အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

Von ChihiroLily7

105K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... Mehr

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)

အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်

993 103 0
Von ChihiroLily7


" နင်ဘာပြောလိုက်တယ်"

ယွီဟောက်သည် သူ၏တကိုယ်ရည်ဆွဲဆောင်မှုထဲတွင် နစ်မြောနေဆဲ။ သူသည် ရှန်ယွဲ့၏စကားကြောင့် ချက်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူသည် နားကြားမှာလိုက်သည်ဟု ထင်မိလိုက်တော့သည်။

သူတို့နားတွင် ကျောင်းသား ကျောင်းသူများ ပိုများလာပြီး သူတို့ကို လက်ညိုးထိုး ပြောဆိုနေသည်ကို မြင်လိုက်ရသောအခါ ကျောက်ရွေ့သည် တံတွေးမျိုချလိုက်ပြီး အံကြိတ်ကာ

" ငါ တောင်းပန်ပါတယ်၊ ငါ့ကို ချပေးတော့"

ရှန်ယွဲ့သည် မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီးနောက် ကျောက်ရွေ့၏ကော်လံကို လွတ်ပေးလိုက်လေသည်။

ကျောက်ရွေ့သည် လွတ်လပ်သွားသည်နှင့် တပြိုင်နက် သူသည် စိုးရိမ်ဒေါသ ဖြစ်သွားတော့သည်။ သူ့တံတွေးနှင့်သူ သီးမလိုပင်ဖြစ်သွားတော့သည်။ ရှန်ယွဲ့သည် သူ့ရှေ့တွင် နံရံတစ်ခုလို ရပ်နေသည်ကို မြင်လိုက်ရပြီးနောက် သူသာ ကောင်းကောင်း မပြုမူလျှင် နံရံတွင် ထပ်ချိတ်ဆွဲခံရမည်ပုံဖြစ်နေရာ သူသည် မကျေမနပ်ဖြင့်သာ ပြောနိုင်လေတော့သည်။

" ငါ.... မှားသွားပါတယ်၊ ငါ နင်တို့တွေအကြောင်း မပြောခဲ့သင့်ဘူး၊ ဟုတ်ပြီနော်"

သည်ငနဲက အရှုံးပေးလိုက်သည်ကို မြင်လိုက်ပြီးနောက် ရှန်ယွဲ့သည် တခြားသူများက သူမကိုရယ်မောကြမည်ကို တားဆီးရန် ကိစ္စများကို ပိုဆိုးအောင်လုပ်ရန် စိတ်ကူးမရှိချေ။ ထို့ကြောင့် သူမသည် အင်တင်တင်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

" ကောင်းပြီ နင့်ရဲ့အပေါစားစကားတွေကို ငါထပ်မကြားရစေနဲ့"

ရှန်ယွဲ့သည် အေးတိအေးစက်ပြောလိုက်၏။ သူမသည် သူတို့နှစ်ယောက်သာ ကြားနိုင်သည့်လေသံဖြင့် ကျောက်ရွေ့ကို ပြောလိုက်လေသည်။

" မဟုတ်လို့ကတော့ နင့်လျှာကို ဖြတ်ပြီး နင့်လည်ချောင်းထဲ ဆို့ပေးလိုက်မယ်"

ကျောက်ရွေ့သည် နေရာတွင်ပင် အေးခဲသွားပြီး ရှန်ယွဲ့ကို တစ္ဆေတစ်ကောင်အလား ငေးကြည့်လိုက်လေတော့သည်။

ယွီဟောက်သည် တစ်ချိန်လုံး လစ်လျူရှုခံထားရလေသည်။ လူတိုင်းကြိုက်ကြသည့် ကျောင်း၏မင်းသားလေး၏ ဆွဲဆောင်မှုသည် ရှန်ယွဲ့ရှေ့တွင် အာနိသင်ပျောက်ဆုံးသွားတော့သည်။ သူ့မျက်နှာသည် ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး တစ်ခုခုကို ပြောလိုက်ချင်လေသည်။

" ရှန်ယွဲ့ တကယ်ပဲ နင်ဘာဖြစ်နေချင်နေတာလဲ..."

