း - ၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅

အပိုင်း - ၁၆

429 14 2
By _JANE_PESNO_

#Unicode

"တောင်းပန်တယ်"ဟု ပြောပြီးသည်နှင့် ညဉ့်ယံသွင်သည် အနောက်ကို ချာခနဲ လှည့်ထွက်သွားလေသည်။

မိမိ၏အမှားကိုပင် ကောင်းကောင်းမွန်မွန် တောင်းပန်မသွားသော သားဖြစ်သူကိုကြည့်ရင်း Pesno သက်ပြင်းရှည်ကို ချမိတော့သည်။ထပ်မံ၍ အတင်းအကျပ် လုပ်ခိုင်းပြန်လျှင်လည်း မှိုင်းဟန်မြခေတ်အပေါ်၌ အငြိုးအတေး ပိုထားလာမည်ကိုစိုးသဖြင့် Pesno ရှေ့တိုး၍မရ၊နောက်ဆုတ်၍မရ ဖြစ်နေရ၏။ထို့ကြောင့် ယခုအခါမှာလည်း သူကသာ ကိုယ်စား တောင်းပန်လိုက်လေသည်။သို့သော် တစ်ချိန်ချိန်မှာတော့ ဤကိစ္စများကို ချောချောမွေ့မွေ့ ပြီးစေရန် သူလုပ်ရပေဦးမည်။

"ထင်မြင်ချက်တစ်ခု ပြောစရာရှိတယ်.."လို့ အနည်းငယ် လေးနက်သောအသံဖြင့် ပြောလာတာကြောင့် မှိုင်းဟန်မြခေတ် နားထောင်နေသည်ဟူသည့်သဘောဖြင့် ထိုလူကို ကြည့်လိုက်သည်။

"အခုမြင်နေရတဲ့..ဇောက်ထိုးချိတ်ခံထားရတဲ့လူတွေက..မင်းရဲ့ဂိုဏ်းကလို့..ကိုယ်တို့ သံသယရှိတယ်.."

ထိုစကားကြောင့် မှိုင်းဟန်မြခေတ် မျက်မှောင်တို့ကို တွန့်ချိုးလိုက်ပြီး အနောက်ကို လှည့်ကြည့်လိုက်၏။ထိုအခါမှ ထိုတွဲလောင်းလူများ၏ ခန္ဓာကိုယ်အချိုးအစားများမှာ ရင်းနှီးနေသည့်အသွင်အပြင် ရှိနေကြလေသည်။ချက်ချင်း အနားကိုတိုးသွားလိုက်ပြီး ညာဘက်အစွန်ဆုံးလူ၏ပါးစပ်ထဲရှိ အဝတ်စကိုဖယ်၍ မှိုင်းဟန်မြခေတ် စစ်ဆေးလိုက်သည်။

မျက်နှာများကို တစ်ခါမြင်ရုံနှင့်မှတ်မိသည့် စွမ်းရည်အရ ဇောက်ထိုးပုံစံသာမြင်ရသော်လည်း ထိုလူမှာ သူတို့ဂိုဏ်း၏ပြန်ပေးဆွဲရန်အတွက် သီးသန့်ဖွဲ့ထားသော အဖွဲ့ဝင်တစ်ယောက်ဖြစ်ကြောင်း မှိုင်းဟန်မြခေတ် သိလိုက်သည်။လျှာကိုက်တော့မည့်ဟန် လှုပ်ရှားလာသည့်လူကြောင့် ပါးစပ်ထဲသို့ အဝတ်စကို ပြန်ထိုးထည့်လိုက်ရင်း မှိုင်းဟန်မြခေတ် ပြောလိုက်သည်။

"သံသယမှန်တယ်..ကျွန်တော်တို့ဂိုဏ်းကပဲ"

သူ၏စကားကိုကြားတော့ ထိုတွဲလောင်းအရာများမှာ ငြိမ်သက်နေရာကနေ ထပ်မံ၍ ဆူဆူညံညံလုပ်လာကြတော့သည်။'ဂိုဏ်းတူသားအချင်းချင်း ငါတို့ကိုကူညီ'ဆိုသည့် အကြည့်များဖြင့် မှိုင်းဟန်မြခေတ်ကို ကြည့်နေကြကာ လွတ်မြောက်ရန်အတွက် ရုန်းကန်လှုပ်ရှားနေကြလေသည်။

မှိုင်းဟန်မြခေတ် ထိုလူများ၏မျက်လုံးများကို သေချာကြည့်လိုက်တော့ အတွင်းသွေးကြောများက နီရဲနေပြီဖြစ်ကာ ခေါင်းပိုင်း၌ဖိအားများနေပုံပင်။မကြာခင်အချိန်၌ သွေးပေါင်ချိန်တိုးလာနိုင်ပြီး ခြေထောက်နှင့်ကျောရိုးကို ထိခိုက်တော့မည့်အခြေအနေသို့ ရောက်နေပြီဖြစ်၏။

ဇောက်ထိုးနေခြင်းသည် သွေးလည်ပတ်မှုအတွက် ကောင်းမွန်သော်ငြား တန်ဆေးလွန်ဘေးဆိုသည့်စကားအတိုင်း အလွန်အကျွံလုပ်လျှင်တော့ ဆိုးကျိုးများသာ ဖြစ်လာမည်ပင်။

"ဒီလူတွေက..မင်းကိုပြန်ခေါ်ဖို့ ရောက်လာတာဖြစ်နိုင်တယ်..၊သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ..လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့ ပစ္စည်းကိရိယာကလွဲရင်..လူသတ်လက်နက်ပါမလာဘူး..၊ အဲ့တော့..ဖြစ်နိုင်ခြေက မင်းကို ပြန်ပေးလာဆွဲတာပဲ..Oh..ဒါပေမဲ့ ခေါင်းဆောင်လို့ထင်ရတဲ့လူဆီမှာတော့..သေနတ်တစ်လက်တွေ့တယ်.."

ခါတိုင်းလို ခပ်ကြီးကြီးအပြုံးကို ချိတ်ဆွဲလျက် ထိုလူက သူ့အနားသို့ လမ်းလျှောက်ရင်းပြောလာကာ ဘယ်အချိန်က ထုတ်လိုက်မှန်းမသိသည့် အိတ်ဆောင်ဓားဖြင့် တွဲလောင်းချည်ထားသည့် ကြိုးတစ်ချောင်းကို ပစ်လိုက်လေသည်။ထိုအခါ ပြုတ်ကျလာသည့်အသံနဲ့အတူ လက်နှင့်ခြေထောက်ကို ချည်နှောင်ခံထားရသည့်လူဆီမှ နာကျင်မှုကြောင့် ညည်းသံခပ်တိုးတိုး ထွက်ပေါ်လာသည်။

ကြမ်းပြင်ပေါ်ရှိဓားကို ကောက်လိုက်ပြီးနောက် Pesnoသည် လဲကျနေသောလူကို မတ်မတ်ထိုင်စေပြီး တောက်တောက်ပပ ပြုံးရင်းနှင့်ပင် ထိုလူ၏ဦးခေါင်း အနောက်လန်သွားသည်အထိ ဆံပင်တို့ကို ဆောင့်ဆွဲချလိုက်သည်။ဇောက်ထိုးချိတ်ခံထားရာမှ ရုတ်တရက် အတည့်ပြန်ဖြစ်သွားသည့်အတွက် သွေးစီးဆင်းရာလမ်းကြောင်းမှာ ပြောင်းလဲသွားသည့်အကျိုးဆက်အရ ထိုလူမှာ မူးနောက်သွားရလေသည်။ထို့အပြင် ‌ဆံပင်အရင်းဖျားမှ ဆောင့်ဆွဲခံလိုက်ရတာကြောင့် နာကျင်မှုဖြင့် မျက်နှာမှာလည်း ရှုံ့တွသွားရ၏။

သို့သော် ချက်ချင်းဆိုသလို ထိုလူ၏မျက်လုံးများက ပြူးကျယ်သွားသလို ဆို့ပိတ်ခံထားရသောပါးစပ်မှလည်း အော်ဟစ်သံ တဝူးဝူးက ထွက်ပေါ်လာလေသည်။အကြောင်းမှာ ထိုလူ၏ညာဘက်ပခုံးသည် ဓားဖြင့် ထိုးစိုက်ခံလိုက်ရသောကြောင့်ပင်။

အိတ်ဆောင်ဓားမှာ အလျား၇လက်မရှိပြီး လက်ကိုင်သည် ၄လက်မ၊ ဓားသွားသည် ၃လက်မရှိသည်။ယခုအခါ ထို၃လက်မရှိသော အမည်းရောင်ဓားသွားက ပခုံးအတွင်း၌ အဆုံးအထိစိုက်ဝင်နေကာ သွေးများကလည်း လျင်မြန်သောအရှိန်ဖြင့် စီးကျနေလေသည်။ထို့နောက် Pesnoသည် သူ၏မူပိုင်အပြုံးလေးပြုံး၍ ဓားသွားအား အသားထဲ၌စိုက်ထားရင်းနှင့်ပင် စက်ဝိုင်းသဏ္ဍာန် မွှေနှောက်လိုက်သည်။

လက်ချောင်းများက ကုပ်သွားလိုက်၊ဆန့်သွားလိုက်ဖြင့် နာကျင်မှုကို ခံစားနေရသောလူမှာ အသက်ရှူနှုန်းများ မြန်ဆန်လာပြီး ချွေးစေးများလည်း ထွက်လာကာ မျက်ဆန်များသည်လည်း အနောက်လန်လာတော့သည်။စိတ်မကောင်းစရာကောင်းသည်က ထိုလူ့အတွက် ဤသည်က အဆုံးသတ် ဟုတ်မနေခြင်းပင်။

မျက်ဖြူဆိုက်နေပြီဖြစ်သော ထိုလူမှာ ရုတ်တရက် ပြန်ဆွဲနုတ်လိုက်သည့်ဓားကြောင့် ခန္ဓာကိုယ်မှာ တစ်ချက်တွန့်သွားပြီး အသိပြန်ဝင်လာသည်။ယခုအထိ သူ၏ဆံပင်ကို ဆွဲထားသော နတ်ဆိုးသဖွယ်အပြုံးဖြင့်လူအား အသနားခံနေသော မျက်လုံးများဖြင့် ကြည့်လိုက်တော့ တစ်ဖက်လူမှာ ကျေနပ်သွားသည့်အလား ပိုမိုပြုံးပြလာ၏။

