(Unicode)
အခန်း [ ၁၄၆ ]
အားလုံး အံ့သြသွားကြ၏။ ကျန့်ထျန်းမင်သည် သူဌေး၏ ကိုယ်ရေးလက်ထောက်ဖြစ်သည်။ သူက ဘာအတွက်ကြောင့် ဖိုင်တွေကို ကိုယ်တိုင် လာပို့ရတာလဲ..
အဲ့ဒီဖိုင်တွေထဲမှာရော ဘာရှိနေလို့လဲ၊ ဘာဖြစ်လို့ ဒီလောက်တောင် အရေးတကြီးဖြစ်နေရတာလဲ!
အရေးကြီးတဲ့ဖိုင်တွေကလည်း အများကြီးပါလား!
လုမန်ကြည့်နေစဥ် ကျန့်ထျန်းမင်က အားလုံး၏ အံ့သြစူးစမ်းလိုသော အကြည့်များအောက်တွင် သိုက်ယီးရန်စားပွဲဆီကို လျှောက်သွားပြီး လုမန်ဖိုင်တွေထက်များသော ဖိုင်တွေကို သိုက်ယီးရန်စားပွဲပေါ်သို့ စုတင်လိုက်သည်။
“ အတွင်းရေးမှူးရုံးက ရှောင်းကျန့်က ဒီနေ့ ခွင့်ယူသွားလို့ တို့တွေ လူအင်အားမလောက်ဘူးဖြစ်သွားတယ်၊ မန်နေဂျာဝူကို မေးကြည့်လိုက်တော့ မင်းက အသစ်တဲ့၊ PR ဌာနက အလုပ်တွေနဲ့ ရင်းနှီးအောင် လုပ်နေတုန်းပဲ အားလည်း အားနေတယ်လို့ သိရတယ်၊ ဒါကြောင့် ဒီနေ့ မင်းဆီက အကူအညီလေးယူမလို့။ ကျေးဇူးပြုပြီး ဒီဖိုင်တွေအားလုံးကို ကူရှင်းပေးစမ်းပါ ”
ကျန့်ထျန်းမင်ပင်လျှင် ထိုဖိုင်တွေအားလုံးကို ရွှေ့ရသည့်အတွက် ချွေးထွက်နေလေပြီ။
ဒီဖိုင်တွေအများကြီးကို ဘယ်ကနေ ရှာလာသလဲဆိုတာ ဘယ်သူ သိမတုံး..
ဒီနေ့ မနက်ပိုင်း ကုမ္ပဏီကို သူဌေးရောက်လာတော့ ကျန့်ထျန်းမင်ကို သိုက်ယီးရန်အတွက် အချိန်ပေးရပြီး အရေးမကြီး သေးဖွဲသော အလုပ်တွေရှာပေးဖို့ ခိုင်းလေသည်။
သူဌေး လုမန်အတွက် လက်စားချေဖို့ ကြိုးစားနေသည်မှန်း ကျန့်ထျန်းမင်လည်း ချက်ချင်း သဘောပေါက်လိုက်၏။
သို့ပါလျက် လုမန်က သူမဘာသာ ဖြေရှင်းနိုင်ပြီး သူဌေးကို ဝင်ရောက်စွက်ဖွက်ခြင်း မပြုဖို့ ပြောထားခဲ့ရာ သူဌေးက သူမအလုပ်ကို ကြားဝင်ခြင်း မပြုနိုင်သော်လည်း သိုက်ယီးရန်အလုပ်ကိုတော့ နှောင့်ယှက်နိုင်ပေသည်။
သူတို့ လုမန်ကို နိုင်စားနေတာကို သူဌေးက ခွင့်ပြုထားမယ်လို့များ ထင်နေကြသလား..
သို့သော် ထို့ကြောင့်ပင်လျှင် ကျန့်ထျန်းမင် တော်တော် ဒုက္ခများသွားခဲ့၏။
ဒီလောက်အလုပ်နဲ့ ဖိုင်တွေအများကြီးကို သူဘယ်မှာ ရှာတွေ့နိုင်မလဲ..
သူဌေး၏ အတွင်းရေးမှူးရုံးသည် ဖိုင်တွေကိုင်တွယ်ဖြေရှင်းရာတွင် အမြဲတမ်း ကျွမ်းကျင်မြန်ဆန်ပြီး လေးဖင့်ကြန့်ကြာခြင်း လုံးဝမရှိရ။
ပြီးတော့ အတွင်းရေးမှူးရုံးမှာ အရေးမကြီးတဲ့ ဖိုင်တွေ အလုပ်တွေလို့ ရှိသလား..
ဖြစ်ချင်တာဖြစ် ကျန့်ထျန်းမင် မော်ကွန်းတိုက်ကို တန်းသွားခဲ့သည်။ သိုက်ယီးရန်ထပ်လုပ်ဖို့အတွက် အရေးမကြီးသော၊ လွန်ခဲ့သည့် နှစ်များစွာက ဌာနအသီးသီးကနေ လုပ်ဆောင်ပြီးစီးခဲ့သော ဖိုင်အဟောင်းတွေကို ဆွဲထုတ်ခဲ့၏။
ရှေ့မှာရှိနေသည့် ဖိုင်တွေကို ကြည့်ပြီး ဟန်ကျိုးလီ သူမ ခက်ခဲပင်ပန်းအောင် တမင်လုပ်နေပြီဆိုတာကို သိုက်ယီးရန် သိလိုက်သည်။
သို့ပေမယ့် လုမန်ကြောင့်လို့တော့ မထင်ပါ။
လုမန်က ဟန်ကျိုးလီကို ဖြားယောင်းမြှူဆွယ်တယ်ဆိုတာ သူမ ယုံကြည်နိုင်သည်။
ဟန်ကျိုးလီ လုမန်ကို ကြိုက်တယ်ဆိုတာတော့ သူမသေမှပဲ ဖြစ်နိုင်ပါလိမ့်မည်။
ဟန်ကျိုးလီကို နှစ်သက်သဘောကျသည့် မိန်းမတွေမှ အများကြီး။ သူလို သာမန်မိန်းမကို ကြိုက်တယ်ဆိုတာ ဘယ်လိုများ ဖြစ်နိုင်ပါ့မလဲ..
သိုက်ယီးရန် လုမန်ကို အထင်အမြင်သေးသည်။ အချစ်ပြိုင်ဘက်ဟုပင် ထည့်မစဥ်းစားဖူးပေ။
လုမန် ဟန်ကျိုးလီကို ဖြားယောင်းမြှူဆွယ်သည်ဟု သိရချိန်မှာ စက်ဆုပ်ရွံရှာမှုပဲဖြစ်၏။
သူ့လို အခြေအနေနဲ့ အခွင့်တောင်မရှိရဘူး!
သူမနှင့် ခြေရာချင်း လိုက်တိုင်းနိုင်သည့် ပြိုင်ဘက်တစ်ဦးအဖြစ်လည်း ဘယ်တုန်းကမှ သဘောမထားဖူးပေ။
မနေ့ညက ဖြစ်ခဲ့သည့်ကိစ္စအတွက် သူမကို ဟန်ကျိုးလီ သတိပေးချင်တာဟုပဲ သိုက်ယီးရန် တွက်လိုက်၏။
“ ဖိုင်တွေကအများကြီးပဲ ဘယ်လိုလုပ်ပြီးမှာလဲ ”
မကျေနပ်မှုတွေကို သိုက်ယီးရန်မျက်နှာပေါ်တွင် အတိုင်းသား မြင်နိုင်ပေသည်။
ဟန်ကော်ပိုရေးရှင်းကို သူမ လာခဲ့သည်မှာ ဟန်ကျိုးလီကြောင့်ဖြစ်ပြီး အလုပ်ကြောင့် မဟုတ်။
ဒီလူတွေမှာရော အသိ လုံးဝ မရှိကြဘူးလား.. သူမဘယ်သူလဲဆိုတာ သူတို့ မသိကြဘူးလား.. သာမန်ဝန်ထမ်းအဖြစ် ဘယ်လိုများ ဆက်ဆံနိုင်တာလဲ..
သူမက အဲ့ဒီလူတွေနဲ့ တန်းတူ ဟုတ်ပါ့မလား..
“ ဟားဟား ”
ကျန့်ထျန်းမင် ရယ်လိုက်သည်။
“ ငါလည်း မတတ်နိုင်လို့ပါ၊ ကုမ္ပဏီတစ်ခုလုံးမှာ ဝန်ထမ်းအသစ်က နှစ်ယောက်ပဲရှိတာ၊ မင်းက အသစ်ပေမယ့် အထူးတလည် လုပ်စရာအလုပ်ရယ်လို့ မရှိဘူးဖြစ်နေတာလေ၊ မင်းတို့တွေက အလုပ်မများဆုံးပဲ၊ ဒါပေမဲ့ လုမန်မှာက ရှင်းစရာဖိုင်တွေ ရှိနေပြီးတဲ့ပုံပဲ ”
ကျန့်ထျန်းမင် လုမန်စားပွဲကို ကြည့်လိုက်သည်။ အမှန်တရားက အဲ့ဒီမှာ ပြူးပြူးကြီး..
တော်သေးလို့ သူဌေးက အမြော်အမြင်ရှိပြီး ကိုယ်တိုင် မခိုင်းလိုက်တာ။
ဟန်ကျိုးလီ ကြောက်သည်က သူ ကိုယ်တိုင် PR ဌာနကို အမိန့်ပေးညွှန်ကြားလိုက်ရင် လိုက်နာသလိုလိုနှင့် ကွယ်ရာမှာ လုမန်ဆီကို အလုပ်တွေပုံပေးပစ်မှာကို ဖြစ်သည်။
ထို့ကြောင့် ကျန့်ထျန်းမင်ကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ဖို့ လွှတ်လိုက်ခြင်း။
“ အခု မင်းမှာဘာမှလုပ်စရာမရှိတာမြင်နေတာပဲ ဒါတွေ မင်းဆီမှာထားခဲ့မယ် ”
ကျန့်ထျန်းမင်က ဖိုင်တွေကို ပုတ်ပြ၏။
သိုက်ယီးရန် နှုတ်ခမ်းတွေ စုထော်သွားကာ..
“ ကျွန်မမှာ လုပ်စရာအလုပ်မရှိပါဘူးလို့ ရှင့်ကို ဘယ်သူ ပြောသလဲ .. ဟိုအဆိုပြုလွှာအတွက် ပြင်ဆင်ရဖို့တွေ ရှိသေးတယ် ”
ကျန့်ထျန်းမင် မျက်မှောင်ကုတ်သွား၏။
“ လုမန်လည်း မင်းလိုပါပဲ .. ဒါပေမဲ့ ဟိုအလုပ်မှ ဒီအလုပ်မှ ဆိုပြီး လက်ရှောင်တာ မတွေ့မိပါဘူး။ သူတောင် လုပ်နိုင်သေးတာ .. မင်းက ဘာဖြစ်လို့ မလုပ်နိုင်တာလဲ ”
အခန်း [ ၁၄၇ ]
ဒေါသထောင်းခနဲထပြီး သိုက်ယီးရန် ဆဲဆိုမိတော့မည် ဖြစ်၏။ ကျန့်ထျန်းမင်က အရူးလား..
သူမကို လုမန်နဲ့ ဘယ်လိုတွေနှိုင်းလိုက်တာလဲ..
သူ ပြောသွားပုံက သူမကပဲ လုမန်နှင့် မယှဥ်နိုင်သည့် လူပမာ။
သူမ ဒီကို လာခဲ့တာ အလုပ်လုပ်ဖို့ မဟုတ်ဘူးဆိုတာ သူ မသိဘူးလား..
အဲ့ဒါကို အလုပ် အလုပ်နဲ့ အကြောင်းပြပြီး ခိုင်းရတယ်လို့!
“ မင်း ရောက်နေတာ ဟန်ကော်ပိုရေးရှင်းမှာပါ။ အလုပ်ကို မှန်မှန်ကန်ကန် လုပ်ရမယ်၊ အခွင့်ထူးဘာညာရဖို့ စဥ်းစားနေတာဆိုရင်တော့ အဟုတ်ကို နုတ်ထွက်ပြီး ဒီပြင်နေရာမှာ သွားလုပ်ပါ၊ ဟန်ကော်ပိုရေးရှင်းမှာတော့ အဲ့ဒါမျိုး မရှိဘူး ”
ကျန့်ထျန်းမင် စိတ်တိုတိုနဲ့ ဖိုင်တွေကိုထုသည်။
“ ငါ တအားအလုပ်များနေတာ၊ ဒီမှာအချိန်လာဖြုန်းနေလို့ မရဘူး၊ သူဌေးက ဒါတွေအားလုံးကို လိုချင်တာနော် ရှုပ်ရှုပ်ယှက်ယှက်တွေမလုပ်နဲ့ ”
ပြောပြီး ကျန့်ထျန်းမင် ထွက်သွားလေသည်။
သိုက်ယီးရန် ဖိုင်တစ်ဖိုင်ကို ကောက်ကိုင်လိုက်ပေမယ့် စိတ်မပါလက်မပါနှင့် အီးရောအီးရောမို့ နေ့လယ်ရောက်သည်အထိ ဘာမှ မပြီး။
လုမန်ကတော့ တစ်ဖိုင်ပြီးတစ်ဖိုင် မြန်ဆန်စွာ လုပ်ကိုင်နေစဥ် သိုက်ယီးရန်က အမြီးမြှောက်လိုက် အီးပေါက်လိုက်နှင့် လိပ်ပမာ နှေးကွေးစွာ သွားနေခဲ့၏။
ထိုစဥ် ကျန်တဲ့သူတွေကတော့ သူတို့နှစ်ယောက်ကို ကြည့်နေကြသည်။ ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူတို့ အံ့သြတကြီးတော့ ဖြစ်နေကြ၏။
လုမန် မပင်ပန်းဘူးလား..