" ငါ နင်နဲ့ အကျိုးမရှိတာတွေ မပြောချင်ဘူး"

ရှန်ယွဲ့သည် လက်ပိုက်ကာ ထိုနှစ်ယောက်ထံမှ ထွက်သွားလိုက်လေသည်။ သူမသည် သူတို့ကို တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်ကာ အေးတိအေးစက် ပြောလိုက်လေသည်။

"ကျေးဇူးပြုပြီး ဟန်တစ်လုံး ပန်တစ်လုံးနဲ့ အထင်ကြီးအောင်လုပ်မနေနဲ့၊ ငါ နင့်ကို လုံးဝစိတ်ဝင်စားဘူး"

ရှန်ယွဲ့၏စကားကို ကြားလိုက်ပြီးနောက် သူမအပြုအမူများကို အရင်ကတည်းက ကြားဖူးကြသည့် ဘေးက ကျောင်းသားများသည် ဝါးခနဲအော်ရယ်ကြတော့သည်။ သူတို့သည် အရပ်မြင့်ပြီး ချောမောသူအကြောင်းနှင့် ဝ,ကာ ရုပ်ဆိုးသူအကြောင်းကို ပြောဆိုနေကြတော့သည်။

" အဲဒီဝက်မက ယွီဟောက်ကို အမြဲတမ်း ခွက်ရှ် ခဲ့တာမဟုတ်ဘူးလား၊ သူ ရုတ်တရက်ပြီး ဘာလို့ အကြင်နာမဲ့သွားတာတဲ့လဲ"

" ဟုတ်ပါ့၊ တခြားအချိန်မှာသာဆိုရင် ကျောင်းတော်ရဲ့မင်းသားလေးက သူ့ကို စကားလာပြောလို့ဆိုပြီး အပျော်လွန်နေမှာ ဟုတ်တယ်မလား"

" သူက ယွီဟောက်ရဲ့ သူငယ်ချင်းကို ရိုက်ပြီး သရော်နေတာလေ၊ ယွီဟောက်စိတ်ဝင်စားအောင် လုပ်နေတာလို့တော့ မပြောနဲ့နော်"

ယွီဟောက်ကိုယ်တိုင်ပင် သူမ၏အတိတ်ကအချစ်ဦးဖြစ်ခဲ့သောကြောင့် ရှန်ယွဲ့က တမင် အာရုံစိုက်အောင် လုပ်နေသည်ဟု ယုံကြည်နေလေသည်။ သူသည် ရှန်ယွဲ့၏ ဖားပြုပ်လို အပြုအမူကို အလွန်အထင်သေးလေသည်။

" ဘာပဲဖြစ်ဖြစ် ရှင်းအောင် ပြောလိုက်မယ်၊ နင် ဘာပဲလုပ်လုပ် ငါနင့်ကို ကြိုက်မှာမဟုတ်ဘူး၊ ကျေးဇူးပြုပြီး ငါ့ကို မနှောင့်ယှက်နဲ့တော့"

" အဟဲ"

ရှန်ယွဲ့သည် ယွီဟောက်ကို လူရွှင်တော်တစ်ယောက်လို ခေါင်းအစခြေအဆုံး ကြည့်လိုက်လေသည်။ သူမသည် မဲ့လိုက်ကာ ပြတ်ပြတ်သားသား ပြောလိုက်လေသည်။

" ယွီဟောက်ရယ် နင်ဟာလေ သိပ်ပြီး အတ္တဝါဒီသမားဖြစ်မနေဘူးလား၊ ငါဆိုတဲ့ ရှန်ယွဲ့ကလေ နင့်ကို တခါမှလဲ မကြိုက်ဖူးသလို အစနေ အဆုံးအထိ ခွက်ရှ် ခဲ့တာလဲမရှိဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ငါက နင့်လိုလူမျိုးကို မုန်းတောင်မုန်းသေးတယ်"

ရှန်ယွဲ့၏အသံသည် ယုံကြည်မှုအပြည့်နှင့် အထင်သေးမှုများပါဝင်နေပြီး စင်္ကြံတစ်လျှောက်ကို ပဲ့တင်သွားတော့သည်။ ယွီဟောက်သည် ငယ်စဥ်ကတည်းက ရုပ်ရည်ကြောင့် လူများ၏ချီးကျူးခံခဲ့ရလေသည်။ သူသည် သည်လိုဆက်ဆံပုံမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးချေ။

ရှန်ချန်က ဒုတိယနှစ်စာသင်ခန်းဆီသို့ တရွေ့ရွေ့ လျှောက်သွားနေသည်ကို စောင့်ကြည့်လိုက်ပြီးနောက် ရှန်ယွဲ့သည် သူမ၏အခန်းသို့ ပြန်လာခဲ့ပြီး သူမ၏ထိုင်ခုံမှာ အခန်း၏အဝေးဆုံးထောင့်က အမှိုက်ပုံးဘေးတွင် ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။

