အပိုင်း (၃၀) မုဆိုးကြီး၏နွေးထွေးသောမိသားစု
ပိုင်အမေသည် ဘာမှမပြောတော့သော်လည်း သူမအလွန်စိတ်မချမ်းမသာဖြစ်နေရသည်။ အဲတာက ငွေချောင်းထောင်ကျော်လေ ငွေချောင်းတစ်ထောင်ကျော်မှ။
လူများသည် ပိုင်အမေတိတ်ဆိတ်သွားသောအခါ စကားဝိုင်းကိုပြန်လည်စတင်ခဲ့ပြီး ပိုင်အဖေက မူလတွင် ပိုင်အမေအား ပြီးသွားပြီဆိုမှတော့ ထားလိုက်တော့ဟုပြောချင်ခဲ့သော်လည်း သူပြောလိုက်မှပိုဆိုးသွားမှာကြောက်၍ စကားလမ်းကြောင်းသာလွဲရင်း...
"ဒုတိယ ရေတွင်းတူးဖို့က ငွေသုံးချောင်းလောက်ဆိုရပါတယ် ဒါပေမယ့် မင်းက နံရံတံတိုင်းကာချင်တာလား"
တကယ်တမ်း နန်ချောင်းရွာလေးတွင် ပိုင်အိမ်၊ကျန်းအိမ်နှင့်ရှောင်အိမ်တို့လို အနည်းငယ်ပြေလည်သောမိသားစုများကသာ အုတ်ဖိုးတတ်နိုင်၍နံရံတံတိုင်းကာနိုင်ကျတာဖြစ်သည်။ တော်တော်များများကတော့ ဒါကိုမတတ်နိုင်ကျပါဘူး။ သူတို့တွေက ခြံစည်းရိုးအတွက်တစ်ခုခုလုပ်တာ ဒါမှမဟုတ် ဘာမှမလုပ်ပဲ ပိုင်လီတို့လိုအလွတ်ထားတဲ့လူတွေလည်း များတာပါပဲ။
ပိုင်လီက ခေါင်းငြိမ့်ရင်း...
"ဟုတ်တယ်အဖေ ကုန်မှာအရမ်းများလို့လား"
"ငွေဆယ်ချောင်းကျော်လောက်တော့ကုန်မှာပေါ့ မင်းမှာတစ်ရာကျော်ရှိသေးရင် လုံလောက်ပါတယ်"
ပိုင်အဖေစကားကြောင့် ပိုင်လီကစိတ်သက်သာရာရသွားခဲ့သည်။ ရေတွင်းတူးဖို့နဲ့ခြံခက်ဖို့က အရမ်းမကုန်တာ တော်သေးတာပေါ့။
ပိုင်အိမ်တုန်းက ငွေခုနှစ်ချောင်းလောက်သာကုန်ခဲ့သော်လည်း ပိုင်လီ၏အိမ်ဝန်းသည် ပိုင်အိမ်ထက်ပင်ပို၍ကျယ်တာဖြစ်၏။ ဒီအကြောင်းပြောရရင် ဒီတိုင်းပြည်ရဲ့ဧကရာဇ်က သူတို့လိုကျေးလက်က ပြည်သူပြည်သားတွေရဲ့ နေထိုင်ရာအိမ်ရာအကျယ်အဝန်းတွက် စည်းကမ်းတင်းကျပ်ထားခြင်းမရှိသလောက်ပင်။ လယ်မြေတွေဝယ်ချင်ပါကမူ အတိုင်းတာအတိကျနှင့် ငွေပေးချေရမည်ဖြစ်သော်လည်း ဤသို့ရွာများ၏နေထိုင်ရာအတွက်မူ လယ်မြေများထက် ငွေအပုံကြီးပိုနည်းသည့်အပြင် ထိုအချိန်က ပိုင်လီတို့အိမ်အတွက် လာတိုင်းပေးသည့်လူမှာ မူလပိုင်လီ၏ သောက်ဖော်သောက်ဖက်တစ်ယောက်ဖြစ်နေကာ အရမ်းပိုပိုသာသာပိုတိုင်းပေးသွားခဲ့သဖြင့် ပိုင်လီတို့အိမ်အကျယ်ဝန်းက အတော်လေးကိုကျယ်နေတာဖြစ်သည်။
မူလပိုင်လီက ဒါကို ဂုဏ်ယူမဆုံးအမြဲကြွားလေ့လည်းရှိပါတယ်။ ရွာထဲကလူတွေကတော့ စိတ်ထဲနှာခေါင်းရှုံ့ကျတာပေါ့လေ။ အိမ်ဝန်းကျယ်တာက လယ်မြေလိုစိုက်ပျိုးလို့ရတာမှမဟုတ်တာပဲ။
ပိုင်လီက ထိုအကြောင်းများတွေးကာခေါင်းငြိမ့်လိုက်၏။ ငွေဆယ်ချောင်းကျော်တာက အဆင်ပြေပါတယ်။
ထို့ကြောင့် သူက ပိုင်အဖေအား...
"ဒါဆိုလည်း အဖေ အိမ်ကလူတွေခေါ်ပြီး မနက်ဖြန်ကျွန်တော့်ကိုလာကူပေးလေ ရိတ်သိမ်းတာလည်းပြီးသွားပြီမလား"
ပိုင်အဖေက ပိုင်လီမေးကာမှ သူ့အိမ်ကလယ်တွေကိုသတိရသွားပြီး ရွာမှာကျန်ခဲ့သည့် ပိုင်စန်းနှင့်ပိုင်ဝူကိုကြည့်လိုက်တော့ ပိုင်စန်းက...
"ရိတ်သိမ်းတာက ပြီးသွားပါပြီ "
ပိုင်အဖေက ထိုတော့မှစိတ်အေးသွားပြီး...
"ဒါဆိုရင်ရပြီ မနက်ဖြန်ငါတို့လာခဲ့မယ် "
အဲဒီနောင် ပိုင်လီက အကြီးကဲကျန်းကိုကြည့်လိုက်ပြီး...
"ဦးလေးကျန်း အကိုထင်နဲ့ညီအကိုတွေကိုလည်း လွှတ်ပေးဦးနော် ပြီးတော့ ကျွန်တော့်ကိုရွာထဲကလူနည်းနည်းလောက်ခေါ်ပေးဖို့လည်း ဦးလေးကျန်းကိုဒုက္ခပေးရဦးမှာပဲ"
ကျန်းရန်က ရေနွေကြမ်းသောက်နေတာဖြစ်ပြီး ထိုစကားကြားတော့ လက်ဝေ့ယမ်းကာဖြင့်...
"မင်းဘာတွေပြောနေတာလဲ ဒါကပြောစရာကိုမလိုဘူး"
သူ့ရွာကလူတွေ သူ့ကိုယုံကြည်အားကိုးသ၍ ကျန်းရန်ကစိတ်ပျော်နေမှာပါပဲ။
ထို့နောက် ပိုင်လီက ရုံမိသားစုဘက်အားလည်းလှည့်ကာ...
