အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

Від FlowerRainButterfly

1.5M 190K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ Більше

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)

ရုံးတော်၏စီရင်ချက် -3

10.2K 1.4K 18
Від FlowerRainButterfly

အပိုင်း (၂၅) ရုံးတော်၏စီရင်ချက် -3

ဆူညံနေသည့်အတွက် တရားသူကြီးက တရားရေးတူကို အပြင်းထန်ထုလိုက်ရပြီး ဤသို့ရှုပ်ထွေးနေသည့်ကိစ္စအတွက် စိတ်မကြည်နိုင်တော့ပေ။ သူက...

"ရှောင်မိသားစုပြောတဲ့ သက်သေကိုသွားခေါ်လာခဲ့!"

ရှောင်မိသားစု၏သက်​သေသည် မြို့ငယ်လေးတွင်ရှိနေလေရာ ရုံးတော်မှငယ်သားများက မြင်းနှင့်အမြန်သွားလျှင်တောင်မှ အသွားပြန်နှစ်နာရီလောက်ကြာမှာဖြစ်၍ စစ်ဆေးမှုကို ခေတ္တရပ်တန့်ထားရမည်ဖြစ်သည်။ သို့သော် အမှုတွင်ပါဝင်သောမည်သူမှ ရုံးတော်ကထွက်ခွာနိုင်လိမ့်မည်မဟုတ်ပေ။

လဲ့ရှီနှင့်ရှောင်မိသားစုသည် အောင်နိုင်သူများ၏မျက်နှာများဖြစ်နေသော်လည်း တစ်ဖက်က အကြီးကဲကျန်းနှင့် ရွာသားများမှာမူ သွေးအန်တော့မည်ထိဒေါသထွက်နေကျရပြီး အကြီးကဲကျန်း၏မျက်နှာက အလွန်ကိုမကောင်းဖြစ်နေ၏။

ဒီအမှုတွင် ရှောင်မိသားစုလက်ချက်မှန်းသိသာသော်လည်း ရှောင်မိသားစုကတရားခံမှန်း ထင်ရှားစွာသက်သေမပြနိုင်ပါက ရှောင်မိသားစုကိုအပြစ်ပေးဖို့မဖြစ်နိုင်တော့ပဲ ဒီအစား တရားသူကြီးမင်းသည် သူက ပိုင်လီကိုပဲအပြစ်ပေးနိုင်ကာ အကြီးကျန်းအားလည်း လဲ့ရှီစကားများကြောင့် အကြီးကဲရာထူးအတွက်သင့်တော်မသင့်တော်ကို ပြန်လည်စဥ်းစားတော့မှာဖြစ်ပြီး သက်သေခံဖို့လိုက်ပါလာသည့်ရွာသားများကပင် မဟုတ်တမ်းတရားများထွက်ဆိုသည့်အတွက် အပြစ်ပေးခံရနိုင်သည်။

ပိုင်လီက ပိုင်အမေကို ဒေါသမထွက်ရန် နှစ်သိမ့်ပေးနေသော်လည်း အရာမဝင်ပေ။ ပိုင်အဖေနှင့် ပိုင်ကျန်းပင်လျှင် အလွန်သုန်မှုန်နေကျကာ သူတို့ကအခြေနေကိုလက်မခံနိုင်ဖြစ်နေကျသည်မှာထင်ရှားနေပြီး ရွာသားများကလည်း ဉာဏ်များလွန်းသည့်လဲ့ရှီအား ဆဲဆိုနေကျသဖြင့် အခြေနေကအနည်းငယ်ပရမ်းပတာဖြစ်လို့လည်းနေပေသည်။ ရွာအကြီးကဲ ကျန်းက အချိန်တစ်ခုဒေါသထွက်နေပြီးသော် လူများအားဝေ့ကြည့်လျက် ပိုင်လီတစ်ယောက်အလွန်တည်ငြိမ်နေသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ်ထူးဆန်းသွားရ၏။ တကယ်ဆို ခုချိန်မှာစိတ်အတိုသင့်ဆုံးက ပိုင်လီဖြစ်နေသင့်တာမလား။ ပိုင်လီက ဘယ်လိုလုပ် ဘာမှမဖြစ်သလိုဆက်တည်ငြိမ်နေနိုင်ရတာလဲ။

ထိုအတွေးဖြင့် သူက ပိုင်လီတို့အနားလျောက်သွားလိုက်ပြီး အသံတိုးတိုးဖြင့်...

"ပိုင်လီ အခြေနေကမင်းလည်းမြင်ခဲ့ကြားခဲ့အတိုင်းပဲ ရှောင်အိမ်ကလူတွေခေါ်လာတဲ့သက်သေကလည်း ပစ္စည်းတွေက သူ့ဆိုင်ကနေ ရှောင်မိသားစုကလူတွေနည်းနည်းစီဝယ်စုထားတာပါလို့ သက်သေခံခဲ့ရင် အသေးစိတ်စစ်ဆေးဖို့မဖြစ်နိူင်တော့ပဲ ရှောင်အိမ်ကအပြစ်ကလွတ်သွားလိမ့်မယ် ရုံအိမ်ကိုလည်း ထောက်ပြစရာသက်သေမရှိတာကြောင့် နောက်ဆုံးမှာ ဘယ်သူကိုမှတရားခံလို့အမည်မတပ်နိုင်ဘဲ အိမ်မလုံခြုံပဲအိမ်ကိုပြစ်ထားတဲ့မင်းကိုပဲ လူကြီးမင်းကအပြစ်တင်တော့မှာ.."

အကြီးကျန်းထံမှထိုစကားများကြားတော့ ပိုင်အမေက ပိုလို့ပင်စိုးရိမ်သွားကာ အနည်းငယ်မူးဝေလို့ပင်သွားခဲ့ပေမယ့် ပိုင်လီကထိန်းပေးထားရင်း...

"အမေ မစိုးရိမ်ပါနဲ့ ကျွန်တော်ဘာမှဖြစ်မှာမဟုတ်ပါဘူး "

အကြီးကဲကျန်းနှင့်ကျန်လူများသည် ပိုင်လီ၏ယုံကြည်မှုရှိလွန်းသောစကားကြောင့် အနည်းငယ်အံသြသွားကျပြီး ပိုင်အဖေက မမေးပဲမနေနိုင်ခဲ့ပေ။

"ဒုတိယ မင်းမှာအကြံတစ်ခုခုရှိနေတာလား"

ပိုင်လီက လူအုပ်နှင့်အဝေးမှာရှိနေတဲ့ရှောင်အိမ်ကလူသုံးယောက်ကိုကြည့်ကာ ပေါ့ပေါ့ပါးပါး ခေါင်းငြိမ့်လိုက်ပြီး...

"လဲ့ရှီက တကယ်ဉာဏ်များပေမယ့် အလုံးစုံမစေ့စပ်နိုင်ပါဘူး သူမမေ့နေတဲ့အချက်တစ်ချက်ကို ကျွန်တော်အစောထဲကရှာတွေ့ပြီးသားပါ"

ထိုစကားကြားတော့ ပိုင်မိသားစုနဲ့အကြီးကျန်းက စိတ်လှုပ်ရှားသွားကျရပြီး အကြီးကဲကျန်းက အလျှင်စလိုနှင့်...

"အဲတာကဘာလဲ မင်းအစောထဲကရှာတွေ့ပြီးသားဆိုရင် ခုနက ဘာလို့ရုံးတော်လူကြီးမင်းကိုမပြောလိုက်တာလဲ"

ပိုင်လီက အနည်းငယ်ခေါင်းခါရမ်းကာ အကြီးကဲကျန်းအား အဓိပ္ပါယ်ပြည့်ဝစွာကြည့်လျက်...