ရှန်ယွဲ့ လက်ခံရရှိခဲ့သည့် မူလပိုင်ရှင်၏မှတ်ဉာဏ်များထဲတွင် မူလပိုင်ရှင်သည် အခန်းထဲတွင် အမြဲလိုလို နှုတ်ဆိတ်နေကာ ကိုယ့်ကိုယ်ကို သတိထားနေတတ်သူတစ်ယောက် ဖြစ်လေသည်။ သူမသည် သူမ၏ ကိုယ့်ကိုယ်လေးစားမှု နိမ့်ပါးသောကြောင့် အခန်းထဲတွင် ဘယ်တော့မှ စကားစမပြောတတ်သလို အတန်းတွင်း လှုပ်ရှားမှုများတွင်လည်း မပါဝင်ခဲ့ချေ။ သူမသည် အတန်းဖော်များကို ရှောင်နေတတ်လေသည်။

သူမ၏ဝ,ပြီး ရုပ်ဆိုးသည့်အသွင်ကြောင့် မကြာခဏဆိုသလို တခြားသူများ၏ စနောက် လှောင်ပြောင်ခံရ တတ်လေသည်။ ထို့ထက် ရှန်ယွဲ့သည် အခန်းထဲတွင် အသုံးမကျပဲ မကြာမကြာ ကိုယ်ပျောက်တစ်ယောက်လို ဖြစ်လာတော့သည်။

သို့သော် ရှန်ယွဲ့သည် ဘာမှမလုပ်ရဘဲနေရသည်ကို ပျော်နေလေသည်။ သူမ၏ခုံပေါ်က အမှိုက်သရိုက်များကို ရှင်းလင်းပြီးနောက် သူမသည် အေးအေးဆေးဆေး ထိုင်ချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်က ရှုခင်းကို ခံစားနေတော့သည်။

သူမ၏အတန်းသည် ဖယ်ဒရယ်ကောလိပ်စာမေးပွဲ ဝင်ခွင့်ဖြေရမည့်အတန်းဖြစ်သည်။ သူမ၏အတန်းတွင်း ရလာဒ်မှာ တစ်ကျောင်းလုံးတွင် အဆိုးဆုံးဖြစ်သည်။ စာသင်ခန်းသည် စာလုပ်ရသည်ကို မကြိုက်သူများ၊ ဘာမှမလုပ်ကိုင်တတ်သည့် ကျောင်းသားများနှင့် ပြည့်နေလေသည်။

ဖတ်စာအုပ်အားလုံးကို လှန်လှော ကျက်မှတ်ပြီးနောက် ရှန်ယွဲ့သည် ပျင်းလာပြီး အဖွဲ့အစည်းထဲတွင် ဖြစ်ပျက်ခဲ့သည်များကို ဖြည်းညင်းစွာ ပြန်စဥ်းစားလိုက်လေတော့သည်။

....

Zawgyi

အပိုင္း ( ၁၄) အရမ္းအၾကင္နာမဲ့သြားတယ္

" နင္ဘာေျပာလိုက္တယ္"

ယြီေဟာက္သည္ သူ၏တကိုယ္ရည္ဆြဲေဆာင္မႈထဲတြင္ နစ္ေျမာေနဆဲ။ သူသည္ ရွန္ယြဲ႕၏စကားေၾကာင့္ ခ်က္ခ်င္း ေၾကာင္အမ္းအမ္း ျဖစ္သြားေတာ့သည္။ သူသည္ နားၾကားမွာလိုက္သည္ဟု ထင္မိလိုက္ေတာ့သည္။

သူတို႔နားတြင္ ေက်ာင္းသား ေက်ာင္းသူမ်ား ပိုမ်ားလာၿပီး သူတို႔ကို လက္ညိဳးထိုး ေျပာဆိုေနသည္ကို ျမင္လိုက္ရေသာအခါ ေက်ာက္ေ႐ြ႕သည္ တံေတြးမ်ိဳခ်လိုက္ၿပီး အံႀကိတ္ကာ

" ငါ ေတာင္းပန္ပါတယ္၊ ငါ့ကို ခ်ေပးေတာ့"

ရွန္ယြဲ႕သည္ မ်က္ခုံးတစ္ဖက္ပင့္လိုက္ၿပီးေနာက္ ေက်ာက္ေ႐ြ႕၏ေကာ္လံကို လြတ္ေပးလိုက္ေလသည္။

