အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

Galing kay FlowerRainButterfly

1.5M 191K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ Higit pa

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု

ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်

12.2K 1.5K 25
Galing kay FlowerRainButterfly

အပိုင်း (၂၈) ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်

တရားသူကြီးက ရှောင်အိမ်က ပစ္စည်းတွေကိုပြန်ပေးရမယ့်အကြောင်း ထည့်မပြောသွားခဲ့သော်လည်း ရှောင်အိမ်နှင့်ပတ်သတ်ပြီး ရွာအကြီးကဲကျန်းကိုစီရင်ခွင့်ပေးထားသဖြင့် ပြောစရာမလိုတော့၍သာဖြစ်သည်။ အကြီးကျန်းကလည်း ပိုင်လီထံမှ ရှောင်မိသားစုယူထားသမျှကိုပြန်တောင်းပေးမှာဖြစ်ပြီး သုံးထား၍လျော့နေတာမျိုးရှိပါက တန်ဖိုးအတိုင်းပြန်လျော်ခိုင်းမှာပင်။

သူတို့သည် ရှောင်မိသားစု၏အော်သံများကိုကြားနေရသော်လည်း ရိုက်နှက်ခံရသည်အား သွားကြည့်ချင်စိတ်ရှိမနေပေ။ သူတို့တွေ မနေ့ညကအိပ်ရေးပျက်ခဲ့ပြီး ရွာကိုပြန်တဲ့လမ်းကလည်း ရှည်မှာဖြစ်လို့ ရွာကိုပြန်ကျတော့ဖို့သာ ဆုံးဖြတ်လိုက်ကျကာ ရွာသားများက ရှောင်မိသားစုကို ရွာမှမနှင်ထုတ်နိုင်သည့်အပေါ် စိတ်တိုကျသော်လည်း ဒါကသူတို့ရွာအကြီးကဲ၏ဆုံးဖြတ်ချက်ဖြစ်သောကြောင့် ငြင်းဆန်ခြင်းတော့မရှိခဲ့ပါချေ။

ရှောင်မိသားစုအတွက်ကတော့ သူတို့အပိုင်လှည်းရှိနေစဲဖြစ်တဲ့အတွက် ပြစ်ဒဏ်ခံယူပြီးရင် သူတို့ဘာသာဖြစ်တဲ့နည်းနဲ့ပြန်လာကျပါလိမ့်မယ်။ ရွာသားတွေက ဒါကိုဂရုစိုက်မနေပါဘူး။

ထို့ကြောင့် လှည်းနှစ်စီးသည် ရှောင်အိမ်ကလူများကိုချန်ထားရစ်လျက် နန်ချောင်းရွာလေးသို့ပြန်သွားခဲ့ကျသည်။ သူတို့တွေမြို့လေးသို့အရောက်တွက် ပိုင်လီက အားလုံးကိုကျေးဇူးတင်သည့်အနေဖြင့် ခေါက်ဆွဲဆိုင်တွင် အသားခေါက်ဆွဲများဝယ်ကျွေးခဲ့ပြီး ဒီရွာသားတွေက ငွေပေးရင်လည်းလက်ခံမှာမဟုတ်လို့ သူကဒီလိုနည်းနဲ့ပဲကျေးဇူးကိုပြန်ဆပ်နိုင်ခဲ့ပါတယ်။

အဲဒီနောက် သူတို့တွေရွာပြန်ရောက်ချိန်မှာတော့ ညနေခင်းအချိန်သို့ရောက်တော့မည်ဖြစ်ပြီး ပိုင်လီ၏ခန့်မှန်းချက်အရ ညနေငါးနာရီလောက်ဖြစ်လောက်မည်။ ရွာလေးရဲ့ထုံးစံအတိုင်း တစ်ခုခုဆိုပါက ရွာသားများဝိုင်းအုံလာတတ်သလိုပင် ရွာတွင်ကျန်ခဲ့သူများက ရုံးတော်သို့သွားရောက်သည့်လူများကိုမျှော်နေကျသဖြင့် လှည်းနှစ်စီးရွာလေးထဲပြန်ဝင်လာသည်နှင့် ကျွတ်ကျွတ်ညံကာ လှည်းများနောက်မှလိုက်ပါလာကျ၏။ လှည်းနှစ်စီးက ပိုင်လီ၏အိမ်တွင်ရပ်လိုက်သောအခါ ပိုင်လီအိမ်ဝန်းထဲ၌ ချက်ခြင်းပင်လူများပြည့်နှက်လို့သွားခဲ့တော့သည်။

ရွာသားများသည် ပြန်လာသည့်လူများလှည်းပေါ်ကမဆင်းရသေးခင်မှာပင် လှည်းသုံးစီးထွက်သွားသည်ဖြစ်သော်လည်း နှစ်စီးသာပြန်ရောက်လာ၍ အလွန်စူးစမ်းချင်နေကျကာ...

"အယ် လှည်းကနှစ်စီးထဲပါလား"

"ဟုတ်တယ်နော် ငါကအစကတစ်စီးကနောက်မှာကျန်နေခဲ့တာလားလို့ စောင့်ကြည့်နေသေးတာ နောက်မှာဘာလှည်းမှပါလာတာမတွေ့ခဲ့ဘူး"

"အကြီးကဲ ရှောင်အိမ်ကလှည်းက ဘာလို့ပြန်ပါမလာတာလဲ"

"ဟုတ်သားပဲ ပျောက်နေတာရှောင်အိမ်ကလူတွေနဲ့ သူတို့လှည်းပဲနော်"

"ဓားပြတိုက်ခံရတာများလား"

"မင်း! ပေါက်ကရတွေ ဘယ်ကဓားပြရှိမှာလဲ ရှောင်အိမ်ကလူတွေ အပြစ်ရှိလို့ထောင်ချခံလိုက်ရပြီနေမှာ"

"မင်းပြောတာလည်းမဟုတ်သေးဘူးဟ ရှောင်အိမ်ကလူတွေထောင်ချခံရရင် လှည်းကရွာကလူတွေနဲ့ပြန်ပါလာရမှာလေ"

"အို့ ငါကအဲတာကိုမစဥ်းစားလိုက်မိဘူး"

ဤသို့ဖြင့် မေးခွန်များ၊ထင်ကြေးများဖြင့် ပြည့်နှက်နေသဖြင့် အကြီးကဲကျန်းက အားလုံးအားတိတ်တိတ်နေရန် လက်ပြလိုက်ရသည်။ အဲဒီနောက် လူကြီးတွေက ပိုင်လီတို့အိမ်အပြင်ဘက်မှာချထားစဲဖြစ်တဲ့စားပွဲဝိုင်းလေးမှာ ဝင်ထိုင်လိုက်ကျပြီး ရုံးတော်သို့လိုက်ပါခဲ့သည့် ရွာသားများမှာမူ ရွာကလူများနားလည်စေရန် ရုံးတော်မှာဖြစ်ခဲ့သည့် ဖြစ်စဥ်အစ၊ဆုံးအား ပြန်လည်ပြောပြနေကျသည်မှာ စကားတစ်လုံးမှတောင်မကျန်ခဲ့လောက်ပေ။

သူတို့တွေ ပြောနေကျတုန်းတွင် ပိုင်လီက လူအုပ်ထဲကထွက်ကာ တဲအိမ်လေးရဲ့အပေါက်ဝက ကောသုံးယောက်စီလျောက်သွားလိုက်ပြီး ထိုကောသုံးယောက်မှာ ရှောင်ဟန်နှင့် ရှောင်ဟန်၏ ခြေထောက်များကိုတစ်ဖက်စီ ဖက်တွယ်ထားသော အသေးလေးများပါပင်။

ပိုင်လီကတော့ ဒီအသေးလေးတွေက လူအရမ်းကပ်သည်ဟုမြင်မိကာ အထူးသဖြင့် ရှောင်ဟန်နှင့်အတူရှိနေချိန်များတွင် ရှောင်ဟန်အား ခိုအားလားကောင်လေးများကဲ့သို့ ဖက်တွယ်ထားလေ့ရှိသည် တွေ့ခဲ့ရ၏။

ယခုချိန်တွင် အသေးလေးများက သူ့အားသိပ်မကြောက်တော့ပဲ ရှောင်ဟန်၏ခြေထောက်များကိုဖက်ထားရင်းမှ သူ့အားခိုးကြည့်နေကျသည်ကိုတွေ့နေရပြီး သူသာခေါ်လိုက်ရင် ပြေးလာနိုင်ဖွယ်ရာပင်ရှိသည်။ ထို့ကြောင့် ပိုင်လီက လက်ယပ်ခေါ်လိုက်ပြီး ခပ်တိုးတိုးဖြင့်...