"ဦးလေးရုံတို့လည်း လာကူလှည့်ပါဦး ဒါပေမယ့် ကျွန်တော့်ကောက နေကောင်းကာစမလို့ ထမင်းတော့မကျွေးတော့ဘူးနော် အဲဒီအစား ကြေးပြားသုံးဆယ်ပေးပါ့မယ်"
ရွာ၏တစ်နေ့စာလုပ်အားခသည် ကြေးပြားနှစ်ဆယ့်ငါးပြားနှင့် ထမင်းတစ်နပ်ပင်။ ထမင်းမကျွေးတာက ပုံမှန်မဟုတ်သော်လည်း ထမင်းတနပ်အတွက် ကြေးငါားပြားပိုရခဲ့ပါလျှင်မကြိုက်မည့်သူမရှိပေ။ အထူးသဖြင့်ဒီလိုမျိုး ရိတ်သိမ်းချိန်တွေအပြီး အလုပ်မရှိတော့တဲ့နေ့တွေမှာဆိုရင်ပေါ့။
လယ်သမားအိမ်က ထမင်းတနပ်သည် ကြေးငါးပြားမတန်ပေ။ တချို့မပြေလည်လွန်းတဲ့အိမ်တွေဆိုရင် ဆန်ပြုတ်အရေကျဲတောင်ကျွေးကျတာရှိသဖြင့် ကြေးငါးပြားပေးသည်က အလွန်ရက်ရောမှုပါပင်။
ပိုင်အမေက ဒါကိုနားလည်နေတော့ သူမသားတော့ ငွေဖြုန်းပြန်ပြီဟုတွေးကာ ရှောင်ဟန်နေမကောင်းလည်း သူမချက်ပေးနိုင်တယ်ဟုပြောဖို့ပြင်သော်လည်း ပိုင်လီကတိတ်တဆိတ်ခေါင်းရမ်းပြလာသဖြင့် သူမကငြိမ်သက်သွားခဲ့ရသည်။ စဥ်းစားကြည့်မှ ပိုင်လီကဒါကို ရုံမိသားစုကိုကျေးဇူးတင်တဲ့အနေနဲ့ဖော်ပြတာလည်းဖြစ်နိုင်တာပဲလေ။
အကြီးကဲကျန်းကလည်း ဒါကိုနားလည်သွားပြီး ပိုင်လီပေးချင်တဲ့အရိပ်မွတ်ကိုသိရှိသွားခဲ့၏။ ပိုင်လီကသူ့ကိုလူအနည်းငယ်ခေါ်ပေးဖို့ပြောခဲ့ပြီးနောက် ရုံမိသားစုကိုဖိတ်ခဲ့တာကိုကြည့်လျှင် ဤအခွင့်ရေးအား သူတို့နှင့်ရုံးတော်ကိုလိုက်ပါခဲ့သည့်လူများကိုပေးချင်ပုံရသည်။ အကြီးကျန်းက ပိုင်လီပြောသည့်လူအနည်းငယ်မှာ ရုံးတော်ကိုလိုက်ခဲ့သည့် ရွာသားများဖြစ်ကြောင်း နားလည်ဖို့သိပ်မကြာလိုက်ပေ။
ရုံမိသားစုကလည်းအတော်လေးပျော်ရွှင်သွားကျသည်။ သူတို့က နှစ်တိုင်းအရမ်းအေးတဲ့နေ့တွေမှာ တစ်နေ့ကိုတစ်နပ်သာစားနိုင်ခဲ့ပြီး ဆာလောင်ခြင်းနဲ့ဖြတ်သန်းခဲ့ကပေမယ့် ဒီနှစ်တွင် အနည်းငယ်ပြေလာမည့်ပုံပင်။ ဘာလို့လည်းဆိုတော့ ပိုင်အိမ်ကလည်း ရိတ်သိမ်းဖို့အတွက်သူတို့ကိုငှားခဲ့ပြီး ရိတ်သိမ်းချိန်တွေပြီးသွားလို့ ရွာမှာဝင်ငွေရစရာမရှိတော့ဘူးအထင်နဲ့ မြို့ကိုအလုပ်သွားမရှာင်ခင်မှာပင် ပိုင်လီကလည်း သူတို့ကိုငှားရမ်းလာခဲ့သည်။
တစ်ရက်ကိုကြေးပြားသုံးဆယ်ရလျှင် ပိုင်လီကရုံအိမ်ကသုံးယောက်လုံးကို ခေါ်သည်ဖြစ်၍ တစ်ရက်ထဲလုပ်ရလျှင်တောင် ကြေးပြားကိုးဆယ်ရလိမ့်မည်။ ဆန်တစ်ကျင်ကို ဆယ့်ငါးပြားရှိတဲ့အတွက် သူတို့က အရမ်းအေးတဲ့နေ့တွေအတွက် ဆန်ခြောက်ကျင်လောက်ပိုစုနိုင်ပါလိမ့်မယ်။
ထို့နောက် ရုံမိသားစုနှင့် ကျန်းမိသားစုသည် မနက်ဖြန်အတွက် စကားအနည်းငယ်ထပ်ပြောခဲ့ကျပြီးနောက် ပြန်သွားခဲ့ကျပြီး ပိုင်လီ၏အိမ်တွင် ပိုင်မိသားစုသာ ကျန်ရှိခဲ့တော့သည်။
ပိုင်စန်းနှင့်ပိုင်ဝူသည် အပြင်တွေရှိနေတုန်းမမေးချင်သဖြင့် အောင့်အီးထားခဲ့ရပြီး အပြင်လူများမရှိတော့သော် ပိုင်စန်းကမနေနိုင်စွာနှင့်မေးလာ၏။
"ဒုတိယကို မင်းဆိပ်ကမ်းမြို့က ဝယ်လာတဲ့ပစ္စည်းတွေက ဘာတွေလဲ အဲတာကဘယ်နေရာမှာသုံးတဲ့လက်နက်တွေလဲ"
ပိုင်စန်းက လက်သမားပစ္စည်းတွေကိုပြောနေမှန်း ပိုင်လီကသဘောပေါက်သွားသဖြင့်...
"သြော် အဲဒါကလက်သမားပစ္စည်းတွေလေ "
ပိုင်မိသားစုဝင်များမှာ ပိုင်လီ၏အလွန်အေးဆေးသောစကားအားကြားလိုက်ရသော်လည်း သူ့ကဲ့သို့မအေးဆေးနိုင်ကျပဲ ပိုင်ဝူက..
"အကိုက လက်သမားပစ္စည်းတွေဘာလို့ဒီလောက်အများကြီးဝယ်လာရတာလဲ ပြန်ရောင်းဖို့လား"
"ဘယ်ကသာ ငါကအရင်က မြို့မှာသစ်သားပရိဘောဂတွေလုပ်တတ်တဲ့မိတ်ဆွေတစ်ယောက်ရှိဖူးတယ် သူ့ဆီသွားလည်ရင်းနည်းနည်းလေ့လာဖူးလို့ ရိုးရှင်းတာလေးတွေလုပ်တတ်တယ်လေ အဲတာကြောင့် ငါ့မှာငွေရှိတုန်းဝယ်လာလိုက်တာ သစ်သားထည်တွေကစျေးကြီးတယ်လေ ကိုယ့်ဘာသာကိုယ်လုပ်ရင်ကောင်းတာပေါ့"
ပိုင်လီက ထိုသို့မျက်တောင်တစ်ချက်မခက်ပဲလိမ်လည်လိုက်သဖြင့် ပိုင်ဝူပါးစပ်ကအကျယ်ကြီးပွင့်ဟသွားခဲ့လေသည်။ ကျန်လူများမှာလည်း အံသြနေကျလျက် ပိုင်လီအားဝိုင်းကြည့်နေကျပြီး အလွန်စိတ်ထွေးနေကျ၏။
သူတို့က တလျောက်လုံးပိုင်လီမြို့ကိုသွားပြီး သောက်စား၊ပျော်ပါးနေတယ်လို့ပဲထင်ခဲ့တာပေမယ့် ဒီလိုတွေရှိခဲ့မယ်လို့ အိမ်မက်တောင်မမက်ခဲ့ဖူးဘူးလေ။ ဒီကောင်စုတိက ဒါတွေကိုလုံးဝမပြောခဲ့ပဲ သူကလူအများအမြင်မှာ အမှိုက်ကောင်လိုသာနေနေခဲ့တယ်။
ပိုင်အမေသည် အလွန်အမယုံကြည်လျက်...
"မင်း...မင်း တကယ်ပြောနေတာလား"
ပိုင်လီကအနည်းစိတ်ရှုပ်ထွေးယောင်ဆောင်လိုက်ပြီးမှ...
"ကျွန်တော်ကဘာလို့အမေ့ကိုလိမ်ရမှာလဲ မဟုတ်ရင် ကျွန်တော်ကဘာလို့ဒီပစ္စည်းတွေ ဝယ်လာမှာတဲ့လဲဗျာ အမေတို့မယုံကြည်သေးရင် ခဏပဲစောင့်လိုက်ပါ အိမ်အတွက်စားပွဲတစ်လုံးအရင်လုပ်ပေးမယ် အိမ်ကစားပွဲကတော်တော်လေးကိုမြင်မကောင်းတော့တာ ကျွန်တော်သတိထားမိတယ်"
ပိုင်လီညွှန်းဆိုသောအိမ်သည် ပိုင်အိမ်ဖြစ်ပြီး ပိုင်အိမ်၏စားပွဲခြေထောက်သည်ကျိုးနေကာ ဘေးမှသစ်သားတစ်ချောင်းနှင့်ရုပ်ဆိုးစွာဆက်ထားရတာပင်။ လူတိုင်းသည် မယုံနိုင်ဖြစ်ကာအံသြနေကျသော်လည်း ပိုင်လီပြောသလိုသာ စောင့်ကြည့်ရန်ဖို့ပဲတတ်နိုင်ကျတော့မည်။
ပိုင်လီက ပိုင်အိမ်ကလူတွေမပြန်ခင် တစ်ခုခုသတိရသွားပြီး ရှောင်ဟန်ကိုလှမ်းကြည့်လိုက်ကာ...
