အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

By FlowerRainButterfly

1.5M 190K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ More

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)

အပိုင်း (၃၂)

11.6K 1.5K 74
By FlowerRainButterfly

အပိုင်း (၃၂) မုဆိုးကြီး၏နွေးထွေးသောမိသားစု -3

ညပိုင်းတွင် ပိုင်အိမ်သားများသည် ပိုင်လီကိုယ်တိုင်ကြော်ထားတဲ့ ယုန်သားအစပ်ကြော်လေးနှင့် သေရည်သောက်နေကျပြီး ပင်ပန်းရသည့်တစ်နေ့တာအတွက် အနားယူနေကျ၏။

ပိုင်လီ၏ဘေးတွင် အသေးလေးများရှိနေပြီး သူတို့ကလည်း ယုန်သားအစပ်ကျော်ကိုသဘောတွေ့နေကျကာ ၎င်းတို့၏ချစ်စဖွယ် နှာသီးလေးများချွေးပျံလာတဲ့အထိ ရှူးရှူးရှဲရှဲနှင့်စားနေကျသည်။ ပိုင်လီက ဒီကလေးလေးတွေက အစပ်အရမ်းကြိုက်လိမ့်မယ်လို့မထင်ထားခဲ့ဘူး။ သို့သော် ဗိုက်နာမည်စိုးရိမ်သောကြောင့် သူတို့လေးတွေ အသားအစပ်ကြော်စားနိုင်မည့်ပမာဏကို ပိုင်လီက သတ်မှတ်ပေးထားပြီး ထိုအသားအစပ်ကြော်များကုန်သွားပါက အစပ်မစားနိုင်တဲ့ ပိုင်အမေနဲ့ရှောင်ဟန်တို့လို အစပ်မပါသည့်အသားကြော်ကိုသာစားရမည်ဖြစ်သည်။

ကလေးများသည် ပျော်ရွှင်စွာစားနေကျပြီး လူကြီးများကအလုပ်အကြောင်းများပြောနေကျကာ ပိုင်အိမ်ရဲ့ချွေးမနှစ်ယောက်ကတော့ ဒီနေရာတွင်ရှိမနေပေ။ ဒါကိုပိုင်လီကသိသိသာသာကိုပဲ ဂရုမစိုက်ပါဘူး။ ပိုင်အမေက သူမချွေးမတွေကို မလာစေဘူးဆိုရင်တောင် အငတ်ထားမှာမဟုတ်မှာမှမဟုတ်တာလေ။

ပိုင်အဖေသည် စိတ်အေးလက်သာဖြစ်နေပြီး အသစ်တူးထားတဲ့ရေတွင်းကိုလှမ်းကြည့်ကာ...

"ရေကြည်ရဖို့ နည်းနည်းတော့စောင့်ရလိမ့်မယ်"

ပိုင်လီလည်းဒါကိုနားလည်သဖြင့် ခေါင်းငြိမ့်လိုက်သည်။ ထိုအချိန်တွင် ပိုင်ဝူက မေးလာ၏။

"ဒုတိယအကို မင်းနေ့ခင်းတုန်းကဘာလုပ်နေတာလဲ အဲဒါက အရုပ်လေးနဲ့တောင်တူသလိုပဲ"

ပိုင်ဝူက နေ့ခင်းထဲကပိုင်လီလုပ်နေသည်ကို အနည်းငယ်သတိထားကြည့်နေခဲ့ပြီး တဖြေးဖြေးအရုပ်လေးနှင့်တူလာမှန်း ထင်မြင်ခဲ့သော်လည်း ပိုင်လီမှာထိုအရုပ်အား အချောမသပ်ရသေးသဖြင့် ဘာအရုပ်လေးမှန်းတော့ မပြောနိုင်ခဲ့ပေ။ ပိုင်လီကတော့ ဟုတ်မှန်ကြောင်းဝန်ခံကာ..

"အဲတာကတကယ်အရုပ်လေးလေ မင်းတူလေးတွေအတွက် ရှေ့နောက်လှုပ်လို့ရတဲ့မြင်းရုပ်လေးတွေလုပ်ပေးမလို့"

ပိုင်အဖေကမူလတွင် ပိုင်လီက သစ်မာသားကိုရှာလာတော့ အိမ်အတွက်အသုံးဝင်တာတစ်ခုခုလုပ်တော့မည်ဟုထင်ခဲ့သော်လည်း သူ့သားတွေအတွက်အရုပ်လုပ်ပေးဖို့ဟုတော့ မထင်ထားခဲ့ပေ။ သို့သော် သူက သူ့မြေးလေးတွေအတွက်ဆိုတာနှင့်ပင် ဘာမှမပြောတော့ပဲ ပိုင်ဝူကလည်း အံအားသင့်သွားပုံဖြင့်...

"မြင်းရုပ်လေးလား! အကိုကမြင်းရုပ်တောင်လုပ်တတ်တယ်ပေါ့ ကျွန်တော်နေ့ခင်းထဲက အဲတာလေးကလှုပ်လို့ရမယ်မှန်းတော့ သတိထားမိခဲ့ပေမယ့် မြင်းရုပ်လေးလို့တော့မထင်ထားမိဘူး ဒီလိုကစားစရာမျိုးကိုတစ်ခါမမြင်ဖူးဘူးရော် အကိုဘယ်လိုများအကြံရသွားတာလဲ"