ထိုလူသည် အနှီအချိန်ခဏလေးအတွင်း၌ သူ၏သေနေ့မှာ ယနေ့ဆိုသည်ကို အလိုအလျောက် နားလည်သွားရှာသည်။သို့သော် လူသားဆိုသည့်အမျိုးမှာ နောက်ဆုံးအချိန်သို့ရောက်လေလေ ပို၍ရူးမိုက်လာလေလေဖြစ်ပြီး အသက်ရှင်ရန်အတွက် ရုန်းကန်ကြမည်သာဖြစ်၏။

အချိန်အကြာကြီး ဇောက်ထိုးချိတ်ဆွဲခံထားရသဖြင့် ပျော့ခွေနေသော ခြေထောက်များက Cable tieဖြင့် အချည်နှောင်ခံထားရသော်ငြား ထိုလူမှာ အတတ်နိုင်ဆုံး အားတင်း၍ မတ်တတ်ထရန် ကြိုးစားလိုက်သည်။

ထိုအခါ သူ၏ခေါင်းပေါ်မှ သဘောတကျရယ်သံက ခပ်လွင်လွင် ပျံ့လွင့်လာ၏။ထိုရယ်သံကြောင့် သူ၏လှုပ်ရှားမှုများ ရပ်တန့်သွားသည့်အခိုက် ကောင်းမွန်နေသေးသည့် ဘယ်ဘက်ပခုံးမှာ ထပ်တူညီစွာဖြင့် ထိုးစိုက်ခံလိုက်ရတော့သည်။ဤတစ်ကြိမ်တွင်တော့ အသားထဲ၌ အကြာကြီးမစိုက်ထားဘဲ ချက်ချင်းပြန်နုတ်လိုက်တာကြောင့် သွေးများမှာ ဖျန်းခနဲ လေထဲသို့ လွင့်စဥ်လာလေသည်။

သွေးများမစဥ်စေရန် ဘေးသို့ ခေါင်းရှောင်လိုက်ပြီးနောက် Pesnoသည် သွေးတစက်စက်ကျနေသော လက်ထဲရှိဓားကို တစ်ချက်ခါပစ်လိုက်သည်။ပြီးနောက် သူ၏လုပ်ရပ်များကို ဘေး၌ရပ်ကြည့်နေသော လူငယ်ကို အပြစ်ကင်းစင်သော အပြုံးဖြင့်‌ မော့ကြည့်လိုက်လေသည်။

"မင်းရဲ့ဂိုဏ်းကဆိုတာလဲ..အတည်ပြုပြီးပြီ၊ ကိုယ်တို့ကိုသတ်ဖို့..အစီအစဉ်မရှိဘူးဆိုတာလဲ..သိပြီးပြီဆိုတော့..ကိစ္စရှင်းလိုက်တာ ကောင်းတယ်လို့ ကိုယ်ထင်တယ်..၊ မင်းရော ဘယ်လိုထင်လဲ?"

တစ်ဖက်လူ၏မရိုးရှင်းလှသော မျက်လုံးများကို ခဏတာ ကြည့်နေပြီးနောက် မှိုင်းဟန်မြခေတ်သည် ထိုမျက်လုံးများ၏ရည်ရွယ်ချက်ကို ဖမ်းမိသွားဟန် ထိုလူ၏လက်ထဲ၌ သေလုနီးပါးဖြစ်နေသောလူကို မဲ့ပြုံးဖြင့် စိုက်ကြည့်လိုက်သည်။ထို့နောက် မည်သည့်စကားမှမပြောဘဲ ထိုလူ၏အနားသို့ တိုးသွားလိုက်ပြီး လက်ဖြန့်ပြလိုက်၏။ထိုအခါ တစ်ဖက်လူသည် အသံထွက်သည်အထိ ခပ်ကျယ်ကျယ် ရယ်မောလာလေသည်။

သူ၏လက်ထဲသို့ ရယ်သံအဆုံး၌ ရောက်ရှိလာသော သွေးများဖုံးလွှမ်းနေသည့်ဓားသွားနှင့် အိတ်ဆောင်ဓားအား မှိုင်းဟန်မြခေတ် မျက်နှာသေဖြင့် ငုံ့ကြည့်လိုက်သည်။သေသပ်စွာ ဒီဇိုင်းဆွဲ၍ ချုပ်ထားမှန်းသိသာသည့် ဂိုဏ်း၏အမှတ်အသားဖြစ်သော Scytheက သားရေဓားရိုး‌လက်ကိုင်ပေါ်၌ ဝံ့ကြွားစွာ တည်ရှိနေပြီး ဂုဏ်ကျက်သရေနှင့်ပြည့်ဝနေသလို တစ်ချိန်တည်းမှာပင် သေမင်း၏လက်နက်ပီသစွာ ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကို ပေးစွမ်းနေလေသည်။

ဓားရိုးကို ပေါ့ပေါ့ပါးပါး ကိုင်လိုက်ပြီးနောက် ‌ကြောက်လန့်နေသော မျက်လုံးများဖြင့် သူ့ကိုကြည့်နေသောလူကို မှိုင်းဟန်မြခေတ် ပျော်ရွှင်ကျေနပ်ဟန် ပြုံးပြလိုက်သည်။

ရွှေအိုရောင်ဆံပင်နှင့်လူမှာလည်း အပြုံးပန်းများဝေလျက် ထိုလူ၏ဆံပင်ကို အနောက်သို့ပိုဆောင့်ဆွဲလိုက်ကာ ချွေးကြောင့်ပြောင်လက်နေသည့် လည်ပင်းကို ပိုမိုထင်ပေါ်စေလိုက်သည်။အားနေသည့်လက်တစ်ဖက်ကို ကြွပါဟူသည့်သဘောဖြင့် လည်ပင်းရှိရာအရပ်သို့ မြှောက်ပြလိုက်တော့ မှိုင်းဟန်မြခေတ်၏အပြုံးသည် ပိုမိုထင်ရှားလာလေသည်။

ထို့နောက် တွန့်ဆုတ်ခြင်းမရှိပါဘဲ လည်ပင်းကိုအလျားလိုက် ဖြတ်ချလိုက်တော့သည်။အရှိန်ဖြင့်ဖြတ်လိုက်ခြင်းဖြစ်တာကြောင့် ထိုလူ၏လည်ပင်းမှာ ထက်ပိုင်းပြတ်လုနီးနီး ဖြစ်သွားလေသည်။ကျန်သည့်တွဲလောင်းလူ၉ယောက်မှာ ထိုဖြစ်ရပ်ကိုမြင်လေတော့ သူတို့ကံကြမ္မာကို မြင်တွေ့သွားဟန် ငြိမ်သက်သွားကြပြီး ကြောက်လန့်မှုကြောင့် နဖူးနှင့်နောက်ကျောတို့၌ ချွေးအေးများ ထွက်လာကြတော့သည်။

"နောက်လိုက်ခွေးလေးတွေ..ဘာလို့ရုတ်တရက် တိတ်သွားကြတာလဲ?..‌ခုနကတောင်..အကျယ်ကြီးဟောင်နေကြတာကို"လို့ ကြောက်လန့်မှုများဖြင့် မျက်လုံးပွင့်လျက် သေဆုံးသွားသောလူကို အရုပ်တစ်ရုပ်ပမာ ကြမ်းပြင်ပေါ်ပစ်ချပြီး သူတို့ကိုကြည့်ရင်း ပြောလာသော အပြုံးနှင့်လူကြောင့် လူ၉ယောက်မှာ ဇောက်ထိုးချိတ်ခံထားရသဖြင့် ခံစားနေရသည့် မူးနောက်မှုများတောင် လွင့်စဥ်သွားသလို ခံစားလိုက်ကြရသည်။

လူသားများသည် သူတို့၏လုပ်ရပ်က မည်မျှမှားယွင်းနေပါစေ၊ နောက်ဆုံးမှာတော့ ကိုယ်ကိုယ်တိုင်ကိုသာ ဦးစားပေးကြပြီး သုံးစားမရသည့် အပြစ်ရှိစိတ်ကိုသာ သေဆုံးသည်အထိ ကိုင်ဆောင်သွားကြသည်။တချို့ဆိုလျှင် အပြစ်ရှိစိတ်တောင် မခံစားရဘဲ ဖြစ်သင့်သည့်အရာကိုလုပ်လိုက်သလိုမျိုး ဟန်မပျက် နေထိုင်ကြသေးသည်။

ထိုလူ၁၀ယောက်မှာလည်း အစပိုင်း၌ ပြန်ပေးဆွဲခြင်းဆိုသည့် ဤအဖွဲ့အစည်း၌ မဝင်ချင်ဘဲဝင်လာခဲ့ရသော်လည်း ကြာလာသည့်အခါ ထိုကိစ္စများကို သူတို့၏စိတ်၌ ကစားပွဲတစ်ခုလို တွေးထင်၍ ထမင်းစားရေသောက်ကိစ္စသဖွယ် ပြုလုပ်လာကြသည်။ကလေးငယ်များ၊မိန်းမပျိုများကိုသာ အဓိကပြန်ပေးဆွဲသည့် ထိုလူတို့က အပြစ်မရှိသည့်လူများကို မဖွယ်မရာကိစ္စများအပြင် ညှဉ်းပန်းနှိပ်စက်မှုအမျိုးမျိုးကို ဟည်းလားတိုက်၍၊ အသနားခံမှုများကို မျက်ကွယ်ပြု၍ ပြုလုပ်ခဲ့ကြသည်။

ယခုအခါ ထိုဖြစ်ရပ်များက သူတို့ဆီသို့ မြားဦးလှည့်၍ နဖူးတွေ့ဒူးတွေ့ ကြုံလာရလေတော့ ရေထဲသို့အနှစ်ခံလိုက်ရ၍ တုန်ယင်နေသော ခွေးများပမာ ကြောက်လန့်ထိတ်ရွံ့မှုများ အုပ်စိုးလျက် သေခြင်းတရားကို တွန်းကန်နေကြလေသည်။ကံကြမ္မာဆိုသည်မှာ တစ်ဖန်ပြန်လည်တတ်သည့် သဘောရှိသည်။ထိုစက်ကွင်း၌ မည်သည့်လူကမှ အခွင့်ထူးခံဆိုသည့်ဂုဏ်ပုဒ်နှင့် လွတ်မြောက်သည်ဟူ၍ မရှိချေ။

"မှိုင်း..ဘယ်သူလက်ပိုတည့်လဲပြိုင်မလား?"

