Heartless December❄️ ZG versi...

Novella_1001 tarafından

2.6K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... Daha Fazla

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍

အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁

12 2 0
Novella_1001 tarafından

❄️❄️❄️

သာမန် နွေရာသီတစ်ရက်သာဖြစ်သည်။
တိုက်ခန်းတွဲတစ်ခု၏ ရှေ့မျက်နှာစာ ဗာဒံရွက်ကြွေများ မင်းမူ‌ထားသော မြေနေရာတစ်ကွက်မှာ နီဝါရောင်လွှမ်းလျက်။ သို့သော်ငြား ပင်ခြေတွင်ဦးစိုက်ကာ ရပ်လာသော ပြိုင်ဘီးနီနီကလေး၏ နီစွေးမှုကိုတော့ မယှဉ်သာ။ တီရှပ်နီစိုစိုနှင့် လူငယ်လေးတစ်ယောက်သည် ပြိုင်ဘီးကို ဒေါက်ထောက်ပြီးပြီးချင်း ခပ်သုတ်သုတ်ပင် လှေကားထစ်များပေါ်သို့ ပြေးတက်သွားသည်။

သူဦးတည်နေသည်မှာ တိုက်ခန်း၏ဒုတိယထပ်၊ လှေကားရင်းမှ ရေတွက်သော် ညာဘက် ဒုတိယမြောက်အခန်းဆီသို့။

"ဒေါက် ဒေါက် ဒေါက်..."

တံခါးခေါက်သံ သုံးချက်မှာ ခပ်မှန်မှန်။

များမကြာမီပင် အခန်းတံခါးသည် ပွင့်ဟလာ၏။
လူငယ်လေး၏ နှုတ်ခမ်းသားများသည်လည်း အစွမ်းကုန် ချိတ်ကွေးလျက်...။

"မင်္ဂလာ‌နေ့လည်ခင်းလေးပါ ကိုကို..."

လင်းခန့်အနေနှင့်တော့ သူထိုသို့နှယ်နှုတ်ဆက်ချိန်တိုင်း မျက်ခုံးတန်းများဆွဲကျုံ့လျက် သူ့ကိုပြန်ကြည့်တတ်သည့် မျက်မှန်ကလေးနှင့် တစ်စုံတစ်ယောက်အား ဆက်ဆံရေးမပြေပြစ်သူဟူ၍ ဝေဖန်ခြင်းငှာ မစွမ်းသာပါပေ။ ယင်းတုံ့ပြန်မှုကပင် ထိုသူက သူ့အတွက်သီးသန့်ပေးလေ့ရှိသော ပြိုင်ဘက်ကင်းနှုတ်ခွန်းဆက်မှုဖြစ်၏။

"၀င်ခဲ့..."

ခွင့်ပြုချက်အရ ‌တိုက်ခန်းထဲကို ခြေချခဲ့ပြီ။ အချိန်မဆွဲတော့ဘဲ တိုက်ခန်းလေး၏ အနောက်ဘက်မီးဖိုခန်းသို့ ၀င်သွားလိုက်သော ထိုကောင်လေးမှာ ယနေ့အတွက် သူဆောင်ရွက်ရမယ့် အထူးမစ်ရှင်ကို စတင်ရန် အသင့်ဖြစ်ပြီဖြစ်သည်။

ဆွဲကိုင်လိုက်သော ဟင်းချက်ဓား၏အသရေမှာ တဖိတ်ဖိတ် ‌လက်ပြောင်လျက်။ ပထမဦးစွာ ရေခဲသေတ္တာထဲမှ လောလောလတ်လတ် ထုတ်ထားသော ကြက်ရင်ပုံသားကို ပရော်ဖက်ရှင်နယ်ကျစွာ ခုတ်ထစ်ခြင်းဖြင့် ဓား၏ထက်မြမှုကို စမ်းသပ်ပြီးစီးသည်ပင်။ အားလုံးအစပ်အရသာကဲသည်ကလွဲလျှင် နာမည်ပင် အလုံးစုံမမှတ်မိသော ကချင်ဟင်းခတ်မှုန့်များဖြင့် ကြက်သားအား နယ်နှပ်ထားပြီးသော် နှစ်မျိုးမကသော အရွက်စည်းများမှာ ရေစင်စင်ဆေးပြီး၍ သူ့လက်ထဲတွင် ရောက်နေလေပြီ။ ဓားကို ဟန်ပါပါ မြှောက်လိုက်ပြီးသကာလ သန့်ရှင်းနေသော သစ်သားစဥ့်တီတုံးထက်ဝယ် စစ်ပွဲအသေးစားကလေး ဖြစ်ပွားသွားလေ၏။