"ဒီကိုလာခဲ့"

ပိုင်လီအထင်တိုင်းပင် ထိုအသေးလေးများက ချက်ခြင်း ရှောင်ဟန်၏ခြေထောက်များကိုစွန့်ပြစ်ကာ သူ့ခြေထောက်များထံ ပြေးလာပြီး ဖက်တွယ်လာကျသဖြင့် ပိုင်လီက ၎င်းလေးတို့ကိုအသဲမယားပဲမနေနိုင်တော့ပေ။ သူတို့ကိုကြည့်ရတာ တိုင်အသစ်ရသွားလို့ တိုင်အဟောင်းကိုစွန့်ပြစ်သွားတဲ့ ဖက်တွယ်တတ်တဲ့အကောင်ပေါက်စနလေးတွေလိုပါပဲ။ အရမ်းအသဲယားဖို့ကောင်းလွန်းလို့ သူက ချက်ခြင်းကောက်ချီပြီး မနမ်းဘဲမနေနိုင်ခဲ့ပါဘူး။

နမ်းပြီးနောက် သူက မေးလိုက်၏။

"ထမင်းစားပြီးပြီလား မင်းတို့ဖေဖေကဘာဟင်းတွေချက်ပေးလဲ "

ဒီလိုလယ်သမားရွာလေးတွင် တစ်နေ့ကိုနှစ်နှပ်ပဲစားကျသည်ဖြစ်လို့ အခုက ညနေစာစားရန်အချိန်ရောက်နေပြီဖြစ်၏။ သို့သော် အသေးလေးများသည် သူတို့အဖေကသူတို့ကိုနမ်းသည့်အပေါ် ရှက်သွားကျကာ ပိုင်လီပုခုံးပေါ်သို့ မျက်နှာလေးအပ်ကာပုန်းနေကျပြီး ပြန်ဖြေမလာကျသဖြင့် ပိုင်လီကအော်ရယ်ဖို့ တောင့်မခံနိုင်ခဲ့ပေ။ သူ့သားလေးတွေကအရမ်းချစ်ဖို့ကောင်းတာပဲ။ ဘာလို့ဒီလောက်တောင် ချစ်ဖို့ကောင်းရတာလဲ။ ဒီလို ချစ်ဖို့ကောင်းလွန်းတဲ့ လူသားအသေးလေးတွေကို ဘယ်သူမှမချစ်ဘဲနေနိုင်မှာမဟုတ်ဘူးလေ ဟုတ်တယ်မလား။ မူလပိုင်လီလို နှလုံးသားအခေါင်းပေါက်နဲ့ကောင်မျိုးကပဲ မချစ်ပဲနေနိုင်မှာ။

ပိုင်လီက အသေးလေးတွေထံမှအဖြေမရသဖြင့် ဆက်လျောက်သွားလိုက်ပြီး ရှောင်ဟန်ကိုသာ မေးရတော့၏။

"ကလေးတွေကို ညစာကျွေးပြီးပြီလား"

ရှောင်ဟန်သည် ခုချိန်ထိ ပိုင်လီ၏ ရုတ်တရက်နွေးထွေးလာမှုများကို အသားမကျသေးသဖြင့် အနည်းငယ်ကြောင်အမ်းနေပြီးမှ...

"အမ် ကျွေး ကျွေးပြီးပါပြီ"

ပိုင်လီက အခုအိမ်ပေါက်ဝမှာရောက်နေတာဖြစ်ပြီး အိမ်ထဲသို့မျက်လုံးဝေ့ကြည့်လိုက်တော့ ပိုင်မိုင်တစ်ယောက် အိပ်ချင်မူးတူးပုံစံဖြင့်ထလာတာကိုတွေ့ခဲ့ရသည်။ ကြည့်ရတာ ဒီကောင်မလေးက သူတို့ပြန်မလာခင်ထိ အိပ်ပျော်နေပုံရပြီး အခုမှအသံတွေကြောင့်နိုးလာပုံရပါတယ်။

ပိုင်မိန်က အမှန်ပင်ဆူညံသံများကြောင့်နိုးလာတာဖြစ်ပြီး ယောင်ဝါးဝါးဖြစ်နေကာ အပေါက်ဝက အသေးလေးတွေကိုချီထားသည့် ပိုင်လီကိုမြင်တော့ အံသြတကြီးဖြင့် ချက်ခြင်းထအော်လာရှာ၏။

"ဒုတိယအကိုလား!"

သူမက ကုတင်ပေါ်မှအမြန်ဆင်းရင်လည်း...

"ဒုတိယအကိုတို့ ပြန်လာပြီလား! ရုံးတော်ကနေလေ!"

သူမလေးက သူတို့တွေပြန်အလာကို တစ်ချိန်လုံးစောင့်နေတာအရမ်းသိသာပါတယ်။ အိပ်နေရင်းပေါ့။

ဒါကြောင့် ပိုင်လီက စချင်သွားပြီး ရုပ်တည်ဖြင့်...

"မဟုတ်ဘူး ဒုတိယအကိုတို့ပြန်မလာသေးပါဘူး မင်း အိမ်မက်မက်နေတာပါ"

ပိုင်မိန်သည် ကုတင်အောက်မှ ဖိနိပ်များကိုစီးတော့မည်ဖြစ်သော်လည်း ထိုစကားကြောင့် ရပ်တန့်သွားကာ မယုံနိုင်သော်လည်း သူမက အနည်းငယ်ယောင်ဝါးဝါးဖြစ်စဲဖြစ်သဖြင့် သူမနဖူးကို ဖက်ခနဲရိုက်ကာ စမ်းသပ်ကြည့်လိုက်မိပြီး ရလဒ်မှာတော့ အနည်းငယ်လက်စပြင်းသွားခဲ့သည်။

"အ! နာလိုက်တာ.."

ပိုင်လီက ဒီမြင်ကွင်းကိုကြည့်ပြီးရယ်မိသွားသလို့ အသေးလေးများလည်း ခေါင်းထောင်ကြည့်လာကျကာ ရှောင်ဟန်ပင်လျှင် ရယ်ချင်လာ၍ ခေါင်းငုံထားလိုက်ရသည်။ သူ့ရဲ့ဒီယောင်းမလေးက အနည်းငယ်ကလေးဆန်ပေမယ့် ဖြူစင်ရှာတယ်။ သူ့ရဲ့ဒုတိယအကိုက စနေတာအသိသာကြီးကို။

ပိုင်မိန်သည် နာကျင်သွားတဲ့သူမနဖူးကို အုပ်ကိုင်ရင်း ပိုင်လီကိုမကျေမနပ်ကြည့်လာကာ...

"ဒုတိယအကို! ဘာလို့ကိုယ့်ညီမလေးကို ဒီလိုမျိုးစနောက်ရတာလဲ! ကြည့်နေ အကို့ကိုအမေနဲ့တိုင်မယ်!!"

ထို့နောက် သူမသည်အပြင်ပြေးထွက်တော့မည်ဖြစ်သော်လည်း ပိုင်လီက အပေါက်ဝမှာပိတ်ရပ်ထားစဲဖြစ်ပြီး ဖယ်မပေးပဲ...

"မင်းကိုယ့်ကိုကိုယ်ပြန်ကြည့် အပြင်မှာကတစ်ရွာလုံးနီးပါးကလူတွေရောက်နေတာ ဒီလိုပုံစံနဲ့အပြင်ထွက်မလို့လား"

ပိုင်မိန်က အိပ်ရာထကာစဖြစ်လို့ အနည်းငယ်မသပ်မရပ်ဖြစ်နေပြီး သူမပါးပေါ်တွင် သားရေစီးကြောင်းတစ်ခုပင်ရှိနေသေးသည်။ 18နှစ်ပြည့်မှအရွယ်ရောက်တာကိုလက်ခံတဲ့ခေတ်ကလာတဲ့ ပိုင်လီအတွက်ကတော့ ပိုင်မိန်ကဘယ်လောက်ထွားနေပါစေ အသက်ကဆယ်နှစ်လို့သိထားသဖြင့် ပိုင်မိန်က သူ့အတွက် ကလေးတစ်ယောက်ပင်ဖြစ်သော်လည်း အပြင်ဘက်ကလူများကမူ သူ့နည်းတူမတွေးနိုင်ပေ။ ဒီမှာက ဆယ့်သုံးဆယ့်လေးဆိုရင် စေ့စပ်ပေးကျကာ ဆယ့်ငါးဆယ့်ခြောက်ဆိုရင် လက်ထပ်ပေးကျသဖြင့် ဆယ်နှစ်နှစ်ပတ်ဝန်းကျင်မှာပင် စေ့စပ်ဖို့အတွက် အကြည့်ခံနေရပြီဖြစ်သည်။ ဒါကြောင့် ပိုင်မိန်ရဲ့ဆယ်နှစ်အရွယ်က ကြီးတယ်လည်းမဟုတ် ငယ်တယ်လည်းမဟုတ်တဲ့အနေထားမှာရှိနေပြီး ဒီလိုအိပ်မှုံစုံမွှားပုံစံနဲ့သာ လူကြားထဲထွက်သွားရင် အနေထိုင်မတတ်တဲ့အတွက် ကဲ့ရဲ့ခံရပါလိမ့်မယ်။

ပိုင်မိန်သည် သူ့အကိုပြောမှ သတိရသွားပြီး သူမမျက်နှာကိုသုတ်ကာ သူမဆံပင်နှင့်အဝတ်စားများကိုသပ်ရပ်အောင်ပြင်ပြီးမှ အပြင်သို့ပြေးထွက်သွားသော်လည်း အဲဒီအချိန်မှာ သူမကပိုင်လီကိုတိုင်ဖို့ဆိုတာကို မေ့သွားခဲ့ပါပြီ။

ပိုင်လီက အသေးလေးများကိုချီကာ လူအုပ်ထံပြန်သွားတော့မည်ဖြစ်သော်လည်း တစ်ခုခုကိုသတိရသွားဟန်ဖြင့် ပြန်လှည့်လာပြီး ရှောင်ဟန်၏ဦးခေါင်းအားစေ့စေ့ကြည့်လာကာ...

