"အင်း နားလည်ပြီ"
ရှန်ချန်သည် နောက်ဆုံးတွင် နားလည်သွားတော့သည်။ သူသည် မေးခွန်းကို ကြည့်ရင်း ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရလေသည်။
ယခုလေးတင် ရှန်ယွဲ့၏ရှင်းလင်းချက်မှာ အလွန်ရှင်းလင်းလေသည်။ သူမ၏မျက်နှာအမူအရာသည်လည်း တိကျပြတ်သားကာ ချောမွတ်နေသည်။ သူမသည် ရှုပ်ထွေးနေသည့်အကြောင်းအရာကို ရှင်းလင်းကာ လိုတိုရှင်း အချက်များအဖြစ် ပြောင်းလဲလိုက်သည်။ သူမသည် သူတို့ကို သင်ပေးသည့် အတော်ဆုံးဆရာများထပ် သိသိသာသာ ပိုတော်လေသည်။ ရှန်ချန်သည် ဒါကို နားလည်သွားသည့်အပြင် ဤသို့သော မေးခွန်းမျိုးကို ဖြေပုံဖြေနည်းပါ သိသွားလေသည်။
ရှန်ယွဲ့၏တည်ငြိမ်နေသည့်အမူအရာကို မြင်လိုက်ရာ ရှန်ချန်သည် သူ့ဘဝကို သံယဖြစ်သွားတော့သည်။ သူသည် တံတွေးကို မျိုချလိုက်ပြီးနောက် မေးလိုးလိုက်လေသည်။
" နင် မတော်တဆ မှန်သွားတာမလား၊ ငါ နင့်အတွက် နောက်ထပ်မေးခွန်းတွေ ရှာလိုက်အုံးမယ်"
"ရတယ်လေ အေးဆေး"
ရှန်ယွဲ့သည် သူမ၏ဉာဏ်ရည်အပေါ် အလွန်ယုံကြည်မှုရှိလေသည်။ သူမသည် ခွေးခြေခုံတစ်ခုကို ရှာလိုက်ပြီး ချန်ရှန်ဘေးတွင် ထိုင်ကာ ထုတ်လာမည့်မေးခွန်းများကို စောင့်နေလိုက်သည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက် ရှန်ချန်သည် ချွေးများ ရွှဲနစ်သွားတော့သည်။ သူသည် မေးခွန်းများကို ရှာတွေ့ရန် စိုးရိမ်နေသည်လား ကြောက်နေသည်လားပင် မသိတော့ချေ။ တိုတိုပြောရလျှင် သူသည် မေးခွန်းငါးခုကို ကူးလိုက်ပြီး စားမေးပွဲအဖြေလွှာတစ်ခု လုပ်ကာ ရှန်ယွဲ့ရှေ့တွင် ချပေးလိုက်လေသည်။
သည်မေးခွန်းငါးခု၏ တစ်ပုဒ်ချင်းသည် ပြီးခဲ့သည့်တစ်ပုဒ်ထဲ ပို၍ ခက်လေသည်။ ပထမမေးခွန်းမှာ အထက်တန်းကျောင်းအဆင့် မေးခွန်းဖြစ်သည်။ ထို့နောက် သူသည် တက္ကသိုလ်အဆင့် ကို တိုးလိုက်လေသည်။ နောက်ဆုံးမေးခွန်းမှာ မကြာသေးမီနှစ်များက သင်္ချာပညာရှင်များသာ ဖြေရှင်းနိုင်သည် သင်္ချာပုစ္ဆာတစ်ခု ဖြစ်သည်။
သည်ကမ္ဘာအဆင့်မေးခွန်းကို ဖြေရှင်းခဲ့သည့် သင်္ချာပညာရှင်အသင်းသည် ဖယ်ဒရယ်ပညာရေးအဖွဲ့က ချီးမြှင့်သည့် သင်္ချာဘာသာဂုဏ်ပြု အကြီးမြတ်ဆုံးဆုတံဆိပ်ကို ချီးမြှင့်ခံခဲ့ရသည်။
ရှန်ချန် ကြိုးစားသင်ယူနေသည့် အကြောင်းအရင်းမှာ သည်လူများကို သူ့အနာဂတ်ပန်းတိုင်အဖြစ် သတ်မှတ်ထားသောကြောင့်ပင်။ သူသည် ဘဝတွင် တကြိမ်လောက်တော့ စင်မြင့်ပေါ်တွင် ရပ်နိုင်ပြီး အမြင့်ဆုံးဆုကို လက်ခံရယူရလျှင်ဖြင့် သေသွားလျှင်တောင် နောင်တရလိမ့်မည်မဟုတ်ချေ။
