အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

Par FlowerRainButterfly

1.5M 190K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ Plus

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)

အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု

10.7K 1.4K 30
Par FlowerRainButterfly

အပိုင်း (၂၁) မုဆိုးကြီး၏နေအိမ်ဖောက်ထွင်းခံရမှု

ပိုင်ဝူစကားကြောင့် ပိုင်လီ၏မျက်ခုံးတို့ကမြင့်တတ်သွားခဲ့၏။ သူက ဒေါ်လေးရုံဆိုသူကိုသိသည်။ ထိုအမျိုးသမီးက ပိုင်အမေထက်ငယ်ပြီး သူတို့ဘေးအိမ်ကရုံမိသားစု၏ဇနီးဖြစ်ကာ ရှောင်ဟန်ကို ရေသယ်ခွင့်ပေးထားသည့်အိမ်လည်းဖြစ်၏။

ဒါကြောင့် ရုံရှီမြင်လိုက်တယ်ဆိုတာက ယုတ္တိရှိပါတယ်။ သူတို့အိမ်တွေက ကပ်ရပ်ဖြစ်ပြီး ပိုင်လီတို့အိမ်က ခြံခတ်ထားခြင်းမှမရှိတဲ့ဟာကို။

ပိုင်ဝူ၏စကားသည် ဤမျှနှင့်အဆုံးမသတ်သေးပဲ ဆက်ပြောလာ၏။

"ဒါကြောင့် အဖေနဲ့အမေက ဦးလေးကျန်းကိုသွားပြောခဲ့ပြီး ဦးလေးကျန်းက ရှောင်အိမ်၊ပိုင်အိမ်နဲ့ ရုံအိမ်ကလူတွေကို ခေါ်ပြီး စစ်မေးခဲ့တယ်"

ပိုင်လီအိမ်လေးကသေးပေမယ့် ပျောက်သွားတဲ့ပစ္စည်းတွေကမသေးပါဘူး။ ဆန်ချောကျင်ငါးဆယ်အိတ်ကြီးအပါဝင် အဲဒီနေ့ကပိုင်လီမြို့လေးကနေ လှည်းအပြည့်ဝယ်လာတာကို မြင်လိုက်တဲ့သူတွေအများကြီးရှိပြီး ရွာအကြီးကဲမိသားစုလည်း မြင်လိုက်တဲ့လူတွေထဲပါဝင်တယ်လေ။

ပိုင်ဝူက ဆက်ပြောသည်။

"ဒေါ်လေးရုံက သူတို့တွေ အကိုတို့အိမ်ထဲကနေ အထုတ်တွေသယ်ပြီး အနောက်လမ်းဘက်ကနေထွက်သွားတာတွေ့လိုက်တယ်လို့ အခိုင်မာပြောခဲ့ပေမယ့် လဲ့ရှီနဲ့ရှောင်မိသားစုဝင်တွေကငြင်းခဲ့တယ် လဲ့ရှီက သူအကိုတို့အိမ်ကိုလာခဲ့တာမှန်ပေမယ့် တံခါးပိတ်ထားလို့ လှည့်ပြန်သွားတယ်လို့ပြောခဲ့ပြီး ပစ္စည်းတွေပျောက်တာမှန်ရင် ဒေါ်လေးရုံကသာယူတဲ့လူဖြစ်ပြီး သူမကိုစွပ်စွဲခဲ့တာလို့ ပြန်လည်ချေပခဲ့တယ်"

ပိုင်လီ၏ မူပိုင်အပြုံးလေးက တဖြေးဖြေးပါးလွှာလာခဲ့၏။ ဇာက်လမ်းက အစပိုင်းမှာရှင်းတယ်ထင်ရပေမယ့် နည်းနည်းရှုပ်ထွေးသွားပုံလည်းရသည်။

ဒီကိစ္စကိုစဥ်းစားချင်လျှင် ရုံမိသားစု၏အခြေနေကိုထည့်သွင်းစဥ်းစားရမည်။ ပိုင်မိသားစုက နန်ချောင်းရွာမှာအပြေလည်ဆုံးဆိုရင် ဒီရုံမိသားစုက နန်ချောင်းရွာမှာအဆင်းရဲဆုံးပါပဲ။ သူတို့တွင် စပါးစိုက်ရန်လယ်မြေရော၊အသီးရွက်စိုက်ရန်မြေကွက်ရောမရှိပေ။ ဒါကြောင့် ရုံမိသားစု၏ဦးစီး ရုံခန်းက နှစ်ရှည်လများအလုပ်ကြိုးစားကာ လယ်မြေဝယ်ရန်ငွေစုခဲ့သော်လည်း ဆိပ်ကမ်းတွင်ကုန်ချရင်း ပစ္စည်းတစ်ခုကိုချိုးမိသဖြင့် လျော်ကြေးငွေအမြောက်များပေးခဲ့ရကာ ကြွေးမှီများပင်တင်သွားခဲ့ပြီး ရုံမိသားစု၏ဘဝကပိုမိုခက်ခဲလာခဲ့သည်။ ရုံခန်းနဲ့ ယုလုံ(ရုံရှီ) မှာ ရုံဟိန်ဆိုသည့် ဆယ့်ရှစ်နှစ်အရွယ်သားတစ်ယောက်နှင့် ရုံဝိန်ဆိုသည့် ဆယ့်ငါးနှစ်အရွယ်သားတစ်ယောက်ရှိသော်လည်း အလွန်ဆင်းရဲသဖြင့် နှစ်ယောက်လုံးက လက်မထပ်နိုင်ကျသေးပေ။

ဒါပေမယ့် ပိုင်လီခန့်မှန်းချက်အရ သူတို့ကဒီလိုတွေမပြေလည်ဘူးဆိုပေမယ့် အကျင့်ပျက်နေတဲ့စရိုက်တော့ ရှိဟန်မတူပါဘူး။ မူလတွင် ရုံမိသားစုက မူလပိုင်လီထံမှ လယ်မြေကိုငှားချင်ခဲ့သော်လည်း မူလပိုင်လီသည် ငွေအနည်းငယ်ပိုပေးသည့်လူကိုသာ ငှားခဲ့သဖြင့် ရုံမိသားစုက လယ်အလုပ်ဘက်မလှည့်နိုင်ဖြစ်ခဲ့သော်လည်း စိတ်မကွက်ခဲ့ကျပေ။ သူတို့က မူလပိုင်လီကို တခြားရွာသားတွေနည်းတူ အမြင်မကြည်ခဲ့ပေမယ့် ရှောင်ဟန်နဲ့ကလေးတွေကိုသနားတာကြောင့် ရှောင်ဟန်ကို သူတို့အိမ်ကနေရေသယ်ခွင့်ပင် ပြုခဲ့သည်။

သိထားရမည်မှာ ပိုင်လီ၏အိမ်သည် ရွာအနောက်ပိုင်း၏အစွန်တွင် တည်ရှိနေတာဖြစ်ပြီး နီးကပ်ဆုံးသောအိမ်မှာ ရုံအိမ်သာရှိခြင်းပင်။ ဒါကြောင့် ရုံအိမ်သာ ရှောင်ဟန်အပေါ်ရေသယ်ခွင့်မပြုခဲ့ရင် ရှောင်ဟန်တစ်ယောက်တော်တော်ဒုက္ခရောက်ခဲ့မှာပါ။

ထပ်ပြီး ပိုင်လီ၏ရုံမိသားစုအပေါ်ထင်မြင်ချက်မှာ ထိုမိသားစုမှလူများသည် ရိုးသားပြီးကြိုးစားကျသောလူများပင်။ သူတို့က ပိုင်လီအိမ်ကပစ္စည်းတွေကိုယူဖို့ဆိုတာ သိပ်တော့ဖြစ်နိုင်ချေမရှိလှဘူး။

ပိုင်လီအတွေးများပြေးလွှားနေချိန်တွင် ပိုင်ဝူကဆက်ပြောနေ၏။

"ဒေါ်လေးရုံက လဲ့ရှီစွပ်စွဲချက်ကိုလက်မခံခဲ့ဘူး ဒေါ်လေးရုံက ဦးလေးကျန်းကို သူ့အိမ်မှာဝင်ရောက်ရှာဖွေနိုင်တယ်လို့ ပြောခဲ့ပြီး ရှောင်အိမ်ကိုလည်း ရှာဖွေဖို့အဆိုပြုခဲ့တယ်"

ပိုင်လီက ဒါကိုနားလည်၏။ ဒါက နန်ချောင်းရွာရဲ့အကြီးမားဆုံးဖောက်ထွင်းမှုဖြစ်နိုင်ပြီး အချိန်ကြာကြီးအေးချမ်းနေသည့်ရွာလေးကို ရိုက်ခက်လာသည့် လှိုင်းလည်းဖြစ်သည်။ ပိုင်လီရဲ့ပစ္စည်းတွေက အားလုံးပေါင်းရင် ငွေလေးငါးချောင်းတော့တန်ဖိုးရှိလို့ တစ်နေ့လုပ်အားခ ကြေးပြားနှစ်ဆယ့်ငါးပြားသာရှိတဲ့ရွာလေးအတွက်တော့ တုန်လှုပ်လောက်စရာပမာဏပါပဲ။ ရွာအကြီးကဲကျန်းနဲ့သူ့မိသားစုကလည်း သူတို့မျက်လုံးအောက်မှာပဲ ဒီလိုခိုးယူဖောက်ထွင်းမှုဖြစ်သွားတဲ့အတွက် အလွန်စိတ်တိုခဲ့ကျရသည်။

ပိုင်ဝူဆက်ပြောသည်မှာ....