ေက်ာက္ေ႐ြ႕သည္ လြတ္လပ္သြားသည္ႏွင့္ တၿပိဳင္နက္ သူသည္ စိုးရိမ္ေဒါသ ျဖစ္သြားေတာ့သည္။ သူ႔တံေတြးႏွင့္သူ သီးမလိုပင္ျဖစ္သြားေတာ့သည္။ ရွန္ယြဲ႕သည္ သူ႔ေရွ႕တြင္ နံရံတစ္ခုလို ရပ္ေနသည္ကို ျမင္လိုက္ရၿပီးေနာက္ သူသာ ေကာင္းေကာင္း မျပဳမူလွ်င္ နံရံတြင္ ထပ္ခ်ိတ္ဆြဲခံရမည္ပုံျဖစ္ေနရာ သူသည္ မေက်မနပ္ျဖင့္သာ ေျပာႏိုင္ေလေတာ့သည္။

" ငါ.... မွားသြားပါတယ္၊ ငါ နင္တို႔ေတြအေၾကာင္း မေျပာခဲ့သင့္ဘူး၊ ဟုတ္ၿပီေနာ္"

သည္ငနဲက အရႈံးေပးလိုက္သည္ကို ျမင္လိုက္ၿပီးေနာက္ ရွန္ယြဲ႕သည္ တျခားသူမ်ားက သူမကိုရယ္ေမာၾကမည္ကို တားဆီးရန္ ကိစၥမ်ားကို ပိုဆိုးေအာင္လုပ္ရန္ စိတ္ကူးမရွိေခ်။ ထို႔ေၾကာင့္ သူမသည္ အင္တင္တင္ျဖင့္ ေခါင္းညိတ္ျပလိုက္ေလသည္။

" ေကာင္းၿပီ နင့္ရဲ႕အေပါစားစကားေတြကို ငါထပ္မၾကားရေစနဲ႔"

ရွန္ယြဲ႕သည္ ေအးတိေအးစက္ေျပာလိုက္၏။ သူမသည္ သူတို႔ႏွစ္ေယာက္သာ ၾကားႏိုင္သည့္ေလသံျဖင့္ ေက်ာက္ေ႐ြ႕ကို ေျပာလိုက္ေလသည္။

" မဟုတ္လို႔ကေတာ့ နင့္လွ်ာကို ျဖတ္ၿပီး နင့္လည္ေခ်ာင္းထဲ ဆို႔ေပးလိုက္မယ္"

ေက်ာက္ေ႐ြ႕သည္ ေနရာတြင္ပင္ ေအးခဲသြားၿပီး ရွန္ယြဲ႕ကို တေစၦတစ္ေကာင္အလား ေငးၾကည့္လိုက္ေလေတာ့သည္။

ယြီေဟာက္သည္ တစ္ခ်ိန္လုံး လစ္လ်ဴရႈခံထားရေလသည္။ လူတိုင္းႀကိဳက္ၾကသည့္ ေက်ာင္း၏မင္းသားေလး၏ ဆြဲေဆာင္မႈသည္ ရွန္ယြဲ႕ေရွ႕တြင္ အာနိသင္ေပ်ာက္ဆုံးသြားေတာ့သည္။ သူ႔မ်က္ႏွာသည္ ျဖဴဖတ္ျဖဴေရာ္ ျဖစ္သြားၿပီး တစ္ခုခုကို ေျပာလိုက္ခ်င္ေလသည္။

" ရွန္ယြဲ႕ တကယ္ပဲ နင္ဘာျဖစ္ေနခ်င္ေနတာလဲ..."

" ငါ နင္နဲ႔ အက်ိဳးမရွိတာေတြ မေျပာခ်င္ဘူး"

ရွန္ယြဲ႕သည္ လက္ပိုက္ကာ ထိုႏွစ္ေယာက္ထံမွ ထြက္သြားလိုက္ေလသည္။ သူမသည္ သူတို႔ကို တည္တည္ၿငိမ္ၿငိမ္ျဖင့္ စိုက္ၾကည့္ကာ ေအးတိေအးစက္ ေျပာလိုက္ေလသည္။

"ေက်းဇူးျပဳၿပီး ဟန္တစ္လုံး ပန္တစ္လုံးနဲ႔ အထင္ႀကီးေအာင္လုပ္မေနနဲ႔၊ ငါ နင့္ကို လုံးဝစိတ္ဝင္စားဘူး"