အလုပ်ပြီးအောင် စဥ်ဆက်မပြတ် လုပ်နေပုံက စက်ရုပ်တစ်ရုပ်နှင့်ပင်တူသည်။ အလုပ်အပေါ်မှာ အာရုံစူးစိုက်မှုရှိပြီး တစ်ချက်ကလေးမှမနား။
အရင်က သူတို့တွေ လုမန်ကို မကြည်ခဲ့ကြပေ။ ဒါပေမယ့် အလုပ်လုပ်ရင် လေးနက်မှုရှိတာကို ကြည့်ရင်း သဘောထားတွေ ပြောင်းလဲသွား၏။
နေ့လယ်နားချိန်မှာ ယဲ့ရှောင်ရှင်း ရောက်လာပြီး
“ ယီးရန် ထမင်းသွားစားရအောင်လေ ”
သိုက်ယီးရန် သူမတို့နှင့်လာပေါင်းသည့်အချိန်ကစပြီး နေ့တိုင်း နေ့လယ်စာကို ဒကာခံခဲ့သည်။ အစားအသောက်ကလည်း အထူးကောင်းမွန်၏။
ထို့ကြောင့် ယဲ့ရှောင်ရှင်း နေ့လယ်စာဖိုးကို ဤသို့ ချွေတာနိုင်ခဲ့ကာ ဓာတ်ပုံတွေရိုက်ပြီးတော့ပင် သူငယ်ချင်းတွေကို ကြွားဝါနိုင်ခဲ့လေသည်။
သိုက်ယီးရန် နေလယ်စာစားဖို့ ခေါ်သွားသည့် နေရာတိုင်းက ခမ်းနားသော နေရာတွေဖြစ်၏။
“ ဘာထမင်းလဲ! အလုပ်တောင် မပြီးသေးဘူး! ”
သိုက်ယီးရန် ဒေါသမာန်ထနေသည်။ ဖိုင်တစ်ဖိုင်ကိုကောက်ကာ စားပွဲပေါ်ကို ပစ်ချလိုက်၏။
“ အဲ့ဒီကျန့်ထျန်းမင်က ဘာကောင်လဲ! ငါ့ကိုများ ဒါတွေလာလုပ်ခိုင်းရတယ်လို့!! ”
“ အလုပ်မလုပ်လို့ ရမလား နင် ဒီကို လာတာက ဘာလုပ်ဖို့လဲ ”
ယဲ့ရှောင်ရှင်း တွေးလိုက်သည်။
နောက်ပြီး ဟန်ကော်ပိုရေးရှင်းမှာ ဘာဝတ္တရားတွေရှိနေလို့ သူ့ကို မခိုင်းဘဲ ထားရမှာလဲ..
ရုတ်တရက် သိုက်ယီးရန် တုံ့ခနဲဖြစ်ကာ ယဲ့ရှောင်ရှင်းကို ပြုံးပြီးတော့ ကြည့်လိုက်သည်။
“ ရှောင်ရှင်း တစ်ခုလောက်လုပ်ပေးစမ်းပါ ”
ယဲ့ရှောင်ရှင်း ကြက်သီးတွေပင် ထသွားသည်။ သိုက်ယီးရန် မျက်နှာထားအရ ခိုင်းချင်လို့မှန်း သိလိုက်၏။ သို့သော် သူမ လက်မခံချင်ပါ။
“ ဒါတွေပြီးအောင်ကူလုပ်ပေးပါလားဟင် နော် ”
သိုက်ယီးရန်က ပြုံးပြ၏။
“ အဟဲ ”
ယဲ့ရှောင်ရှင်းက အသက်မပါစွာ ရယ်ပြီး အနောက်ကို နှစ်လှမ်းခန့် ဆုတ်သွားသည်။
“ ငါ့မှာလည်း လုပ်စရာတွေ အများကြီး ရှိသေးတယ်ဟ .. ဒီညတောင် အချိန်ပိုဆင်းပြီးအလုပ်လုပ်ရမလား မသိဘူး ”
“ ဒါတွေကလေ အများကြီးလို့ထင်ရပေမယ့် တကယ်က လွယ်ပါတယ်၊ တို့တွေ အတူလုပ်မယ်ဆိုရင် မြန်မြန်ပြီးသွားမှာ သိလား ”
သိုက်ယီးရန်က လက်ကိုဆွဲထားလိုက်ကာ
“ ငါ နေ့လယ်စာ ဝယ်ကျွေးမယ်လေ ”
နေ့လယ်စာက ဘာလုပ်ရမှာလဲ..
ယဲ့ရှောင်ရှင်းသည် လက်မခံချင်သေးပေ။
သိုက်ယီးရန်မျက်နှာ ခပ်ချဥ်ချဥ် ဖြစ်သွားလျက်
“ ငါကတော့ တို့တွေ သူငယ်ချင်းတွေဖြစ်ပြီလို့တောင် မှတ်ထားတာ နင်က ငါ့အတွက် ဒါလေးတောင် လုပ်မပေးချင်ဘူးပေါ့လေ ”
ယဲ့ရှောင်ရှင်း ခပ်ရွံ့ရွံ့ ပြုံးလိုက်မိသည်။ သူ့ကို ဖားသာဖားနေရပေမယ့် သိုက်ယီးရန် သူမကို အထင်မကြီးတာကို သိသည်။
“ မလုပ်ပေးချင်လို့မဟုတ်ပါဘူးဟယ် ငါ့မှာလည်း လုပ်စရာတွေ ပုံနေလို့ပါ ”
“ နင် ကူညီမယ်ဆိုရင် ငါက ချီလင်အပန်းဖြေစခန်းကို အပန်းဖြေခေါ်သွားမလို့ပါ။ အဲ့မှာ နှစ်ညအိပ်နေပြီး ရေပူစမ်းတွေမှာ ပျော်လို့ရတယ်၊ တစ်ကမ္ဘာလုံးက အစားအသောက်တွေတောင် ရှိတာဟယ်၊ ဒါပေမယ့် နင့်အပေါ်မှာပဲ မူတည်ပါတယ်၊ ငါက အားလုံးကိုကြည့်လုပ်ပေးသွားမှာပေမယ့်”
ယဲ့ရှောင်ရှင်း နည်းနည်းတော့ စိတ်လှုပ်ရှားသွားသည်။ သူမသည် ဒီလိုအရာမျိုးတွေအပေါ်မှာ ငွေကို ဖြုန်းတီးနိုင်သည့် လူမျိုး မဟုတ်ပေ။ သူမအနေနှင့် ထိုအပန်းဖြေစခန်းမှာ ပိုက်ဆံတွေသွားဖြုန်းဖို့ မဆိုနှင့် တစ်ညအိပ်နေဖို့ပင် မတတ်နိုင်။
“ သူငယ်ချင်းတွေပဲဟာ လက်ဆောင်ဘာညာပြန်လုပ်ပေးစရာ မလိုပါဘူး ကူညီပေးမယ်လေ ”
ယဲ့ရှောင်ရှင်းက ပြုံးပြောလာတော့ သိုက်ယီးရန်ကလည်း ငေါ့တော့တော့ ပြုံးလျက်။
“ အဲ့ဒါအတွက် မပူပါနဲ့ နင်သာ ကူညီမယ်ဆိုရင် ထိုက်ထိုက်တန်တန် ပြန်ရမှာပါ ကတိပေးတယ် ”
သူမက ငွေစိုက်ထုတ်ရမည့်သူ ဖြစ်နေသဖြင့် သိုက်ယီးရန်သည် အားနာစိတ်မရှိဘဲ ဖိုင်တွေအားလုံးကို ယဲ့ရှောင်ရှင်းဆီတွန်းပို့လိုက်ကာ
“ ကျန့်ထျန်းမင် ပြောသွားတယ်၊ အစ်ကိုဟန်က ဒါတွေအားလုံးကို လိုတယ်တဲ့ . အဲ့တော့ ရှုပ်အောင်လုပ်လို့ မရဘူးနော် ”
အခန်း [ ၁၄၈ ]
သယ်ထားရသည့် ဖိုင်တွဲတွေက တံတောင်ကို ဖိအားတွေပေးကာ လေးလံလွန်းပေမယ့်လည်း ချီလင်အပန်းဖြေစခန်းမှာ ပျော်ပါးနိုင်မည်မို့ ရင်ခွင်မှာပိုက်ထားသည့် ဖိုင်တွေကို ကြည့်ကာ ယဲ့ရှောင်ရှင်း ကြိတ်မှိတ်အံကြိတ်လိုက်သည်။
“ ဖိုင်တွေက အများကြီးဆိုတော့ နေ့လယ်စာထွက်စားလို့ မဖြစ်တော့ဘူး ထင်တယ်၊ နင် ဝယ်ကျွေးမယ်လို့ ပြောတယ်မို့လား ”
ယဲ့ရှောင်ရှင်းပင် သိုက်ယီးရန်အပေါ်တွင် ဟိတ်ဟန်တစ်လုံးနှင့် အားနာမနေတော့ပေ။
သိုက်ယီးရန် ခေါင်းညိတ်လိုက်သည်။
“ နင်ဘာစားချင်လဲ၊ ငါ မှာပေးမယ်လေ ”
“ ဒါဆို ဆူရှီ မှာပေး .. အလုပ်လုပ်ရင်းစားဖို့ဆို အဲ့ဒါ အဆင်ပြေတယ် ”
သိုက်ယီးရန် ပြုံးမဲ့မဲ့ ဖြစ်သွားတော့၏။ ဘာကို အဆင်ပြေတာလဲ.. ယဲ့ရှောင်ရှင်းက သူမကို ကောင်းကောင်း အသုံးချနေတာပဲ။
ဘာပဲလိုချင်လိုချင် စျေးကြီးတာတွေပဲဖြစ်၏။
သို့ပေမယ့် ဒီငွေလောက်ကို သူမ မမှုပါ။ ပြီးတော့ ယဲ့ရှောင်ရှင်းက အမြော်အမြင်လည်း သိပ်မရှိ။ အစားစားချိန်ဆို တော်တော်ရုပ်ပေါက်သည်။
လုမန် ဟန်ကျိုးလီရုံးခန်းကနေ ပြန်လာချိန်မှာ ကွန်ပျူတာတစ်လုံးနှင့် အပတ်တကုတ် အလုပ်လုပ်နေသော ယဲ့ရှောင်ရှင်းကို တွေ့လိုက်ရ၏။ စားပွဲပေါ်မှာတော့ နဂိုကသိုက်ယီးရန်စားပွဲပေါ်မှာ ရှိနေခဲ့သော ဖိုင်တွေရောက်နေသည်။ လုမန် ရယ်မိသွား၏။
တကယ်ပါပဲ တစ်ယောက်က ထိချင်သည်၊ တစ်ယောက်ကလည်း အထိခံချင်၏။
မျှော်လင့်ထားသည့်အတိုင်း ရုံးဆင်းချိန်ရောက်သည့်အခါ သိုက်ယီးရန်တစ်ယောက် အလုပ်တွေကို အချိန်မီ ပြီးစီးခဲ့လေ၏။
သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပဲ မနက်ဖြန်ဆိုလျှင် ကြာသပတေးနေ့သို့ ရောက်ပြီ ဖြစ်သည်။ တုလင်း၏ ကိစ္စအတွက် အဆိုပြုလွှာတွေကို မနက်ဖြန်နေ့လယ်မှာ နောက်ဆုံးထားပြီး တင်ပြရမည် ဖြစ်သော်လည်း သိုက်ယီးရန် သိပ်မပြီးသေးပေ။
သိုက်ယီးရန် တကယ်ပဲ မျှတစွာ ယှဥ်ပြိုင်ချင်တာလား.. သူမ ခန့်မှန်းတာပဲလွဲသွားတာလား..
လုမန်မျက်ခုံးတွေ အနည်းငယ် ရှုံ့တွသွား၏။ သိုက်ယီးရန် တစ်ခုခု လုပ်ချင်တယ်ဆိုရင် ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်မနက်ဟာ သူ့အတွက် နောက်ဆုံးအခွင့်အရေးပဲ..
***
သည်လိုနှင့်ပဲ ကြာသပတေးနေ့သို့ ရောက်သွားလေသည်။
မနက်ပိုင်းမှာ ယဲ့ရှောင်ရှင်းသည် လုမန်ကို မကြာမကြာ လှမ်းကြည့်တတ်လေပြီး သိုက်ယီးရန်က တစ်ခါတလေမှသာ ခိုးကြည့်တတ်၏။
ထိုအခါမှ သိုက်ယီးရန် အခြေအနေမကောင်းမှန်း လုမန် သိလိုက်သည်။
မွန်းတည့်လောက်မှာ သိုက်ယီးရန်ဂနာမငြိမ်ဖြစ်နေတာကို တွေ့လိုက်ရသည်မို့ သူတို့အစီအစဥ်ကို စတင်ဆောင်ရွက်ဖို့ လုပ်နေပြီဖြစ်ကြောင်း လုမန် သိလိုက်သည်။
နှုတ်ခမ်းထောင့်စွန်းတွေဟာ ကော့တက်သွား၏။ ရုံးခန်းထဲကနေ ထွက်ဖို့ကို သူမ မလောသေးဘဲ ကွန်ပျူတာနှင့် အလုပ်ဆက်လုပ်နေလိုက်သည်။
သို့သော်လည်း သိုက်ယီးရန်နှင့် ယဲ့ရှောင်ရှင်းတို့နှစ်ယောက်မှာ ဗိုက်ဆာနေကြလေပြီ ဖြစ်သည်။ “ လုမန် ဘယ်တော့မှ အပြင်ထွက်မှာလဲ ” သူတို့ သိချင်နေကြ၏။
ခုမှ ဘာအတွက် အလုပ်ကြိုးစားပြနေတာလဲ!
ရုံးခန်းထဲမှာ လူတွေသိပ်မကျန်တော့ဘူးဆိုမှ လုမန်က ဖိုင်ကို ပိတ်ပြီး ကွန်ပျူတာကိုပါ ပိတ်လိုက်သည်။
ဘေးကနေ ကြည့်နေရင်း သိုက်ယီးရန်ဒေါသတွေဝေ့ခနဲထလာ၏။
အဲ့ဒါအလုပ်ဖြစ်မယ်များ ထင်နေလား..
သူမက ဒီနေ့ လုမန်ကို ဒီကုမ္ပဏီကနေ မောင်းထုတ်ပစ်မှာ!