ဓားမှသွေးများကို ခါနေသော မှိုင်းဟန်မြခေတ်သည် Pesno၏စကားကိုကြားတော့ ခေါင်းညိတ်ရင်း အပြုံးဖြင့် တုံ့ပြန်လိုက်သည်။ထို့နောက် လက်ထဲတွင် ဆုပ်ကိုင်ထားသောဓားဖြင့် ဒုတိယမြောက်လူ၏ခြေထောက်ရှိကြိုးကို ချိန်ပြီးပစ်ချလိုက်၏။ချွန်ထက်လှသောဓားသွားမှာ လေထဲ၌ အကြိမ်အနည်းငယ် လည်ပတ်နေပြီးနောက် ကြိုးအား တိတိပပ ဖြတ်သွားလေသည်။

"မဆိုးဘူးပဲ..နောက်ကျရင် ကိုယ်နဲ့သေနတ်ပစ်ပြိုင်ကြမလား?"

မှိုင်းဟန်မြခေတ် ခပ်သာသာရယ်ရင်း ပြန်ဖြေလိုက်သည်။

"နောက်မှမဟုတ်ပါဘူး..အခုနေ့ခင်းတောင်ရတယ်..သေနတ်ဆိုလို့ကတော့ အချိန်မရွေးပဲ"

သူ၏အဖြေကိုကြားတော့ Personသည် စိတ်ကျေနပ်ဟန် ပြုံးပြပြီး အောက်ကျသွားသည့် ဓားကိုကောက်ကာ တတိယမြောက်လူဆီသို့ ပစ်လွှတ်လိုက်လေသည်။သံသယမရှိပါဘဲ ထိုလူမှာလည်း အောက်သို့ပြုတ်ကျလာရတော့သည်။ဤသို့ဖြင့် တစ်ယောက်တစ်လှည့်စီ ပစ်နေကြရာ တစ်ယောက်၅ခါစီဖြင့် သရေကျသွားလေသည်။

သူ့အား တရင်းတနှီးခေါ်ဆိုလိုက်သည့်အချိန်မှစ၍ မှိုင်းဟန်မြခေတ်၏စိတ်ထဲ၌ ဆက်သွယ်ပြောဆိုရသည်မှာ ပေါ့ပေါ့ပါးပါးရှိလာပြီး ယဉ်ယဉ်ကျေးကျေး ပြောဆိုရာ၌လည်း လျှာယားယံမှုများမရှိတော့ချေ။အသက်မှာ ၁၀နှစ်ကျော်ကွာသော်လည်း ထိုလူ၏ပြောဆိုပုံ၊နေထိုင်ပုံများက လူငယ်ဆန်တာကြောင့် ရွယ်တူတစ်ယောက်နှင့် ပြောဆိုနေရသလိုမျိုး ခံစားရစေသည်။ထို့အပြင် သူ၏မသိစိတ်က ဤလူသည် ယုံကြည်ရသည့်လူဟူ၍ တီးတိုးပြောဆိုနေကာ ထိုလူ့အပေါ်၌ အကောင်းမြင်စိတ်များ တဖြည်းဖြည်း တိုးပွားလာလေသည်။

ဒုတိယမြောက် ပစ်ချခံလိုက်ရသည့်လူ၏အနား၌ မှိုင်းဟန်မြခေတ် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပါးစပ်ထဲရှိ အစည်းအနှောင်ကို ဆွဲဖယ်ပစ်လိုက်သည်။သူ့ကိုသာ ကြောင်အလျက် မျက်လုံးသေများဖြင့် ကြည့်နေသောလူကို အသိဝင်လာစေရန် ညာဘက်ပါးအား မှိုင်းဟန်မြခေတ် ခပ်ပြင်းပြင်း နှစ်ချက်ရိုက်ပစ်လိုက်သည်။ ထိုလူမှာ ပါး၏နာကျင်မှုကြောင့် အမှန်တကယ်အသိဝင်လာပြီး ယောင်အအဖြင့် တုန်လှုပ်ချောက်ချားစွာ ပြောလာလေသည်။

"အ..အသက်ကို ချမ်းသာပေးပါ..ကျေး..ကျေးဇူးပြုပြီး..ချမ်းသာပေးပါ"

မှိုင်းဟန်မြခေတ် ပေါင်ပေါ်တံတောင်ထောက်လိုက်ပြီး ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းလိုက်ကာ ထိုလူ၏မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်သည်။

"အကြောင်းပြချက်က?..၊မင်းကို အသက်ရှင်ခွင့်ပေးရမဲ့..အကြောင်းပြချက်က ဘာလဲ?..တိတိကျကျ ပြောနိုင်ရင်..လွှတ်ပေးမယ်"

ထိုအခါ ငါးတစ်ကောင်နှယ် ပါးစပ်ကိုဟသွားလိုက်၊ပြန်ပိတ်သွားလိုက်ဖြင့် ထိုလူမှာ တုန်ယင်နေပြီး ဘာပြောရမည်ကို သိရှိသည့်ပုံမပေါ်ပေ။မှိုင်းဟန်မြခေတ် စိတ်မဝင်စားဟန် နောက်ဆုံးကြည့်လိုက်ပြီးနောက် လက်တစ်ဖက်က ထိုလူ၏ခေါင်းထိပ်တည့်တည့်ကို ဆုပ်ကိုင်လိုက်ပြီး နောက်တစ်ဖက်က မေးရိုးကိုကိုင်လိုက်သည်။

ထို့နောက် ဘဝကူးပြောင်းရာ၌ ပျော်ရွှင်စေရန် နောက်ဆုံးအချိန်လေး၌ ပြုံးပြုံးလေးနေရမည်ဟု တွေးမိသဖြင့် ခြိမ်းခြောက်အငွေ့အသက်များပါသော အကြည့်နှင့်ပြောလိုက်လေသည်။

"ပြုံး..၊ ဘဝမှာ အခုအချိန်က..အပျော်ရဆုံးပုံစံမျိုးနဲ့ပြုံး.."

ထိုလူမှာ ‌ကြောက်လန့်တကြား တံတွေးမျိုချမိပြီး တုန်ယင်နေသော နှုတ်ခမ်းများနှင့် မပီပြင်စွာ ပြုံးပြလာလေသည်။မှိုင်းဟန်မြခေတ်သည် ကျေနပ်သွားသည့်သဘောဖြင့် ခေါင်းတညိတ်ညိတ်လုပ်ပြီးနောက် အချိန်ဆွဲမနေတော့ဘဲ ဒေါင်လိုက်ဖြစ်နေသောခေါင်းကို အလျားလိုက်အဖြစ်သို့ ပြောင်းလဲပေးလိုက်တော့၏။

တိတ်ဆိတ်နေသည့် အခန်းထဲ၌ အရိုးကျိုးသွားသည့် အသံအကျယ်ကြီး မြည်ဟည်းသွားကာ ကျန်သည့်လူ၈ယောက်မှာ ကြက်သီးများ တဖြန်းဖြန်းထသွားပြီး ပုံပျက်ပန်းပျက် အလောင်းနှစ်လောင်းကို မကြည့်နိုင်တော့ဟန် ကတုန်ကယင်ဖြင့် မျက်နှာလွှဲလိုက်မိကြတော့သည်။

"နောက်တစ်ယောက်..တစ်ခုခုပြောပြချင်သေးလား?"ဆိုပြီး ‌မှိုင်းဟန်မြ‌ခေတ် ဘေးကိုလှည့်ကြည့်ရင်း ပြောလိုက်တော့ မျက်နှာလွှဲထားကြသည့်လူများကို မြင်လိုက်ရကာ ဘဝင်မကျဟန် အပြုံးတို့ ရပ်တန့်သွားသည်။

ထိုလူများသည်လည်း ယုတ်မာကြမ်းတမ်းလှသော နည်းလမ်းများကို ကျင့်သုံးကြသူများဖြစ်ကာ မေးကြည့်စရာပင်မလိုပါဘဲ ဤအရာများက ထိုလူများနှင့် ရင်းနှီးကျွမ်းဝင်နေမည်မှာ သေချာလှသည်။ဤသည်ကိုပင် ယုတ်မာမှုများနှင့် မပက်သက်သည့်ပုံဖြင့် မျက်နှာလွှဲထားကြသည်မှာ ရယ်စရာလည်းကောင်းသလို တစ်ချိန်တည်း၌ ရွံစရာလည်းကောင်းနေ၏။ဖြစ်နိုင်သည်က ဤတစ်ကြိမ်တွင်တော့ သားကောင်မှာ သူတို့အလှည့်ဖြစ်နေခြင်းကို လက်မခံနိုင်ဖြစ်နေခြင်း ဖြစ်ပေလိမ့်မည်။

မှိုင်းဟန်မြခေတ်သည် အတန်းလိုက် လက်ပြန်ကြိုးတုပ်ခံထားရသည့် လူများ၏အရှေ့၌ သွယ်လျသောလက်ချောင်းများဖြင့် ဓားသွားကိုကစား‌ရင်း လာရပ်လေသည်။ထို့နောက် လက်ထဲရှိဓားကို ပင့်မြှောက်၍ လေထဲ၌တစ်ပတ်လည်စေကာ လက်ထဲသို့ ဓားပြန်ကျလာသည်နှင့်တစ်ပြိုင်နက် အလယ်တည့်တည့်တွင်ရှိသောလူ၏ ဦးခေါင်းတည့်တည့်ကို ပစ်လွှတ်လိုက်တော့သည်။

နီးကပ်နေသည့်အကွာအဝေး၊ ပြင်းထန်သည့်အရှိန်ကြောင့် ဓားသွားသည် ဦးခေါင်းအတွင်းသို့ ၁လက်မခန့် စိုက်နစ်သွားပြီး ထိုလူမှာ ပြူးကျယ်လျက်ရှိသေးသော မျက်လုံးများဖြင့် အနောက်သို့ လဲကျသွားလေတော့သည်။နဖူးတည့်တည့်သို့ စိုက်သွားသော ဓားကြောင့် မှိုင်းဟန်မြခေတ် စိတ်လိုလက်ရ ပြုံးလိုက်မိ၏။‌မလေ့ကျင့်တာကြာသည်ကိုပင် သူ၏လက်ဖြောင့်စွမ်းရည်မှာ လျော့ကျမသွားသေးပေ။

"သခင်..မနက်စာ အဆင်သင့်ဖြစ်နေပါပြီ..သုံးဆောင်ပါတော့မလား?"