ရွန္ယြဲ႕၏စကားကို ၾကားလိုက္ၿပီးေနာက္ သူမအျပဳအမူမ်ားကို အရင္ကတည္းက ၾကားဖူးၾကသည့္ ေဘးက ေက်ာင္းသားမ်ားသည္ ဝါးခနဲေအာ္ရယ္ၾကေတာ့သည္။ သူတို႔သည္ အရပ္ျမင့္ၿပီး ေခ်ာေမာသူအေၾကာင္းႏွင့္ ဝ,ကာ ႐ုပ္ဆိုးသူအေၾကာင္းကို ေျပာဆိုေနၾကေတာ့သည္။

" အဲဒီဝက္မက ယြီေဟာက္ကို အၿမဲတမ္း ခြက္ရွ္ ခဲ့တာမဟုတ္ဘူးလား၊ သူ ႐ုတ္တရက္ၿပီး ဘာလို႔ အၾကင္နာမဲ့သြားတာတဲ့လဲ"

" ဟုတ္ပါ့၊ တျခားအခ်ိန္မွာသာဆိုရင္ ေက်ာင္းေတာ္ရဲ႕မင္းသားေလးက သူ႔ကို စကားလာေျပာလို႔ဆိုၿပီး အေပ်ာ္လြန္ေနမွာ ဟုတ္တယ္မလား"

" သူက ယြီေဟာက္ရဲ႕ သူငယ္ခ်င္းကို ႐ိုက္ၿပီး သေရာ္ေနတာေလ၊ ယြီေဟာက္စိတ္ဝင္စားေအာင္ လုပ္ေနတာလို႔ေတာ့ မေျပာနဲ႔ေနာ္"

ယြီေဟာက္ကိုယ္တိုင္ပင္ သူမ၏အတိတ္ကအခ်စ္ဦးျဖစ္ခဲ့ေသာေၾကာင့္ ရွန္ယြဲ႕က တမင္ အာ႐ုံစိုက္ေအာင္ လုပ္ေနသည္ဟု ယုံၾကည္ေနေလသည္။ သူသည္ ရွန္ယြဲ႕၏ ဖားျပဳပ္လို အျပဳအမူကို အလြန္အထင္ေသးေလသည္။

" ဘာပဲျဖစ္ျဖစ္ ရွင္းေအာင္ ေျပာလိုက္မယ္၊ နင္ ဘာပဲလုပ္လုပ္ ငါနင့္ကို ႀကိဳက္မွာမဟုတ္ဘူး၊ ေက်းဇူးျပဳၿပီး ငါ့ကို မေႏွာင့္ယွက္နဲ႔ေတာ့"

" အဟဲ"

ရွန္ယြဲ႕သည္ ယြီေဟာက္ကို လူ႐ႊင္ေတာ္တစ္ေယာက္လို ေခါင္းအစေျခအဆုံး ၾကည့္လိုက္ေလသည္။ သူမသည္ မဲ့လိုက္ကာ ျပတ္ျပတ္သားသား ေျပာလိုက္ေလသည္။

" ယြီေဟာက္ရယ္ နင္ဟာေလ သိပ္ၿပီး အတၱဝါဒီသမားျဖစ္မေနဘူးလား၊ ငါဆိုတဲ့ ရွန္ယြဲ႕ကေလ နင့္ကို တခါမွလဲ မႀကိဳက္ဖူးသလို အစေန အဆုံးအထိ ခြက္ရွ္ ခဲ့တာလဲမရွိဘူး၊ ဆန္႔က်င္ဘက္အေနနဲ႔ ငါက နင့္လိုလူမ်ိဳးကို မုန္းေတာင္မုန္းေသးတယ္"

ရွန္ယြဲ႕၏အသံသည္ ယုံၾကည္မႈအျပည့္ႏွင့္ အထင္ေသးမႈမ်ားပါဝင္ေနၿပီး စႀကႍတစ္ေလွ်ာက္ကို ပဲ့တင္သြားေတာ့သည္။ ယြီေဟာက္သည္ ငယ္စဥ္ကတည္းက ႐ုပ္ရည္ေၾကာင့္ လူမ်ား၏ခ်ီးက်ဴးခံခဲ့ရေလသည္။ သူသည္ သည္လိုဆက္ဆံပုံမ်ိဳးကို တစ္ခါမွ မခံစားခဲ့ရဖူးေခ်။