ထို့နောက် လုမန်က ထောင့်မှာပုန်းနေတာရှိနေသလားဟု ဘေးကို ဝေ့ဝဲကြည့်ပြီး စစ်သည်။
သိုက်ယီးရန် ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွား၏။ မျက်နှာကို ပုံမှန်အတိုင်း ထိန်းထားလိုက်နိုင်လို့ တော်သေးသည်။ မဟုတ်လျှင် လုမန် တစ်ခုခုကို ရိပ်မိသွားနိုင်၏။
လုမန် ဒီလောက်ထိ သတိချပ်လိမ့်မယ်လို့ မထင်ထားမိဘူး..။
လုမန်က အားလုံး အဆင်ပြေနေသည်ဟု ထင်မှ ရုံးခန်းထဲကနေ ခပ်ဖြည်းဖြည်း ထွက်ခဲ့၏။
ပြီးတော့ ဘယ်သူမှရှိမနေတာကို အခွင့်ကောင်းယူကာ ဟန်ကျိုးလီရုံးခန်းသို့ သွားလိုက်သည်။
ယဲ့ရှောင်ရှင်းက ရုံးခန်းအပေါက်ဝကို ကြည့်နေခဲ့သည်။ သူမသည် လုမန် တော်တော်ဝေးဝေးသို့ ရောက်သွားပြီဆိုမှ အထဲပြန်ဝင်လာပြီး ဗိုက်ပိန်ပိန်လေးကို ပွတ်ရင်း
“ တကယ်ပဲ သူ့မှာ လုပ်စရာတွေ အဲ့ဒီလောက်တောင် များနေတာလားဟ၊ အလုပ်ဝင်တာမှ ရက်ပိုင်းလားရှိသေးတယ် နေ့လယ် ထမင်းစားချိန်ဆို နောက်ဆုံးကနေ ထွက်တဲ့သူက သူပဲ၊ မသိရင် အလုပ်ကို စွဲလမ်းသလိုလို ဘာလိုလိုနဲ့၊ ဘယ်သူက ဆုပေးမှာကျလို့.. ”
သိုက်ယီးရန် ကျိတ်ရယ်မိသည်။ လုမန်ကို အဲ့ဒီအလုပ်တွေပေးထားခဲ့တာ ယဲ့ရှောင်ရှင်း မဟုတ်ဘူးလား ..
ယဲ့ရှောင်ရှင်းက ပြောပြီးမှ သူ့ဟာသူ သဘောပေါက်သွားသလို ဗိုက်ကိုပွတ်ရင်း လေသံကလည်း ပြောင်းသွား၏။
“ ဗိုက်ဆာနေပြီဟာ တစ်ခုခု မှာစားရအောင် ”
“ အလုပ်ပြီးမှ စားကြမယ် ”
သိုက်ယီးရန်က အိတ်ထဲကနေ Pen Drive လေးတစ်ခု ထုတ်ပြီး ယဲ့ရှောင်ရှင်းလက်ထဲထည့်ပေးလိုက်ကာ
“ ဒါလေးကို လုမန်ကွန်ပျူတာမှာသွားထိုးလိုက် ”
ယဲ့ရှောင်ရှင်း မျက်နှာ ချက်ချင်း ပျက်သွား၏။
“ ဒါ ဘာကြီးလဲ ”
“ ဘာကိုကြောက်နေတာလဲ၊ ဒီထဲမှာ ဗိုင်းရပ်စ်ပါတယ်၊ သူ ကွန်ပျူတာဖွင့်လိုက်တာနဲ့ ကွန်ပျူတာထဲမှာရှိတဲ့ဖိုင်တွေချက်ချင်း ငါ့ဆီကို ရောက်လာလိမ့်မယ်၊ သူ့ကွန်ပျူတာကတော့ ဗိုင်းရပ်စ်ထိပြီး အထဲကဒေတာတွေ အကုန်ပျက်သွားလိမ့်မယ် ”
သိုက်ယီးရန် သူမဘာသာ ကျေနပ်နေလေသည်။ ဒီရက်တွေမှာ လုမန် ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်ပြီး အလုပ်ကိုဆုံးရှုံးရတော့မယ့်အကြောင်း တွေးလိုက်မိရင် သူမ ပျော်သည်။
အခန်း [ ၁၄၉ ]
လုမန် ဒါကို ကျော်လွှားဖို့ဆိုတာ မဖြစ်နိုင်ဘူး!
“ ဒါ.. ဒါကလေ ကျန်တဲ့ကွန်ပျူတာတွေကိုရော ထိခိုက်နိုင်လား၊ ရုံးမှာရှိတဲ့ကွန်ပျူတာတွေက ကွန်ရက်တစ်ခုတည်းမှာ အားလုံး ချိတ်ဆက်ထားကြတာ ကျန်တာတွေပါ ထိခိုက်မယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုက တော်တော်ကြီးမှာပဲ ”
သိုက်ယီးရန်အကြံကို သိလိုက်ရသည်နှင့် ယဲ့ရှောင်ရှင်း နည်းနည်းတော့ ထိတ်လန့်တုန်လှုပ်သွားသည်။
ဒီကိစ္စက တော်တော် ကြီးလေးတာ မိသွားရင် ကြောက်စရာပဲ ..
သိုက်ယီးရန်မှာ နောက်ကနေ ထောက်ပံ့ပေးမည့် သူဌေးကြီးတွေရှိသည်မို့ အဆင်ပြေသော်လည်း ယဲ့ရှောင်ရှင်းသာဆိုလျှင် သွားပြီ။
ထိုအချိန်ရောက်သည့်အခါ သူမကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်။
သိုက်ယီးရန်က မျက်နှာတွေ ရှုံ့မဲ့ပြကာ..
“ နင် ဘာဖြစ်လို့ ဒီလောက်တောင် သတ္တိနည်းရတာလဲ၊ ကျန်တဲ့ကွန်ပျူတာတွေကိုရော ဘာကိစ္စ ထိခိုက်ရမှာလဲ၊ ငါ့မှာ ဒါလေးလုပ်ဖို့အတွက်ကို ပိုက်ဆံတွေအကုန်ခံပြီး နာမည်ကြီးဟက်ကာတစ်ဦးကို ငှားခဲ့ရတာ .. လုမန်ကွန်ပျူတာကိုပဲ ထိခိုက်လိမ့်မယ်၊ လုမန် ကွန်ပျူတာကို ဖွင့်လိုက်တာနဲ့ အထဲကဒေတာတွေအားလုံးပျက်သွားလိမ့်မယ် ဒီပြင်ဘာကိုထိခိုက်ရဦးမှာလဲဟဲ့ ”
“ ဟုတ်လား ”
ယဲ့ရှောင်ရှင်း စိတ်ထဲမှာ ကြောက်သလိုတော့ ဖြစ်နေသေးသည်။
သို့သော် သိုက်ယီးရန်က Pen Drive ကို မျက်နှာရှေ့မှာ လာဝေ့ပြကာ
“ နင် သွားပြီးတော့ လုမန် ကွန်ပျူတာရဲ့ CPU နောက်ဘက်မှာ ဒီဟာကို ထိုးထည့်လိုက် ”
ရုံးက ကွန်ပျူတာတွေရဲ့ CPU မှာ အရှေ့ဘက်တွင် USB Port နှစ်ခု ပါရှိပြီး အနောက်ဘက်အကွယ်မှာ နှစ်ခု ပါရှိသည်။ အကယ်၍ သူတို့ နောက်ဘက်မှာ ထိုးလိုက်မည်ဆိုလျှင် လုမန် သေချာပေါက် သတိထားမိမှာ မဟုတ်။
“ အဲ့ဒါကို ငါက ဘာဖြစ်လို့ လုပ်ရမှာလဲ ”
ယဲ့ရှောင်ရှင်း နောက်ကို ဆုတ်ပစ်လိုက်ကာ
“ နင့်ဟာနင်လုပ်တာပဲ အဆင်ပြေလိမ့်မယ်ဟာ။ ခု ရုံးခန်းထဲမှာ တခြားဘယ်သူမှ မရှိဘူးလေ။ ငါ.. ငါ နင့်ကို လူကြည့်ပေးမယ် ”
ပြောပြီးသည်နှင့်တစ်ပြိုင်နက် ယဲ့ရှောင်ရှင်း တံခါးဘက်ကို လှည့်ပြေးလေသည်။
သို့သော် သိုက်ယီးရန်က လက်ကို ဖမ်းဆွဲပစ်ကာ ယဲ့ရှောင်ရှင်း၏ ထိတ်ထိတ်ပျာပျာဖြစ်နေသော မျက်နှာလေးကို အေးစက်စွာ ပြုံးကြည့်၏။
“ ယဲ့ရှောင်ရှင်း အခုဆိုရင် နင်နဲ့ငါက တစ်လှေတည်းစီးနေကြတဲ့သူတွေပဲ ဖြစ်နေပြီ။ Pen Drive လေးထိုးပေးဖို့ကို လက်ရှောင်ပြီး ဘေးကနေရပ်ကြည့်ရုံနဲ့ပဲ နင် ဒီကိစ္စကနေ လွတ်ပြီလို့ ထင်နေတာလား၊ ဒါနဲ့နင် ဘာမှမဆိုင်တော့ဘူးလို့ ထင်နေတာလား၊ အကယ်၍ တစ်ခုခုဖြစ်လာခဲ့လို့ရှိရင် နင်က ကင်းစောင့်ပေးရုံပဲဆိုရင်တောင်မှ ကြံရာပါလို့ သတ်မှတ်လို့ ရနေတုန်းပဲနော် ”
ယဲ့ရှောင်ရှင်း သိုက်ယီးရန်လက်သီးဆုပ်ထဲကနေ ဒေါနှင့်မောနှင့် ရုန်းထွက်လိုက်သည်။
“ နင်.. နင် ဘယ်လိုများဒီလိုလုပ်ရက်ရတာလဲ၊ ငါက နင့်ကို သူငယ်ချင်းလို သဘောထားတာ! ”
“ သူငယ်ချင်း ဟုတ်လား .. အဟွန်း .. ဖားနေတာမဟုတ်ဘူးလားဟယ်၊ ငါ့ကို အခွင့်အရေးယူပြီး အမြတ်ထုတ်ဖို့ တွေးနေတာမဟုတ်ဘူးလား၊ နင် ဘာဖြစ်လို့ ဟန်ဆောင်ချင်ရတာလဲ၊ နင်သိသလို ငါလည်း သိတယ်၊ ငါတို့နှစ်ယောက်လုံး ပါးစပ်ကနေ ထုတ်မပြောကြပေမယ့် တကယ့်အမှန်ကဘာလဲဆိုတာကို သိနေကြတာပဲလေ .. အဲ့ဒါပဲ .. ဒီလိုအချိန်မျိုးမှာ အဲ့ဒီလိုသုံးစားမရတာတွေလျှောက်မပြောစမ်းနဲ့ ”
ယဲ့ရှောင်ရှင်းမျက်နှာလေး ဒေါသကြောင့် နီမြန်းနေသည်။ သိုက်ယီးရန် စိတ်ရင်းမှန်နှင့် ဆက်ဆံလာပါစေဟု လုံးဝ မမျှော်လင့်ဖူးပေ။
သို့သော် ဒီလိုရင့်သီးနာကျင်စေသောစကားတွေကိုတဲ့တိုးပြောတာကတော့ မျက်နှာကို ဓားနဲ့လျှပ်လှီးပြီး မြေပေါ်ပစ်ချကာ တက်နင်းသလိုမျိုးခံစားရသည်။
“ ထားပါ နင်ရှက်နေစရာ မလိုပါဘူး၊ ဒါကိုယူပြီးတော့သာ လုမန်ကွန်ပျူတာရဲ့CPU မှာစိုက်လိုက်၊ အဲ့ဒါမှ တို့နှစ်ယောက်လုံး အတူတူဖြစ်သွားမှာ။ နင် သစ္စာဖောက်မှာကို ငါ စိုးရိမ်စရာ မလိုသလို ငါ သစ္စာဖောက်မှာကိုလည်း နင် စိုးရိမ်စရာ မလိုတော့ဘူး၊ တို့နှစ်ယောက်လုံး တစ်သားတည်းဖြစ်သွားပြီပဲ ”
“ ငါ... ငါမလုပ်နိုင်ဘူး! ”
ယဲ့ရှောင်ရှင်း ခေါင်းကို သွက်သွက်ခါမိသည်။ မိသွားရင် သူမဘဝတော့ သွားပြီ..
“ မလုပ်ချင်လည်း လုပ်ရမှာပဲ! မဟုတ်ရင် ငါ သူများတွေကို ပြောပစ်မှာနော် အေး ဒါကိုလုပ်တာနင်ပါလို့! ”
သိုက်ယီးရန်မျက်နှာသွင်ပြင်သည် ရုတ်တရက် ကြောက်စရာကောင်းအောင် ပြောင်းလဲသွား၏။
Pen Drive ကို ယဲ့ရှောင်ရှင်းလက်ထဲအတင်းထိုးထည့်ပေးလိုက်ကာ..
“ နင်ပဲ စောနက ငါ့ကို ဖားနေတာမဟုတ်ဘူးလား၊ ငါ့ဆီကနေ လိုချင်တာရအောင် ကြိုးစားနေတာလေ၊ အခုက နင်ရဲ့တန်ဖိုးကို သက်သေပြရမယ့်အချိန်ပဲ၊ သွား.. ဒါကို လုမန်ကွန်ပျူတာရဲ့ CPU မှာ စိုက်လိုက်၊ နင်နဲ့ငါ တစ်ဦးတည်းလိုဖြစ်သွားပြီ၊ တစ်ခုခုဆို ငါ နင့်ကို ကာကွယ်နိုင်တယ်၊ မဟုတ်လို့ကတော့ ခုချက်ချင်း နင့်ဘဝ သွားပြီ ”
ယဲ့ရှောင်ရှင်း ခုမှ နောင်တတွေရလာသည်။
ဒီလိုဖြစ်မယ်မှန်းသာသိခဲ့လျှင် ဘာတွေဖြစ်ဖြစ် သိုက်ယီးရန်ကို မဖားဘဲ ကင်းကင်းနေမိမှာပါ။
“ နင်ကတိတည်ရမယ်နော်! ”
ယဲ့ရှောင်ရှင်း မတရားခံရသဖြင့် ခံပြင်းမိကာ မျက်လုံးတွေလည်း ရဲသွားသည်။
“ အေးပါ ”
ထို့နောက်တွင်တော့ Pen Drive ကိုယူကာ လုမန်စားပွဲနားသို့ သွားလိုက်ပြီး..
