Unicode
"ဖေ"
ခက်မုန်းစေရာရဲ့တစ်နေ့တာဟာ ရစ်ရစ်ရဲ့"ဖေ"ဆိုတာနဲ့စတင်သည်။အလုပ်ထဲဝင်နေပြီးမို့သားနဲ့ပြန်လာတဲ့အချိန်လေးဘဲတွေ့ချိန်ရှိသည်။ရစ်ရစ်ကလည်းသိသည်ထင်မသွားခင်နဲ့ပြန်လာတဲ့အချိန်ဆိုသကြားလုံးအရှုံးပေးရအောင်ချွဲစိန်လေးလုပ်နေတတ်သည်။
"ဖေ"
"ဖေ့သားလေး ဘာလိုချင်လို့လည်း"
သူ့အဖိုးနဲ့ခွဲအိပ်တဲ့ရစ်ရစ်ကသူဖိုးဖိုးနဲ့အတူအိပ်ရာထသည်။ဖေဖေကလူကြီးဖြစ်တာမို့မနက်လေးနာရီလောက်ထပြီးတစ်ကိုယ်ရည်သန့်ရှင်းရေ။ဘုရားတရားလုပ်ပြီးကျန်းမာရေးအတွက်ဂေါက်သွားရိုက်လေ့ရှိသည်။ဖိုးအေရဲ့အချစ်တော်လေးကတော့သူ့အဖိုးထတဲ့အချိန်ထတတ်သည်။တစ်ခါတစ်လေသူ့အဖိုးနဲ့အတူဂေါက်ရိုက်တာလိုက်သွားတတ်သည်။မလိုက်သွားတဲ့နေ့တွေဆိုသူ့Daddyနဲ့အတူအိပ်ပုတ်ကြီးနေတတ်သည်။ဒီတစ်နေ့ကတော့ထူးထူးခြားခြားသူ့Daddyကိုယ်ပေါ်တက်ပြီးသူကိုလှမ်းချွဲနေသည်။
"ရစ်ရစ် Daddyကိုနိုးလိုက်တော့"
ခက်မုန်းစေရာပြောလိုက်တော့ဘယ်အချိန်ထဲကနှိုးချင်နေမှန်းမသိတဲ့ကလေးလေးကသူ့Daddyလက်မောင်းကြီးကိုအားရပါးရကိုက်တော့သည်။ပြောဖို့မေ့နေတာရစ်ရစ်သွား4ချောင်းတောင်ပေါက်နေပြီး။ဒါကြောင့်မို့လည်း အကုန်လုံးကိုခွေးပေါက်လေးလိုပတ်ကိုက်နေတတ်သည်။
ရစ်ရစ်မကိုက်ဘူးတဲ့လူဆိုတာမရှိ။Laxလေးတောင်အကိုက်ခံရသည်။တော်သေးတာပေါ့Laxလေးမှာနားလည်တဲ့စိတ်လေးအပြည့်ရှိလို့ဒီကလေးနဲ့မလွယ်ဘူး။
"နာတယ် ခွေးပေါက်လေးရဲ့"
"ခစ်ခစ်!"