ရွန္ခ်န္က ဒုတိယႏွစ္စာသင္ခန္းဆီသို႔ တေ႐ြ႕ေ႐ြ႕ ေလွ်ာက္သြားေနသည္ကို ေစာင့္ၾကည့္လိုက္ၿပီးေနာက္ ရွန္ယြဲ႕သည္ သူမ၏အခန္းသို႔ ျပန္လာခဲ့ၿပီး သူမ၏ထိုင္ခုံမွာ အခန္း၏အေဝးဆုံးေထာင့္က အမႈိက္ပုံးေဘးတြင္ ျဖစ္ေနသည္ကို ေတြ႕လိုက္ရေတာ့သည္။

ရွန္ယြဲ႕ လက္ခံရရွိခဲ့သည့္ မူလပိုင္ရွင္၏မွတ္ဉာဏ္မ်ားထဲတြင္ မူလပိုင္ရွင္သည္ အခန္းထဲတြင္ အၿမဲလိုလို ႏႈတ္ဆိတ္ေနကာ ကိုယ့္ကိုယ္ကို သတိထားေနတတ္သူတစ္ေယာက္ ျဖစ္ေလသည္။ သူမသည္ သူမ၏ ကိုယ့္ကိုယ္ေလးစားမႈ နိမ့္ပါးေသာေၾကာင့္ အခန္းထဲတြင္ ဘယ္ေတာ့မွ စကားစမေျပာတတ္သလို အတန္းတြင္း လႈပ္ရွားမႈမ်ားတြင္လည္း မပါဝင္ခဲ့ေခ်။ သူမသည္ အတန္းေဖာ္မ်ားကို ေရွာင္ေနတတ္ေလသည္။

သူမ၏ဝ,ၿပီး ႐ုပ္ဆိုးသည့္အသြင္ေၾကာင့္ မၾကာခဏဆိုသလို တျခားသူမ်ား၏ စေနာက္ ေလွာင္ေျပာင္ခံရ တတ္ေလသည္။ ထို႔ထက္ ရွန္ယြဲ႕သည္ အခန္းထဲတြင္ အသုံးမက်ပဲ မၾကာမၾကာ ကိုယ္ေပ်ာက္တစ္ေယာက္လို ျဖစ္လာေတာ့သည္။

သို႔ေသာ္ ရွန္ယြဲ႕သည္ ဘာမွမလုပ္ရဘဲေနရသည္ကို ေပ်ာ္ေနေလသည္။ သူမ၏ခုံေပၚက အမႈိက္သ႐ိုက္မ်ားကို ရွင္းလင္းၿပီးေနာက္ သူမသည္ ေအးေအးေဆးေဆး ထိုင္ခ်လိုက္ၿပီး ျပတင္းေပါက္အျပင္ဘက္က ရႈခင္းကို ခံစားေနေတာ့သည္။

သူမ၏အတန္းသည္ ဖယ္ဒရယ္ေကာလိပ္စာေမးပြဲ ဝင္ခြင့္ေျဖရမည့္အတန္းျဖစ္သည္။ သူမ၏အတန္းတြင္း ရလာဒ္မွာ တစ္ေက်ာင္းလုံးတြင္ အဆိုးဆုံးျဖစ္သည္။ စာသင္ခန္းသည္ စာလုပ္ရသည္ကို မႀကိဳက္သူမ်ား၊ ဘာမွမလုပ္ကိုင္တတ္သည့္ ေက်ာင္းသားမ်ားႏွင့္ ျပည့္ေနေလသည္။

ဖတ္စာအုပ္အားလုံးကို လွန္ေလွာ က်က္မွတ္ၿပီးေနာက္ ရွန္ယြဲ႕သည္ ပ်င္းလာၿပီး အဖြဲ႕အစည္းထဲတြင္ ျဖစ္ပ်က္ခဲ့သည္မ်ားကို ျဖည္းညင္းစြာ ျပန္စဥ္းစားလိုက္ေလေတာ့သည္။

....

Weiterlesen

Das wird dir gefallen

152K 19.5K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
23.9K 1.8K 62
Not mine. Just Translation. Credit to original author(s) and English translator(s). ☆☆☆☆☆ [အေးအေးလူလူရှိပြီး မျက်နှာနှစ်ဖက်ရှိတဲ့ ချမ်းသာတဲ့ ML vs နက...
164K 8.1K 44
Lord Chu's Wife is Wild Wevnovel_796. Paid. Gp-1 (1-150) - Free completed. Gp-2 (151-300)-2000MMK.completed. Gp-3(301-450)-2000MMK.completed. Gp-4(4...