“ နင်က လူလာလား ကြည့်ထားပေး၊ သူများတွေ သတိမထားမိစေနဲ့ ”
သိုက်ယီးရန်က နှုတ်ခမ်းစူရင်း တံခါးဆီကိုသွားလိုက်ကာ တစ်ချက်ကြည့်ပြီး လှည့်ပြော၏။
“ ဘယ်သူမှမရှိဘူး မြန်မြန်လုပ် ”
အခန်း [ ၁၅၀ ]
ယဲ့ရှောင်ရှင်း၏ လက်သည် ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ်တုန်ရီနေခဲ့သည်။ အတော်လေး အားထုတ်ပြီးသည့်နောက်တွင်မှ Pen Drive ကို လုမန်ကွန်ပျူတာ၏ CPU အနောက်ပေါက်တွင် စိုက်လိုက်နိုင်၏။
ထို့နောက် ထရပ်ကာ ဘေးဘီကိုဝေ့ကြည့်ပြီး မည်သူမျှ ကြည့်မနေသည်ကို တွေ့ရသည်မို့ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ထိုစဥ် သိုက်ယီးရန်က အထဲပြန်ဝင်လာခဲ့ပြီး ယဲ့ရှောင်ရှင်းကို ခင်မင်ရင်းနှီးစွာ ဖက်ကိုင်လိုက်ကာ ပြုံးရွှင်သောမျက်နှာဖြင့် ဆိုလေ၏။
“ ရှောင်ရှင်း ဒီနေ့ကစပြီး နင်က ငါ့ရဲ့သူငယ်ချင်းအရင်းကြီးပဲ၊ နင် နေ့လယ်စာကို ဘာစားချင်လဲ၊ ငါ ဝယ်ကျွေးမယ် ”
အခုချိန်မှာ ပါဆယ်မှာစားဖို့ မဖြစ်နိုင်၊ မြန်မြန်ထွက်သွားမှဖြစ်မည်။ မဟုတ်လို့ ရုံးခန်းထဲမှာ သူမတို့နှစ်ယောက်တည်းပဲ ရှိနေခဲ့လျှင် လုမန် ကွန်ပျူတာကိုဖွင့်သည့်အချိန် သူတို့အစီအစဥ် အကောင်အထည်ပေါ်သွားသည်နှင့် သံသယဖြစ်စရာတွေ ပိုကြီးထွားလာလိမ့်မည်။
ယဲ့ရှောင်ရှင်း သိုက်ယီးရန်၏ မနှစ်မြို့စရာအပြုအမူကြောင့် လည်နင်သွားသော်လည်း သူမသည် အကြင်သူနှင့် တစ်လှေတည်းစီးတွေဖြစ်နေကြပြီး မလွတ်မြောက်နိုင်ခဲ့သည်မို့ စျေးကြီးသည့် စားသောက်ဆိုင်နာမည်ကို ပြောလိုက်တော့သည်။
သိုက်ယီးရန်က စိတ်ချမ်းသာနေသည့်အချိန်မို့ ချက်ချင်း သဘောတူ၏။
***
ထိုအချိန် လုမန်ကမူ နေ့လယ်စာစားပြီးနောက်မှာ ဟန်ကျိုးလီရုံးခန်းထဲရှိ ဆိုဖာပေါ်တွင် လက်ပေါ်မေးတင်ကာ ပျင်းတိပျင်းတွဲ ထိုင်နေခဲ့လေ၏။
“ ဒီမှာခဏလောက်ဆက်နေလို့ဖြစ်တယ်မလား၊ ရှင်က ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ပါ၊ ကျွန်မကို အာရုံခံစရာ မလိုဘူး ”
“ ရသားပဲ မင်းနေချင်သလောက်နေလေ ”
ဟန်ကျိုးလီ အံ့အားသင့်သွားသည်။ လုမန်ဆီကိုလည်း လွှားခနဲ သွားလိုက်မိကာ သူ့ရင်ခွင်ထဲသို့ ဆွဲထည့်ဖက်ထားလိုက်ရင်း
“ မင်း ခုမှ နောင်တတွေရပြီး ကိုယ်နဲ့ မခွဲနိုင်ဖြစ်နေတာမလား ”
လုမန် : “…”
အဲ့ဒါကို ဘယ်လိုပြောရမလဲ..
အရိုးသားဆုံးပြောရလျှင် သိုက်ယီးရန်အတွက် အခွင့်အရေးတစ်ခုကို ဖန်တီးပေးနေတာဖြစ်၏။ သိုက်ယီးရန်တစ်ယောက် လိုခါထုတ်သုံးဖို့ ဘယ်လိုလှည့်ကွက်တွေကို အရန်သင့်ထား,ထားသလဲဆိုတာ သူမ သိချင်သည်။
သို့သော် ဟန်ကျိုးလီက ဤသို့ ပြောလာပြီးသည့်နောက်မှာ သူမက အမှန်အတိုင်းပြောလိုက်လျှင် သာယာအေးချမ်းနေသည့် အခြေအနေကို ဖျက်ဆီးပစ်လိုက်သလိုဖြစ်သွားပေလိမ့်မည်။
လုမန် တစ်ခဏမျှသာ တုံ့ဆိုင်းနေသော်လည်း ဟန်ကျိုးလီက စူးစူးစိုက်စိုက်ကြည့်နေသည်မို့ ကြောင့်ကြစိတ်တွေ ပြင်းထန်လာခဲ့၏။
“ ကိုယ်ပြောတာမှားလို့လား ”
ဟန်ကျိုးလီ မေးပြီး မျက်ဝန်းတွေကို မှေးကျဥ်းပစ်သည်။
“…”
လုမန် ခေါင်းကို သွက်သွက် ညိတ်ပစ်လိုက်ကာ
“ မမှားပါဘူး ရှင်မှန်ပါတယ် ”
“ ဘာဖြစ်လို့လဲမသိဘူး ကိုယ်ကတော့ မင်း ကိုယ့်ကို ချွေးသိပ်နေတယ်လို့ပဲ ခံစားမိနေတယ် ”
လုမန်ရဲ့မရိုးသားသောအပြုအမူတွေကို မြင်နေရသည်မို့ ပြောနေသည့်အတိုင်းမဟုတ်တာကို ဟန်ကျိုးလီ ချက်ချင်း ရိပ်မိသည်။
“ ဟင့်အင်း မဟုတ်ပါဘူး ”
လုမန်က ပျာပျာသလဲ ငြင်း၏။
ဟန်ကျိုးလီက အနီးကပ် သေချာကြည့်သည်။ လုမန် နည်းနည်းတော့ မလုံမလဲဖြစ်လာ၏။ ထို့နောက် သူက သူ့ရဲ့နှုတ်ခမ်းတွေကို လက်ညှိုးထိုးကာ
“ အဲ့ဒါဆို ဒီကိုနမ်း ”
လုမန် : “…”
လာကြစမ်းပါဦး! အားလုံး လာကြည့်ကြစမ်းပါ! ဟန်ကျိုးလီက နှစ်ယောက်တည်းရှိနေတဲ့အချိန် ဒီလိုတွေပြုမူတတ်တယ်..
ဟန်ကျိုးလီ၏ အိုင်ဒေါပုံရိပ်သည် ပြိုကျပျက်စီးသွားသကဲ့သို့..
“ မြန်မြန်နော် ”
ဟန်ကျိုးလီက လုမန်ကို လက်တံရှည်ကြီးတွေနဲ့ ပေါင်ပေါ်ပွေ့တင်သည်။
လုမန်က ဟန်ကျိုးလီရဲ့အင်္ကျီကော်လာကို ဆွဲဆုပ်ကာ မျက်လုံးတွေမှိတ်လိုက်ပြီးမှ အရဲစွန့်၍ သူ့နှုတ်ခမ်းတွေကို ဖွဖွနမ်းလေ၏။
ထိုကနေ ပြန်ခွာတော့မည့်အချိန်မှာ ဟန်ကျိုးလီသည် သူမခေါင်းအနောက်ဘက်ကို ရုတ်တရက် ဆုပ်ကိုင်ပြီး ရှေ့ကို ပြန်ဆွဲထားကာ နှုတ်ခမ်းတွေချင်း အတင်းဆွဲဖိကပ်စေခဲ့လျက်
“ တို့ကနန်းဆိတ်ကနန်း ဖွဖွနမ်းတာလေးကို နမ်းတာပါလို့ ဘယ်ပြောလို့ရမလဲ ”
စကားဆုံးတာနှင့် သူ့လျှာက ဝင်ရောက်လုံးထွေးတော့သည်။
နမ်းရှုပ်နေရင်း အသံတိတ် သက်ပြင်းက ချလိုက်သေး၏။ သူ့မှာ လုမန်ကို နမ်းသည့်အခါတိုင်း လုံလောက်သည် မခံစားရ။ ပွေ့ဖက်ပြီးသည်နှင့် မလွှတ်တမ်း ဖက်ထားချင်၏။
ကျောလယ်မှာရှိနေသည့် လက်ဖဝါးက ခါးဆီရောက်ကာ ပွတ်သပ်လာသည်မို့ လုမန်ဗိုက်ထဲမှာ ယားကျိကျိဖြစ်သွားသည်။ သူ ထိနေသည့် နေရာသည် အင်္ကျီစတို့ဖုံးအုပ်ထားရာ အဝတ်ဗလာဖြစ်မနေသော်လည်း ပူပြီး တုန်သွား၏။
သူ့ရင်ခွင်ထဲက အမျိုးသမီးလေး အခု သိပ်ကို နာခံမှုရှိနေသည်ကြောင့် ဟန်ကျိုးလီ ယုယစွာ ပွတ်သပ်ပေးနေမိသည်။
သူ၏ရင်ခွင်တွင် သူမသည် ပိန်ပိန်သေးသေးလေးဖြစ်၏။ ဟန်ကျိုးလီ စိတ်မပါပေမယ့် လက်တွေကို ပြန်ရုပ်လိုက်ရကာ
“ ပြောပါဦး ဘာတွေဖြစ်နေတယ်ဆိုတာ ”
“ အဟီး ရှင် အလုပ်ရှုပ်နေတာမဟုတ်ဘူးလား ”
“ ဒီနေ့ သိပ်မရှုပ်ပါဘူး ”
ဟန်ကျိုးလီက သူမမျက်နှာလေးကို ဘေးတိုက်လှည့်ကြည့်ပြီး မျက်လုံးတွေမှေးစင်းလျက် ..
“ မင်း ဒီနေ့လယ်မှာ တုလင်းကိစ္စနဲ့ပတ်သက်တဲ့ အဆိုပြုလွှာကို တင်ရမှာနော်၊ အဲ့ဒါကို အခု အားနေတယ်ပေါ့လေ ”
“ အဆိုပြုလွှာက ပြင်ဆင်ပြီးတာကြာပါပြီ ”
လုမန် သူ့ကို အမှန်အတိုင်းပြောပြလိုက်၏။
“ ကျွန်မ သူ့အတွက် ခွင်ဖန်ပေးဖို့လိုတယ်လေ မဟုတ်ဘူးလား ”
“ မင်း တော်တော်ဆိုးတဲ့ကောင်မလေးပဲ ”
ဟန်ကျိုးလီ သူမနှာသီးဖျားလေးကို ဖွဖွဆွဲလိမ်လိုက်မိ၏။
သိုက်ယီးရန်က လုမန်အတွက် ထောင်ချောက်ဆင်ဖို့ တွေးနေတာလား..
လုမန်ကလည်း တစ်ခုပြင်ဆင်ပြီးတာကြာပါပြီ သိုက်ယီးရန် မိမှာကို စောင့်နေတာ!..
“ ရှင်က သူ့ကို သနားနေတာလား ”
လုမန်က မျက်နှာလေးတင်းပြီး ကြည့်သည်။
ဟန်ကျိုးလီ ပြုံးမိသွား၏။
“ သနားရမယ်ဆိုရင် မင်းကိုပဲ သနားတယ် ”
သူက ခေါင်းငုံ့ကာ သူမလည်တိုင်ကွေးနေရာတွင် မျက်နှာအပ်၍ အသက်ရှိုက်လျက်..
“ ကိုယ်ရင်နာတယ် သူ မင်းကို ဒီလောက်တောင် ဒုက္ခတွေပေးနေတာ သူနဲ့ ရင်ဆိုင်ဖို့အတွက် မင်း ဦးနှောက်ကို အလုပ်တွေသိပ်ပေးရတယ်၊ လုံးဝ စိတ်ညစ်မခံနဲ့နော်၊ ဘာဖြစ်ဖြစ် မင်း စိတ်ထဲရှိတဲ့အတိုင်းသာလုပ် မင်းနောက်မှာကိုယ်ရှိတယ် ”
******* တနင်္ဂနွေနေ့တိုင်း Update ရှိပါမယ်။
(Zawgyi)
အခန္း [ ၁၄၆ ]
အားလံုး အံ့ၾသသြားၾက၏။ က်န္႔ထ်န္းမင္သည္ သူေဌး၏ ကိုယ္ေရးလက္ေထာက္ျဖစ္သည္။ သူက ဘာအတြက္ေၾကာင့္ ဖိုင္ေတြကို ကိုယ္တိုင္ လာပို႔ရတာလဲ..
အဲ့ဒီဖိုင္ေတြထဲမွာေရာ ဘာရိွေနလို႔လဲ၊ ဘာျဖစ္လို႔ ဒီေလာက္ေတာင္ အေရးတႀကီးျဖစ္ေနရတာလဲ!
အေရးႀကီးတဲ့ဖိုင္ေတြကလည္း အမ်ားႀကီးပါလား!
လုမန္ၾကည့္ေနစဥ္ က်န္႔ထ်န္းမင္က အားလံုး၏ အံ့ၾသစူးစမ္းလိုေသာ အၾကည့္မ်ားေအာက္တြင္ သိုက္ယီးရန္စားပြဲဆီကို ေလ်ွာက္သြားၿပီး လုမန္ဖိုင္ေတြထက္မ်ားေသာ ဖိုင္ေတြကို သိုက္ယီးရန္စားပြဲေပၚသို႔ စုတင္လိုက္သည္။
“ အတြင္းေရးမွဴးရံုးက ေရွာင္းက်န္႔က ဒီေန့ ခြင့္ယူသြားလို႔ တို႔ေတြ လူအင္အားမေလာက္ဘူးျဖစ္သြားတယ္၊ မန္ေနဂ်ာဝူကို ေမးၾကည့္လိုက္ေတာ့ မင္းက အသစ္တဲ့၊ PR ဌာနက အလုပ္ေတြနဲ႔ ရင္းႏွီးေအာင္ လုပ္ေနတုန္းပဲ အားလည္း အားေနတယ္လို႔ သိရတယ္၊ ဒါေၾကာင့္ ဒီေန့ မင္းဆီက အကူအညီေလးယူမလို႔။ ေက်းဇူးျပဳျပီး ဒီဖိုင္ေတြအားလံုးကို ကူရွင္းေပးစမ္းပါ ”
က်န္႔ထ်န္းမင္ပင္လ်ွင္ ထိုဖိုင္ေတြအားလံုးကို ေရႊ့ရသည့္အတြက္ ေခြၽးထြက္ေနေလၿပီ။
ဒီဖိုင္ေတြအမ်ားႀကီးကို ဘယ္ကေန ရွာလာသလဲဆိုတာ ဘယ္သူ သိမတံုး..