လင်းခန့်မှာ လုပ်နေသောအလုပ်၌ ‌ကိုယ်ရောစိတ်ပါ နှစ်ထားလေသည်။ ပုံမှန်အားဖြင့်‌တော့ သူက သင်တန်းများ အချိန်မှန်တက်ရေးကို အလေးပေးချင်မှပေးတတ်သော်လည်း မကြာသေးမီ ရက်အနည်းငယ်ကမှစခဲ့သော ဤအထူးသင်တန်းကမူ သူ့ခြေအစုံကို ထိတ်တုံးခတ်ထားလေ၏။ လွန်ခဲ့သောဆောင်းကတည်းက မိမိဘ၀၌ ပထမဦးဆုံး မေတ္တာသက်ဝင်ချစ်ခင်တွယ်ငြိခဲ့ရသော ရှာမှရှားလူသားက
သူ၏ မိသားစုပိုင်လျို့ဝှက်ဟင်းချက်နည်းများကို မိမိတစ်ဦးတည်းအတွက် သင်ကြားပြသပေးနေသည် မဟုတ်ပါလား။

ရှမ်းခေါက်ဆွဲအတူစားရင်း စမိသောစကားပါပင်။
တက်ချင်‌ကြောင်းပြောရုံဖြင့် သင်တန်းဆရာက လက်ခံပေးလိမ့်မည်ဟု အစက ထင်မထားခဲ့ပေ။ ညီမကလေးကို ကချင်ဟင်း ချက်ကျွေးချင်၍ ဟူသော ပလီစိ‌ချောက်ချက်စကားက အဆိုပါ ကချင်လူမျိုးမျက်မှန်ရှင်ကလေးအား ရင်ထဲထိသွားစေသည့် အကြောင်းပြချက်ဖြစ်ခဲ့သည်ထင့်။ ဤအခြေအနေအတွက်တော့ ခုတုံးအဖြစ် ယူသုံးစရာရှိနေသော ညီမဖြစ်သူအား ကျေးဇူးတင်မိသည်။

"အ..."

ပင်စိမ်းရွက်များကို နုပ်နုပ်စင်းနေရင်း ဓားအောက်ရောက်သွားသည့် လက်ထိပ်ဖျားကလေးမှာ နီသွေးရဲခနဲ။

"ထိသွားပြီလား..."

အစောလေးကထိ ဘေးနားတွင် လက်ပိုက်လျက် ရပ်ကြည့်နေသူတစ်ဦးမှာ မဝဲတဝဲလေသံလေးနှင့်အတူ အနီးဆုံးသို့ ရောက်လာလေပြီ။

"ငါ့ကိုပြကြည့်..."

စကားနှင့်တစ်ဆက်တည်းပါလာသော သူ့လက်ချောင်းများက လင်းခန့်၏ဓားထိထားသော ဘယ်လက်အားဆွဲယူသွားကာ ကြည့်ရှုစစ်‌ဆေးလိုက်ပြီး...။

"ရေဆေးထား... ငါဆေးသေတ္တာယူခဲ့မယ်"

"ရပါတယ် ကိုကိုရာ...
သွေးစုပ်ယူလိုက်ရင်..."

