အပိုင်း (၂၄) ရုံးတော်၏စီရင်ချက် -2
ဒီနယ်မြေရဲ့ရုံးတော်က ဆိပ်ကမ်းမြို့မှာရှိနေတာဖြစ်လို့.ပိုင်လီက ဆိပ်ကမ်းမြို့ကပြန်ရောက်ရောက်ချင်းပင် ဆိပ်ကမ်းမြို့သို့ပြန်သွားရန် အကြောင်းဖန်လာခဲ့သည်။
အစကပိုင်လီက ဒီနေ့ရွာပြန်ရောက်တာနဲ့ ဆောင်းတွင်းအတွက် ထင်းတွေစုတော့မယ်ဟု စဥ်းစားထားတာဖြစ်ပေမယ့် ခုလိုအနှောက်ယှက်မိသွားတဲ့အခါ အလွန်စိတ်ပျက်နေမိ၏။ ပိုင်လီသည်းမခံနိုင်တဲ့အရာတွေထဲက နောက်ထပ်တစ်ချက်က သူလုပ်မယ့်အရာတွေကို ဖျက်စီးခံရတာပါပဲ။
မူလပိုင်လီသည် လုံးဝအမှိုက်ဖြစ်ပြီး ဆောင်းတွင်းအတွက်ထင်းစုဖို့မပြောလေနှင့် ထင်းခုတ်ခြင်းတောင်တစ်ခါမှမပြုလုပ်ဖူးချေ။ အိမ်သုံးဖို့ ထင်းရှာတာကလည်း ထုံးစံအတိုင်းရှောင်ဟန်ကပဲလုပ်ခဲ့ရတာဖြစ်ပြီး ဆောင်းတွင်းအုတ်ကုတင်အပူပေးဖို့အတွက်တေည့ မလုံလောက်ခဲ့ပါပေ။ ဒါကြောင့် ဒီသုံးနှစ်အတွင်း ပိုင်အိမ်ကမသိမသာနဲ့ ရှောင်ဟန်ကိုထင်းတွေပို့ပေးခဲ့ရတယ်။ ပိုင်အိမ်မှာက ယောင်္ကျားလေးယောက်ရှိပြီး ထင်းရှာတာက ပြဿနာမရှိဘူးလေ။
သို့သော် ပိုင်အိမ်မှာလူများတဲ့အတွက် ထင်းများများသုံးရန်လိုပြီး ဆိုလိုတာက ရိတ်သိမ်းချိန်ပြီးတာနဲ့ ပိုင်အိမ်ကယောင်္ကျားတွေက ထင်းစုဖို့အတော်လေးကြိုးစားရမှာပင်။ ဒါကြောင့် ပိုင်လီကဒီနှစ်တော့ သူတို့မိသားစုအတွက် သူ့ဘာသာထင်းစုဖို့ကြံရွယ်ထားခဲ့ပြီး ထင်းများလုံလောက်ပြီးလျှင် အရမ်းမအေးခင် သားကောင်ကြီးကြီရှာကာ ဆိပ်ကမ်းမြို့မှာတစ်ခေါက်လောက်သွားရောင်းဖို့ကြံရွယ်နေခဲ့သည်။
အခုတော့ ကောင်းရော။ သူစီစဥ်ထားတာတွေ အနည်းငယ်နှောင့်နှေးသွားတော့မှာဖြစ်ပြီး ရုံးတော်မှာဘယ်လောက်ကြာနိုင်မှန်း သူလည်းခန့်မှန်း၍မရပေ။ မူလပိုင်လီရဲ့မှတ်ဉာဏ်ထဲမှာ ရုံးတော်နဲ့ပတ်သက်ပြီးဘာမှရှိမနေဘူးလေ။
ပိုင်လီ၏ခန့်မှန်းချက်အရ သူတို့ရွာပြန်ရောက်ချိန်က နေမွန်းတည့်လောက်ဖြစ်ပြီး ဆိပ်ကမ်းမြို့ကို ပြန်ထွက်ခွာလာတာက နေ့ခင်းတစ်နာရီကျော်နှစ်နာရီဝန်းကျင်လောက်ဖြစ်ကာ သူတို့တွေဆိပ်ကမ်းမြို့သို့ရောက်ချိန်တွင် ညရှစ်နာရီနှင့်ကိုးနာရီကြားတွင်ရှိနေပြီဖြစ်သည်။
သူတို့တွေ ရုံးတော်ရဲ့တံခါးရှေ့ရောက်သွားကျပေမယ့် ဒီအချိန်က ရုံးတော်ပိတ်ချိန်ဖြစ်လို့ မနက်ရောက်သည်ထိစောင့်ရန်သာရှိတော့ပြီး ဒီလောက်လူအများကြီးနှင့် ဆိပ်ကမ်းမြို့မှာ တည်းခိုအိမ်ငှားဖို့ကလည်း အဆင်မပြေလေရာ အကြီးကဲကျန်းက ရုံးတော်တံခါးရှေ့ကနေသာ စောင့်နေကျဖို့ပြောခဲ့၏။
ရှောင်အိမ်ကလူများသည် ရုံးတော်တံခါးအားကြည့်ကာ ကြောက်ရွံလွန်းလို့မျက်နှာများဖြူဆုတ်နေပြီး ရွာမှာတုန်းက ယုံကြည်မှုလွန်ကဲနေသည့်လဲ့ရှီပင်လျှင် အနည်းငယ်ကြောက်တတ်လာပုံရသော်လည်း သူမသည်စိတ်ပိုင်းဖြတ်ထားပုံရကာ တစ်ခါတစ်ခါ၌ ပိုင်လီအားမုန်းတီးစွာကြည့်နေသည်ကို ပိုင်လီကဖမ်းမိခဲ့သည်။ ပိုင်လီက ဒီအမျိုးသမီးရဲ့ရည်ရွယ်ချက်ကို အလွယ်တကူသိနိုင်ပါ၏။ လဲ့ရှီကရုံးတော်သို့လာလျှင် ပစ္စည်းများပြန်ပေးရနိုင်ချေများတာကိုသိထားပြီး ရွာမှာပစ္စည်းများအေးအေးဆေးဆေးပြန်ပေးလိုက်လျှင်လည်းရပေမယ့် သူမခေါင်းမာနေသည်မှာ ပိုင်လီက သူမတို့အားရုံးတော်ကို အမှန်တကယ်တိုင်ကြားရဲတဲ့အတွက် မုန်းတီးလို့ပင်။ လဲ့ရှီက ပစ္စည်းတွေပြန်ပေးရရင်တောင် ပိုင်လီအပြစ်ပေးခံရတာကိုမြင်နေတာပါ။
ပိုင်လီက ထိုအမျိုးသမီး၏ရည်ရွယ်ချက်ကိုသိနေသော်လည်း ဂရုမစိုက်ပဲ ပိုင်အမေကိုသာ ခေတ္တအနားယူရန်ပြောရန်ပြီး သူတို့ဆိပ်ကမ်းမြို့တွင်ပြုလုပ်ခဲ့သည့် ပျော်စရာကိစ္စများကိုပြန်ပြောပြနေ၏။ ပိုင်အမေက ဒီရက်များအတွင်းတွင် အလွန်ဒေါသထွက်ခဲ့ရပြီး ပိုင်လီပြန်လာလျှင် ဤအရေးကိုကိုင်တွယ်ရမည်ကိုသိလို့ ရိတ်သိမ်းမှုကိုအလျှင်မြန်လုပ်ဆောင်ခဲ့ရကာ ဒါက သူမကိုစိတ်ရောကိုယ်ပါပင်ပန်းစေခဲ့သည်။ သူမက အစကဘယ်လိုမှအိပ်မပျော်နိုင်ဘူးလို့ထင်နေပေမယ့်လည်း သူမ၏ဒုတိယသားသည် ဆိပ်ကမ်းမြို့သို့သွားလည်ရသည့်အတွက် သူမ၏အငယ်ဆုံးသမီးလေးနှင့် မြေးလေးများက မည်မျှပျော်ရွှင်နေခဲ့ကျကြောင်းကို သူမထံသို့အပျော်များကူးဆက်လာအောင်ပြောပြနေသဖြင့် အနည်းငယ်စိတ်သက်သာရာရသွားကာ အိပ်ပျော်သွားခဲ့တော့၏။