ဒီေန့ မနက္ပိုင္း ကုမၸဏီကို သူေဌးေရာက္လာေတာ့ က်န္႔ထ်န္းမင္ကို သိုက္ယီးရန္အတြက္ အခ်ိန္ေပးရၿပီး အေရးမႀကီး ေသးဖြဲေသာ အလုပ္ေတြရွာေပးဖို႔ ခိုင္းေလသည္။
သူေဌး လုမန္အတြက္ လက္စားေခ်ဖို႔ ႀကိဳးစားေနသည္မွန္း က်န္႔ထ်န္းမင္လည္း ခ်က္ခ်င္း သေဘာေပါက္လိုက္၏။
သို႔ပါလ်က္ လုမန္က သူမဘာသာ ေျဖရွင္းႏိုင္ၿပီး သူေဌးကို ဝင္ေရာက္စြက္ဖြက္ျခင္း မျပဳဖို႔ ေျပာထားခဲ့ရာ သူေဌးက သူမအလုပ္ကို ၾကားဝင္ျခင္း မျပဳႏိုင္ေသာ္လည္း သိုက္ယီးရန္အလုပ္ကိုေတာ့ ေနွာင့္ယွက္ႏိုင္ေပသည္။
သူတို႔ လုမန္ကို ႏိုင္စားေနတာကို သူေဌးက ခြင့္ျပဳထားမယ္လို႔မ်ား ထင္ေနၾကသလား..
သို႔ေသာ္ ထို႔ေၾကာင့္ပင္လ်ွင္ က်န္႔ထ်န္းမင္ ေတာ္ေတာ္ ဒုကၡမ်ားသြားခဲ့၏။
ဒီေလာက္အလုပ္နဲ႔ ဖိုင္ေတြအမ်ားႀကီးကို သူဘယ္မွာ ရွာေတြ့ႏိုင္မလဲ..
သူေဌး၏ အတြင္းေရးမွဴးရံုးသည္ ဖိုင္ေတြကိုင္တြယ္ေျဖရွင္းရာတြင္ အၿမဲတမ္း ကြၽမ္းက်င္ျမန္ဆန္ၿပီး ေလးဖင့္ၾကန္႔ၾကာျခင္း လံုးဝမရိွရ။
ၿပီးေတာ့ အတြင္းေရးမွဴးရံုးမွာ အေရးမႀကီးတဲ့ ဖိုင္ေတြ အလုပ္ေတြလို႔ ရိွသလား..
ျဖစ္ခ်င္တာျဖစ္ က်န္႔ထ်န္းမင္ ေမာ္ကြန္းတိုက္ကို တန္းသြားခဲ့သည္။ သိုက္ယီးရန္ထပ္လုပ္ဖို႔အတြက္ အေရးမႀကီးေသာ၊ လြန္ခဲ့သည့္ ႏွစ္မ်ားစြာက ဌာနအသီးသီးကေန လုပ္ေဆာင္ၿပီးစီးခဲ့ေသာ ဖိုင္အေဟာင္းေတြကို ဆြဲထုတ္ခဲ့၏။
ေရ႔ွမွာရိွေနသည့္ ဖိုင္ေတြကို ၾကည့္ၿပီး ဟန္က်ိဳးလီ သူမ ခက္ခဲပင္ပန္းေအာင္ တမင္လုပ္ေနၿပီဆိုတာကို သိုက္ယီးရန္ သိလိုက္သည္။
သို႔ေပမယ့္ လုမန္ေၾကာင့္လို႔ေတာ့ မထင္ပါ။
လုမန္က ဟန္က်ိဳးလီကို ျဖားေယာင္းျမႇဴဆြယ္တယ္ဆိုတာ သူမ ယံုၾကည္ႏိုင္သည္။
ဟန္က်ိဳးလီ လုမန္ကို ႀကိဳက္တယ္ဆိုတာေတာ့ သူမေသမွပဲ ျဖစ္ႏိုင္ပါလိမ့္မည္။
ဟန္က်ိဳးလီကို ႏွစ္သက္သေဘာက်သည့္ မိန္းမေတြမွ အမ်ားႀကီး။ သူလို သာမန္မိန္းမကို ႀကိဳက္တယ္ဆိုတာ ဘယ္လိုမ်ား ျဖစ္ႏိုင္ပါ့မလဲ..
သိုက္ယီးရန္ လုမန္ကို အထင္အျမင္ေသးသည္။ အခ်စ္ၿပိဳင္ဘက္ဟုပင္ ထည့္မစဥ္းစားဖူးေပ။
လုမန္ ဟန္က်ိဳးလီကို ျဖားေယာင္းျမႇဴဆြယ္သည္ဟု သိရခ်ိန္မွာ စက္ဆုပ္ရြံရွာမႈပဲျဖစ္၏။
သူ႔လို အေျခအေနနဲ႔ အခြင့္ေတာင္မရိွရဘူး!
သူမႏွင့္ ေျခရာခ်င္း လိုက္တိုင္းႏိုင္သည့္ ၿပိဳင္ဘက္တစ္ဦးအျဖစ္လည္း ဘယ္တုန္းကမွ သေဘာမထားဖူးေပ။
မေန့ညက ျဖစ္ခဲ့သည့္ကိစၥအတြက္ သူမကို ဟန္က်ိဳးလီ သတိေပးခ်င္တာဟုပဲ သိုက္ယီးရန္ တြက္လိုက္၏။
“ ဖိုင္ေတြကအမ်ားႀကီးပဲ ဘယ္လိုလုပ္ၿပီးမွာလဲ ”
မေက်နပ္မႈေတြကို သိုက္ယီးရန္မ်က္ႏွာေပၚတြင္ အတိုင္းသား ျမင္ႏိုင္ေပသည္။
ဟန္ေကာ္ပိုေရးရွင္းကို သူမ လာခဲ့သည္မွာ ဟန္က်ိဳးလီေၾကာင့္ျဖစ္ၿပီး အလုပ္ေၾကာင့္ မဟုတ္။
ဒီလူေတြမွာေရာ အသိ လံုးဝ မရိွၾကဘူးလား.. သူမဘယ္သူလဲဆိုတာ သူတို႔ မသိၾကဘူးလား.. သာမန္ဝန္ထမ္းအျဖစ္ ဘယ္လိုမ်ား ဆက္ဆံႏိုင္တာလဲ..
သူမက အဲ့ဒီလူေတြနဲ႔ တန္းတူ ဟုတ္ပါ့မလား..
“ ဟားဟား ”
က်န္႔ထ်န္းမင္ ရယ္လိုက္သည္။
“ ငါလည္း မတတ္ႏိုင္လို႔ပါ၊ ကုမၸဏီတစ္ခုလံုးမွာ ဝန္ထမ္းအသစ္က ႏွစ္ေယာက္ပဲရိွတာ၊ မင္းက အသစ္ေပမယ့္ အထူးတလည္ လုပ္စရာအလုပ္ရယ္လို႔ မရိွဘူးျဖစ္ေနတာေလ၊ မင္းတို႔ေတြက အလုပ္မမ်ားဆံုးပဲ၊ ဒါေပမဲ့ လုမန္မွာက ရွင္းစရာဖိုင္ေတြ ရိွေနၿပီးတဲ့ပံုပဲ ”
က်န္႔ထ်န္းမင္ လုမန္စားပြဲကို ၾကည့္လိုက္သည္။ အမွန္တရားက အဲ့ဒီမွာ ျပဴးျပဴးႀကီး..
ေတာ္ေသးလို႔ သူေဌးက အေျမာ္အျမင္ရိွၿပီး ကိုယ္တိုင္ မခိုင္းလိုက္တာ။
ဟန္က်ိဳးလီ ေၾကာက္သည္က သူ ကိုယ္တိုင္ PR ဌာနကို အမိန္႔ေပးၫႊန္ၾကားလိုက္ရင္ လိုက္နာသလိုလိုႏွင့္ ကြယ္ရာမွာ လုမန္ဆီကို အလုပ္ေတြပံုေပးပစ္မွာကို ျဖစ္သည္။
ထို႔ေၾကာင့္ က်န္႔ထ်န္းမင္ကို ကိုယ္တိုင္ကိုယ္က် ေဆာင္ရြက္ဖို႔ လႊတ္လိုက္ျခင္း။
“ အခု မင္းမွာဘာမွလုပ္စရာမရိွတာျမင္ေနတာပဲ ဒါေတြ မင္းဆီမွာထားခဲ့မယ္ ”
က်န္႔ထ်န္းမင္က ဖိုင္ေတြကို ပုတ္ျပ၏။
သိုက္ယီးရန္ ႏႈတ္ခမ္းေတြ စုေထာ္သြားကာ..
“ ကြၽန္မမွာ လုပ္စရာအလုပ္မရိွပါဘူးလို႔ ရွင့္ကို ဘယ္သူ ေျပာသလဲ .. ဟိုအဆိုျပဳလႊာအတြက္ ျပင္ဆင္ရဖို႔ေတြ ရိွေသးတယ္ ”
က်န္႔ထ်န္းမင္ မ်က္ေမွာင္ကုတ္သြား၏။
“ လုမန္လည္း မင္းလိုပါပဲ .. ဒါေပမဲ့ ဟိုအလုပ္မွ ဒီအလုပ္မွ ဆိုၿပီး လက္ေရွာင္တာ မေတြ့မိပါဘူး။ သူေတာင္ လုပ္ႏိုင္ေသးတာ .. မင္းက ဘာျဖစ္လို႔ မလုပ္ႏိုင္တာလဲ ”
အခန္း [ ၁၄၇ ]
ေဒါသေထာင္းခနဲထၿပီး သိုက္ယီးရန္ ဆဲဆိုမိေတာ့မည္ ျဖစ္၏။ က်န္႔ထ်န္းမင္က အရူးလား..
သူမကို လုမန္နဲ႔ ဘယ္လိုေတြႏိႈင္းလိုက္တာလဲ..
သူ ေျပာသြားပံုက သူမကပဲ လုမန္ႏွင့္ မယွဥ္ႏိုင္သည့္ လူပမာ။
သူမ ဒီကို လာခဲ့တာ အလုပ္လုပ္ဖို႔ မဟုတ္ဘူးဆိုတာ သူ မသိဘူးလား..
အဲ့ဒါကို အလုပ္ အလုပ္နဲ႔ အေၾကာင္းျပၿပီး ခိုင္းရတယ္လို႔!
“ မင္း ေရာက္ေနတာ ဟန္ေကာ္ပိုေရးရွင္းမွာပါ။ အလုပ္ကို မွန္မွန္ကန္ကန္ လုပ္ရမယ္၊ အခြင့္ထူးဘာညာရဖို႔ စဥ္းစားေနတာဆိုရင္ေတာ့ အဟုတ္ကို ႏုတ္ထြက္ၿပီး ဒီျပင္ေနရာမွာ သြားလုပ္ပါ၊ ဟန္ေကာ္ပိုေရးရွင္းမွာေတာ့ အဲ့ဒါမ်ိဳး မရိွဘူး ”
က်န္႔ထ်န္းမင္ စိတ္တိုတိုနဲ႔ ဖိုင္ေတြကိုထုသည္။
“ ငါ တအားအလုပ္မ်ားေနတာ၊ ဒီမွာအခ်ိန္လာျဖဳန္းေနလို႔ မရဘူး၊ သူေဌးက ဒါေတြအားလံုးကို လိုခ်င္တာေနာ္ ရႈပ္ရႈပ္ယွက္ယွက္ေတြမလုပ္နဲ႔ ”
ေျပာၿပီး က်န္႔ထ်န္းမင္ ထြက္သြားေလသည္။
သိုက္ယီးရန္ ဖိုင္တစ္ဖိုင္ကို ေကာက္ကိုင္လိုက္ေပမယ့္ စိတ္မပါလက္မပါႏွင့္ အီးေရာအီးေရာမို႔ ေန့လယ္ေရာက္သည္အထိ ဘာမွ မၿပီး။
လုမန္ကေတာ့ တစ္ဖိုင္ၿပီးတစ္ဖိုင္ ျမန္ဆန္စြာ လုပ္ကိုင္ေနစဥ္ သိုက္ယီးရန္က အၿမီးေျမႇာက္လိုက္ အီးေပါက္လိုက္ႏွင့္ လိပ္ပမာ ေနွးေကြးစြာ သြားေနခဲ့၏။
ထိုစဥ္ က်န္တဲ့သူေတြကေတာ့ သူတို႔ႏွစ္ေယာက္ကို ၾကည့္ေနၾကသည္။ ပါးစပ္ကေန ထုတ္မေျပာေပမယ့္ သူတို႔ အံ့ၾသတႀကီးေတာ့ ျဖစ္ေနၾက၏။
လုမန္ မပင္ပန္းဘူးလား..
အလုပ္ၿပီးေအာင္ စဥ္ဆက္မျပတ္ လုပ္ေနပံုက စက္ရုပ္တစ္ရုပ္ႏွင့္ပင္တူသည္။ အလုပ္အေပၚမွာ အာရံုစူးစိုက္မႈရိွၿပီး တစ္ခ်က္ကေလးမွမနား။
အရင္က သူတို႔ေတြ လုမန္ကို မၾကည္ခဲ့ၾကေပ။ ဒါေပမယ့္ အလုပ္လုပ္ရင္ ေလးနက္မႈရိွတာကို ၾကည့္ရင္း သေဘာထားေတြ ေျပာင္းလဲသြား၏။
ေန့လယ္နားခ်ိန္မွာ ယဲ့ေရွာင္ရွင္း ေရာက္လာၿပီး
“ ယီးရန္ ထမင္းသြားစားရေအာင္ေလ ”
သိုက္ယီးရန္ သူမတို႔ႏွင့္လာေပါင္းသည့္အခ်ိန္ကစၿပီး ေန့တိုင္း ေန့လယ္စာကို ဒကာခံခဲ့သည္။ အစားအေသာက္ကလည္း အထူးေကာင္းမြန္၏။
ထို႔ေၾကာင့္ ယဲ့ေရွာင္ရွင္း ေန့လယ္စာဖိုးကို ဤသို႔ ေခြၽတာႏိုင္ခဲ့ကာ ဓာတ္ပံုေတြရိုက္ၿပီးေတာ့ပင္ သူငယ္ခ်င္းေတြကို ႂကြားဝါႏိုင္ခဲ့ေလသည္။
သိုက္ယီးရန္ ေနလယ္စာစားဖို႔ ေခၚသြားသည့္ ေနရာတိုင္းက ခမ္းနားေသာ ေနရာေတျြဖစ္၏။
“ ဘာထမင္းလဲ! အလုပ္ေတာင္ မၿပီးေသးဘူး! ”
သိုက္ယီးရန္ ေဒါသမာန္ထေနသည္။ ဖိုင္တစ္ဖိုင္ကိုေကာက္ကာ စားပြဲေပၚကို ပစ္ခ်လိုက္၏။
“ အဲ့ဒီက်န္႔ထ်န္းမင္က ဘာေကာင္လဲ! ငါ့ကိုမ်ား ဒါေတြလာလုပ္ခိုင္းရတယ္လို႔!! ”
“ အလုပ္မလုပ္လို႔ ရမလား နင္ ဒီကို လာတာက ဘာလုပ္ဖို႔လဲ ”
ယဲ့ေရွာင္ရွင္း ေတြးလိုက္သည္။
ေနာက္ၿပီး ဟန္ေကာ္ပိုေရးရွင္းမွာ ဘာဝတၲရားေတြရိွေနလို႔ သူ႔ကို မခိုင္းဘဲ ထားရမွာလဲ..