"ရှောင်အိမ်က အိမ်တွေကိုရှာဖို့ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပေမယ့် ဦးလေးကျန်းက ရွာသားတွေကို ရုံအိမ်နဲ့ရှောင်အိမ်ကို ရှာခိုင်းခဲ့တယ် ရုံအိမ်မှာဘာမှမတွေ့ပေမယ့် ရှောင်အိမ်မှာ ဆန်ချောကျင်ငါးဆယ်လောက်ရှိတဲ့အိတ်ကြီးနဲ့ အကိုတို့အိမ်ကပျောက်သွားတဲ့ပစ္စည်းတွေအားလုံးတွေ့ခဲ့ရပေမယ့် ရှောင်အိမ်ကလူတွေက အဲတာတွေကသူတို့ဝယ်ထားတဲ့ပစ္စည်းတွေပါလို့ ငြင်းခဲ့တယ်"

ပိုင်လီက ပိုင်ဝူစကားတွေကိုသေချာနားထောင်ကာ စဥ်းစားနေခဲ့သည်။ ရုံအိမ်က ဆင်းရဲတဲ့အတွက် အဲဒီပစ္စည်းတွေရုံအိမ်မှာရှိနေရင် ရုံမိသားစုခိုးတယ်လို့တိုက်ရိုက်စွပ်စွဲလို့ရပေမယ့် ရှောင်အိမ်က ရွာမှာပြေလည်တဲ့မိသားစုတစ်ခုဖြစ်လို့ အဲဒါတွေက သူတို့ဝယ်ထားတာပါလို့ပြောခဲ့ရင် အတင်းစွပ်စွဲလို့မရနိုင်တော့ဘူး။ ဘာလို့လည်းဆိုတော့ ရှောင်မိသားကလည်း အဲဒီပစ္စည်းတွေကို ဝယ်နိုင်တဲ့မိသားစုဖြစ်နေလို့ပါပဲ။ ဒါပေမယ့် လယ်သမားမိသားစုတွေဟာ လက်ထဲမှာငွေချောင်းတွေရှိနေရင်တောင် ပိုင်လီလောက်လက်မဖွာနိုင်တဲ့အတွက် ရှောင်အိမ်ကငွေရှိရင်တောင် အဲလောက်မဝယ်နိုင်ပါဘူး။ ဒါကြောင့် အဖြေကအရမ်းသိသာပါတယ်။

ပိုင်ဝူဆက်ပြောပြန်သည်။

"ဦးလေးရှောင်နဲ့လဲ့ရှီက အဲတာတွေကသူတို့ဝယ်ထားတာတွေပါဆိုပြီး မြို့လေးက ဆန်ဆိုင်ပိုင်ရှင်တစ်ယောက်ကိုခေါ်လာပြီး သက်သေလုပ်ခိုင်းခဲ့ပြီး အဲဒီလူကလည်း ဆန်ချောတွေနဲ့ပစ္စည်းတွေက သူ့ဆိုင်ကနေ ဦးလေးရှောင်ဝယ်သွားတာပါဆိုပြီး သက်သေလုပ်ပေးခဲ့တယ် နောက်တော့လဲ့ရှီက ဒေါ်လေးရုံကသာ သူတို့ကိုစွပ်စွဲနေတာပါဆိုပြီး အပြင်းထန်ပြောခဲ့ပြီးတော့ ရုံမိသားစုက ပစ္စည်းတွေကိုခိုးပြီး မြို့မှာရောင်းစားလိုက်တာဖြစ်မယ်လို့ ထင်ကြေးပေးခဲ့တယ် ပြီးတော့ ရုံမိသားစုကို ပစ္စည်းခိုးယူမှုနဲ့ သူတို့ကိုစွပ်စွဲမှုအတွက် အရေးယူခိုင်းပြီး လျော်ကြေးတောင်းဖို့ ဦးလေးကျန်းကိုအဆိုပြုခဲ့တယ် ဒါပေမယ့် ဒေါ်လေးရုံကလည်း သူတို့မိသားစုကယူတာမဟုတ်ပဲ ရှောင်မိသားစုကသာ အကိုတို့အိမ်ထဲကနေ အထုပ်တွေနဲ့ထွက်သွားတာကို သူ့မျက်လုံးတွေနဲ့မြင်ခဲ့တာပါလို့ အပြင်းထန်ပြောခဲ့တယ် ပြဿနာကဒီလိုမျိုးရှုပ်ထွေးပြီး ခက်တာက ဒါကိုဘယ်သူကမှလည်းမမြင်လိုက်ကျဘူး ရွာကလူတွေက ရိတ်သိမ်းချိန်ဖြစ်တာကြောင့် ရွာထဲမှာမရှိပဲ ဒေါ်လေးရုံပဲဖြစ်ဖြစ် ရှောင်မိသားစုပဲဖြစ်ဖြစ် အကိုတို့အိမ်ထဲကပစ္စည်းတွေယူပြီးထွက်လာတာကို ဘယ်သူမှမျက်မြင်မတွေ့လိုက်ကျရတော့ ဦးလေးကျန်းက ဒါကို အကိုပြန်လာမှဖြေရှင်းမယ်လို့ပြောခဲ့တယ်"

ဒါက ပြဿနာစဆုံးဖြစ်သည်။

ပိုင်လီက ပတ်ဝန်းကျင်ကလူတွေကိုဝေ့ကြည့်လိုက်တော့ ပိုင်အိမ်နဲ့ကျန်းအိမ်ကလူများက အလွန်ဒေါသထွက်နေပုံရပြီး ရှောင်ဟန်၏ဖြူဖျော့နေတဲ့မျက်နှာကိုလည်း မျက်လုံးထောင့်ကနေမြင်လိုက်ရ၏။ မူလပိုင်လီက သူစိတ်မကြည်တိုင်း လဲ့ရှီကရှောင်ဟန်အတွက် ငွေချောင်းတစ်ရာတောင်းခဲ့မှုအပေါ်ဒေါသထွက်ပြီး ရိုက်နှက်လေ့ရှိတာကြောင့် အခုလိုရှောင်အိမ်ရဲ့ ဆိုးဝါးတဲ့လုပ်ရက်အပေါ် ပိုင်လီက သူ့ကိုဒေါသထွက်ကြောက်နေတာဖြစ်နိုင်သည်။

နေရာတွင် ရုံမိသားစုလည်းရှိနေပြီး သူတို့က ပိုင်ဝူရဲ့ဘက်မလိုက်တဲ့ရှင်းပြမှုအပေါ်ငြိမ်ပြီးနားထောင်ပေးခဲ့ပေမယ့် ပိုင်ဝူအကုန်ရှင်းပြပြီးသွားတဲ့နောက်မှာ ရုံရှီကမပြောပဲမနေနိုင်တော့ပေ။ သူမရဲ့မျက်လုံးတွေကလည်း ဒေါသနဲ့ခံပြင်းမှုတွေကြောင့် နီရဲနေပြီး...

"ငါက လိမ်ညာစကားတစ်ခွန်းဆိုမိတာနဲ့ သွေးအန်သေပါစေလို့ မိုးနတ်မင်းထံကျိန်ဆိုပါရဲ့ ငါ့မိသားစုကယောင်္ကျားတွေကို ပိုင်အိမ်ကနေ့စားငှားခဲ့တာတောင် ငါကဘယ်လိုလုပ်ပြီး မင်းအိမ်ကပစ္စည်းတွေကိုခိုးယူနိုင်မှာလဲ! အဲဒီနေ့က ငါ့မိသားစုရဲ့ဦးစီးနဲ့သားတွေက ထမင်းပြန်စားပြီး ပိုင်မိသားစုလယ်ကွင်းတွေစီပြန်မသွားခင် ပိုင်မိသားစုကအလုပ်ရှုပ်နေလို့ မင်းတို့အိမ်ဘက်ကြည့်ထားပေးဖို့ တောင်းဆိုလိုက်တယ်လို့ပြောခဲ့တာကြောင့် ငါကမင်းတို့အိမ်ဘက်ကအသံတွေကို သတိထားပြီးနားစွင့်ခဲ့တယ် အဲတာက ငါပန်းကန်တွေဆေးနေတုန်းပဲရှိသေး မင်းတို့အိမ်ဘက်ကနေ အသံတွေကြားခဲရတယ်လေ ငါကအစက ပိုင်အိမ်ကတစ်ယောက်ယောက်ထင်ပေမယ့် နံရံကိုကျော်ပြီး ကြည့်လိုက်မိတုန်းပဲ ဘယ်သူထင်မှာ အဲဒီလဲ့ရှီနဲ့ရှောင်မိသားစုကလူတွေက တိုးတိုးတိတ်တိတ်နဲ့ မင်းတို့အိမ်ထဲကနေအထုပ်တွေသယ်ပြီး အနောက်လမ်းထဲပြေးသွားကျတာကိုမြင်လိုက်ရမယ်လို့!! ငါကချက်ခြင်းပဲ ပိုင်အိမ်ကလယ်ကွင်းတွေဆီပြေးသွားခဲ့ပေမယ့် ငါတို့ပြန်ရောက်တဲ့အချိန်မှာ ရှောင်အိမ်ကလူတွေကလည်း သူတို့အိမ်ပြန်ရောက်နေပြီလေ!"