"ရှောင်ဟန် အမေ့အတွက်ဝယ်လာတဲ့ပစ္စည်းရော"
ပိုင်အမေက သူမအတွက်ဟုကြားသောအခါ အနည်းငယ်အံသြသွားပြီး...
"ငါ့အတွက် ဘာဝယ်လာလို့လဲ"
ရှောင်ဟန်ကလည်း ထိုတော့မှ ပိုင်အမေကိုမပေးရသေးတာသတိရသွားပြီး...
"ရှိ ရှိပါတယ် ကျွန်တော်ယူလာခဲ့မယ်"
ရှောင်ဟန်က ပိုင်အမေအတွက်ဝယ်လာသည့် ငွေထည်ဘီးကို သူ့ဆံထိုးနဲ့အတူသေချာဂရုတစိုက်သိမ်းထားတာဖြစ်၍ ဘီးယူဖို့ခဏကြာခဲ့ပြီး ပိုင်လီထံသွားပေးလိုက်၏။ သူက ပိုင်လီကိုကျော်ပြီး ပိုင်အမေကိုသွားမပေးရဲဘူး။
"ဒီမှာပါ"
ပိုင်လီက ပိုးပုဝါနဲ့ထုတ်ထားတဲ့ပစ္စည်းလေးကိုလှမ်းယူကာ ရှောင်ဟန်ကိုမသိမသာနဲ့တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင်မပြောပဲလည်းမနေနိုင်ခဲ့ပေ။
မင်းက ပိုင်အမေကိုကိုယ်တိုင်သွားပေးလိုက်ရင် ယောက္ခမအချစ်ခံရမှာစိုးလို့လား။
သို့သော် သူကအပြင်တွင်ဘာမှမပြောခဲ့ပဲ ပစ္စည်းလေးကိုပိုင်အမေရှေ့ချပေးလိုက်ပြီး...
"ဒါကို အမေ့အတွက်ကျွန်တော်ကိုယ်တိုင်ရွေးလာခဲ့တာ အမေကြိုက်ပါ့မလားတော့မသိဘူး"
ပိုင်အမေသည် ဘာမှန်းမသိသေးသော်လည်း သူမသားကိုယ်တိုင်ရွေးလာသည်ဆိုသည်နှင့်ပင် ပျော်ရွှင်နေပြီဖြစ်တာကြောင့် ပြုံးကာပိုးပုဝါလေးကိုဖြေကြည့်လိုက်တော့ လှပခန့်ထည်သော ငွေထည်ဘီးလေးကိုတွေ့လိုက်ရတော့၏။ ဘီးသည် အထပ်ထပ်ပွင့်လန်းနေသောပန်းများစွာ၏ပုံဖြစ်ကာ ထူထဲသောကြောင့် အလွန်လှပကာအလွန်ခန်ံ့ထည်လေသည်။
ဒီလိုပုံမျိုးက အမျိုးသမီးကြီးတွေနဲ့လိုက်ဖက်သလို အမျိုးသမီးငယ်လေးတွေနဲ့လည်း လိုက်ဖက်တဲ့ပုံစံမျိုးပါ။ ပြောရရင် အသက်ရွယ်မရွေးကြိုက်နှစ်သက်ကျတဲ့ပုံစံမျိုးပေါ့။ ပိုင်အမေကဘီးလေးကိုအလွန်သဘောကျသော်လည်း သူမကပိုးပဝါဖြင့်ပြန်ထုတ်လိုက်ပြီး...
"အမေက ဒါကို ဘယ်လိုလုပ်လက်ခံရမှာလဲ မင်းရဲ့အိမ်မှာ ကောသုံးယောက်တောင်ရှိနေတာ သူတို့အတွက်ပဲထားလိုက်ပါကွယ် အမေကမင်းတို့မိသားစုအဆင်ပြေတာမြင်ရင်ပဲစိတ်ချမ်းသာပါတယ်"
ပိုင်လီကတော့ လက်မခံပေ သူက ဘီးလေးကိုကိုယ်တိုင်ယူကာ ပိုအမေရဲ့ဆံထုံးမှာစိုက်ပေးလိုက်ပြီး...
"ကျွန်တော်သူတို့အတွက်လည်း ဝယ်ပေးခဲ့ပါတယ် ရှောင်ဟန် မင်းရဲ့ဆံထိုးကို အမေတို့ကြည့်လို့ရအောင် ယူလာပြလိုက်လေ ရှောင်ဖူနဲ့ရှောင်ဝူလည်းဒီကိုလာပြီး မင်းတို့ဖွားဖွားကိုလက်ကောက်လေးတွေ ကြည့်ခိုင်းလိုက်ကျဦး"
ရှောင်ဟန်က ပိုင်လီပြောသမျှနာခံတတ်ကာ သူကဆံထိုးယူဖို့ အိမ်ထဲပြန်ဝင်လေသည်။ အဲဒီနောက် ရှောင်ဖူနဲ့ရှောင်ဝူလေးကလည်းပြေးလာပေမယ့် ပိုင်မိန်ကအရင်ဦးသွားပြီး...
"မဟုတ်ဘူး အမေကသမီးရဲ့နားဆွဲလေးကိုအရင်ကြည့်ပေးရမယ် အမေ ကြည့်ပါဦး ဒုတိယအကိုကသမီးအတွက်ရွေးပေးတာ လှတယ်မလားဟင်"
ပိုင်အမေက ပိုင်လီတို့ဆိပ်ကမ်းမြို့ကပြန်ရောက်ထဲက သူတို့တွေဝတ်ထားတာမြင်ပေမယ့် ထိုအချိန်ကရှုပ်ထွေးနေတာဖြစ်လို့ အနီးကပ်မကြည့်ခဲ့ရပေ။ ထို့ကြောင့် သူမက ပိုင်မိန်ရဲ့နားဆွဲလေးကိုအနီးကပ်ကြည့်လိုက်ပြီး...
"တကယ်ကိုလှတာပဲ ဒီငွေထည်ကဖြူပြီးအရမ်းလှတယ် မသိရင်ပုလဲနားဆွဲလေးလိုပဲ ငါတို့ရှောင်မိန်လေးနဲ့အရမ်းကိုလိုက်ဖက်လွန်းတယ်"
မျက်ရည်စက်ပုံစံအသီးလေးများသည် တကယ်ကိုပုလဲနှင့်တူတာဖြစ်ပြီး သွယ်လှတဲ့မျက်နှာကျရှိကာ ပိုင်မိန်၏ရည်ရည်မွန်မွန်ရှိတဲ့ရုပ်ရည်လေးအတွက်မူ တကယ်ကိုလိုက်ဖက်လွန်းတာဖြစ်သည်။ ပိုင်မိန်ကတော့ ထိုချီးကျူးစကားကြောင့်အလွန်ပျော်ရွှင်သွားပြီး ပိုင်အမေကိုဖက်ဖို့လုပ်လိုက်ပေမယ့် အသေးလေးများကကြားဝင်လာပြီး ထိုင်နေသည့်ပိုင်အမေအပေါ်တွယ်တတ်ဖို့ကြိုးစားနေကျကာ...
"ဖွားဖွား သားမှာလည်းလက်ကောက်တစ်ခုရှိတယ် အဖေကရွေးပေးတာ"
"သားမှာရောပဲ သားမှာရောပဲ သားမှာနှစ်ခုရှိတာ အကို မင်းမှာလည်းနှစ်ခုရှိတာလေ"
ရှောင်ဝူလေးက သူ့အကိုရှောင်ဖူက တစ်ခုထဲထင်နေသည်ထင်၍ ထောက်ပြသော်လည်း ရှောင်ဖူကမူငြင်းဆန်လာပြီး...