ပိုင်ကျန့်သည် အကြီးကဲကျန်းနှင့်စကားပြောနေသော်လည်း သူ့မျက်လုံးများက သူ့အိမ်ကသားမိနှစ်ယောက်ထံရောက်နေပြီး တစ်ယောက်ထဲတွေးလျက်ရှိသည်မှာ ယခင်က သူတို့၏ဒုတိယသားသည် မိဘများမြေကြီးပေါ်လူးလိမ့်ငိုနေလျှင်ပင် တစ်ချက်ငုံ့မကြည့်တတ်ပဲ ယခုတော့ ရုတ်တရက်ကြီး အလွန်မင်းဂရုစိုက်တတ်လာပုံရနေသည်။ ဒါကို သူကထူးဆန်းတယ်လို့ထင်နေပေမယ့် မကြိုက်တာမဟုတ်တဲ့အတွက် အထွေထူးတော့တွေးမနေပါဘူး။
ညည့်နက်သည့်အခါ အသက်ကြီးသူများက ခေတ္တအနားယူကျသော်လည်း ငယ်ရွယ်သူများကမူ အနားယူချင်စိတ်ရှိမနေကျပဲ တီးတိုးတီးတိုးဖြင့်ဆွေးနွေးနေကျပြီး ဤသို့ဖြင့် မိုးလင်းခဲ့ကာ ရုံးတော်ဖွင့်ချိန်သို့ရောက်လာခဲ့တော့သည်။
ရုံးတော်လူကြီးမင်းသည် ဤရက်များ၌ မြို့ထဲကအကြီးဆုံးပြည့်တန်ဆာအိမ် ဖောက်ထွင်းခံရမှုကြောင့် အလွန်အလုပ်များနေပြီး ပြဿနာမှာ ပြည့်တန်ဆာအိမ်ဆိုတာမျိုးက လူဝင်လူထွက်အရမ်းများတတ်လို့ သူကသဲလွန်စကိုမဖမ်းမိနိူင် ဖြစ်နေရသည်ပင်။ ထိုအချိန်တွင် နောက်ထပ် ခိုးမှုဟုကြားသောအခါ အလွန်စိတ်တိုသွားရတော့၏။
သူတို့နယ်က အရမ်းအေးချမ်းပေမယ့် ဘာလို့ဒီရက်ပိုင်းမှခိုးမှုတွေ၊ဖောက်ထွင်းမှုတွေဖြစ်နေရတာလဲ။
ရုံးတော်လူကြီးမင်းက ချက်ခြင်းပင် အမှုတိုင်ကြားသူကို ခေါ်စေခဲ့ပြီး ပြဿနာကိုမေးမြန်းခဲ့တာကြောင့် အကြီးကဲကျန်းက ပိုင်ဝူမှပိုင်လီတို့ကို ပြောပြခဲ့သည့်ဇာက်ကြောင်းအား တဖန်ပြန်လည်ပြောခဲ့ကာ နောက်ဆုံးနား၌...
"ရုံးတော်လူကြီးမင်းဗျ ပိုင်လီက သူ့အိမ်ကမလုံခြုံတာဖြစ်တဲ့အတွက် သူ့အပြစ်ပါဝင်တယ်လို့ခံစားရပြီး ဒီခိုးယူမှုအပေါ်မတိုင်ကြားချင်ခဲ့ရှာပါဘူး ဒါပေမယ့် ဒီငယ်သားက နန်ချောင်းရွာရဲ့အကြီးကဲဖြစ်လို့ဒါကိုကြည့်မနေနိုင်ခဲ့ပါဘူး ထပ်ပြီး ဒီရှောင်မိသားစုက ပိုင်လီရဲ့အိမ်မှာထပ်ပြီး ပြဿနာရှာချင်နေတဲ့အတွက်ကြောင့်သာ မတက်နိုင်တော့ပဲ ဝေးလံတဲ့ရွာလေးကနေ လာရောက်တိုင်ကြားရခြင်းဖြစ်ကြောင်းပါ"
အကြီးကဲကျန်းသည် ပိုင်လီကိုကာကွယ်ပေးဖို့ဆုံးဖြတ်ခဲ့သည်။ ဒါက သူနဲ့ပိုင်အိမ်ရဲ့ခင်မင်မှုကြောင့်မဟုတ်သလို ပိုင်လီထံကအကျိုးမြတ်မျှော်မှန်းလို့လည်းမဟုတ်ပါဘူး။ အစဥ်မြဲအေးချမ်းနေတဲ့ သူ့ရွာလေးမှာ ဒီလိုရုပ်ဆိုးတဲ့ဖြစ်ရပ်မျိုးကိုသည်းမခံနိုင်ရုံသာဖြစ်ပြီး သူသာဤသို့မပြောပါက ပိုင်လီကတကယ်တိုင်ကြားချင်စိတ်မရှိမှာကြောက်၍ပင်။ ဘယ်လောက်ပဲအိမ်မလုံခြုံနေပါစေ နေ့ခင်းကြောင်တောင်မှာ ဒီလိုကျူးလွန်ရဲတာက ရှောင်အိမ်က သူ့ကျန်းရန်ကို လုံးဝမျက်လုံးထဲမရှိတာပဲမဟုတ်ဘူးလား။ ဒါကြောင့် သူကဘာလို့များ ပိုင်လီဘက်ကိုအနည်းငယ်မကာကွယ်ပေးရမှာတဲ့လဲ။
ရုံးတော်လူကြီးမင်းသည် ပြဿနာကိုအစဆုံးနားထောင်ပြီးနောက် ဒါကငွေလေးငါးချောင်းလောက်ကြောင့်ဖြစ်လာရသည့်ပြဿနာမှန်း နားလည်သွားသော်လည်း ဤငွေလေးငါးချောင်းသည် သူတို့အတွက်သာဘာမှမဟုတ်တာဖြစ်ပြီး လယ်သမားရွာလေးကလူများအတွက်မူ အလွန်များသောပမာဏဖြစ်နေစဲကို နားလည်သဖြင့် အမှုကိုပေါ့ပေါ့ဆဆကိုင်တွယ်မည်မဟုတ်ပေ။ ထို့ကြောင့်သူက ပါဝင်သူများကိုအကုန်ခေါ်စေပြီး...
"ဒီထဲမှာ ပိုင်လီကဘယ်သူလဲ"
ရုံးတော်တွင်အခွင့်မရှိပဲ စကားပြော၍မရသဖြင့် မည်သူမှစကားမစရဲကျပေ။ ပိုင်လီက ရုံးတော်လူကြီးမင်းစကားကြောင့် ရှေ့တတ်သွားပြီး အရိုသေပေးလိုက်ကာ...
"လူကြီးမင်း ဒီရွာသားက နန်ချောင်းရွာက ပိုင်မိသားစုရဲ့ဒုတိယသား ပိုင်လီဖြစ်ပါတယ် "
တရားသူကြီးဝမ်လီက လူငယ်ရဲ့ရည်မွန်မှုကိုကြည့်ကာ သူ့အမှားသူသိသူဖြစ်တယ်ဆိုတဲ့အချက်ကြောင့်ရော ပိုင်လီအပေါ်ပထမထင်မြင်ချက်မှာ အနည်းငယ်အကောင်းဘက်သွားခဲ့ပြီး...
"မင်း ရွာကိုပြန်ရောက်တဲ့အချိန်မှာ ဘာတွေပျောက်ဆုံးနေတာလဲမှတ်မိသလား"
"ဒီရွာသားက အကုန်မှတ်မိပါတယ်"
ထို့နောက်ပိုင်လီက သူအိမ်မှပျောက်ဆုံးသွားသည့် ပစ္စည်းများနှင့် ၎င်းတို့၏အလေးချိန်များကိုပင်ပြောခဲ့ကာ မည်သည့်ရက်ကမည်သည့်ဆိုင်မှဝယ်ခဲ့ကြောင်း ပြည့်ပြည့်စုံစုံပင်ပြောခဲ့သည်။ ဝမ်လီက ပိုင်လီစကားကြားတော့ အကြီးကဲကျန်းကိုကြည့်ပြီး...