ရှန်ယွဲ့သည် ရှန်ချန်က သည်အစမ်းမေးခွန်းစာရွက်ကို ထုတ်လိုက်စဥ် သူ့စိတ်ထဲက အလှည့်အပြောင်းများကို မျှော်လင့်မထားခဲ့ချေ။ သူမသည် မေးခွန်းကို ယူလိုက်ပြီးသည်နှင့်တပြိုင်နက် လုံးဝ နစ်မျောသွားပြီး မေးခွန်းပေါ်တွင်သာ အာရုံစိုက်ထားလေသည်။
ရှန်ချန်သည် အလွန်စိတ်လှုပ်ရှားနေ၏။ သူသည် နာရီကို မကြာခဏဆိုသလိုကြည့်လိုက်ပြီး လက်ထဲက အဖြေကို တင်းကြပ်စွာ ကိုင်ထားကာ စိတ်ထဲတွင် တိတ်တဆိတ် ရေတွက်နေတော့သည်။
စက္ကန့် ၃၀တွင် ရှန်ယွဲ့သည် ပထမခွန်း ပြီးသွားလေသည်။ အားလုံးမှန်သည်။
၁မိနစ်နှင့် ၃စက္ကန့်တွင် ရှန်ယွဲ့သည် ဒုတိယမေးခွန်းကို ပြီးသွားသည်။ အားလုံးမှန်နေဆဲ။
၂မိနစ် ၅စက္ကန့်တွင် ရှန်ယွဲ့သည် တတိယမေးခွန်းကို ဖြေပြီးသွားပြီး အကုန်မှန်နေဆဲပင်။
သည်အခိုက်အတန့်တွင် ရှန်ချန်၏လက်ဖဝါးများသည် ချွေးများ ရွှဲနေတော့သည်။ သူသည် ငြိမ်ငြိမ် မထိုင်နိုင်တော့သလို ခံစားရသဖြင့် မတ်တပ်ရပ်လိုက်ပြီး ရှန်ယွဲ့ မေးခွန်းများကို ဖြေနေသည်ကို သွားကြည့်လိုက်လေသည်။
၃မိနစ် ၃၄စက္ကန့်တွင် ရှန်ယွဲ့သည် စတုတ္ထမြောက်မေးခွန်းကို ဖြေပြီးသွားပြန်သည်။ သည်အခိုက်တွင် ရှန်ချန်သည် ဘေးမှနေ၍ ကြည့်နေလေသည်။ သူသည် ရှန်ယွဲ့ထပ် ပိုစိတ်လှုပ်ရှားနေပြီး အသက်ကိုပင် ကျယ်ကျယ် မရှူရဲတော့ချေ။
ရှန်ယွဲ့သည် နောက်ဆုံးမေးခွန်းကို မြင်လိုက်ချိန်၌ သူမသည် တစ်ကြိမ်ဖတ်ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ ဒုတိယအကြိမ် ထပ်ဖတ်လိုက်လေသည်။ သူမသည် ဇဝေဇဝါဖြင့် အမှတ်တမဲ့ မေးလိုက်လေသည်။
" ဒီမေးခွန်းက ဘာလဲ"
'သူနောက်ဆုံးတော့ အကြံကုန်သွားပြီလား' ရှန်ချန်သည် တွေးလိုက်လေသည်။ ထိုအတွေးက သူ့ကို စိတ်သက်သာရာ ရသွားစေတော့သည်။
ဒီလအ,မလေး ရှန်ယွဲ့က ဒီည သင်္ချာမေးခွန်းတွေကို ရုတ်တရက် ဖြေနိုင်လိုက်တာနဲ့တင် ရှော့ခ်ရဖို့ လုံလောက်သွားပြီလေ။ တကယ်လို့များ ရှန်ယွဲ့သာ သင်္ချာပညာအဖွဲ့ကပဲ ဖြေရှင်းနိုင်တဲ့ ကမ္ဘာ့အဆင့် ပုစ္ဆာကို ဆက်ရေးနိုင်သေးတယ်ဆိုရင်တော့ သူ မွန်းစတားတစ်ကောင်ပဲ ဖြစ်လိမ့်မယ်။ ငါလည်း သေသွားနိုင်တယ်။