တည်ငြိမ်သောအသံဖြင့် ပြောလာသော အဖိုးအိုတစ်ယောက်၏အသံကြောင့် မှိုင်းဟန်မြခေတ် အနောက်ကို လှည့်ကြည့်လိုက်သည်။ထိုအခါ လွန်ခဲ့သည့် ၂ရက်ကမှ စံအိမ်သို့ ရောက်ရှိလာသော အသက်ကြီးကြီး အဖိုးအိုဖြစ်နေလေသည်။

"မှိုင်း..စားတော့မယ်မလား?.."လို့ သူ့ကို အရေးတယူလုပ်ကာ မေးလာသဖြင့် မှိုင်းဟန်မြခေတ် ပြုံးချင်သွားသော နှုတ်ခမ်းကိုထိန်းရင်း အသာခေါင်းညိတ်ပြလိုက်သည်။

ဤသို့ဖြင့် ၃ယောက်သား ထမင်းစားခန်းဆီသို့ သွားလိုက်ကြ‌၏။သူတို့အခန်းထဲရောက်သွားတော့ ထမင်းစားခုံ၏ထိပ်ဆုံးခုံတွင် ထိုင်နေသောလူက သူတို့ဝင်လာသည့် အခန်းအပေါက်ဝကို အေးစက်စက် အရှိန်အဝါများဖြင့် မျက်လုံးပင့်လျက် စိုက်ကြည့်လာလေသည်။

သူသည် alphaပေါင်းများစွာကို မြင်ဖူးသော်လည်း တစ်ချက်ကြည့်ရုံနှင့် Dominant Alphaဟူသည့် အရှိန်အဝါများ ပြည့်နှက်နေသည်ဆိုသည့် Dominant Alphaသည် လက်ချိုးရေ၍ရ၏။ယခုအခါ သူတို့ကို အေးစက်စွာ စိုက်ကြည့်နေသော ထိုလူသည် ထိုလက်ချိုးရေ၍ရသည့် Dominant Alphaများထဲမှ တစ်ယောက်ဖြစ်ကာ နည်းနည်းလေးမှ အရှိန်အဝါများကို ဖုံးဖိထားခြင်းမရှိပေ။ရွှေအိုရောင်ဆံပင်နှင့်လူသည်ပင် အသေအချာ ကြည့်ခါမှ Dominant Alphaဟု သိရခြင်းဖြစ်လေသည်။

ဂိုဏ်းထဲက ထွက်လာခါမှ Dominant Alphaတွေးချည်း ဆက်တိုက်မြင်နေရသဖြင့် သူ၏ကံကြမ္မာက ကောင်းမွန်နေသည်လား၊ဆိုးရွားနေသည်လားကိုပင် မှိုင်းဟန်မြခေတ် ဝေခွဲမရဖြစ်သွားရသည်။သို့‌သော် ဤDominant Alphaများကို ရန်သူအဖြစ်ပြောင်းလဲလိုက်ခြင်းက သူ့အတွက် ဆိုးကျိုးများသာ သယ်ယူလာမည်ကတော့ မှိုင်းဟန်မြခေတ် အတပ်သိနေ၏။

အရာရာတိုင်းကို တစ်ခုမှမလွတ်စေဘဲ သတိထား၍လိုက်ကြည့်နေသော မှိုင်းဟန်မြခေတ်ဆိုသည့်သူသည် ထိုလူ၏ အေးစက်စက်အကြည့်များက ရွှေအိုရောင်ဆံပင်နှင့်လူထံသို့ ရောက်သွားချိန်၌ မသိမသာ နူးညံ့သွားသည်ကို ခံစား၍ရလိုက်သည်။မှိုင်းဟန်မြခေတ် မျက်ခုံးတစ်ဖက် ပင့်လိုက်မိပြီး ရွှေအိုရောင်ဆံပင်နှင့်လူကို မျက်လုံးထောင့်ကပ်ကာ ခိုးကြည့်လိုက်၏။

ရွှေအိုရောင်ဆံပင်နှင့်လူကတော့ ထိုအကြည့်ကို သတိမပြုမိဟန် ပုံမှန်အပြုံးဖြင့်သာ နဂိုနေရာ၌ ရပ်နေလေသည်။မှိုင်းဟန်မြခေတ် မိမိ၏အတွေးတို့ လွဲမှားနေပြီလားဟု သံသယဝင်နေချိန်မှာပင် ရွှေအိုရောင်ဆံပင်နှင့်လူသည် သူ၏လက်ကိုဆွဲလျက် ခုနက ထိုင်နေသည့်လူနှင့်အဝေးတွင်ရှိသော ခုံဆီသို့သွားစေသည်။

သူ၏မျက်လုံးများက ထိုင်နေသည့်လူ၏သိသိသာသာကို တွန့်ချိုးသွားသော မျက်ခုံးများကို မြင်လိုက်ပြီးနောက် လွန်ခဲ့သည့်ရက်က တွေးထင်ထားခဲ့သည့် သူ၏အတွေးများ မှားယွင်းနေခဲ့လောက်သည်ကို မှိုင်းဟန်မြခေတ် အနည်းငယ် သတိထားမိလာသည်။မဖြစ်နိုင်ပါဘူးဟုတွေးပြီး ခေါင်းတစ်ချက်ယမ်းလိုက်ပြီးနောက် အတွေးများ တည်ငြိမ်သွားစေရန် ရေသောက်ဦးမည်ဟုတွေးရင်း ဖန်ခွက်ထဲကို မှိုင်းဟန်မြခေတ် ရေထည့်လိုက်သည်။

"ထမင်းစားချိန်မှာတော့..ကိုယ့်ခင်ပွန်းအနား လာစားသင့်တယ်မထင်ဘူးလား?..ကလေး"ဆိုပြီး ဖန်ခွက်ထဲမှရေများကို သူ၏ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းနေချိန်၌ ရုတ်ခြည်းဆိုသလို တစ်ဖက်တွင် ထိုင်နေသည့်လူက ခြိမ်းခြောက်သည့် အငွေ့အသက်များဖြင့် ပြောလာလေသည်။

ထိုအခါ အခုလေးတင်မှ မှိုင်းဟန်မြခေတ်၏လည်ချောင်းထဲသို့ ဖြတ်သန်းသွားခဲ့သော ရေများသည် အရှိန်အဟုန်ဖြင့် ဖွီးခနဲ ပြန်ထွက်လာတော့၏။ချောင်းတဟွတ်ဟွတ်ဆိုးရင်း၊ ရင်ဘတ်ကို ဆက်တိုက်ပုတ်ရင်းနှင့်ပင် မှိုင်းဟန်မြခေတ် စိတ်ထဲ၌ ကျယ်လောင်စွာ အော်ဟစ်လိုက်မိ‌တော့သည်။

'ဒီDominant Alphaက..အဲ့လူရဲ့ယောက်ျားတဲ့လား!!?'

JANE  JANE

7 Inch Drop Point Folding Pocket Knife
{Model - CAT980016}
________________________________________

#Zawgyi

"ေတာင္းပန္တယ္"ဟု ေျပာၿပီးသည္ႏွင့္ ညဉ့္ယံသြင္သည္ အေနာက္ကို ခ်ာခနဲ လွည့္ထြက္သြားေလသည္။

မိမိ၏အမွားကိုပင္ ေကာင္းေကာင္းမြန္မြန္ ေတာင္းပန္မသြားေသာ သားျဖစ္သူကိုၾကည့္ရင္း Pesno သက္ျပင္းရွည္ကို ခ်မိေတာ့သည္။ထပ္မံ၍ အတင္းအက်ပ္ လုပ္ခိုင္းျပန္လွ်င္လည္း မွိုင္းဟန္ျမေခတ္အေပၚ၌ အၿငိဳးအေတး ပိုထားလာမည္ကိုစိုးသျဖင့္ Pesno ေရွ႕တိုး၍မရ၊ေနာက္ဆုတ္၍မရ ျဖစ္ေနရ၏။ထို႔ေၾကာင့္ ယခုအခါမွာလည္း သူကသာ ကိုယ္စား ေတာင္းပန္လိုက္ေလသည္။သို႔ေသာ္ တစ္ခ်ိန္ခ်ိန္မွာေတာ့ ဤကိစၥမ်ားကို ေခ်ာေခ်ာေမြ႕ေမြ႕ ၿပီးေစရန္ သူလုပ္ရေပဦးမည္။

"ထင္ျမင္ခ်က္တစ္ခု ေျပာစရာရွိတယ္.."လို႔ အနည္းငယ္ ေလးနက္ေသာအသံျဖင့္ ေျပာလာတာေၾကာင့္ မွိုင္းဟန္ျမေခတ္ နားေထာင္ေနသည္ဟူသည့္သေဘာျဖင့္ ထိုလူကို ၾကည့္လိုက္သည္။

"အခုျမင္ေနရတဲ့..ေဇာက္ထိုးခ်ိတ္ခံထားရတဲ့လူေတြက..မင္းရဲ႕ဂိုဏ္းကလို႔..ကိုယ္တို႔ သံသယရွိတယ္.."