"ဆံထိုးကရော ဘာလို့ထိုးမထားတာလဲ"

ရှောင်ဟန် ရုတ်တရုတ်လန့်သွားပြီး သူ့ဆံထုံးသူပြန်ကိုင်မိသွားပေမယ့် နောက်မှသူသိမ်းထားတာ ဖြစ်ကြောင်း သတိရသွားသဖြင့် စိတ်သက်သာရာရသွားခဲ့သည်။

"ရှိ ရှိပါတယ် ကျွန်တော် သိမ်းထားတာပါ"

ပိုင်လီက ဆံထိုးကို ရှောင်ဟန်တစ်ခုခုလုပ်လိုက်တယ်လို့ထင်လို့မေနေတာမဟုတ်ပဲ ဆံထိုးကိုထိုးထားတာမတွေ့လို့မေးလိုက်တာပါ။ ဒါကြောင့် သူက ဘာမှထပ်မပြောတော့ပဲ...

"ဘာဖြစ်လို့လဲ ဝတ်ထားလေ လက်ဝတ်ရတနာဆိုတာဝတ်ဖို့ပဲ ငါကမင်းတို့ဝတ်ရအောင်ဝယ်ပေးထားတာ"

ပိုင်လီက သူ့မိသားစုကို ကြွားဝါစေချင်တာမဟုတ်ပေမယ့် မသိမ်ငယ်စေချင်ဘူး။ ဝယ်လာတဲ့ငွေထည်ဘီးကို မပေးရသေးတဲ့ပိုင်အမေကလွဲရင် ပိုင်မိန်ကလည်း နားဆွဲလေးဝတ်ထားပြီး အသေးလေးများကလည်း လက်ကောက်လေးတွေဝတ်ထားကျကာ ရှောင်ဟန်ကသာ သိမ်းထားနေတာဖြစ်သည်။ တကယ်တော့ အရင်ထဲက မူလပိုင်လီရဲ့ နှစ်ပေါင်းများစွာနှိပ်စက်မှုသာမရှိခဲ့ရင် ပိုင်အိမ်ရဲ့အခြေနေနဲ့ ပိုင်အမေနဲ့ပိုင်မိန်မှာ ငွေထည်လက်ဝတ်ရတနာ တစ်ခုနှစ်ခုတော့ ရှိနေမှာဖြစ်ပြီး သူတို့ရဲ့ ပထမဆုံးမြေးတွေဖြစ်တဲ့အသေးလေးတွေကိုလည်း တစ်ခုစီတော့ဆင်ထားချင်ကျမှာ အသေချာပါပဲ။

ရှောင်ဟန်က ပိုင်လီကိုဘယ်လိုပြောရမလဲမသိဖြစ်နေကာ ဒါကသူ့ဘက်ကမိသားစုမလို့ ပြောလည်းပြောမပြချင်ပေ။ ထို့ကြောင့်သူက အခက်တွေ့နေရပြီး "အဲဒါက..."ဆိုသည့်စကားကလွဲလို့ ထပ်ထွက်မလာခဲ့တော့ပေ။

တကယ်တော့ အဲဒီနေ့က ပိုင်လီတို့ရုံးတော်သို့ထွက်သွားကျအပြီးတွင် ရွာသားများလည်း လူစုကွဲသွားကျကာ ရွာတွင်ကျန်ခဲ့သည့် ပိုင်စန်းနှင့်ပိုင်ဝူက ရိတ်သိမ်းရန်ကျန်ရှိနေသည့် လယ်အလုပ်များကို လက်စသပ်ဖို့သွားခဲ့ကျပြီး ပိုင်မိန်ကလည်းကူဖို့လိုက်သွားခဲ့သည်။ ရှောင်ဟန်ကလည်း လိုက်ကူညီချင်ပေမယ့် ကျန်းအိမ်က ကျန်ခဲ့တဲ့သားတွေကလည်း ကူညီမည်ဖြစ်တာကြောင့် ပိုင်အိမ်ကလူတွေက ရှောင်ဟန်ရဲ့အကူညီကိုလက်မခံခဲ့ကျပေ။ ရှောင်ဟန်က နေပြန်ကောင်းလာတာ မကြာသေးဘူးလေ။ ပြီးတော့ သူ့အိမ်မှာ ဆိပ်ကမ်းမြို့ကဝယ်လာတဲ့လှည်းနှစ်စီးစာ ပစ္စည်းတွေကိုစောင့်ဖို့လည်း လိုအပ်ပါသေးတယ်။

အဲဒီနောက် ပိုင်အိမ်က ချွေးမနှစ်ယောက်ကလည်း ပိုင်အိမ်မှာ လူမရှိဘူးဆိုသည့်အကြောင်းပြချက်ဖြင့်ပြန်သွားခဲ့ကျပြီး ဒီကျိုးရှီနဲ့စုရှီနဲ့ အစကတော့ ပိုင်လီတို့မြို့ကနေ ဘာတွေဝယ်လာတာလဲဆိုတာ စပ်စုပြီး အကျိုးမြတ်ရဖို့ အခွင့်ရေးကိုချောင်းဦးမလို့ပါပဲ။ ဒါပေမယ့် သူတို့ရဲ့ခင်ပွန်းတွေနဲ့ပိုင်မိဘတွေက ပိုင်လီရဲ့မိသားစုကိုသွားမနှောင့်ယှက်ဖို့မှာထားခဲ့ပြီး လဲ့ရှီကိုလည်း ရုံးတော်ကိုတိုင်ကြားတာကိုတွေ့လိုက်ရတဲ့အခါ အနည်းငယ်လန့်ပြီး ပြန်ပြေးသွားခဲ့ကျသည်။ အဲဒီနောက် တုရှီကညဘက် ရှောင်ဟန်နဲ့လာအိပ်ပေးမည်ဖြစ်၍ သူမတို့ရဲ့အိမ်ဦးစီးကလည်းအိမ်တွင်မရှိသောကြောင့် သူမအိမ်ကိုစီစဥ်စရာရှိတာများ စီစဥ်ရန်ပြန်သွားခိုက်တွင် ပြန်သွားပြီဖြစ်သော ရှောင်အိမ်က သုံးယောက်က ရှောင်ဟန်ထံပြန်ရောက်လာခဲ့ကျသည်။ ထိုသုံးယောက်မှာ ရီမျန်(ရှောင်လျန်၏ဇနီး)၊ ရှောင်ရုံဟွာ(ရှောင်အိမ်၏တတိယသမီး)နှင့် ရှောင်ထင်းထင်း (ရှောင်အိမ်၏အငယ်ဆုံးသား/ကော)တို့ပင်။

ရှောင်ဟန်က ပိုင်လီတို့ရုံးတော်သွားကျရသည်ကို စိတ်ပူနေစဥ် ထိုသုံးယောက်ရောက်သောအခါ စိုးရိမ်စိတ်များဝင်လာခဲ့ရသည်။ သူထင်တဲ့အတိုင်းပါပဲ ထိုသုံးယောက်က အသေးလေးတွေရဲ့လက်ကောက်လေးတွေကအရမ်းလက်ရာမြောက်ပြီးလှကြောင်းကို ထပ်တလဲလဲချီးကျူးကျပြီး နောက်၌ ရှောင်ဟန်ခေါင်းမှဆံထိုးကိုမြင်သွားပုံနှင့် ကြည့်ရန်ခဏဖြုတ်ပေးဖို့ ဝိုင်းဝန်းပြောဆိုလာကျသည်။ ရှောင်ဟန်ကအဲလိုမလုပ်ချင်ပေမယ့် အဲဒီအချိန်မှာ အိမ်မှာက သူနဲ့အသေးတွေပဲရှိပါတယ်။ ပြီးတော့ ဒီ သူ့ကို့ငယ်စဥ်ထဲကအနိုင်ကျင့်တတ်တဲ့ အဖေတူမအေကွဲနှစ်ယောက်နှင့် အိမ်ထဲဝင်လာထဲက သူ့ကိူအနိုင်ကျင့်ရာမှာပူးပေါင်းခဲ့တဲ့ မရီးဖြစ်သူကို ကြောက်ရတာကြောင့် ရွေးချယ်စရာမရှိပဲဆံထိုးကို ဖြုတ်ပေးခဲ့ရသည်။

သူက အဲဒိအချိန်မှာ ရွာကိုပြန်ရောက်ထဲက ဆံထိုးကိုဖြုတ်သိမ်းမထားမိတဲ့အတွက် သူ့ကိုယ်သူမုန်းခဲ့မိတယ်။