"မဟုတ်ဘူး ဖေဖေကပြောတယ် လက်ကောက်တွေကနှစ်ခုဆိုရင် တစ်စုံလို့ခေါ်တာတဲ့ "
သူက ခုနက လက်ကောက်တစ်စုံလို့ပြောချင်တာဖြစ်ပေမယ့် အလျှင်လိုပြီး တစ်ခုလို့ပြောမိသွားခဲ့တာဖြစ်တယ်။ ဒါကိုတော့ဝန်ခံမှာမဟုတ်ပါဘူး။ အဲဒီအစား ရှောင်ဝူလေးက နားလည်သွားပုံရပြီး သူ့အဖွားကိုသာ လက်ကောက်တွေကြွားနေတော့တယ်။
မော့ဟွာက သူမမြေးလေးတွေကြည့်တိုင်း စိတ်ချမ်းသာရပြီး ခုလိုပျော်ရွှင်တတ်ကြွနေတာမြင်ရတော့ ပိုင်လီငွေသုံးတာကိုအပြစ်မမြင်မိတော့ဘူး။ သူတို့လေးတွေပျော်နေသ၍ ငွေသုံးတာကဘာမှမဟုတ်ပါဘူးလို့တောင် သူမထင်မိလာတော့တယ်။ ဒီအသေးလေးက ဒီလောက်ထိကိုချစ်ဖို့ကောင်းပါတယ်။
လက်ကောက်လေးများသည်လည်း အလွန်လှတာဖြစ်၏။ ကလေးဝတ်လေးတွေပေမယ့် ပန်းနွယ်လေးလိုပုံဖော်ထားပြီး ပန်းပွင့်လေးတွေနဲ့သစ်ရွက်လေးတွေကို လှပစွာပုံဖော်ထားကာ လက်ရာကလည်းသေသပ်သဖြင့် သေချာကြည့်လေပိုပိုလှလာလေဟု ခံစားရစေလိမ့်မည်ဖြစ်သည်။
ပိုင်အမေက သူမမြေးများ၏လက်ကောက်လေးများကို သဘောတကျကြည့်နေတုန်း ရှောင်ဟန်ကိုင်လာတဲ့ဆံထိုးကိုမြင်တော့...
"ရှောင်ဟန်ရဲ့ဆံထိုးလေးကလည်း အရမ်းလှလွန်းနေတာပဲ ငါကအဲဒီနေ့က ရှောင်ဟန်ထိုးထားတာမြင်ထဲက ဒီဆံထိုးကတော်တော်လေးလှတယ်လို့ ခံစားမိခဲ့တာ ဒါလည်းဒုတိယရွေးပေးတာလား"
ရှောင်ဟန်က ချက်ခြင်းထိုနေ့က ပိုင်လီလူမြင်ကွင်းမှာ သူ့ကိုဆံထိုးဘယ်လိုထိုးပေးခဲ့တယ်ဆိုတာ ပြန်မြင်ယောင်မိသွားပြီး မျက်နှာကနီရဲသွားခဲ့ရသည်။ ပိုင်လီကတော့ ဒါကိုသတိထားမိပေမယ့် မမြင်ချင်ယောင်ဆောင်ကာ ရေနွေးဆက်သောက်နေလေ၏။ ငါကမင်းကို ဆံထိုးလေးထိုးပေးခဲ့ရုံပါ။ လူမြင်ကွင်းမှာမဟုတ်တာလုပ်ခဲ့တာလည်းမဟုတ်ပဲနဲ့ မင်းကဘာလို့များဒီလောက်ရှက်နေရတာလဲ။
ပိုင်အမေက ဒါကိုသတိမထားမိပဲ ဆံထိုးကိုသာကျေနပ်စွာကြည့်နေပြီး...
"ဒီလောက်လှတဲ့ဆံထိုးကို ဘာလို့ဝတ်မထားပဲ သိမ်းထားရတာလဲ "
သူတို့ရွာတွင် လက်ဝတ်ရတနာများကို လုယက်မည့်သူတစ်ယောက်မှမရှိနိုင်ပေ။ ဒါကြောင့် မိမိတွင်ရှိပါက စိတ်ချစွာဝတ်ထားလို့ရနိုင်ပြီး ထိုသို့ဝတ်ထားခြင်းအားဖြင့် ဤပစ္စည်းကမိမိပစ္စည်းဆိုသည်အား ကြေငြာထားပြီးသားရကာ မတော်တဆကျနေခဲ့ပါကမူ ရွာသားများကပိုင်ရှင်ကိုပြန်ပေးနိုင်မည်ဖြစ်သည်။ တကယ်တော့် နနချောင်းရွာမှာရှောင်အိမ်ကလွဲရင် ရိုးသားတဲ့လူတော်တော်များပါတယ်။
ပိုင်မိန်က ထိုတော့မှ ဖြစ်ခဲ့သည့်ကိစ္စအားသတိရသွားကာ ဒေါသတကြီးလေးနှင့်...
"အဲတာက ဘာလို့ရမှာလဲ အဲဒီအရှက်မရှိတဲ့ရှောင်အိမ်ကလူတွေကြောင့်ပေါ့ သူတို့ကဒုတိယယောင်းမဆီက ဒီဆံထိုးကိုအတင်းငှားသွားချင်နေတာလေ ေဒါ်လေးကျန်းသာရောက်မလာရင် သူတို့ဆံထိုးကိုအတင်းယူသွားကျတော့မှာ သူတို့အိမ်က မိန်းမနဲ့ကောတွေကတောင်အရှက်မရှိဘူး!"
ထိုတော့မှ ပိုင်လီကလည်း ဖြစ်ခဲ့တာကို သိရှိသွားခဲ့၏။ သို့သော် သူကဘာမှမကြားသလိုလက်ဖက်ရည်ကြမ်းကိုသာ ဆက်သောက်နေခဲ့သည်။
ပိုင်မိန်ကတော့ ပိုင်အမေကြည့်ပြီးသွားတာနဲ့ ဆံထိုးကိုယူကာ ရှောင်ဟန်ဆံထုံးမှာသွားထိုးပေးလိုက်ရင်း...
"ဒုတိယယောင်းမ အမေပြောတာမှန်တယ် ဒီလောက်လှတဲ့ဆံထိုးကို ဝတ်ထားသင့်တယ် အခုဒုတိယအကိုကလည်းပြန်ရောက်နေပြီ လဲ့ရှီနဲ့ရှောင်အိမ်ကလူတွေကလည်း ရုံးတော်မှာအပြစ်ပေးခံလိုက်ရပြီဆိုတော့ သူတို့တွေ ထပ်ပြီးနှောက်ယှက်ရဲမှာမဟုတ်တော့ဘူး ရဲရဲကြီးသာဝတ်ထားလိုက်တော့"
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😚
.................................................................
(AN/ အပိုင်း၃၀ပါချစ်တို့ရေ။ ထိပ်စီးပြောင်းပြန်ပါပြီ။ )
###
အပိုင္း (၃၀) မုဆိုးႀကီး၏ႏြေးေထြးေသာမိသားစု
ပိုင္အေမသည္ ဘာမွမေျပာေတာ့ေသာ္လည္း သူမအလြန္စိတ္မခ်မ္းမသာျဖစ္ေနရသည္။ အဲတာက ေငြေခ်ာင္းေထာင္ေက်ာ္ေလ ေငြေခ်ာင္းတစ္ေထာင္ေက်ာ္မွ။
လူမ်ားသည္ ပိုင္အေမတိတ္ဆိတ္သြားေသာအခါ စကားဝိုင္းကိုျပန္လည္စတင္ခဲ့ၿပီး ပိုင္အေဖက မူလတြင္ ပိုင္အေမအား ၿပီးသြားၿပီဆိုမွေတာ့ ထားလိုက္ေတာ့ဟုေျပာခ်င္ခဲ့ေသာ္လည္း သူေျပာလိုက္မွပိုဆိုးသြားမွာေၾကာက္၍ စကားလမ္းေၾကာင္းသာလြဲရင္း...