"ဘက်တီးရီးယားတွေ မင်းပါးစပ်ထဲဝင်သွားမှာပေါ့...
အဲ့လက်ကို ရေဆေးထားပြီး ခဏစောင့်နေ... လုံးဝ မစုပ်လိုက်နဲ့"

တစ်စုံတစ်ယောက်မှာ ထိုသို့နှယ် ဘက်တီးရီးယားကင်းစင်ရေးကို တောင့်တလေ၏။

အနားသို့တိုးကပ်လျက် သူ့လက်ညိုးက ဓားရှရာကို ဂရုတစိုက် ပလာစတာကပ်ပေးနေသူ၏ နဖူးပေါ်ကဆံစလေးများဆီ လင်းခန့်တစ်ယောက် ကြည့်နေမိသည်မှာ တစိုက်မတ်မတ်။ ဆံချောင်းနက်မျှင်မျှင်လေးများ တစ်ဖက်စီခွဲဖြာသွားအောင် ဟူးခနဲ လေမှုတ်ပေးလိုက်မိသည့်အခိုက်တွင်တော့ မျက်ဝန်းနက်တစ်စုံက သူ့ကိုလှန်ကြည့်လာကြသည်။

"ငါ့ဆံပင်ကို ဆော့မနေနဲ့..."

"ကိုကိုကျတော့ အမြဲတမ်း ကျွန်တော့်ဆံပင်ကိုဆော့ပြီးတော့..."

"အဲ့ဒါ မင်းက အလကားနေခေါင်းပုတ်ခိုင်းလို့..."

"ကိုကိုအမှန်အတိုင်းပြော...
ကျွန်တော့်ကို ခေါင်းပုတ်ပေးရတာ သဘောကျတယ်မလား"

"ကပ်ပြီးပြီ... လုပ်စရာရှိတာဆက်လုပ်တော့..."

အမေးကိုမဖြေဘဲ ဆေးသေတ္တာသွားပြန်ထားရန် ပြင်လိုက်သူ။
သူ့လက်အားလှမ်းဆွဲလိုက်သောအခါမူ ဤသို့တုံ့ပြန်သည်။

"ဘာလဲ..."

"ကို့ကို့လက်ကောက်ဝတ်နားက ဘာဖြစ်တာလဲ..."

အယ်လ်ခွန်းသည် ဆုပ်ကိုင်ထားခံရသော သူ့ညာလက်ကောက်ဝတ် လက်ဆစ်ရိုးနားသို့ ကြည့်လိုက်၏။ ကြယ်သီးပြုတ်နေသော ရှပ်အင်္ကျီ‌လက်ဖျား၏အောက်တွင် ရက်ကြာသေးပုံမပေါ်သော အသားနီမလန်ရုံ ဖောင်းကြွနေသည့် အပူလောင်ရာတစ်ခု။ အသားကဖြူတော့ ပိုသိသာနေသည်။

"မနေ့က အိုးပူနဲ့ကပ်မိတာ..."

အတွေးရိပ်ထဲတွင် မနေ့ကအဖြစ်များကို ပြန်စစ်ဆေးလိုက်သော်
လင်းခန့်၏ မျက်ဝန်းအိမ်များ ကျယ်လာလေသည်။ မနေ့က သူ့အား ကြက်ကချင်ဟင်းချက်ပုံသင်ပြနေရင်း လက်ကိုင်နှစ်ဖက်ဒယ်အိုးကို ချခါနီးတွင် ကျွန်တော်ချပေးမယ် ဟူ၍ အကြောင်းအရင်းမရှိ ၀င်ရှုပ်လိုက်မိသေး၏။ သူ့အဆနဲ့သူ လုပ်လက်စဖြစ်နေသော တစ်စုံတစ်ယောက်၏ လက်များမှာ ဇွတ်ဝင်လာသော သူ့လက်ကို ပူနေသောဒယ်အိုးနှင့် မထိ‌မိအောင် တွန်းဖယ်ရွေ့လျားရင်းဖြင့် တစ်ချက်တွန့်ခနဲ ဖြစ်သွားခဲ့သည်ပင်။

"ကိုကို ဘာလို့မပြောတာလဲ...
အနာက ဒီလောက်တောင်ကြွနေပြီ"

"ဘာမှမဖြစ်ဘူး... ဟင်းချက်ရင် တစ်ခါတစ်လေ အပူလောင်မှာပဲ..."