"ဒီပစ္စည်းတွေကို သူဝယ်လာတုန်းက မင်းလည်းမြင်ခဲ့တယ်လို့ပြောခဲ့သလား"
"ပြောခဲ့ပါတယ် လူကြီးမင်း အဲဒီအချိန်က ဒီကောင်လေးက တောဝက်ကြီးတွေအမဲလိုက်လို့ရောင်းခဲ့ပြီး ရွာသားတွေက သူ့အိမ်မှာဝိုင်းဝန်းနေခဲ့လို့ သူဒီပစ္စည်းတွေဝယ်ပြန်လာတာကို တော်တော်များများကတွေ့လိုက်ရပါတယ်"
ဆိပ်ကမ်းမြို့မှာ တောဝက်ရောင်းတဲ့ကိစ္စက အတော်လေးကြီးသွားပြီး တရားသူကြီးဝမ်လီတောင် သူ့ငယ်သားတစ်ယောက်က ဝယ်ပြီးလာပို့ပေးတဲ့အတွက် တောဝက်သားစားခဲ့ရသေးသည်။
ဝမ်လီက တခြားရွာသားတွေရဲ့အမူယာမှာလည်း ဤကိစ္စဟုတ်မှန်ကြောင်းပြောနေသဖြင့် ....
"ရုံမိသားစုက မျက်မြင်သက်သေကဘယ်သူလဲ"
ယုလုံသည် တရားသူကြီးအားကြောက်ရွံနေ၍ အနည်းငယ်တုန်ရီနေပြီး...
"ဒီ ဒီရွာသူပါ"
"အဲဒီနေ့ကမင်းမြင်လိုက်သမျှကဘာလဲ"
ယုလုံသည် ကြောက်ရွံနေသော်လည်း အံကြိတ်ကာ သူမမြင်လိုက်သည့်ဇာက်ကြောင်းကို တဖန်ပြန်လည်ပြောပြခဲ့ပြီး နားထောင်ပြီးနောက် ဝမ်လီက...
"လဲ့ရှီနဲ့ရှောင်မိသားစုကဘယ်သူတွေလဲ"
ရှောင်လျို၊လဲ့ရှီနှင့်ရှောင်လျန်သည် ဖြူဖျော့စွာ ရှေ့ထွက်လာပြီး ဝမ်လီက ထိုသုံးယောက်၏အမူယာများကိုကြည့်ကာ တရားခံကသူတို့ပင်ဖြစ်ကြောင်း ခန့်မှန်းနိုင်သဖြင့် အကြီးကဲကျန်းအား...
"မင်းက ရုံအိမ်နဲ့ရှောင်အိမ်မှာဝင်ရှာခဲ့တယ်လို့ပြောခဲ့ပြီး ပစ္စည်းတွေရှောင်အိမ်မှာတွေ့ရတယ်ဆိုတာအမှန်ပဲလား"
အကြီးကဲကျန်းသည် ဟုတ်မှန်ကြောင်းပြောပြီး အိမ်များကိုဝင်ရှာခဲ့သည့် ရွာသားများကလည်းသက်သေခံခဲ့ပေမယ့် လဲ့ရှီကအလန့်တကြားငြင်းလာသည်မှာ...
"လူကြီးမင်း အထင်လွဲနေတာပါ အဲဒီပစ္စည်းတွေက ကျွန်မတို့ဝယ်ထားတာတွေပါ ဆောင်းရာသီရောက်ပြီဖြစ်လို့ အရမ်းအေးတဲ့နေ့တွေအတွက် စုဆောင်းထားရတာပါ အဲတာတွေကပိုင်လီအိမ်ကပစ္စည်းတွေမဟုတ်ရပါဘူး! "
ထို့နောက်လဲ့ရှီသည် ဒူးထောက်ချပြီး ငိုချင်းချလျက်...
"လူကြီးမင်း ကျွန်မအိမ်ကဦးစီးက အခကြေးငွေယူပြီး မြို့နဲ့ရွာကိုသယ်ယူပို့ဆောင်ပေးတဲ့အလုပ်လုပ်တဲ့အတွက် မိသားစုကရွာမှာပြေလည်ပါတယ် ဒါကြောင့်ကျွန်မတို့က အလုပ်မရှိတဲ့ဆောင်းတွင်းအတွက် ပစ္စည်းတွေကိုအနည်းငယ်စီဝယ်စုခဲ့ပါတယ် ဒါကို ကျွန်မတို့ဝယ်နေကျဆိုင်ကသက်သေခံနိုင်ပါတယ် ရုံမိသားစုကသာ ကျွန်မတို့ကိုစွပ်စွဲနေတာပါ မိသားစုချင်းယှဥ်ကြည့်မယ်ဆိုရင် ရုံမိသားစုကရွာမှာအဆင်းရဲဆုံးဖြစ်တဲ့အတွက် သူတို့ကသာခိုးယူနိုင်ချေအမြင့်ဆုံးပါ"
ဝမ်လီသည် တစ်ဖက်မှဤသို့ပြန်လည်ချေပလာမည်ဟု မမျှော်လင့်ခဲ့ပဲ ရုံမိသားစုနှင့် ရွာအကြီးကဲကိုကြည့်လိုက်သော် အကြီးကဲကျန်းကလဲ့ရှီအားအထိတ်တလန့်ကြည့်လျက်...
"လဲ့ရှီ နင်ရွာမှာတုန်းက ပစ္စည်းတွေကိုဖြေးဖြေးချင်းဝယ်စုခဲ့တာလို့မပြောခဲ့ပါဘူး အဲဒီအစား ပစ္စည်းတွေကိုတစ်ခါထဲဝယ်ထားတာလို့သာ ပြောခဲ့တာလေ!"
ဤသို့ပြောင်းလဲသွားမှုသည် အကြီးကဲကျန်းအပါဝင် ရွာသားများကိုပါ ထိတ်လန့်စေပြီး...
"ဟုတ်တယ် သူတို့က တစ်ခါထဲဝယ်ထားခဲ့တဲ့ပုံနဲ့ပြောခဲ့တာပဲ"
"အမှန်ပဲ အဲဒီနေရာမှာငါလည်းရှိတယ် သူတို့အဲလိုပြောခဲ့တာ"
"ဒီလဲ့ရှီက ဘယ်လိုတောင်အလိမ်ညာတွေပြည့်နေတာလဲ အဲတုန်းက ရွာသားတွေအများကြီးကြားခဲ့ပြီးတာတောင် လိမ်ချင်နေတယ်"
ဝမ်လီသည် ဆူညံနေသည့်အတွက် တရားရေးတူကိုထုလိုက်ရပြီး လဲ့ရှီအား ဇဝေဇဝါကြည့်လျက်...
"ရွာသားတွေအကုန်လုံးက မင်းတို့ကိုမထောက်ခံဘူး မင်းဘာပြောချင်လဲ"
လဲ့ရှီသည် ဒူးထောက်နေတုန်းဖြစ်ပြီး မျက်လုံးများနီလျက် မျက်ရည်သွင်သွင်ကျနေကာ သူမကတကယ်ပဲမတရားခံရသည့်အသွင်ပုံနေခဲ့သည်။ သူမက အရမ်းကိုမဆီလျော်စွာနဲ့...