ပိုင်ဝူတွင် အမှန်တကယ်စူးစမ်းလိုသော အကျင့်လေးရှိတတ်သည်။ သူက နေ့ခင်းထဲက ပိုင်လီက ထူးဆန်းတာတစ်ခုခုလုပ်နေတာထင်ပြီး တစ်ချိန်လုံးကြည့်နေခဲ့တာဖြစ်၏။ ဒါပေမယ့် အဲတာက ကလေးကစားဖို့အတွက်လို့တော့မထင်ခဲ့ဘူးရယ်။ သူ့ဒုတိယအကိုက ရုပ်တည်ကြီးနဲ့လုပ်နေခဲ့တာဆိုတော့ အရုပ်ပုံတစ်ခုခုထုပြီး အိမ်မှာအလှထားဖို့ ဒါမှမဟုတ်လည်း ငွေအတွက်ရောင်းဖို့လို့ထင်နေခဲ့ရှာတာ။

အသေးလေးများသည် တောယုန်သားကြော်ကိုနှစ်ခြိုက်စွာစားနေကျပြီး သူတို့အတွက်ကစားစရာဟုကြားသောအခါ ပိုင်လီကိုအပြေးလွှားကြည့်လာကျကာ ရှောင်ဖူကအရင်မေးလာခဲ့သည်။

"မြင်းရုပ်လေးလား အဖေ အဲတာကမြင်းရုပ်လေးတွေလား"

ရှောင်ဝူမှလည်း...

"မြင်းရုပ်လေးက လှုပ်လို့ရတာလား ဘယ်မှာလဲ အဖေ အဲတာကဘယ်မှာလဲဟင်"

ပိုင်ရှောင်ဖူသည် သူ့ညီလေးကအနည်းငယ်တုံးအသည်ဟုထင်ခဲ့၏။ ထို့ကြောင့် သူကပိုင်လီအစား ပြန်ဖြေပေးလိုက်ရသည်။

"ရှောင်ဝူ မြင်းရုပ်လေးကအခုမှ အဖေကလုပ်တုန်းပဲရှိသေးတာတဲ့ အခုတော့မရှိသေးဘူး"

မြင်းရုပ်လေးများကအခုမရှိသေးဘူးဆိုတာနှင့် ပိုင်ရှောင်ဝူသည် စိတ်မဝင်စားတော့ပဲ အစားကိုပျော်ပျော်ကြီးဆက်စားနေတော့ပြီး ပိုင်ရှောင်ဖူကသာ ပိုင်လီနားကပ်နေကာ...

"အဖေ မြင်းရုပ်လေးတွေရလာရင် သားတို့ကိုပေးမှာလား"

ပိုင်လီက ရက်အနည်းငယ်သာရှိသေးသော်လည်း ဤလူသားသေးသေးလေးနှစ်ယောက်ထဲတွင် ရှောင်ဖူက ရှောင်ဝူထက် ပိုပြီးစဥ်းစားစားတွေးတတ်တာကို သတိထားမိပြီးသားပင်။ သူက သူထံကပ်ချင်၍ ဆီပေနေတဲ့လက်လေးတွေနဲ့ကို့ရိုးကားယားဖြစ်နေသော ကောလေးကို လက်များသုတ်ပေးလိုက်ပြီးနောက် ကောက်ချီကာရင်ခွင်ထဲထည့်ထားလိုက်ပြီး...

"ဟုတ်တယ် အဖေကမြင်းရုပ်လေးလုပ်ပြီးရင် မင်းတို့ကိုပေးမယ်"

ရှောင်ဖူသည် ထိုစကားကြားတော့ အလွန်ပျော်ရွှင်သွားပုံရပြီး နောက်လှည့်ကာ ပိုင်လီ၏လည်ပင်းများကို သိုင်းဖက်လာ၏။ ဒါကိုကြည့်နေတဲ့ တခြားလူတွေကတော့ သုံးနှစ်လွန်အပြီးမှာ ပိုင်လီက ရက်အနည်းငယ်လေးအတွင်း ကလေးတွေနဲ့ဒီလောက်မြန်မြန်ကြီး နီးကပ်သွားမည်ဟုမထင်ထားကျတာကြောင့် အံသြနေကျရသည်။ သူတို့က ဘယ်တုန်းက ဒီသားဖတွေ ဒီလောက်ပြေလည်သွားမှန်းတောင် မသိခဲ့ကျဘူး။

ပိုင်ဝူက ဒါကိုငေးကြည့်နေပြီးမှ...

"ဒုတိယအကို ကျွန်တော်မေးတာကိုမဖြေရသေးဘူးလေ"

ပိုင်လီကတော့ ပိုင်ဝူ ဘာကိုစပ်စုချင်နေမှန်းမသိလို သက်ပြင်းချလိုက်ပြီး ရုပ်တည်နှင့်လိမ်ညာပြန်၏။

"ငါလည်း တစ်ခါမှမမြင်ဖူးပါဘူး အိမ်ကကလေးတွေမှာ ကစားစရာသိပ်မရှိဘူးထင်လို့ တစ်ခုခုလုပ်ပေးမယ်လို့စဥ်းစားရင်း ဒီတိုင်းအကြံရသွားတာ ပြီးတော့ငါ့မြင်းရုပ်က အရမ်းသာမာန်ဆန်တယ် အရမ်းလှမှာမဟုတ်ဘူး"

ဒါကိုတော့ ပိုင်လီကညာတာမဟုတ်ပါဘူး။ သူရဲ့စူးစမ်းတတ်တဲ့အကျင့်ကြောင့်သာ ရိုးရှင်းတဲ့ပုံတွေလုပ်နိုင်တာဖြစ်ပြီး သူကပန်းပုပညာမှာမကျွမ်းကျင်သဖြင့် မြင်းမှန်းသိနိုင်ရုံတင်ဖြစ်နိုင်ကာ လက်ရာမြောက်နေမည်တော့မဟုတ်ပေ။