"ဒုတိယ ေရတြင္းတူးဖို႔က ေငြသုံးေခ်ာင္းေလာက္ဆိုရပါတယ္ ဒါေပမယ့္ မင္းက နံရံတံတိုင္းကာခ်င္တာလား"
တကယ္တမ္း နန္ေခ်ာင္း႐ြာေလးတြင္ ပိုင္အိမ္၊က်န္းအိမ္ႏွင့္ေရွာင္အိမ္တို႔လို အနည္းငယ္ေျပလည္ေသာမိသားစုမ်ားကသာ အုတ္ဖိုးတတ္နိုင္၍နံရံတံတိုင္းကာနိုင္က်တာျဖစ္သည္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒါကိုမတတ္နိုင္က်ပါဘူး။ သူတို႔ေတြက ၿခံစည္းရိုးအတြက္တစ္ခုခုလုပ္တာ ဒါမွမဟုတ္ ဘာမွမလုပ္ပဲ ပိုင္လီတို႔လိုအလြတ္ထားတဲ့လူေတြလည္း မ်ားတာပါပဲ။
ပိုင္လီက ေခါင္းၿငိမ့္ရင္း...
"ဟုတ္တယ္အေဖ ကုန္မွာအရမ္းမ်ားလို႔လား"
"ေငြဆယ္ေခ်ာင္းေက်ာ္ေလာက္ေတာ့ကုန္မွာေပါ့ မင္းမွာတစ္ရာေက်ာ္ရွိေသးရင္ လုံေလာက္ပါတယ္"
ပိုင္အေဖစကားေၾကာင့္ ပိုင္လီကစိတ္သက္သာရာရသြားခဲ့သည္။ ေရတြင္းတူးဖို႔နဲ႕ၿခံခက္ဖို႔က အရမ္းမကုန္တာ ေတာ္ေသးတာေပါ့။
ပိုင္အိမ္တုန္းက ေငြခုႏွစ္ေခ်ာင္းေလာက္သာကုန္ခဲ့ေသာ္လည္း ပိုင္လီ၏အိမ္ဝန္းသည္ ပိုင္အိမ္ထက္ပင္ပို၍က်ယ္တာျဖစ္၏။ ဒီအေၾကာင္းေျပာရရင္ ဒီတိုင္းျပည္ရဲ႕ဧကရာဇ္က သူတို႔လိုေက်းလက္က ျပည္သူျပည္သားေတြရဲ႕ ေနထိုင္ရာအိမ္ရာအက်ယ္အဝန္းတြက္ စည္းကမ္းတင္းက်ပ္ထားျခင္းမရွိသေလာက္ပင္။ လယ္ေျမေတြဝယ္ခ်င္ပါကမူ အတိုင္းတာအတိက်ႏွင့္ ေငြေပးေခ်ရမည္ျဖစ္ေသာ္လည္း ဤသို႔႐ြာမ်ား၏ေနထိုင္ရာအတြက္မူ လယ္ေျမမ်ားထက္ ေငြအပုံႀကီးပိုနည္းသည့္အျပင္ ထိုအခ်ိန္က ပိုင္လီတို႔အိမ္အတြက္ လာတိုင္းေပးသည့္လူမွာ မူလပိုင္လီ၏ ေသာက္ေဖာ္ေသာက္ဖက္တစ္ေယာက္ျဖစ္ေနကာ အရမ္းပိုပိုသာသာပိုတိုင္းေပးသြားခဲ့သျဖင့္ ပိုင္လီတို႔အိမ္အက်ယ္ဝန္းက အေတာ္ေလးကိုက်ယ္ေနတာျဖစ္သည္။
မူလပိုင္လီက ဒါကို ဂုဏ္ယူမဆုံးအၿမဲႂကြားေလ့လည္းရွိပါတယ္။ ႐ြာထဲကလူေတြကေတာ့ စိတ္ထဲႏွာေခါင္းရႈံ႕က်တာေပါ့ေလ။ အိမ္ဝန္းက်ယ္တာက လယ္ေျမလိုစိုက္ပ်ိဳးလို႔ရတာမွမဟုတ္တာပဲ။
ပိုင္လီက ထိုအေၾကာင္းမ်ားေတြးကာေခါင္းၿငိမ့္လိုက္၏။ ေငြဆယ္ေခ်ာင္းေက်ာ္တာက အဆင္ေျပပါတယ္။
ထို႔ေၾကာင့္ သူက ပိုင္အေဖအား...
"ဒါဆိုလည္း အေဖ အိမ္ကလူေတြေခၚၿပီး မနက္ျဖန္ကြၽန္ေတာ့္ကိုလာကူေပးေလ ရိတ္သိမ္းတာလည္းၿပီးသြားၿပီမလား"
ပိုင္အေဖက ပိုင္လီေမးကာမွ သူ႕အိမ္ကလယ္ေတြကိုသတိရသြားၿပီး ႐ြာမွာက်န္ခဲ့သည့္ ပိုင္စန္းႏွင့္ပိုင္ဝူကိုၾကည့္လိုက္ေတာ့ ပိုင္စန္းက...
"ရိတ္သိမ္းတာက ၿပီးသြားပါၿပီ "
ပိုင္အေဖက ထိုေတာ့မွစိတ္ေအးသြားၿပီး...
"ဒါဆိုရင္ရၿပီ မနက္ျဖန္ငါတို႔လာခဲ့မယ္ "
အဲဒီေနာင္ ပိုင္လီက အႀကီးကဲက်န္းကိုၾကည့္လိုက္ၿပီး...
"ဦးေလးက်န္း အကိုထင္နဲ႕ညီအကိုေတြကိုလည္း လႊတ္ေပးဦးေနာ္ ၿပီးေတာ့ ကြၽန္ေတာ့္ကို႐ြာထဲကလူနည္းနည္းေလာက္ေခၚေပးဖို႔လည္း ဦးေလးက်န္းကိုဒုကၡေပးရဦးမွာပဲ"
က်န္းရန္က ေရႏြေၾကမ္းေသာက္ေနတာျဖစ္ၿပီး ထိုစကားၾကားေတာ့ လက္ေဝ့ယမ္းကာျဖင့္...
"မင္းဘာေတြေျပာေနတာလဲ ဒါကေျပာစရာကိုမလိုဘူး"
သူ႕႐ြာကလူေတြ သူ႕ကိုယုံၾကည္အားကိုးသ၍ က်န္းရန္ကစိတ္ေပ်ာ္ေနမွာပါပဲ။
ထို႔ေနာက္ ပိုင္လီက ႐ုံမိသားစုဘက္အားလည္းလွည့္ကာ...