တကယ်တော့ ဒီလိုပြဿနာတွေသာရှုပ်ထွေးမနေဘူးဆိုရင် သူကဖြုတ်သိမ်းဖို့မေ့သွားခဲ့မမှာလည်းမဟုတ်ပါဘူး။

ထိုသုံးယောက်သည် ဆံထိုးကို တစ်ယောက်တစ်လဲထိုးကြည့်ကျကာ မုန်ရှေ့တွင်ကျေနပ်သည့်မျက်နှာများဖြင့် ဆံထိုးကမည်မျှလှကြောင်းနှင့် ဘယ်လိုတောင်လက်ရာမြှောက်ကြောင်းကို အဖန်တရာတေအောင်ပြောနေသော်လည်း ရှောင်ဟန်ကမူ ပျော်ရွှင်ခြင်းမရှိခဲ့ချေ။

တကယ်တော့ ရှောင်ဟန်ရဲ့ဆံထိုးကတကယ်လှပါတယ်။ ပြုလုပ်ထားတဲ့ငွေထည်က အထူးသန့်စင်ထားတဲ့အတွက် ဖြူဖွေးနေကာ ပုလဲရောင်ပြေးနေသကဲ့သို့ပင်ထင်ရပြီး ပုံဖော်ထားသည့် သစ်ခက်များကြားမှ ပန်းဖူးများကွယ်ဝှက်နေပုံသည် လက်ရာမြောက်လှသည်။

ရှောင်အိမ်ကသုံးယောက်ထံတွင် ငွေထည်လက်ဝတ်ရတနာတချို့ရှိသော်လည်း ဤမျှမကောင်းဟုခံစားမိကျကာ သူတို့အနိုင်ကျင့်လာသောလူက သူတို့ထက်ကောင်းသော ပစ္စည်းအားပိုင်ဆိုင်ရသဖြင့် အလွန်မနာဖြစ်ကျရပြီး အပေါ်ယံတွင်ပြုံးနေကျသော်လည်း တကယ်တမ်း ပျော်မနေကျပေ။

သူတို့က ရှောင်ဟန်တစ်ယောက် ပိုင်လီနှိပ်စက်လို့မကြာခင်သေသွားမှာပဲလို့ ထင်ထားကျပေမယ့် ဘယ်သူထင်မှာလဲ။ ပိုင်လီက ကြားထဲမှာထဖောက်ပြီးပြောင်းလဲသွားမယ်လိမ့်မယ်။

အနှီသုံးယောက်က ဆံထိုးအားချီးမွှမ်းသလို ရှောင်ဟန်ကိုလဲမည်မျှကံကောင်းကြောင်း အရပ်မနားမြှောက်ပင့်ခဲ့ကျပြီး နောက်ဆုံးတော့ ရှောင်ဟန်ထင်ထားသလိုပဲ သူတို့ရဲ့မြှောက်ပင့်မှုတွေက ဆံထိုးကိုငှားချင်လို့သာဖြစ်နေခဲ့သည်။

ရှောင်ရုံဟွာသည် ဆံထိုးကိုအလွန်သဘောကျသဖြင့် တစ်ရက်လောက်ငှားပါရစေဟုပြောခဲ့သော်လည်း ၎င်းတို့လက်ထဲရောက်သွားပါက ပြန်ရရန်ခက်ခဲမည်ကြောင်း ရှောင်ဟန်ထက်မည်သူမှပိုမသိနိုင်ပေ။ ထို့ကြောင့် ရှောင်ဟန်က ဤဆံထိုးကပိုင်လီဝယ်ပေးထားတာဖြစ်လို့ ငှားမိရင် ပိုင်လီစိတ်ဆိုးမှာကြောက်မိကြောင်း ပြောခဲ့သော်လည်း ရှောင်ရုံဟွာက ယုံကြည်မှုလွန်ကဲနေခဲ့၏။ သူမထင်တာက ပိုင်လီက သူမသာ ဒီဆံထိုးလေးထိုးထားရင်မြင်ရင် ပြန်တောင်းရက်တော့မှာမဟုတ်လောက်ဖူးလို့ပေါ့။ ထို့ကြောင့်သူမက ပိုင်လီပြန်မလာခင် ပြန်ပေးမည်ဖြစ်ကြောင်းပြောကာ အတင်းယူသွားရန်ပြင်ခဲ့သော်လည်း တုရှီပြန်ရောက်လာခဲ့သဖြင့် မအောင်မြင်လိုက်ချေ။

တုရှီက မညှာတာချေ။ သူမက ရှောင်အိမ်ကသုံးယောက်အား...

"နင်တို့မိသားစုရဲ့အကြီးကဲတွေက ခိုးမှုနဲ့ရုံးတော်ကိုရောက်နေပေမယ့် နင်တို့ကဒီမှာလုယက်ချင်နေတုန်းလား!" ဟု ပြောခဲ့သဖြင့်သာ ရှောင်အိမ်ကသုံးယောက်က လက်လျော့သွားခဲ့ရတာပင်။ တုရှီက ရွာအကြီးကဲရဲ့ဇနီးဖြစ်တဲ့အတွက် သူမတို့ကဘယ်လိုမှပြန်မပြောနိုင်ဘူးလေ။

အဲဒီနောက် ရှောင်ဟန်ကဆံထိုးကိုလုံခြုံစွာဖွတ်ထားဖို့ဆုံးဖြတ်ခဲ့ပြီး နောက်တစ်ခေါက်မထုတ်ချင်တော့ပေ။ သူက ပြဿနာတတ်မှာအရမ်းကြောက်တယ်။ ပြီးတော့ အဲဒီအတွက် ပိုင်လီဒေါသထွက်မှာကိုပိုကြောက်ပါတယ်။
.
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိမ်ညွန့်😚
.................................................................
(AN/  ရီဒါတွေကိုပြောရဦးမယ်။
ကိုယ်စာမူပြင်စရာရှိလို့ လဝက်လောက်နားမှာလို့ပြောခဲ့ပေမယ့် မနားပဲရေးနေတာကို ဘာလို့လဲဆိုပြီး တစ်ယောက်မှလည်း မမေးဘူးရော်😒 မသိချင်ယောင်ဆောင်နေကျတယ်ပေါ့ဟုတ်လား။ ဟွန်း အဲတာ ပြောထားလိုက်ပြီ ကိုယ့်ရှေ့ကစာအုပ်က ကျန့်ကြာတာလေးဖြစ်သွားလို့ တစ်လနောက်ဆုတ်လိုက်တာပါ။ အဲဒါကြောင့် အချိန်ပိုထွက်လာပြီး စာရေးတာကိုမနားဖြစ်တော့တာပါ။ ဒါကြောင့်စာမူပြင်ရမယ့်အချိန် ရောက်လာဦးမှာဖြစ်ကြောင်းပါရှင်။😚

အဲဒီအချိန်ကျမှ မသိခြင်ထောင်တွေထောင်ပြီး စာမူကဘယ်နှခါပြင်နေမှာလဲလို့ မမေးရဘူးနော်😐)

###

အပိုင္း (၂၈) ေရွာင္ဟန္ကဆံထိုးေလးကိုဖြတ္ထားတယ္

တရားသူႀကီးက ေရွာင္အိမ္က ပစၥည္းေတြကိုျပန္ေပးရမယ့္အေၾကာင္း ထည့္မေျပာသြားခဲ့ေသာ္လည္း ေရွာင္အိမ္ႏွင့္ပတ္သတ္ၿပီး ႐ြာအႀကီးကဲက်န္းကိုစီရင္ခြင့္ေပးထားသျဖင့္ ေျပာစရာမလိုေတာ့၍သာျဖစ္သည္။ အႀကီးက်န္းကလည္း ပိုင္လီထံမွ ေရွာင္မိသားစုယူထားသမွ်ကိုျပန္ေတာင္းေပးမွာျဖစ္ၿပီး သုံးထား၍ေလ်ာ့ေနတာမ်ိဳးရွိပါက တန္ဖိုးအတိုင္းျပန္ေလ်ာ္ခိုင္းမွာပင္။

သူတို႔သည္ ေရွာင္မိသားစု၏ေအာ္သံမ်ားကိုၾကားေနရေသာ္လည္း ရိုက္ႏွက္ခံရသည္အား သြားၾကည့္ခ်င္စိတ္ရွိမေနေပ။ သူတို႔ေတြ မေန႕ညကအိပ္ေရးပ်က္ခဲ့ၿပီး ႐ြာကိုျပန္တဲ့လမ္းကလည္း ရွည္မွာျဖစ္လို႔ ႐ြာကိုျပန္က်ေတာ့ဖို႔သာ ဆုံးျဖတ္လိုက္က်ကာ ႐ြာသားမ်ားက ေရွာင္မိသားစုကို ႐ြာမွမႏွင္ထုတ္နိုင္သည့္အေပၚ စိတ္တိုက်ေသာ္လည္း ဒါကသူတို႔႐ြာအႀကီးကဲ၏ဆုံးျဖတ္ခ်က္ျဖစ္ေသာေၾကာင့္ ျငင္းဆန္ျခင္းေတာ့မရွိခဲ့ပါေခ်။