"လာပြန်ပြီ အဲ့ဒီ ဘာမှမဖြစ်ဘူး...
ကိုကိုကတော့‌ဗျာ..."

လင်းခန့်မှာ ထိုလူသား၏ "ဘာမှမဖြစ်ဘူး" များကို အတော်ပင် စိတ်ကုန်ရ၏။ ပြန်လည်ကုသခြင်းအစွမ်းဖြင့် ဒဏ်ရာပျောက်နိုင်သော ဂိမ်းဇာတ်ကောင်လည်း မဟုတ်ပါဘဲ ထိုစကားငါးလုံးကို လက်ကိုင်သုံးကာ အမြဲတစေ သူ့ဒဏ်ရာများကို ဂရုတစိုက်မရှိ။

"ကိုကို ဆေးလိမ်းထားလား..."

"မနေ့ညက လိမ်းတယ်...
အခုက ဟင်းချက်တဲ့ထဲ ၀င်ကုန်မှာစိုးလို့ ပြီးမှလိမ်းတော့မယ်"

"အခုလိမ်း... ကျွန်တော်ဆေးသေတ္တာသွားယူခဲ့မယ်"

"မင်းအခု ဟင်းချက်နေတယ်လေ...
ကိုယ်ဟာကိုယ်ပြီးအောင်လုပ်"

"မလုပ်နိုင်ဘူး... ကိုကို့ကို အရင်ဆေးလိမ်းပေးမယ်"

"ငါ့ဘာသာ လိမ်းလည်းရ..."

"မရဘူး... ကျွန်တော်လိမ်းတာ ပိုထိရောက်တယ်၊
ကျွန်တော်က ရှေးဦးသူနာပြုသင်‌တန်းဆင်းထားတာ"

"လင်းခန့်... ဒါ အပူလောင်ရုံလေးတင်..."

"အပူလောင်တဲ့အနာကို ဆေးသေချာမလိမ်းလို့ ပြည်တည်ပြီးပေါက်သွားရင် ဘက်တီးရီးယားပေါင်းစုံဝင်လာမှာ..."

"..."

အယ်လ်ခွန်း၏ခေါင်းမာမှုတံတိုင်းမှာ ဘက်တီးရီးယားဟူသော လက်နက်ကြီးဖြင့် ဖြိုခွင်းခံလိုက်ရလေပြီ။ ဤသို့ဖြင့်
ဘာမှဟုတ်တိပတ်တိမပြီးသေးသော ဟင်းချက်ခြင်းလုပ်ငန်းမှာ မိနစ်အနည်းငယ်စာ အနားရသွားလေ၏။

လင်းခန့်သည် သူကိုင်ထားသော နို့နှစ်ရောင်လက်တစ်သွယ်နှင့် မလိုက်ဖက်လှသည့် ရဲညို့ညို့အပူလောင်ရာကို ငေးစိုက်ကြည့်ရင်း သက်ပြင်းနာနာချလျက်။

"ကိုကို့လက်တွေက ဒီလောက်လှတာ နူ့ညံ့တာကို ဒီလိုဂရုမစိုက်ဘဲနေရင် အမာရွတ်ကျန်တော့မှာပဲ..."

ဆေးလိမ်းပေးနေရင်း အထက်ပါစကားများကို ရေရွတ်နေရာမှ ဖြန့်ထားသော လက်ဖဝါးဆီ အကြည့်ရောက်သွားသည့် နောက်တွင်တော့ ဆက်ပြောရန်ကြံစည်နေသော စကားများကို လည်ချောင်းထဲသို့ ပြန်မြိုချလိုက်မိသည်။ ထိုလက်ဖဝါးပြင်၏ သုံးပုံတစ်ပုံခန့်တွင် အစင်းလိုက် လှဲလျောင်းနေသော ကန့်လန့်ဖြတ်အမာရွတ်က မျက်ဝန်းထဲ အရိပ်ထင်လာသောကြောင့်။ ထိုအမာရွတ် ဘယ်လိုရခဲ့သလဲဆိုတာ သူသိထားပါသည်။ အမာရွတ်ရခဲ့သည့်နေ့ကလည်း သူကိုယ်တိုင်ပဲ ဆေးထည့်ပေးခဲ့ရသည် မဟုတ်လား။