"မောင် မထသေးဘူးလား။ဒီနေ့ သားကိုခေါ်သွားမို့ဆို"
"အင်း သူခွေးတွေနဲ့ဆော့ချင်လို့တဲ့"
ရစ်ရစ်ကကြီးလာတာနဲ့အမျှ တိရစ္ဆာန်ချစ်သူဆိုတာသတိထားမိလာသည်။ကြောင်အရင်မွေးခိုင်းတဲ့ကောင်လေးကတစ်နှစ်ကျော်ကျော်မှာအကောင်တွေအကုန်ဝယ်ခိုင်းပြီးမွေးခိုင်းသည်။ခုလောလောဆယ်ခွေးတွေမွေးခိုင်းသည်။ခွေးသေးသေးလေးတွေရော ကြီးကြီးတွေရော။တစ်စက်မှလည်းမကြောက်တတ်။ဟိုရက်က ဘာဆိုလည်း ပန်ဒါဝက်ဝံလေးတွေပူဆာသတဲ့။Laxဖတ်တဲ့စာအုပ်ထဲမှာပါလာတော့သူ့တွေ့ပြီးDaddyကိုမရမကပူဆာတယ်တဲ့။ဟိုကလည်း ဝယ်ပေးချင်နေတာဖင်တစ်ပိုင်းသေနေပြီးဒီဘက်ဒေသမှာမွေးလို့မရတော့သူ့Daddyလည်းငြိမ်နေရရှာသည်။ရစ်ရစ်ကိုလည်းချော့ရသည်။အခုမှအဲ့ပိုးကပြန်ငြိမ်သွားတာ
"Daddy ထထ"
"အိပ်ချင်သေးတယ် အ့!မကိုက်နဲ့တော့လို့
Daddyနာတယ်"
"ခစ်!အာဘွား ဘွား"
အလုပ်ကိုလိုက်ရမှာမို့ပြုံးပျော်နေတဲ့အသေးလေးကိုကောက်ပွေ့ကာအိပ်ရာကထလိုက်သည်။အရမ်းအရမ်းတတ်လွန်းတဲ့ကလေးရဲ့ရယ်သံလေးတွေကပလုံစီနေသည်။
"ပြန်ကိုက်မယ်ကွာ"
"ခစ်!Daddy ယားယား"
တွန့်လိမ်နေတဲ့ကိုယ်လေးပြုတ်မကျသွားအောင်ဖမ်းထိန်းရင်းဆက်စနေတော့သည်။သားကြီးလိုစကားအများကြီးပြောတဲ့ကလေးတော့မဟုတ်။သူ့ဘာသူလူကြီးတွေကိုအမြဲစိတ်ပူအောင်လုပ်ပြီးဆိုးနေတာ။စကားတော့အပြောနည်းသည်။
"ကဲ အမောင်ချေဘင်းညတန်နဲ့ဧကရာဇ်ညတန်တို့ရေ ရေချိုးပြီးအလုပ်သွားဖို့ပြင်ပါတော့။"
ခက်မုန်းစေရာ သားအဖနှစ်ယောက်လုံးကိုအော်ကာအောက်ထပ်ကိုဆင်းလာလိုက်သည်။ဒီဖအေနဲ့သားအရမ်းလိုက်လွန်းသည်။နှစ်ယောက်ပေါင်းမိသွားရင်အမြဲသူကိုမေ့သွားကြရော။
သားကလည်း သူ့ထက်စာရင်မောင်နဲ့ပိုပြီးခင်တွယ်သည်။ဟိုကအလိုလိုက်အကြိုက်ဆောင်သူလေ။သားလိုချင်တာမှန်သမျှအကုန်ဖြည့်ဆည်းပေးတော့ရစ်ရစ်တို့အကြိုက်ဖြစ်နေတာပေါ့။
"ဖေ"
"ငါ့သားလေးက ချောလိုက်တာ"
"မောင်လည်းချောပါတယ်Babyရာ"
ကလေးနဲ့အပြိုင်တုပြီးပြောလာတဲ့မောင့်ကိုမျက်စောင်းလေးတစ်ချက်သာဝင့်ပြလိုက်သည်။တဟဲဟဲနဲ့ရယ်ပြလာတဲ့လူကအပြစ်ကင်းသလိုလေးချစ်ဖို့ကောင်းနေပြန်ရော
"CakeCake"
"နောက်နေ့ကစပြီး ရစ်ရစ်Cakeတွေလျော့စားရမယ်နော်"
"no"