"ဦးလေးကျန်း ဒီအချက်က အချိန်မတန်ခင်ဖော်ထုတ်ပြလို့သိပ်မကောင်းဘူး ပြီးတော့...ကျွန်တော်က လဲ့ရှီကဘယ်လောက်ဉာဏ်များလဲဆိုတာ သိချင်နေလို့ပါ"

သူက ဒီမိန်းမကသူ့အကျိုးမြတ်တွက်ဆို ဘယ်လောက်ထိဆိုးမလဲဆိုတာကို သိချင်ပြီး သူတင်မဟုတ်ပဲ အကြီးကဲကျန်းနဲ့ရွာသားတွေကိုပါမြင်စေချင်ခဲ့သည်။ သူ့ကိုစိတ်မပျက်စေတာက လဲ့ရှီက သူတို့အပြစ်ကိုဖုံးဖို့အတွက် တစ်ရွာလုံးကိုတောင် မဟုတ်မမှန်စွပ်စွဲရဲခဲ့တာပဲ။ အကယ်၍ ဒီကိစ္စပြီးလို့ သူတို့တွေရွာပြန်ရောက်ရင် လဲ့ရှီပြောသလို ရွာရှိလူတိုင်းကရှောင်အိမ်ကို တကယ်ကိုမုန်းသွားကျတော့မှာကိုတော့ စိုးရိမ်မိပါရဲ့။

အကြီးကဲကျန်းနှင့်ပိုင်မိသားစုဝင်များသည် ပိုင်လီအားရှုပ်ထွေးစွာကြည့်မိလိုက်ကျပြီး ပိုင်လီ၏ တည်ငြိမ်အေးဆေးသောအမူယာကိုမြင်လျှင် သူတို့ပါ စိတ်ပြေလျော့လာသလိုခံစားလိုက်ကျရ၏။ အကြီးကဲကျန်းက ပိုင်လီအခုမပြောပြချင်သေးတာကိုနားလည်ပေမယ့် မနေနိုင်ပဲထပ်မေးလိုက်သည်မှာ...

"မင်းမှာယုံကြည်ချက်ရှိလား အဲဒါကသေချာနိုင်ရဲ့လား"

အကယ်၍ ဒီအမှုသာရှုံးခဲ့ရင် သူတို့ဘက်ကပေးဆပ်ရမည်ကများပေလိမ့်မည်။ သို့သော် ယခုလမ်းတစ်ဝက်၌ရောက်နေလေရာ ပြန်လှည့်ရန်လည်းမဖြစ်နိုင်တော့ပဲ အကယ်၍ ပိုင်လီမှာအကြံကောင်းရှိတယ်ဆိုရင် ဘာပဲဖြစ်ဖြစ်အဲဒီအကြံလေးအလုပ်ဖြစ်ပါစေလို့ပဲ သူတို့မျှော်လင့်နိုင်တော့မှာပါ။

ပိုင်လီက အကြီးကဲကျန်းမေးခွန်းကြောင့် ရယ်လိုက်မိကာ...

"ဦးလေးကျန်း ကျွန်တော်က ကိုယ့်ကိုကိုယ်ထိခိုက်မယ့်လမ်းကိုမလျောက်ပါဘူးဗျာ"

သူသည် တကယ်ကို သူ့အားထိခိုက်စေမည့်အလုပ်များကိုလုပ်မည်မဟုတ်ပေ။ အကယ်၍ သူ့နေရာမှာ တခြားတစ်ယောက်ယောက်ဆိုပါကလည်း ရုတ်တရက်ကြီး သေဆုံးခဲ့တယ်လို့ထင်ရပြီး သိတောင်မသိလိုက်ဘဲ မတူညီတဲ့ကမ္ဘာထဲက ဘဝတစ်ခုမှာရောက်သွားခဲ့လျှင် အသက်ရှင်ဖို့ပိုပြီးသတိရှိသွားမယ်လို့ သူထင်မိသည်။

သူက စွန့်စားခဲ့ရင်တောင် ဒီလိုအဓိပ္ပါယ်မရှိတဲ့လူတွေအတွက်တော့ ဖြစ်မှာမဟုတ်ပါဘူး။

အနည်းငယ်စိတ်အေးသွားသောလူများကို နှစ်သိမ့်ကာ ပိုင်လီက ရုံးတော်သားတစ်ယောက်နှင့် စကားသွားပြောခဲ့ပြီး ကြေးပြားတစ်ရာပါသောအိတ်ငယ်လေးတစ်အိတ်ကို တခြားလူများမမြင်အောင် လက်ထဲထိုးပေးလိုက်၍...

"ဒီကအကိုကြီး ကျွန်တော်က ဒီအမှုရဲ့တိုင်ကြားသူဆိုလည်းမမှားပါဘူး ဒါကြောင့်ထွက်ပြေးမှာမဟုတ်ပါဘူး ကျွန်တော့်မိသားစုနဲ့ရွာသားတွေက ညထဲကဘာမှမစားရသေးတော့ ဒီနားမှာ တစ်ခုခုများဝယ်လို့ရနိုင်မလားဆိုတာ လမ်းညွှန်ပေးနိုင်မလားလို့ပါ"

အမှုတွင်ပါဝင်ပတ်သတ်သူများသည် စစ်ဆေးမှုမပြီးမချင်း အပြင်သို့ထွက်လို့မရပေ။ သူတို့တွေ နန်ချောင်းရွာကထွက်လာတဲ့နေ့ခင်းထဲက တစ်ညကျော်သွားတဲ့ထိ ဘာမှမစားရသေးတဲ့အတွက် ပိုင်လီက ကြိုးစားကြည့်ဖို့ဆုံးဖြတ်ခဲ့ခြင်းပင်။ သူကအနည်းငယ်ဆာလောင်တာကလွဲရင်ဘာမှဖြစ်မှာမဟုတ်ပေမယ့် ပိုင်လီကအသက်ကြီးသူတွေအတွက် တကယ်စိုးရိမ်မိသည်။

သူတို့ကိုစောင့်ကြည့်နေရသောရုံးတော်သားသည် လက်ထဲကငွေအိတ်၏အလေးချိန်ကိုအနည်းငယ်ချိန်ဆ၍ ပိုင်လီကတကယ်ပင်ထွက်ပြေးမည့်သူမဟုတ်ကြောင်းသိသဖြင့် ခေတ္တမျှမျက်နှာလွဲပေးရန်ဆုံးဖြတ်လိုက်ပြီး....

"ဒီနားမှာ မနက်စာပေါက်စီတွေရောင်းတဲ့ဆိုင်ရှိတယ် မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့"

ပိုင်လီက ထိုရုံးတော်သားကိုကျေးဇူးတင်လိုက်ကာ ရှုပ်ထွေးနေသော လူများထဲမှ လစ်ထွက်သွားပြီး ပေါက်စီများကိုမြန်မြန်ဝယ်ကာ အလျှင်မြန်ပြန်လာခဲ့သဖြင့် သူထွက်သွားကြောင်းအား ရှောင်မိသားစုပင်မသိလိုက်ချေ။ ပိုင်လီက ပေါက်စီများကို ရွာသားများအားလုံးအားဝေပေးခဲ့ပြီး ရှောင်အိမ်ကသုံးယောက်သာကွက်ကျန်ခဲ့ကာ လဲ့ရှီနှင့်ကျန်ရှောင်မျိုးရိုးနှစ်ယောက်မှာတော့ ထိုပေါက်စီများကမည်သို့ရောက်လာကြောင်းပင် မတွေးနိုင်ခဲ့ကျပေ။

ပေါက်စီများသည် ပိုင်လီဟိုနေ့ကသွားစားခဲ့သည့် ဆိုင်နှင့်ဘယ်လိုမှမယှဥ်နိုင်သော်လည်း ပူနွေးကာ အသားအနည်းငယ်ပါဝင်သဖြင့် စားလို့ကောင်းနေစဲဖြစ်သည်။ လူတိုင်းကစိတ်တိုနေသဖြင့် စားဖို့စကားမပြောဖြစ်ကျသော်လည်း ဆာလောင်နေခဲ့ကျသည်ဖြစ်လို့ ဟန်ဆောင်နိုင်သည့်လူပင်မရှိခဲ့ပဲ ပေါက်စီများကို အားရပါးရစားကျတော့၏။

ရှောင်အိမ်မှသုံးယောက်သည်လည်း ဆာလောင်နေခဲ့တာဖြစ်သည်။ လူတိုင်း ငြိမ်သက်နေရင် သူတို့လည်းဆာလောင်မှုဒဏ်ကိုသည်းခံနိုင်သေးပေမယ့် သူတို့ရှေ့က ဒီလို စားသောက်နေမှုများကိုတွေ့သည့်အခါ ဆာလောင်မှုက ရုတ်ခြင်းမြင့်တတ်လာခဲ့ပြီး ပိုင်လီထံ ပေါက်စီများသွားတောင်းသင့်မတောင်းသင့်ကို ချင့်ချိန်နေခဲ့ကျ၏။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူတို့တွေက ဘာပဲဖြစ်ဖြစ် ပိုင်လီရဲ့ယောက္ခမမိသားစုဖြစ်စဲဆိုသည့်အချက်ဖြင့် ပေါက်စီများသွားတောင်းရန် ခြေလှမ်းလိုက်သော်လည်း ေပါက်စီများက ကုန်သွားခဲ့ခြင်းဖြစ်သည်။

တကယ်ကို စိတ်မကောင်းစရာပါပင်။ သူတို့က ပိုင်လီဝယ်လာတဲ့ပေါက်စီတွေကိုမစားခဲ့ရသလို ရုံးတော်သားများကလည်း သူတို့ကိုအပြင်ပေးမထွက်သဖြင့် ဆာလောင်မှုကိုအံကြိတ်ခံရုံသာရှိခဲ့တော့၏။

ဤသို့ဖြင့် နှစ်နာရီခန့်အကြာတွင် မြို့ငယ်လေးမှ ရှောင်မိသားစု၏သက်သေကိုခေါ်ဆောင်လာခဲ့ပြီး စစ်ဆေးခြင်းကိုပြန်လည်ရှေ့ဆက်ခဲ့သည်။

တရားသူကြီးဝမ်လီက အနည်းငယ်ကြောက်ရွံနေပုံရသော ရှောင်မိသားစု၏သက်သေဖြစ်သူကိုကြည့်လိုက်ကာ...