ပိုင်မိသားစုသည် အရင်ကဆိုလျှင် ငွေကိုခြွေတာပြီး အလုပ်သမားမငှားကျပေမယ့် ဒီနှစ်တွင် ပိုင်လီနှင့်တောဝက်များအရောင်းလိုက်ရမှု့ကြောင့် ရိတ်သိမ်းချိန်ရက်အနည်းခန့်ပျက်ကွက်သွားခဲ့ရာ ရုံအိမ်က ယောင်္ကျားများကို လယ်အလုပ်အတွက် ငှားရမ်းခဲ့သည်။ ဆောင်းရာသီရောက်တော့မှာဖြစ်လို့ ရုံအိမ်ကငွေကိုတတ်နိုင်သမျှစုနေပြီး ပိုင်အိမ်ရဲ့ငှားမှုအပေါ်အရမ်းကျေးဇူးတင်ကျကာ သူတို့က ဘယ်လိုစိတ်နဲ့များ ပိုင်လီရဲ့ပစ္စည်းတွေကို ခိုးယူနိုင်မှာလဲ။

ပြီးတော့ လဲ့ရှီရဲ့စွပ်စွဲမှုက ဟာကွက်တွေနဲ့ပြည့်နှက်နေပါတယ်။ ရုံအိမ်ရဲ့ယောင်္ကျားတွေက အဲဒီနေ့က ပိုင်အိမ်ရဲ့လယ်ကွင်းတွေမှာရှိနေပြီး ထမင်းစားချိန်ခဏပဲပြန်ခဲ့တာကို လှည်းနဲ့တောင်နှစ်နာရီလောက်သွားရမယ့် မြို့လေးကို ဘယ်လိုလုပ်ချက်ခြင်း ပစ္စည်းတွေသွားရောင်းနိုင်မှာလဲ။

ဒါ့ကြောင့် ရုံမိသားစုယူတယ်ဆိုတာ ဘယ်လိုမှကိုမဖြစ်နိုင်ပါဘူး။ လဲ့ရှီနဲ့ရှောင်မိသားစုက သူတို့ကိုသံသယဝင်တာနည်းဖို့အတွက် ရုံမိသားစုကိုစွပ်စွဲနေတယ်ဆိုတာ အသိသာကြီးပါပဲ။

ဒါပေမယ့် ရှောင်အိမ်ကိုလည်း အတင်းဝန်ခံခိုင်းလို့မရနိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ ရှောင်အိမ်က သက်သေတစ်ယောက်ခေါ်ထားပြီး ရှောင်လျိုက နေ့တိုင်း မြို့နဲ့ရွာကိုအသွားပြန်လုပ်တဲ့အလုပ် လုပ်နေတာဖြစ်လို့ မြို့လေးမှာအသိကျွမ်းတွေရှိနိုင်ကာ ထိုလူက သက်သေအတုဖြစ်နိုင်သည်။ ဒါပေမယ့် ဒီသက်သေအတုကိုဖော်ထုတ်ချင်ရင် သူတို့က ရုံးတော်ကိုတိုင်မှရတော့မယ်။

ရုံးတော်ကိုတိုင်ရင်တော့ သက်သေကအတုဖြစ်ကြောင်းဖော်နိုင်မှာပေမယ့် ပြဿနာတွေကအလွန်ရှုပ်ထွေးသွားတော့မှာဖြစ်ပြီး ရုံမိသားစုကလည်း စစ်ဆေးမေးမြန်းခံရတော့မှာဖြစ်ကာ ပိုင်လီကလည်း အပြစ်တင်ခံရတော့မှာပင်။ ဘာလို့လည်းဆိုတော့ ခြံဝန်းခတ်ထားခြင်းမရှိတဲ့အပြင် အိမ်ကိုပါသော့ခတ်ထားခြင်းမရှိတာက ပိုင်လီရဲ့မငြင်းနိုင်တဲ့ပေါ့ဆမှုဖြစ်နေလို့ပါပဲ။ အိမ်ကိုသော့ခတ်ထားခြင်းတောင်မရှိပဲနဲ့  ညအိပ်ညနေခရီးထွက်သွားပြီး ပစ္စည်းပျောက်မှရုံးတော်ကိုလာတိုင်တာက တကယ်ကို စည်းကမ်းမဲ့တာဖြစ်လို့ နောက်ဆုံးမှာ ရှောင်အိမ်ရဲ့အပြစ်ကိုဖော်ထုတ်နိုင်ရင်တောင် ရုံးတော်က ပိုင်လီရဲ့ပေါ့ဆမှုအတွက် အပြစ်တင်နိုင်တယ်။ အပေါ့ဆုံးဆို ဆုံးမစကားပြောတာလောက်နဲ့ပြီးနိုင်ပေမယ့် အဆိုးဆုံးဆို ရိုက်နှက်ပြစ်ပေးခံရတာထိဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် ပိုင်လီက ညာဏ်မရှိပဲရုံးတော်ကိုတိုင်လိုက်ရင် ကိုယ့်အတတ်ကိုယ်စူးမှာဖြစ်ပြီး ရုံးတော်ကိုမတိုင်ရင်လည်း ရှောင်အိမ်က ပစ္စည်းတွေကို ပြန်ပေးဖို့နေနေသာသာ ဝန်ခံမှာတောင်မဟုတ်ပါဘူး။

ပြီးတော့ ရှောင်အိမ်က ပိုင်လီရဲ့ယောက္ခမအိမ်ဖြစ်တဲ့အတွက် ရုံးတော်က ရှောင်အိမ်က ပစ္စည်းတွေယူမှန်းသိသွားရင်တောင် လဲ့ရှီက သားမက်နဲ့သားရဲ့ပစ္စည်းတွေမလို့ယူမိတာပါဆိုပြီး ငိုပြနိုင်လို့ ရုံးတော်က ဆူပူကာ ပစ္စည်းတွေပြန်ပေးခိုင်းနိုင်ပေမယ့် ပြင်းပြင်းထန်ထန်အပြစ်တင်နိုင်ချေတော့ သိပ်မရှိလှပေ။

နိဂုံးချုပ်လိုက်ရင် ပိုင်လီကရုံးတော်ကိုတိုင်ပါက ရှောင်အိမ်က ယူသွားတဲ့ပစ္စည်းတွေပြန်ရနိုင်ပေမယ့် အပြစ်ပေးခံရနိုင်ပြီး ရှောင်အိမ်ကတော့ လွတ်မြောက်နိုင်သွားနိုင်ကာ မတိုင်ရင်လည်း ပိုင်လီက ပစ္စည်းတွေဆုံးရှုံးရမှာဖြစ်သည်။

နောက်ဆုံးမှာတော့ ပိုင်လီကရုံးတော်ကို ကြောက်တဲ့အတွက် မတိုင်တော့ပဲ ပစ္စည်းတွေကိုပဲဆုံးရှုံးခံရမှာဖြစ်၏။

ကောင်းလိုက်တဲ့အကွက်! သိပ်ကောင်းတယ်။

ရှောင်အိမ်ရဲ့ဒီအကွက်က အရမ်းလှပြီး ဒါက သာမာန်လယ်သမားတွေစဥ်းစားနိူင်တဲ့ အကွက်မျိူးမဟုတ်ပဲ ညာဏ်များကာပါးနပ်တဲ့ လဲ့ရှီ၏အကြံပင်ဖြစ်လိမ့်မည်။

ပိုင်လီက ဒီလိုရွာလေးမှာ ဒီလိုညာဏ်များတဲ့မိန်းမမျိုးရှိနေလိမ့်မယ်လို့ တကယ်မထင်ခဲ့မိဘူး။ သူက ကျိုးရှီနဲ့စုရှီကိုဆိုးလှပြီထင်နေတာ လဲ့ရှီကိုဘယ်လိုမှမယှဥ်နိုင်မှန်း ခုမှသိတော့တယ်။

ဒါပေမယ့် လဲ့ရှီမှန်တာတစ်ခုတော့ရှိပြီး အဲဒါက ပိုင်လီကရုံးတော်ကိုတိုင်မှာ မဟုတ်တာပဲ။

ပိုင်လီခန့်မှန်းရသလောက် လဲ့ရှီကဒီလောက်နဲ့ရပ်မှာမဟုတ်ပဲ ရှေ့လျောက် ဒီထက်ဆိုးတာတွေလုပ်လာနိုင်လို့ ဒီလို ငွေချောင်းအနည်းငယ်အတွက်နဲ့ ရုံးတော်ကိုမတိုင်နိုင်သေးပါဘူး။ ရုံးတော်ဆိုတာ သာမာန်ပြည်သူတွေ အကြောက်ဆုံးနေရာလည်းဖြစ်ပြီး နောက်စရာနေရာလည်းမဟုတ်တော့ လွယ်လွယ်နဲ့မသွားနိုင်ပေ။

ပြီးတော့ ပိုင်လီကမစွန့်စားချင်ဘူး။ ပျဥ်ပြားနဲ့အရိုက်ခံရရင်ဘယ်လောက်ဆိုးလဲ သူမသိပေမယ့် သူမှာ ငွေချောင်းအနည်းငယ်အတွက်နဲ့ စွန့်စားချင်စိတ်ရှိမနေပေ။ သူ့မှာလုပ်စရာတွေလည်းအများကြီးရှိနေပြီး ဒဏ်ရာလည်းရချင်မနေပါဘူး။

ဒါ့ကြောင့် ပိုင်လီက ရုံးတော်ကိုတိုင်မှာမဟုတ်ဘူး။

ငြိမ်သက်နေတာလို့ ထင်ရသည့်ပိုင်လီသည် တကယ်တမ်း ဖြစ်နိုင်ချေများကို အပြေးလွှားတွက်ချက်နေတာဖြစ်သည်။ သို့သော် အပြင်လူများသည် ပိုင်လီ၏ငြိမ်နေမှုက ရုံမိသားစုကို သံသယဝင်နေတာဟုမြင်လာကျပြီး ပိုင်လီက ယုလုံ(ရုံရှီ)ရဲ့စကားကို ဘာမှမတုန့်ပြန်သေးဘူးလေ။

ရုံမိသားစုက သားအကြီးဆုံး ရုံဟိန်သည် ပိုင်လီ၏အမူယာကိုကြည့်ကာ စိုးရိမ်လာပြီး...