"လူကြီးမင်း ကျွန်မပုံမှန်ဆိုဒီစကားတွေထုတ်ပြောမှာမဟုတ်ပေမယ့် ဒီလိုမတရားစွပ်စွဲခံရမှုကိုသည်းမခံနိုင်တော့တဲ့အတွက် ထုတ်ပြောရပါတော့မယ်! ပြောခဲ့သလိုပဲ ကျွန်မတို့အိမ်ကလှည်းနဲ့ကျွဲက မြို့နဲ့ရွာကိုအသွားပြန်လုပ်ရတဲ့အတွက် ရွာသားတွေရဲ့လယ်အလုပ်တွေမှာ မကူညီနိုင်ပါဘူး ဒါကြောင့်ရွာသားတွေက ကျွန်မတို့ရှောင်မိသားစုကိုမကြိုက်ကျပဲ ရွာအကြီးကဲကလည်း ဒီအတွက်တစ်ရွာလုံးက သူ့ကျွဲကိုပဲသုံးနေတဲ့အတွက် ရှောင်မိသားစုကို အငြိုးထားနေပါတယ် ဒါ ဒါက တစ်ရွာလုံးက ကျွန်မတို့ကိုမဟုတ်မမှန်စွပ်လာတဲ့အထိပြင်းထန်မယ်လို့ မထင်ခဲ့ပါဘူး! လူကြီးမင်း မတရားခံရတာပါ! မတရားစွပ်စွဲခံရတာပါ! ကျေးဇူးပြုပြီး တရားမျှတအောင်လုပ်ပေးမှရပါမယ်!!"
လဲ့ရှီ၏ငိုယိုအော်ဟစ်သံကစူးလွန်းကာ တရားသူကြီးကိုကြောက်လို့ တုန်ရင်နေသော ရှောင်လျိုနှင့်သူ၏သားရှောင်လျန်တို့သည် လဲ့ရှီအားသွားဖက်ကာသူတို့ပါငိုပြလျက် မတရားခံရသော သနားစရာမိသားစုအသွင်ကို ဖော်ဆောင်နေပြီး ရှောင်လျိုမှ "သူတို့ကငါတို့ကို တကယ်ကြီး မုန်းနေကျတာပဲ" ဟူသောစကားကို ခပ်တိုးတိုးဖြင့် ထပ်ကာထပ်ကာရေရွတ်နေသဖြင့် ဝမ်လီက ထိုစကားတွေက အမှန်ဖြစ်လောက်မလားဟု အနည်းငယ်သံသယဝင်လာပြီး ရွာအကြီးကဲနှင့် ရွာသားများကိုကြည့်လိုက်ရာ ထိုလူများက အလွန်ဒေါသထွက်နေကျကြောင်းတွေ့လိုက်ရသည်။
ကျန်းရန်က မျက်ထောင့်များနီရဲသည်ထိစိတ်တိုနေကာ ထိုသုံးယောက်အား လက်ညိုးထိုးလျက်...
"မင်းတို့! မင်းတို့!!"
သူသည် ပြောစရာစကားပင်ရှာမတွေ့သလိုခံစားရပြီး တခြားရွာသားများကလည်း...
"လဲ့ရှီ! ခင်ဗျားကမဟုတ်တမ်းတရားတွေပြောနေတာပဲ ခင်ဗျားတို့အိမ်က လှည်းနဲ့ကျွဲငှားခမတန်တဆတောင်းလို့ ရွာကဘယ်သူမှမငှားရဲကျတာလေ!!"
"ဒီခွေးစကားတွေ! သူမက တစ်ရွာလုံးကိုချောက်ချနေတာ!!"
"ဒီမိသားစုက အကြီးကဲနဲ့တစ်ရွာလုံးကိုပဲ မဟုတ်မမှန်စွပ်စွဲရဲတယ် လူကြီးမင်း ဒီလူတွေကိုအပြစ်ပေးရပါမယ်!!"
"ဒီမိန်းမက တရားသူကြီးမင်းရှေ့မှာတောင် မဟုတ်မမှန်စကားတွေပြောရဲနေတာ! မြွေလိုအဆပ်ပြင်းတဲ့မိန်းမပဲ!!"
"သူတို့က တစ်ရွာလုံးက သူတို့ကိုမုန်းနေတယ်ထင်ရင် ဘာလို့အစောထဲကရွာကထွက်မသွားရတာလဲ!"
"ဒီလိုမကောင်းဆိုးရွားစိတ်ဓာတ်နဲ့ မိန်းမမျိုးက ငါတို့ရွာမှာမရှိသင့်ဘူး!!"
ရွာသားများသည် ဒေါသကြောင့် ရုံးတော်ကိုရောက်နေသည်ကိုပင် မေ့သွားကျကာ အော်ဟစ်ဆူညံနေကျတော့သည်။ ပိုင်လီမှာ ဒေါသထွက်လွန်း၍ ယိမ်းယိုင်သွားသော ပိုင်အမေကို ထိန်းပေးထားရင်း ခန်းမအလယ်က သနားစဖွယ်သရုပ်ဆောင်နေတဲ့ လူသုံးယောက်ကို အေးစက်စက်ကြည့်နေ၏။ လဲ့ရှီမှာ တကယ်ပဲလှည့်ကွက်တွေထပ်ရှိနေပြီး သူမက ပစ္စည်းများကို ဖြေးဖြေးချင်းစုထားသည်ဟုပင်ပြောင်းလဲခဲ့ကာ အကယ်၍သူတို့ ခေါ်လာမည့်သက်သေဆိုင်ရှင်ကလည်း ပစ္စည်းများက ဖြေးဖြေးချင်းဝယ်စုထားကြောင်းပြောခဲ့လျှင် ရှောင်အိမ်က အပြစ်ကလွတ်သွားလိမ့်မည်။
ရုံအိမ်ကိုလည်း စွပ်စွဲဖို့သက်သေအပြည့်စုံမရှိတော့ တရားခံပေါ်မလာတော့ပဲ နောက်ဆုံးမှာ တရားသူကြီးက အိမ်မလုံခြုံပဲအပြင်ထွက်သွားတဲ့ ပိုင်လီကိုသာအပြစ်တင်တော့မှာဖြစ်၏။
လဲ့ရှီ! ဒီမြေခွေးလိုကောက်ကျစ်တဲ့အမျိုးသမီး!!
သူမက သူ့ကိုသနားညှာတာမှုကင်းမဲ့ဖို့ အရမ်းတွန်းအားပေးနေတော့တာပဲ။
.
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိမ်ညွှန့် 😚
.................................................................
