ep29

13.9K 985 28
                                    

Unicode

ဟိုတစ်လောနေ့မကောင်းဖြစ်ပြီးသွားထဲကရစ်ရစ်တစ်ယောက်ပိုပြီးသေးကွေးလာတာမို့ ချေဘင်းညတန် သားအတွက်ပိုအားဖြစ်စေမယ့်အစားအစာတွေကျွေးပြီးဆေးတွေတိုက်နေရသည်။ခုတော့သားက ဂရုစိုက်မှုတွေကြားအတော်လေးကိုကျန်းမာနေပြီး

"ဖေဖေဆီသွားမှာ မောင်မပြင်ရသေးဘူးလား"

"Daddyနဲ့မောင်ရန်ဖြစ်ထားတယ်"

"ဟမ်း ဘယ်လို!"

ခက်မုန်းစေရာ မောင့်စကားကြောင့်အံ့သြသွားရသည်။သူတော့ ဖေဖေဆီကမကြားဖူးဘူးလေ။တစ်ခုခုဆိုဖေဖေကလှမ်းမပြောဘဲနေမယ့်လူလား။မောင်ဘက်ကနည်းနည်းအထင်လွဲစရာကိစ္စလေးတွေရှိနေတယ်ထင်သည်။

"အဲ့တော့ မောင်ကနေခဲ့မယ်လို့ပြောချင်တာလား"

"မသွားချင်ဘူး"

"မဆိုးပါနဲ့မောင်
ဖေဖေကမင်းကိုသိပ်ချစ်တာပါ"

မောင်ကသူ့စကားကိုအရေးမစိုက်ဟန်long coatတစ်ထည်ကောက်စွတ်သည်။ဆက်ပြောရင်ပြဿနာဖြစ်မှာမို့မပြောဘဲဒီတိုင်းသာနေလိုက်တော့သည်။ပြင်ရဆင်ရအောင်လည်းဖေဖေကဘေးလူမှမဟုတ်တာ။

သားကတော့သူ့ဖိုးဖိုးကိုတွေ့ရမှာဆိုတော့စိတ်လှုပ်ရှားနေသည်ထင်မနက်ထဲကပြုံးပျော်နေသည်။ဖေဖေကိုလည်းသားကိုတစ်ခါမှသွားမပြရသေး။ဒါကြောင့်ဒီနေ့အလုပ်လေးနားလို့သွားရမည်။

"ကလေးလိုလုပ်မနေနဲ့မောင်
ဖေဖေလည်း သူ့မြေးကိုတွေ့ချင်ရှာမှာပေါ့။ပြီးတော့ကားကိုဖြည်းဖြည်းမောင်း မောင်"

ကားကိုဝုန်းတိုင်းမောင်းနေတဲ့မောင့်ကိုဖြည်းဖြည်းမောင်းရန်ပြောရသည်။ဖေဖေနဲ့ဘာပြဿနာဖြစ်ထားလည်းမသိပေမယ့်အတော်လေးမကျေနပ်နေတာမှန်းသိသာသည်။

"ငါ့ကိုပြောပြလေ မောင်ရဲ့
အဲ့ဒါမှအမှန်တရားကိုသိရမှာပေါ့"

"Daddyမှာ နောက်အိမ်ထောင်ရှိနေပြီးထင်တယ်"

"ဘယ်လို!"

ခက်မုန်းစေရာ မောင့်ကိုအံ့သြသလိုသာကြည့်နေမိသည်။မောင်က ဘာတွေများစုံစမ်းထားပြီးသိထားလို့ဒီလိုအတပ်ပြောနိုင်ကတာလည်း။ဟိုကအခုချိန်ထိသားအတွက်ပိုက်ဆံကုန်ရုန်းရှာနေတုန်းကို။မောင့်မရှိတော့ဘူးဆိုတဲ့အချိန်ကတောင် ဘယ်သူမှအနားမှာမရှိလို့ နေမကောင်းတဲ့အချိန်တိုင်းသူဘဲဂရုစိုက်ခဲ့ပေးရတာကို

Villain is Your Husband (season-2)Où les histoires vivent. Découvrez maintenant