"အကိုပိုင်လီ ငါတို့မိသားစုက ဆင်းရဲတာမှန်ပေမယ့် ဒီလိုအကျင့်ပျက်တဲ့အလုပ်တွေလုံးဝမလုပ်ဝံ့ပါဘူး ငါတို့ တကယ်မင်းအိမ်ကပစ္စည်းတွေကိုမယူရပါဘူး"

ပိုင်လီက ရုံဟိန်၏အသံကြားမှ စဥ်းစားနေသည့်အတွေးများထဲကထွက်လာပြီး ရုံဟိန်ကိုပြုံးပြလိုက်ကာ...

"မင်းဒါကိုပြောစရာမလိုအောင် ငါသိပြီးသားပါ "

ထို့နောက် ပိုင်လီက ယုလုံကိုကြည့်လိုက်ကာ...

"ဒေါ်လေးရုံ ကျွန်နော်အိမ်ကခွဲထွက်လာပြီးထဲက သုံးနှစ်လုံး ဒေါ်လေးရုံတို့နဲ့ကပ်ရပ်နေလာတာ ဒေါ်လေးတို့မိသားစုရဲ့စရိုက်နဲ့စိတ်ဓာတ်ကိုသိပြီးသားပါ ကျွန်တော်တင်မဟုတ်ဘူး နန်ချောင်းတစ်ရွာလုံးက ဒီရွာမှာ ဘယ်သူရဲ့စိတ်ဓာတ်ကဘယ်လိုဆိုတာသိပြီးသားမလို့ ဒေါ်လေးရုံဒေါသထွက်နေစရာမလိုပါဘူး အားလုံးကထုတ်မပြောပေမယ့် တရားခံကိုသိနေကျပြီးသားပဲလေ ကျွန်တော်က ဒေါ်လေးတို့ကို မြူတစ်မှုန်စာတောင်သံသမရှိပါဘူး"

ရုံရှီနဲ့ ရုံမိသားစုသည် ပိုင်လီ၏ထိုစကားကြားမှ အနည်းငယ်စိတ်ပြေလျော့လာကျသည်။ ရုံမိသားစုရဲ့ဦးစီး ရုံခန်းက...

"မင်း သံသယမဝင်ရင်ရပါပြီ ငါတို့မိသားစုတွေရဲ့အိမ်တွေက ကပ်နေပြီး တစ်ယောက်နဲ့တစ်ယောက် သံသယဝင်သွားရင်မကောင်းဘူးမလား"

ပိုင်လီက ခေါင်းငြိမ့်လိုက်ပြီး...

"ဦးလေးရုံပြောတာမှန်ပါတယ် ဒီကိစ္စက ကျွန်တော့်အပြစ်လည်းမကင်းပါဘူး အိမ်မှာသော့မရှိတာတောင် အပြင်ထွက်သွားခဲ့တာလေ ဒါကချောင်းမြောင်းနေသူတွေကို အခွင့်ရေးပေးလိုက်မိတာပဲ"

ထိုစကားကြားတော့ ပိုင်အမေကလက်မခံပေ။

"ဒါကဘယ်လိုလုပ်မင်းအပြစ်ဖြစ်ရမှာလဲ ရွာမှာငါတို့တွေကျန်ခဲ့တာပဲ ငါတို့တွေဂရုမစိုက်မိလို့သာ ပစ္စည်းတွေဆုံးရှုံးရတာ!"

ပိုင်မိန်လေးသည် ဒေါသထွက်နေသော ပိုင်အမေကို နှစ်သိမ့်ပေးခဲ့သော်လည်း ပိုင်အမေကတွေးလေဒေါသထွက်လေဖြစ်နေပြီး သူမက လဲ့ရှီကိုတစ်စစီမကုတ်ဖဲ့နိုင်တဲ့အတွင် မုန်းတီးနေမိသည်။

အကြီးကဲကျန်းကလည်း စိတ်ဓာတ်ကျစွာနဲ့...

"ဒါကဘယ်လိုတောင် ရုပ်ဆိုးမှုလဲ ငါတို့ရွာလေးက မကြွယ်ဝပေမယ့် ရိုးသားကြိုးစားတဲ့လူတွေနဲ့ပဲပြည့်နေခဲ့တာ ဒီလိုသူများပစ္စည်းအချောင်လိုချင်တဲ့လူမျိုးတွေရွာမှာရှိနေတာက အကြီးကဲဖြစ်တဲ့ငါ့ကိုတကယ်အရှက်ရစေတာပဲ"

ပိုင်လီသည် ပိုင်အမေနှင့် ရွာအကြီးကဲကို သူတို့၏အပြစ်မဟုတ်၍ ဤသို့ခံစားနေစရာမလိုကြောင်း နှစ်သိမ့်ပေးရန်ပြင်လိုက်သော်လည်း လဲ့ရှီ၏ခပ်စူးစူးအသံက ကြားဖြတ်ဝင်လာခဲ့ပြီး...

"သားမက်ပိုင်! ငါတံခါးဝကနေမသဲမကွဲကြားခဲ့တာ မင်းကရုံမိသားစုကိုသံသယမရှိဘူးတဲ့လား! ဒါဆိုမင်းက မင်းရဲ့ယောက္ခမတွေကို သံသယရှိနေတယ်လို့ပြောချင်တာလား!! ငါတို့ကရှောင်ဟန်ရဲ့မိသားစုဖြစ်ပြီး ရှောင်ဖူနဲ့ရှောင်ဝူလေးတို့ရဲ့အဖိုးနဲ့အဖွားတော်စပ်သူတွေပါ မင်းဘယ်လိုလုပ်ပြီးများ တံခါးဘေးကသူခိုးတွေကိုကာကွယ်ပေးပြီး မင်းရဲ့မိသားစုတွေကိုစွပ်စွဲရက်ရတာလဲ!!!"
.
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😇
.................................................................
(AN/ ဒီနေ့တော့ ဒီလောက်ပါပဲ ချစ်တို့ရေ။ နောက်တစ်ပိုင်းရဲ့ ခေါင်းစဥ်ခွဲလေးက ဘာများဖြစ်မလဲ ခန့်မှန်းပေးကျပါဦး😚)

###

အပိုင္း (၂၁) မုဆိုးႀကီး၏ေနအိမ္ေဖာက္ထြင္းခံရမႈ

ပိုင္ဝူစကားေၾကာင့္ ပိုင္လီ၏မ်က္ခုံးတို႔ကျမင့္တတ္သြားခဲ့၏။ သူက ေဒၚေလး႐ုံဆိုသူကိုသိသည္။ ထိုအမ်ိဳးသမီးက ပိုင္အေမထက္ငယ္ၿပီး သူတို႔ေဘးအိမ္က႐ုံမိသားစု၏ဇနီးျဖစ္ကာ ေရွာင္ဟန္ကို ေရသယ္ခြင့္ေပးထားသည့္အိမ္လည္းျဖစ္၏။

ဒါေၾကာင့္ ႐ုံရွီျမင္လိုက္တယ္ဆိုတာက ယုတၱိရွိပါတယ္။ သူတို႔အိမ္ေတြက ကပ္ရပ္ျဖစ္ၿပီး ပိုင္လီတို႔အိမ္က ၿခံခတ္ထားျခင္းမွမရွိတဲ့ဟာကို။

ပိုင္ဝူ၏စကားသည္ ဤမွ်ႏွင့္အဆုံးမသတ္ေသးပဲ ဆက္ေျပာလာ၏။

"ဒါေၾကာင့္ အေဖနဲ႕အေမက ဦးေလးက်န္းကိုသြားေျပာခဲ့ၿပီး ဦးေလးက်န္းက ေရွာင္အိမ္၊ပိုင္အိမ္နဲ႕ ႐ုံအိမ္ကလူေတြကို ေခၚၿပီး စစ္ေမးခဲ့တယ္"