သို့သော် ပိုင်ဝူကမူ အလွန်စိတ်ဝင်စားနေပုံရသည်။

"အဲတာဆို ဒီလိုကစားစရာမျိုးကမရှိလောက်ဘူးပေါ့ ဒါဆို အကို​ဒီနေ့လုပ်နေတာကြည့်ရသလောက်တော့ အရမ်းခက်တာမျိုးလဲမဟုတ်လောက်ပါဘူး တကယ်လို့ အကိုရောင်းမယ်ဆို ကလေးတွေကသဘောကျလောက်မှာနော် အကိုငွေချောင်းတစ်ချောင်းလောက်နဲ့တောင်ရောင်းလို့ရလောက်တယ် "

အစက လူများသည် ပိုင်ဝူက သပ်သပ်စပ်စုနေတာဟုထင်ကျသော်လည်း ငွေအကြောင်းပါလညသည့်အခါဂရုစိုက်လာခဲ့ကျသည်။

ပိုင်မိန်က ဘာမှနားမလည်သဖြင့်...

"စတုတ္ထအကိုကလည်း အဲတာက တကယ်ရောရောင်းရပါ့မလား"

ကျန်သည့်လူများကလည်း ဒါကိုစိတ်ဝင်စားနေကျသည်။ ပိုင်လီက ဒီနေ့ အရုပ်လေးနှစ်ခုကိုလုပ်ခဲ့ပြီး ဒီနေ့မပြီးသေးပေမယ့် မနက်ဖြန်တော့သေချာပေါက်ပြီးမှာဖြစ်လို့ နှစ်ရက်လောက်ပဲလုပ်ထားရတဲ့အရုပ်လေးက ငွေတစ်ချောင်းရှာနိုင်ခဲ့ရင် အဲတာကတစ်ရက်ကိုကြေးပြားငါးရာရှာနိုင်သလိုပဲလေ။ တစ်နေ့လုပ်အားခ ကြေးပြားနှစ်ဆယ့်ငါးပြားပဲရှိတဲ့ရွာလေးတွင်တော့ ဒီပမာဏကအလွန် မက်မောဖို့ကောင်းနေပါသည်။

ပိုင်လီက မူလထဲက ဒါကိုမစဥ်းစားမိတာမဟုတ်ပေမယ့် ဒါက အရမ်းကိုအလုပ်ရှုပ်တဲ့လမ်းစဥ်ဖြစ်လို့ စိတ်မဝင်စားခဲ့တာပင်။ သို့သော်လည်း ပိုင်ဝူထုတ်ပြောလာသည့်အခါ အာရုံပြန်ပြောင်းသွားခဲ့၏။ သူက ဒီလမ်းကိုစိတ်မဝင်စားစေပေမယ့် ဒါကငွေရှာလို့လွယ်တဲ့လမ်းဖြစ်နေစဲပဲဆိုတော့ ဘာလို့တခြားလူတွေကိုမပေးရမှာလဲ။

ထို့ကြောင့် သူကခေါင်းငြိမ့်လိုက်ကာ...

"မရတာတော့မဟုတ်ပါဘူး ဒါကအသစ်ဆန်းကစားစရာလိုမျိုးဖြစ်နေမှာဆိုတော့ ဆိပ်ကမ်းမြို့လိုမြို့ကြီးတွေမှာသွားရောင်းရင် သူတို့ကလေးတွေအတွက် လူတွေကငွေအနည်းငယ်တော့ ဖြုန်းချင်ကျမှာပဲ ဒါပေမယ့် အခုမရှိသေးဘူးဆိုရင်တောင် ဒီအရုပ်လေးလုပ်နည်းကအရမ်းရိုးရှင်းတဲ့အတွက် ငါတို့ရောင်းလိုက်တာနဲ့ ပုံစံတူလုပ်ပြီးရောင်းတဲ့သူတွေရှိလာတော့မှာပဲလေ"

ထိုအခါ ပိုင်အိမ်ကယောင်္ကျားများနှင့် ပိုင်ဝူက စိတ်ပျက်သွားကျရသည်။ အစကတော့ သူတို့ကအလုပ်ဖြစ်ရင် ပိုင်လီကိုဝိုင်းကူလုပ်ပေးမလို့ပဲ။ ဒါပေမယ့် ဒါကကြာရှည်သွားလို့မရဘူးဆိုမှတော့ ဘာတက်နိုင်မှာလဲလေ။

ပိုင်လီကမူ စိတ်ပျက်သွားသည့်မိသားစုကိုကြည့်ပြီး နောက်ဆက်တွဲစကားများကို အမြန်ထပ်ပြောလိုက်၏။

"ဒါပေမယ့် ငါတို့က ပထမဆုံးရတဲ့အခွင့်ရေးကို အသုံးချလို့ရပါသေးတယ် ဘာပဲဖြစ်ဖြစ် ဒီသစ်သားရုပ်တွေလုပ်ဖို့အချိန်တော့လိုသေးတာပဲလေ အဲတာကြောင့်ငါတို့က စမရောင်းခင် အရုပ်တွေအများကြီးလုပ်ထားပြီး ပထမဆုံးအကြိမ်စရောင်းထဲက အင်အားအပြည့်နဲ့ရောင်းနိုင်ခဲ့ရင် ငွေအတော်လေးစုမိနိုင်တယ်"

ဒါကိုကြားတော့မှ လူများကပြန်တတ်ကြွလာကာ ပိုင်အမေက ပြောလာသည်။

"ဒီအကြံကောင်းတာပေါ့ အခုရိတ်သိမ်းချိန်ပြီးသွားတော့ မင်းအဖေနဲ့မင်းရဲ့ညီအကိုတွေလည်းအားနေကျတာ သူတို့မှာထင်းစုတဲ့အလုပ်ကလွဲပြီးရှိတော့တာမဟုတ်ဘူး မင်းကိုလာကူခိုင်းလိုက်မယ် ဆောင်းတွင်းမှာလုပ်ထားပြီး နွေဦးမှာရောင်းလိုက်ပေါ့ မကောင်းဘူးလား"

ပိုင်လီက ပိုင်အမေရဲ့အကြံကိုအပြည့်ဝလက်ခံခဲ့ကာ...