ထိုစကားေၾကာင့္ မွိုင္းဟန္ျမေခတ္ မ်က္ေမွာင္တို႔ကို တြန႔္ခ်ိဳးလိုက္ၿပီး အေနာက္ကို လွည့္ၾကည့္လိုက္၏။ထိုအခါမွ ထိုတြဲေလာင္းလူမ်ား၏ ခႏၶာကိုယ္အခ်ိဳးအစားမ်ားမွာ ရင္းႏွီးေနသည့္အသြင္အျပင္ ရွိေနၾကေလသည္။ခ်က္ခ်င္း အနားကိုတိုးသြားလိုက္ၿပီး ညာဘက္အစြန္ဆုံးလူ၏ပါးစပ္ထဲရွိ အဝတ္စကိုဖယ္၍ မွိုင္းဟန္ျမေခတ္ စစ္ေဆးလိုက္သည္။

မ်က္ႏွာမ်ားကို တစ္ခါျမင္႐ုံႏွင့္မွတ္မိသည့္ စြမ္းရည္အရ ေဇာက္ထိုးပုံစံသာျမင္ရေသာ္လည္း ထိုလူမွာ သူတို႔ဂိုဏ္း၏ျပန္ေပးဆြဲရန္အတြက္ သီးသန့္ဖြဲ႕ထားေသာ အဖြဲ႕ဝင္တစ္ေယာက္ျဖစ္ေၾကာင္း မွိုင္းဟန္ျမေခတ္ သိလိုက္သည္။လွ်ာကိုက္ေတာ့မည့္ဟန္ လႈပ္ရွားလာသည့္လူေၾကာင့္ ပါးစပ္ထဲသို႔ အဝတ္စကို ျပန္ထိုးထည့္လိုက္ရင္း မွိုင္းဟန္ျမေခတ္ ေျပာလိုက္သည္။

"သံသယမွန္တယ္..ကြၽန္ေတာ္တို႔ဂိုဏ္းကပဲ"

သူ၏စကားကိုၾကားေတာ့ ထိုတြဲေလာင္းအရာမ်ားမွာ ၿငိမ္သက္ေနရာကေန ထပ္မံ၍ ဆူဆူညံညံလုပ္လာၾကေတာ့သည္။'ဂိုဏ္းတူသားအခ်င္းခ်င္း ငါတို႔ကိုကူညီ'ဆိုသည့္ အၾကည့္မ်ားျဖင့္ မွိုင္းဟန္ျမေခတ္ကို ၾကည့္ေနၾကကာ လြတ္ေျမာက္ရန္အတြက္ ႐ုန္းကန္လႈပ္ရွားေနၾကေလသည္။

မွိုင္းဟန္ျမေခတ္ ထိုလူမ်ား၏မ်က္လုံးမ်ားကို ေသခ်ာၾကည့္လိုက္ေတာ့ အတြင္းေသြးေၾကာမ်ားက နီရဲေနၿပီျဖစ္ကာ ေခါင္းပိုင္း၌ဖိအားမ်ားေနပုံပင္။မၾကာခင္အခ်ိန္၌ ေသြးေပါင္ခ်ိန္တိုးလာနိုင္ၿပီး ေျခေထာက္ႏွင့္ေက်ာရိုးကို ထိခိုက္ေတာ့မည့္အေျခအေနသို႔ ေရာက္ေနၿပီျဖစ္၏။

ေဇာက္ထိုးေနျခင္းသည္ ေသြးလည္ပတ္မႈအတြက္ ေကာင္းမြန္ေသာ္ျငား တန္ေဆးလြန္ေဘးဆိုသည့္စကားအတိုင္း အလြန္အကြၽံလုပ္လွ်င္ေတာ့ ဆိုးက်ိဳးမ်ားသာ ျဖစ္လာမည္ပင္။

"ဒီလူေတြက..မင္းကိုျပန္ေခၚဖို႔ ေရာက္လာတာျဖစ္နိုင္တယ္..၊သူတို႔ရဲ႕ခႏၶာကိုယ္ေပၚမွာ..လူတစ္ေယာက္ကို ျပန္ေပးဆြဲဖို႔ ပစၥည္းကိရိယာကလြဲရင္..လူသတ္လက္နက္ပါမလာဘူး..၊ အဲ့ေတာ့..ျဖစ္နိုင္ေျခက မင္းကို ျပန္ေပးလာဆြဲတာပဲ..Oh..ဒါေပမဲ့ ေခါင္းေဆာင္လို႔ထင္ရတဲ့လူဆီမွာေတာ့..ေသနတ္တစ္လက္ေတြ႕တယ္.."

ခါတိုင္းလို ခပ္ႀကီးႀကီးအၿပဳံးကို ခ်ိတ္ဆြဲလ်က္ ထိုလူက သူ႕အနားသို႔ လမ္းေလွ်ာက္ရင္းေျပာလာကာ ဘယ္အခ်ိန္က ထုတ္လိုက္မွန္းမသိသည့္ အိတ္ေဆာင္ဓားျဖင့္ တြဲေလာင္းခ်ည္ထားသည့္ ႀကိဳးတစ္ေခ်ာင္းကို ပစ္လိုက္ေလသည္။ထိုအခါ ျပဳတ္က်လာသည့္အသံနဲ႕အတူ လက္ႏွင့္ေျခေထာက္ကို ခ်ည္ေႏွာင္ခံထားရသည့္လူဆီမွ နာက်င္မႈေၾကာင့္ ညည္းသံခပ္တိုးတိုး ထြက္ေပၚလာသည္။

ၾကမ္းျပင္ေပၚရွိဓားကို ေကာက္လိုက္ၿပီးေနာက္ Pesnoသည္ လဲက်ေနေသာလူကို မတ္မတ္ထိုင္ေစၿပီး ေတာက္ေတာက္ပပ ၿပဳံးရင္းႏွင့္ပင္ ထိုလူ၏ဦးေခါင္း အေနာက္လန္သြားသည္အထိ ဆံပင္တို႔ကို ေဆာင့္ဆြဲခ်လိဳက္သည္။ေဇာက္ထိုးခ်ိတ္ခံထားရာမွ ႐ုတ္တရက္ အတည့္ျပန္ျဖစ္သြားသည့္အတြက္ ေသြးစီးဆင္းရာလမ္းေၾကာင္းမွာ ေျပာင္းလဲသြားသည့္အက်ိဳးဆက္အရ ထိုလူမွာ မူးေနာက္သြားရေလသည္။ထို႔အျပင္ ‌ဆံပင္အရင္းဖ်ားမွ ေဆာင့္ဆြဲခံလိုက္ရတာေၾကာင့္ နာက်င္မႈျဖင့္ မ်က္ႏွာမွာလည္း ရႈံ႕တြသြားရ၏။

သို႔ေသာ္ ခ်က္ခ်င္းဆိုသလို ထိုလူ၏မ်က္လုံးမ်ားက ျပဴးက်ယ္သြားသလို ဆို႔ပိတ္ခံထားရေသာပါးစပ္မွလည္း ေအာ္ဟစ္သံ တဝူးဝူးက ထြက္ေပၚလာေလသည္။အေၾကာင္းမွာ ထိုလူ၏ညာဘက္ပခုံးသည္ ဓားျဖင့္ ထိုးစိုက္ခံလိုက္ရေသာေၾကာင့္ပင္။

အိတ္ေဆာင္ဓားမွာ အလ်ား၇လက္မရွိၿပီး လက္ကိုင္သည္ ၄လက္မ၊ ဓားသြားသည္ ၃လက္မရွိသည္။ယခုအခါ ထို၃လက္မရွိေသာ အမည္းေရာင္ဓားသြားက ပခုံးအတြင္း၌ အဆုံးအထိစိုက္ဝင္ေနကာ ေသြးမ်ားကလည္း လ်င္ျမန္ေသာအရွိန္ျဖင့္ စီးက်ေနေလသည္။ထို႔ေနာက္ Pesnoသည္ သူ၏မူပိုင္အၿပဳံးေလးၿပဳံး၍ ဓားသြားအား အသားထဲ၌စိုက္ထားရင္းႏွင့္ပင္ စက္ဝိုင္းသ႑ာန္ ေမႊေႏွာက္လိုက္သည္။

လက္ေခ်ာင္းမ်ားက ကုပ္သြားလိုက္၊ဆန႔္သြားလိုက္ျဖင့္ နာက်င္မႈကို ခံစားေနရေသာလူမွာ အသက္ရႉႏႈန္းမ်ား ျမန္ဆန္လာၿပီး ေခြၽးေစးမ်ားလည္း ထြက္လာကာ မ်က္ဆန္မ်ားသည္လည္း အေနာက္လန္လာေတာ့သည္။စိတ္မေကာင္းစရာေကာင္းသည္က ထိုလူ႕အတြက္ ဤသည္က အဆုံးသတ္ ဟုတ္မေနျခင္းပင္။

မ်က္ျဖဴဆိုက္ေနၿပီျဖစ္ေသာ ထိုလူမွာ ႐ုတ္တရက္ ျပန္ဆြဲႏုတ္လိုက္သည့္ဓားေၾကာင့္ ခႏၶာကိုယ္မွာ တစ္ခ်က္တြန႔္သြားၿပီး အသိျပန္ဝင္လာသည္။ယခုအထိ သူ၏ဆံပင္ကို ဆြဲထားေသာ နတ္ဆိုးသဖြယ္အၿပဳံးျဖင့္လူအား အသနားခံေနေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္ေတာ့ တစ္ဖက္လူမွာ ေက်နပ္သြားသည့္အလား ပိုမိုၿပဳံးျပလာ၏။

ထိုလူသည္ အႏွီအခ်ိန္ခဏေလးအတြင္း၌ သူ၏ေသေန႕မွာ ယေန႕ဆိုသည္ကို အလိုအေလ်ာက္ နားလည္သြားရွာသည္။သို႔ေသာ္ လူသားဆိုသည့္အမ်ိဳးမွာ ေနာက္ဆုံးအခ်ိန္သို႔ေရာက္ေလေလ ပို၍႐ူးမိုက္လာေလေလျဖစ္ၿပီး အသက္ရွင္ရန္အတြက္ ႐ုန္းကန္ၾကမည္သာျဖစ္၏။

အခ်ိန္အၾကာႀကီး ေဇာက္ထိုးခ်ိတ္ဆြဲခံထားရသျဖင့္ ေပ်ာ့ေခြေနေသာ ေျခေထာက္မ်ားက Cable tieျဖင့္ အခ်ည္ေႏွာင္ခံထားရေသာ္ျငား ထိုလူမွာ အတတ္နိုင္ဆုံး အားတင္း၍ မတ္တတ္ထရန္ ႀကိဳးစားလိုက္သည္။