ထိုတဒင်္ဂတွင် လင်းခန့်တစ်ယောက် ဘာတွေးနေသလဲဆိုသည်ကို အယ်လ်ခွန်းသိနေခဲ့၏။ သူသိလိုက်မိသည့်အကြောင်းကို လင်းခန့်လည်းပဲ ရိပ်မိမည်ပင်။ ထိုသို့အချင်းချင်းသိနေခြင်းက ကြားခံနယ်ကို တဒင်္ဂစာငြိမ်ဆိတ်မှု ခြုံလွှမ်းသွားစေ၏။ ၎င်းငြိမ်ဆိတ်ခြင်းကို အယ်လ်ခွန်းက ဤသို့စ၍ ဖြိုခွဲပြီး ထမသွားခင်အထိ။

"ဘ၀က နေကြည့်လာသရွေ့တော့ အမာရွတ်ဆိုတာရမှာပဲလေ...
ပြီးတော့ ငါ့လက်တွေက မင်းထင်သလောက် မလှဘူး၊ မနူးညံ့ဘူး"

အမှန်ပါပင်။ လူ့စိတ်မှာ ချစ်လျှင် အပြစ်မမြင်တတ်သော သဘာဝအရ မိမိချစ်မိသူ၏ စိတ်နှင့်ခန္ဓာမှန်သမျှကို စင်းလုံးချော အလှတရားအဖြစ် စိတ်တွင်တံလျှပ်ထင်လာတတ်ကြသည်။ အယ်လ်ခွန်း၏ လက်များမှာ သွယ်လျဖွေးဥသည်ကား မှန်၏။ သို့သော်ငြား သိပ်လှ သိပ်နူးညံ့သည် ဟု ဆိုမရ‌ပေ။ 

ညာလက်ဖဝါးပေါ်မှ ‌မြင်သာနေသော ဓားရာအမာရွတ်ကို ဖယ်လိုက်လျှင်ပင် ဟိုဟိုဒီဒီ အမာရွတ် အသေးစားများနှင့် အသားမာခပ်ပါးပါးများက လက်နှစ်ဖက်စလုံးတွင် အစဉ်တစိုက် ပေါ်လိုက်ပျောက်လိုက်။ သူ့လက်ဖဝါးများမှာ မကြမ်းတမ်း။ 
နူးညံ့လှပေတောင်းဟုတော့ မဆိုသာ။ သူနှင့် ယှဉ်သော် သူ့လောက်မသွယ်လျမဖွေးဥသော်ငြား လင်းခန့်၏လက်ဖဝါးများက အစင်းအရာကင်းလျက် သာ၍နူးညံ့သေးသည်။