ေရွာင္မိသားစုအတြက္ကေတာ့ သူတို႔အပိုင္လွည္းရွိေနစဲျဖစ္တဲ့အတြက္ ျပစ္ဒဏ္ခံယူၿပီးရင္ သူတို႔ဘာသာျဖစ္တဲ့နည္းနဲ႕ျပန္လာက်ပါလိမ့္မယ္။ ႐ြာသားေတြက ဒါကိုဂ႐ုစိုက္မေနပါဘူး။

ထို႔ေၾကာင့္ လွည္းႏွစ္စီးသည္ ေရွာင္အိမ္ကလူမ်ားကိုခ်န္ထားရစ္လ်က္ နန္ေခ်ာင္း႐ြာေလးသို႔ျပန္သြားခဲ့က်သည္။ သူတို႔ေတြၿမိဳ႕ေလးသို႔အေရာက္တြက္ ပိုင္လီက အားလုံးကိုေက်းဇူးတင္သည့္အေနျဖင့္ ေခါက္ဆြဲဆိုင္တြင္ အသားေခါက္ဆြဲမ်ားဝယ္ေကြၽးခဲ့ၿပီး ဒီ႐ြာသားေတြက ေငြေပးရင္လည္းလက္ခံမွာမဟုတ္လို႔ သူကဒီလိုနည္းနဲ႕ပဲေက်းဇူးကိုျပန္ဆပ္နိုင္ခဲ့ပါတယ္။

အဲဒီေနာက္ သူတို႔ေတြ႐ြာျပန္ေရာက္ခ်ိန္မွာေတာ့ ညေနခင္းအခ်ိန္သို႔ေရာက္ေတာ့မည္ျဖစ္ၿပီး ပိုင္လီ၏ခန့္မွန္းခ်က္အရ ညေနငါးနာရီေလာက္ျဖစ္ေလာက္မည္။ ႐ြာေလးရဲ႕ထုံးစံအတိုင္း တစ္ခုခုဆိုပါက ႐ြာသားမ်ားဝိုင္းအုံလာတတ္သလိုပင္ ႐ြာတြင္က်န္ခဲ့သူမ်ားက ႐ုံးေတာ္သို႔သြားေရာက္သည့္လူမ်ားကိုေမွ်ာ္ေနက်သျဖင့္ လွည္းႏွစ္စီး႐ြာေလးထဲျပန္ဝင္လာသည္ႏွင့္ ကြၽတ္ကြၽတ္ညံကာ လွည္းမ်ားေနာက္မွလိုက္ပါလာက်၏။ လွည္းႏွစ္စီးက ပိုင္လီ၏အိမ္တြင္ရပ္လိုက္ေသာအခါ ပိုင္လီအိမ္ဝန္းထဲ၌ ခ်က္ျခင္းပင္လူမ်ားျပည့္ႏွက္လို႔သြားခဲ့ေတာ့သည္။

႐ြာသားမ်ားသည္ ျပန္လာသည့္လူမ်ားလွည္းေပၚကမဆင္းရေသးခင္မွာပင္ လွည္းသုံးစီးထြက္သြားသည္ျဖစ္ေသာ္လည္း ႏွစ္စီးသာျပန္ေရာက္လာ၍ အလြန္စူးစမ္းခ်င္ေနက်ကာ...

"အယ္ လွည္းကႏွစ္စီးထဲပါလား"

"ဟုတ္တယ္ေနာ္ ငါကအစကတစ္စီးကေနာက္မွာက်န္ေနခဲ့တာလားလို႔ ေစာင့္ၾကည့္ေနေသးတာ ေနာက္မွာဘာလွည္းမွပါလာတာမေတြ႕ခဲ့ဘူး"

"အႀကီးကဲ ေရွာင္အိမ္ကလွည္းက ဘာလို႔ျပန္ပါမလာတာလဲ"

"ဟုတ္သားပဲ ေပ်ာက္ေနတာေရွာင္အိမ္ကလူေတြနဲ႕ သူတို႔လွည္းပဲေနာ္"

"ဓားျပတိုက္ခံရတာမ်ားလား"

"မင္း! ေပါက္ကရေတြ ဘယ္ကဓားျပရွိမွာလဲ ေရွာင္အိမ္ကလူေတြ အျပစ္ရွိလို႔ေထာင္ခ်ခံလိုက္ရၿပီေနမွာ"

"မင္းေျပာတာလည္းမဟုတ္ေသးဘူးဟ ေရွာင္အိမ္ကလူေတြေထာင္ခ်ခံရရင္ လွည္းက႐ြာကလူေတြနဲ႕ျပန္ပါလာရမွာေလ"

"အို႔ ငါကအဲတာကိုမစဥ္းစားလိုက္မိဘူး"

ဤသို႔ျဖင့္ ေမးခြန္မ်ား၊ထင္ေၾကးမ်ားျဖင့္ ျပည့္ႏွက္ေနသျဖင့္ အႀကီးကဲက်န္းက အားလုံးအားတိတ္တိတ္ေနရန္ လက္ျပလိုက္ရသည္။ အဲဒီေနာက္ လူႀကီးေတြက ပိုင္လီတို႔အိမ္အျပင္ဘက္မွာခ်ထားစဲျဖစ္တဲ့စားပြဲဝိုင္းေလးမွာ ဝင္ထိုင္လိုက္က်ၿပီး ႐ုံးေတာ္သို႔လိုက္ပါခဲ့သည့္ ႐ြာသားမ်ားမွာမူ ႐ြာကလူမ်ားနားလည္ေစရန္ ႐ုံးေတာ္မွာျဖစ္ခဲ့သည့္ ျဖစ္စဥ္အစ၊ဆုံးအား ျပန္လည္ေျပာျပေနက်သည္မွာ စကားတစ္လုံးမွေတာင္မက်န္ခဲ့ေလာက္ေပ။

သူတို႔ေတြ ေျပာေနက်တဳန္းတြင္ ပိုင္လီက လူအုပ္ထဲကထြက္ကာ တဲအိမ္ေလးရဲ႕အေပါက္ဝက ေကာသုံးေယာက္စီေလ်ာက္သြားလိုက္ၿပီး ထိုေကာသုံးေယာက္မွာ ေရွာင္ဟန္ႏွင့္ ေရွာင္ဟန္၏ ေျခေထာက္မ်ားကိုတစ္ဖက္စီ ဖက္တြယ္ထားေသာ အေသးေလးမ်ားပါပင္။

ပိုင္လီကေတာ့ ဒီအေသးေလးေတြက လူအရမ္းကပ္သည္ဟုျမင္မိကာ အထူးသျဖင့္ ေရွာင္ဟန္ႏွင့္အတူရွိေနခ်ိန္မ်ားတြင္ ေရွာင္ဟန္အား ခိုအားလားေကာင္ေလးမ်ားကဲ့သို႔ ဖက္တြယ္ထားေလ့ရွိသည္ ေတြ႕ခဲ့ရ၏။

ယခုခ်ိန္တြင္ အေသးေလးမ်ားက သူ႕အားသိပ္မေၾကာက္ေတာ့ပဲ ေရွာင္ဟန္၏ေျခေထာက္မ်ားကိုဖက္ထားရင္းမွ သူ႕အားခိုးၾကည့္ေနက်သည္ကိုေတြ႕ေနရၿပီး သူသာေခၚလိုက္ရင္ ေျပးလာနိုင္ဖြယ္ရာပင္ရွိသည္။ ထို႔ေၾကာင့္ ပိုင္လီက လက္ယပ္ေခၚလိုက္ၿပီး ခပ္တိုးတိုးျဖင့္...

"ဒီကိုလာခဲ့"

ပိုင္လီအထင္တိုင္းပင္ ထိုအေသးေလးမ်ားက ခ်က္ျခင္း ေရွာင္ဟန္၏ေျခေထာက္မ်ားကိုစြန့္ျပစ္ကာ သူ႕ေျခေထာက္မ်ားထံ ေျပးလာၿပီး ဖက္တြယ္လာက်သျဖင့္ ပိုင္လီက ၎ေလးတို႔ကိုအသဲမယားပဲမေနနိုင္ေတာ့ေပ။ သူတို႔ကိုၾကည့္ရတာ တိုင္အသစ္ရသြားလို႔ တိုင္အေဟာင္းကိုစြန့္ျပစ္သြားတဲ့ ဖက္တြယ္တတ္တဲ့အေကာင္ေပါက္စနေလးေတြလိုပါပဲ။ အရမ္းအသဲယားဖို႔ေကာင္းလြန္းလို႔ သူက ခ်က္ျခင္းေကာက္ခ်ီၿပီး မနမ္းဘဲမေနနိုင္ခဲ့ပါဘူး။

နမ္းၿပီးေနာက္ သူက ေမးလိုက္၏။

"ထမင္းစားၿပီးၿပီလား မင္းတို႔ေဖေဖကဘာဟင္းေတြခ်က္ေပးလဲ "