(AN/ လဲ့ရှီ= သွေးတတ်ဆေး 🤣
အပိုင်းရှည်လို့ ဒီခေါင်းစဥ်ခွဲလေးကနောက်တစ်ပိုင်းထိရောက်သွားပါတယ်။ ညဘက်တော့ဖုန်းမခေါ်ပါနဲ့ဆို ညဘက်မှခေါ်တဲ့ နှစ်စုံနှစ်ယောက် တုတ်ကောက်ခဲ့ပါ။😒)
###
အပိုင္း (၂၄) ႐ုံးေတာ္၏စီရင္ခ်က္ -2
ဒီနယ္ေျမရဲ႕႐ုံးေတာ္က ဆိပ္ကမ္းၿမိဳ႕မွာရွိေနတာျဖစ္လို႔.ပိုင္လီက ဆိပ္ကမ္းၿမိဳ႕ကျပန္ေရာက္ေရာက္ခ်င္းပင္ ဆိပ္ကမ္းၿမိဳ႕သို႔ျပန္သြားရန္ အေၾကာင္းဖန္လာခဲ့သည္။
အစကပိုင္လီက ဒီေန႕႐ြာျပန္ေရာက္တာနဲ႕ ေဆာင္းတြင္းအတြက္ ထင္းေတြစုေတာ့မယ္ဟု စဥ္းစားထားတာျဖစ္ေပမယ့္ ခုလိုအႏွောက္ယွက္မိသြားတဲ့အခါ အလြန္စိတ္ပ်က္ေနမိ၏။ ပိုင္လီသည္းမခံနိုင္တဲ့အရာေတြထဲက ေနာက္ထပ္တစ္ခ်က္က သူလုပ္မယ့္အရာေတြကို ဖ်က္စီးခံရတာပါပဲ။
မူလပိုင္လီသည္ လုံးဝအမွိုက္ျဖစ္ၿပီး ေဆာင္းတြင္းအတြက္ထင္းစုဖို႔မေျပာေလႏွင့္ ထင္းခုတ္ျခင္းေတာင္တစ္ခါမွမျပဳလုပ္ဖူးေခ်။ အိမ္သုံးဖို႔ ထင္းရွာတာကလည္း ထုံးစံအတိုင္းေရွာင္ဟန္ကပဲလုပ္ခဲ့ရတာျဖစ္ၿပီး ေဆာင္းတြင္းအုတ္ကုတင္အပူေပးဖို႔အတြက္ေတည့ မလုံေလာက္ခဲ့ပါေပ။ ဒါေၾကာင့္ ဒီသုံးႏွစ္အတြင္း ပိုင္အိမ္ကမသိမသာနဲ႕ ေရွာင္ဟန္ကိုထင္းေတြပို႔ေပးခဲ့ရတယ္။ ပိုင္အိမ္မွာက ေယာကၤ်ားေလးေယာက္ရွိၿပီး ထင္းရွာတာက ျပႆနာမရွိဘူးေလ။
သို႔ေသာ္ ပိုင္အိမ္မွာလူမ်ားတဲ့အတြက္ ထင္းမ်ားမ်ားသုံးရန္လိုၿပီး ဆိုလိုတာက ရိတ္သိမ္းခ်ိန္ၿပီးတာနဲ႕ ပိုင္အိမ္ကေယာကၤ်ားေတြက ထင္းစုဖို႔အေတာ္ေလးႀကိဳးစားရမွာပင္။ ဒါေၾကာင့္ ပိုင္လီကဒီႏွစ္ေတာ့ သူတို႔မိသားစုအတြက္ သူ႕ဘာသာထင္းစုဖို႔ႀကံ႐ြယ္ထားခဲ့ၿပီး ထင္းမ်ားလုံေလာက္ၿပီးလွ်င္ အရမ္းမေအးခင္ သားေကာင္ႀကီးႀကီရွာကာ ဆိပ္ကမ္းၿမိဳ႕မွာတစ္ေခါက္ေလာက္သြားေရာင္းဖို႔ႀကံ႐ြယ္ေနခဲ့သည္။
အခုေတာ့ ေကာင္းေရာ။ သူစီစဥ္ထားတာေတြ အနည္းငယ္ႏွောင့္ႏွေးသြားေတာ့မွာျဖစ္ၿပီး ႐ုံးေတာ္မွာဘယ္ေလာက္ၾကာနိုင္မွန္း သူလည္းခန့္မွန္း၍မရေပ။ မူလပိုင္လီရဲ႕မွတ္ဉာဏ္ထဲမွာ ႐ုံးေတာ္နဲ႕ပတ္သက္ၿပီးဘာမွရွိမေနဘူးေလ။
ပိုင္လီ၏ခန့္မွန္းခ်က္အရ သူတို႔႐ြာျပန္ေရာက္ခ်ိန္က ေနမြန္းတည့္ေလာက္ျဖစ္ၿပီး ဆိပ္ကမ္းၿမိဳ႕ကို ျပန္ထြက္ခြာလာတာက ေန႕ခင္းတစ္နာရီေက်ာ္ႏွစ္နာရီဝန္းက်င္ေလာက္ျဖစ္ကာ သူတို႔ေတြဆိပ္ကမ္းၿမိဳ႕သို႔ေရာက္ခ်ိန္တြင္ ညရွစ္နာရီႏွင့္ကိုးနာရီၾကားတြင္ရွိေနၿပီျဖစ္သည္။
သူတို႔ေတြ ႐ုံးေတာ္ရဲ႕တံခါးေရွ႕ေရာက္သြားက်ေပမယ့္ ဒီအခ်ိန္က ႐ုံးေတာ္ပိတ္ခ်ိန္ျဖစ္လို႔ မနက္ေရာက္သည္ထိေစာင့္ရန္သာရွိေတာ့ၿပီး ဒီေလာက္လူအမ်ားႀကီးႏွင့္ ဆိပ္ကမ္းၿမိဳ႕မွာ တည္းခိုအိမ္ငွားဖို႔ကလည္း အဆင္မေျပေလရာ အႀကီးကဲက်န္းက ႐ုံးေတာ္တံခါးေရွ႕ကေနသာ ေစာင့္ေနက်ဖိဳ႕ေျပာခဲ့၏။
ေရွာင္အိမ္ကလူမ်ားသည္ ႐ုံးေတာ္တံခါးအားၾကည့္ကာ ေၾကာက္႐ြံလြန္းလို႔မ်က္ႏွာမ်ားျဖဴဆုတ္ေနၿပီး ႐ြာမွာတုန္းက ယုံၾကည္မႈလြန္ကဲေနသည့္လဲ့ရွီပင္လွ်င္ အနည္းငယ္ေၾကာက္တတ္လာပုံရေသာ္လည္း သူမသည္စိတ္ပိုင္းျဖတ္ထားပုံရကာ တစ္ခါတစ္ခါ၌ ပိုင္လီအားမုန္းတီးစြာၾကည့္ေနသည္ကို ပိုင္လီကဖမ္းမိခဲ့သည္။ ပိုင္လီက ဒီအမ်ိဳးသမီးရဲ႕ရည္႐ြယ္ခ်က္ကို အလြယ္တကူသိနိုင္ပါ၏။ လဲ့ရွီက႐ုံးေတာ္သို႔လာလွ်င္ ပစၥည္းမ်ားျပန္ေပးရနိုင္ေခ်မ်ားတာကိုသိထားၿပီး ႐ြာမွာပစၥည္းမ်ားေအးေအးေဆးေဆးျပန္ေပးလိုက္လွ်င္လည္းရေပမယ့္ သူမေခါင္းမာေနသည္မွာ ပိုင္လီက သူမတို႔အား႐ုံးေတာ္ကို အမွန္တကယ္တိုင္ၾကားရဲတဲ့အတြက္ မုန္းတီးလို႔ပင္။ လဲ့ရွီက ပစၥည္းေတြျပန္ေပးရရင္ေတာင္ ပိုင္လီအျပစ္ေပးခံရတာကိုျမင္ေနတာပါ။
ပိုင္လီက ထိုအမ်ိဳးသမီး၏ရည္႐ြယ္ခ်က္ကိုသိေနေသာ္လည္း ဂ႐ုမစိုက္ပဲ ပိုင္အေမကိုသာ ေခတၱအနားယူရန္ေျပာရန္ၿပီး သူတို႔ဆိပ္ကမ္းၿမိဳ႕တြင္ျပဳလုပ္ခဲ့သည့္ ေပ်ာ္စရာကိစၥမ်ားကိုျပန္ေျပာျပေန၏။ ပိုင္အေမက ဒီရက္မ်ားအတြင္းတြင္ အလြန္ေဒါသထြက္ခဲ့ရၿပီး ပိုင္လီျပန္လာလွ်င္ ဤအေရးကိုကိုင္တြယ္ရမည္ကိုသိလို႔ ရိတ္သိမ္းမႈကိုအလွ်င္ျမန္လုပ္ေဆာင္ခဲ့ရကာ ဒါက သူမကိုစိတ္ေရာကိုယ္ပါပင္ပန္းေစခဲ့သည္။ သူမက အစကဘယ္လိုမွအိပ္မေပ်ာ္နိုင္ဘူးလို႔ထင္ေနေပမယ့္လည္း သူမ၏ဒုတိယသားသည္ ဆိပ္ကမ္းၿမိဳ႕သို႔သြားလည္ရသည့္အတြက္ သူမ၏အငယ္ဆုံးသမီးေလးႏွင့္ ေျမးေလးမ်ားက မည္မွ်ေပ်ာ္႐ႊင္ေနခဲ့က်ေၾကာင္းကို သူမထံသို႔အေပ်ာ္မ်ားကူးဆက္လာေအာင္ေျပာျပေနသျဖင့္ အနည္းငယ္စိတ္သက္သာရာရသြားကာ အိပ္ေပ်ာ္သြားခဲ့ေတာ့၏။
