ep8

14.1K 928 96
                                    

Unicode

"ကျွန်တော်က KMရဲ့အတွင်းရေးမှူးပါ"

"သိတာမို့ လျှာမရှည်ဘဲပြောပါ"

Daxသည်အမှန်တော့စိတ်မရှည်လှပါ။ကိုယ့်ကိုခေါ်ချိန်းတာတစ်ခေါက်နှစ်ခေါက်မက၊မြန်မာပြည်ရောက်တုန်းရောက်ခိုက်အပန်းဖြေပါတယ်ဆိုဘာတွေမှန်းမသိ။အဲ့ချေဘင်းတအားအလုပ်ရှုပ်

"အကိုခက်မုန်းက အကူအညီလေးတစ်ခုတောင်းထားလို့ပါ"

"သူအကူအညီတောင်းတာမင်းနဲ့ဘာဆိုင်လို့လည်း သူကိုယ်တိုင်လာသင့်တာပေါ့"

"လူဆိုးကောင်လေး~~"

"အကို ပါပါတယ်"

အဲ့တော့မှဘယ်ကထွက်လာမှန်းမသိတဲ့ဦးခက်မုန်းစေရာ။ချေဘင်းရူးလည်းရူးချင်စရာကောင်းပါတယ်

ကျော့ရှင်းနေတဲ့ဦးခက်မုန်းစေရာရဲ့မျက်နှာကပကတိလှပသည်။သေးငယ်ပြီးဖူးကြွနေတဲ့နှုတ်ခမ်းတစ်စုံ၊မျက်ဝန်းနက်နက်။နှာခေါင်းလုံးလုံး။သေးသွယ်နေတဲ့မျက်နှာကျ။ဦးခက်မုန်းစေရာကချေဘင်းညတန်ဆိုတဲ့ကောင်ရူးချင်စရာကောင်းလောက်အောင်လှပါတယ်။

Daxမျက်လုံးထဲမှာတော့honeyကသာလျှင်အလှဆုံးXD

"ကျေးဇူးတင်ပါတယ်
မောင်ကို ကယ်ပေးခဲ့တဲ့အတွက်"

'မောင် အမလေး ချေဘင်းရေ
မင်းထပ်ရူးလို့ရပြီး'

"မလိုဘူး"

စိတ်ထဲမှာနဲ့ဆန့်ကျင်စွာDaxပြောလိုက်သည်။ကိုယ်ကတော့ကိုယ့်လူteamမို့ရှေ့ကလူကိုကြည့်မရပါ။

"အကူအညီလေးတောင်းချင်လို့ပါ
ကူညီပေးစေချင်ပါတယ်"

"ကျွန်တော်နဲ့ခက်မုန်းကအသက်မကွာလောက်ဘူးထင်တယ်။ဒီတိုင်းသက်သက်သာသာပြောရအောင်၊ဘာအကူအညီများတောင်းချင်လို့လည်း"

"ကျွန် ကျွန်တော် အန်ယိမ်းလိုဘဲကလေးမွေးချင်တယ်။ချေဘင်းညတန်ရဲ့ကလေးကိုမွေးချင်တယ်။"

အန်ယိမ်းလို့ပြောထဲကအကုန်စုံစမ်းပြီးမှရောက်လာတာကိုအန်ယိမ်းဟန်သဘောပေါက်လိုက်သည်။ကိုယ့်လူဆိုးကောင်လေးကသူပါနေသ၍တော့ဂျစ်ကန်ကန်ပြောနေအုံးမှာမို့ဝင်ထိန်းရသည်။

Villain is Your Husband (season-2)Where stories live. Discover now