"အမေ့အစီစဥ်က လုံးဝအကောင်းဆုံးပဲ "

ပိုင်အဖေနှင့် ကျန်တဲ့ပိုင်ညီအကိုများကလည်း သဘောတူတာကြောင့် သစ်သားမြင်းရုပ်များလုပ်ရောင်းရန်မှာ အတည်ပြုသွားခဲ့ပြီး ပိုင်မိသားစု တလျောက်လုံးကို ပိုင်လီကိုကူလုပ်ဖို့သာ ပြောခဲ့ကျတာဖြစ်သည်။ သူတို့က သူတို့အတွက်အကျိုးမြတ်စကားကို လုံးဝမဟခဲ့ကျပါဘူး။

ပိုင်မိန်သည် သစ်သားရုပ်များ ဘယ်လောက်လုပ်ထားကျမလဲဟု ဝင်မေးခဲ့ရာ ကျန်လူများသည် ခန့်မှန်းကြည့်နေကျပြီး ပိုင်အမေက သစ်သားမြင်းရုပ်အား ကလေးများကိုမထိခိုက်စေရန်အထူးအချောသပ်ရမည်ဖြစ်ကြောင်းပြောနေကာ ပိုင်အဖေကတော့ အရောင်အတွက် အညိုရောင်သစ်စေးများသုတ်သင့်ကြောင်း ပြော၍နေ၏။ ပိုင်လီကမူ ၎င်းတို့ပြောသမျှကိုတိတ်တဆိတ်နားထောင်နေပြီး သူ့နှလုံးသားသည် အရက်ကြောင့်ရယ်လားတော့မသိ အလွန်နွေးထွေး၍နေသည်။

ဒါမှမဟုတ် သူ့ပုခုံးပေါ်က အသက်ရှူသံမှန်မှန်လေးကြောင့် ဖြစ်နိုင်ကာ ဒါမှမဟုတ်လည်း သူ့ဘေးနားက လူသားအသေးစားတစ်ယောက်က စားနေရင်းငိုက်နေလို့လည်းဖြစ်နိုင်ပါသည်။

ပိုင်လီက သူကိုင်ထားတဲ့အရက်ခွက်ကိုတိတ်တဆိတ်ငုံ့ကြည်လိုက်တော့ ထိုအရက်က အကြမ်းထည်ဆန်သော်လည်း အလွန်ကြည်လင်နေတာကို တွေ့ခဲ့ရ၏။

အေးမြတဲ့လရောင်အောက်က စားပွဲအိုထက်မှာ ကိုယ်တိုင်ချက်ပြုတ်ထားတဲ့အစားသောက်တွေရှိနေပြီး အရမ်းကိုသာမာန်ဆန်ပေမယ့် နွေးထွေးတဲ့မိသားစုရယ်၊ ချစ်ဖို့ကောင်းလွန်းတဲ့သားလေးနှစ်ယောက်ရယ် နှင့် စကားနည်းပြီး နာခံတတ်တဲ့ဇနီးတစ်ယောက်လည်း ရှိနေသေးသည်။

ပိုင်လီက ဒီဘဝမှာ ထပ်တောင်းဆိုစရာ ရှိလာလိမ့်မယ်လို့မထင်တော့ပါဘူး။ ဒါကအရမ်းကို ပြီးပြည့်စုံလွန်းလို့ အလွန်သက်တောင့်သက်သာ ဖြစ်နေရတယ်။

သူ ဒီဘဝကို အရမ်းသဘောကျတာပဲ။
.
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိမ်ညွှန့်😇
.................................................................
(AN/ ဒီနေ့အပိုင်းက ပျင်းဖို့ကောင်းတယ်လို့ ခံစားရလားဟင်။ 🤧

နောက်အပိုင်းရဲ့ခေါင်းစဥ်ခွဲလေးက
"မုဆိုးကြီးအိမ်သို့ ရောက်ရှိလာတဲ့ မဖိတ်ခေါ်သောဧည့်သည်များ" ပါတဲ့။)

###

အပိုင္း (၃၂) မုဆိုးႀကီး၏ႏြေးေထြးေသာမိသားစု -3

ညပိုင္းတြင္ ပိုင္အိမ္သားမ်ားသည္ ပိုင္လီကိုယ္တိုင္ေၾကာ္ထားတဲ့ ယုန္သားအစပ္ေၾကာ္ေလးႏွင့္ ေသရည္ေသာက္ေနက်ၿပီး ပင္ပန္းရသည့္တစ္ေန႕တာအတြက္ အနားယူေနက်၏။

ပိုင္လီ၏ေဘးတြင္ အေသးေလးမ်ားရွိေနၿပီး သူတို႔ကလည္း ယုန္သားအစပ္ေက်ာ္ကိုသေဘာေတြ႕ေနက်ကာ ၎တို႔၏ခ်စ္စဖြယ္ ႏွာသီးေလးမ်ားေခြၽးပ်ံလာတဲ့အထိ ရႉးရႉးရွဲရွဲႏွင့္စားေနက်သည္။ ပိုင္လီက ဒီကေလးေလးေတြက အစပ္အရမ္းႀကိဳက္လိမ့္မယ္လို႔မထင္ထားခဲ့ဘူး။ သို႔ေသာ္ ဗိုက္နာမည္စိုးရိမ္ေသာေၾကာင့္ သူတို႔ေလးေတြ အသားအစပ္ေၾကာ္စားနိုင္မည့္ပမာဏကို ပိုင္လီက သတ္မွတ္ေပးထားၿပီး ထိုအသားအစပ္ေၾကာ္မ်ားကုန္သြားပါက အစပ္မစားနိုင္တဲ့ ပိုင္အေမနဲ႕ေရွာင္ဟန္တို႔လို အစပ္မပါသည့္အသားေၾကာ္ကိုသာစားရမည္ျဖစ္သည္။