"ရုံးတော်မှာ လိမ်ညာထွက်ဆိုရင် ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမှာဖြစ်တယ် ငါအခုမင်းကိုမေးတာကို အမှန်တိုင်းဖြေပါ ရှောင်မိသားစုမင်းဆိုင်ကနေ ဆန်ချောတွေနဲ့တခြားပစ္စည်းတွေဝယ်ဖူးသလား"

ထိုလူသည် အနည်းငယ်ကြောက်ရွံနေပုံရသော်လည်း ယုလုံနှင့်ယှဥ်လျှင် အခြေနေကောင်းကာ လျှင်မြန်စွာပြန်ဖြေနိုင်ခဲ့သည်။

"လူကြီးမင်း ရှောင်မိသားစုက ဒီအရပ်သားရဲ့ဆိုင်မှ ပုံမှန်ဖောက်သည်များဖြစ်ပါတယ် သူတို့မိသားစုက လယ်အလုပ်မလုပ်တဲ့အတွက် ဆန်နှင့်တခြားပစ္စည်းများကို ဒီအရပ်သားရဲ့ဆိုင်မှာ အမြဲဝယ်ယူတတ်ပါတယ် သူတို့မိသားစုက နှစ်တိုင်း ဆောင်းရာသီရောက်ခါနီးရင် ပုံမှန်ဝယ်နေကျထက်ပိုဝယ်ပြီး အရမ်းအေးတဲ့နေ့တွေအတွက် စုဆောင်းကျပါသေးပါတယ် ဒီနှစ်လည်း အရင်နှစ်များကလိုသာဖြစ်ပြီး ဒါကိုဒီအရပ်သားက သက်သေခံနိုင်ပါတယ်"

လူတိုင်း၏အကြည့်များသည် တလျောက်လုံးထိုလူ့အပေါ်ရောက်နေသော်လည်း ပိုင်လီကမူ လဲ့ရှီကိုသာကြည့်နေတာဖြစ်သည်။ သူက ထိုလူရဲ့စကားအဆုံးမှာ လဲ့ရှီတစ်ယောက်ခေါင်းငုံ့သွားသော်လည်း ကျေနပ်ရိပ်များဖြတ်သန်းသွားကာ နှုတ်ခမ်းစွန်းများကလည်းကော့တက်သွားသည်ကိုမြင်လိုက်ရသဖြင့် စိတ်ထဲတွင်လှောင်မိလိုက်၏။

လဲ့ရှီနှင့် ဒီလူသည် ကြိုတင်စကားညှိထားပြီးသားသာဖြစ်နိုင်ပြီး ဒီလူကလည်း ဤသို့ပြောလိုက်ပါက ရှောင်မိသားစုကိုမစွပ်စွဲနိုင်တော့မှာကိုသိ၍ ရုံးတော်တွင်တောင် လိမ်ညာသက်သေခံရဲခြင်းဖြစ်ရမည်။ ဒီအတွက် ရှောင်အိမ်ကဒီလူကို ငွေဘယ်လောက်ပေးထားလဲဆိုတာကိုတော့ သူတကယ်သိချင်မိပါရဲ့။

တကယ်တော့ ထိုလူ၏စကားများသည် အကုန်အမှားများချည်းမဟုတ်နိုင်ပဲ ရှောင်အိမ်ကသူ၏ပုံမှန်ဖောက်သည်များဆိုသည်ကတော့မှန်လောက်သည်။ ဘာလို့လည်းဆိုတော့ နန်ချောင်းရွာကလူတွေက စပါးစိုက်ကျပေမယ့် ရှောင်အိမ်ကလယ်မလုပ်သဖြင့် စပါးမရှိနိုင်ပေ။ ရွာထဲမှာဝယ်ဖို့ကျတော့လည်း ရွာသားများက ပိုင်အိမ်နှင့်ကျန်းအိမ်လို လယ်အများကြီးရှိကျတာမဟုတ်ပဲ ရလာသည့်စပါးများထဲမှ အခွန်တော်အဖြစ်လည်းပေးရသေးသည်ဖြစ်လို့ ပြန်ရောင်းခြင်းကိုမလုပ်နိုင်ကျပေ။ ပိုင်အိမ်တောင်မှ တစ်နှစ်ကို အခွန်နဲ့မိသားစုအတွက်ဖယ်ပြီး ကျန်အနည်းငယ်ကိုသာ ငွေအတွက်ရောင်းနိုင်တာဖြစ်လို့ ရှောင်အိမ်က ဆန်ဝယ်စားရတယ်ဆိုတာက တကယ်ပဲဖြစ်သည်။

ပြီးတော့ သူတို့တွေက တကယ်ပဲဒီလူရဲ့ပုံမှန်ဖောက်သည်တွေဖြစ်နေလို့ ရုံးတော်က ဒီစကားတွေကိုအသေးစိတ်စစ်ဆေးခဲ့မယ်ဆိုရင်တောင် ရှောင်လျိုသည် ထိုဆိုင်ကို ပုံမှန်လာတတ်သည်ဟုသာရှာတွေ့မည်ဖြစ်သဖြင့် အမှုကလုံးဝလမ်းဆုံးသွားရတော့မှာပင်။ ဒါကြောင့်လည်း ဒီလူတွေက ဒီလောက်ရဲတင်းနိုင်တာပေါ့လေ။

သူတို့က သူတို့အကြံက ဟာကွက်မရှိပြည့်စုံတယ်လို့ တကယ်ပဲထင်နေပုံရတယ်။

ဝမ်လီကအနည်းငယ်ရှုပ်ထွေးလို့နေ၏။ ရှောင်အိမ်ရဲ့သက်သေက အရမ်းခိုင်လုံနေပြီး ရုံမိသားစုကသာ ခိုးတယ်လို့ ပြောဖို့ကလည်း သက်သေမခိုင်လေတော့ တကယ်ပဲ ပစ္စည်းတွေကဘယ်ကိုရောက်သွားရတာလဲ။

ဝမ်လီက တကယ်စိတ်ညစ်နေပြီဖြစ်သည်။ သူက ဟွမ်ဟွာဖောက်ထွင်းခံရမှုအတွက် စိတ်ရှုပ်နေရပြီးဖြစ်လို့ ဒီလိုရှူပ်ထွေးနေတဲ့အမှုကိုထပ်တွေ့ရတဲ့အခါ ဒေါသထွက်ချင်လာပြီး ဒါတွေအားလုံးသည် အိမ်မလုံခြုံပဲ အပြင်ထွက်သွားသည့် ပိုင်လီအပြစ်ဟုသာတွေးမိသွားခဲ့၏။ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ရှိနေရင်လည်း အိမ်ကိုလုံခြုံအောင်လုပ်ပြီးမှအပြင်ထွက်လေ။ အခုတော့ တံခါးမရှိ၊ဓားမရှိ အိမ်ကိုပြစ်ထားခဲ့ပြီး ဘယ်သူဝင်ယူသွားမှန်း မသိရတော့ဘူးမလား။ ပိုဆိုးတာက ဒီအမှုမှာ ယုလုံကလွဲရင် တခြားမျက်မြင်သက်သေ ထပ်မရှိနေတော့တာပဲ။

ပိုင်လီက တရားသူကြီးရဲ့မျက်နှာတဖြေးဖြေးဆိုးရွားလာတာကိုတွေ့ပြီး ထိုလူကြီးမင်းက ရှောင်အိမ်ကသက်သေခိုင်လုံနေလို့ အပြစ်မရှိဘူးလို့ ပြောတော့မှာကိုသိနေသဖြင့် စကားအနည်းငယ်ပြောလိုက်တော့၏။

"လူကြီးမင်း ဒီရွာသားမှာ ရှောင်အိမ်နဲ့ဒီဆိုင်ရှင်ကို မေးစရာအနည်းငယ်ရှိလို့ ခွင့်ပြုပေးစေလိုပါတယ်"

ဝမ်လီကအမှုကို အဆုံးသတ်ပေးတော့မှာဖြစ်ပြီး ပိုင်လီကဤသို့ထပြောလာတဲ့အခါ မပျော်တော့ပေ။ သို့သော် ပိုင်လီကဒီအမှုရဲ့နစ်နာသူဖြစ်နေပြီး တရားခံမပေါ်တာက သူ့ပစ္စည်းတွေကို ဆုံးရှုံးသွားပြီလို့ဆိုလိုနေတာဖြစ်တဲ့အတွက် ဝမ်လီက အနည်းငယ်မျက်နှာပေးဖို့ဆုံးဖြတ်လိုက်ပြီး...