ရုတ္တရက္ သိုက္ယီးရန္ တံု႔ခနဲျဖစ္ကာ ယဲ့ေရွာင္ရွင္းကို ၿပံဳးၿပီးေတာ့ ၾကည့္လိုက္သည္။
“ ေရွာင္ရွင္း တစ္ခုေလာက္လုပ္ေပးစမ္းပါ ”
ယဲ့ေရွာင္ရွင္း ၾကက္သီးေတြပင္ ထသြားသည္။ သိုက္ယီးရန္ မ်က္ႏွာထားအရ ခိုင္းခ်င္လို႔မွန္း သိလိုက္၏။ သို႔ေသာ္ သူမ လက္မခံခ်င္ပါ။
“ ဒါေတြၿပီးေအာင္ကူလုပ္ေပးပါလားဟင္ ေနာ္ ”
သိုက္ယီးရန္က ၿပံဳးျပ၏။
“ အဟဲ ”
ယဲ့ေရွာင္ရွင္းက အသက္မပါစြာ ရယ္ၿပီး အေနာက္ကို ႏွစ္လွမ္းခန္႔ ဆုတ္သြားသည္။
“ ငါ့မွာလည္း လုပ္စရာေတြ အမ်ားႀကီး ရိွေသးတယ္ဟ .. ဒီညေတာင္ အခ်ိန္ပိုဆင္းၿပီးအလုပ္လုပ္ရမလား မသိဘူး ”
“ ဒါေတြကေလ အမ်ားႀကီးလို႔ထင္ရေပမယ့္ တကယ္က လြယ္ပါတယ္၊ တို႔ေတြ အတူလုပ္မယ္ဆိုရင္ ျမန္ျမန္ၿပီးသြားမွာ သိလား ”
သိုက္ယီးရန္က လက္ကိုဆြဲထားလိုက္ကာ
“ ငါ ေန့လယ္စာ ဝယ္ေကြၽးမယ္ေလ ”
ေန့လယ္စာက ဘာလုပ္ရမွာလဲ..
ယဲ့ေရွာင္ရွင္းသည္ လက္မခံခ်င္ေသးေပ။
သိုက္ယီးရန္မ်က္ႏွာ ခပ္ခ်ဥ္ခ်ဥ္ ျဖစ္သြားလ်က္
“ ငါကေတာ့ တို႔ေတြ သူငယ္ခ်င္းေတျြဖစ္ၿပီလို႔ေတာင္ မွတ္ထားတာ နင္က ငါ့အတြက္ ဒါေလးေတာင္ လုပ္မေပးခ်င္ဘူးေပါ့ေလ ”
ယဲ့ေရွာင္ရွင္း ခပ္ရြံ႔ရြံ႔ ၿပံဳးလိုက္မိသည္။ သူ႔ကို ဖားသာဖားေနရေပမယ့္ သိုက္ယီးရန္ သူမကို အထင္မႀကီးတာကို သိသည္။
“ မလုပ္ေပးခ်င္လို႔မဟုတ္ပါဘူးဟယ္ ငါ့မွာလည္း လုပ္စရာေတြ ပံုေနလို႔ပါ ”
“ နင္ ကူညီမယ္ဆိုရင္ ငါက ခ်ီလင္အပန္းေျဖစခန္းကို အပန္းေျဖေခၚသြားမလို႔ပါ။ အဲ့မွာ ႏွစ္ညအိပ္ေနၿပီး ေရပူစမ္းေတြမွာ ေပ်ာ္လို႔ရတယ္၊ တစ္ကမ႓ာလံုးက အစားအေသာက္ေတြေတာင္ ရိွတာဟယ္၊ ဒါေပမယ့္ နင့္အေပၚမွာပဲ မူတည္ပါတယ္၊ ငါက အားလံုးကိုၾကည့္လုပ္ေပးသြားမွာေပမယ့္”
ယဲ့ေရွာင္ရွင္း နည္းနည္းေတာ့ စိတ္လႈပ္ရွားသြားသည္။ သူမသည္ ဒီလိုအရာမ်ိဳးေတြအေပၚမွာ ေငြကို ျဖဳန္းတီးႏိုင္သည့္ လူမ်ိဳး မဟုတ္ေပ။ သူမအေနႏွင့္ ထိုအပန္းေျဖစခန္းမွာ ပိုက္ဆံေတြသြားျဖဳန္းဖို႔ မဆိုႏွင့္ တစ္ညအိပ္ေနဖို႔ပင္ မတတ္ႏိုင္။
“ သူငယ္ခ်င္းေတြပဲဟာ လက္ေဆာင္ဘာညာျပန္လုပ္ေပးစရာ မလိုပါဘူး ကူညီေပးမယ္ေလ ”
ယဲ့ေရွာင္ရွင္းက ၿပံဳးေျပာလာေတာ့ သိုက္ယီးရန္ကလည္း ေငါ့ေတာ့ေတာ့ ၿပံဳးလ်က္။
“ အဲ့ဒါအတြက္ မပူပါနဲ႔ နင္သာ ကူညီမယ္ဆိုရင္ ထိုက္ထိုက္တန္တန္ ျပန္ရမွာပါ ကတိေပးတယ္ ”
သူမက ေငြစိုက္ထုတ္ရမည့္သူ ျဖစ္ေနသျဖင့္ သိုက္ယီးရန္သည္ အားနာစိတ္မရိွဘဲ ဖိုင္ေတြအားလံုးကို ယဲ့ေရွာင္ရွင္းဆီတြန္းပို႔လိုက္ကာ
“ က်န္႔ထ်န္းမင္ ေျပာသြားတယ္၊ အစ္ကိုဟန္က ဒါေတြအားလံုးကို လိုတယ္တဲ့ . အဲ့ေတာ့ ရႈပ္ေအာင္လုပ္လို႔ မရဘူးေနာ္ ”
အခန္း [ ၁၄၈ ]
သယ္ထားရသည့္ ဖိုင္တြဲေတြက တံေတာင္ကို ဖိအားေတြေပးကာ ေလးလံလြန္းေပမယ့္လည္း ခ်ီလင္အပန္းေျဖစခန္းမွာ ေပ်ာ္ပါးႏိုင္မည္မို႔ ရင္ခြင္မွာပိုက္ထားသည့္ ဖိုင္ေတြကို ၾကည့္ကာ ယဲ့ေရွာင္ရွင္း ႀကိတ္မိွတ္အံႀကိတ္လိုက္သည္။
“ ဖိုင္ေတြက အမ်ားႀကီးဆိုေတာ့ ေန့လယ္စာထြက္စားလို႔ မျဖစ္ေတာ့ဘူး ထင္တယ္၊ နင္ ဝယ္ေကြၽးမယ္လို႔ ေျပာတယ္မို႔လား ”
ယဲ့ေရွာင္ရွင္းပင္ သိုက္ယီးရန္အေပၚတြင္ ဟိတ္ဟန္တစ္လံုးႏွင့္ အားနာမေနေတာ့ေပ။
သိုက္ယီးရန္ ေခါင္းညိတ္လိုက္သည္။
“ နင္ဘာစားခ်င္လဲ၊ ငါ မွာေပးမယ္ေလ ”
“ ဒါဆို ဆူရွီ မွာေပး .. အလုပ္လုပ္ရင္းစားဖို႔ဆို အဲ့ဒါ အဆင္ေျပတယ္ ”
သိုက္ယီးရန္ ၿပံဳးမဲ့မဲ့ ျဖစ္သြားေတာ့၏။ ဘာကို အဆင္ေျပတာလဲ.. ယဲ့ေရွာင္ရွင္းက သူမကို ေကာင္းေကာင္း အသံုးခ်ေနတာပဲ။
ဘာပဲလိုခ်င္လိုခ်င္ ေစ်းႀကီးတာေတြပဲျဖစ္၏။
သို႔ေပမယ့္ ဒီေငြေလာက္ကို သူမ မမႈပါ။ ၿပီးေတာ့ ယဲ့ေရွာင္ရွင္းက အေျမာ္အျမင္လည္း သိပ္မရိွ။ အစားစားခ်ိန္ဆို ေတာ္ေတာ္ရုပ္ေပါက္သည္။
လုမန္ ဟန္က်ိဳးလီရံုးခန္းကေန ျပန္လာခ်ိန္မွာ ကြန္ပ်ူတာတစ္လံုးႏွင့္ အပတ္တကုတ္ အလုပ္လုပ္ေနေသာ ယဲ့ေရွာင္ရွင္းကို ေတြ့လိုက္ရ၏။ စားပြဲေပၚမွာေတာ့ နဂိုကသိုက္ယီးရန္စားပြဲေပၚမွာ ရိွေနခဲ့ေသာ ဖိုင္ေတြေရာက္ေနသည္။ လုမန္ ရယ္မိသြား၏။
တကယ္ပါပဲ တစ္ေယာက္က ထိခ်င္သည္၊ တစ္ေယာက္ကလည္း အထိခံခ်င္၏။
ေမ်ွာ္လင့္ထားသည့္အတိုင္း ရံုးဆင္းခ်ိန္ေရာက္သည့္အခါ သိုက္ယီးရန္တစ္ေယာက္ အလုပ္ေတြကို အခ်ိန္မီ ၿပီးစီးခဲ့ေလ၏။
သို႔ေသာ္လည္း မ်က္စိတစ္မိွတ္အတြင္းမွာပဲ မနက္ျဖန္ဆိုလ်ွင္ ၾကာသပေတးေန့သို႔ ေရာက္ၿပီ ျဖစ္သည္။ တုလင္း၏ ကိစၥအတြက္ အဆိုျပဳလႊာေတြကို မနက္ျဖန္ေန့လယ္မွာ ေနာက္ဆံုးထားၿပီး တင္ျပရမည္ ျဖစ္ေသာ္လည္း သိုက္ယီးရန္ သိပ္မၿပီးေသးေပ။
သိုက္ယီးရန္ တကယ္ပဲ မ်ွတစြာ ယွဥ္ၿပိဳင္ခ်င္တာလား.. သူမ ခန္႔မွန္းတာပဲလြဲသြားတာလား..
လုမန္မ်က္ခံုးေတြ အနည္းငယ္ ရႈံ႔တြသြား၏။ သိုက္ယီးရန္ တစ္ခုခု လုပ္ခ်င္တယ္ဆိုရင္ ဒီေန့ ဒါမွမဟုတ္ မနက္ျဖန္မနက္ဟာ သူ႔အတြက္ ေနာက္ဆံုးအခြင့္အေရးပဲ..
***
သည္လိုႏွင့္ပဲ ၾကာသပေတးေန့သို႔ ေရာက္သြားေလသည္။
မနက္ပိုင္းမွာ ယဲ့ေရွာင္ရွင္းသည္ လုမန္ကို မၾကာမၾကာ လွမ္းၾကည့္တတ္ေလၿပီး သိုက္ယီးရန္က တစ္ခါတေလမွသာ ခိုးၾကည့္တတ္၏။
ထိုအခါမွ သိုက္ယီးရန္ အေျခအေနမေကာင္းမွန္း လုမန္ သိလိုက္သည္။
မြန္းတည့္ေလာက္မွာ သိုက္ယီးရန္ဂနာမၿငိမ္ျဖစ္ေနတာကို ေတြ့လိုက္ရသည္မို႔ သူတို႔အစီအစဥ္ကို စတင္ေဆာင္ရြက္ဖို႔ လုပ္ေနၿပီျဖစ္ေၾကာင္း လုမန္ သိလိုက္သည္။
ႏႈတ္ခမ္းေထာင့္စြန္းေတြဟာ ေကာ့တက္သြား၏။ ရံုးခန္းထဲကေန ထြက္ဖို႔ကို သူမ မေလာေသးဘဲ ကြန္ပ်ူတာႏွင့္ အလုပ္ဆက္လုပ္ေနလိုက္သည္။
သို႔ေသာ္လည္း သိုက္ယီးရန္ႏွင့္ ယဲ့ေရွာင္ရွင္းတို႔ႏွစ္ေယာက္မွာ ဗိုက္ဆာေနၾကေလၿပီ ျဖစ္သည္။ “ လုမန္ ဘယ္ေတာ့မွ အျပင္ထြက္မွာလဲ ” သူတို႔ သိခ်င္ေနၾက၏။
ခုမွ ဘာအတြက္ အလုပ္ႀကိဳးစားျပေနတာလဲ!
ရံုးခန္းထဲမွာ လူေတြသိပ္မက်န္ေတာ့ဘူးဆိုမွ လုမန္က ဖိုင္ကို ပိတ္ၿပီး ကြန္ပ်ူတာကိုပါ ပိတ္လိုက္သည္။
ေဘးကေန ၾကည့္ေနရင္း သိုက္ယီးရန္ေဒါသေတြေဝ့ခနဲထလာ၏။
အဲ့ဒါအလုပ္ျဖစ္မယ္မ်ား ထင္ေနလား..
သူမက ဒီေန့ လုမန္ကို ဒီကုမၸဏီကေန ေမာင္းထုတ္ပစ္မွာ!