"ဦးေလး႐ုံတို႔လည္း လာကူလွည့္ပါဦး ဒါေပမယ့္ ကြၽန္ေတာ့္ေကာက ေနေကာင္းကာစမလို႔ ထမင္းေတာ့မေကြၽးေတာ့ဘူးေနာ္ အဲဒီအစား ေၾကးျပားသုံးဆယ္ေပးပါ့မယ္"
႐ြာ၏တစ္ေန႕စာလုပ္အားခသည္ ေၾကးျပားႏွစ္ဆယ့္ငါးျပားႏွင့္ ထမင္းတစ္နပ္ပင္။ ထမင္းမေကြၽးတာက ပုံမွန္မဟုတ္ေသာ္လည္း ထမင္းတနပ္အတြက္ ကြေးငါားပြားပိုရခဲ့ပါလျှင်မကြိုက်မည့်သူမရှိပေ။ အထူးသျဖင့္ဒီလိုမ်ိဳး ရိတ္သိမ္းခ်ိန္ေတြအၿပီး အလုပ္မရွိေတာ့တဲ့ေန႕ေတြမွာဆိုရင္ေပါ့။
လယ္သမားအိမ္က ထမင္းတနပ္သည္ ေၾကးငါးျပားမတန္ေပ။ တခ်ိဳ႕မေျပလည္လြန္းတဲ့အိမ္ေတြဆိုရင္ ဆန္ျပဳတ္အေရက်ဲေတာင္ေကြၽးက်တာရွိသျဖင့္ ေၾကးငါးျပားေပးသည္က အလြန္ရက္ေရာမႈပါပင္။
ပိုင္အေမက ဒါကိုနားလည္ေနေတာ့ သူမသားေတာ့ ေငြျဖဳန္းျပန္ၿပီဟုေတြးကာ ေရွာင္ဟန္ေနမေကာင္းလည္း သူမခ်က္ေပးနိုင္တယ္ဟုေျပာဖို႔ျပင္ေသာ္လည္း ပိုင္လီကတိတ္တဆိတ္ေခါင္းရမ္းျပလာသျဖင့္ သူမကၿငိမ္သက္သြားခဲ့ရသည္။ စဥ္းစားၾကည့္မွ ပိုင္လီကဒါကို ႐ုံမိသားစုကိုေက်းဇူးတင္တဲ့အေနနဲ႕ေဖာ္ျပတာလည္းျဖစ္နိုင္တာပဲေလ။
အႀကီးကဲက်န္းကလည္း ဒါကိုနားလည္သြားၿပီး ပိုင္လီေပးခ်င္တဲ့အရိပ္မြတ္ကိုသိရွိသြားခဲ့၏။ ပိုင္လီကသူ႕ကိုလူအနည္းငယ္ေခၚေပးဖို႔ေျပာခဲ့ၿပီးေနာက္ ႐ုံမိသားစုကိုဖိတ္ခဲ့တာကိုၾကည့္လွ်င္ ဤအခြင့္ေရးအား သူတို႔ႏွင့္႐ုံးေတာ္ကိုလိုက္ပါခဲ့သည့္လူမ်ားကိုေပးခ်င္ပုံရသည္။ အႀကီးက်န္းက ပိုင္လီေျပာသည့္လူအနည္းငယ္မွာ ႐ုံးေတာ္ကိုလိုက္ခဲ့သည့္ ႐ြာသားမ်ားျဖစ္ေၾကာင္း နားလည္ဖို႔သိပ္မၾကာလိုက္ေပ။
႐ုံမိသားစုကလည္းအေတာ္ေလးေပ်ာ္႐ႊင္သြားက်သည္။ သူတို႔က ႏွစ္တိုင္းအရမ္းေအးတဲ့ေန႕ေတြမွာ တစ္ေန႕ကိုတစ္နပ္သာစားနိုင္ခဲ့ၿပီး ဆာေလာင္ျခင္းနဲ႕ျဖတ္သန္းခဲ့ကေပမယ့္ ဒီႏွစ္တြင္ အနည္းငယ္ေျပလာမည့္ပုံပင္။ ဘာလို႔လည္းဆိုေတာ့ ပိုင္အိမ္ကလည္း ရိတ္သိမ္းဖို႔အတြက္သူတို႔ကိုငွားခဲ့ၿပီး ရိတ္သိမ္းခ်ိန္ေတြၿပီးသြားလို႔ ႐ြာမွာဝင္ေငြရစရာမရွိေတာ့ဘူးအထင္နဲ႕ ၿမိဳ႕ကိုအလုပ္သြားမရွာင္ခင္မွာပင္ ပိုင္လီကလည္း သူတို႔ကိုငွားရမ္းလာခဲ့သည္။
တစ္ရက္ကိုေၾကးျပားသုံးဆယ္ရလွ်င္ ပိုင္လီက႐ုံအိမ္ကသုံးေယာက္လုံးကို ေခၚသည္ျဖစ္၍ တစ္ရက္ထဲလုပ္ရလွ်င္ေတာင္ ေၾကးျပားကိုးဆယ္ရလိမ့္မည္။ ဆန္တစ္က်င္ကို ဆယ့္ငါးျပားရွိတဲ့အတြက္ သူတို႔က အရမ္းေအးတဲ့ေန႕ေတြအတြက္ ဆန္ေျခာက္က်င္ေလာက္ပိုစုနိုင္ပါလိမ့္မယ္။
ထို႔ေနာက္ ႐ုံမိသားစုႏွင့္ က်န္းမိသားစုသည္ မနက္ျဖန္အတြက္ စကားအနည္းငယ္ထပ္ေျပာခဲ့က်ၿပီးေနာက္ ျပန္သြားခဲ့က်ၿပီး ပိုင္လီ၏အိမ္တြင္ ပိုင္မိသားစုသာ က်န္ရွိခဲ့ေတာ့သည္။
ပိုင္စန္းႏွင့္ပိုင္ဝူသည္ အျပင္ေတြရွိေနတုန္းမေမးခ်င္သျဖင့္ ေအာင့္အီးထားခဲ့ရၿပီး အျပင္လူမ်ားမရွိေတာ့ေသာ္ ပိုင္စန္းကမေနနိုင္စြာႏွင့္ေမးလာ၏။
"ဒုတိယကို မင္းဆိပ္ကမ္းၿမိဳ႕က ဝယ္လာတဲ့ပစၥည္းေတြက ဘာေတြလဲ အဲတာကဘယ္ေနရာမွာသုံးတဲ့လက္နက္ေတြလဲ"
ပိုင္စန္းက လက္သမားပစၥည္းေတြကိုေျပာေနမွန္း ပိုင္လီကသေဘာေပါက္သြားသျဖင့္...
"ေၾသာ္ အဲဒါကလက္သမားပစၥည္းေတြေလ "
ပိုင္မိသားစုဝင္မ်ားမွာ ပိုင္လီ၏အလြန္ေအးေဆးေသာစကားအားၾကားလိုက္ရေသာ္လည္း သူ႕ကဲ့သို႔မေအးေဆးနိုင္က်ပဲ ပိုင္ဝူက..
"အကိုက လက္သမားပစၥည္းေတြဘာလို႔ဒီေလာက္အမ်ားႀကီးဝယ္လာရတာလဲ ျပန္ေရာင္းဖို႔လား"
"ဘယ္ကသာ ငါကအရင္က ၿမိဳ႕မွာသစ္သားပရိေဘာဂေတြလုပ္တတ္တဲ့မိတ္ေဆြတစ္ေယာက္ရွိဖူးတယ္ သူ႕ဆီသြားလည္ရင္းနည္းနည္းေလ့လာဖူးလို႔ ရိုးရွင္းတာေလးေတြလုပ္တတ္တယ္ေလ အဲတာေၾကာင့္ ငါ့မွာေငြရွိတုန္းဝယ္လာလိုက္တာ သစ္သားထည္ေတြကေစ်းႀကီးတယ္ေလ ကိုယ့္ဘာသာကိုယ္လုပ္ရင္ေကာင္းတာေပါ့"
ပိုင္လီက ထိုသို႔မ်က္ေတာင္တစ္ခ်က္မခက္ပဲလိမ္လည္လိုက္သျဖင့္ ပိုင္ဝူပါးစပ္ကအက်ယ္ႀကီးပြင့္ဟသြားခဲ့ေလသည္။ က်န္လူမ်ားမွာလည္း အံၾသေနက်လ်က္ ပိုင္လီအားဝိုင္းၾကည့္ေနက်ၿပီး အလြန္စိတ္ေထြးေနက်၏။
သူတို႔က တေလ်ာက္လုံးပိုင္လီၿမိဳ႕ကိုသြားၿပီး ေသာက္စား၊ေပ်ာ္ပါးေနတယ္လို႔ပဲထင္ခဲ့တာေပမယ့္ ဒီလိုေတြရွိခဲ့မယ္လို႔ အိမ္မက္ေတာင္မမက္ခဲ့ဖူးဘူးေလ။ ဒီေကာင္စုတိက ဒါေတြကိုလုံးဝမေျပာခဲ့ပဲ သူကလူအမ်ားအျမင္မွာ အမွိုက္ေကာင္လိုသာေနေနခဲ့တယ္။
ပိုင္အေမသည္ အလြန္အမယုံၾကည္လ်က္...
"မင္း...မင္း တကယ္ေျပာေနတာလား"
ပိုင္လီကအနည္းစိတ္ရႈပ္ေထြးေယာင္ေဆာင္လိုက္ၿပီးမွ...
"ကြၽန္ေတာ္ကဘာလို႔အေမ့ကိုလိမ္ရမွာလဲ မဟုတ္ရင္ ကြၽန္ေတာ္ကဘာလို႔ဒီပစၥည္းေတြ ဝယ္လာမွာတဲ့လဲဗ်ာ အေမတို႔မယုံၾကည္ေသးရင္ ခဏပဲေစာင့္လိုက္ပါ အိမ္အတြက္စားပြဲတစ္လုံးအရင္လုပ္ေပးမယ္ အိမ္ကစားပြဲကေတာ္ေတာ္ေလးကိုျမင္မေကာင္းေတာ့တာ ကြၽန္ေတာ္သတိထားမိတယ္"
ပိုင္လီၫႊန္းဆိုေသာအိမ္သည္ ပိုင္အိမ္ျဖစ္ၿပီး ပိုင္အိမ္၏စားပြဲေျခေထာက္သည္က်ိဳးေနကာ ေဘးမွသစ္သားတစ္ေခ်ာင္းႏွင့္႐ုပ္ဆိုးစြာဆက္ထားရတာပင္။ လူတိုင္းသည္ မယုံနိုင္ျဖစ္ကာအံၾသေနက်ေသာ္လည္း ပိုင္လီေျပာသလိုသာ ေစာင့္ၾကည့္ရန္ဖို႔ပဲတတ္နိုင္က်ေတာ့မည္။
ပိုင္လီက ပိုင္အိမ္ကလူေတြမျပန္ခင္ တစ္ခုခုသတိရသြားၿပီး ေရွာင္ဟန္ကိုလွမ္းၾကည့္လိုက္ကာ...