ခေါင်းသေးသေးလုံးလုံးလေးကခါရမ်းလာသည်။ဆံပင်သေးသေးကောက်ကောက်လေးကိုစုပြီးသူ့Daddyကချည်ပေးထားတာမို့နဖူးမောက်မောက်လေးကအတိုင်းသား။နီရဲရဲ Cakeကိုအားရပါးရစားနေတာမို့နှုတ်ခမ်းတစ်ဝှိုက်ပေလူးနေသည်။
"ဘာကိုမရတာလည်း
အဟမ်း ဒီကလေးလူဆိုးလား"
"yesyes"
ခက်မုန်းစေရာမျက်နှာကြီးနီလာရသည်။တစ်ဖက်ကသူ့Daddyကိုကြည့်တော့ရယ်ချင်နေတဲ့မျက်နှာကြီးကိုအောင့်ထားသလိုမျိုးနီထွက်နေသည်။ဖအေကစကားနားမထောင်။သားကပိုဆိုးဒီအိမ်မှာခက်မုန်းစေရာနဲ့ဦးညမိုးမြင့်မှာသူတို့သားအဖအားကြည့်ကာသွေးတက်ရသူတွေဖြစ်သည်။
ခက်မုန်းစေရာကပိုဆိုးသည်။အမြဲပါးစပ်ကပွစိပွစိပြောရသူလည်းဖြစ်သည်။ဖေဖေကသူ့သားနဲ့သူ့မြေးကိုအလိုလိုက်သူမို့လွတ်ပေးထားတတ်သော်လည်းခက်မုန်းစေရာကတော့မလွတ်ပေးတတ်ပါ။
"Babyကလည်း သားကမောင်တို့လုပ်ပေးတဲ့Cakeဘဲစားတာပါ။ဘာအန္တာရယ်မှမရှိဘူး။ကလေးကြိုက်တာကိုမောင်တော့မပိတ်ပင်ချင်ဘူး"
"အမလေး ကိုချေဘင်းညတန်ရယ်
မင်းပြောမှဘဲငါက ကလေးကိုအကုန်လိုက်ပိတ်ပင်နေသလိုဘဲ။"
"Babyကလည်းကွာ
Babyသားကအစားဂျီးများတဲ့ဟာကိုအဲ့ဒါကိုမှသိပ်မကျွေးရင်ကလေးက သေးသေးလေးဖြစ်သွားမှာပေါ့။မောင့်သားကအစထဲကသေးသေးလေးမို့စိုးရိမ်နေရတာ"
"ချေဘင်းညတန် မင်း ကာစီးကာစီးလုပ်မနေနဲ့။အဲ့သေးသေးလေးကအားဘယ်လောက်ရှိပြီးဘယ်လောက်ဆိုးလည်းဆိုတာမင်းအသိဆုံးနော်။ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ ငါ့သားကိုငါဆုံးမနေတဲ့အခါဘယ်တော့မှဝင်မပြောနဲ့"
"မောင်က"
"တော်တော့စားစရာရှိတာစားပြီး
သွားစရာရှိတာသွား"
"ဖေ ကုန်ကုန်"
ဖအေနှစ်ယောက်အပြန်အလှန်ပြောနေတဲ့အချိန်မှာရစ်ရစ်ကတော့သူ့Breakfastကိုကုန်အောင်စားပြီးသွားပြီးဖြစ်သည်။ပေပွနေတဲ့နှုတ်ခမ်းတစ်ဝိုက်ကိုတစ်ရှူးဖြင့်သုတ်ပေးလိုက်သည်။မျက်နှာမကောင်းသောဖအေနှစ်ယောက်အကြောင်းကိုရိပ်မိတဲ့ကလေးကသူ့Daddyစားနေတာကိုကြည့်ကာငြိမ်ငြိမ်လေးထိုင်နေသည်။ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်တဲ့သေးသေးလေးလည်း။ငယ်ငယ်လေးနဲ့အထူးအပါးနားလည်တဲ့ကလေးမို့တစ်ပူတော့လျော့သွားတာအမှန်
"ဖေ kisskiss"
ခက်မုန်းစေရာ စိတ်ဆိုးနေမှန်းသိတဲ့ရစ်ရစ်ကနှုတ်ခမ်းလေးထော်ကာkisskissဆိုပြီးပြောပြန်သည်။တစ်ချက်ပြုံးပြကာနှုတ်ခမ်းပိစိလေးအားနမ်းလိုက်သည်။
"ဖေ Daddy kisskiss"