ထို႔ေနာက္ လုမန္က ေထာင့္မွာပုန္းေနတာရိွေနသလားဟု ေဘးကို ေဝ့ဝဲၾကည့္ၿပီး စစ္သည္။
သိုက္ယီးရန္ ရင္ထဲမွာ ဒိတ္ခနဲ ျဖစ္သြား၏။ မ်က္ႏွာကို ပံုမွန္အတိုင္း ထိန္းထားလိုက္ႏိုင္လို႔ ေတာ္ေသးသည္။ မဟုတ္လ်ွင္ လုမန္ တစ္ခုခုကို ရိပ္မိသြားႏိုင္၏။
လုမန္ ဒီေလာက္ထိ သတိခ်ပ္လိမ့္မယ္လို႔ မထင္ထားမိဘူး..။
လုမန္က အားလံုး အဆင္ေျပေနသည္ဟု ထင္မွ ရံုးခန္းထဲကေန ခပ္ျဖည္းျဖည္း ထြက္ခဲ့၏။
ၿပီးေတာ့ ဘယ္သူမွရိွမေနတာကို အခြင့္ေကာင္းယူကာ ဟန္က်ိဳးလီရံုးခန္းသို႔ သြားလိုက္သည္။
ယဲ့ေရွာင္ရွင္းက ရံုးခန္းအေပါက္ဝကို ၾကည့္ေနခဲ့သည္။ သူမသည္ လုမန္ ေတာ္ေတာ္ေဝးေဝးသို႔ ေရာက္သြားၿပီဆိုမွ အထဲျပန္ဝင္လာၿပီး ဗိုက္ပိန္ပိန္ေလးကို ပြတ္ရင္း
“ တကယ္ပဲ သူ႔မွာ လုပ္စရာေတြ အဲ့ဒီေလာက္ေတာင္ မ်ားေနတာလားဟ၊ အလုပ္ဝင္တာမွ ရက္ပိုင္းလားရိွေသးတယ္ ေန့လယ္ ထမင္းစားခ်ိန္ဆို ေနာက္ဆံုးကေန ထြက္တဲ့သူက သူပဲ၊ မသိရင္ အလုပ္ကို စြဲလမ္းသလိုလို ဘာလိုလိုနဲ႔၊ ဘယ္သူက ဆုေပးမွာက်လို႔.. ”
သိုက္ယီးရန္ က်ိတ္ရယ္မိသည္။ လုမန္ကို အဲ့ဒီအလုပ္ေတြေပးထားခဲ့တာ ယဲ့ေရွာင္ရွင္း မဟုတ္ဘူးလား ..
ယဲ့ေရွာင္ရွင္းက ေျပာၿပီးမွ သူ႔ဟာသူ သေဘာေပါက္သြားသလို ဗိုက္ကိုပြတ္ရင္း ေလသံကလည္း ေျပာင္းသြား၏။
“ ဗိုက္ဆာေနၿပီဟာ တစ္ခုခု မွာစားရေအာင္ ”
“ အလုပ္ၿပီးမွ စားၾကမယ္ ”
သိုက္ယီးရန္က အိတ္ထဲကေန Pen Drive ေလးတစ္ခု ထုတ္ၿပီး ယဲ့ေရွာင္ရွင္းလက္ထဲထည့္ေပးလိုက္ကာ
“ ဒါေလးကို လုမန္ကြန္ပ်ူတာမွာသြားထိုးလိုက္ ”
ယဲ့ေရွာင္ရွင္း မ်က္ႏွာ ခ်က္ခ်င္း ပ်က္သြား၏။
“ ဒါ ဘာႀကီးလဲ ”
“ ဘာကိုေၾကာက္ေနတာလဲ၊ ဒီထဲမွာ ဗိုင္းရပ္စ္ပါတယ္၊ သူ ကြန္ပ်ူတာဖြင့္လိုက္တာနဲ႔ ကြန္ပ်ူတာထဲမွာရိွတဲ့ဖိုင္ေတြခ်က္ခ်င္း ငါ့ဆီကို ေရာက္လာလိမ့္မယ္၊ သူ႔ကြန္ပ်ူတာကေတာ့ ဗိုင္းရပ္စ္ထိၿပီး အထဲကေဒတာေတြ အကုန္ပ်က္သြားလိမ့္မယ္ ”
သိုက္ယီးရန္ သူမဘာသာ ေက်နပ္ေနေလသည္။ ဒီရက္ေတြမွာ လုမန္ ႀကိဳးစားထားသမ်ွ သဲထဲေရသြန္ျဖစ္ၿပီး အလုပ္ကိုဆံုးရႈံးရေတာ့မယ့္အေၾကာင္း ေတြးလိုက္မိရင္ သူမ ေပ်ာ္သည္။
အခန္း [ ၁၄၉ ]
လုမန္ ဒါကို ေက်ာ္လႊားဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး!
“ ဒါ.. ဒါကေလ က်န္တဲ့ကြန္ပ်ူတာေတြကိုေရာ ထိခိုက္ႏိုင္လား၊ ရံုးမွာရိွတဲ့ကြန္ပ်ူတာေတြက ကြန္ရက္တစ္ခုတည္းမွာ အားလံုး ခ်ိတ္ဆက္ထားၾကတာ က်န္တာေတြပါ ထိခိုက္မယ္ဆိုရင္ ပ်က္စီးဆံုးရႈံးမႈက ေတာ္ေတာ္ႀကီးမွာပဲ ”
သိုက္ယီးရန္အႀကံကို သိလိုက္ရသည္ႏွင့္ ယဲ့ေရွာင္ရွင္း နည္းနည္းေတာ့ ထိတ္လန္႔တုန္လႈပ္သြားသည္။
ဒီကိစၥက ေတာ္ေတာ္ ႀကီးေလးတာ မိသြားရင္ ေၾကာက္စရာပဲ ..
သိုက္ယီးရန္မွာ ေနာက္ကေန ေထာက္ပံ့ေပးမည့္ သူေဌးႀကီးေတြရိွသည္မို႔ အဆင္ေျပေသာ္လည္း ယဲ့ေရွာင္ရွင္းသာဆိုလ်ွင္ သြားၿပီ။
ထိုအခ်ိန္ေရာက္သည့္အခါ သူမကို ဘယ္သူမွ ကယ္ႏိုင္မွာ မဟုတ္။
သိုက္ယီးရန္က မ်က္ႏွာေတြ ရႈံ႔မဲ့ျပကာ..
“ နင္ ဘာျဖစ္လို႔ ဒီေလာက္ေတာင္ သတၲိနည္းရတာလဲ၊ က်န္တဲ့ကြန္ပ်ူတာေတြကိုေရာ ဘာကိစၥ ထိခိုက္ရမွာလဲ၊ ငါ့မွာ ဒါေလးလုပ္ဖို႔အတြက္ကို ပိုက္ဆံေတြအကုန္ခံၿပီး နာမည္ႀကီးဟက္ကာတစ္ဦးကို ငွားခဲ့ရတာ .. လုမန္ကြန္ပ်ူတာကိုပဲ ထိခိုက္လိမ့္မယ္၊ လုမန္ ကြန္ပ်ူတာကို ဖြင့္လိုက္တာနဲ႔ အထဲကေဒတာေတြအားလံုးပ်က္သြားလိမ့္မယ္ ဒီျပင္ဘာကိုထိခိုက္ရဦးမွာလဲဟဲ့ ”
“ ဟုတ္လား ”
ယဲ့ေရွာင္ရွင္း စိတ္ထဲမွာ ေၾကာက္သလိုေတာ့ ျဖစ္ေနေသးသည္။
သို႔ေသာ္ သိုက္ယီးရန္က Pen Drive ကို မ်က္ႏွာေရ႔ွမွာ လာေဝ့ျပကာ
“ နင္ သြားၿပီးေတာ့ လုမန္ ကြန္ပ်ူတာရဲ့ CPU ေနာက္ဘက္မွာ ဒီဟာကို ထိုးထည့္လိုက္ ”
ရံုးက ကြန္ပ်ူတာေတြရဲ့ CPU မွာ အေရ႔ွဘက္တြင္ USB Port ႏွစ္ခု ပါရိွၿပီး အေနာက္ဘက္အကြယ္မွာ ႏွစ္ခု ပါရိွသည္။ အကယ္၍ သူတို႔ ေနာက္ဘက္မွာ ထိုးလိုက္မည္ဆိုလ်ွင္ လုမန္ ေသခ်ာေပါက္ သတိထားမိမွာ မဟုတ္။
“ အဲ့ဒါကို ငါက ဘာျဖစ္လို႔ လုပ္ရမွာလဲ ”
ယဲ့ေရွာင္ရွင္း ေနာက္ကို ဆုတ္ပစ္လိုက္ကာ
“ နင့္ဟာနင္လုပ္တာပဲ အဆင္ေျပလိမ့္မယ္ဟာ။ ခု ရံုးခန္းထဲမွာ တျခားဘယ္သူမွ မရိွဘူးေလ။ ငါ.. ငါ နင့္ကို လူၾကည့္ေပးမယ္ ”
ေျပာၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ ယဲ့ေရွာင္ရွင္း တံခါးဘက္ကို လွည့္ေျပးေလသည္။
သို႔ေသာ္ သိုက္ယီးရန္က လက္ကို ဖမ္းဆြဲပစ္ကာ ယဲ့ေရွာင္ရွင္း၏ ထိတ္ထိတ္ပ်ာပ်ာျဖစ္ေနေသာ မ်က္ႏွာေလးကို ေအးစက္စြာ ၿပံဳးၾကည့္၏။
“ ယဲ့ေရွာင္ရွင္း အခုဆိုရင္ နင္နဲ႔ငါက တစ္ေလွတည္းစီးေနၾကတဲ့သူေတြပဲ ျဖစ္ေနၿပီ။ Pen Drive ေလးထိုးေပးဖို႔ကို လက္ေရွာင္ၿပီး ေဘးကေနရပ္ၾကည့္ရံုနဲ႔ပဲ နင္ ဒီကိစၥကေန လြတ္ၿပီလို႔ ထင္ေနတာလား၊ ဒါနဲ႔နင္ ဘာမွမဆိုင္ေတာ့ဘူးလို႔ ထင္ေနတာလား၊ အကယ္၍ တစ္ခုခုျဖစ္လာခဲ့လို႔ရိွရင္ နင္က ကင္းေစာင့္ေပးရံုပဲဆိုရင္ေတာင္မွ ႀကံရာပါလို႔ သတ္မွတ္လို႔ ရေနတုန္းပဲေနာ္ ”
ယဲ့ေရွာင္ရွင္း သိုက္ယီးရန္လက္သီးဆုပ္ထဲကေန ေဒါႏွင့္ေမာႏွင့္ ရုန္းထြက္လိုက္သည္။
“ နင္.. နင္ ဘယ္လိုမ်ားဒီလိုလုပ္ရက္ရတာလဲ၊ ငါက နင့္ကို သူငယ္ခ်င္းလို သေဘာထားတာ! ”
“ သူငယ္ခ်င္း ဟုတ္လား .. အဟြန္း .. ဖားေနတာမဟုတ္ဘူးလားဟယ္၊ ငါ့ကို အခြင့္အေရးယူၿပီး အျမတ္ထုတ္ဖို႔ ေတြးေနတာမဟုတ္ဘူးလား၊ နင္ ဘာျဖစ္လို႔ ဟန္ေဆာင္ခ်င္ရတာလဲ၊ နင္သိသလို ငါလည္း သိတယ္၊ ငါတို႔ႏွစ္ေယာက္လံုး ပါးစပ္ကေန ထုတ္မေျပာၾကေပမယ့္ တကယ့္အမွန္ကဘာလဲဆိုတာကို သိေနၾကတာပဲေလ .. အဲ့ဒါပဲ .. ဒီလိုအခ်ိန္မ်ိဳးမွာ အဲ့ဒီလိုသံုးစားမရတာေတြေလ်ွာက္မေျပာစမ္းနဲ႔ ”
ယဲ့ေရွာင္ရွင္းမ်က္ႏွာေလး ေဒါသေၾကာင့္ နီျမန္းေနသည္။ သိုက္ယီးရန္ စိတ္ရင္းမွန္ႏွင့္ ဆက္ဆံလာပါေစဟု လံုးဝ မေမ်ွာ္လင့္ဖူးေပ။
သို႔ေသာ္ ဒီလိုရင့္သီးနာက်င္ေစေသာစကားေတြကိုတဲ့တိုးေျပာတာကေတာ့ မ်က္ႏွာကို ဓားနဲ႔လ်ွပ္လွီးၿပီး ေျမေပၚပစ္ခ်ကာ တက္နင္းသလိုမ်ိဳးခံစားရသည္။
“ ထားပါ နင္ရွက္ေနစရာ မလိုပါဘူး၊ ဒါကိုယူၿပီးေတာ့သာ လုမန္ကြန္ပ်ူတာရဲ့CPU မွာစိုက္လိုက္၊ အဲ့ဒါမွ တို႔ႏွစ္ေယာက္လံုး အတူတူျဖစ္သြားမွာ။ နင္ သစၥာေဖာက္မွာကို ငါ စိုးရိမ္စရာ မလိုသလို ငါ သစၥာေဖာက္မွာကိုလည္း နင္ စိုးရိမ္စရာ မလိုေတာ့ဘူး၊ တို႔ႏွစ္ေယာက္လံုး တစ္သားတည္းျဖစ္သြားၿပီပဲ ”
“ ငါ... ငါမလုပ္ႏိုင္ဘူး! ”
ယဲ့ေရွာင္ရွင္း ေခါင္းကို သြက္သြက္ခါမိသည္။ မိသြားရင္ သူမဘဝေတာ့ သြားၿပီ..
“ မလုပ္ခ်င္လည္း လုပ္ရမွာပဲ! မဟုတ္ရင္ ငါ သူမ်ားေတြကို ေျပာပစ္မွာေနာ္ ေအး ဒါကိုလုပ္တာနင္ပါလို႔! ”
သိုက္ယီးရန္မ်က္ႏွာသြင္ျပင္သည္ ရုတ္တရက္ ေၾကာက္စရာေကာင္းေအာင္ ေျပာင္းလဲသြား၏။
Pen Drive ကို ယဲ့ေရွာင္ရွင္းလက္ထဲအတင္းထိုးထည့္ေပးလိုက္ကာ..
“ နင္ပဲ ေစာနက ငါ့ကို ဖားေနတာမဟုတ္ဘူးလား၊ ငါ့ဆီကေန လိုခ်င္တာရေအာင္ ႀကိဳးစားေနတာေလ၊ အခုက နင္ရဲ့တန္ဖိုးကို သက္ေသျပရမယ့္အခ်ိန္ပဲ၊ သြား.. ဒါကို လုမန္ကြန္ပ်ူတာရဲ့ CPU မွာ စိုက္လိုက္၊ နင္နဲ႔ငါ တစ္ဦးတည္းလိုျဖစ္သြားၿပီ၊ တစ္ခုခုဆို ငါ နင့္ကို ကာကြယ္ႏိုင္တယ္၊ မဟုတ္လို႔ကေတာ့ ခုခ်က္ခ်င္း နင့္ဘဝ သြားၿပီ ”
ယဲ့ေရွာင္ရွင္း ခုမွ ေနာင္တေတြရလာသည္။
ဒီလိုျဖစ္မယ္မွန္းသာသိခဲ့လ်ွင္ ဘာေတျြဖစ္ျဖစ္ သိုက္ယီးရန္ကို မဖားဘဲ ကင္းကင္းေနမိမွာပါ။
“ နင္ကတိတည္ရမယ္ေနာ္! ”
ယဲ့ေရွာင္ရွင္း မတရားခံရသျဖင့္ ခံျပင္းမိကာ မ်က္လံုးေတြလည္း ရဲသြားသည္။
“ ေအးပါ ”
ထို႔ေနာက္တြင္ေတာ့ Pen Drive ကိုယူကာ လုမန္စားပြဲနားသို႔ သြားလိုက္ၿပီး..