ပိုင္က်န့္သည္ အႀကီးကဲက်န္းႏွင့္စကားေျပာေနေသာ္လည္း သူ႕မ်က္လုံးမ်ားက သူ႕အိမ္ကသားမိႏွစ္ေယာက္ထံေရာက္ေနၿပီး တစ္ေယာက္ထဲေတြးလ်က္ရွိသည္မွာ ယခင္က သူတို႔၏ဒုတိယသားသည္ မိဘမ်ားေျမႀကီးေပၚလူးလိမ့္ငိုေနလွ်င္ပင္ တစ္ခ်က္ငုံ႕မၾကည့္တတ္ပဲ ယခုေတာ့ ႐ုတ္တရက္ႀကီး အလြန္မင္းဂ႐ုစိုက္တတ္လာပုံရေနသည္။ ဒါကို သူကထူးဆန္းတယ္လို႔ထင္ေနေပမယ့္ မႀကိဳက္တာမဟုတ္တဲ့အတြက္ အေထြထူးေတာ့ေတြးမေနပါဘူး။
ညည့္နက္သည့္အခါ အသက္ႀကီးသူမ်ားက ေခတၱအနားယူက်ေသာ္လည္း ငယ္႐ြယ္သူမ်ားကမူ အနားယူခ်င္စိတ္ရွိမေနက်ပဲ တီးတိုးတီးတိုးျဖင့္ေဆြးႏြေးေနက်ၿပီး ဤသို႔ျဖင့္ မိုးလင္းခဲ့ကာ ႐ုံးေတာ္ဖြင့္ခ်ိန္သို႔ေရာက္လာခဲ့ေတာ့သည္။
႐ုံးေတာ္လူႀကီးမင္းသည္ ဤရက္မ်ား၌ ၿမိဳ႕ထဲကအႀကီးဆုံးျပည့္တန္ဆာအိမ္ ေဖာက္ထြင္းခံရမႈေၾကာင့္ အလြန္အလုပ္မ်ားေနၿပီး ျပႆနာမွာ ျပည့္တန္ဆာအိမ္ဆိုတာမ်ိဳးက လူဝင္လူထြက္အရမ္းမ်ားတတ္လို႔ သူကသဲလြန္စကိုမဖမ္းမိနိူင္ ျဖစ္ေနရသည္ပင္။ ထိုအခ်ိန္တြင္ ေနာက္ထပ္ ခိုးမႈဟုၾကားေသာအခါ အလြန္စိတ္တိုသြားရေတာ့၏။
သူတို႔နယ္က အရမ္းေအးခ်မ္းေပမယ့္ ဘာလို႔ဒီရက္ပိုင္းမွခိုးမႈေတြ၊ေဖာက္ထြင္းမႈေတြျဖစ္ေနရတာလဲ။
႐ုံးေတာ္လူႀကီးမင္းက ခ်က္ျခင္းပင္ အမႈတိုင္ၾကားသူကို ေခၚေစခဲ့ၿပီး ျပႆနာကိုေမးျမန္းခဲ့တာေၾကာင့္ အႀကီးကဲက်န္းက ပိုင္ဝူမွပိုင္လီတို႔ကို ေျပာျပခဲ့သည့္ဇာက္ေၾကာင္းအား တဖန္ျပန္လည္ေျပာခဲ့ကာ ေနာက္ဆုံးနား၌...
"႐ုံးေတာ္လူႀကီးမင္းဗ် ပိုင္လီက သူ႕အိမ္ကမလုံၿခဳံတာျဖစ္တဲ့အတြက္ သူ႕အျပစ္ပါဝင္တယ္လို႔ခံစားရၿပီး ဒီခိုးယူမႈအေပၚမတိုင္ၾကားခ်င္ခဲ့ရွာပါဘူး ဒါေပမယ့္ ဒီငယ္သားက နန္ေခ်ာင္း႐ြာရဲ႕အႀကီးကဲျဖစ္လို႔ဒါကိုၾကည့္မေနနိုင္ခဲ့ပါဘူး ထပ္ၿပီး ဒီေရွာင္မိသားစုက ပိုင္လီရဲ႕အိမ္မွာထပ္ၿပီး ျပႆနာရွာခ်င္ေနတဲ့အတြက္ေၾကာင့္သာ မတက္နိုင္ေတာ့ပဲ ေဝးလံတဲ့႐ြာေလးကေန လာေရာက္တိုင္ၾကားရျခင္းျဖစ္ေၾကာင္းပါ"
အႀကီးကဲက်န္းသည္ ပိုင္လီကိုကာကြယ္ေပးဖို႔ဆုံးျဖတ္ခဲ့သည္။ ဒါက သူနဲ႕ပိုင္အိမ္ရဲ႕ခင္မင္မႈေၾကာင့္မဟုတ္သလို ပိုင္လီထံကအက်ိဳးျမတ္ေမွ်ာ္မွန္းလို႔လည္းမဟုတ္ပါဘူး။ အစဥ္ၿမဲေအးခ်မ္းေနတဲ့ သူ႕႐ြာေလးမွာ ဒီလို႐ုပ္ဆိုးတဲ့ျဖစ္ရပ္မ်ိဳးကိုသည္းမခံနိုင္႐ုံသာျဖစ္ၿပီး သူသာဤသို႔မေျပာပါက ပိုင္လီကတကယ္တိုင္ၾကားခ်င္စိတ္မရွိမွာေၾကာက္၍ပင္။ ဘယ္ေလာက္ပဲအိမ္မလုံၿခဳံေနပါေစ ေန႕ခင္းေၾကာင္ေတာင္မွာ ဒီလိုက်ဴးလြန္ရဲတာက ေရွာင္အိမ္က သူ႕က်န္းရန္ကို လုံးဝမ်က္လုံးထဲမရွိတာပဲမဟုတ္ဘူးလား။ ဒါေၾကာင့္ သူကဘာလို႔မ်ား ပိုင္လီဘက္ကိုအနည္းငယ္မကာကြယ္ေပးရမွာတဲ့လဲ။
႐ုံးေတာ္လူႀကီးမင္းသည္ ျပႆနာကိုအစဆုံးနားေထာင္ၿပီးေနာက္ ဒါကေငြေလးငါးေခ်ာင္းေလာက္ေၾကာင့္ျဖစ္လာရသည့္ျပႆနာမွန္း နားလည္သြားေသာ္လည္း ဤေငြေလးငါးေခ်ာင္းသည္ သူတို႔အတြက္သာဘာမွမဟုတ္တာျဖစ္ၿပီး လယ္သမား႐ြာေလးကလူမ်ားအတြက္မူ အလြန္မ်ားေသာပမာဏျဖစ္ေနစဲကို နားလည္သျဖင့္ အမႈကိုေပါ့ေပါ့ဆဆကိုင္တြယ္မည္မဟုတ္ေပ။ ထို႔ေၾကာင့္သူက ပါဝင္သူမ်ားကိုအကုန္ေခၚေစၿပီး...
"ဒီထဲမွာ ပိုင္လီကဘယ္သူလဲ"
႐ုံးေတာ္တြင္အခြင့္မရွိပဲ စကားေျပာ၍မရသျဖင့္ မည္သူမွစကားမစရဲက်ေပ။ ပိုင္လီက ႐ုံးေတာ္လူႀကီးမင္းစကားေၾကာင့္ ေရွ႕တတ္သြားၿပီး အရိုေသေပးလိုက္ကာ...
"လူႀကီးမင္း ဒီ႐ြာသားက နန္ေခ်ာင္း႐ြာက ပိုင္မိသားစုရဲ႕ဒုတိယသား ပိုင္လီျဖစ္ပါတယ္ "
တရားသူႀကီးဝမ္လီက လူငယ္ရဲ႕ရည္မြန္မႈကိုၾကည့္ကာ သူ႕အမွားသူသိသူျဖစ္တယ္ဆိုတဲ့အခ်က္ေၾကာင့္ေရာ ပိုင္လီအေပၚပထမထင္ျမင္ခ်က္မွာ အနည္းငယ္အေကာင္းဘက္သြားခဲ့ၿပီး...
