အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...
Par ChihiroLily7
105K 9.3K 82
လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... Plus
ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)
အပိုင်း (၇) နားလည်ရဲ့လား
1K 102 0
Par ChihiroLily7
ရှန်ချန်သည် သင်္ချာပုစ္ဆာတစ်ပုဒ်နှင့် အခက်တွေ့နေ၏။ သူသည် သူ့ခေါင်းကို ကုတ်ရင်း အဖြေများကို ကြိုးစားထုတ်နေသော်လည်း သည်မေးခွန်းကို မဖြေရှင်းနိုင်ခဲ့ချေ။ သူသည်အနည်းငယ် စိတ်ရှုပ်နေတော့သည်။ သည်အချိန်တွင် သူသည် စာလုပ်ခြင်းကို အာရုံမစိုက်နိုင်တော့ရာ ရှန်ယွဲ့ အနားကပ်လာသည်နှင့်ချက်ချင်း သတိထားမိသွားတော့သည်။
ရှန်ချန်သည်  တံခါးကို နံရံလိုမှီနေသည့် ရှန်ယွဲ့ကို  လှည့်ကာတစ်ချက်ကြည့်လိုက်လေသည်။ သူသည် အနည်းငယ် မျက်မှောင်ကျုံ့လိုက်ကာ ပြောလိုက်၏။
" ဘာကိစ္စရှိလို့လဲ"
ရှန်ယွဲ့သည် အင်မတန်အားကောင်းသည့် ဝီရိယတစ်ခုရှိလေသည်။ သူမသည် စိတ်ရှုပ်မှုများကို တန်းဖယ်ရှားလိုက်ပြီး ရှန်ချန်စကားကို လိုက်နင်းကာ တန်းမေးလိုက်လေသည်။
" ငါ ဝင်လာလို့ရလား"
ခဏတာတိတ်ဆိတ်သွားပြီးနောက် ရှန်ချန်သည် အင်တင်တင်ဖြင့်
"ရပါတယ်"
သို့နှင့် ရှန်ယွဲ့သည် ရှန်ချန်၏အခန်းထဲသို့ သဘာဝကျကျ အေးဆေးကာ ဝင်လာလိုက်သည်။ အခန်းကို ပတ်ကြည့်လိုက်ပြီး ရှန်ချန်၏အခန်းသည် စာအုပ်များနှင့်ပြည့်နေသည်ကို သိသွားတော့သည်။ စာအုပ်များကလွဲလျှင် ပျော်စရာအရာများနှင့် ပက်သတ်တာများ တစ်ခုမှမရှိချေ။ အလွန်ရိုးရှင်းလေသည်။
သူမသည် ရှန်ချန်ရှေ့က မေးခွန်းစာရွက်ကို ကြည့်လိုက်၏။ ရှန်ယွဲ့သည် တစ်ခါ နှစ်ခါလောက်ကြည့်လိုက်ပြီး မေးလိုက်လေသည်။
" စာလုပ်နေတာလား"
ရှန်ချန်သည် သူ့နှုတ်ခမ်းများကို သိသိသာသာ စေ့ထား၏။ သူသည် ပြန်မပြောလိုက်သော်လည်း တစ်ခုခုကို ရုတ်တရက် သတိထားမိသွားသယောင်။ အံဆွဲကို ဖွင့်လိုက်ပြီး ချိုချဥ်တစ်လုံးကို ယူကာ လှမ်းပေးလိုက်လေသည်။
" နင် ဒီနေ့ညစာ အများကြီးမစားခဲ့ရဘူးနော်၊ ချိုချဥ်စားလိုက် ၊ မဟုတ်ရင် မေ့လဲသွားလိမ့်မယ်"
ရှန်ယွဲ့သည် သူမ၏မောင်လေးက သူမကိုမကြည့်ဘဲ အကောင်းဆုံးကြိုးစားကာ သူမဆီ ချိုချဥ်လှမ်းပေးလိုက်ပုံကို မရယ်ဘဲ မနေနိုင်ဖြစ်သွားတော့သည်။
ငါလေး အစားမစားလို့ သွေးတွင်းသကြားဓာတ်နည်းသွားမှာ သူက စိုးရိမ်နေတာတဲ့လား။
ရှန်ယွဲ့သည် မငြင်းဘဲ ချိုချဥ်ကို ရက်ရက်ရောရော လက်ခံလိုက်၏။ သူမသည် ရှန်ချန်၏စကားထဲတွင် အကူအညီနှင့် ကြင်နာမှုများကို ခံစားမိလေသည်။ ရှန်ချန်သည် ကြင်နာကာ ဖြောင့်မတ်သည့် သူတစ်ယောက်ဖြစ်ကြောင်း သက်သေပြဖို့ လုံလောက်ပေသည်။ သည်လိုဆိုလျှင် သူမသည် သည်ကို့ယိုးကားယားမောင်လေးကို ဝန်လေးလေးနှင့် အသိအမှတ်ပြုရလိမ့်မည်။