ကေလးမ်ားသည္ ေပ်ာ္႐ႊင္စြာစားေနက်ၿပီး လူႀကီးမ်ားကအလုပ္အေၾကာင္းမ်ားေျပာေနက်ကာ ပိုင္အိမ္ရဲ႕ေခြၽးမႏွစ္ေယာက္ကေတာ့ ဒီေနရာတြင္ရွိမေနေပ။ ဒါကိုပိုင္လီကသိသိသာသာကိုပဲ ဂ႐ုမစိုက္ပါဘူး။ ပိုင္အေမက သူမေခြၽးမေတြကို မလာေစဘူးဆိုရင္ေတာင္ အငတ္ထားမွာမဟုတ္မွာမွမဟုတ္တာေလ။

ပိုင္အေဖသည္ စိတ္ေအးလက္သာျဖစ္ေနၿပီး အသစ္တူးထားတဲ့ေရတြင္းကိုလွမ္းၾကည့္ကာ...

"ေရၾကည္ရဖို႔ နည္းနည္းေတာ့ေစာင့္ရလိမ့္မယ္"

ပိုင္လီလည္းဒါကိုနားလည္သျဖင့္ ေခါင္းၿငိမ့္လိုက္သည္။ ထိုအခ်ိန္တြင္ ပိုင္ဝူက ေမးလာ၏။

"ဒုတိယအကို မင္းေန႕ခင္းတုန္းကဘာလုပ္ေနတာလဲ အဲဒါက အ႐ုပ္ေလးနဲ႕ေတာင္တူသလိုပဲ"

ပိုင္ဝူက ေန႕ခင္းထဲကပိုင္လီလုပ္ေနသည္ကို အနည္းငယ္သတိထားၾကည့္ေနခဲ့ၿပီး တေျဖးေျဖးအ႐ုပ္ေလးႏွင့္တူလာမွန္း ထင္ျမင္ခဲ့ေသာ္လည္း ပိုင္လီမွာထိုအ႐ုပ္အား အေခ်ာမသပ္ရေသးသျဖင့္ ဘာအ႐ုပ္ေလးမွန္းေတာ့ မေျပာနိုင္ခဲ့ေပ။ ပိုင္လီကေတာ့ ဟုတ္မွန္ေၾကာင္းဝန္ခံကာ..

"အဲတာကတကယ္အ႐ုပ္ေလးေလ မင္းတူေလးေတြအတြက္ ေရွ႕ေနာက္လႈပ္လို႔ရတဲ့ျမင္း႐ုပ္ေလးေတြလုပ္ေပးမလို႔"

ပိုင္အေဖကမူလတြင္ ပိုင္လီက သစ္မာသားကိုရွာလာေတာ့ အိမ္အတြက္အသုံးဝင္တာတစ္ခုခုလုပ္ေတာ့မည္ဟုထင္ခဲ့ေသာ္လည္း သူ႕သားေတြအတြက္အ႐ုပ္လုပ္ေပးဖို႔ဟုေတာ့ မထင္ထားခဲ့ေပ။ သို႔ေသာ္ သူက သူ႕ေျမးေလးေတြအတြက္ဆိုတာႏွင့္ပင္ ဘာမွမေျပာေတာ့ပဲ ပိုင္ဝူကလည္း အံအားသင့္သြားပုံျဖင့္...

"ျမင္း႐ုပ္ေလးလား! အကိုကျမင္း႐ုပ္ေတာင္လုပ္တတ္တယ္ေပါ့ ကြၽန္ေတာ္ေန႕ခင္းထဲက အဲတာေလးကလႈပ္လို႔ရမယ္မွန္းေတာ့ သတိထားမိခဲ့ေပမယ့္ ျမင္း႐ုပ္ေလးလို႔ေတာ့မထင္ထားမိဘူး ဒီလိုကစားစရာမ်ိဳးကိုတစ္ခါမျမင္ဖူးဘူးေရာ္ အကိုဘယ္လိုမ်ားအႀကံရသြားတာလဲ"

ပိုင္ဝူတြင္ အမွန္တကယ္စူးစမ္းလိုေသာ အက်င့္ေလးရွိတတ္သည္။ သူက ေန႕ခင္းထဲက ပိုင္လီက ထူးဆန္းတာတစ္ခုခုလုပ္ေနတာထင္ၿပီး တစ္ခ်ိန္လုံးၾကည့္ေနခဲ့တာျဖစ္၏။ ဒါေပမယ့္ အဲတာက ကေလးကစားဖို႔အတြက္လို႔ေတာ့မထင္ခဲ့ဘူးရယ္။ သူ႕ဒုတိယအကိုက ႐ုပ္တည္ႀကီးနဲ႕လုပ္ေနခဲ့တာဆိုေတာ့ အ႐ုပ္ပုံတစ္ခုခုထုၿပီး အိမ္မွာအလွထားဖို႔ ဒါမွမဟုတ္လည္း ေငြအတြက္ေရာင္းဖို႔လို႔ထင္ေနခဲ့ရွာတာ။

အေသးေလးမ်ားသည္ ေတာယုန္သားေၾကာ္ကိုႏွစ္ၿခိဳက္စြာစားေနက်ၿပီး သူတို႔အတြက္ကစားစရာဟုၾကားေသာအခါ ပိုင္လီကိုအေျပးလႊားၾကည့္လာက်ကာ ေရွာင္ဖူကအရင္ေမးလာခဲ့သည္။

"ျမင္း႐ုပ္ေလးလား အေဖ အဲတာကျမင္း႐ုပ္ေလးေတြလား"

ေရွာင္ဝူမွလည္း...