"မင္း ႐ြာကိုျပန္ေရာက္တဲ့အခ်ိန္မွာ ဘာေတြေပ်ာက္ဆုံးေနတာလဲမွတ္မိသလား"
"ဒီ႐ြာသားက အကုန္မွတ္မိပါတယ္"
ထို႔ေနာက္ပိုင္လီက သူအိမ္မွေပ်ာက္ဆုံးသြားသည့္ ပစၥည္းမ်ားႏွင့္ ၎တို႔၏အေလးခ်ိန္မ်ားကိုပင္ေျပာခဲ့ကာ မည္သည့္ရက္ကမည္သည့္ဆိုင္မွဝယ္ခဲ့ေၾကာင္း ျပည့္ျပည့္စုံစုံပင္ေျပာခဲ့သည္။ ဝမ္လီက ပိုင္လီစကားၾကားေတာ့ အႀကီးကဲက်န္းကိုၾကည့္ၿပီး...
"ဒီပစၥည္းေတြကို သူဝယ္လာတုန္းက မင္းလည္းျမင္ခဲ့တယ္လို႔ေျပာခဲ့သလား"
"ေျပာခဲ့ပါတယ္ လူႀကီးမင္း အဲဒီအခ်ိန္က ဒီေကာင္ေလးက ေတာဝက္ႀကီးေတြအမဲလိုက္လို႔ေရာင္းခဲ့ၿပီး ႐ြာသားေတြက သူ႕အိမ္မွာဝိုင္းဝန္းေနခဲ့လို႔ သူဒီပစၥည္းေတြဝယ္ျပန္လာတာကို ေတာ္ေတာ္မ်ားမ်ားကေတြ႕လိုက္ရပါတယ္"
ဆိပ္ကမ္းၿမိဳ႕မွာ ေတာဝက္ေရာင္းတဲ့ကိစၥက အေတာ္ေလးႀကီးသြားၿပီး တရားသူႀကီးဝမ္လီေတာင္ သူ႕ငယ္သားတစ္ေယာက္က ဝယ္ၿပီးလာပို႔ေပးတဲ့အတြက္ ေတာဝက္သားစားခဲ့ရေသးသည္။
ဝမ္လီက တျခား႐ြာသားေတြရဲ႕အမူယာမွာလည္း ဤကိစၥဟုတ္မွန္ေၾကာင္းေျပာေနသျဖင့္ ....
"႐ုံမိသားစုက မ်က္ျမင္သက္ေသကဘယ္သူလဲ"
ယုလုံသည္ တရားသူႀကီးအားေၾကာက္႐ြံေန၍ အနည္းငယ္တုန္ရီေနၿပီး...
"ဒီ ဒီ႐ြာသူပါ"
"အဲဒီေန႕ကမင္းျမင္လိုက္သမွ်ကဘာလဲ"
ယုလုံသည္ ေၾကာက္႐ြံေနေသာ္လည္း အံႀကိတ္ကာ သူမျမင္လိုက္သည့္ဇာက္ေၾကာင္းကို တဖန္ျပန္လည္ေျပာျပခဲ့ၿပီး နားေထာင္ၿပီးေနာက္ ဝမ္လီက...
"လဲ့ရွီနဲ႕ေရွာင္မိသားစုကဘယ္သူေတြလဲ"
ေရွာင္လ်ိဳ၊လဲ့ရွီႏွင့္ေရွာင္လ်န္သည္ ျဖဴေဖ်ာ့စြာ ေရွ႕ထြက္လာၿပီး ဝမ္လီက ထိုသုံးေယာက္၏အမူယာမ်ားကိုၾကည့္ကာ တရားခံကသူတို႔ပင္ျဖစ္ေၾကာင္း ခန့္မွန္းနိုင္သျဖင့္ အႀကီးကဲက်န္းအား...
"မင္းက ႐ုံအိမ္နဲ႕ေရွာင္အိမ္မွာဝင္ရွာခဲ့တယ္လို႔ေျပာခဲ့ၿပီး ပစၥည္းေတြေရွာင္အိမ္မွာေတြ႕ရတယ္ဆိုတာအမွန္ပဲလား"
အႀကီးကဲက်န္းသည္ ဟုတ္မွန္ေၾကာင္းေျပာၿပီး အိမ္မ်ားကိုဝင္ရွာခဲ့သည့္ ႐ြာသားမ်ားကလည္းသက္ေသခံခဲ့ေပမယ့္ လဲ့ရွီကအလန့္တၾကားျငင္းလာသည္မွာ...
"လူႀကီးမင္း အထင္လြဲေနတာပါ အဲဒီပစၥည္းေတြက ကြၽန္မတို႔ဝယ္ထားတာေတြပါ ေဆာင္းရာသီေရာက္ၿပီျဖစ္လို႔ အရမ္းေအးတဲ့ေန႕ေတြအတြက္ စုေဆာင္းထားရတာပါ အဲတာေတြကပိုင္လီအိမ္ကပစၥည္းေတြမဟုတ္ရပါဘူး! "
ထို႔ေနာက္လဲ့ရွီသည္ ဒူးေထာက္ခ်ၿပီး ငိုခ်င္းခ်လ်က္...
"လူႀကီးမင္း ကြၽန္မအိမ္ကဦးစီးက အခေၾကးေငြယူၿပီး ၿမိဳ႕နဲ႕႐ြာကိုသယ္ယူပို႔ေဆာင္ေပးတဲ့အလုပ္လုပ္တဲ့အတြက္ မိသားစုက႐ြာမွာေျပလည္ပါတယ္ ဒါေၾကာင့္ကြၽန္မတို႔က အလုပ္မရွိတဲ့ေဆာင္းတြင္းအတြက္ ပစၥည္းေတြကိုအနည္းငယ္စီဝယ္စုခဲ့ပါတယ္ ဒါကို ကြၽန္မတို႔ဝယ္ေနက်ဆိဳင္ကသက္ေသခံနိုင္ပါတယ္ ႐ုံမိသားစုကသာ ကြၽန္မတို႔ကိုစြပ္စြဲေနတာပါ မိသားစုခ်င္းယွဥ္ၾကည့္မယ္ဆိုရင္ ႐ုံမိသားစုက႐ြာမွာအဆင္းရဲဆုံးျဖစ္တဲ့အတြက္ သူတို႔ကသာခိုးယူနိုင္ေခ်အျမင့္ဆုံးပါ"
ဝမ္လီသည္ တစ္ဖက္မွဤသို႔ျပန္လည္ေခ်ပလာမည္ဟု မေမွ်ာ္လင့္ခဲ့ပဲ ႐ုံမိသားစုႏွင့္ ႐ြာအႀကီးကဲကိုၾကည့္လိုက္ေသာ္ အႀကီးကဲက်န္းကလဲ့ရွီအားအထိတ္တလန့္ၾကည့္လ်က္...
"လဲ့ရွီ နင္႐ြာမွာတုန္းက ပစၥည္းေတြကိုေျဖးေျဖးခ်င္းဝယ္စုခဲ့တာလို႔မေျပာခဲ့ပါဘူး အဲဒီအစား ပစၥည္းေတြကိုတစ္ခါထဲဝယ္ထားတာလို႔သာ ေျပာခဲ့တာေလ!"
ဤသို႔ေျပာင္းလဲသြားမႈသည္ အႀကီးကဲက်န္းအပါဝင္ ႐ြာသားမ်ားကိုပါ ထိတ္လန့္ေစၿပီး...
"ဟုတ္တယ္ သူတို႔က တစ္ခါထဲဝယ္ထားခဲ့တဲ့ပုံနဲ႕ေျပာခဲ့တာပဲ"
"အမွန္ပဲ အဲဒီေနရာမွာငါလည္းရွိတယ္ သူတို႔အဲလိုေျပာခဲ့တာ"
"ဒီလဲ့ရွီက ဘယ္လိုေတာင္အလိမ္ညာေတြျပည့္ေနတာလဲ အဲတုန္းက ႐ြာသားေတြအမ်ားႀကီးၾကားခဲ့ၿပီးတာေတာင္ လိမ္ခ်င္ေနတယ္"
ဝမ္လီသည္ ဆူညံေနသည့္အတြက္ တရားေရးတူကိုထုလိုက္ရၿပီး လဲ့ရွီအား ဇေဝဇဝါၾကည့္လ်က္...