ထိုအခါ သူ၏ေခါင္းေပၚမွ သေဘာတက်ရယ္သံက ခပ္လြင္လြင္ ပ်ံ့လြင့္လာ၏။ထိုရယ္သံေၾကာင့္ သူ၏လႈပ္ရွားမႈမ်ား ရပ္တန႔္သြားသည့္အခိုက္ ေကာင္းမြန္ေနေသးသည့္ ဘယ္ဘက္ပခုံးမွာ ထပ္တူညီစြာျဖင့္ ထိုးစိုက္ခံလိုက္ရေတာ့သည္။ဤတစ္ႀကိမ္တြင္ေတာ့ အသားထဲ၌ အၾကာႀကီးမစိုက္ထားဘဲ ခ်က္ခ်င္းျပန္ႏုတ္လိုက္တာေၾကာင့္ ေသြးမ်ားမွာ ဖ်န္းခနဲ ေလထဲသို႔ လြင့္စဥ္လာေလသည္။

ေသြးမ်ားမစဥ္ေစရန္ ေဘးသို႔ ေခါင္းေရွာင္လိုက္ၿပီးေနာက္ Pesnoသည္ ေသြးတစက္စက္က်ေနေသာ လက္ထဲရွိဓားကို တစ္ခ်က္ခါပစ္လိုက္သည္။ၿပီးေနာက္ သူ၏လုပ္ရပ္မ်ားကို ေဘး၌ရပ္ၾကည့္ေနေသာ လူငယ္ကို အျပစ္ကင္းစင္ေသာ အၿပဳံးျဖင့္‌ ေမာ့ၾကည့္လိုက္ေလသည္။

"မင္းရဲ႕ဂိုဏ္းကဆိုတာလဲ..အတည္ျပဳၿပီးၿပီ၊ ကိုယ္တို႔ကိုသတ္ဖို႔..အစီအစဥ္မရွိဘူးဆိုတာလဲ..သိၿပီးၿပီဆိုေတာ့..ကိစၥရွင္းလိုက္တာ ေကာင္းတယ္လို႔ ကိုယ္ထင္တယ္..၊ မင္းေရာ ဘယ္လိုထင္လဲ?"

တစ္ဖက္လူ၏မရိုးရွင္းလွေသာ မ်က္လုံးမ်ားကို ခဏတာ ၾကည့္ေနၿပီးေနာက္ မွိုင္းဟန္ျမေခတ္သည္ ထိုမ်က္လုံးမ်ား၏ရည္႐ြယ္ခ်က္ကို ဖမ္းမိသြားဟန္ ထိုလူ၏လက္ထဲ၌ ေသလုနီးပါးျဖစ္ေနေသာလူကို မဲ့ၿပဳံးျဖင့္ စိုက္ၾကည့္လိုက္သည္။ထို႔ေနာက္ မည္သည့္စကားမွမေျပာဘဲ ထိုလူ၏အနားသို႔ တိုးသြားလိုက္ၿပီး လက္ျဖန႔္ျပလိုက္၏။ထိုအခါ တစ္ဖက္လူသည္ အသံထြက္သည္အထိ ခပ္က်ယ္က်ယ္ ရယ္ေမာလာေလသည္။

သူ၏လက္ထဲသို႔ ရယ္သံအဆုံး၌ ေရာက္ရွိလာေသာ ေသြးမ်ားဖုံးလႊမ္းေနသည့္ဓားသြားႏွင့္ အိတ္ေဆာင္ဓားအား မွိုင္းဟန္ျမေခတ္ မ်က္ႏွာေသျဖင့္ ငုံ႕ၾကည့္လိုက္သည္။ေသသပ္စြာ ဒီဇိုင္းဆြဲ၍ ခ်ဳပ္ထားမွန္းသိသာသည့္ ဂိုဏ္း၏အမွတ္အသားျဖစ္ေသာ Scytheက သားေရဓားရိုး‌လက္ကိုင္ေပၚ၌ ဝံ့ႂကြားစြာ တည္ရွိေနၿပီး ဂုဏ္က်က္သေရႏွင့္ျပည့္ဝေနသလို တစ္ခ်ိန္တည္းမွာပင္ ေသမင္း၏လက္နက္ပီသစြာ ေၾကာက္မက္ဖြယ္ရာ အေငြ႕အသက္ကို ေပးစြမ္းေနေလသည္။

ဓားရိုးကို ေပါ့ေပါ့ပါးပါး ကိုင္လိုက္ၿပီးေနာက္ ‌ေၾကာက္လန႔္ေနေသာ မ်က္လုံးမ်ားျဖင့္ သူ႕ကိုၾကည့္ေနေသာလူကို မွိုင္းဟန္ျမေခတ္ ေပ်ာ္႐ႊင္ေက်နပ္ဟန္ ၿပဳံးျပလိုက္သည္။

ေ႐ႊအိုေရာင္ဆံပင္ႏွင့္လူမွာလည္း အၿပဳံးပန္းမ်ားေဝလ်က္ ထိုလူ၏ဆံပင္ကို အေနာက္သို႔ပိုေဆာင့္ဆြဲလိုက္ကာ ေခြၽးေၾကာင့္ေျပာင္လက္ေနသည့္ လည္ပင္းကို ပိုမိုထင္ေပၚေစလိုက္သည္။အားေနသည့္လက္တစ္ဖက္ကို ႂကြပါဟူသည့္သေဘာျဖင့္ လည္ပင္းရွိရာအရပ္သို႔ ျမႇောက္ျပလိုက္ေတာ့ မွိုင္းဟန္ျမေခတ္၏အၿပဳံးသည္ ပိုမိုထင္ရွားလာေလသည္။

ထို႔ေနာက္ တြန႔္ဆုတ္ျခင္းမရွိပါဘဲ လည္ပင္းကိုအလ်ားလိုက္ ျဖတ္ခ်လိဳက္ေတာ့သည္။အရွိန္ျဖင့္ျဖတ္လိုက္ျခင္းျဖစ္တာေၾကာင့္ ထိုလူ၏လည္ပင္းမွာ ထက္ပိုင္းျပတ္လုနီးနီး ျဖစ္သြားေလသည္။က်န္သည့္တြဲေလာင္းလူ၉ေယာက္မွာ ထိုျဖစ္ရပ္ကိုျမင္ေလေတာ့ သူတို႔ကံၾကမၼာကို ျမင္ေတြ႕သြားဟန္ ၿငိမ္သက္သြားၾကၿပီး ေၾကာက္လန႔္မႈေၾကာင့္ နဖူးႏွင့္ေနာက္ေက်ာတို႔၌ ေခြၽးေအးမ်ား ထြက္လာၾကေတာ့သည္။

"ေနာက္လိုက္ေခြးေလးေတြ..ဘာလို႔႐ုတ္တရက္ တိတ္သြားၾကတာလဲ?..‌ခုနကေတာင္..အက်ယ္ႀကီးေဟာင္ေနၾကတာကို"လို႔ ေၾကာက္လန႔္မႈမ်ားျဖင့္ မ်က္လုံးပြင့္လ်က္ ေသဆုံးသြားေသာလူကို အ႐ုပ္တစ္႐ုပ္ပမာ ၾကမ္းျပင္ေပၚပစ္ခ်ၿပီး သူတို႔ကိုၾကည့္ရင္း ေျပာလာေသာ အၿပဳံးႏွင့္လူေၾကာင့္ လူ၉ေယာက္မွာ ေဇာက္ထိုးခ်ိတ္ခံထားရသျဖင့္ ခံစားေနရသည့္ မူးေနာက္မႈမ်ားေတာင္ လြင့္စဥ္သြားသလို ခံစားလိုက္ၾကရသည္။

လူသားမ်ားသည္ သူတို႔၏လုပ္ရပ္က မည္မွ်မွားယြင္းေနပါေစ၊ ေနာက္ဆုံးမွာေတာ့ ကိုယ္ကိုယ္တိုင္ကိုသာ ဦးစားေပးၾကၿပီး သုံးစားမရသည့္ အျပစ္ရွိစိတ္ကိုသာ ေသဆုံးသည္အထိ ကိုင္ေဆာင္သြားၾကသည္။တခ်ိဳ႕ဆိုလွ်င္ အျပစ္ရွိစိတ္ေတာင္ မခံစားရဘဲ ျဖစ္သင့္သည့္အရာကိုလုပ္လိုက္သလိုမ်ိဳး ဟန္မပ်က္ ေနထိုင္ၾကေသးသည္။

ထိုလူ၁၀ေယာက္မွာလည္း အစပိုင္း၌ ျပန္ေပးဆြဲျခင္းဆိုသည့္ ဤအဖြဲ႕အစည္း၌ မဝင္ခ်င္ဘဲဝင္လာခဲ့ရေသာ္လည္း ၾကာလာသည့္အခါ ထိုကိစၥမ်ားကို သူတို႔၏စိတ္၌ ကစားပြဲတစ္ခုလို ေတြးထင္၍ ထမင္းစားေရေသာက္ကိစၥသဖြယ္ ျပဳလုပ္လာၾကသည္။ကေလးငယ္မ်ား၊မိန္းမပ်ိဳမ်ားကိုသာ အဓိကျပန္ေပးဆြဲသည့္ ထိုလူတို႔က အျပစ္မရွိသည့္လူမ်ားကို မဖြယ္မရာကိစၥမ်ားအျပင္ ညွဥ္းပန္းႏွိပ္စက္မႈအမ်ိဳးမ်ိဳးကို ဟည္းလားတိုက္၍၊ အသနားခံမႈမ်ားကို မ်က္ကြယ္ျပဳ၍ ျပဳလုပ္ခဲ့ၾကသည္။

ယခုအခါ ထိုျဖစ္ရပ္မ်ားက သူတို႔ဆီသို႔ ျမားဦးလွည့္၍ နဖူးေတြ႕ဒူးေတြ႕ ႀကဳံလာရေလေတာ့ ေရထဲသို႔အႏွစ္ခံလိုက္ရ၍ တုန္ယင္ေနေသာ ေခြးမ်ားပမာ ေၾကာက္လန႔္ထိတ္႐ြံ႕မႈမ်ား အုပ္စိုးလ်က္ ေသျခင္းတရားကို တြန္းကန္ေနၾကေလသည္။ကံၾကမၼာဆိုသည္မွာ တစ္ဖန္ျပန္လည္တတ္သည့္ သေဘာရွိသည္။ထိုစက္ကြင္း၌ မည္သည့္လူကမွ အခြင့္ထူးခံဆိုသည့္ဂုဏ္ပုဒ္ႏွင့္ လြတ္ေျမာက္သည္ဟူ၍ မရွိေခ်။

"မွိုင္း..ဘယ္သူလက္ပိုတည့္လဲၿပိဳင္မလား?"