"ကောင်းပြီး မင်းမေးလို့ရတယ်"

လဲ့ရှီသည် ပိုင်လီဘာကြံနေမှန်းမသိသဖြင့် သတိထားကြည့်နေပြီး ပိုင်လီကလည်း အပြုံးလေးဖြင့်သူ့ကိုကြည့်လာကာ...

"ဦးလေးရှောင်နဲ့ဒေါ်လေးရှောင်တို့ပြောသလိုဆိုရင် ဦးလေးတို့မိသားစုက အမြဲ ဒီလူရဲ့ဆိုင်မှာပဲဝယ်နေပြီး တခြားမှာမဝယ်ဘူးဖူးလို့ ပြောတာလား"

ရှောင်လျိုက အနည်းငယ်စဥ်းစားနေသော်လည်း လဲ့ရှီက ချက်ခြင်းပင်ပြန်ဖြေလိုက်သည်မှာ...

"ဟုတ်တယ် ငါတို့က ဆိုင်ရှင်လျိုဆီမှာပဲ အမြဲဝယ်တယ်"

ပိုင်လီက သဘောပေါက်သွားသည့်ပုံလေးဖြင့် ခေါင်းငြိမ့်လိုက်ကာ...

"ဒါဆို ဒေါ်လေးအိမ်မှာစုဆောင်းထားတဲ့ပစ္စည်းတွေအကုန်လုံးကလည်း ဆိုင်ရှင်လျိုရဲ့ဆိုင်ကနေပဲ အကုန်လုံးဝယ်ခဲ့တာပေါ့နော်"

လူတိုင်းက ပိုင်လီဘာလုပ်ချင်နေမှန်းမသိကျပဲ ဆိုင်ရှင်လျိုကမူ ပိုင်လီ၏လေသံမှားယွင်းနေပုံရပြီး မကောင်းတာတစ်ခုခုဖြစ်လာတော့မလို ရုတ်ခြင်း ခံစားခဲ့ရသော်လည်း လဲ့ရှီက သိသာနေတာကို ပိုင်လီက အကြောင်းမရှိ ထပ်မေးမြန်းနေတဲ့အတွက် စိတ်မရှည်တော့ပေ။ သူမက ရှောင်မိသားစု အပြစ်ကင်းတယ်ဆိုတဲ့ တရားသူကြီးရဲ့စကားကိုမြန်မြန်ကြားချင်နေပြီး ပိုင်လီနဲ့တခြားလူတွေကို အပြစ်ပြောဖို့မစောင့်နိုင် ဖြစ်နေတာကြောင့်...

"ဟုတ်တယ် အကုန်လုံးက ဆိုင်ရှင်လျိုရဲ့ဆိုင်ကချည်းပဲ!"

ပိုင်လီက ထိုစကားကြားတော့ သူလိုချင်တာရသွားသလို လဲ့ရှီကိုလှည့်မကြည့်တော့ပဲ ချက်ခြင်း တရားသူကြီးကိုအရိုသေပေးရင်း ပြောလိုက်သည်မှာ...

"လူကြီးမင်း ဒီရွာသားက ဝယ်ခဲ့တဲ့ပစ္စည်းတွေရဲ့ဆိုင်တွေကိုပြောပြခဲ့ပါတယ် မှတ်မိပါသေးရဲ့လား"

ဒါသည် မနက်ကမှပြောခဲ့တာဖြစ်ပြီး ဝမ်လီကမေ့စရာမရှိသဖြင့် မှုန်ကုတ်ကုတ်ဖြင့်ပြောလိုက်သည်မှာ...

"ဟုတ်တယ် မင်းပြောခဲ့တယ် အဲတာဘာဖြစ်လို့လဲ"

ပိုင်လီ၏ အပြုံးက ထိုခဏတွင် နက်နက်ရှိုင်းရှိုင်းတောက်ပလို့လာပြီး...

"ဒီရွာသားပြောခဲ့တာက ပစ္စည်းတွေထဲက ဆန်ချော၊ဆားနဲ့သကြားအပြင် တခြားပစ္စည်းတချို့ကို ဆိုင်ရှင်ဖန်းယုရဲ့ဆိုင်ကနေဝယ်ခဲ့တာပါလို့ပြောခဲ့ပါတယ် လူကြီးမင်း ဒီရွာသားဝယ်ခဲ့တဲ့ ဆိုင်က မြို့လေးကဆိုင်ပေမယ့် ထိုဆိုင်ရှင်ဖန်းယုဟာ ဆိပ်ကမ်းမြို့က ကုန်သည်ကြီးဖန်းရဲ့သားတစ်ယောက်ပါ ဒါကြောင့် သူ့ဆိုင်ကရောင်းတဲ့ပစ္စည်းတိုင်းမှာ ဖန်းမိသားစုရဲ့ ကိုယ်ပိုင်အမှတ်သားများ ပါရှိနေပါတယ် ဒါကြောင့် ဒီရွာသားက ရှောင်အိမ်ရဲ့ပစ္စည်းတွေမှာ ဖန်းမိသားစုရဲ့ အမှတ်သားများရှိမရှိကို စစ်ဆေးပေးဖို့တောင်းဆိုချင်ပါတယ် "
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိမ်ညွှန့် 😇
.................................................................
(AN/ မနေ့ညက ညည့်နက်တဲ့ထိ အပိုင်းတစ်ဝက်ရေးခဲ့ပြီး ဒီနေ့ညလည်း ကျန်တဲ့တစ်ဝက်ကို ခုမှရေးပြီးတော့တာပါ။🤧)

###

အပိုင္း (၂၅) ႐ုံးေတာ္၏စီရင္ခ်က္ -3

ဆူညံေနသည့္အတြက္ တရားသူႀကီးက တရားေရးတူကို အျပင္းထန္ထုလိုက္ရၿပီး ဤသို႔ရႈပ္ေထြးေနသည့္ကိစၥအတြက္ စိတ္မၾကည္နိုင္ေတာ့ေပ။ သူက...

"ေရွာင္မိသားစုေျပာတဲ့ သက္ေသကိုသြားေခၚလာခဲ့!"

ေရွာင္မိသားစု၏သက္ေသသည္ ၿမိဳ႕ငယ္ေလးတြင္ရွိေနေလရာ ႐ုံးေတာ္မွငယ္သားမ်ားက ျမင္းႏွင့္အျမန္သြားလွ်င္ေတာင္မွ အသြားျပန္ႏွစ္နာရီေလာက္ၾကာမွာျဖစ္၍ စစ္ေဆးမႈကို ေခတၱရပ္တန့္ထားရမည္ျဖစ္သည္။ သို႔ေသာ္ အမႈတြင္ပါဝင္ေသာမည္သူမွ ႐ုံးေတာ္ကထြက္ခြာနိုင္လိမ့္မည္မဟုတ္ေပ။

လဲ့ရွီႏွင့္ေရွာင္မိသားစုသည္ ေအာင္နိုင္သူမ်ား၏မ်က္ႏွာမ်ားျဖစ္ေနေသာ္လည္း တစ္ဖက္က အႀကီးကဲက်န္းႏွင့္ ႐ြာသားမ်ားမွာမူ ေသြးအန္ေတာ့မည္ထိေဒါသထြက္ေနက်ရၿပီး အႀကီးကဲက်န္း၏မ်က္ႏွာက အလြန္ကိုမေကာင္းျဖစ္ေန၏။