“ နင္က လူလာလား ၾကည့္ထားေပး၊ သူမ်ားေတြ သတိမထားမိေစနဲ႔ ”
သိုက္ယီးရန္က ႏႈတ္ခမ္းစူရင္း တံခါးဆီကိုသြားလိုက္ကာ တစ္ခ်က္ၾကည့္ၿပီး လွည့္ေျပာ၏။
“ ဘယ္သူမွမရိွဘူး ျမန္ျမန္လုပ္ ”
အခန္း [ ၁၅၀ ]
ယဲ့ေရွာင္ရွင္း၏ လက္သည္ ေၾကာက္ရြံ႔မႈေၾကာင့္ တဆတ္ဆတ္တုန္ရီေနခဲ့သည္။ အေတာ္ေလး အားထုတ္ၿပီးသည့္ေနာက္တြင္မွ Pen Drive ကို လုမန္ကြန္ပ်ူတာ၏ CPU အေနာက္ေပါက္တြင္ စိုက္လိုက္ႏိုင္၏။
ထို႔ေနာက္ ထရပ္ကာ ေဘးဘီကိုေဝ့ၾကည့္ၿပီး မည္သူမ်ွ ၾကည့္မေနသည္ကို ေတြ့ရသည္မို႔ သက္ျပင္းတစ္ခ်က္ခ်လိုက္မိသည္။
ထိုစဥ္ သိုက္ယီးရန္က အထဲျပန္ဝင္လာခဲ့ၿပီး ယဲ့ေရွာင္ရွင္းကို ခင္မင္ရင္းႏွီးစြာ ဖက္ကိုင္လိုက္ကာ ၿပံဳးရႊင္ေသာမ်က္ႏွာျဖင့္ ဆိုေလ၏။
“ ေရွာင္ရွင္း ဒီေန့ကစၿပီး နင္က ငါ့ရဲ့သူငယ္ခ်င္းအရင္းႀကီးပဲ၊ နင္ ေန့လယ္စာကို ဘာစားခ်င္လဲ၊ ငါ ဝယ္ေကြၽးမယ္ ”
အခုခ်ိန္မွာ ပါဆယ္မွာစားဖို႔ မျဖစ္ႏိုင္၊ ျမန္ျမန္ထြက္သြားမျွဖစ္မည္။ မဟုတ္လို႔ ရံုးခန္းထဲမွာ သူမတို႔ႏွစ္ေယာက္တည္းပဲ ရိွေနခဲ့လ်ွင္ လုမန္ ကြန္ပ်ူတာကိုဖြင့္သည့္အခ်ိန္ သူတို႔အစီအစဥ္ အေကာင္အထည္ေပၚသြားသည္ႏွင့္ သံသယျဖစ္စရာေတြ ပိုႀကီးထြားလာလိမ့္မည္။
ယဲ့ေရွာင္ရွင္း သိုက္ယီးရန္၏ မႏွစ္ၿမိဳ႔စရာအျပဳအမူေၾကာင့္ လည္နင္သြားေသာ္လည္း သူမသည္ အၾကင္သူႏွင့္ တစ္ေလွတည္းစီးေတျြဖစ္ေနၾကၿပီး မလြတ္ေျမာက္ႏိုင္ခဲ့သည္မို႔ ေစ်းႀကီးသည့္ စားေသာက္ဆိုင္နာမည္ကို ေျပာလိုက္ေတာ့သည္။
သိုက္ယီးရန္က စိတ္ခ်မ္းသာေနသည့္အခ်ိန္မို႔ ခ်က္ခ်င္း သေဘာတူ၏။
***
ထိုအခ်ိန္ လုမန္ကမူ ေန့လယ္စာစားၿပီးေနာက္မွာ ဟန္က်ိဳးလီရံုးခန္းထဲရိွ ဆိုဖာေပၚတြင္ လက္ေပၚေမးတင္ကာ ပ်င္းတိပ်င္းတြဲ ထိုင္ေနခဲ့ေလ၏။
“ ဒီမွာခဏေလာက္ဆက္ေနလို႔ျဖစ္တယ္မလား၊ ရွင္က ကိုယ့္အလုပ္ကိုယ္ဆက္လုပ္ပါ၊ ကြၽန္မကို အာရံုခံစရာ မလိုဘူး ”
“ ရသားပဲ မင္းေနခ်င္သေလာက္ေနေလ ”
ဟန္က်ိဳးလီ အံ့အားသင့္သြားသည္။ လုမန္ဆီကိုလည္း လႊားခနဲ သြားလိုက္မိကာ သူ႔ရင္ခြင္ထဲသို႔ ဆြဲထည့္ဖက္ထားလိုက္ရင္း
“ မင္း ခုမွ ေနာင္တေတြရၿပီး ကိုယ္နဲ႔ မခြဲႏိုင္ျဖစ္ေနတာမလား ”
လုမန္ : “…”
အဲ့ဒါကို ဘယ္လိုေျပာရမလဲ..
အရိုးသားဆံုးေျပာရလ်ွင္ သိုက္ယီးရန္အတြက္ အခြင့္အေရးတစ္ခုကို ဖန္တီးေပးေနတာျဖစ္၏။ သိုက္ယီးရန္တစ္ေယာက္ လိုခါထုတ္သံုးဖို႔ ဘယ္လိုလွည့္ကြက္ေတြကို အရန္သင့္ထား,ထားသလဲဆိုတာ သူမ သိခ်င္သည္။
သို႔ေသာ္ ဟန္က်ိဳးလီက ဤသို႔ ေျပာလာၿပီးသည့္ေနာက္မွာ သူမက အမွန္အတိုင္းေျပာလိုက္လ်ွင္ သာယာေအးခ်မ္းေနသည့္ အေျခအေနကို ဖ်က္ဆီးပစ္လိုက္သလိုျဖစ္သြားေပလိမ့္မည္။
လုမန္ တစ္ခဏမ်ွသာ တံု႔ဆိုင္းေနေသာ္လည္း ဟန္က်ိဳးလီက စူးစူးစိုက္စိုက္ၾကည့္ေနသည္မို႔ ေၾကာင့္ၾကစိတ္ေတြ ျပင္းထန္လာခဲ့၏။
“ ကိုယ္ေျပာတာမွားလို႔လား ”
ဟန္က်ိဳးလီ ေမးၿပီး မ်က္ဝန္းေတြကို ေမွးက်ဥ္းပစ္သည္။
“…”
လုမန္ ေခါင္းကို သြက္သြက္ ညိတ္ပစ္လိုက္ကာ
“ မမွားပါဘူး ရွင္မွန္ပါတယ္ ”
“ ဘာျဖစ္လို႔လဲမသိဘူး ကိုယ္ကေတာ့ မင္း ကိုယ့္ကို ေခြၽးသိပ္ေနတယ္လို႔ပဲ ခံစားမိေနတယ္ ”
လုမန္ရဲ့မရိုးသားေသာအျပဳအမူေတြကို ျမင္ေနရသည္မို႔ ေျပာေနသည့္အတိုင္းမဟုတ္တာကို ဟန္က်ိဳးလီ ခ်က္ခ်င္း ရိပ္မိသည္။
“ ဟင့္အင္း မဟုတ္ပါဘူး ”
လုမန္က ပ်ာပ်ာသလဲ ျငင္း၏။
ဟန္က်ိဳးလီက အနီးကပ္ ေသခ်ာၾကည့္သည္။ လုမန္ နည္းနည္းေတာ့ မလံုမလဲျဖစ္လာ၏။ ထို႔ေနာက္ သူက သူ႔ရဲ့ႏႈတ္ခမ္းေတြကို လက္ၫွိုးထိုးကာ
“ အဲ့ဒါဆို ဒီကိုနမ္း ”
လုမန္ : “…”
လာၾကစမ္းပါဦး! အားလံုး လာၾကည့္ၾကစမ္းပါ! ဟန္က်ိဳးလီက ႏွစ္ေယာက္တည္းရိွေနတဲ့အခ်ိန္ ဒီလိုေတျြပဳမူတတ္တယ္..
ဟန္က်ိဳးလီ၏ အိုင္ေဒါပံုရိပ္သည္ ၿပိဳက်ပ်က္စီးသြားသကဲ့သို႔..
“ ျမန္ျမန္ေနာ္ ”
ဟန္က်ိဳးလီက လုမန္ကို လက္တံရွည္ႀကီးေတြနဲ႔ ေပါင္ေပၚေပြ့တင္သည္။
လုမန္က ဟန္က်ိဳးလီရဲ့အက်ႌေကာ္လာကို ဆြဲဆုပ္ကာ မ်က္လံုးေတြမိွတ္လိုက္ၿပီးမွ အရဲစြန္႔၍ သူ႔ႏႈတ္ခမ္းေတြကို ဖြဖြနမ္းေလ၏။
ထိုကေန ျပန္ခြာေတာ့မည့္အခ်ိန္မွာ ဟန္က်ိဳးလီသည္ သူမေခါင္းအေနာက္ဘက္ကို ရုတ္တရက္ ဆုပ္ကိုင္ၿပီး ေရ႔ွကို ျပန္ဆြဲထားကာ ႏႈတ္ခမ္းေတြခ်င္း အတင္းဆြဲဖိကပ္ေစခဲ့လ်က္
“ တို႔ကနန္းဆိတ္ကနန္း ဖြဖြနမ္းတာေလးကို နမ္းတာပါလို႔ ဘယ္ေျပာလို႔ရမလဲ ”
စကားဆံုးတာႏွင့္ သူ႔လ်ွာက ဝင္ေရာက္လံုးေထြးေတာ့သည္။
နမ္းရႈပ္ေနရင္း အသံတိတ္ သက္ျပင္းက ခ်လိုက္ေသး၏။ သူ႔မွာ လုမန္ကို နမ္းသည့္အခါတိုင္း လံုေလာက္သည္ မခံစားရ။ ေပြ့ဖက္ၿပီးသည္ႏွင့္ မလႊတ္တမ္း ဖက္ထားခ်င္၏။
ေက်ာလယ္မွာရိွေနသည့္ လက္ဖဝါးက ခါးဆီေရာက္ကာ ပြတ္သပ္လာသည္မို႔ လုမန္ဗိုက္ထဲမွာ ယားက်ိက်ိျဖစ္သြားသည္။ သူ ထိေနသည့္ ေနရာသည္ အက်ႌစတို႔ဖံုးအုပ္ထားရာ အဝတ္ဗလာျဖစ္မေနေသာ္လည္း ပူၿပီး တုန္သြား၏။
သူ႔ရင္ခြင္ထဲက အမ်ိဳးသမီးေလး အခု သိပ္ကို နာခံမႈရိွေနသည္ေၾကာင့္ ဟန္က်ိဳးလီ ယုယစြာ ပြတ္သပ္ေပးေနမိသည္။
သူ၏ရင္ခြင္တြင္ သူမသည္ ပိန္ပိန္ေသးေသးေလးျဖစ္၏။ ဟန္က်ိဳးလီ စိတ္မပါေပမယ့္ လက္ေတြကို ျပန္ရုပ္လိုက္ရကာ
“ ေျပာပါဦး ဘာေတျြဖစ္ေနတယ္ဆိုတာ ”
“ အဟီး ရွင္ အလုပ္ရႈပ္ေနတာမဟုတ္ဘူးလား ”
“ ဒီေန့ သိပ္မရႈပ္ပါဘူး ”
ဟန္က်ိဳးလီက သူမမ်က္ႏွာေလးကို ေဘးတိုက္လွည့္ၾကည့္ၿပီး မ်က္လံုးေတြေမွးစင္းလ်က္ ..
“ မင္း ဒီေန့လယ္မွာ တုလင္းကိစၥနဲ႔ပတ္သက္တဲ့ အဆိုျပဳလႊာကို တင္ရမွာေနာ္၊ အဲ့ဒါကို အခု အားေနတယ္ေပါ့ေလ ”
“ အဆိုျပဳလႊာက ျပင္ဆင္ၿပီးတာၾကာပါၿပီ ”
လုမန္ သူ႔ကို အမွန္အတိုင္းေျပာျပလိုက္၏။
“ ကြၽန္မ သူ႔အတြက္ ခြင္ဖန္ေပးဖို႔လိုတယ္ေလ မဟုတ္ဘူးလား ”
“ မင္း ေတာ္ေတာ္ဆိုးတဲ့ေကာင္မေလးပဲ ”
ဟန္က်ိဳးလီ သူမႏွာသီးဖ်ားေလးကို ဖြဖြဆြဲလိမ္လိုက္မိ၏။
သိုက္ယီးရန္က လုမန္အတြက္ ေထာင္ေခ်ာက္ဆင္ဖို႔ ေတြးေနတာလား..
လုမန္ကလည္း တစ္ခုျပင္ဆင္ၿပီးတာၾကာပါၿပီ သိုက္ယီးရန္ မိမွာကို ေစာင့္ေနတာ!..
“ ရွင္က သူ႔ကို သနားေနတာလား ”
လုမန္က မ်က္ႏွာေလးတင္းၿပီး ၾကည့္သည္။
ဟန္က်ိဳးလီ ၿပံဳးမိသြား၏။
“ သနားရမယ္ဆိုရင္ မင္းကိုပဲ သနားတယ္ ”
သူက ေခါင္းငံု႔ကာ သူမလည္တိုင္ေကြးေနရာတြင္ မ်က္ႏွာအပ္၍ အသက္ရိႈက္လ်က္..
“ ကိုယ္ရင္နာတယ္ သူ မင္းကို ဒီေလာက္ေတာင္ ဒုကၡေတြေပးေနတာ သူနဲ႔ ရင္ဆိုင္ဖို႔အတြက္ မင္း ဦးေနွာက္ကို အလုပ္ေတြသိပ္ေပးရတယ္၊ လံုးဝ စိတ္ညစ္မခံနဲ႔ေနာ္၊ ဘာျဖစ္ျဖစ္ မင္း စိတ္ထဲရိွတဲ့အတိုင္းသာလုပ္ မင္းေနာက္မွာကိုယ္ရိွတယ္ ”
****** တနဂၤေနြေန့တိုင္း Update ရိွပါမယ္။