"႐ြာသားေတြအကုန္လုံးက မင္းတို႔ကိုမေထာက္ခံဘူး မင္းဘာေျပာခ်င္လဲ"
လဲ့ရွီသည္ ဒူးေထာက္ေနတုန္းျဖစ္ၿပီး မ်က္လုံးမ်ားနီလ်က္ မ်က္ရည္သြင္သြင္က်ေနကာ သူမကတကယ္ပဲမတရားခံရသည့္အသြင္ပုံေနခဲ့သည္။ သူမက အရမ္းကိုမဆီေလ်ာ္စြာနဲ႕...
"လူႀကီးမင္း ကြၽန္မပုံမွန္ဆိုဒီစကားေတြထုတ္ေျပာမွာမဟုတ္ေပမယ့္ ဒီလိုမတရားစြပ္စြဲခံရမႈကိုသည္းမခံနိုင္ေတာ့တဲ့အတြက္ ထုတ္ေျပာရပါေတာ့မယ္! ေျပာခဲ့သလိုပဲ ကြၽန္မတို႔အိမ္ကလွည္းနဲ႕ကြၽဲက ၿမိဳ႕နဲ႕႐ြာကိုအသြားျပန္လုပ္ရတဲ့အတြက္ ႐ြာသားေတြရဲ႕လယ္အလုပ္ေတြမွာ မကူညီနိုင္ပါဘူး ဒါေၾကာင့္႐ြာသားေတြက ကြၽန္မတို႔ေရွာင္မိသားစုကိုမႀကိဳက္က်ပဲ ႐ြာအႀကီးကဲကလည္း ဒီအတြက္တစ္႐ြာလုံးက သူ႕ကြၽဲကိုပဲသုံးေနတဲ့အတြက္ ေရွာင္မိသားစုကို အၿငိဳးထားေနပါတယ္ ဒါ ဒါက တစ္႐ြာလုံးက ကြၽန္မတို႔ကိုမဟုတ္မမွန္စြပ္လာတဲ့အထိျပင္းထန္မယ္လို႔ မထင္ခဲ့ပါဘူး! လူႀကီးမင္း မတရားခံရတာပါ! မတရားစြပ္စြဲခံရတာပါ! ေက်းဇူးျပဳၿပီး တရားမွ်တေအာင္လုပ္ေပးမွရပါမယ္!!"
လဲ့ရွီ၏ငိုယိုေအာ္ဟစ္သံကစူးလြန္းကာ တရားသူႀကီးကိုေၾကာက္လို႔ တုန္ရင္ေနေသာ ေရွာင္လ်ိဳႏွင့္သူ၏သားေရွာင္လ်န္တို႔သည္ လဲ့ရွီအားသြားဖက္ကာသူတို႔ပါငိုျပလ်က္ မတရားခံရေသာ သနားစရာမိသားစုအသြင္ကို ေဖာ္ေဆာင္ေနၿပီး ေရွာင္လ်ိဳမွ "သူတို႔ကငါတို႔ကို တကယ္ႀကီး မုန္းေနက်တာပဲ" ဟူေသာစကားကို ခပ္တိုးတိုးျဖင့္ ထပ္ကာထပ္ကာေရ႐ြတ္ေနသျဖင့္ ဝမ္လီက ထိုစကားေတြက အမွန္ျဖစ္ေလာက္မလားဟု အနည္းငယ္သံသယဝင္လာၿပီး ႐ြာအႀကီးကဲႏွင့္ ႐ြာသားမ်ားကိုၾကည့္လိုက္ရာ ထိုလူမ်ားက အလြန္ေဒါသထြက္ေနက်ေၾကာင္းေတြ႕လိုက္ရသည္။
က်န္းရန္က မ်က္ေထာင့္မ်ားနီရဲသည္ထိစိတ္တိုေနကာ ထိုသုံးေယာက္အား လက္ညိုးထိုးလ်က္...
"မင္းတို႔! မင္းတို႔!!"
သူသည္ ေျပာစရာစကားပင္ရွာမေတြ႕သလိုခံစားရၿပီး တျခား႐ြာသားမ်ားကလည္း...
"လဲ့ရွီ! ခင္ဗ်ားကမဟုတ္တမ္းတရားေတြေျပာေနတာပဲ ခင္ဗ်ားတို႔အိမ္က လွည္းနဲ႕ကြၽဲငွားခမတန္တဆေတာင္းလို႔ ႐ြာကဘယ္သူမွမငွားရဲက်တာေလ!!"
"ဒီေခြးစကားေတြ! သူမက တစ္႐ြာလုံးကိုေခ်ာက္ခ်ေနတာ!!"
"ဒီမိသားစုက အႀကီးကဲနဲ႕တစ္႐ြာလုံးကိုပဲ မဟုတ္မမွန္စြပ္စြဲရဲတယ္ လူႀကီးမင္း ဒီလူေတြကိုအျပစ္ေပးရပါမယ္!!"
"ဒီမိန္းမက တရားသူႀကီးမင္းေရွ႕မွာေတာင္ မဟုတ္မမွန္စကားေတြေျပာရဲေနတာ! ေႁမြလိုအဆပ္ျပင္းတဲ့မိန္းမပဲ!!"
"သူတို႔က တစ္႐ြာလုံးက သူတို႔ကိုမုန္းေနတယ္ထင္ရင္ ဘာလို႔အေစာထဲက႐ြာကထြက္မသြားရတာလဲ!"
"ဒီလိုမေကာင္းဆိုး႐ြားစိတ္ဓာတ္နဲ႕ မိန္းမမ်ိဳးက ငါတို႔႐ြာမွာမရွိသင့္ဘူး!!"
႐ြာသားမ်ားသည္ ေဒါသေၾကာင့္ ႐ုံးေတာ္ကိုေရာက္ေနသည္ကိုပင္ ေမ့သြားက်ကာ ေအာ္ဟစ္ဆူညံေနက်ေတာ့သည္။ ပိုင္လီမွာ ေဒါသထြက္လြန္း၍ ယိမ္းယိုင္သြားေသာ ပိုင္အေမကို ထိန္းေပးထားရင္း ခန္းမအလယ္က သနားစဖြယ္သ႐ုပ္ေဆာင္ေနတဲ့ လူသုံးေယာက္ကို ေအးစက္စက္ၾကည့္ေန၏။ လဲ့ရွီမွာ တကယ္ပဲလွည့္ကြက္ေတြထပ္ရွိေနၿပီး သူမက ပစၥည္းမ်ားကို ေျဖးေျဖးခ်င္းစုထားသည္ဟုပင္ေျပာင္းလဲခဲ့ကာ အကယ္၍သူတို႔ ေခၚလာမည့္သက္ေသဆိုင္ရွင္ကလည္း ပစၥည္းမ်ားက ေျဖးေျဖးခ်င္းဝယ္စုထားေၾကာင္းေျပာခဲ့လွ်င္ ေရွာင္အိမ္က အျပစ္ကလြတ္သြားလိမ့္မည္။
႐ုံအိမ္ကိုလည္း စြပ္စြဲဖို႔သက္ေသအျပည့္စုံမရွိေတာ့ တရားခံေပၚမလာေတာ့ပဲ ေနာက္ဆုံးမွာ တရားသူႀကီးက အိမ္မလုံၿခဳံပဲအျပင္ထြက္သြားတဲ့ ပိုင္လီကိုသာအျပစ္တင္ေတာ့မွာျဖစ္၏။
လဲ့ရွီ! ဒီေျမေခြးလိုေကာက္က်စ္တဲ့အမ်ိဳးသမီး!!
သူမက သူ႕ကိုသနားညွာတာမႈကင္းမဲ့ဖို႔ အရမ္းတြန္းအားေပးေနေတာ့တာပဲ။
.
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိမ္ၫႊန့္ 😚
.................................................................
(AN/ လဲ့ရွီ= ေသြးတတ္ေဆး
အပိုင္းရွည္လို႔ ဒီေခါင္းစဥ္ခြဲေလးကေနာက္တစ္ပိုင္းထိေရာက္သြားပါတယ္။ ညဘက္ေတာ့ဖုန္းမေခၚပါနဲ႕ဆို ညဘက္မွေခၚတဲ့ ႏွစ္စုံႏွစ္ေယာက္ တုတ္ေကာက္ခဲ့ပါ။😒)