ဒီအမႈတြင္ ေရွာင္မိသားစုလက္ခ်က္မွန္းသိသာေသာ္လည္း ေရွာင္မိသားစုကတရားခံမွန္း ထင္ရွားစြာသက္ေသမျပနိုင္ပါက ေရွာင္မိသားစုကိုအျပစ္ေပးဖို႔မျဖစ္နိုင္ေတာ့ပဲ ဒီအစား တရားသူႀကီးမင္းသည္ သူက ပိုင္လီကိုပဲအျပစ္ေပးနိုင္ကာ အႀကီးက်န္းအားလည္း လဲ့ရွီစကားမ်ားေၾကာင့္ အႀကီးကဲရာထူးအတြက္သင့္ေတာ္မသင့္ေတာ္ကို ျပန္လည္စဥ္းစားေတာ့မွာျဖစ္ၿပီး သက္ေသခံဖို႔လိုက္ပါလာသည့္႐ြာသားမ်ားကပင္ မဟုတ္တမ္းတရားမ်ားထြက္ဆိုသည့္အတြက္ အျပစ္ေပးခံရနိုင္သည္။

ပိုင္လီက ပိုင္အေမကို ေဒါသမထြက္ရန္ ႏွစ္သိမ့္ေပးေနေသာ္လည္း အရာမဝင္ေပ။ ပိုင္အေဖႏွင့္ ပိုင္က်န္းပင္လွ်င္ အလြန္သုန္မႈန္ေနက်ကာ သူတို႔ကအေျခေနကိုလက္မခံနိုင္ျဖစ္ေနက်သည္မွာထင္ရွားေနၿပီး ႐ြာသားမ်ားကလည္း ဉာဏ္မ်ားလြန္းသည့္လဲ့ရွီအား ဆဲဆိုေနက်သျဖင့္ အေျခေနကအနည္းငယ္ပရမ္းပတာျဖစ္လို႔လည္းေနေပသည္။ ႐ြာအႀကီးကဲ က်န္းက အခ်ိန္တစ္ခုေဒါသထြက္ေနၿပီးေသာ္ လူမ်ားအားေဝ့ၾကည့္လ်က္ ပိုင္လီတစ္ေယာက္အလြန္တည္ၿငိမ္ေနသည္ကို ျမင္လိုက္ရသျဖင့္ အနည္းငယ္ထူးဆန္းသြားရ၏။ တကယ္ဆို ခုခ်ိန္မွာစိတ္အတိုသင့္ဆုံးက ပိုင္လီျဖစ္ေနသင့္တာမလား။ ပိုင္လီက ဘယ္လိုလုပ္ ဘာမွမျဖစ္သလိုဆက္တည္ၿငိမ္ေနနိုင္ရတာလဲ။

ထိုအေတြးျဖင့္ သူက ပိုင္လီတို႔အနားေလ်ာက္သြားလိုက္ၿပီး အသံတိုးတိုးျဖင့္...

"ပိုင္လီ အေျခေနကမင္းလည္းျမင္ခဲ့ၾကားခဲ့အတိုင္းပဲ ေရွာင္အိမ္ကလူေတြေခၚလာတဲ့သက္ေသကလည္း ပစၥည္းေတြက သူ႕ဆိုင္ကေန ေရွာင္မိသားစုကလူေတြနည္းနည္းစီဝယ္စုထားတာပါလို႔ သက္ေသခံခဲ့ရင္ အေသးစိတ္စစ္ေဆးဖို႔မျဖစ္နိူင္ေတာ့ပဲ ေရွာင္အိမ္ကအျပစ္ကလြတ္သြားလိမ့္မယ္ ႐ုံအိမ္ကိုလည္း ေထာက္ျပစရာသက္ေသမရွိတာေၾကာင့္ ေနာက္ဆုံးမွာ ဘယ္သူကိုမွတရားခံလို႔အမည္မတပ္နိုင္ဘဲ အိမ္မလုံၿခဳံပဲအိမ္ကိုျပစ္ထားတဲ့မင္းကိုပဲ လူႀကီးမင္းကအျပစ္တင္ေတာ့မွာ.."

အႀကီးက်န္းထံမွထိုစကားမ်ားၾကားေတာ့ ပိုင္အေမက ပိုလို႔ပင္စိုးရိမ္သြားကာ အနည္းငယ္မူးေဝလို႔ပင္သြားခဲ့ေပမယ့္ ပိုင္လီကထိန္းေပးထားရင္း...

"အေမ မစိုးရိမ္ပါနဲ႕ ကြၽန္ေတာ္ဘာမွျဖစ္မွာမဟုတ္ပါဘူး "

အႀကီးကဲက်န္းႏွင့္က်န္လူမ်ားသည္ ပိုင္လီ၏ယုံၾကည္မႈရွိလြန္းေသာစကားေၾကာင့္ အနည္းငယ္အံၾသသြားက်ၿပီး ပိုင္အေဖက မေမးပဲမေနနိုင္ခဲ့ေပ။

"ဒုတိယ မင္းမွာအႀကံတစ္ခုခုရွိေနတာလား"

ပိုင္လီက လူအုပ္ႏွင့္အေဝးမွာရွိေနတဲ့ေရွာင္အိမ္ကလူသုံးေယာက္ကိုၾကည့္ကာ ေပါ့ေပါ့ပါးပါး ေခါင္းၿငိမ့္လိုက္ၿပီး...

"လဲ့ရွီက တကယ္ဉာဏ္မ်ားေပမယ့္ အလုံးစုံမေစ့စပ္နိုင္ပါဘူး သူမေမ့ေနတဲ့အခ်က္တစ္ခ်က္ကို ကြၽန္ေတာ္အေစာထဲကရွာေတြ႕ၿပီးသားပါ"

ထိုစကားၾကားေတာ့ ပိုင္မိသားစုနဲ႕အႀကီးက်န္းက စိတ္လႈပ္ရွားသြားက်ရၿပီး အႀကီးကဲက်န္းက အလွ်င္စလိုႏွင့္...

"အဲတာကဘာလဲ မင္းအေစာထဲကရွာေတြ႕ၿပီးသားဆိုရင္ ခုနက ဘာလို႔႐ုံးေတာ္လူႀကီးမင္းကိုမေျပာလိုက္တာလဲ"

ပိုင္လီက အနည္းငယ္ေခါင္းခါရမ္းကာ အႀကီးကဲက်န္းအား အဓိပ္ပါယ်ပြည့်ဝစွာကြည့်လျက်...

"ဦးေလးက်န္း ဒီအခ်က္က အခ်ိန္မတန္ခင္ေဖာ္ထုတ္ျပလို႔သိပ္မေကာင္းဘူး ၿပီးေတာ့...ကြၽန္ေတာ္က လဲ့ရွီကဘယ္ေလာက္ဉာဏ္မ်ားလဲဆိုတာ သိခ်င္ေနလို႔ပါ"

သူက ဒီမိန္းမကသူ႕အက်ိဳးျမတ္တြက္ဆို ဘယ္ေလာက္ထိဆိုးမလဲဆိုတာကို သိခ်င္ၿပီး သူတင္မဟုတ္ပဲ အႀကီးကဲက်န္းနဲ႕႐ြာသားေတြကိုပါျမင္ေစခ်င္ခဲ့သည္။ သူ႕ကိုစိတ္မပ်က္ေစတာက လဲ့ရွီက သူတို႔အျပစ္ကိုဖုံးဖို႔အတြက္ တစ္႐ြာလုံးကိုေတာင္ မဟုတ္မမွန္စြပ္စြဲရဲခဲ့တာပဲ။ အကယ္၍ ဒီကိစၥၿပီးလို႔ သူတို႔ေတြ႐ြာျပန္ေရာက္ရင္ လဲ့ရွီေျပာသလို ႐ြာရွိလူတိုင္းကေရွာင္အိမ္ကို တကယ္ကိုမုန္းသြားက်ေတာ့မွာကိုေတာ့ စိုးရိမ္မိပါရဲ႕။

အႀကီးကဲက်န္းႏွင့္ပိုင္မိသားစုဝင္မ်ားသည္ ပိုင္လီအားရႈပ္ေထြးစြာၾကည့္မိလိုက္က်ၿပီး ပိုင္လီ၏ တည္ၿငိမ္ေအးေဆးေသာအမူယာကိုျမင္လွ်င္ သူတို႔ပါ စိတ္ေျပေလ်ာ့လာသလိုခံစားလိုက္က်ရ၏။ အႀကီးကဲက်န္းက ပိုင္လီအခုမေျပာျပခ်င္ေသးတာကိုနားလည္ေပမယ့္ မေနနိုင္ပဲထပ္ေမးလိုက္သည္မွာ...