ဒီလိုလယ္သမား႐ြာေလးတြင္ တစ္ေန႕ကိုႏွစ္ႏွပ္ပဲစားက်သည္ျဖစ္လို႔ အခုက ညေနစာစားရန္အခ်ိန္ေရာက္ေနၿပီျဖစ္၏။ သို႔ေသာ္ အေသးေလးမ်ားသည္ သူတို႔အေဖကသူတို႔ကိုနမ္းသည့္အေပၚ ရွက္သြားက်ကာ ပိုင္လီပုခုံးေပၚသို႔ မ်က္ႏွာေလးအပ္ကာပုန္းေနက်ၿပီး ျပန္ေျဖမလာက်သျဖင့္ ပိုင္လီကေအာ္ရယ္ဖို႔ ေတာင့္မခံနိုင္ခဲ့ေပ။ သူ႕သားေလးေတြကအရမ္းခ်စ္ဖို႔ေကာင္းတာပဲ။ ဘာလို႔ဒီေလာက္ေတာင္ ခ်စ္ဖို႔ေကာင္းရတာလဲ။ ဒီလို ခ်စ္ဖို႔ေကာင္းလြန္းတဲ့ လူသားအေသးေလးေတြကို ဘယ္သူမွမခ်စ္ဘဲေနနိုင္မွာမဟုတ္ဘူးေလ ဟုတ္တယ္မလား။ မူလပိုင္လီလို ႏွလုံးသားအေခါင္းေပါက္နဲ႕ေကာင္မ်ိဳးကပဲ မခ်စ္ပဲေနနိုင္မွာ။

ပိုင္လီက အေသးေလးေတြထံမွအေျဖမရသျဖင့္ ဆက္ေလ်ာက္သြားလိုက္ၿပီး ေရွာင္ဟန္ကိုသာ ေမးရေတာ့၏။

"ကေလးေတြကို ညစာေကြၽးၿပီးၿပီလား"

ေရွာင္ဟန္သည္ ခုခ်ိန္ထိ ပိုင္လီ၏ ႐ုတ္တရက္ႏြေးေထြးလာမႈမ်ားကို အသားမက်ေသးသျဖင့္ အနည္းငယ္ေၾကာင္အမ္းေနၿပီးမွ...

"အမ္ ေကြၽး ေကြၽးၿပီးပါၿပီ"

ပိုင္လီက အခုအိမ္ေပါက္ဝမွာေရာက္ေနတာျဖစ္ၿပီး အိမ္ထဲသို႔မ်က္လုံးေဝ့ၾကည့္လိုက္ေတာ့ ပိုင္မိုင္တစ္ေယာက္ အိပ္ခ်င္မူးတူးပုံစံျဖင့္ထလာတာကိုေတြ႕ခဲ့ရသည္။ ၾကည့္ရတာ ဒီေကာင္မေလးက သူတို႔ျပန္မလာခင္ထိ အိပ္ေပ်ာ္ေနပုံရၿပီး အခုမွအသံေတြေၾကာင့္နိုးလာပုံရပါတယ္။

ပိုင္မိန္က အမွန္ပင္ဆူညံသံမ်ားေၾကာင့္နိုးလာတာျဖစ္ၿပီး ေယာင္ဝါးဝါးျဖစ္ေနကာ အေပါက္ဝက အေသးေလးေတြကိုခ်ီထားသည့္ ပိုင္လီကိုျမင္ေတာ့ အံၾသတႀကီးျဖင့္ ခ်က္ျခင္းထေအာ္လာရွာ၏။

"ဒုတိယအကိုလား!"

သူမက ကုတင္ေပၚမွအျမန္ဆင္းရင္လည္း...

"ဒုတိယအကိုတို႔ ျပန္လာၿပီလား! ႐ုံးေတာ္ကေနေလ!"

သူမေလးက သူတို႔ေတြျပန္အလာကို တစ္ခ်ိန္လုံးေစာင့္ေနတာအရမ္းသိသာပါတယ္။ အိပ္ေနရင္းေပါ့။

ဒါေၾကာင့္ ပိုင္လီက စခ်င္သြားၿပီး ႐ုပ္တည္ျဖင့္...

"မဟုတ္ဘူး ဒုတိယအကိုတို႔ျပန္မလာေသးပါဘူး မင္း အိမ္မက္မက္ေနတာပါ"

ပိုင္မိန္သည္ ကုတင္ေအာက္မွ ဖိနိပ္မ်ားကိုစီးေတာ့မည္ျဖစ္ေသာ္လည္း ထိုစကားေၾကာင့္ ရပ္တန့္သြားကာ မယုံနိုင္ေသာ္လည္း သူမက အနည္းငယ္ေယာင္ဝါးဝါးျဖစ္စဲျဖစ္သျဖင့္ သူမနဖူးကို ဖက္ခနဲရိုက္ကာ စမ္းသပ္ၾကည့္လိုက္မိၿပီး ရလဒ္မွာေတာ့ အနည္းငယ္လက္စျပင္းသြားခဲ့သည္။

"အ! နာလိုက္တာ.."

ပိုင္လီက ဒီျမင္ကြင္းကိုၾကည့္ၿပီးရယ္မိသြားသလို႔ အေသးေလးမ်ားလည္း ေခါင္းေထာင္ၾကည့္လာက်ကာ ေရွာင္ဟန္ပင္လွ်င္ ရယ္ခ်င္လာ၍ ေခါင္းငုံထားလိုက္ရသည္။ သူ႕ရဲ႕ဒီေယာင္းမေလးက အနည္းငယ္ကေလးဆန္ေပမယ့္ ျဖဴစင္ရွာတယ္။ သူ႕ရဲ႕ဒုတိယအကိုက စေနတာအသိသာႀကီးကို။

ပိုင္မိန္သည္ နာက်င္သြားတဲ့သူမနဖူးကို အုပ္ကိုင္ရင္း ပိုင္လီကိုမေက်မနပ္ၾကည့္လာကာ...

"ဒုတိယအကို! ဘာလို႔ကိုယ့္ညီမေလးကို ဒီလိုမ်ိဳးစေနာက္ရတာလဲ! ၾကည့္ေန အကို႔ကိုအေမနဲ႕တိုင္မယ္!!"

ထို႔ေနာက္ သူမသည္အျပင္ေျပးထြက္ေတာ့မည္ျဖစ္ေသာ္လည္း ပိုင္လီက အေပါက္ဝမွာပိတ္ရပ္ထားစဲျဖစ္ၿပီး ဖယ္မေပးပဲ...

"မင္းကိုယ့္ကိုကိုယ္ျပန္ၾကည့္ အျပင္မွာကတစ္႐ြာလုံးနီးပါးကလူေတြေရာက္ေနတာ ဒီလိုပုံစံနဲ႕အျပင္ထြက္မလို႔လား"

ပိုင္မိန္က အိပ္ရာထကာစျဖစ္လို႔ အနည္းငယ္မသပ္မရပ္ျဖစ္ေနၿပီး သူမပါးေပၚတြင္ သားေရစီးေၾကာင္းတစ္ခုပင္ရွိေနေသးသည္။ 18ႏွစ္ျပည့္မွအ႐ြယ္ေရာက္တာကိုလက္ခံတဲ့ေခတ္ကလာတဲ့ ပိုင္လီအတြက္ကေတာ့ ပိုင္မိန္ကဘယ္ေလာက္ထြားေနပါေစ အသက္ကဆယ္ႏွစ္လို႔သိထားသျဖင့္ ပိုင္မိန္က သူ႕အတြက္ ကေလးတစ္ေယာက္ပင္ျဖစ္ေသာ္လည္း အျပင္ဘက္ကလူမ်ားကမူ သူ႕နည္းတူမေတြးနိုင္ေပ။ ဒီမွာက ဆယ့္သုံးဆယ့္ေလးဆိုရင္ ေစ့စပ္ေပးက်ကာ ဆယ့္ငါးဆယ့္ေျခာက္ဆိုရင္ လက္ထပ္ေပးက်သျဖင့္ ဆယ္ႏွစ္ႏွစ္ပတ္ဝန္းက်င္မွာပင္ ေစ့စပ္ဖို႔အတြက္ အၾကည့္ခံေနရၿပီျဖစ္သည္။ ဒါေၾကာင့္ ပိုင္မိန္ရဲ႕ဆယ္ႏွစ္အ႐ြယ္က ႀကီးတယ္လည္းမဟုတ္ ငယ္တယ္လည္းမဟုတ္တဲ့အေနထားမွာရွိေနၿပီး ဒီလိုအိပ္မႈံစုံမႊားပုံစံနဲ႕သာ လူၾကားထဲထြက္သြားရင္ အေနထိုင္မတတ္တဲ့အတြက္ ကဲ့ရဲ႕ခံရပါလိမ့္မယ္။

ပိုင္မိန္သည္ သူ႕အကိုေျပာမွ သတိရသြားၿပီး သူမမ်က္ႏွာကိုသုတ္ကာ သူမဆံပင္ႏွင့္အဝတ္စားမ်ားကိုသပ္ရပ္ေအာင္ျပင္ၿပီးမွ အျပင္သို႔ေျပးထြက္သြားေသာ္လည္း အဲဒီအခ်ိန္မွာ သူမကပိုင္လီကိုတိုင္ဖို႔ဆိုတာကို ေမ့သြားခဲ့ပါၿပီ။

ပိုင္လီက အေသးေလးမ်ားကိုခ်ီကာ လူအုပ္ထံျပန္သြားေတာ့မည္ျဖစ္ေသာ္လည္း တစ္ခုခုကိုသတိရသြားဟန္ျဖင့္ ျပန္လွည့္လာၿပီး ေရွာင္ဟန္၏ဦးေခါင္းအားေစ့ေစ့ၾကည့္လာကာ...