အသက် ၁၀နှစ်ကျော်ကတည်းက အမေဖြစ်သူနှင့်အတူ ဟိုဟိုသည်သည် အလုပ်မျိုးစုံ လုပ်ခဲ့၍လားမသိ အယ်လ်ခွန်းအတွက်တော့ သူ့လက်ဖဝါးနှစ်ဖက် လှ၏ မလှ၏၊ နူးညံ့၏ မနူးညံ့၏ ကို သိပ်အာရုံမစိုက်ဖြစ်။ အရိုးထဲထိ အေးစိမ့်နေသော မြစ်ကြီးနား၏ ဆောင်းတွင်းမနက်ခင်းများတွင် ကျောင်းမသွားခင် စက်ဘီးတစ်စီးနှင့် မြို့ထဲပတ်ကာ စာများ၊ ပါဆယ်ထုပ်များ လိုက်ပို့ခဲ့ဖူးသည်။ မြို့တွင်းရှိ စာတိုက်တွင် အလုပ်လုပ်ခဲ့သော အထက်တန်းနှစ်များတုန်းက ဆောင်းသည် အတော်ပြင်းထန်၏။ ထိုစဉ်အချိန်ကဆို အအေးဒဏ်ကြောင့် စက်ဘီးလက်ကိုင်နှင့်လက် ကပ်နေအောင် ဆုပ်ကိုင်ပါများ၍ အသားမာပါးလွှာလွှာများမှာ သူ့လက်၌ မပြတ်မလပ်ပင်။ ယခုလို နွေရာသီအားလပ်ရက် ဆိုလျှင်တော့ သူ့မိခင်၏တစ်နိုင်တစ်ပိုင်တောင်ယာခင်းကို ကူရင်း အပြင်အလုပ်တစ်ခုနှစ်ခု ထပ်ရှာရသည်။ အယ်လ်ခွန်းသည် အလုပ်ချစ်သောသူဖြစ်၏။ ကိုယ်ကိုယ်၌က သဘောကျ၍ လုပ်သောအလုပ်ကိုလည်း ချစ်သည်။ ငွေရှာရန်အတွက် မဖြစ်မနေလုပ်ရသည့် အလုပ်ကိုလည်း ချစ်သည်။ "အလုပ်ကိုချစ်တဲ့သူတစ်ယောက်က ကိုယ့်ရဲ့ဆင်းရဲခြင်းတွေကို မေ့ပျောက်နေတတ်တယ်" ဟူသော စကားမျိုး သူ့မိခင်ဆီက ကြားဖူးခဲ့၍လားတော့ ပြောမရပေ။ လက်ရှိမှာပင် လင်းခန့်တစ်ယောက် ကချင်ဟင်းတစ်ခွက် ချက်တတ်သွားကြောင်း စစ်ဆေးပြီးလျှင် သွားစရာအလုပ် ရှိသေး၏။

"ဆေးသေတ္တာ ငါ့ဟာငါ ပြန်ထားလိုက်တော့မယ်...
မင်းက လက်ဆေးပြီး လုပ်လက်စကိုဆက်လုပ်...
ငါ နောက်တစ်နာရီထိပဲ အားတယ်"

"ကိုကို့လက်က လှပါတယ်... ကျွန်တော်စိတ်ထင်တာထက်ကို လှတာ... ပြီးတော့ အမာရွတ်ရှိရှိမရှိရှိ၊ အသားမာရှိရှိမရှိရှိ ကျွန်တော်ပူဆာတိုင်း မုန့်လုပ်ကျွေးတတ်တဲ့ ကိုကို့လက်တွေက နူးညံ့ပြီးသား..."

ထိုကဲ့သို့သော ချီးမွမ်းခန်းဖွင့်သည့်စကားမျိုးပြောပြီး သူ့ကို‌ကြည့်လျက် ပြုံးပြနေသောကောင်လေးကို အယ်လ်ခွန်းပြန်ကြည့်လိုက်သည်။ ထိုကောင်လေး၏ လက်ပြင်ကိုကိုင်ကာ မီးဖိုခန်းဘက်ဆွဲလှည့်၍ ပြောလိုက်မိသည်ကတော့...။

"စကားမများနဲ့တော့... မင်းရဲ့ဟင်းက
ဒီနေ့အဖို့ ချက်ပြီးအုံးမှာလား... အမြန်လုပ်..."

* *

အငွေ့တထောင်းထောင်းဟင်းအိုးကိုမွှေရင်း လင်းခန့်တစ်ယောက် သဘောကျစွာ ခေါင်းငြိမ့်လိုက်၏။ အရွက်အဆာများနှင့် လုံးလျက် ကောင်းစွာနပ်နေပြီဖြစ်သော အသားတုံးလေးများကို ဇွန်းထဲကော်လိုက်သည်။

"ကိုကို... မြည်းကြည့်လို့ရပြီ"

လင်းခန့်မှာ သူကမ်းပေးသော သစ်သားယောက်မဇွန်းကို လှမ်းကိုင်ကာ မြည်းစမ်းနေသော တစ်စုံတစ်ယောက်ဆီမှ မှတ်ချက်ကို မျက်လုံးဝိုင်းများနှင့် စောင့်နေလျက်။

"အစပ်ပေါ့တယ်..."