"မင္းမွာယုံၾကည္ခ်က္ရွိလား အဲဒါကေသခ်ာနိုင္ရဲ႕လား"

အကယ္၍ ဒီအမႈသာရႈံးခဲ့ရင္ သူတို႔ဘက္ကေပးဆပ္ရမည္ကမ်ားေပလိမ့္မည္။ သို႔ေသာ္ ယခုလမ္းတစ္ဝက္၌ေရာက္ေနေလရာ ျပန္လွည့္ရန္လည္းမျဖစ္နိုင္ေတာ့ပဲ အကယ္၍ ပိုင္လီမွာအႀကံေကာင္းရွိတယ္ဆိုရင္ ဘာပဲျဖစ္ျဖစ္အဲဒီအႀကံေလးအလုပ္ျဖစ္ပါေစလို႔ပဲ သူတို႔ေမွ်ာ္လင့္နိုင္ေတာ့မွာပါ။

ပိုင္လီက အႀကီးကဲက်န္းေမးခြန္းေၾကာင့္ ရယ္လိုက္မိကာ...

"ဦးေလးက်န္း ကြၽန္ေတာ္က ကိုယ့္ကိုကိုယ္ထိခိုက္မယ့္လမ္းကိုမေလ်ာက္ပါဘူးဗ်ာ"

သူသည္ တကယ္ကို သူ႕အားထိခိုက္ေစမည့္အလုပ္မ်ားကိုလုပ္မည္မဟုတ္ေပ။ အကယ္၍ သူ႕ေနရာမွာ တျခားတစ္ေယာက္ေယာက္ဆိုပါကလည္း ႐ုတ္တရက္ႀကီး ေသဆုံးခဲ့တယ္လို႔ထင္ရၿပီး သိေတာင္မသိလိုက္ဘဲ မတူညီတဲ့ကမၻာထဲက ဘဝတစ္ခုမွာေရာက္သြားခဲ့လွ်င္ အသက္ရွင္ဖို႔ပိုၿပီးသတိရွိသြားမယ္လို႔ သူထင္မိသည္။

သူက စြန့္စားခဲ့ရင္ေတာင္ ဒီလိုအဓိပ္ပါယ်မရှိတဲ့လူတွေအတွက်တော့ ျဖစ္မွာမဟုတ္ပါဘူး။

အနည္းငယ္စိတ္ေအးသြားေသာလူမ်ားကို ႏွစ္သိမ့္ကာ ပိုင္လီက ႐ုံးေတာ္သားတစ္ေယာက္ႏွင့္ စကားသြားေျပာခဲ့ၿပီး ေၾကးျပားတစ္ရာပါေသာအိတ္ငယ္ေလးတစ္အိတ္ကို တျခားလူမ်ားမျမင္ေအာင္ လက္ထဲထိုးေပးလိုက္၍...

"ဒီကအကိုႀကီး ကြၽန္ေတာ္က ဒီအမႈရဲ႕တိုင္ၾကားသူဆိုလည္းမမွားပါဘူး ဒါေၾကာင့္ထြက္ေျပးမွာမဟုတ္ပါဘူး ကြၽန္ေတာ့္မိသားစုနဲ႕႐ြာသားေတြက ညထဲကဘာမွမစားရေသးေတာ့ ဒီနားမွာ တစ္ခုခုမ်ားဝယ္လို႔ရနိုင္မလားဆိုတာ လမ္းၫႊန္ေပးနိုင္မလားလို႔ပါ"

အမႈတြင္ပါဝင္ပတ္သတ္သူမ်ားသည္ စစ္ေဆးမႈမၿပီးမခ်င္း အျပင္သို႔ထြက္လို႔မရေပ။ သူတို႔ေတြ နန္ေခ်ာင္း႐ြာကထြက္လာတဲ့ေန႕ခင္းထဲက တစ္ညေက်ာ္သြားတဲ့ထိ ဘာမွမစားရေသးတဲ့အတြက္ ပိုင္လီက ႀကိဳးစားၾကည့္ဖို႔ဆုံးျဖတ္ခဲ့ျခင္းပင္။ သူကအနည္းငယ္ဆာေလာင္တာကလြဲရင္ဘာမွျဖစ္မွာမဟုတ္ေပမယ့္ ပိုင္လီကအသက္ႀကီးသူေတြအတြက္ တကယ္စိုးရိမ္မိသည္။

သူတို႔ကိုေစာင့္ၾကည့္ေနရေသာ႐ုံးေတာ္သားသည္ လက္ထဲကေငြအိတ္၏အေလးခ်ိန္ကိုအနည္းငယ္ခ်ိန္ဆ၍ ပိုင္လီကတကယ္ပင္ထြက္ေျပးမည့္သူမဟုတ္ေၾကာင္းသိသျဖင့္ ေခတၱမွ်မ်က္ႏွာလြဲေပးရန္ဆုံးျဖတ္လိုက္ၿပီး....

"ဒီနားမွာ မနက္စာေပါက္စီေတြေရာင္းတဲ့ဆိုင္ရွိတယ္ ျမန္ျမန္သြားၿပီး ျမန္ျမန္ျပန္လာခဲ့"

ပိုင္လီက ထို႐ုံးေတာ္သားကိုေက်းဇူးတင္လိုက္ကာ ရႈပ္ေထြးေနေသာ လူမ်ားထဲမွ လစ္ထြက္သြားၿပီး ေပါက္စီမ်ားကိုျမန္ျမန္ဝယ္ကာ အလွ်င္ျမန္ျပန္လာခဲ့သျဖင့္ သူထြက္သြားေၾကာင္းအား ေရွာင္မိသားစုပင္မသိလိုက္ေခ်။ ပိုင္လီက ေပါက္စီမ်ားကို ႐ြာသားမ်ားအားလုံးအားေဝေပးခဲ့ၿပီး ေရွာင္အိမ္ကသုံးေယာက္သာကြက္က်န္ခဲ့ကာ လဲ့ရွီႏွင့္က်န္ေရွာင္မ်ိဳးရိုးႏွစ္ေယာက္မွာေတာ့ ထိုေပါက္စီမ်ားကမည္သို႔ေရာက္လာေၾကာင္းပင္ မေတြးနိုင္ခဲ့က်ေပ။

ေပါက္စီမ်ားသည္ ပိုင္လီဟိုေန႕ကသြားစားခဲ့သည့္ ဆိုင္ႏွင့္ဘယ္လိုမွမယွဥ္နိုင္ေသာ္လည္း ပူႏြေးကာ အသားအနည္းငယ္ပါဝင္သျဖင့္ စားလို႔ေကာင္းေနစဲျဖစ္သည္။ လူတိုင္းကစိတ္တိုေနသျဖင့္ စားဖို႔စကားမေျပာျဖစ္က်ေသာ္လည္း ဆာေလာင္ေနခဲ့က်သည္ျဖစ္လို႔ ဟန္ေဆာင္နိုင္သည့္လူပင္မရွိခဲ့ပဲ ေပါက္စီမ်ားကို အားရပါးရစားက်ေတာ့၏။

ေရွာင္အိမ္မွသုံးေယာက္သည္လည္း ဆာေလာင္ေနခဲ့တာျဖစ္သည္။ လူတိုင္း ၿငိမ္သက္ေနရင္ သူတို႔လည္းဆာေလာင္မႈဒဏ္ကိုသည္းခံနိုင္ေသးေပမယ့္ သူတို႔ေရွ႕က ဒီလို စားေသာက္ေနမႈမ်ားကိုေတြ႕သည့္အခါ ဆာေလာင္မႈက ႐ုတ္ျခင္းျမင့္တတ္လာခဲ့ၿပီး ပိုင္လီထံ ေပါက္စီမ်ားသြားေတာင္းသင့္မေတာင္းသင့္ကို ခ်င့္ခ်ိန္ေနခဲ့က်၏။ သို႔ေသာ္ ဝမ္းနည္းစရာေကာင္းသည္မွာ သူတို႔ေတြက ဘာပဲျဖစ္ျဖစ္ ပိုင္လီရဲ႕ေယာကၡမမိသားစုျဖစ္စဲဆိုသည့္အခ်က္ျဖင့္ ေပါက္စီမ်ားသြားေတာင္းရန္ ေျခလွမ္းလိုက္ေသာ္လည္း ေပါက်စီများက ကုန္သြားခဲ့ျခင္းျဖစ္သည္။

တကယ္ကို စိတ္မေကာင္းစရာပါပင္။ သူတို႔က ပိုင္လီဝယ္လာတဲ့ေပါက္စီေတြကိုမစားခဲ့ရသလို ႐ုံးေတာ္သားမ်ားကလည္း သူတို႔ကိုအျပင္ေပးမထြက္သျဖင့္ ဆာေလာင္မႈကိုအံႀကိတ္ခံ႐ုံသာရွိခဲ့ေတာ့၏။

ဤသို႔ျဖင့္ ႏွစ္နာရီခန့္အၾကာတြင္ ၿမိဳ႕ငယ္ေလးမွ ေရွာင္မိသားစု၏သက္ေသကိုေခၚေဆာင္လာခဲ့ၿပီး စစ္ေဆးျခင္းကိုျပန္လည္ေရွ႕ဆက္ခဲ့သည္။

တရားသူႀကီးဝမ္လီက အနည္းငယ္ေၾကာက္႐ြံေနပုံရေသာ ေရွာင္မိသားစု၏သက္ေသျဖစ္သူကိုၾကည့္လိုက္ကာ...