ချိုချဥ်အခွံကို ခွာလိုက်ပြီးနောက် ရှန်ယွဲ့သည် ချိုချဥ်ကို ပါးစပ်ထဲ ထည့်လိုက်၏။ သူမ၏ခေါင်းကို ငုံံ့ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။
" ဒီမေးခွန်းက အကန့်သတ်နဲ့လာတဲ့ မေးခွန်းပဲ၊ ဘယ်လိုရှင်းရမလဲမသိဘူးလို့တော့ မပြောနဲ့နော်"
ဒါကို ဘယ်လိုဖြေရမလဲ မသိဘူးလို့တော့ မပြောနဲ့နော်တဲ့။
စကားလုံးများသည် အသေးအဖွဲတစ်ခုနှင့် အံ့ဩသွားခြင်းမှာ ထွက်လာခြင်းပင်။
အဆင့်ဘိတ်ချေးတွင် အမြဲရောက်နေသည့် တစ်စုံတစ်ယောက်၏ လှောင်ပြောင်ခြင်းခံလိုက်ရပြီးနောက် သိုသိုသိပ်သိပ်နေတတ်သည့် ရှန်ချန်ပင် သူ့လက်ထဲက ဘောပင်ထိပ်ကို မနေနိုင်ဘဲ ဖျစ်ညစ်လိုက်တော့သည်။ သူသည် မပျော်နိုင်ဖြစ်ကာ ပြောလိုက်၏။
" ဒါတွေအားလုံးက ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် နောက်မေးခွန်းတွေလေ၊ နင် ဒါတွေကိုနားလည်မှာ မဟုတ်ပါဘူး"
သူ မပြောခဲ့လိုက်သည်က ရှန်ယွဲ့သည် အမှန်ရွေးရသည့်မေးခွန်းများကိုပင် မှန်အောင်မဖြေနိုင်လျှင် သူမသည် ဒီမေးခွန်းများကို မဖြေနိုင်သည့်သူ့အား မလှောင်ပြောင်သင့် ဟူ၍။
သို့သော်ငြား ဒါသည် အင်မတန်ထက်မြက်လှသည့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အဖို့ အလွန်အခြေခံကျသည့် မေးခွန်းတစ်ခု ဖြစ်သည်ကတော့ အမှန်ပင်။
ရှန်ချန်၏လက်ထဲက ဘောပင်ကို လှမ်းဆွဲလိုက်ပြီး ရှန်ယွဲ့သည် အကြမ်းစာအုပ်ပေါ်တွင် တန်းရေးချ လိုက်လေသည်။ သူမသည် စာရေးနေရင်း ပြောလိုက်၏။
" ဒါက တကယ်တော့ အရမ်းလွယ်တယ်၊ ဒီမှာကြည့်၊ နင် ဒီမြှောက်ဖော်ကိန်းကို အရင်ထုတ်လိုက်ဖို့ပဲ လိုတာ ၊ ပြီးရင်...."
ရှန်ယွဲ့သည် အကြမ်းစာရွက်၏ စာမျက်နှာတစ်ခုလုံးကို မြန်မြန် ပြည့်သွားအောင်ရေးလိုက်ပြီး တစ်ခုခုကို တတွတ်တွတ်ရွတ်လိုက်လေသည်။ ရှန်ချန်သည် မင်သက်သွားတော့သည်။
နောက်ဆုံးတွင် ရှန်ယွဲ့သည် ခဏရပ်လိုက်ပြီးနောက် အဖြေကို ချရေးလိုက်တော့သည်။ တစ်ချိန်ထဲတွင် သူမသည် ရှန်ယွဲ့ဘက်သို့ လှည့်ပြောလိုက်၏။
" နောက်ဆုံးအဖြေက ၁ထက်ကြီးပြီး ၉ထက်ငယ်တဲ့ မသိကိန်းတစ်ခုပဲ ၊ နားလည်လား"
စာရွက်ပေါ်က စာလုံးများနှင့် ဖော်မြူလာကို ကြည့်လိုက်ပြီးနောက် အဆင့်၁ကျောင်းသားတစ်ယောက် အမြဲဖြစ်ခဲ့သည့် ရှန်ချန်သည် ပထမဆုံးအနေဖြင့် လုံးဝအင်အားမဲ့သွားသလို ခံစားလိုက်ရတော့သည်။ သူသည် ရှန်ယွဲ့ အခုလေးတင်ရှင်းပြသွားသည့် အဆင့်များကို နားလည်နိုင်လေသည်။ သို့သော် သူတို့ကိုအတူတူ ပေါင်းထည့်လိုက်သောအခါ သူသည် ကောင်းကင်ဘုံအဆင့်စာအုပ်တစ်အုပ်ကို နားထောင်နေရသလို ခံစားနေရတော့သည်။