"ဆံထိုးကေရာ ဘာလို႔ထိုးမထားတာလဲ"

ေရွာင္ဟန္ ႐ုတ္တ႐ုတ္လန့္သြားၿပီး သူ႕ဆံထုံးသူျပန္ကိုင္မိသြားေပမယ့္ ေနာက္မွသူသိမ္းထားတာ ျဖစ္ေၾကာင္း သတိရသြားသျဖင့္ စိတ္သက္သာရာရသြားခဲ့သည္။

"ရွိ ရွိပါတယ္ ကြၽန္ေတာ္ သိမ္းထားတာပါ"

ပိုင္လီက ဆံထိုးကို ေရွာင္ဟန္တစ္ခုခုလုပ္လိုက္တယ္လို႔ထင္လို႔ေမေနတာမဟုတ္ပဲ ဆံထိုးကိုထိုးထားတာမေတြ႕လို႔ေမးလိုက္တာပါ။ ဒါေၾကာင့္ သူက ဘာမွထပ္မေျပာေတာ့ပဲ...

"ဘာျဖစ္လို႔လဲ ဝတ္ထားေလ လက္ဝတ္ရတနာဆိုတာဝတ္ဖို႔ပဲ ငါကမင္းတို႔ဝတ္ရေအာင္ဝယ္ေပးထားတာ"

ပိုင္လီက သူ႕မိသားစုကို ႂကြားဝါေစခ်င္တာမဟုတ္ေပမယ့္ မသိမ္ငယ္ေစခ်င္ဘူး။ ဝယ္လာတဲ့ေငြထည္ဘီးကို မေပးရေသးတဲ့ပိုင္အေမကလြဲရင္ ပိုင္မိန္ကလည္း နားဆြဲေလးဝတ္ထားၿပီး အေသးေလးမ်ားကလည္း လက္ေကာက္ေလးေတြဝတ္ထားက်ကာ ေရွာင္ဟန္ကသာ သိမ္းထားေနတာျဖစ္သည္။ တကယ္ေတာ့ အရင္ထဲက မူလပိုင္လီရဲ႕ ႏွစ္ေပါင္းမ်ားစြာႏွိပ္စက္မႈသာမရွိခဲ့ရင္ ပိုင္အိမ္ရဲ႕အေျခေနနဲ႕ ပိုင္အေမနဲ႕ပိုင္မိန္မွာ ေငြထည္လက္ဝတ္ရတနာ တစ္ခုႏွစ္ခုေတာ့ ရွိေနမွာျဖစ္ၿပီး သူတို႔ရဲ႕ ပထမဆုံးေျမးေတြျဖစ္တဲ့အေသးေလးေတြကိုလည္း တစ္ခုစီေတာ့ဆင္ထားခ်င္က်မွာ အေသခ်ာပါပဲ။

ေရွာင္ဟန္က ပိုင္လီကိုဘယ္လိုေျပာရမလဲမသိျဖစ္ေနကာ ဒါကသူ႕ဘက္ကမိသားစုမလို႔ ေျပာလည္းေျပာမျပခ်င္ေပ။ ထို႔ေၾကာင့္သူက အခက္ေတြ႕ေနရၿပီး "အဲဒါက..."ဆိုသည့္စကားကလြဲလို႔ ထပ္ထြက္မလာခဲ့ေတာ့ေပ။

တကယ္ေတာ့ အဲဒီေန႕က ပိုင္လီတို႔႐ုံးေတာ္သို႔ထြက္သြားက်အၿပီးတြင္ ႐ြာသားမ်ားလည္း လူစုကြဲသြားက်ကာ ႐ြာတြင္က်န္ခဲ့သည့္ ပိုင္စန္းႏွင့္ပိုင္ဝူက ရိတ္သိမ္းရန္က်န္ရွိေနသည့္ လယ္အလုပ္မ်ားကို လက္စသပ္ဖို႔သြားခဲ့က်ၿပီး ပိုင္မိန္ကလည္းကူဖို႔လိုက္သြားခဲ့သည္။ ေရွာင္ဟန္ကလည္း လိုက္ကူညီခ်င္ေပမယ့္ က်န္းအိမ္က က်န္ခဲ့တဲ့သားေတြကလည္း ကူညီမည္ျဖစ္တာေၾကာင့္ ပိုင္အိမ္ကလူေတြက ေရွာင္ဟန္ရဲ႕အကူညီကိုလက္မခံခဲ့က်ေပ။ ေရွာင္ဟန္က ေနျပန္ေကာင္းလာတာ မၾကာေသးဘူးေလ။ ၿပီးေတာ့ သူ႕အိမ္မွာ ဆိပ္ကမ္းၿမိဳ႕ကဝယ္လာတဲ့လွည္းႏွစ္စီးစာ ပစၥည္းေတြကိုေစာင့္ဖို႔လည္း လိုအပ္ပါေသးတယ္။

အဲဒီေနာက္ ပိုင္အိမ္က ေခြၽးမႏွစ္ေယာက္ကလည္း ပိုင္အိမ္မွာ လူမရွိဘူးဆိုသည့္အေၾကာင္းျပခ်က္ျဖင့္ျပန္သြားခဲ့က်ၿပီး ဒီက်ိဳးရွီနဲ႕စုရွီနဲ႕ အစကေတာ့ ပိုင္လီတို႔ၿမိဳ႕ကေန ဘာေတြဝယ္လာတာလဲဆိုတာ စပ္စုၿပီး အက်ိဳးျမတ္ရဖို႔ အခြင့္ေရးကိုေခ်ာင္းဦးမလို႔ပါပဲ။ ဒါေပမယ့္ သူတို႔ရဲ႕ခင္ပြန္းေတြနဲ႕ပိုင္မိဘေတြက ပိုင္လီရဲ႕မိသားစုကိုသြားမႏွောင့္ယွက္ဖို႔မွာထားခဲ့ၿပီး လဲ့ရွီကိုလည္း ႐ုံးေတာ္ကိုတိုင္ၾကားတာကိုေတြ႕လိုက္ရတဲ့အခါ အနည္းငယ္လန့္ၿပီး ျပန္ေျပးသြားခဲ့က်သည္။ အဲဒီေနာက္ တုရွီကညဘက္ ေရွာင္ဟန္နဲ႕လာအိပ္ေပးမည္ျဖစ္၍ သူမတို႔ရဲ႕အိမ္ဦးစီးကလည္းအိမ္တြင္မရွိေသာေၾကာင့္ သူမအိမ္ကိုစီစဥ္စရာရွိတာမ်ား စီစဥ္ရန္ျပန္သြားခိုက္တြင္ ျပန္သြားၿပီျဖစ္ေသာ ေရွာင္အိမ္က သုံးေယာက္က ေရွာင္ဟန္ထံျပန္ေရာက္လာခဲ့က်သည္။ ထိုသုံးေယာက္မွာ ရီမ်န္(ေရွာင္လ်န္၏ဇနီး)၊ ေရွာင္႐ုံဟြာ(ေရွာင္အိမ္၏တတိယသမီး)ႏွင့္ ေရွာင္ထင္းထင္း (ေရွာင္အိမ္၏အငယ္ဆုံးသား/ေကာ)တို႔ပင္။

ေရွာင္ဟန္က ပိုင္လီတို႔႐ုံးေတာ္သြားက်ရသည္ကို စိတ္ပူေနစဥ္ ထိုသုံးေယာက္ေရာက္ေသာအခါ စိုးရိမ္စိတ္မ်ားဝင္လာခဲ့ရသည္။ သူထင္တဲ့အတိုင္းပါပဲ ထိုသုံးေယာက္က အေသးေလးေတြရဲ႕လက္ေကာက္ေလးေတြကအရမ္းလက္ရာေျမာက္ၿပီးလွေၾကာင္းကို ထပ္တလဲလဲခ်ီးက်ဴးက်ၿပီး ေနာက္၌ ေရွာင္ဟန္ေခါင္းမွဆံထိုးကိုျမင္သြားပုံႏွင့္ ၾကည့္ရန္ခဏျဖဳတ္ေပးဖို႔ ဝိုင္းဝန္းေျပာဆိုလာက်သည္။ ေရွာင္ဟန္ကအဲလိုမလုပ္ခ်င္ေပမယ့္ အဲဒီအခ်ိန္မွာ အိမ္မွာက သူနဲ႕အေသးေတြပဲရွိပါတယ္။ ၿပီးေတာ့ ဒီ သူ႕ကို႔ငယ္စဥ္ထဲကအနိုင္က်င့္တတ္တဲ့ အေဖတူမေအကြဲႏွစ္ေယာက္ႏွင့္ အိမ္ထဲဝင္လာထဲက သူ႕ကိူအနိုင္က်င့္ရာမွာပူးေပါင္းခဲ့တဲ့ မရီးျဖစ္သူကို ေၾကာက္ရတာေၾကာင့္ ေ႐ြးခ်ယ္စရာမရွိပဲဆံထိုးကို ျဖဳတ္ေပးခဲ့ရသည္။