"ေရွာင္ဟန္ အေမ့အတြက္ဝယ္လာတဲ့ပစၥည္းေရာ"
ပိုင္အေမက သူမအတြက္ဟုၾကားေသာအခါ အနည္းငယ္အံၾသသြားၿပီး...
"ငါ့အတြက္ ဘာဝယ္လာလို႔လဲ"
ေရွာင္ဟန္ကလည္း ထိုေတာ့မွ ပိုင္အေမကိုမေပးရေသးတာသတိရသြားၿပီး...
"ရွိ ရွိပါတယ္ ကြၽန္ေတာ္ယူလာခဲ့မယ္"
ေရွာင္ဟန္က ပိုင္အေမအတြက္ဝယ္လာသည့္ ေငြထည္ဘီးကို သူ႕ဆံထိုးနဲ႕အတူေသခ်ာဂ႐ုတစိုက္သိမ္းထားတာျဖစ္၍ ဘီးယူဖို႔ခဏၾကာခဲ့ၿပီး ပိုင္လီထံသြားေပးလိုက္၏။ သူက ပိုင္လီကိုေက်ာ္ၿပီး ပိုင္အေမကိုသြားမေပးရဲဘူး။
"ဒီမွာပါ"
ပိုင္လီက ပိုးပုဝါနဲ႕ထုတ္ထားတဲ့ပစၥည္းေလးကိုလွမ္းယူကာ ေရွာင္ဟန္ကိုမသိမသာနဲ႕တစ္ခ်က္ၾကည့္လိုက္ၿပီး စိတ္ထဲတြင္မေျပာပဲလည္းမေနနိုင္ခဲ့ေပ။
မင္းက ပိုင္အေမကိုကိုယ္တိုင္သြားေပးလိုက္ရင္ ေယာကၡမအခ်စ္ခံရမွာစိုးလို႔လား။
သို႔ေသာ္ သူကအျပင္တြင္ဘာမွမေျပာခဲ့ပဲ ပစၥည္းေလးကိုပိုင္အေမေရွ႕ခ်ေပးလိုက္ၿပီး...
"ဒါကို အေမ့အတြက္ကြၽန္ေတာ္ကိုယ္တိုင္ေ႐ြးလာခဲ့တာ အေမႀကိဳက္ပါ့မလားေတာ့မသိဘူး"
ပိုင္အေမသည္ ဘာမွန္းမသိေသးေသာ္လည္း သူမသားကိုယ္တိုင္ေ႐ြးလာသည္ဆိုသည္ႏွင့္ပင္ ေပ်ာ္႐ႊင္ေနၿပီျဖစ္တာေၾကာင့္ ၿပဳံးကာပိုးပုဝါေလးကိုေျဖၾကည့္လိုက္ေတာ့ လွပခန့္ထည္ေသာ ေငြထည္ဘီးေလးကိုေတြ႕လိုက္ရေတာ့၏။ ဘီးသည္ အထပ္ထပ္ပြင့္လန္းေနေသာပန္းမ်ားစြာ၏ပုံျဖစ္ကာ ထူထဲေသာေၾကာင့္ အလြန္လွပကာအလြန္ခန္ံ့ထည္ေလသည္။
ဒီလိုပုံမ်ိဳးက အမ်ိဳးသမီးႀကီးေတြနဲ႕လိုက္ဖက္သလို အမ်ိဳးသမီးငယ္ေလးေတြနဲ႕လည္း လိုက္ဖက္တဲ့ပုံစံမ်ိဳးပါ။ ေျပာရရင္ အသက္႐ြယ္မေ႐ြးႀကိဳက္ႏွစ္သက္က်တဲ့ပုံစံမ်ိဳးေပါ့။ ပိုင္အေမကဘီးေလးကိုအလြန္သေဘာက်ေသာ္လည္း သူမကပိုးပဝါျဖင့္ျပန္ထုတ္လိုက္ၿပီး...
"အေမက ဒါကို ဘယ္လိုလုပ္လက္ခံရမွာလဲ မင္းရဲ႕အိမ္မွာ ေကာသုံးေယာက္ေတာင္ရွိေနတာ သူတို႔အတြက္ပဲထားလိုက္ပါကြယ္ အေမကမင္းတို႔မိသားစုအဆင္ေျပတာျမင္ရင္ပဲစိတ္ခ်မ္းသာပါတယ္"
ပိုင္လီကေတာ့ လက္မခံေပ သူက ဘီးေလးကိုကိုယ္တိုင္ယူကာ ပိုအေမရဲ႕ဆံထုံးမွာစိုက္ေပးလိုက္ၿပီး...
"ကြၽန္ေတာ္သူတို႔အတြက္လည္း ဝယ္ေပးခဲ့ပါတယ္ ေရွာင္ဟန္ မင္းရဲ႕ဆံထိုးကို အေမတို႔ၾကည့္လို႔ရေအာင္ ယူလာျပလိုက္ေလ ေရွာင္ဖူနဲ႕ေရွာင္ဝူလည္းဒီကိုလာၿပီး မင္းတို႔ဖြားဖြားကိုလက္ေကာက္ေလးေတြ ၾကည့္ခိုင္းလိုက္က်ဦး"
ေရွာင္ဟန္က ပိုင္လီေျပာသမွ်နာခံတတ္ကာ သူကဆံထိုးယူဖို႔ အိမ္ထဲျပန္ဝင္ေလသည္။ အဲဒီေနာက္ ေရွာင္ဖူနဲ႕ေရွာင္ဝူေလးကလည္းေျပးလာေပမယ့္ ပိုင္မိန္ကအရင္ဦးသြားၿပီး...
"မဟုတ္ဘူး အေမကသမီးရဲ႕နားဆြဲေလးကိုအရင္ၾကည့္ေပးရမယ္ အေမ ၾကည့္ပါဦး ဒုတိယအကိုကသမီးအတြက္ေ႐ြးေပးတာ လွတယ္မလားဟင္"
ပိုင္အေမက ပိုင္လီတို႔ဆိပ္ကမ္းၿမိဳ႕ကျပန္ေရာက္ထဲက သူတို႔ေတြဝတ္ထားတာျမင္ေပမယ့္ ထိုအခ်ိန္ကရႈပ္ေထြးေနတာျဖစ္လို႔ အနီးကပ္မၾကည့္ခဲ့ရေပ။ ထို႔ေၾကာင့္ သူမက ပိုင္မိန္ရဲ႕နားဆြဲေလးကိုအနီးကပ္ၾကည့္လိုက္ၿပီး...
"တကယ္ကိုလွတာပဲ ဒီေငြထည္ကျဖဴၿပီးအရမ္းလွတယ္ မသိရင္ပုလဲနားဆြဲေလးလိုပဲ ငါတို႔ေရွာင္မိန္ေလးနဲ႕အရမ္းကိုလိုက္ဖက္လြန္းတယ္"
မ်က္ရည္စက္ပုံစံအသီးေလးမ်ားသည္ တကယ္ကိုပုလဲႏွင့္တူတာျဖစ္ၿပီး သြယ္လွတဲ့မ်က္ႏွာက်ရွိကာ ပိုင္မိန္၏ရည္ရည္မြန္မြန္ရွိတဲ့႐ုပ္ရည္ေလးအတြက္မူ တကယ္ကိုလိုက္ဖက္လြန္းတာျဖစ္သည္။ ပိုင္မိန္ကေတာ့ ထိုခ်ီးက်ဴးစကားေၾကာင့္အလြန္ေပ်ာ္႐ႊင္သြားၿပီး ပိုင္အေမကိုဖက္ဖို႔လုပ္လိုက္ေပမယ့္ အေသးေလးမ်ားကၾကားဝင္လာၿပီး ထိုင္ေနသည့္ပိုင္အေမအေပၚတြယ္တတ္ဖို႔ႀကိဳးစားေနက်ကာ...