ရစ်ရစ်Daddyကိုတစ်ချက်ကြည့်မိတော့သူကလည်းနှုတ်ခမ်းကြီးကိုဆူထားလေသည်။မျက်စောင်းတစ်ချက်ထိုးကာနမ်းလိုက်တော့ရုပ်ကစပ်ဖြဲဖြဲဖြစ်သွားသည်။
"ချစ်တယ် မောင်"
"မောင်ကပိုချစ်တယ်"
ဟုတ်ပါတယ်သူတို့နှစ်ယောက်ကြားမှာဘာပြဿနာမှမရှိပါ။သားကိုအလိုလိုက်၍ခက်မုန်းစေရာကဆူပူတာကလွဲပြီးနှစ်ယောက်လုံးကနားလည်မှုအပြည့်ယူထားတဲ့စုံတွဲတစ်တွဲ။ကလေးဆိုးဆိုးတဲ့ရစ်ရစ်ကိုအရမ်းဆိုးမှာဆိုးလို့ခဏခဏဆူတတ်တဲ့သူ့ကိုမောင်ကနားလည်ပေးသလိုတစ်ဦးတည်းသောရင်နှစ်သည်းညှာလေးမို့သည်းကဲနေတဲ့မောင့်ကိုလည်းခက်မုန်းစေရာကနားလည်ပါတယ်။
"အလုပ်တွေအရမ်းဖိမလုပ်နဲ့ရစ်ရစ်Daddy"
အလုပ်အရမ်းကြိုးစားတဲ့ကောင်လေးကိုသတိပေးသလိုလေးဆိုရသေးသည်။ကုမ္ပဏီအကြီးကြီးကိုလက်လွဲယူထားတဲ့သူ့ထက်တောင်မောင်ကအလုပ်ပိုများသည်။အန္တရာယ်များတဲ့အလုပ်မို့အမြဲတမ်းစိုးရိမ်နေရသည်။
"ရစ်ရစ်ဖေဖေလည်းဂရုစိုက်"
"Daddy let's go"
ကြည်နူးလို့မရတဲ့ရတနာပေါက်စလေးကိုကြည့်ကာနှစ်ယောက်လုံးရယ်ချလိုက်သည်။ရစ်ရစ်ကနာမည်နဲ့လိုက်အောင်ရစ်တတ်သည်။ဥပမာ ကိုယ်ကသူ့Daddyနားကပ်သွားရင်သူ့Daddyကိုလိုတာထက်ပိုပြီးတွယ်ကပ်ထားတတ်သည်။မွေးထားတဲ့ဒီဖအေထက်သူ့Daddyကိုပိုကပ်သည်။
ခက်မုန်းစေရာကိုယ်တိုင်ကလည်းရစ်ရစ်ကိုသူ့ထက်မောင့်ကိုပိုကပ်စေချင်သည်။မောင့်ကိုမိသားစုဘဝလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေစေချင်သည်။အခုဆိုတဖြည်းဖြည်းနဲ့မောင့်ဘဝကြီးကလည်းသာယာလာပြီးဟုဆိုရမည်။မောင့်ကိုအရမ်းချစ်တဲ့Daddy၊မောင့်ကိုအရမ်းတွယ်ကပ်တဲ့ရစ်ရစ်၊ပြီးတော့ မောင့်ကိုသာအိမ်ဦးနတ်လိုသတ်မှတ်ထားတဲ့သူ။မောင့်ဘဝမှာလိုအပ်ချက်ဆိုမျိုးမရှိစေရ။
~~~~~~~
"သားငယ် jobyကိုအဲ့လိုမလုပ်ရဘူးလေ နာသွားမှာပေါ့"
jobyလိုခေါ်တဲ့အကြီးစားခွေးကြီးကိုတက်ခွကာလုပ်ချင်သလိုလုပ်နေတဲ့သားငယ်ကိုချေဘင်းညတန် အလုပ်လုပ်ရင်းလှမ်းအော်ရတော့သည်။jobyကလူရင်တာမို့အန္တရာယ်မဖြစ်ဘူးဆိုပေမယ့်ရစ်ရစ်လုပ်နေတာလွန်နေတာမို့လှမ်းအော်ရခြင်း။
"joby joby Daddy"
သူ့ကိုလှမ်းခေါ်တဲ့သားကိုလှည့်မကြည့်အားဘဲခေါင်းသာတစ်ချက်မော့ပြထားရသည်။မျက်လုံးထောင့်ကနေ လုံးတုံးလုံးတုံးဖြင့်သားကမကြာဘူး သူ့ကိုယ်ပေါ်ကိုကုတ်တက်လာသည်။ကွန်ပျူတာကိုအကြည့်မပျက်ဘဲရစ်ရစ်ကိုယ်လေးကိုဖက်ထားသည်။