ထို့အပြင် ဒီမေးခွန်းသည် စူပါပါရမီရှင်များနှင့် ပါရမီရှင်များကို ခွဲခြားရာတွင် အထူးတလည် သုံးလေ့ရှိသည့် အင်မတန် ခက်ခဲသည့် မေးခွန်းတစ်ခုဖြစ်သည်။
ဒါတောင် ရှန်ယွဲ့က အဖြေချရေးဖို့ ၅မိနစ်ပဲ အချိန်ယူခဲ့ရတယ်တဲ့လား။
မဖြစ်နိုင်ဘူး။ ဒါ မဖြစ်နိုင်ဘူး။
ရှန်ချန်သည် အမှတ်တမဲ့ ခေါင်းခါလိုက်ပြီး ငေးကြောင်ကြောင်ဖြင့် ပြောလိုက်လေသည်။
" နင် ငါ့ကို အဖြေလိမ်ပြောနေတာပဲ ဖြစ်ရမယ်"
" ငါ ပေါက်ကရတွေ ပြောနေတာမဟုတ်ဘူး၊ အဖြေကို လှန်ကြည့်လိုက်လေ၊ နင် သိလာလိမ့်မယ်"
ရှန်ယွဲ့သည် တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်လေသည်။
သို့သော် ရှန်ချန်သည် အရင်က ထုတ်ထားသည့်မေးခွန်းကို ရှာကာ အဖြေတိုက်ဖို့ ထုတ်လိုက်သည်တွင် သူ့မျက်လုံးများသည် ပြူးကျယ်သွားတော့သည်။ အဖြေသည် တစ်ထက်ကြီးပြီး ကိုးထက်ငယ်သည့် မသိကိန်းတစ်ခု ဖြစ်နေတော့သည်။ ရှန်ယွဲ့သည် အဖြေမှန်ကို အမှန်ပင် ရှာခဲ့ခြင်းပင်။
ထို့အပြင် ရှန်ယွဲ့၏ အဖြေထုတ်ပုံအဆင့်ဆင့်မှာ ရည်ညွန်းစာအုပ်ထဲကအဖြေထက် ပိုအသေးစိတ်ကျသေးသည်။ သူမသည် အချက်များအားလုံးကို ချရေးထားရုံမက တစ်ချို့ပစ်ချက်များကိုပါ ထည့်ထားသေးသည်။ ဒါသည် သည်အတိုင်း ပြီးပြည့်စုံသည့် အဖြေတစ်ခုပင်။
" ဘယ်-ဘယ်လို လုပ်လိုက်တာလဲ"
ရှန်ချန်းသည် အထစ်ထစ် အငေါ့ငေါ့ဖြစ်သွားတော့သည်။ အခိုက်တန့်အထိ သူသည် ရှန်ယွဲ့က ကောလိပ်ဝင်ခွင့်စာမေးပွဲမေးခွန်းကို ဖြေခဲ့သည်ဟု လက်မခံနိုင်ခဲ့ချေ။
သူ့စိတ်ထဲတွင် ယခုသူတွေ့ကြုံလိုက်ရသည်က တစ်စုံတစ်ယောက်က ပုရွတ်ဆိတ်များသည် အဏုမြူဗုံးတစ်လုံးကို တီထွင်ခဲ့သည့်ဟု သူ့အားလာပြောနေသလို ကြောက်စရာကောင်းလွန်းလှပေသည်။
" ဟင်း...."
ရှန်ယွဲ့သည် ရှန်ချန် ဘာမှမကြားလိုက်သည့်အဖြစ်ကို သိသွားတော့သည်။ သူမသည် သက်ပြင်းချလိုက်ပြီး အကြမ်းစာရွက် နောက်တစ်ရွက်ကို ယူလိုက်၏။ သူမသည် စကားပြောနှုန်းကို နှေးထားလိုက်ပြီး ရှန်ချန်ကို အသေးစိတ်ထပ်ရှင်းပြလိုက်တော့သည်။
" ဒီတစ်ခါတော့ နင် ငါရှင်းပြတာ နားလည်ပြီမလား"
ရှန်ယွဲ့သည် မိနစ်နှစ်ဆယ်ကြာပြီးနောက် မေးလိုက်လေတော့သည်။
....
Zawgyi
Continuer la Lecture
Vous Aimerez Aussi
77.9K 10.9K 80
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
256K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
23.7K 1.8K 62
Not mine. Just Translation. Credit to original author(s) and English translator(s). ☆☆☆☆☆ [အေးအေးလူလူရှိပြီး မျက်နှာနှစ်ဖက်ရှိတဲ့ ချမ်းသာတဲ့ ML vs နက...
1.2M 91.5K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.