ပိုင္လီအိမ္ေလးကေသးေပမယ့္ ေပ်ာက္သြားတဲ့ပစၥည္းေတြကမေသးပါဘူး။ ဆန္ေခ်ာက်င္ငါးဆယ္အိတ္ႀကီးအပါဝင္ အဲဒီေန႕ကပိုင္လီၿမိဳ႕ေလးကေန လွည္းအျပည့္ဝယ္လာတာကို ျမင္လိုက္တဲ့သူေတြအမ်ားႀကီးရွိၿပီး ႐ြာအႀကီးကဲမိသားစုလည္း ျမင္လိုက္တဲ့လူေတြထဲပါဝင္တယ္ေလ။

ပိုင္ဝူက ဆက္ေျပာသည္။

"ေဒၚေလး႐ုံက သူတို႔ေတြ အကိုတို႔အိမ္ထဲကေန အထုတ္ေတြသယ္ၿပီး အေနာက္လမ္းဘက္ကေနထြက္သြားတာေတြ႕လိုက္တယ္လို႔ အခိုင္မာေျပာခဲ့ေပမယ့္ လဲ့ရွီနဲ႕ေရွာင္မိသားစုဝင္ေတြကျငင္းခဲ့တယ္ လဲ့ရွီက သူအကိုတို႔အိမ္ကိုလာခဲ့တာမွန္ေပမယ့္ တံခါးပိတ္ထားလို႔ လွည့္ျပန္သြားတယ္လို႔ေျပာခဲ့ၿပီး ပစၥည္းေတြေပ်ာက္တာမွန္ရင္ ေဒၚေလး႐ုံကသာယူတဲ့လူျဖစ္ၿပီး သူမကိုစြပ္စြဲခဲ့တာလို႔ ျပန္လည္ေခ်ပခဲ့တယ္"

ပိုင္လီ၏ မူပိုင္အၿပဳံးေလးက တေျဖးေျဖးပါးလႊာလာခဲ့၏။ ဇာက္လမ္းက အစပိုင္းမွာရွင္းတယ္ထင္ရေပမယ့္ နည္းနည္းရႈပ္ေထြးသြားပုံလည္းရသည္။

ဒီကိစၥကိုစဥ္းစားခ်င္လွ်င္ ႐ုံမိသားစု၏အေျခေနကိုထည့္သြင္းစဥ္းစားရမည္။ ပိုင္မိသားစုက နန္ေခ်ာင္း႐ြာမွာအေျပလည္ဆုံးဆိုရင္ ဒီ႐ုံမိသားစုက နန္ေခ်ာင္း႐ြာမွာအဆင္းရဲဆုံးပါပဲ။ သူတို႔တြင္ စပါးစိုက္ရန္လယ္ေျမေရာ၊အသီး႐ြက္စိုက္ရန္ေျမကြက္ေရာမရွိေပ။ ဒါေၾကာင့္ ႐ုံမိသားစု၏ဦးစီး ႐ုံခန္းက ႏွစ္ရွည္လမ်ားအလုပ္ႀကိဳးစားကာ လယ္ေျမဝယ္ရန္ေငြစုခဲ့ေသာ္လည္း ဆိပ္ကမ္းတြင္ကုန္ခ်ရင္း ပစၥည္းတစ္ခုကိုခ်ိဳးမိသျဖင့္ ေလ်ာ္ေၾကးေငြအေျမာက္မ်ားေပးခဲ့ရကာ ေႂကြးမွီမ်ားပင္တင္သြားခဲ့ၿပီး ႐ုံမိသားစု၏ဘဝကပိုမိုခက္ခဲလာခဲ့သည္။ ႐ုံခန္းနဲ႕ ယုလုံ(႐ုံရွီ) မွာ ႐ုံဟိန္ဆိုသည့္ ဆယ့္ရွစ္ႏွစ္အ႐ြယ္သားတစ္ေယာက္ႏွင့္ ႐ုံဝိန္ဆိုသည့္ ဆယ့္ငါးႏွစ္အ႐ြယ္သားတစ္ေယာက္ရွိေသာ္လည္း အလြန္ဆင္းရဲသျဖင့္ ႏွစ္ေယာက္လုံးက လက္မထပ္နိုင္က်ေသးေပ။

ဒါေပမယ့္ ပိုင္လီခန့္မွန္းခ်က္အရ သူတို႔ကဒီလိုေတြမေျပလည္ဘူးဆိုေပမယ့္ အက်င့္ပ်က္ေနတဲ့စရိုက္ေတာ့ ရွိဟန္မတူပါဘူး။ မူလတြင္ ႐ုံမိသားစုက မူလပိုင္လီထံမွ လယ္ေျမကိုငွားခ်င္ခဲ့ေသာ္လည္း မူလပိုင္လီသည္ ေငြအနည္းငယ္ပိုေပးသည့္လူကိုသာ ငွားခဲ့သျဖင့္ ႐ုံမိသားစုက လယ္အလုပ္ဘက္မလွည့္နိုင္ျဖစ္ခဲ့ေသာ္လည္း စိတ္မကြက္ခဲ့က်ေပ။ သူတို႔က မူလပိုင္လီကို တျခား႐ြာသားေတြနည္းတူ အျမင္မၾကည္ခဲ့ေပမယ့္ ေရွာင္ဟန္နဲ႕ကေလးေတြကိုသနားတာေၾကာင့္ ေရွာင္ဟန္ကို သူတို႔အိမ္ကေနေရသယ္ခြင့္ပင္ ျပဳခဲ့သည္။

သိထားရမည္မွာ ပိုင္လီ၏အိမ္သည္ ႐ြာအေနာက္ပိုင္း၏အစြန္တြင္ တည္ရွိေနတာျဖစ္ၿပီး နီးကပ္ဆုံးေသာအိမ္မွာ ႐ုံအိမ္သာရွိျခင္းပင္။ ဒါေၾကာင့္ ႐ုံအိမ္သာ ေရွာင္ဟန္အေပၚေရသယ္ခြင့္မျပဳခဲ့ရင္ ေရွာင္ဟန္တစ္ေယာက္ေတာ္ေတာ္ဒုကၡေရာက္ခဲ့မွာပါ။

ထပ္ၿပီး ပိုင္လီ၏႐ုံမိသားစုအေပၚထင္ျမင္ခ်က္မွာ ထိုမိသားစုမွလူမ်ားသည္ ရိုးသားၿပီးႀကိဳးစားက်ေသာလူမ်ားပင္။ သူတို႔က ပိုင္လီအိမ္ကပစၥည္းေတြကိုယူဖို႔ဆိုတာ သိပ္ေတာ့ျဖစ္နိုင္ေခ်မရွိလွဘူး။

ပိုင္လီအေတြးမ်ားေျပးလႊားေနခ်ိန္တြင္ ပိုင္ဝူကဆက္ေျပာေန၏။

"ေဒၚေလး႐ုံက လဲ့ရွီစြပ္စြဲခ်က္ကိုလက္မခံခဲ့ဘူး ေဒၚေလး႐ုံက ဦးေလးက်န္းကို သူ႕အိမ္မွာဝင္ေရာက္ရွာေဖြနိုင္တယ္လို႔ ေျပာခဲ့ၿပီး ေရွာင္အိမ္ကိုလည္း ရွာေဖြဖို႔အဆိုျပဳခဲ့တယ္"

ပိုင္လီက ဒါကိုနားလည္၏။ ဒါက နန္ေခ်ာင္း႐ြာရဲ႕အႀကီးမားဆုံးေဖာက္ထြင္းမႈျဖစ္နိုင္ၿပီး အခ်ိန္ၾကာႀကီးေအးခ်မ္းေနသည့္႐ြာေလးကို ရိုက္ခက္လာသည့္ လွိုင္းလည္းျဖစ္သည္။ ပိုင္လီရဲ႕ပစၥည္းေတြက အားလုံးေပါင္းရင္ ေငြေလးငါးေခ်ာင္းေတာ့တန္ဖိုးရွိလို႔ တစ္ေန႕လုပ္အားခ ေၾကးျပားႏွစ္ဆယ့္ငါးျပားသာရွိတဲ့႐ြာေလးအတြက္ေတာ့ တုန္လႈပ္ေလာက္စရာပမာဏပါပဲ။ ႐ြာအႀကီးကဲက်န္းနဲ႕သူ႕မိသားစုကလည္း သူတို႔မ်က္လုံးေအာက္မွာပဲ ဒီလိုခိုးယူေဖာက္ထြင္းမႈျဖစ္သြားတဲ့အတြက္ အလြန္စိတ္တိုခဲ့က်ရသည္။

ပိုင္ဝူဆက္ေျပာသည္မွာ....