"ဗျာ..."

ဆရာသမားသည်ကား ပြောပြောဆိုဆိုပင် ရေခဲသေတ္တာထဲမှ ငရုတ်သီးတောင့်များထုတ်ယူ ရေဆေးကာ ကြိတ်နေလေပြီ။

"အာ... ကိုကို... ကျွန်တော့်ပါးစပ်ထဲတော့
အခုတင် အတော်စပ်နေပြီနော်... ငရုတ်သီးတွေ အဲ့လောက်ထပ်ထည့်ရင် ကျွန်တော်တော့ ရေခဲငုံပြီး စားရလိမ့်မယ်"

ကြေမွနေသော ငရုတ်သီးဖတ်များမှာတော့ ခဏချင်း ဟင်းအိုးထဲရောက်သွားပြီ ဖြစ်သည်။

နေ့လည်စာထမင်းဝိုင်းတစ်ခု။ မူမတူလှသောလူနှစ်ယောက်မှာ မျက်နှာချင်းဆိုင် ထမင်းစားနေကြလေ၏။ တစ်ဦးကား အိ‌နြေ္ဒတစ်ချက်မပျက်၊ တစ်ဦးကား ယောက်ယက်ခပ်လျက်။

"အား... ငရဲမီးတစ်ဂါလန်လောက် လည်ချောင်းထဲ ရောက်သွားသလိုပဲ
စပ်လိုက်တာဗျာ..."

ကြက်ကချင်ဟင်းလေးတစ်ခါစားရင်း ပါးစပ်ဟလျက် လျှာအအေးခံရန် လက်ကို ယပ်တောင်လုပ်ခပ်လိုက်၊ တစ်ရှူးထယူပြီး ချွေးသုတ်လိုက်၊ ရေသောက်လိုက်နှင့် လင်းခန့်တစ်ယောက် ဖြစ်ပျက်နေပုံအစုံစုံကို ကြည့်ရင်း အယ်လ်ခွန်းသည် မျက်ခုံးနှစ်ဖက်ကို အသာကျုံ့လိုက်၏။

"မင်း လှတောသားစာအုပ်‌တွေ ဖတ်တာများနေပြီ...
မင်းက အစပ်မစားနိုင်လို့ပါ၊ ဒါပုံမှန်ပဲ..."

"ကျွန်တော့်ပုံစံကို မြင်နေရ‌တာတောင် ပုံမှန်လို့ ပြောနိုင်သေးတယ်နော်... ကိုကိုက ရေခဲတုံးကြီးမို့လို့ ကိုကို့လျှာက အရသာခံဖုတွေလည်း ထုံနေတာဖြစ်ရမယ်... ဒီလောက်စပ်တာကို... အား...
ပြောရင်း စပ်လာပြီ..."

အယ်လ်ခွန်းမှာ ကြည့်ရင်းကြည့်ရင်း အားပင်နာလာမိ၏။
အချိုကြိုက်သော shiba ကလေးက အစပ်ကြောက်တတ်သူဖြစ်ကြောင်းကို သူမေ့သွားသည်။ မိမိက ပုံမှန်ချက်နေကျအတိုင်းကို လက်အကျင့်ဖြစ်နေ၍ ထိုကောင်ကလေး၏ အကန့်အသတ်များကို လျစ်လျူရှုမိသလို ဖြစ်သွားလေသလား။

အယ်လ်ခွန်းသည် သူ့အတွေးနှင့်သူ ထသွား၏။ ပြန်အလာတွင်တော့ လက်ထဲတွင် မိုင်လိုတစ်ဘူးပါလာ‌သည်။

"ဆက်မစားနဲ့တော့... အစပ်ပြေအောင် ဒါအရင်သောက်ထား
ငါမင်းအတွက် အချိုတစ်ခုခုလုပ်ပေးမယ်... Cake cookies ဖြစ်ဖြစ်..."