"ျမင္း႐ုပ္ေလးက လႈပ္လို႔ရတာလား ဘယ္မွာလဲ အေဖ အဲတာကဘယ္မွာလဲဟင္"

ပိုင္ေရွာင္ဖူသည္ သူ႕ညီေလးကအနည္းငယ္တုံးအသည္ဟုထင္ခဲ့၏။ ထို႔ေၾကာင့္ သူကပိုင္လီအစား ျပန္ေျဖေပးလိုက္ရသည္။

"ေရွာင္ဝူ ျမင္း႐ုပ္ေလးကအခုမွ အေဖကလုပ္တုန္းပဲရွိေသးတာတဲ့ အခုေတာ့မရွိေသးဘူး"

ျမင္း႐ုပ္ေလးမ်ားကအခုမရွိေသးဘူးဆိုတာႏွင့္ ပိုင္ေရွာင္ဝူသည္ စိတ္မဝင္စားေတာ့ပဲ အစားကိုေပ်ာ္ေပ်ာ္ႀကီးဆက္စားေနေတာ့ၿပီး ပိုင္ေရွာင္ဖူကသာ ပိုင္လီနားကပ္ေနကာ...

"အေဖ ျမင္း႐ုပ္ေလးေတြရလာရင္ သားတို႔ကိုေပးမွာလား"

ပိုင္လီက ရက္အနည္းငယ္သာရွိေသးေသာ္လည္း ဤလူသားေသးေသးေလးႏွစ္ေယာက္ထဲတြင္ ေရွာင္ဖူက ေရွာင္ဝူထက္ ပိုၿပီးစဥ္းစားစားေတြးတတ္တာကို သတိထားမိၿပီးသားပင္။ သူက သူထံကပ္ခ်င္၍ ဆီေပေနတဲ့လက္ေလးေတြနဲ႕ကို႔ရိုးကားယားျဖစ္ေနေသာ ေကာေလးကို လက္မ်ားသုတ္ေပးလိုက္ၿပီးေနာက္ ေကာက္ခ်ီကာရင္ခြင္ထဲထည့္ထားလိုက္ၿပီး...

"ဟုတ္တယ္ အေဖကျမင္း႐ုပ္ေလးလုပ္ၿပီးရင္ မင္းတို႔ကိုေပးမယ္"

ေရွာင္ဖူသည္ ထိုစကားၾကားေတာ့ အလြန္ေပ်ာ္႐ႊင္သြားပုံရၿပီး ေနာက္လွည့္ကာ ပိုင္လီ၏လည္ပင္းမ်ားကို သိုင္းဖက္လာ၏။ ဒါကိုၾကည့္ေနတဲ့ တျခားလူေတြကေတာ့ သုံးႏွစ္လြန္အၿပီးမွာ ပိုင္လီက ရက္အနည္းငယ္ေလးအတြင္း ကေလးေတြနဲ႕ဒီေလာက္ျမန္ျမန္ႀကီး နီးကပ္သြားမည္ဟုမထင္ထားက်တာေၾကာင့္ အံၾသေနက်ရသည္။ သူတို႔က ဘယ္တုန္းက ဒီသားဖေတြ ဒီေလာက္ေျပလည္သြားမွန္းေတာင္ မသိခဲ့က်ဘဴး။

ပိုင္ဝူက ဒါကိုေငးၾကည့္ေနၿပီးမွ...

"ဒုတိယအကို ကြၽန္ေတာ္ေမးတာကိုမေျဖရေသးဘူးေလ"

ပိုင္လီကေတာ့ ပိုင္ဝူ ဘာကိုစပ္စုခ်င္ေနမွန္းမသိလို သက္ျပင္းခ်လိဳက္ၿပီး ႐ုပ္တည္ႏွင့္လိမ္ညာျပန္၏။

"ငါလည္း တစ္ခါမွမျမင္ဖူးပါဘူး အိမ္ကကေလးေတြမွာ ကစားစရာသိပ္မရွိဘူးထင္လို႔ တစ္ခုခုလုပ္ေပးမယ္လို႔စဥ္းစားရင္း ဒီတိုင္းအႀကံရသြားတာ ၿပီးေတာ့ငါ့ျမင္း႐ုပ္က အရမ္းသာမာန္ဆန္တယ္ အရမ္းလွမွာမဟုတ္ဘူး"

ဒါကိုေတာ့ ပိုင္လီကညာတာမဟုတ္ပါဘူး။ သူရဲ႕စူးစမ္းတတ္တဲ့အက်င့္ေၾကာင့္သာ ရိုးရွင္းတဲ့ပုံေတြလုပ္နိုင္တာျဖစ္ၿပီး သူကပန္းပုပညာမွာမကြၽမ္းက်င္သျဖင့္ ျမင္းမွန္းသိနိုင္႐ုံတင္ျဖစ္နိုင္ကာ လက္ရာေျမာက္ေနမည္ေတာ့မဟုတ္ေပ။