"႐ုံးေတာ္မွာ လိမ္ညာထြက္ဆိုရင္ ျပင္းျပင္းထန္ထန္အျပစ္ေပးခံရမွာျဖစ္တယ္ ငါအခုမင္းကိုေမးတာကို အမွန္တိုင္းေျဖပါ ေရွာင္မိသားစုမင္းဆိုင္ကေန ဆန္ေခ်ာေတြနဲ႕တျခားပစၥည္းေတြဝယ္ဖူးသလား"

ထိုလူသည္ အနည္းငယ္ေၾကာက္႐ြံေနပုံရေသာ္လည္း ယုလုံႏွင့္ယွဥ္လွ်င္ အေျခေနေကာင္းကာ လွ်င္ျမန္စြာျပန္ေျဖနိုင္ခဲ့သည္။

"လူႀကီးမင္း ေရွာင္မိသားစုက ဒီအရပ္သားရဲ႕ဆိုင္မွ ပုံမွန္ေဖာက္သည္မ်ားျဖစ္ပါတယ္ သူတို႔မိသားစုက လယ္အလုပ္မလုပ္တဲ့အတြက္ ဆန္ႏွင့္တျခားပစၥည္းမ်ားကို ဒီအရပ္သားရဲ႕ဆိုင္မွာ အၿမဲဝယ္ယူတတ္ပါတယ္ သူတို႔မိသားစုက ႏွစ္တိုင္း ေဆာင္းရာသီေရာက္ခါနီးရင္ ပုံမွန္ဝယ္ေနက်ထက္ပိုဝယ္ၿပီး အရမ္းေအးတဲ့ေန႕ေတြအတြက္ စုေဆာင္းက်ပါေသးပါတယ္ ဒီႏွစ္လည္း အရင္ႏွစ္မ်ားကလိုသာျဖစ္ၿပီး ဒါကိုဒီအရပ္သားက သက္ေသခံနိုင္ပါတယ္"

လူတိုင္း၏အၾကည့္မ်ားသည္ တေလ်ာက္လုံးထိုလူ႕အေပၚေရာက္ေနေသာ္လည္း ပိုင္လီကမူ လဲ့ရွီကိုသာၾကည့္ေနတာျဖစ္သည္။ သူက ထိုလူရဲ႕စကားအဆုံးမွာ လဲ့ရွီတစ္ေယာက္ေခါင္းငုံ႕သြားေသာ္လည္း ေက်နပ္ရိပ္မ်ားျဖတ္သန္းသြားကာ ႏႈတ္ခမ္းစြန္းမ်ားကလည္းေကာ့တက္သြားသည္ကိုျမင္လိုက္ရသျဖင့္ စိတ္ထဲတြင္ေလွာင္မိလိုက္၏။

လဲ့ရွီႏွင့္ ဒီလူသည္ ႀကိဳတင္စကားညွိထားၿပီးသားသာျဖစ္နိုင္ၿပီး ဒီလူကလည္း ဤသို႔ေျပာလိုက္ပါက ေရွာင္မိသားစုကိုမစြပ္စြဲနိုင္ေတာ့မွာကိုသိ၍ ႐ုံးေတာ္တြင္ေတာင္ လိမ္ညာသက္ေသခံရဲျခင္းျဖစ္ရမည္။ ဒီအတြက္ ေရွာင္အိမ္ကဒီလူကို ေငြဘယ္ေလာက္ေပးထားလဲဆိုတာကိုေတာ့ သူတကယ္သိခ်င္မိပါရဲ႕။

တကယ္ေတာ့ ထိုလူ၏စကားမ်ားသည္ အကုန္အမွားမ်ားခ်ည္းမဟုတ္နိုင္ပဲ ေရွာင္အိမ္ကသူ၏ပုံမွန္ေဖာက္သည္မ်ားဆိုသည္ကေတာ့မွန္ေလာက္သည္။ ဘာလို႔လည္းဆိုေတာ့ နန္ေခ်ာင္း႐ြာကလူေတြက စပါးစိုက္က်ေပမယ့္ ေရွာင္အိမ္ကလယ္မလုပ္သျဖင့္ စပါးမရွိနိုင္ေပ။ ႐ြာထဲမွာဝယ္ဖို႔က်ေတာ့လည္း ႐ြာသားမ်ားက ပိုင္အိမ္ႏွင့္က်န္းအိမ္လို လယ္အမ်ားႀကီးရွိက်တာမဟုတ္ပဲ ရလာသည့္စပါးမ်ားထဲမွ အခြန္ေတာ္အျဖစ္လည္းေပးရေသးသည္ျဖစ္လို႔ ျပန္ေရာင္းျခင္းကိုမလုပ္နိုင္က်ေပ။ ပိုင္အိမ္ေတာင္မွ တစ္ႏွစ္ကို အခြန္နဲ႕မိသားစုအတြက္ဖယ္ၿပီး က်န္အနည္းငယ္ကိုသာ ေငြအတြက္ေရာင္းနိုင္တာျဖစ္လို႔ ေရွာင္အိမ္က ဆန္ဝယ္စားရတယ္ဆိုတာက တကယ္ပဲျဖစ္သည္။

ၿပီးေတာ့ သူတို႔ေတြက တကယ္ပဲဒီလူရဲ႕ပုံမွန္ေဖာက္သည္ေတြျဖစ္ေနလို႔ ႐ုံးေတာ္က ဒီစကားေတြကိုအေသးစိတ္စစ္ေဆးခဲ့မယ္ဆိုရင္ေတာင္ ေရွာင္လ်ိဳသည္ ထိုဆိုင္ကို ပုံမွန္လာတတ္သည္ဟုသာရွာေတြ႕မည္ျဖစ္သျဖင့္ အမႈကလုံးဝလမ္းဆုံးသြားရေတာ့မွာပင္။ ဒါေၾကာင့္လည္း ဒီလူေတြက ဒီေလာက္ရဲတင္းနိုင္တာေပါ့ေလ။

သူတို႔က သူတို႔အႀကံက ဟာကြက္မရွိျပည့္စုံတယ္လို႔ တကယ္ပဲထင္ေနပုံရတယ္။

ဝမ္လီကအနည္းငယ္ရႈပ္ေထြးလို႔ေန၏။ ေရွာင္အိမ္ရဲ႕သက္ေသက အရမ္းခိုင္လုံေနၿပီး ႐ုံမိသားစုကသာ ခိုးတယ္လို႔ ေျပာဖို႔ကလည္း သက္ေသမခိုင္ေလေတာ့ တကယ္ပဲ ပစၥည္းေတြကဘယ္ကိုေရာက္သြားရတာလဲ။

ဝမ္လီက တကယ္စိတ္ညစ္ေနၿပီျဖစ္သည္။ သူက ဟြမ္ဟြာေဖာက္ထြင္းခံရမႈအတြက္ စိတ္ရႈပ္ေနရၿပီးျဖစ္လို႔ ဒီလိုရႉပ္ေထြးေနတဲ့အမႈကိုထပ္ေတြ႕ရတဲ့အခါ ေဒါသထြက္ခ်င္လာၿပီး ဒါေတြအားလုံးသည္ အိမ္မလုံၿခဳံပဲ အျပင္ထြက္သြားသည့္ ပိုင္လီအျပစ္ဟုသာေတြးမိသြားခဲ့၏။ တန္ဖိုးရွိတဲ့ပစၥည္းေတြ ရွိေနရင္လည္း အိမ္ကိုလုံၿခဳံေအာင္လုပ္ၿပီးမွအျပင္ထြက္ေလ။ အခုေတာ့ တံခါးမရွိ၊ဓားမရွိ အိမ္ကိုျပစ္ထားခဲ့ၿပီး ဘယ္သူဝင္ယူသြားမွန္း မသိရေတာ့ဘူးမလား။ ပိုဆိုးတာက ဒီအမႈမွာ ယုလုံကလြဲရင္ တျခားမ်က္ျမင္သက္ေသ ထပ္မရွိေနေတာ့တာပဲ။