ရှန်ချန်သည် စိတ်သက်ရာရသွားပြီး သက်ပြင်းချလိုက်ကာ ရှန်ယွဲ့ကို ကမ္ဘာ့အဆင့်ပုစ္ဆာကို ထပ်မစမ်းတော့ဘဲ အနားယူရန် နားချဖို့ ပြင်လိုက်စဥ်မှာပင် ရှန်ယွဲ့သည် ခဏစဥ်းစားလိုက်ပြီးနောက် တဖန် ချရေးလိုက်ပြန်တော့သည်။
သူဘာလုပ်နေတာလဲ။
ရှန်ချန်၏မျက်လုံးများသည် သူ့ခေါင်းထဲမှာ ထွက်ကျတော့မတတ်ဖြစ်သွားတော့သည်။
သို့သော် ဘယ်သူမှ သာသာယာယာ ဖြေနိုင်လိမ့်မည်မဟုတ်ဟု ရှန်ချန်ထင်ခဲ့သည့် မေးခွန်းသည် ရှန်ယွဲ့အတွက် အမှန်ပင် အလွန်ရင်းနှီးပြီးသား ဖြစ်နေလေသည်။
ဟင့်အင်း ရင်းနှီးတာတင် ဘယ်ကမလဲ။
ရှန်ယွဲ့မှတ်မိနေသေးသည်။ လွန်ခဲ့သည့် နှစ်အနည်းက သူမအတွက် လုပ်စရာ ကောင်းကောင်းမရှိသည်ကို အဖွဲ့အစည်းက သိလိုက်ရပြီးနောက် သူတို့သည် သူမ အမြင်တွင် ယုတ္တိတန်ကာ ရိုးရှင်းလွယ်ကူသည့် တာဝန်တစ်ခုကို ချပေးခဲ့သည်။ သို့သော် သင်္ချာပုစ္ဆာများကို ဖြေရှင်းရင်း ချီးမြင့်ငွေ သန်းချီရမည့် တာဝန်တစ်ခုဖြစ်နေတော့သည်။
ထိုအချိန်က ရှန်ယွဲ့သည် ပုစ္ဆာကို ပြီးပြည့်စုံစွာ ဖြေရှင်းရန် တစ်ရက်သာ အချိန်ယူလိုက်ရသည်။ မစ်ရှင်ကို လွဲပြောင်းပေးလိုက်ပြီးနောက် ချီးမြင့်ငွေကို သူမထံ ချက်ချင်းလွဲပေးခဲ့လေသည်။
ထိုအချိန်က သူမသည် အလွန်ပျော်ရွှင်ရပြီး ငွေရှာရသည်က စားသောက်ရသည်ထက်ပင် ပိုလွယ်သည်ဟု ခံစားလိုက်ရသည်။ သန်းချီတန်သည့် သင်္ချာပုစ္ဆာသည် ရှန်ချန်က သူမကို စမ်းသပ်ရန် သုံးနေသည့် နံပါတ်၅ မေးခွန်း ဖြစ်နေတော့သည်။
နောက်ပိုင်းတွင် သင်္ချာပညာရှင်အဖွဲ့တစ်ခုက ထိုမစ်ရှင်ကို အဖွဲ့အစည်းသို့ အပ်ခဲ့ကြောင်း သူတို့ ပြန်ကြားခဲ့ဟန်တူသည်။ သူတို့သည် ရှန်ယွဲ့ ရေးပေးခဲ့သည့် မေးခွန်းများကို ဖြေပြီး ဆုတစ်ခုပင် ရသွားသေးသည်။ ရှန်ယွဲ့သည် ထိုဘွဲ့တံဆိပ်အလွတ်များကို ဂရုမစိုက်တော့ဘဲ ဆက်မလုပ်တော့ပေ။
ဒါသည် အလွန်တိုက်ဆိုင်လွန်းလှပြီး အလွန်သက်သာလေသည်။ ရှန်ယွဲ့သည် သည်မေးခွန်း၏အဖြေကို မှတ်မိသွားသည်နှင့် တပြိုင်နက် စာရွက်ပေါ်တွင် စ,တင်ချရေးလိုက်တော့သည်။
၅မိနစ် ၂စက္ကန့်တွင်တော့ ရှန်ယွဲ့သည် တစ်မျက်နှာလုံးကို ချရေးပြီးသွားကာ ဘောပင်ကို အဖုံးထဲပြန်ထည့်လိုက်လေသည်။ တစ်ချိန်ထဲတွင် သူမသည် ရှန်ချန်ကို မော့ကြည့်လိုက်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်လေသည်။
" ငါ တစ်ချို့ အဆင့်တွေကို သေသေချာချာ မမှတ်မိတော့ဘူး၊ အကြမ်းပဲ ချရေးနိုင်တော့တယ်၊ အဖြေကတော့ မှန်မှာပါ"
......