သို႔ေသာ္ ပိုင္ဝူကမူ အလြန္စိတ္ဝင္စားေနပုံရသည္။

"အဲတာဆို ဒီလိုကစားစရာမ်ိဳးကမရွိေလာက္ဘူးေပါ့ ဒါဆို အကိုဒီေန႕လုပ္ေနတာၾကည့္ရသေလာက္ေတာ့ အရမ္းခက္တာမ်ိဳးလဲမဟုတ္ေလာက္ပါဘူး တကယ္လို႔ အကိုေရာင္းမယ္ဆို ကေလးေတြကသေဘာက်ေလာက္မွာေနာ္ အကိုေငြေခ်ာင္းတစ္ေခ်ာင္းေလာက္နဲ႕ေတာင္ေရာင္းလို႔ရေလာက္တယ္ "

အစက လူမ်ားသည္ ပိုင္ဝူက သပ္သပ္စပ္စုေနတာဟုထင္က်ေသာ္လည္း ေငြအေၾကာင္းပါလညသည့္အခါဂ႐ုစိုက္လာခဲ့က်သည္။

ပိုင္မိန္က ဘာမွနားမလည္သျဖင့္...

"စတုတၳအကိုကလည္း အဲတာက တကယ္ေရာေရာင္းရပါ့မလား"

က်န္သည့္လူမ်ားကလည္း ဒါကိုစိတ္ဝင္စားေနက်သည္။ ပိုင္လီက ဒီေန႕ အ႐ုပ္ေလးႏွစ္ခုကိုလုပ္ခဲ့ၿပီး ဒီေန႕မၿပီးေသးေပမယ့္ မနက္ျဖန္ေတာ့ေသခ်ာေပါက္ၿပီးမွာျဖစ္လို႔ ႏွစ္ရက္ေလာက္ပဲလုပ္ထားရတဲ့အ႐ုပ္ေလးက ေငြတစ္ေခ်ာင္းရွာနိုင္ခဲ့ရင္ အဲတာကတစ္ရက္ကိုေၾကးျပားငါးရာရွာနိုင္သလိုပဲေလ။ တစ္ေန႕လုပ္အားခ ေၾကးျပားႏွစ္ဆယ့္ငါးျပားပဲရွိတဲ့႐ြာေလးတြင္ေတာ့ ဒီပမာဏကအလြန္ မက္ေမာဖို႔ေကာင္းေနပါသည္။

ပိုင္လီက မူလထဲက ဒါကိုမစဥ္းစားမိတာမဟုတ္ေပမယ့္ ဒါက အရမ္းကိုအလုပ္ရႈပ္တဲ့လမ္းစဥ္ျဖစ္လို႔ စိတ္မဝင္စားခဲ့တာပင္။ သို႔ေသာ္လည္း ပိုင္ဝူထုတ္ေျပာလာသည့္အခါ အာ႐ုံျပန္ေျပာင္းသြားခဲ့၏။ သူက ဒီလမ္းကိုစိတ္မဝင္စားေစေပမယ့္ ဒါကေငြရွာလို႔လြယ္တဲ့လမ္းျဖစ္ေနစဲပဲဆိုေတာ့ ဘာလို႔တျခားလူေတြကိုမေပးရမွာလဲ။

ထို႔ေၾကာင့္ သူကေခါင္းၿငိမ့္လိုက္ကာ...

"မရတာေတာ့မဟုတ္ပါဘူး ဒါကအသစ္ဆန္းကစားစရာလိုမ်ိဳးျဖစ္ေနမွာဆိုေတာ့ ဆိပ္ကမ္းၿမိဳ႕လိုၿမိဳ႕ႀကီးေတြမွာသြားေရာင္းရင္ သူတို႔ကေလးေတြအတြက္ လူေတြကေငြအနည္းငယ္ေတာ့ ျဖဳန္းခ်င္က်မွာပဲ ဒါေပမယ့္ အခုမရွိေသးဘူးဆိုရင္ေတာင္ ဒီအ႐ုပ္ေလးလုပ္နည္းကအရမ္းရိုးရွင္းတဲ့အတြက္ ငါတို႔ေရာင္းလိုက္တာနဲ႕ ပုံစံတူလုပ္ၿပီးေရာင္းတဲ့သူေတြရွိလာေတာ့မွာပဲေလ"

ထိုအခါ ပိုင္အိမ္ကေယာကၤ်ားမ်ားႏွင့္ ပိုင္ဝူက စိတ္ပ်က္သြားက်ရသည္။ အစကေတာ့ သူတို႔ကအလုပ္ျဖစ္ရင္ ပိုင္လီကိုဝိုင္းကူလုပ္ေပးမလို႔ပဲ။ ဒါေပမယ့္ ဒါကၾကာရွည္သြားလို႔မရဘူးဆိုမွေတာ့ ဘာတက္နိုင္မွာလဲေလ။

ပိုင္လီကမူ စိတ္ပ်က္သြားသည့္မိသားစုကိုၾကည့္ၿပီး ေနာက္ဆက္တြဲစကားမ်ားကို အျမန္ထပ္ေျပာလိုက္၏။

"ဒါေပမယ့္ ငါတို႔က ပထမဆုံးရတဲ့အခြင့္ေရးကို အသုံးခ်လိဳ႕ရပါေသးတယ္ ဘာပဲျဖစ္ျဖစ္ ဒီသစ္သား႐ုပ္ေတြလုပ္ဖို႔အခ်ိန္ေတာ့လိုေသးတာပဲေလ အဲတာေၾကာင့္ငါတို႔က စမေရာင္းခင္ အ႐ုပ္ေတြအမ်ားႀကီးလုပ္ထားၿပီး ပထမဆုံးအႀကိမ္စေရာင္းထဲက အင္အားအျပည့္နဲ႕ေရာင္းနိုင္ခဲ့ရင္ ေငြအေတာ္ေလးစုမိနိုင္တယ္"