လက်နားချပေးလာသော မိုင်လိုဘူးကလေးကို ဖောက်လိုက်ရင်း
လင်းခန့်၏ အစပ်ဒဏ်ကြောင့် ရဲနေသောမျက်နှာမှာ ပြုံးဖြဲဖြဲပြန်ဖြစ်သွားလျက်။

"စတော်ဘယ်ရီအရသာ..."

"အင်း..."

"ကိုကို့ကို ကျွန်တော်ချစ်တယ်"

"ငါမင်းကို မချစ်ဘူး...
ဆက်မစားတော့ရင် စားပွဲကို သန့်ရှင်းခဲ့..."

"ကိုကို့ကို ကျွန်တော်ချစ်တယ်!!"

"မင်းဆက်အော်နေမယ်ဆို မုန့်မစားရဘူး"

"ဒါဆို တိုးတိုးလေး အော်မယ်လေ...
ကိုကို့ကို ကျွန်တော်ချစ်တယ်..."

"..."

အသန့်ကြိုက်သောအယ်လ်ခွန်း သတိမထားမိတာလည်း ဖြစ်ချင်ဖြစ်မည်။ စင်စစ် သူ့အိမ်မီးဖိုခန်းတွင် လူကိုတွယ်ကပ်ခြင်းဖြင့် ဒုက္ခပေးတတ်သော ခွေးပေါက်စနှင့်တူသည့် ဘက်တီးရီးယားအကြီးစား‌တစ်ကောင် ရောက်နှင့်နေပြီးသားဖြစ်သည်။ ၎င်းဘက်တီးရီယားက အစပ်ကြောက်၏။

_____________________________________
To be continued...

💖💖💖

ဒီအပိုင်းက sightseeing trip မှာတုန်းက ခန့်ခန့်ပြောတဲ့ ကြုံမှပြောပြပါအုံးမယ်ဆိုတဲ့ throwback လေးတွေပါ 🍴

Novella : ပြီးခဲ့တဲ့နွေက သူများမီးဖိုချောင်မှာ ၀င်ယောင်လိုက်ရတာ ဘယ်လိုနေလဲ...

Shiba Khant: ကြက်ကချင်ဟင်းတန်ခိုးကြောင့် နွေလို ပူသွားတာပေါ့ဗျာ... သင်တန်းဆရာရဲ့လျှာက ရေခဲရိုက်ထားတာ ဖြစ်ရမယ်၊ ဒီလောက်စပ်တာကို ချွေးမထွက်ဘဲ စားနိုင်တယ်... အံ့မခန်းပဲ...

Novella : သင်တန်းဆရာကိုဝေဖန်တာ နောက်ထားပါ... မင်းစားသမျှမုန့်ဖိုး၊ သောက်သမျှမိုင်လိုတွေဖိုးတွေနဲ့ သင်တန်းကြေးကိစ္စကရော...

Shiba Khant : *မျက်လုံးတစ်ဖက်မှိတ်* ez... ကျွန်တော့်အချစ်တွေနဲ့ ချေထားတယ်လေ ❤️

Novella : *ရတက်မအေးဖြစ်လျက်*
Khun... you don't wanna have to spoil this doggo right here, do you?

L Khun : Let him cook

Novella : Okaurrr (⁠٥⁠↼⁠_⁠↼⁠)

💬 ပင်တိုင် narrator ခန့်ခန့်ကို ခဏနားခိုင်းထားပါတယ်။ ကြားဖြတ် stort story အပိုင်းက third person pov လေးနဲ့ သုံးပိုင်းလာပါမယ်။

Novella ✒️

Okumaya devam et

Bunları da Beğeneceksin

1.3M 66.7K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
2.7M 156K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
13.8K 921 34
ခပ်​စွာစွာ​ကောင်​​လေး luhan နဲ့အ​ချေကိုယ်​​တော်​ sehun #*#*#* luhan ရဲ့ ဘဝအမှန်​ကိုသိရတဲ့အခါ sehun ဆက်​ချစ်​​နေနိုင်​ပါ့မလား