Zawgyi
"အင္း နားလည္ၿပီ"ရွန္ခ်န္သည္ ေနာက္ဆုံးတြင္ နားလည္သြားေတာ့သည္။ သူသည္ ေမးခြန္းကို ၾကည့္ရင္း ဉာဏ္အလင္းပြင့္သြားသလို ခံစားလိုက္ရေလသည္။ယခုေလးတင္ ရွန္ယြဲ႕၏ရွင္းလင္းခ်က္မွာ အလြန္ရွင္းလင္းေလသည္။ သူမ၏မ်က္ႏွာအမူအရာသည္လည္း တိက်ျပတ္သားကာ ေခ်ာမြတ္ေနသည္။ သူမသည္ ရႈပ္ေထြးေနသည့္အေၾကာင္းအရာကို ရွင္းလင္းကာ လိုတိုရွင္း အခ်က္မ်ားအျဖစ္ ေျပာင္းလဲလိုက္သည္။ သူမသည္ သူတို႔ကို သင္ေပးသည့္ အေတာ္ဆုံးဆရာမ်ားထပ္ သိသိသာသာ ပိုေတာ္ေလသည္။ ရွန္ခ်န္သည္ ဒါကို နားလည္သြားသည့္အျပင္ ဤသို႔ေသာ ေမးခြန္းမ်ိဳးကို ေျဖပုံေျဖနည္းပါ သိသြားေလသည္။ရွန္ယြဲ႕၏တည္ၿငိမ္ေနသည့္အမူအရာကို ျမင္လိုက္ရာ ရွန္ခ်န္သည္ သူ႔ဘဝကို သံယျဖစ္သြားေတာ့သည္။ သူသည္ တံေတြးကို မ်ိဳခ်လိုက္ၿပီးေနာက္ ေမးလိုးလိုက္ေလသည္။" နင္ မေတာ္တဆ မွန္သြားတာမလား၊ ငါ နင့္အတြက္ ေနာက္ထပ္ေမးခြန္းေတြ ရွာလိုက္အုံးမယ္""ရတယ္ေလ ေအးေဆး"ရွန္ယြဲ႕သည္ သူမ၏ဉာဏ္ရည္အေပၚ အလြန္ယုံၾကည္မႈရွိေလသည္။ သူမသည္ ေခြးေျခခုံတစ္ခုကို ရွာလိုက္ၿပီး ခ်န္ရွန္ေဘးတြင္ ထိုင္ကာ ထုတ္လာမည့္ေမးခြန္းမ်ားကို ေစာင့္ေနလိုက္သည္။မိနစ္ႏွစ္ဆယ္ၾကာၿပီးေနာက္ ရွန္ခ်န္သည္ ေခြၽးမ်ား ႐ႊဲနစ္သြားေတာ့သည္။ သူသည္ ေမးခြန္းမ်ားကို ရွာေတြ႕ရန္ စိုးရိမ္ေနသည္လား ေၾကာက္ေနသည္လားပင္ မသိေတာ့ေခ်။ တိုတိုေျပာရလွ်င္ သူသည္ ေမးခြန္းငါးခုကို ကူးလိုက္ၿပီး စားေမးပြဲအေျဖလႊာတစ္ခု လုပ္ကာ ရွန္ယြဲ႕ေရွ႕တြင္ ခ်ေပးလိုက္ေလသည္။သည္ေမးခြန္းငါးခု၏ တစ္ပုဒ္ခ်င္းသည္ ၿပီးခဲ့သည့္တစ္ပုဒ္ထဲ ပို၍ ခက္ေလသည္။ ပထမေမးခြန္းမွာ အထက္တန္းေက်ာင္းအဆင့္ ေမးခြန္းျဖစ္သည္။ ထို႔ေနာက္ သူသည္ တကၠသိုလ္အဆင့္ ကို တိုးလိုက္ေလသည္။ ေနာက္ဆုံးေမးခြန္းမွာ မၾကာေသးမီႏွစ္မ်ားက သခ်ၤာပညာရွင္မ်ားသာ ေျဖရွင္းႏိုင္သည္ သခ်ၤာပုစာၦတစ္ခု ျဖစ္သည္။သည္ကမာၻအဆင့္ေမးခြန္းကို ေျဖရွင္းခဲ့သည့္ သခ်ၤာပညာရွင္အသင္းသည္ ဖယ္ဒရယ္ပညာေရးအဖြဲ႕က ခ်ီးျမႇင့္သည့္ သခ်ၤာဘာသာဂုဏ္ျပဳ အႀကီးျမတ္ဆုံးဆုတံဆိပ္ကို ခ်ီးျမႇင့္ခံခဲ့ရသည္။ရွန္ခ်န္ ႀကိဳးစားသင္ယူေနသည့္ အေၾကာင္းအရင္းမွာ သည္လူမ်ားကို သူ႔အနာဂတ္ပန္းတိုင္အျဖစ္ သတ္မွတ္ထားေသာေၾကာင့္ပင္။ သူသည္ ဘဝတြင္ တႀကိမ္ေလာက္ေတာ့ စင္ျမင့္ေပၚတြင္ ရပ္ႏိုင္ၿပီး အျမင့္ဆုံးဆုကို လက္ခံရယူရလွ်င္ျဖင့္ ေသသြားလွ်င္ေတာင္ ေနာင္တရလိမ့္မည္မဟုတ္ေခ်။ရွန္ယြဲ႕သည္ ရွန္ခ်န္က သည္အစမ္းေမးခြန္းစာ႐ြက္ကို ထုတ္လိုက္စဥ္ သူ႔စိတ္ထဲက အလွည့္အေျပာင္းမ်ားကို ေမွ်ာ္လင့္မထားခဲ့ေခ်။ သူမသည္ ေမးခြန္းကို ယူလိုက္ၿပီးသည္ႏွင့္တၿပိဳင္နက္ လုံးဝ နစ္ေမ်ာသြားၿပီး ေမးခြန္းေပၚတြင္သာ အာ႐ုံစိုက္ထားေလသည္။ရွန္ခ်န္သည္ အလြန္စိတ္လႈပ္ရွားေန၏။ သူသည္ နာရီကို မၾကာခဏဆိုသလိုၾကည့္လိုက္ၿပီး လက္ထဲက အေျဖကို တင္းၾကပ္စြာ ကိုင္ထားကာ စိတ္ထဲတြင္ တိတ္တဆိတ္ ေရတြက္ေနေတာ့သည္။စကၠန႔္ ၃၀တြင္ ရွန္ယြဲ႕သည္ ပထမခြန္း ၿပီးသြားေလသည္။ အားလုံးမွန္သည္။၁မိနစ္ႏွင့္ ၃စကၠန္႔တြင္ ရွန္ယြဲ႕သည္ ဒုတိယေမးခြန္းကို ၿပီးသြားသည္။ အားလုံးမွန္ေနဆဲ။၂မိနစ္ ၅စကၠန္႔တြင္ ရွန္ယြဲ႕သည္ တတိယေမးခြန္းကို ေျဖၿပီးသြားၿပီး အကုန္မွန္ေနဆဲပင္။သည္အခိုက္အတန္႔တြင္ ရွန္ခ်န္၏လက္ဖဝါးမ်ားသည္ ေခြၽးမ်ား ႐ႊဲေနေတာ့သည္။ သူသည္ ၿငိမ္ၿငိမ္ မထိုင္ႏိုင္ေတာ့သလို ခံစားရသျဖင့္ မတ္တပ္ရပ္လိုက္ၿပီး ရွန္ယြဲ႕ ေမးခြန္းမ်ားကို ေျဖေနသည္ကို