ဓားမွေသြးမ်ားကို ခါေနေသာ မွိုင္းဟန္ျမေခတ္သည္ Pesno၏စကားကိုၾကားေတာ့ ေခါင္းညိတ္ရင္း အၿပဳံးျဖင့္ တုံ႕ျပန္လိုက္သည္။ထို႔ေနာက္ လက္ထဲတြင္ ဆုပ္ကိုင္ထားေသာဓားျဖင့္ ဒုတိယေျမာက္လူ၏ေျခေထာက္ရွိႀကိဳးကို ခ်ိန္ၿပီးပစ္ခ်လိဳက္၏။ခြၽန္ထက္လွေသာဓားသြားမွာ ေလထဲ၌ အႀကိမ္အနည္းငယ္ လည္ပတ္ေနၿပီးေနာက္ ႀကိဳးအား တိတိပပ ျဖတ္သြားေလသည္။

"မဆိုးဘူးပဲ..ေနာက္က်ရင္ ကိုယ္နဲ႕ေသနတ္ပစ္ၿပိဳင္ၾကမလား?"

မွိုင္းဟန္ျမေခတ္ ခပ္သာသာရယ္ရင္း ျပန္ေျဖလိုက္သည္။

"ေနာက္မွမဟုတ္ပါဘူး..အခုေန႕ခင္းေတာင္ရတယ္..ေသနတ္ဆိုလို႔ကေတာ့ အခ်ိန္မေ႐ြးပဲ"

သူ၏အေျဖကိုၾကားေတာ့ Personသည္ စိတ္ေက်နပ္ဟန္ ၿပဳံးျပၿပီး ေအာက္က်သြားသည့္ ဓားကိုေကာက္ကာ တတိယေျမာက္လူဆီသို႔ ပစ္လႊတ္လိုက္ေလသည္။သံသယမရွိပါဘဲ ထိုလူမွာလည္း ေအာက္သို႔ျပဳတ္က်လာရေတာ့သည္။ဤသို႔ျဖင့္ တစ္ေယာက္တစ္လွည့္စီ ပစ္ေနၾကရာ တစ္ေယာက္၅ခါစီျဖင့္ သေရက်သြားေလသည္။

သူ႕အား တရင္းတႏွီးေခၚဆိုလိုက္သည့္အခ်ိန္မွစ၍ မွိုင္းဟန္ျမေခတ္၏စိတ္ထဲ၌ ဆက္သြယ္ေျပာဆိုရသည္မွာ ေပါ့ေပါ့ပါးပါးရွိလာၿပီး ယဥ္ယဥ္ေက်းေက်း ေျပာဆိုရာ၌လည္း လွ်ာယားယံမႈမ်ားမရွိေတာ့ေခ်။အသက္မွာ ၁၀ႏွစ္ေက်ာ္ကြာေသာ္လည္း ထိုလူ၏ေျပာဆိုပုံ၊ေနထိုင္ပုံမ်ားက လူငယ္ဆန္တာေၾကာင့္ ႐ြယ္တူတစ္ေယာက္ႏွင့္ ေျပာဆိုေနရသလိုမ်ိဳး ခံစားရေစသည္။ထို႔အျပင္ သူ၏မသိစိတ္က ဤလူသည္ ယုံၾကည္ရသည့္လူဟူ၍ တီးတိုးေျပာဆိုေနကာ ထိုလူ႕အေပၚ၌ အေကာင္းျမင္စိတ္မ်ား တျဖည္းျဖည္း တိုးပြားလာေလသည္။

ဒုတိယေျမာက္ ပစ္ခ်ခံလိုက္ရသည့္လူ၏အနား၌ မွိုင္းဟန္ျမေခတ္ ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး ပါးစပ္ထဲရွိ အစည္းအေႏွာင္ကို ဆြဲဖယ္ပစ္လိုက္သည္။သူ႕ကိုသာ ေၾကာင္အလ်က္ မ်က္လုံးေသမ်ားျဖင့္ ၾကည့္ေနေသာလူကို အသိဝင္လာေစရန္ ညာဘက္ပါးအား မွိုင္းဟန္ျမေခတ္ ခပ္ျပင္းျပင္း ႏွစ္ခ်က္ရိုက္ပစ္လိုက္သည္။ ထိုလူမွာ ပါး၏နာက်င္မႈေၾကာင့္ အမွန္တကယ္အသိဝင္လာၿပီး ေယာင္အအျဖင့္ တုန္လႈပ္ေခ်ာက္ခ်ားစြာ ေျပာလာေလသည္။

"အ..အသက္ကို ခ်မ္းသာေပးပါ..ေက်း..ေက်းဇူးျပဳၿပီး..ခ်မ္းသာေပးပါ"

မွိုင္းဟန္ျမေခတ္ ေပါင္ေပၚတံေတာင္ေထာက္လိုက္ၿပီး ခႏၶာကိုယ္ကို ေရွ႕သို႔ကိုင္းလိုက္ကာ ထိုလူ၏မ်က္လုံးတည့္တည့္ကို စိုက္ၾကည့္လိုက္သည္။

"အေၾကာင္းျပခ်က္က?..၊မင္းကို အသက္ရွင္ခြင့္ေပးရမဲ့..အေၾကာင္းျပခ်က္က ဘာလဲ?..တိတိက်က် ေျပာနိုင္ရင္..လႊတ္ေပးမယ္"

ထိုအခါ ငါးတစ္ေကာင္ႏွယ္ ပါးစပ္ကိုဟသြားလိုက္၊ျပန္ပိတ္သြားလိုက္ျဖင့္ ထိုလူမွာ တုန္ယင္ေနၿပီး ဘာေျပာရမည္ကို သိရွိသည့္ပုံမေပၚေပ။မွိုင္းဟန္ျမေခတ္ စိတ္မဝင္စားဟန္ ေနာက္ဆုံးၾကည့္လိုက္ၿပီးေနာက္ လက္တစ္ဖက္က ထိုလူ၏ေခါင္းထိပ္တည့္တည့္ကို ဆုပ္ကိုင္လိုက္ၿပီး ေနာက္တစ္ဖက္က ေမးရိုးကိုကိုင္လိုက္သည္။

ထို႔ေနာက္ ဘဝကူးေျပာင္းရာ၌ ေပ်ာ္႐ႊင္ေစရန္ ေနာက္ဆုံးအခ်ိန္ေလး၌ ၿပဳံးၿပဳံးေလးေနရမည္ဟု ေတြးမိသျဖင့္ ၿခိမ္းေျခာက္အေငြ႕အသက္မ်ားပါေသာ အၾကည့္ႏွင့္ေျပာလိုက္ေလသည္။

"ၿပဳံး..၊ ဘဝမွာ အခုအခ်ိန္က..အေပ်ာ္ရဆုံးပုံစံမ်ိဳးနဲ႕ၿပဳံး.."

ထိုလူမွာ ‌ေၾကာက္လန႔္တၾကား တံေတြးမ်ိဳခ်မိၿပီး တုန္ယင္ေနေသာ ႏႈတ္ခမ္းမ်ားႏွင့္ မပီျပင္စြာ ၿပဳံးျပလာေလသည္။မွိုင္းဟန္ျမေခတ္သည္ ေက်နပ္သြားသည့္သေဘာျဖင့္ ေခါင္းတညိတ္ညိတ္လုပ္ၿပီးေနာက္ အခ်ိန္ဆြဲမေနေတာ့ဘဲ ေဒါင္လိုက္ျဖစ္ေနေသာေခါင္းကို အလ်ားလိုက္အျဖစ္သို႔ ေျပာင္းလဲေပးလိုက္ေတာ့၏။

တိတ္ဆိတ္ေနသည့္ အခန္းထဲ၌ အရိုးက်ိဳးသြားသည့္ အသံအက်ယ္ႀကီး ျမည္ဟည္းသြားကာ က်န္သည့္လူ၈ေယာက္မွာ ၾကက္သီးမ်ား တျဖန္းျဖန္းထသြားၿပီး ပုံပ်က္ပန္းပ်က္ အေလာင္းႏွစ္ေလာင္းကို မၾကည့္နိုင္ေတာ့ဟန္ ကတုန္ကယင္ျဖင့္ မ်က္ႏွာလႊဲလိုက္မိၾကေတာ့သည္။

"ေနာက္တစ္ေယာက္..တစ္ခုခုေျပာျပခ်င္ေသးလား?"ဆိုၿပီး ‌မွိုင္းဟန္ျမ‌ေခတ္ ေဘးကိုလွည့္ၾကည့္ရင္း ေျပာလိုက္ေတာ့ မ်က္ႏွာလႊဲထားၾကသည့္လူမ်ားကို ျမင္လိုက္ရကာ ဘဝင္မက်ဟန္ အၿပဳံးတို႔ ရပ္တန႔္သြားသည္။

ထိုလူမ်ားသည္လည္း ယုတ္မာၾကမ္းတမ္းလွေသာ နည္းလမ္းမ်ားကို က်င့္သုံးၾကသူမ်ားျဖစ္ကာ ေမးၾကည့္စရာပင္မလိုပါဘဲ ဤအရာမ်ားက ထိုလူမ်ားႏွင့္ ရင္းႏွီးကြၽမ္းဝင္ေနမည္မွာ ေသခ်ာလွသည္။ဤသည္ကိုပင္ ယုတ္မာမႈမ်ားႏွင့္ မပက္သက္သည့္ပုံျဖင့္ မ်က္ႏွာလႊဲထားၾကသည္မွာ ရယ္စရာလည္းေကာင္းသလို တစ္ခ်ိန္တည္း၌ ႐ြံစရာလည္းေကာင္းေန၏။ျဖစ္နိုင္သည္က ဤတစ္ႀကိမ္တြင္ေတာ့ သားေကာင္မွာ သူတို႔အလွည့္ျဖစ္ေနျခင္းကို လက္မခံနိုင္ျဖစ္ေနျခင္း ျဖစ္ေပလိမ့္မည္။

မွိုင္းဟန္ျမေခတ္သည္ အတန္းလိုက္ လက္ျပန္ႀကိဳးတုပ္ခံထားရသည့္ လူမ်ား၏အေရွ႕၌ သြယ္လ်ေသာလက္ေခ်ာင္းမ်ားျဖင့္ ဓားသြားကိုကစား‌ရင္း လာရပ္ေလသည္။ထို႔ေနာက္ လက္ထဲရွိဓားကို ပင့္ျမႇောက္၍ ေလထဲ၌တစ္ပတ္လည္ေစကာ လက္ထဲသို႔ ဓားျပန္က်လာသည္ႏွင့္တစ္ၿပိဳင္နက္ အလယ္တည့္တည့္တြင္ရွိေသာလူ၏ ဦးေခါင္းတည့္တည့္ကို ပစ္လႊတ္လိုက္ေတာ့သည္။

နီးကပ္ေနသည့္အကြာအေဝး၊ ျပင္းထန္သည့္အရွိန္ေၾကာင့္ ဓားသြားသည္ ဦးေခါင္းအတြင္းသို႔ ၁လက္မခန႔္ စိုက္နစ္သြားၿပီး ထိုလူမွာ ျပဴးက်ယ္လ်က္ရွိေသးေသာ မ်က္လုံးမ်ားျဖင့္ အေနာက္သို႔ လဲက်သြားေလေတာ့သည္။နဖူးတည့္တည့္သို႔ စိုက္သြားေသာ ဓားေၾကာင့္ မွိုင္းဟန္ျမေခတ္ စိတ္လိုလက္ရ ၿပဳံးလိုက္မိ၏။‌မေလ့က်င့္တာၾကာသည္ကိုပင္ သူ၏လက္ေျဖာင့္စြမ္းရည္မွာ ေလ်ာ့က်မသြားေသးေပ။

"သခင္..မနက္စာ အဆင္သင့္ျဖစ္ေနပါၿပီ..သုံးေဆာင္ပါေတာ့မလား?"

တည္ၿငိမ္ေသာအသံျဖင့္ ေျပာလာေသာ အဖိုးအိုတစ္ေယာက္၏အသံေၾကာင့္ မွိုင္းဟန္ျမေခတ္ အေနာက္ကို လွည့္ၾကည့္လိုက္သည္။ထိုအခါ လြန္ခဲ့သည့္ ၂ရက္ကမွ စံအိမ္သို႔ ေရာက္ရွိလာေသာ အသက္ႀကီးႀကီး အဖိုးအိုျဖစ္ေနေလသည္။

"မွိုင္း..စားေတာ့မယ္မလား?.."လို႔ သူ႕ကို အေရးတယူလုပ္ကာ ေမးလာသျဖင့္ မွိုင္းဟန္ျမေခတ္ ၿပဳံးခ်င္သြားေသာ ႏႈတ္ခမ္းကိုထိန္းရင္း အသာေခါင္းညိတ္ျပလိုက္သည္။

ဤသို႔ျဖင့္ ၃ေယာက္သား ထမင္းစားခန္းဆီသို႔ သြားလိုက္ၾက‌၏။သူတို႔အခန္းထဲေရာက္သြားေတာ့ ထမင္းစားခုံ၏ထိပ္ဆုံးခုံတြင္ ထိုင္ေနေသာလူက သူတို႔ဝင္လာသည့္ အခန္းအေပါက္ဝကို ေအးစက္စက္ အရွိန္အဝါမ်ားျဖင့္ မ်က္လုံးပင့္လ်က္ စိုက္ၾကည့္လာေလသည္။

သူသည္ alphaေပါင္းမ်ားစြာကို ျမင္ဖူးေသာ္လည္း တစ္ခ်က္ၾကည့္႐ုံႏွင့္ Dominant Alphaဟူသည့္ အရွိန္အဝါမ်ား ျပည့္ႏွက္ေနသည္ဆိုသည့္ Dominant Alphaသည္ လက္ခ်ိဳးေရ၍ရ၏။ယခုအခါ သူတို႔ကို ေအးစက္စြာ စိုက္ၾကည့္ေနေသာ ထိုလူသည္ ထိုလက္ခ်ိဳးေရ၍ရသည့္ Dominant Alphaမ်ားထဲမွ တစ္ေယာက္ျဖစ္ကာ နည္းနည္းေလးမွ အရွိန္အဝါမ်ားကို ဖုံးဖိထားျခင္းမရွိေပ။ေ႐ႊအိုေရာင္ဆံပင္ႏွင့္လူသည္ပင္ အေသအခ်ာ ၾကည့္ခါမွ Dominant Alphaဟု သိရျခင္းျဖစ္ေလသည္။

ဂိုဏ္းထဲက ထြက္လာခါမွ Dominant Alphaေတြးခ်ည္း ဆက္တိုက္ျမင္ေနရသျဖင့္ သူ၏ကံၾကမၼာက ေကာင္းမြန္ေနသည္လား၊ဆိုး႐ြားေနသည္လားကိုပင္ မွိုင္းဟန္ျမေခတ္ ေဝခြဲမရျဖစ္သြားရသည္။သို႔‌ေသာ္ ဤDominant Alphaမ်ားကို ရန္သူအျဖစ္ေျပာင္းလဲလိုက္ျခင္းက သူ႕အတြက္ ဆိုးက်ိဳးမ်ားသာ သယ္ယူလာမည္ကေတာ့ မွိုင္းဟန္ျမေခတ္ အတပ္သိေန၏။

အရာရာတိုင္းကို တစ္ခုမွမလြတ္ေစဘဲ သတိထား၍လိုက္ၾကည့္ေနေသာ မွိုင္းဟန္ျမေခတ္ဆိုသည့္သူသည္ ထိုလူ၏ ေအးစက္စက္အၾကည့္မ်ားက ေ႐ႊအိုေရာင္ဆံပင္ႏွင့္လူထံသို႔ ေရာက္သြားခ်ိန္၌ မသိမသာ ႏူးညံ့သြားသည္ကို ခံစား၍ရလိုက္သည္။မွိုင္းဟန္ျမေခတ္ မ်က္ခုံးတစ္ဖက္ ပင့္လိုက္မိၿပီး ေ႐ႊအိုေရာင္ဆံပင္ႏွင့္လူကို မ်က္လုံးေထာင့္ကပ္ကာ ခိုးၾကည့္လိုက္၏။

ေ႐ႊအိုေရာင္ဆံပင္ႏွင့္လူကေတာ့ ထိုအၾကည့္ကို သတိမျပဳမိဟန္ ပုံမွန္အၿပဳံးျဖင့္သာ နဂိုေနရာ၌ ရပ္ေနေလသည္။မွိုင္းဟန္ျမေခတ္ မိမိ၏အေတြးတို႔ လြဲမွားေနၿပီလားဟု သံသယဝင္ေနခ်ိန္မွာပင္ ေ႐ႊအိုေရာင္ဆံပင္ႏွင့္လူသည္ သူ၏လက္ကိုဆြဲလ်က္ ခုနက ထိုင္ေနသည့္လူႏွင့္အေဝးတြင္ရွိေသာ ခုံဆီသို႔သြားေစသည္။

သူ၏မ်က္လုံးမ်ားက ထိုင္ေနသည့္လူ၏သိသိသာသာကို တြန႔္ခ်ိဳးသြားေသာ မ်က္ခုံးမ်ားကို ျမင္လိုက္ၿပီးေနာက္ လြန္ခဲ့သည့္ရက္က ေတြးထင္ထားခဲ့သည့္ သူ၏အေတြးမ်ား မွားယြင္းေနခဲ့ေလာက္သည္ကို မွိုင္းဟန္ျမေခတ္ အနည္းငယ္ သတိထားမိလာသည္။မျဖစ္နိုင္ပါဘူးဟုေတြးၿပီး ေခါင္းတစ္ခ်က္ယမ္းလိုက္ၿပီးေနာက္ အေတြးမ်ား တည္ၿငိမ္သြားေစရန္ ေရေသာက္ဦးမည္ဟုေတြးရင္း ဖန္ခြက္ထဲကို မွိုင္းဟန္ျမေခတ္ ေရထည့္လိုက္သည္။

"ထမင္းစားခ်ိန္မွာေတာ့..ကိုယ့္ခင္ပြန္းအနား လာစားသင့္တယ္မထင္ဘူးလား?..ကေလး"ဆိုၿပီး ဖန္ခြက္ထဲမွေရမ်ားကို သူ၏ခႏၶာကိုယ္ထဲသို႔ ကူးေျပာင္းေနခ်ိန္၌ ႐ုတ္ျခည္းဆိုသလို တစ္ဖက္တြင္ ထိုင္ေနသည့္လူက ၿခိမ္းေျခာက္သည့္ အေငြ႕အသက္မ်ားျဖင့္ ေျပာလာေလသည္။

ထိုအခါ အခုေလးတင္မွ မွိုင္းဟန္ျမေခတ္၏လည္ေခ်ာင္းထဲသို႔ ျဖတ္သန္းသြားခဲ့ေသာ ေရမ်ားသည္ အရွိန္အဟုန္ျဖင့္ ဖြီးခနဲ ျပန္ထြက္လာေတာ့၏။ေခ်ာင္းတဟြတ္ဟြတ္ဆိုးရင္း၊ ရင္ဘတ္ကို ဆက္တိုက္ပုတ္ရင္းႏွင့္ပင္ မွိုင္းဟန္ျမေခတ္ စိတ္ထဲ၌ က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္မိ‌ေတာ့သည္။

'ဒီDominant Alphaက..အဲ့လူရဲ႕ေယာက္်ားတဲ့လား!!?'

JANE  JANE

7 Inch Drop Point Folding Pocket Knife
{Model - CAT980016}

Continue Reading

You'll Also Like

205K 4.6K 68
imagines as taylor swift as your mom and travis kelce as your dad
1.2M 58.4K 83
"The only person that can change Mr. Oberois is their wives Mrs. Oberois". Oberois are very rich and famous, their business is well known, The Oberoi...
218K 1.1K 199
Mature content
474K 14K 58
အောက်ပါ fiction သည် 18+ အမျိုးစားဖြစ်သည့်အတွက် အသက်ပြည့်ပြီးသူများသာ ဖတ်ရန် သတိပေးအပ်ပါသည်။ 18+အမျိုးစား ဖြစ်သည့်အပြင်၊ စကားလုံးရိုင်းများ ပါဝင်သည့်အ...