"Daddy"
"ဗျာ"
"Daddy~~~"
သံရှည်စွဲစွာခေါ်လာတဲ့ကလေးကြောင့်အလုပ်ကိုရပ်လိုက်ပြီးရစ်ရစ်ကိုလက်ပေါ်တင်ကာထလိုက်သည်။jobyကဘေးကနေအမြှီးနှံပြီးလျှာကြီးထုတ်ကာကပ်လျက်ပါလာသည်။တစ်ကိုယ်လုံးအမဲရောက်ဖြစ်ပြီးဝမ်းဗိုက်တစ်ခုလုံးကအဖြူမို့jobyကရှားပါးခွေးမျိုးဖြစ်သည်။jobyကရစ်ရစ်နဲ့အသက်တူတူဘဲတစ်နှစ်ကျော်ဖြစ်သည်။ဒါကြောင့်လည်းသခင်ဖြစ်တဲ့ရစ်ရစ်ကိုအရမ်းခင်သည်။
"Daddy စားစား"
ရစ်ရစ်တစ်ယောက်ဗိုက်ဆာနေသည်ထင်သည်။အချိန်ကြည့်တော့ခုမှသတိထားမိသည်။ထမင်းစားချိန်ကျော်နေပြီးဘဲ။တော်သေးတယ်ရစ်ရစ်တစ်ယောက်မကောက်ဘဲသူ့ကိုဗိုက်ဆာကြောင်းလာပြောလို့
Babyထည့်ပေးလိုက်တဲ့ထမင်းနဲ့ဟင်းကိုကြည့်ပြီးသားမျက်နှာလေးကရှုံ့ကနဲ့။စိမ်းနေတဲ့အရွက်ကြော်ကိုမြင်ထဲကသားမစားချင်တော့ဘူးဆိုတာသိလိုက်သည်။မတက်နိုင်ပါ ဝင်အောင်ကျွေးရမှာကိုယ်တာဝန်ဘဲ
"Daddy ကြက်ကြက်"
"ရစ်ရစ်ဖေဖေဆူအုံးမယ်"
"no ကြက်"
ရစ်ရစ်သည်ရစ်ရစ်ဖြစ်သလိုရစ်ရစ်ဖေဖေကလည်းရစ်ရစ်ဖေဖေပါဘဲ။ကြားထဲကနေ ချေဘင်းညတန်ဗျာများနေရသည်။ဒီကောင်လေးလူဆိုးသိပ်လုပ်တာဘဲ
"ok ok Daddyမှာပေးမယ်
တစ်ခုတော့ရှိတယ် orange juiceတော့သောက်ရမယ်နော်"
ဖျော်ရည်လုံးဝမကြိုက်တဲ့ကောင်လေးကမျက်နှာလေးမဲ့ကျသွားသည်။မတက်နိုင်ပါဒီအရွယ်ထဲကသင်ပေးတာအကောင်းဆုံး။ရယူခြင်းရဲ့နောက်ကွယ်မှာပေးဆပ်ခြင်းတစ်ခုရှိတယ်ဆိုတာနားလည်စေချင်သည်။
"okလား"
ခေါင်းညိမ့်ပြတဲ့ကလေးကိုအသည်းယားစွာဖက်နမ်းလိုက်သည်။လောလောဆယ်ကြာအုံးမှာဆိုတော့ဦးခက်မုန်းရာထည့်ပေးလိုက်တဲ့သူ့ရဲ့နေ့လည်စာကိုဝင်သလောက်ကျွေးရအုံးမည်
"ရစ်ရစ် စားအုံးမလား"
ဦးခက်မုန်းရာထည့်ပေးလိုက်တဲ့ထမင်းဟင်းသာစားတဲ့လူမို့ထမင်းဘူးထဲကထမင်းကိုပါးစပ်ထဲတစ်လုပ်ထည့်ရင်းရစ်ရစ်ကိုအမေးထုတ်လိုက်သည်။ကလေးတွေရဲ့သဘောသဘာဝကသူ့တို့အတွက်ဆိုတဲ့အရာတွေသိပ်မစားချင်ဘဲလူကြီးတွေစားတာတွေကိုလိုက်စားချင်တာလေ။
ခေါင်းညိမ့်ပြတဲ့ကလေးကမျက်လုံးဝိုင်းကြီးတွေဖြင့်မော့ကြည့်သည်။ချေဘင်းညတန်ခပ်မြန်မြန်ပင်သူ့အတွက်ဦးခက်မုန်းရာလုပ်ပေးတဲ့အသားနဲ့အရွက်ကြော်ကိုထမင်းရဲ့အောက်မှာမြှုပ်ပြီးခွံ့ကျွေးလိုက်သည်။
"ကောင်းလား ရစ်ရစ်"
"good!"