ပိုင္လီက တရားသူႀကီးရဲ႕မ်က္ႏွာတေျဖးေျဖးဆိုး႐ြားလာတာကိုေတြ႕ၿပီး ထိုလူႀကီးမင္းက ေရွာင္အိမ္ကသက္ေသခိုင္လုံေနလို႔ အျပစ္မရွိဘူးလို႔ ေျပာေတာ့မွာကိုသိေနသျဖင့္ စကားအနည္းငယ္ေျပာလိုက္ေတာ့၏။

"လူႀကီးမင္း ဒီ႐ြာသားမွာ ေရွာင္အိမ္နဲ႕ဒီဆိုင္ရွင္ကို ေမးစရာအနည္းငယ္ရွိလို႔ ခြင့္ျပဳေပးေစလိုပါတယ္"

ဝမ္လီကအမႈကို အဆုံးသတ္ေပးေတာ့မွာျဖစ္ၿပီး ပိုင္လီကဤသို႔ထေျပာလာတဲ့အခါ မေပ်ာ္ေတာ့ေပ။ သို႔ေသာ္ ပိုင္လီကဒီအမႈရဲ႕နစ္နာသူျဖစ္ေနၿပီး တရားခံမေပၚတာက သူ႕ပစၥည္းေတြကို ဆုံးရႈံးသြားၿပီလို႔ဆိုလိုေနတာျဖစ္တဲ့အတြက္ ဝမ္လီက အနည္းငယ္မ်က္ႏွာေပးဖို႔ဆုံးျဖတ္လိုက္ၿပီး...

"ေကာင္းၿပီး မင္းေမးလို႔ရတယ္"

လဲ့ရွီသည္ ပိုင္လီဘာႀကံေနမွန္းမသိသျဖင့္ သတိထားၾကည့္ေနၿပီး ပိုင္လီကလည္း အၿပဳံးေလးျဖင့္သူ႕ကိုၾကည့္လာကာ...

"ဦးေလးေရွာင္နဲ႕ေဒၚေလးေရွာင္တို႔ေျပာသလိုဆိုရင္ ဦးေလးတို႔မိသားစုက အၿမဲ ဒီလူရဲ႕ဆိုင္မွာပဲဝယ္ေနၿပီး တျခားမွာမဝယ္ဘူးဖူးလို႔ ေျပာတာလား"

ေရွာင္လ်ိဳက အနည္းငယ္စဥ္းစားေနေသာ္လည္း လဲ့ရွီက ခ်က္ျခင္းပင္ျပန္ေျဖလိုက္သည္မွာ...

"ဟုတ္တယ္ ငါတို႔က ဆိုင္ရွင္လ်ိဳဆီမွာပဲ အၿမဲဝယ္တယ္"

ပိုင္လီက သေဘာေပါက္သြားသည့္ပုံေလးျဖင့္ ေခါင္းၿငိမ့္လိုက္ကာ...

"ဒါဆို ေဒၚေလးအိမ္မွာစုေဆာင္းထားတဲ့ပစၥည္းေတြအကုန္လုံးကလည္း ဆိုင္ရွင္လ်ိဳရဲ႕ဆိုင္ကေနပဲ အကုန္လုံးဝယ္ခဲ့တာေပါ့ေနာ္"

လူတိုင္းက ပိုင္လီဘာလုပ္ခ်င္ေနမွန္းမသိက်ပဲ ဆိုင္ရွင္လ်ိဳကမူ ပိုင္လီ၏ေလသံမွားယြင္းေနပုံရၿပီး မေကာင္းတာတစ္ခုခုျဖစ္လာေတာ့မလို ႐ုတ္ျခင္း ခံစားခဲ့ရေသာ္လည္း လဲ့ရွီက သိသာေနတာကို ပိုင္လီက အေၾကာင္းမရွိ ထပ္ေမးျမန္းေနတဲ့အတြက္ စိတ္မရွည္ေတာ့ေပ။ သူမက ေရွာင္မိသားစု အျပစ္ကင္းတယ္ဆိုတဲ့ တရားသူႀကီးရဲ႕စကားကိုျမန္ျမန္ၾကားခ်င္ေနၿပီး ပိုင္လီနဲ႕တျခားလူေတြကို အျပစ္ေျပာဖို႔မေစာင့္နိုင္ ျဖစ္ေနတာေၾကာင့္...

"ဟုတ္တယ္ အကုန္လုံးက ဆိုင္ရွင္လ်ိဳရဲ႕ဆိုင္ကခ်ည္းပဲ!"

ပိုင္လီက ထိုစကားၾကားေတာ့ သူလိုခ်င္တာရသြားသလို လဲ့ရွီကိုလွည့္မၾကည့္ေတာ့ပဲ ခ်က္ျခင္း တရားသူႀကီးကိုအရိုေသေပးရင္း ေျပာလိုက္သည္မွာ...

"လူႀကီးမင္း ဒီ႐ြာသားက ဝယ္ခဲ့တဲ့ပစၥည္းေတြရဲ႕ဆိုင္ေတြကိုေျပာျပခဲ့ပါတယ္ မွတ္မိပါေသးရဲ႕လား"

ဒါသည္ မနက္ကမွေျပာခဲ့တာျဖစ္ၿပီး ဝမ္လီကေမ့စရာမရွိသျဖင့္ မႈန္ကုတ္ကုတ္ျဖင့္ေျပာလိုက္သည္မွာ...

"ဟုတ္တယ္ မင္းေျပာခဲ့တယ္ အဲတာဘာျဖစ္လို႔လဲ"

ပိုင္လီ၏ အၿပဳံးက ထိုခဏတြင္ နက္နက္ရွိုင္းရွိုင္းေတာက္ပလို႔လာၿပီး...

"ဒီ႐ြာသားေျပာခဲ့တာက ပစၥည္းေတြထဲက ဆန္ေခ်ာ၊ဆားနဲ႕သၾကားအျပင္ တျခားပစၥည္းတခ်ိဳ႕ကို ဆိုင္ရွင္ဖန္းယုရဲ႕ဆိုင္ကေနဝယ္ခဲ့တာပါလို႔ေျပာခဲ့ပါတယ္ လူႀကီးမင္း ဒီ႐ြာသားဝယ္ခဲ့တဲ့ ဆိုင္က ၿမိဳ႕ေလးကဆိုင္ေပမယ့္ ထိုဆိုင္ရွင္ဖန္းယုဟာ ဆိပ္ကမ္းၿမိဳ႕က ကုန္သည္ႀကီးဖန္းရဲ႕သားတစ္ေယာက္ပါ ဒါေၾကာင့္ သူ႕ဆိုင္ကေရာင္းတဲ့ပစၥည္းတိုင္းမွာ ဖန္းမိသားစုရဲ႕ ကိုယ္ပိုင္အမွတ္သားမ်ား ပါရွိေနပါတယ္ ဒါေၾကာင့္ ဒီ႐ြာသားက ေရွာင္အိမ္ရဲ႕ပစၥည္းေတြမွာ ဖန္းမိသားစုရဲ႕ အမွတ္သားမ်ားရွိမရွိကို စစ္ေဆးေပးဖို႔ေတာင္းဆိုခ်င္ပါတယ္ "
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိမ္ၫႊန့္ 😇
.................................................................
(AN/ မေန႕ညက ညည့္နက္တဲ့ထိ အပိုင္းတစ္ဝက္ေရးခဲ့ၿပီး ဒီေန႕ညလည္း က်န္တဲ့တစ္ဝက္ကို ခုမွေရးၿပီးေတာ့တာပါ။)













Продовжити читання

Вам також сподобається

233K 25.6K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
1.5M 190K 156
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
41.8K 2.7K 42
လောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လ...
28.1K 1.6K 51
နတ်မိစ္ဆာဘုရင်လေးနဲ့ လူသားအိမ်ရှေ့စံလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ။ ဘာသာပြန်လုံးဝမဟုတ်ပါ❌❌