"ေရွာင္အိမ္က အိမ္ေတြကိုရွာဖို႔ျပင္းျပင္းထန္ထန္ကန့္ကြက္ခဲ့ေပမယ့္ ဦးေလးက်န္းက ႐ြာသားေတြကို ႐ုံအိမ္နဲ႕ေရွာင္အိမ္ကို ရွာခိုင္းခဲ့တယ္ ႐ုံအိမ္မွာဘာမွမေတြ႕ေပမယ့္ ေရွာင္အိမ္မွာ ဆန္ေခ်ာက်င္ငါးဆယ္ေလာက္ရွိတဲ့အိတ္ႀကီးနဲ႕ အကိုတို႔အိမ္ကေပ်ာက္သြားတဲ့ပစၥည္းေတြအားလုံးေတြ႕ခဲ့ရေပမယ့္ ေရွာင္အိမ္ကလူေတြက အဲတာေတြကသူတို႔ဝယ္ထားတဲ့ပစၥည္းေတြပါလို႔ ျငင္းခဲ့တယ္"

ပိုင္လီက ပိုင္ဝူစကားေတြကိုေသခ်ာနားေထာင္ကာ စဥ္းစားေနခဲ့သည္။ ႐ုံအိမ္က ဆင္းရဲတဲ့အတြက္ အဲဒီပစၥည္းေတြ႐ုံအိမ္မွာရွိေနရင္ ႐ုံမိသားစုခိုးတယ္လို႔တိုက္ရိုက္စြပ္စြဲလို႔ရေပမယ့္ ေရွာင္အိမ္က ႐ြာမွာေျပလည္တဲ့မိသားစုတစ္ခုျဖစ္လို႔ အဲဒါေတြက သူတို႔ဝယ္ထားတာပါလို႔ေျပာခဲ့ရင္ အတင္းစြပ္စြဲလို႔မရနိုင္ေတာ့ဘူး။ ဘာလို႔လည္းဆိုေတာ့ ေရွာင္မိသားကလည္း အဲဒီပစၥည္းေတြကို ဝယ္နိုင္တဲ့မိသားစုျဖစ္ေနလို႔ပါပဲ။ ဒါေပမယ့္ လယ္သမားမိသားစုေတြဟာ လက္ထဲမွာေငြေခ်ာင္းေတြရွိေနရင္ေတာင္ ပိုင္လီေလာက္လက္မဖြာနိုင္တဲ့အတြက္ ေရွာင္အိမ္ကေငြရွိရင္ေတာင္ အဲေလာက္မဝယ္နိုင္ပါဘူး။ ဒါေၾကာင့္ အေျဖကအရမ္းသိသာပါတယ္။

ပိုင္ဝူဆက္ေျပာျပန္သည္။

"ဦးေလးေရွာင္နဲ႕လဲ့ရွီက အဲတာေတြကသူတို႔ဝယ္ထားတာေတြပါဆိုၿပီး ၿမိဳ႕ေလးက ဆန္ဆိုင္ပိုင္ရွင္တစ္ေယာက္ကိုေခၚလာၿပီး သက္ေသလုပ္ခိုင္းခဲ့ၿပီး အဲဒီလူကလည္း ဆန္ေခ်ာေတြနဲ႕ပစၥည္းေတြက သူ႕ဆိုင္ကေန ဦးေလးေရွာင္ဝယ္သြားတာပါဆိုၿပီး သက္ေသလုပ္ေပးခဲ့တယ္ ေနာက္ေတာ့လဲ့ရွီက ေဒၚေလး႐ုံကသာ သူတို႔ကိုစြပ္စြဲေနတာပါဆိုၿပီး အျပင္းထန္ေျပာခဲ့ၿပီးေတာ့ ႐ုံမိသားစုက ပစၥည္းေတြကိုခိုးၿပီး ၿမိဳ႕မွာေရာင္းစားလိုက္တာျဖစ္မယ္လို႔ ထင္ေၾကးေပးခဲ့တယ္ ၿပီးေတာ့ ႐ုံမိသားစုကို ပစၥည္းခိုးယူမႈနဲ႕ သူတို႔ကိုစြပ္စြဲမႈအတြက္ အေရးယူခိုင္းၿပီး ေလ်ာ္ေၾကးေတာင္းဖို႔ ဦးေလးက်န္းကိုအဆိုျပဳခဲ့တယ္ ဒါေပမယ့္ ေဒၚေလး႐ုံကလည္း သူတို႔မိသားစုကယူတာမဟုတ္ပဲ ေရွာင္မိသားစုကသာ အကိုတို႔အိမ္ထဲကေန အထုပ္ေတြနဲ႕ထြက္သြားတာကို သူ႕မ်က္လုံးေတြနဲ႕ျမင္ခဲ့တာပါလို႔ အျပင္းထန္ေျပာခဲ့တယ္ ျပႆနာကဒီလိုမ်ိဳးရႈပ္ေထြးၿပီး ခက္တာက ဒါကိုဘယ္သူကမွလည္းမျမင္လိုက္က်ဘဴး ႐ြာကလူေတြက ရိတ္သိမ္းခ်ိန္ျဖစ္တာေၾကာင့္ ႐ြာထဲမွာမရွိပဲ ေဒၚေလး႐ုံပဲျဖစ္ျဖစ္ ေရွာင္မိသားစုပဲျဖစ္ျဖစ္ အကိုတို႔အိမ္ထဲကပစၥည္းေတြယူၿပီးထြက္လာတာကို ဘယ္သူမွမ်က္ျမင္မေတြ႕လိုက္က်ရေတာ့ ဦးေလးက်န္းက ဒါကို အကိုျပန္လာမွေျဖရွင္းမယ္လို႔ေျပာခဲ့တယ္"

ဒါက ျပႆနာစဆုံးျဖစ္သည္။

ပိုင္လီက ပတ္ဝန္းက်င္ကလူေတြကိုေဝ့ၾကည့္လိုက္ေတာ့ ပိုင္အိမ္နဲ႕က်န္းအိမ္ကလူမ်ားက အလြန္ေဒါသထြက္ေနပုံရၿပီး ေရွာင္ဟန္၏ျဖဴေဖ်ာ့ေနတဲ့မ်က္ႏွာကိုလည္း မ်က္လုံးေထာင့္ကေနျမင္လိုက္ရ၏။ မူလပိုင္လီက သူစိတ္မၾကည္တိုင္း လဲ့ရွီကေရွာင္ဟန္အတြက္ ေငြေခ်ာင္းတစ္ရာေတာင္းခဲ့မႈအေပၚေဒါသထြက္ၿပီး ရိုက္ႏွက္ေလ့ရွိတာေၾကာင့္ အခုလိုေရွာင္အိမ္ရဲ႕ ဆိုးဝါးတဲ့လုပ္ရက္အေပၚ ပိုင္လီက သူ႕ကိုေဒါသထြက္ေၾကာက္ေနတာျဖစ္နိုင္သည္။

ေနရာတြင္ ႐ုံမိသားစုလည္းရွိေနၿပီး သူတို႔က ပိုင္ဝူရဲ႕ဘက္မလိုက္တဲ့ရွင္းျပမႈအေပၚၿငိမ္ၿပီးနားေထာင္ေပးခဲ့ေပမယ့္ ပိုင္ဝူအကုန္ရွင္းျပၿပီးသြားတဲ့ေနာက္မွာ ႐ုံရွီကမေျပာပဲမေနနိုင္ေတာ့ေပ။ သူမရဲ႕မ်က္လုံးေတြကလည္း ေဒါသနဲ႕ခံျပင္းမႈေတြေၾကာင့္ နီရဲေနၿပီး...

"ငါက လိမ္ညာစကားတစ္ခြန္းဆိုမိတာနဲ႕ ေသြးအန္ေသပါေစလို႔ မိုးနတ္မင္းထံက်ိန္ဆိုပါရဲ႕ ငါ့မိသားစုကေယာကၤ်ားေတြကို ပိုင္အိမ္ကေန႕စားငွားခဲ့တာေတာင္ ငါကဘယ္လိုလုပ္ၿပီး မင္းအိမ္ကပစၥည္းေတြကိုခိုးယူနိုင္မွာလဲ! အဲဒီေန႕က ငါ့မိသားစုရဲ႕ဦးစီးနဲ႕သားေတြက ထမင္းျပန္စားၿပီး ပိုင္မိသားစုလယ္ကြင္းေတြစီျပန္မသြားခင္ ပိုင္မိသားစုကအလုပ္ရႈပ္ေနလို႔ မင္းတို႔အိမ္ဘက္ၾကည့္ထားေပးဖို႔ ေတာင္းဆိုလိုက္တယ္လို႔ေျပာခဲ့တာေၾကာင့္ ငါကမင္းတို႔အိမ္ဘက္ကအသံေတြကို သတိထားၿပီးနားစြင့္ခဲ့တယ္ အဲတာက ငါပန္းကန္ေတြေဆးေနတုန္းပဲရွိေသး မင္းတို႔အိမ္ဘက္ကေန အသံေတြၾကားခဲရတယ္ေလ ငါကအစက ပိုင္အိမ္ကတစ္ေယာက္ေယာက္ထင္ေပမယ့္ နံရံကိုေက်ာ္ၿပီး ၾကည့္လိုက္မိတုန္းပဲ ဘယ္သူထင္မွာ အဲဒီလဲ့ရွီနဲ႕ေရွာင္မိသားစုကလူေတြက တိုးတိုးတိတ္တိတ္နဲ႕ မင္းတို႔အိမ္ထဲကေနအထုပ္ေတြသယ္ၿပီး အေနာက္လမ္းထဲေျပးသြားက်တာကိုျမင္လိုက္ရမယ္လို႔!! ငါကခ်က္ျခင္းပဲ ပိုင္အိမ္ကလယ္ကြင္းေတြဆီေျပးသြားခဲ့ေပမယ့္ ငါတို႔ျပန္ေရာက္တဲ့အခ်ိန္မွာ ေရွာင္အိမ္ကလူေတြကလည္း သူတို႔အိမ္ျပန္ေရာက္ေနၿပီေလ!"