သြားၾကည့္လိုက္ေလသည္။၃မိနစ္ ၃၄စကၠန္႔တြင္ ရွန္ယြဲ႕သည္ စတုတၳေျမာက္ေမးခြန္းကို ေျဖၿပီးသြားျပန္သည္။ သည္အခိုက္တြင္ ရွန္ခ်န္သည္ ေဘးမွေန၍ ၾကည့္ေနေလသည္။ သူသည္ ရွန္ယြဲ႕ထပ္ ပိုစိတ္လႈပ္ရွားေနၿပီး အသက္ကိုပင္ က်ယ္က်ယ္ မရႉရဲေတာ့ေခ်။ရွန္ယြဲ႕သည္ ေနာက္ဆုံးေမးခြန္းကို ျမင္လိုက္ခ်ိန္၌ သူမသည္ တစ္ႀကိမ္ဖတ္ၾကည့္လိုက္ၿပီး မေနႏိုင္ေတာ့ဘဲ ဒုတိယအႀကိမ္ ထပ္ဖတ္လိုက္ေလသည္။ သူမသည္ ဇေဝဇဝါျဖင့္ အမွတ္တမဲ့ ေမးလိုက္ေလသည္။" ဒီေမးခြန္းက ဘာလဲ"'သူေနာက္ဆုံးေတာ့ အႀကံကုန္သြားၿပီလား' ရွန္ခ်န္သည္ ေတြးလိုက္ေလသည္။ ထိုအေတြးက သူ႔ကို စိတ္သက္သာရာ ရသြားေစေတာ့သည္။ဒီလအ,မေလး ရွန္ယြဲ႕က ဒီည သခ်ၤာေမးခြန္းေတြကို ႐ုတ္တရက္ ေျဖႏိုင္လိုက္တာနဲ႔တင္ ေရွာ့ခ္ရဖို႔ လုံေလာက္သြားၿပီေလ။ တကယ္လို႔မ်ား ရွန္ယြဲ႕သာ သခ်ၤာပညာအဖြဲ႕ကပဲ ေျဖရွင္းႏိုင္တဲ့ ကမာၻ႔အဆင့္ ပုစာၦကို ဆက္ေရးႏိုင္ေသးတယ္ဆိုရင္ေတာ့ သူ မြန္းစတားတစ္ေကာင္ပဲ ျဖစ္လိမ့္မယ္။ ငါလည္း ေသသြားႏိုင္တယ္။ရွန္ခ်န္သည္ စိတ္သက္ရာရသြားၿပီး သက္ျပင္းခ်လိုက္ကာ ရွန္ယြဲ႕ကို ကမာၻ႔အဆင့္ပုစာၦကို ထပ္မစမ္းေတာ့ဘဲ အနားယူရန္ နားခ်ဖို႔ ျပင္လိုက္စဥ္မွာပင္ ရွန္ယြဲ႕သည္ ခဏစဥ္းစားလိုက္ၿပီးေနာက္ တဖန္ ခ်ေရးလိုက္ျပန္ေတာ့သည္။သူဘာလုပ္ေနတာလဲ။ရွန္ခ်န္၏မ်က္လုံးမ်ားသည္ သူ႔ေခါင္းထဲမွာ ထြက္က်ေတာ့မတတ္ျဖစ္သြားေတာ့သည္။သို႔ေသာ္ ဘယ္သူမွ သာသာယာယာ ေျဖႏိုင္လိမ့္မည္မဟုတ္ဟု ရွန္ခ်န္ထင္ခဲ့သည့္ ေမးခြန္းသည္ ရွန္ယြဲ႕အတြက္ အမွန္ပင္ အလြန္ရင္းႏွီးၿပီးသား ျဖစ္ေနေလသည္။ဟင့္အင္း ရင္းႏွီးတာတင္ ဘယ္ကမလဲ။ရွန္ယြဲ႕မွတ္မိေနေသးသည္။ လြန္ခဲ့သည့္ ႏွစ္အနည္းက သူမအတြက္ လုပ္စရာ ေကာင္းေကာင္းမရွိသည္ကို အဖြဲ႕အစည္းက သိလိုက္ရၿပီးေနာက္ သူတို႔သည္ သူမ အျမင္တြင္ ယုတၱိတန္ကာ ႐ိုးရွင္းလြယ္ကူသည့္ တာဝန္တစ္ခုကို ခ်ေပးခဲ့သည္။ သို႔ေသာ္ သခ်ၤာပုစာၦမ်ားကို ေျဖရွင္းရင္း ခ်ီးျမင့္ေငြ သန္းခ်ီရမည့္ တာဝန္တစ္ခုျဖစ္ေနေတာ့သည္။ထိုအခ်ိန္က ရွန္ယြဲ႕သည္ ပုစာၦကို ၿပီးျပည့္စုံစြာ ေျဖရွင္းရန္ တစ္ရက္သာ အခ်ိန္ယူလိုက္ရသည္။ မစ္ရွင္ကို လြဲေျပာင္းေပးလိုက္ၿပီးေနာက္ ခ်ီးျမင့္ေငြကို သူမထံ ခ်က္ခ်င္းလြဲေပးခဲ့ေလသည္။ထိုအခ်ိန္က သူမသည္ အလြန္ေပ်ာ္႐ႊင္ရၿပီး ေငြရွာရသည္က စားေသာက္ရသည္ထက္ပင္ ပိုလြယ္သည္ဟု ခံစားလိုက္ရသည္။ သန္းခ်ီတန္သည့္ သခ်ၤာပုစာၦသည္ ရွန္ခ်န္က သူမကို စမ္းသပ္ရန္ သုံးေနသည့္ နံပါတ္၅ ေမးခြန္း ျဖစ္ေနေတာ့သည္။ေနာက္ပိုင္းတြင္ သခ်ၤာပညာရွင္အဖြဲ႕တစ္ခုက ထိုမစ္ရွင္ကို အဖြဲ႕အစည္းသို႔ အပ္ခဲ့ေၾကာင္း သူတို႔ ျပန္ၾကားခဲ့ဟန္တူသည္။ သူတို႔သည္ ရွန္ယြဲ႕ ေရးေပးခဲ့သည့္ ေမးခြန္းမ်ားကို ေျဖၿပီး ဆုတစ္ခုပင္ ရသြားေသးသည္။ ရွန္ယြဲ႕သည္ ထိုဘြဲ႕တံဆိပ္အလြတ္မ်ားကို ဂ႐ုမစိုက္ေတာ့ဘဲ ဆက္မလုပ္ေတာ့ေပ။ဒါသည္ အလြန္တိုက္ဆိုင္လြန္းလွၿပီး အလြန္သက္သာေလသည္။ ရွန္ယြဲ႕သည္ သည္ေမးခြန္း၏အေျဖကို မွတ္မိသြားသည္ႏွင့္ တၿပိဳင္နက္ စာ႐ြက္ေပၚတြင္ စ,တင္ခ်ေရးလိုက္ေတာ့သည္။၅မိနစ္ ၂စကၠန္႔တြင္ေတာ့ ရွန္ယြဲ႕သည္ တစ္မ်က္ႏွာလုံးကို ခ်ေရးၿပီးသြားကာ ေဘာပင္ကို အဖုံးထဲျပန္ထည့္လိုက္ေလသည္။ တစ္ခ်ိန္ထဲတြင္ သူမသည္ ရွန္ခ်န္ကို ေမာ့ၾကည့္လိုက္ကာ ရွက္ကိုးရွက္ကန္းျဖင့္ ေျပာလိုက္ေလသည္။" ငါ တစ္ခ်ိဳ႕ အဆင့္ေတြကို ေသေသခ်ာခ်ာ မမွတ္မိေတာ့ဘူး၊ အၾကမ္းပဲ ခ်ေရးႏိုင္ေတာ့တယ္၊ အေျဖကေတာ့ မွန္မွာပါ"......