"ဖြားဖြား သားမွာလည္းလက္ေကာက္တစ္ခုရွိတယ္ အေဖကေ႐ြးေပးတာ"
"သားမွာေရာပဲ သားမွာေရာပဲ သားမွာႏွစ္ခုရွိတာ အကို မင္းမွာလည္းႏွစ္ခုရွိတာေလ"
ေရွာင္ဝူေလးက သူ႕အကိုေရွာင္ဖူက တစ္ခုထဲထင္ေနသည္ထင္၍ ေထာက္ျပေသာ္လည္း ေရွာင္ဖူကမူျငင္းဆန္လာၿပီး...
"မဟုတ္ဘူး ေဖေဖကေျပာတယ္ လက္ေကာက္ေတြကႏွစ္ခုဆိုရင္ တစ္စုံလို႔ေခၚတာတဲ့ "
သူက ခုနက လက္ေကာက္တစ္စုံလို႔ေျပာခ်င္တာျဖစ္ေပမယ့္ အလွ်င္လိုၿပီး တစ္ခုလို႔ေျပာမိသြားခဲ့တာျဖစ္တယ္။ ဒါကိုေတာ့ဝန္ခံမွာမဟုတ္ပါဘူး။ အဲဒီအစား ေရွာင္ဝူေလးက နားလည္သြားပုံရၿပီး သူ႕အဖြားကိုသာ လက္ေကာက္ေတြႂကြားေနေတာ့တယ္။
ေမာ့ဟြာက သူမေျမးေလးေတြၾကည့္တိုင္း စိတ္ခ်မ္းသာရၿပီး ခုလိုေပ်ာ္႐ႊင္တတ္ႂကြေနတာျမင္ရေတာ့ ပိုင္လီေငြသုံးတာကိုအျပစ္မျမင္မိေတာ့ဘူး။ သူတို႔ေလးေတြေပ်ာ္ေနသ၍ ေငြသုံးတာကဘာမွမဟုတ္ပါဘူးလို႔ေတာင္ သူမထင္မိလာေတာ့တယ္။ ဒီအေသးေလးက ဒီေလာက္ထိကိုခ်စ္ဖို႔ေကာင္းပါတယ္။
လက္ေကာက္ေလးမ်ားသည္လည္း အလြန္လွတာျဖစ္၏။ ကေလးဝတ္ေလးေတြေပမယ့္ ပန္းႏြယ္ေလးလိုပုံေဖာ္ထားၿပီး ပန္းပြင့္ေလးေတြနဲ႕သစ္႐ြက္ေလးေတြကို လွပစြာပုံေဖာ္ထားကာ လက္ရာကလည္းေသသပ္သျဖင့္ ေသခ်ာၾကည့္ေလပိုပိုလွလာေလဟု ခံစားရေစလိမ့္မည္ျဖစ္သည္။
ပိုင္အေမက သူမေျမးမ်ား၏လက္ေကာက္ေလးမ်ားကို သေဘာတက်ၾကည့္ေနတုန္း ေရွာင္ဟန္ကိုင္လာတဲ့ဆံထိုးကိုျမင္ေတာ့...
"ေရွာင္ဟန္ရဲ႕ဆံထိုးေလးကလည္း အရမ္းလွလြန္းေနတာပဲ ငါကအဲဒီေန႕က ေရွာင္ဟန္ထိုးထားတာျမင္ထဲက ဒီဆံထိုးကေတာ္ေတာ္ေလးလွတယ္လို႔ ခံစားမိခဲ့တာ ဒါလည္းဒုတိယေ႐ြးေပးတာလား"
ေရွာင္ဟန္က ခ်က္ျခင္းထိုေန႕က ပိုင္လီလူျမင္ကြင္းမွာ သူ႕ကိုဆံထိုးဘယ္လိုထိုးေပးခဲ့တယ္ဆိုတာ ျပန္ျမင္ေယာင္မိသြားၿပီး မ်က္ႏွာကနီရဲသြားခဲ့ရသည္။ ပိုင္လီကေတာ့ ဒါကိုသတိထားမိေပမယ့္ မျမင္ခ်င္ေယာင္ေဆာင္ကာ ေရႏြေးဆက္ေသာက္ေနေလ၏။ ငါကမင္းကို ဆံထိုးေလးထိုးေပးခဲ့႐ုံပါ။ လူျမင္ကြင္းမွာမဟုတ္တာလုပ္ခဲ့တာလည္းမဟုတ္ပဲနဲ႕ မင္းကဘာလို႔မ်ားဒီေလာက္ရွက္ေနရတာလဲ။
ပိုင္အေမက ဒါကိုသတိမထားမိပဲ ဆံထိုးကိုသာေက်နပ္စြာၾကည့္ေနၿပီး...
"ဒီေလာက္လွတဲ့ဆံထိုးကို ဘာလို႔ဝတ္မထားပဲ သိမ္းထားရတာလဲ "
သူတို႔႐ြာတြင္ လက္ဝတ္ရတနာမ်ားကို လုယက္မည့္သူတစ္ေယာက္မွမရွိနိုင္ေပ။ ဒါေၾကာင့္ မိမိတြင္ရွိပါက စိတ္ခ်စြာဝတ္ထားလို႔ရနိုင္ၿပီး ထိုသို႔ဝတ္ထားျခင္းအားျဖင့္ ဤပစၥည္းကမိမိပစၥည္းဆိုသည္အား ေၾကျငာထားၿပီးသားရကာ မေတာ္တဆက်ေနခဲ့ပါကမူ ႐ြာသားမ်ားကပိုင္ရွင္ကိုျပန္ေပးနိုင္မည္ျဖစ္သည္။ တကယ္ေတာ့္ နနေခ်ာင္း႐ြာမွာေရွာင္အိမ္ကလြဲရင္ ရိုးသားတဲ့လူေတာ္ေတာ္မ်ားပါတယ္။
ပိုင္မိန္က ထိုေတာ့မွ ျဖစ္ခဲ့သည့္ကိစၥအားသတိရသြားကာ ေဒါသတႀကီးေလးႏွင့္...
"အဲတာက ဘာလို႔ရမွာလဲ အဲဒီအရွက္မရွိတဲ့ေရွာင္အိမ္ကလူေတြေၾကာင့္ေပါ့ သူတို႔ကဒုတိယေယာင္းမဆီက ဒီဆံထိုးကိုအတင္းငွားသြားခ်င္ေနတာေလ ေဒါ်လေးကျန်းသာရောက်မလာရင် သူတို႔ဆံထိုးကိုအတင္းယူသြားက်ေတာ့မွာ သူတို႔အိမ္က မိန္းမနဲ႕ေကာေတြကေတာင္အရွက္မရွိဘူး!"
ထိုေတာ့မွ ပိုင္လီကလည္း ျဖစ္ခဲ့တာကို သိရွိသြားခဲ့၏။ သို႔ေသာ္ သူကဘာမွမၾကားသလိုလက္ဖက္ရည္ၾကမ္းကိုသာ ဆက္ေသာက္ေနခဲ့သည္။
ပိုင္မိန္ကေတာ့ ပိုင္အေမၾကည့္ၿပီးသြားတာနဲ႕ ဆံထိုးကိုယူကာ ေရွာင္ဟန္ဆံထုံးမွာသြားထိုးေပးလိုက္ရင္း...
"ဒုတိယေယာင္းမ အေမေျပာတာမွန္တယ္ ဒီေလာက္လွတဲ့ဆံထိုးကို ဝတ္ထားသင့္တယ္ အခုဒုတိယအကိုကလည္းျပန္ေရာက္ေနၿပီ လဲ့ရွီနဲ႕ေရွာင္အိမ္ကလူေတြကလည္း ႐ုံးေတာ္မွာအျပစ္ေပးခံလိုက္ရၿပီဆိုေတာ့ သူတို႔ေတြ ထပ္ၿပီးႏွောက္ယွက္ရဲမွာမဟုတ္ေတာ့ဘူး ရဲရဲႀကီးသာဝတ္ထားလိုက္ေတာ့"
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန္ၫြန့္ 😚
.................................................................
(AN/ အပိုင္း၃၀ပါခ်စ္တို႔ေရ။ ထိပ္စီးေျပာင္းျပန္ပါၿပီ။ )