လက်မလေးတစ်ချောင်းထောင်ပြကာတစ်မြုံမြုံဝါးနေသည်။ထပ်မံခွံ့ကျွေးတော့လည်း ထပ်စားသည်။ရစ်ရစ်ကသေးသေးကွေးကွေးလေးဆိုတာကမစားလို့မဟုတ်။အရမ်းစားနိုင်သည်။သူ့ဖေဖေနဲ့တူလို့သေးသေးလေးဖြစ်နေတာလာဆိုတော့လည်းဦးခက်မုန်းရာကသေးသေးကွေးကွေးမဟုတ်ပြန်။ဦးခက်မုန်းရာကကိုကြီးထက်တောင်လူကောင်ပိုတောင့်သေးတာဘဲကို။သူတို့ကအရမ်းထွားတဲ့လူမို့သေးသလိုဖြစ်နေတာလား။ဒါမှမဟုတ် အသက်ကြီးမှရထားတဲ့ကလေးမို့လားမသိဘူး
"Daddy stopstop"
"Daddyသားကအရမ်းအသည်းယားဖို့ကောင်းတာဘဲကွာ မွမွ!"
မျက်ခုံးနှစ်ခုကိုအနည်းတွန့်ကာပြောတဲ့ကလေး၊သူမျက်လုံးကဖြစ်ပေါ်လာတဲ့အမူအယာကအရမ်းအသည်းယားဖို့ကောင်းလှသည်။နှုတ်ခမ်းကလည်းစုပြီးချွန်ထားသေးသည်။ပါးလေးကအများကြီးဖောင်းနေတာမဟုတ်ဘဲကြည့်ကောင်းရုံသာဖောင်းနေသည်။
"boss ကြက်ကြော်ရောက်ပါပြီး"
ရစ်ရစ်တစ်ယောက်ကတော့ပြေးပြီးသွားယူသည်။နဂိုထဲကအသည်းယားနေတဲ့ကောင်တွေအတွက်ဂွင်ဖြစ်သွားတာပေါ့ရစ်ရစ်ကိုပြေးဖက်ကာပါးကိုနှစ်ချက်လောက်နမ်းပြီးမှလက်ထဲကအထုပ်ကိုပေးသည်။
"Daddy"
"ကောင်းလား ရစ်ရစ်"
ခေါင်းညိမ့်ပြရင်းသူ့ဟာသူ့လက်ထဲကဟာကိုစားသည်။ခုနကထမင်းစားထားတာလည်းများတာမို့သိပ်တော့မစားနိုင်။နောက်တော့သူ့လက်ထဲကိုထည့်ရင်းသင်တန်းသားတွေကိုလိုက်ကျွေးသည်။ဆီပါတဲ့အစားအသောက်မစားဖို့တားမြစ်ထားတာမို့အင်တင်တင်ဖြင့်သူကိုကြည့်ကာစားခွင့်တောင်းကြသည်။
ရစ်ရစ်ကလည်းသူကျွေးတာကိုမစားလို့ငိုမဲ့မဲ့ဖြစ်လာသည်။ခေါင်းသာငြိမ့်ပြလိုက်တော့ရစ်ရစ်တစ်ယောက်Daddyအရင်းကြီးကိုထပ်မံပလစ်သွားတော့သည်။
######
ငါးပိုင်းဘဲကျန်ပါတော့တယ်
ခွဲဖို့ နီးလာပါပြီး
Zawgyi
"ေဖ"
"ဖေ"
"ခစ်ခစ်!"
"Daddy ထထ"
Daddyနာတယ်"
"ခစ်!အာဘွား ဘွား"
"ပြန်ကိုက်မယ်ကွာ"
"ခစ်!Daddy ယားယား"
"ဖေ"
"CakeCake"
"no"
"ဘာကိုမရတာလည်း
"yesyes"
"Babyကလည်းကွာ
"မောင်က"
သွားစရာရှိတာသွား"
"ဖေ ကုန်ကုန်"
"ဖေ kisskiss"
"ဖေ Daddy kisskiss"
"ချစ်တယ် မောင်"
"မောင်ကပိုချစ်တယ်"
"Daddy let's go"
~~~~~~~
"joby joby Daddy"
"Daddy"
"ဗျာ"
"Daddy~~~"
"Daddy စားစား"
"Daddy ကြက်ကြက်"
"ရစ်ရစ်ဖေဖေဆူအုံးမယ်"
"no ကြက်"
"ok ok Daddyမှာပေးမယ်
"okလား"
"ရစ်ရစ် စားအုံးမလား"
"ကောင်းလား ရစ်ရစ်"
"good!"
"Daddy stopstop"
"Daddy"
"ကောင်းလား ရစ်ရစ်"
######
ခွဲဖို့ နီးလာပါပြီး