သူက အဲဒိအခ်ိန္မွာ ႐ြာကိုျပန္ေရာက္ထဲက ဆံထိုးကိုျဖဳတ္သိမ္းမထားမိတဲ့အတြက္ သူ႕ကိုယ္သူမုန္းခဲ့မိတယ္။

တကယ္ေတာ့ ဒီလိုျပႆနာေတြသာရႈပ္ေထြးမေနဘူးဆိုရင္ သူကျဖဳတ္သိမ္းဖို႔ေမ့သြားခဲ့မမွာလည္းမဟုတ္ပါဘူး။

ထိုသုံးေယာက္သည္ ဆံထိုးကို တစ္ေယာက္တစ္လဲထိုးၾကည့္က်ကာ မုန္ေရွ႕တြင္ေက်နပ္သည့္မ်က္ႏွာမ်ားျဖင့္ ဆံထိုးကမည္မွ်လွေၾကာင္းႏွင့္ ဘယ္လိုေတာင္လက္ရာျမႇောက္ေၾကာင္းကို အဖန္တရာေတေအာင္ေျပာေနေသာ္လည္း ေရွာင္ဟန္ကမူ ေပ်ာ္႐ႊင္ျခင္းမရွိခဲ့ေခ်။

တကယ္ေတာ့ ေရွာင္ဟန္ရဲ႕ဆံထိုးကတကယ္လွပါတယ္။ ျပဳလုပ္ထားတဲ့ေငြထည္က အထူးသန့္စင္ထားတဲ့အတြက္ ျဖဴေဖြးေနကာ ပုလဲေရာင္ေျပးေနသကဲ့သို႔ပင္ထင္ရၿပီး ပုံေဖာ္ထားသည့္ သစ္ခက္မ်ားၾကားမွ ပန္းဖူးမ်ားကြယ္ဝွက္ေနပုံသည္ လက္ရာေျမာက္လွသည္။

ေရွာင္အိမ္ကသုံးေယာက္ထံတြင္ ေငြထည္လက္ဝတ္ရတနာတခ်ိဳ႕ရွိေသာ္လည္း ဤမွ်မေကာင္းဟုခံစားမိက်ကာ သူတို႔အနိုင္က်င့္လာေသာလူက သူတို႔ထက္ေကာင္းေသာ ပစၥည္းအားပိုင္ဆိုင္ရသျဖင့္ အလြန္မနာျဖစ္က်ရၿပီး အေပၚယံတြင္ၿပဳံးေနက်ေသာ္လည္း တကယ္တမ္း ေပ်ာ္မေနက်ေပ။

သူတို႔က ေရွာင္ဟန္တစ္ေယာက္ ပိုင္လီႏွိပ္စက္လို႔မၾကာခင္ေသသြားမွာပဲလို႔ ထင္ထားက်ေပမယ့္ ဘယ္သူထင္မွာလဲ။ ပိုင္လီက ၾကားထဲမွာထေဖာက္ၿပီးေျပာင္းလဲသြားမယ္လိမ့္မယ္။

အႏွီသုံးေယာက္က ဆံထိုးအားခ်ီးမႊမ္းသလို ေရွာင္ဟန္ကိုလဲမည္မွ်ကံေကာင္းေၾကာင္း အရပ္မနားျမႇောက္ပင့္ခဲ့က်ၿပီး ေနာက္ဆုံးေတာ့ ေရွာင္ဟန္ထင္ထားသလိုပဲ သူတို႔ရဲ႕ျမႇောက္ပင့္မႈေတြက ဆံထိုးကိုငွားခ်င္လို႔သာျဖစ္ေနခဲ့သည္။

ေရွာင္႐ုံဟြာသည္ ဆံထိုးကိုအလြန္သေဘာက်သျဖင့္ တစ္ရက္ေလာက္ငွားပါရေစဟုေျပာခဲ့ေသာ္လည္း ၎တို႔လက္ထဲေရာက္သြားပါက ျပန္ရရန္ခက္ခဲမည္ေၾကာင္း ေရွာင္ဟန္ထက္မည္သူမွပိုမသိနိုင္ေပ။ ထို႔ေၾကာင့္ ေရွာင္ဟန္က ဤဆံထိုးကပိုင္လီဝယ္ေပးထားတာျဖစ္လို႔ ငွားမိရင္ ပိုင္လီစိတ္ဆိုးမွာေၾကာက္မိေၾကာင္း ေျပာခဲ့ေသာ္လည္း ေရွာင္႐ုံဟြာက ယုံၾကည္မႈလြန္ကဲေနခဲ့၏။ သူမထင္တာက ပိုင္လီက သူမသာ ဒီဆံထိုးေလးထိုးထားရင္ျမင္ရင္ ျပန္ေတာင္းရက္ေတာ့မွာမဟုတ္ေလာက္ဖူးလို႔ေပါ့။ ထို႔ေၾကာင့္သူမက ပိုင္လီျပန္မလာခင္ ျပန္ေပးမည္ျဖစ္ေၾကာင္းေျပာကာ အတင္းယူသြားရန္ျပင္ခဲ့ေသာ္လည္း တုရွီျပန္ေရာက္လာခဲ့သျဖင့္ မေအာင္ျမင္လိုက္ေခ်။

တုရွီက မညွာတာေခ်။ သူမက ေရွာင္အိမ္ကသုံးေယာက္အား...

"နင္တို႔မိသားစုရဲ႕အႀကီးကဲေတြက ခိုးမႈနဲ႕႐ုံးေတာ္ကိုေရာက္ေနေပမယ့္ နင္တို႔ကဒီမွာလုယက္ခ်င္ေနတုန္းလား!" ဟု ေျပာခဲ့သျဖင့္သာ ေရွာင္အိမ္ကသုံးေယာက္က လက္ေလ်ာ့သြားခဲ့ရတာပင္။ တုရွီက ႐ြာအႀကီးကဲရဲ႕ဇနီးျဖစ္တဲ့အတြက္ သူမတို႔ကဘယ္လိုမွျပန္မေျပာနိုင္ဘူးေလ။

အဲဒီေနာက္ ေရွာင္ဟန္ကဆံထိုးကိုလုံၿခဳံစြာဖြတ္ထားဖို႔ဆုံးျဖတ္ခဲ့ၿပီး ေနာက္တစ္ေခါက္မထုတ္ခ်င္ေတာ့ေပ။ သူက ျပႆနာတတ္မွာအရမ္းေၾကာက္တယ္။ ၿပီးေတာ့ အဲဒီအတြက္ ပိုင္လီေဒါသထြက္မွာကိုပိုေၾကာက္ပါတယ္။
.
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိမ္ၫြန့္😚
.................................................................
(AN/  ရီဒါေတြကိုေျပာရဦးမယ္။
ကိုယ္စာမူျပင္စရာရွိလို႔ လဝက္ေလာက္နားမွာလို႔ေျပာခဲ့ေပမယ့္ မနားပဲေရးေနတာကို ဘာလို႔လဲဆိုၿပီး တစ္ေယာက္မွလည္း မေမးဘူးေရာ္😒 မသိခ်င္ေယာင္ေဆာင္ေနက်တယ္ေပါ့ဟုတ္လား။ ဟြန္း အဲတာ ေျပာထားလိုက္ၿပီ ကိုယ့္ေရွ႕ကစာအုပ္က က်န့္ၾကာတာေလးျဖစ္သြားလို႔ တစ္လေနာက္ဆုတ္လိုက္တာပါ။ အဲဒါေၾကာင့္ အခ်ိန္ပိုထြက္လာၿပီး စာေရးတာကိုမနားျဖစ္ေတာ့တာပါ။ ဒါေၾကာင့္စာမူျပင္ရမယ့္အခ်ိန္ ေရာက္လာဦးမွာျဖစ္ေၾကာင္းပါရွင္။😚

အဲဒီအခ်ိန္က်မွ မသိျခင္ေထာင္ေတြေထာင္ၿပီး စာမူကဘယ္ႏွခါျပင္ေနမွာလဲလို႔ မေမးရဘူးေနာ္😐)




Ipagpatuloy ang Pagbabasa

Magugustuhan mo rin

222K 11.9K 23
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
6.3K 460 20
Cake နဲ့ Seeiwရဲ့ storyလေးကို ဘာသာပြန်ချင်လို့ပါ။ လိုအပ်ချက်တွေရှိရင်တော့နားလည်ပေးနော်။
41.9K 2.7K 42
လောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လ...
29.5K 5K 51
ဘာသာပြန်သူ - စွဲညို့အသင်း