ပိုင္မိသားစုသည္ အရင္ကဆိုလွ်င္ ေငြကိုေႁခြတာၿပီး အလုပ္သမားမငွားက်ေပမယ့္ ဒီႏွစ္တြင္ ပိုင္လီႏွင့္ေတာဝက္မ်ားအေရာင္းလိုက္ရမႈ႕ေၾကာင့္ ရိတ္သိမ္းခ်ိန္ရက္အနည္းခန့္ပ်က္ကြက္သြားခဲ့ရာ ႐ုံအိမ္က ေယာကၤ်ားမ်ားကို လယ္အလုပ္အတြက္ ငွားရမ္းခဲ့သည္။ ေဆာင္းရာသီေရာက္ေတာ့မွာျဖစ္လို႔ ႐ုံအိမ္ကေငြကိုတတ္နိုင္သမွ်စုေနၿပီး ပိုင္အိမ္ရဲ႕ငွားမႈအေပၚအရမ္းေက်းဇူးတင္က်ကာ သူတို႔က ဘယ္လိုစိတ္နဲ႕မ်ား ပိုင္လီရဲ႕ပစၥည္းေတြကို ခိုးယူနိုင္မွာလဲ။

ၿပီးေတာ့ လဲ့ရွီရဲ႕စြပ္စြဲမႈက ဟာကြက္ေတြနဲ႕ျပည့္ႏွက္ေနပါတယ္။ ႐ုံအိမ္ရဲ႕ေယာကၤ်ားေတြက အဲဒီေန႕က ပိုင္အိမ္ရဲ႕လယ္ကြင္းေတြမွာရွိေနၿပီး ထမင္းစားခ်ိန္ခဏပဲျပန္ခဲ့တာကို လွည္းနဲ႕ေတာင္ႏွစ္နာရီေလာက္သြားရမယ့္ ၿမိဳ႕ေလးကို ဘယ္လိုလုပ္ခ်က္ျခင္း ပစၥည္းေတြသြားေရာင္းနိုင္မွာလဲ။

ဒါ့ေၾကာင့္ ႐ုံမိသားစုယူတယ္ဆိုတာ ဘယ္လိုမွကိုမျဖစ္နိုင္ပါဘူး။ လဲ့ရွီနဲ႕ေရွာင္မိသားစုက သူတို႔ကိုသံသယဝင္တာနည္းဖို႔အတြက္ ႐ုံမိသားစုကိုစြပ္စြဲေနတယ္ဆိုတာ အသိသာႀကီးပါပဲ။

ဒါေပမယ့္ ေရွာင္အိမ္ကိုလည္း အတင္းဝန္ခံခိုင္းလို႔မရနိုင္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ ေရွာင္အိမ္က သက္ေသတစ္ေယာက္ေခၚထားၿပီး ေရွာင္လ်ိဳက ေန႕တိုင္း ၿမိဳ႕နဲ႕႐ြာကိုအသြားျပန္လုပ္တဲ့အလုပ္ လုပ္ေနတာျဖစ္လို႔ ၿမိဳ႕ေလးမွာအသိကြၽမ္းေတြရွိနိုင္ကာ ထိုလူက သက္ေသအတုျဖစ္နိုင္သည္။ ဒါေပမယ့္ ဒီသက္ေသအတုကိုေဖာ္ထုတ္ခ်င္ရင္ သူတို႔က ႐ုံးေတာ္ကိုတိုင္မွရေတာ့မယ္။

႐ုံးေတာ္ကိုတိုင္ရင္ေတာ့ သက္ေသကအတုျဖစ္ေၾကာင္းေဖာ္နိုင္မွာေပမယ့္ ျပႆနာေတြကအလြန္ရႈပ္ေထြးသြားေတာ့မွာျဖစ္ၿပီး ႐ုံမိသားစုကလည္း စစ္ေဆးေမးျမန္းခံရေတာ့မွာျဖစ္ကာ ပိုင္လီကလည္း အျပစ္တင္ခံရေတာ့မွာပင္။ ဘာလို႔လည္းဆိုေတာ့ ၿခံဝန္းခတ္ထားျခင္းမရွိတဲ့အျပင္ အိမ္ကိုပါေသာ့ခတ္ထားျခင္းမရွိတာက ပိုင္လီရဲ႕မျငင္းနိုင္တဲ့ေပါ့ဆမႈျဖစ္ေနလို႔ပါပဲ။ အိမ္ကိုေသာ့ခတ္ထားျခင္းေတာင္မရွိပဲနဲ႕ ညအိပ္ညေနခရီးထြက္သြားၿပီး ပစၥည္းေပ်ာက္မွ႐ုံးေတာ္ကိုလာတိုင္တာက တကယ္ကို စည္းကမ္းမဲ့တာျဖစ္လို႔ ေနာက္ဆုံးမွာ ေရွာင္အိမ္ရဲ႕အျပစ္ကိုေဖာ္ထုတ္နိုင္ရင္ေတာင္ ႐ုံးေတာ္က ပိုင္လီရဲ႕ေပါ့ဆမႈအတြက္ အျပစ္တင္နိုင္တယ္။ အေပါ့ဆုံးဆို ဆုံးမစကားေျပာတာေလာက္နဲ႕ၿပီးနိုင္ေပမယ့္ အဆိုးဆုံးဆို ရိုက္ႏွက္ျပစ္ေပးခံရတာထိျဖစ္နိုင္ပါတယ္။

ဒါ့ေၾကာင့္ ပိုင္လီက ညာဏ္မရွိပဲ႐ုံးေတာ္ကိုတိုင္လိုက္ရင္ ကိုယ့္အတတ္ကိုယ္စူးမွာျဖစ္ၿပီး ႐ုံးေတာ္ကိုမတိုင္ရင္လည္း ေရွာင္အိမ္က ပစၥည္းေတြကို ျပန္ေပးဖို႔ေနေနသာသာ ဝန္ခံမွာေတာင္မဟုတ္ပါဘူး။

ၿပီးေတာ့ ေရွာင္အိမ္က ပိုင္လီရဲ႕ေယာကၡမအိမ္ျဖစ္တဲ့အတြက္ ႐ုံးေတာ္က ေရွာင္အိမ္က ပစၥည္းေတြယူမွန္းသိသြားရင္ေတာင္ လဲ့ရွီက သားမက္နဲ႕သားရဲ႕ပစၥည္းေတြမလို႔ယူမိတာပါဆိုၿပီး ငိုျပနိုင္လို႔ ႐ုံးေတာ္က ဆူပူကာ ပစၥည္းေတြျပန္ေပးခိုင္းနိုင္ေပမယ့္ ျပင္းျပင္းထန္ထန္အျပစ္တင္နိုင္ေခ်ေတာ့ သိပ္မရွိလွေပ။

နိဂုံးခ်ဳပ္လိုက္ရင္ ပိုင္လီက႐ုံးေတာ္ကိုတိုင္ပါက ေရွာင္အိမ္က ယူသြားတဲ့ပစၥည္းေတြျပန္ရနိုင္ေပမယ့္ အျပစ္ေပးခံရနိုင္ၿပီး ေရွာင္အိမ္ကေတာ့ လြတ္ေျမာက္နိုင္သြားနိုင္ကာ မတိုင္ရင္လည္း ပိုင္လီက ပစၥည္းေတြဆုံးရႈံးရမွာျဖစ္သည္။

ေနာက္ဆုံးမွာေတာ့ ပိုင္လီက႐ုံးေတာ္ကို ေၾကာက္တဲ့အတြက္ မတိုင္ေတာ့ပဲ ပစၥည္းေတြကိုပဲဆုံးရႈံးခံရမွာျဖစ္၏။

ေကာင္းလိုက္တဲ့အကြက္! သိပ္ေကာင္းတယ္။

ေရွာင္အိမ္ရဲ႕ဒီအကြက္က အရမ္းလွၿပီး ဒါက သာမာန္လယ္သမားေတြစဥ္းစားနိူင္တဲ့ အကြက္မ်ိဴးမဟုတ္ပဲ ညာဏ္မ်ားကာပါးနပ္တဲ့ လဲ့ရွီ၏အႀကံပင္ျဖစ္လိမ့္မည္။

ပိုင္လီက ဒီလို႐ြာေလးမွာ ဒီလိုညာဏ္မ်ားတဲ့မိန္းမမ်ိဳးရွိေနလိမ့္မယ္လို႔ တကယ္မထင္ခဲ့မိဘူး။ သူက က်ိဳးရွီနဲ႕စုရွီကိုဆိုးလွၿပီထင္ေနတာ လဲ့ရွီကိုဘယ္လိုမွမယွဥ္နိုင္မွန္း ခုမွသိေတာ့တယ္။

ဒါေပမယ့္ လဲ့ရွီမွန္တာတစ္ခုေတာ့ရွိၿပီး အဲဒါက ပိုင္လီက႐ုံးေတာ္ကိုတိုင္မွာ မဟုတ္တာပဲ။

ပိုင္လီခန့္မွန္းရသေလာက္ လဲ့ရွီကဒီေလာက္နဲ႕ရပ္မွာမဟုတ္ပဲ ေရွ႕ေလ်ာက္ ဒီထက္ဆိုးတာေတြလုပ္လာနိုင္လို႔ ဒီလို ေငြေခ်ာင္းအနည္းငယ္အတြက္နဲ႕ ႐ုံးေတာ္ကိုမတိုင္နိုင္ေသးပါဘူး။ ႐ုံးေတာ္ဆိုတာ သာမာန္ျပည္သူေတြ အေၾကာက္ဆုံးေနရာလည္းျဖစ္ၿပီး ေနာက္စရာေနရာလည္းမဟုတ္ေတာ့ လြယ္လြယ္နဲ႕မသြားနိုင္ေပ။