ဒါကိုၾကားေတာ့မွ လူမ်ားကျပန္တတ္ႂကြလာကာ ပိုင္အေမက ေျပာလာသည္။

"ဒီအႀကံေကာင္းတာေပါ့ အခုရိတ္သိမ္းခ်ိန္ၿပီးသြားေတာ့ မင္းအေဖနဲ႕မင္းရဲ႕ညီအကိုေတြလည္းအားေနက်တာ သူတို႔မွာထင္းစုတဲ့အလုပ္ကလြဲၿပီးရွိေတာ့တာမဟုတ္ဘူး မင္းကိုလာကူခိုင္းလိုက္မယ္ ေဆာင္းတြင္းမွာလုပ္ထားၿပီး ႏြေဦးမွာေရာင္းလိုက္ေပါ့ မေကာင္းဘူးလား"

ပိုင္လီက ပိုင္အေမရဲ႕အႀကံကိုအျပည့္ဝလက္ခံခဲ့ကာ...

"အေမ့အစီစဥ္က လုံးဝအေကာင္းဆုံးပဲ "

ပိုင္အေဖႏွင့္ က်န္တဲ့ပိုင္ညီအကိုမ်ားကလည္း သေဘာတူတာေၾကာင့္ သစ္သားျမင္း႐ုပ္မ်ားလုပ္ေရာင္းရန္မွာ အတည္ျပဳသြားခဲ့ၿပီး ပိုင္မိသားစု တေလ်ာက္လုံးကို ပိုင္လီကိုကူလုပ္ဖို႔သာ ေျပာခဲ့က်တာျဖစ္သည္။ သူတို႔က သူတို႔အတြက္အက်ိဳးျမတ္စကားကို လုံးဝမဟခဲ့က်ပါဘူး။

ပိုင္မိန္သည္ သစ္သား႐ုပ္မ်ား ဘယ္ေလာက္လုပ္ထားက်မလဲဟု ဝင္ေမးခဲ့ရာ က်န္လူမ်ားသည္ ခန့္မွန္းၾကည့္ေနက်ၿပီး ပိုင္အေမက သစ္သားျမင္း႐ုပ္အား ကေလးမ်ားကိုမထိခိုက္ေစရန္အထူးအေခ်ာသပ္ရမည္ျဖစ္ေၾကာင္းေျပာေနကာ ပိုင္အေဖကေတာ့ အေရာင္အတြက္ အညိုေရာင္သစ္ေစးမ်ားသုတ္သင့္ေၾကာင္း ေျပာ၍ေန၏။ ပိုင္လီကမူ ၎တို႔ေျပာသမွ်ကိုတိတ္တဆိတ္နားေထာင္ေနၿပီး သူ႕ႏွလုံးသားသည္ အရက္ေၾကာင့္ရယ္လားေတာ့မသိ အလြန္ႏြေးေထြး၍ေနသည္။

ဒါမွမဟုတ္ သူ႕ပုခုံးေပၚက အသက္ရႉသံမွန္မွန္ေလးေၾကာင့္ ျဖစ္နိုင္ကာ ဒါမွမဟုတ္လည္း သူ႕ေဘးနားက လူသားအေသးစားတစ္ေယာက္က စားေနရင္းငိုက္ေနလို႔လည္းျဖစ္နိုင္ပါသည္။

ပိုင္လီက သူကိုင္ထားတဲ့အရက္ခြက္ကိုတိတ္တဆိတ္ငုံ႕ၾကည္လိုက္ေတာ့ ထိုအရက္က အၾကမ္းထည္ဆန္ေသာ္လည္း အလြန္ၾကည္လင္ေနတာကို ေတြ႕ခဲ့ရ၏။

ေအးျမတဲ့လေရာင္ေအာက္က စားပြဲအိုထက္မွာ ကိုယ္တိုင္ခ်က္ျပဳတ္ထားတဲ့အစားေသာက္ေတြရွိေနၿပီး အရမ္းကိုသာမာန္ဆန္ေပမယ့္ ႏြေးေထြးတဲ့မိသားစုရယ္၊ ခ်စ္ဖို႔ေကာင္းလြန္းတဲ့သားေလးႏွစ္ေယာက္ရယ္ ႏွင့္ စကားနည္းၿပီး နာခံတတ္တဲ့ဇနီးတစ္ေယာက္လည္း ရွိေနေသးသည္။

ပိုင္လီက ဒီဘဝမွာ ထပ္ေတာင္းဆိုစရာ ရွိလာလိမ့္မယ္လို႔မထင္ေတာ့ပါဘူး။ ဒါကအရမ္းကို ၿပီးျပည့္စုံလြန္းလို႔ အလြန္သက္ေတာင့္သက္သာ ျဖစ္ေနရတယ္။

သူ ဒီဘဝကို အရမ္းသေဘာက်တာပဲ။
.
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိမ္ၫႊန့္😇
.................................................................
(AN/ ဒီေန႕အပိုင္းက ပ်င္းဖို႔ေကာင္းတယ္လို႔ ခံစားရလားဟင္။

ေနာက္အပိုင္းရဲ႕ခေါင်းစဥ္ခြဲေလးက
"မုဆိုးႀကီးအိမ္သို႔ ေရာက္ရွိလာတဲ့ မဖိတ္ေခၚေသာဧည့္သည္မ်ား" ပါတဲ့။)























Continue Reading

You'll Also Like

685K 39.8K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
279K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
6.3K 460 20
Cake နဲ့ Seeiwရဲ့ storyလေးကို ဘာသာပြန်ချင်လို့ပါ။ လိုအပ်ချက်တွေရှိရင်တော့နားလည်ပေးနော်။