ၿပီးေတာ့ ပိုင္လီကမစြန့္စားခ်င္ဘူး။ ပ်ဥ္ျပားနဲ႕အရိုက္ခံရရင္ဘယ္ေလာက္ဆိုးလဲ သူမသိေပမယ့္ သူမွာ ေငြေခ်ာင္းအနည္းငယ္အတြက္နဲ႕ စြန့္စားခ်င္စိတ္ရွိမေနေပ။ သူ႕မွာလုပ္စရာေတြလည္းအမ်ားႀကီးရွိေနၿပီး ဒဏ္ရာလည္းရခ်င္မေနပါဘူး။

ဒါ့ေၾကာင့္ ပိုင္လီက ႐ုံးေတာ္ကိုတိုင္မွာမဟုတ္ဘူး။

ၿငိမ္သက္ေနတာလို႔ ထင္ရသည့္ပိုင္လီသည္ တကယ္တမ္း ျဖစ္နိုင္ေခ်မ်ားကို အေျပးလႊားတြက္ခ်က္ေနတာျဖစ္သည္။ သို႔ေသာ္ အျပင္လူမ်ားသည္ ပိုင္လီ၏ၿငိမ္ေနမႈက ႐ုံမိသားစုကို သံသယဝင္ေနတာဟုျမင္လာက်ၿပီး ပိုင္လီက ယုလုံ(႐ုံရွီ)ရဲ႕စကားကို ဘာမွမတုန့္ျပန္ေသးဘူးေလ။

႐ုံမိသားစုက သားအႀကီးဆုံး ႐ုံဟိန္သည္ ပိုင္လီ၏အမူယာကိုၾကည့္ကာ စိုးရိမ္လာၿပီး...

"အကိုပိုင္လီ ငါတို႔မိသားစုက ဆင္းရဲတာမွန္ေပမယ့္ ဒီလိုအက်င့္ပ်က္တဲ့အလုပ္ေတြလုံးဝမလုပ္ဝံ့ပါဘူး ငါတို႔ တကယ္မင္းအိမ္ကပစၥည္းေတြကိုမယူရပါဘူး"

ပိုင္လီက ႐ုံဟိန္၏အသံၾကားမွ စဥ္းစားေနသည့္အေတြးမ်ားထဲကထြက္လာၿပီး ႐ုံဟိန္ကိုၿပဳံးျပလိုက္ကာ...

"မင္းဒါကိုေျပာစရာမလိုေအာင္ ငါသိၿပီးသားပါ "

ထို႔ေနာက္ ပိုင္လီက ယုလုံကိုၾကည့္လိုက္ကာ...

"ေဒၚေလး႐ုံ ကြၽန္ေနာ္အိမ္ကခြဲထြက္လာၿပီးထဲက သုံးႏွစ္လုံး ေဒၚေလး႐ုံတို႔နဲ႕ကပ္ရပ္ေနလာတာ ေဒၚေလးတို႔မိသားစုရဲ႕စရိုက္နဲ႕စိတ္ဓာတ္ကိုသိၿပီးသားပါ ကြၽန္ေတာ္တင္မဟုတ္ဘူး နန္ေခ်ာင္းတစ္႐ြာလုံးက ဒီ႐ြာမွာ ဘယ္သူရဲ႕စိတ္ဓာတ္ကဘယ္လိုဆိုတာသိၿပီးသားမလို႔ ေဒၚေလး႐ုံေဒါသထြက္ေနစရာမလိုပါဘူး အားလုံးကထုတ္မေျပာေပမယ့္ တရားခံကိုသိေနက်ၿပီးသားပဲေလ ကြၽန္ေတာ္က ေဒၚေလးတို႔ကို ျမဴတစ္မႈန္စာေတာင္သံသမရွိပါဘူး"

႐ုံရွီနဲ႕ ႐ုံမိသားစုသည္ ပိုင္လီ၏ထိုစကားၾကားမွ အနည္းငယ္စိတ္ေျပေလ်ာ့လာက်သည္။ ႐ုံမိသားစုရဲ႕ဦးစီး ႐ုံခန္းက...

"မင္း သံသယမဝင္ရင္ရပါၿပီ ငါတို႔မိသားစုေတြရဲ႕အိမ္ေတြက ကပ္ေနၿပီး တစ္ေယာက္နဲ႕တစ္ေယာက္ သံသယဝင္သြားရင္မေကာင္းဘူးမလား"

ပိုင္လီက ေခါင္းၿငိမ့္လိုက္ၿပီး...

"ဦးေလး႐ုံေျပာတာမွန္ပါတယ္ ဒီကိစၥက ကြၽန္ေတာ့္အျပစ္လည္းမကင္းပါဘူး အိမ္မွာေသာ့မရွိတာေတာင္ အျပင္ထြက္သြားခဲ့တာေလ ဒါကေခ်ာင္းေျမာင္းေနသူေတြကို အခြင့္ေရးေပးလိုက္မိတာပဲ"

ထိုစကားၾကားေတာ့ ပိုင္အေမကလက္မခံေပ။

"ဒါကဘယ္လိုလုပ္မင္းအျပစ္ျဖစ္ရမွာလဲ ႐ြာမွာငါတို႔ေတြက်န္ခဲ့တာပဲ ငါတို႔ေတြဂ႐ုမစိုက္မိလို႔သာ ပစၥည္းေတြဆုံးရႈံးရတာ!"

ပိုင္မိန္ေလးသည္ ေဒါသထြက္ေနေသာ ပိုင္အေမကို ႏွစ္သိမ့္ေပးခဲ့ေသာ္လည္း ပိုင္အေမကေတြးေလေဒါသထြက္ေလျဖစ္ေနၿပီး သူမက လဲ့ရွီကိုတစ္စစီမကုတ္ဖဲ့နိုင္တဲ့အတြင္ မုန္းတီးေနမိသည္။

အႀကီးကဲက်န္းကလည္း စိတ္ဓာတ္က်စြာနဲ႕...

"ဒါကဘယ္လိုေတာင္ ႐ုပ္ဆိုးမႈလဲ ငါတို႔႐ြာေလးက မႂကြယ္ဝေပမယ့္ ရိုးသားႀကိဳးစားတဲ့လူေတြနဲ႕ပဲျပည့္ေနခဲ့တာ ဒီလိုသူမ်ားပစၥည္းအေခ်ာင္လိုခ်င္တဲ့လူမ်ိဳးေတြ႐ြာမွာရွိေနတာက အႀကီးကဲျဖစ္တဲ့ငါ့ကိုတကယ္အရွက္ရေစတာပဲ"

ပိုင္လီသည္ ပိုင္အေမႏွင့္ ႐ြာအႀကီးကဲကို သူတို႔၏အျပစ္မဟုတ္၍ ဤသို႔ခံစားေနစရာမလိုေၾကာင္း ႏွစ္သိမ့္ေပးရန္ျပင္လိုက္ေသာ္လည္း လဲ့ရွီ၏ခပ္စူးစူးအသံက ၾကားျဖတ္ဝင္လာခဲ့ၿပီး...

"သားမက္ပိုင္! ငါတံခါးဝကေနမသဲမကြဲၾကားခဲ့တာ မင္းက႐ုံမိသားစုကိုသံသယမရွိဘူးတဲ့လား! ဒါဆိုမင္းက မင္းရဲ႕ေယာကၡမေတြကို သံသယရွိေနတယ္လို႔ေျပာခ်င္တာလား!! ငါတို႔ကေရွာင္ဟန္ရဲ႕မိသားစုျဖစ္ၿပီး ေရွာင္ဖူနဲ႕ေရွာင္ဝူေလးတို႔ရဲ႕အဖိုးနဲ႕အဖြားေတာ္စပ္သူေတြပါ မင္းဘယ္လိုလုပ္ၿပီးမ်ား တံခါးေဘးကသူခိုးေတြကိုကာကြယ္ေပးၿပီး မင္းရဲ႕မိသားစုေတြကိုစြပ္စြဲရက္ရတာလဲ!!!"
.
.
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန္ၫြန့္ 😇
.................................................................
(AN/ ဒီေန႕ေတာ့ ဒီေလာက္ပါပဲ ခ်စ္တို႔ေရ။ ေနာက္တစ္ပိုင္းရဲ႕ ေခါင္းစဥ္ခြဲေလးက ဘာမ်ားျဖစ္မလဲ ခန့္မွန္းေပးက်ပါဦး😚)

Continuer la Lecture

Vous Aimerez Aussi

41.8K 2.7K 42
လောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လ...
222K 1.7K 2
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
28.1K 1.6K 51
နတ်မိစ္ဆာဘုရင်လေးနဲ့ လူသားအိမ်ရှေ့စံလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ။ ဘာသာပြန်လုံးဝမဟုတ်ပါ❌❌
6.2K 460 20
Cake နဲ့ Seeiwရဲ့ storyလေးကို ဘာသာပြန်ချင်လို့ပါ။ လိုအပ်ချက်တွေရှိရင်တော့နားလည်ပေးနော်။