ep30

15K 948 32
                                    

Unicode

"ဖေ"

ခက်မုန်းစေရာရဲ့တစ်နေ့တာဟာ ရစ်ရစ်ရဲ့"ဖေ"ဆိုတာနဲ့စတင်သည်။အလုပ်ထဲဝင်နေပြီးမို့သားနဲ့ပြန်လာတဲ့အချိန်လေးဘဲတွေ့ချိန်ရှိသည်။ရစ်ရစ်ကလည်းသိသည်ထင်မသွားခင်နဲ့ပြန်လာတဲ့အချိန်ဆိုသကြားလုံးအရှုံးပေးရအောင်ချွဲစိန်လေးလုပ်နေတတ်သည်။

"ဖေ"

"ဖေ့သားလေး ဘာလိုချင်လို့လည်း"

သူ့အဖိုးနဲ့ခွဲအိပ်တဲ့ရစ်ရစ်ကသူဖိုးဖိုးနဲ့အတူအိပ်ရာထသည်။ဖေဖေကလူကြီးဖြစ်တာမို့မနက်လေးနာရီလောက်ထပြီးတစ်ကိုယ်ရည်သန့်ရှင်းရေ။ဘုရားတရားလုပ်ပြီးကျန်းမာ​​ရေးအတွက်ဂေါက်သွားရိုက်လေ့ရှိသည်။ဖိုးအေရဲ့အချစ်တော်လေးကတော့သူ့အဖိုးထတဲ့အချိန်ထတတ်သည်။တစ်ခါတစ်လေသူ့အဖိုးနဲ့အတူဂေါက်ရိုက်တာလိုက်သွားတတ်သည်။မလိုက်သွားတဲ့နေ့တွေဆိုသူ့Daddyနဲ့အတူအိပ်ပုတ်ကြီးနေတတ်သည်။ဒီတစ်နေ့ကတော့ထူးထူးခြားခြားသူ့Daddyကိုယ်ပေါ်တက်ပြီးသူကိုလှမ်းချွဲနေသည်။

"ရစ်ရစ် Daddyကိုနိုးလိုက်တော့"

ခက်မုန်းစေရာပြောလိုက်တော့ဘယ်အချိန်ထဲကနှိုးချင်နေမှန်းမသိတဲ့ကလေးလေးကသူ့Daddyလက်မောင်းကြီးကိုအားရပါးရကိုက်တော့သည်။ပြောဖို့မေ့နေတာရစ်ရစ်သွား4ချောင်းတောင်ပေါက်နေပြီး။ဒါကြောင့်မို့လည်း အကုန်လုံးကိုခွေးပေါက်လေးလိုပတ်ကိုက်နေတတ်သည်။

ရစ်ရစ်မကိုက်ဘူးတဲ့လူဆိုတာမရှိ။Laxလေးတောင်အကိုက်ခံရသည်။တော်သေးတာပေါ့Laxလေးမှာနားလည်တဲ့စိတ်လေးအပြည့်ရှိလို့ဒီကလေးနဲ့မလွယ်ဘူး။

"နာတယ် ခွေးပေါက်လေးရဲ့"

"ခစ်ခစ်!"

"မောင် မထသေးဘူးလား။ဒီနေ့ သားကိုခေါ်သွားမို့ဆို"

"အင်း သူခွေးတွေနဲ့ဆော့ချင်လို့တဲ့"

ရစ်ရစ်ကကြီးလာတာနဲ့အမျှ တိရစ္ဆာန်ချစ်သူဆိုတာသတိထားမိလာသည်။ကြောင်အရင်မွေးခိုင်းတဲ့ကောင်လေးကတစ်နှစ်ကျော်ကျော်မှာအကောင်တွေအကုန်ဝယ်ခိုင်းပြီးမွေးခိုင်းသည်။ခုလောလောဆယ်ခွေးတွေမွေးခိုင်းသည်။ခွေးသေးသေးလေးတွေရော ကြီးကြီးတွေရော။တစ်စက်မှလည်းမကြောက်တတ်။ဟိုရက်က ဘာဆိုလည်း ပန်ဒါဝက်ဝံလေးတွေပူဆာသတဲ့။Laxဖတ်တဲ့စာအုပ်ထဲမှာပါလာတော့သူ့တွေ့ပြီးDaddyကိုမရမကပူဆာတယ်တဲ့။ဟိုကလည်း ဝယ်ပေးချင်နေတာဖင်တစ်ပိုင်းသေနေပြီးဒီဘက်ဒေသမှာမွေးလို့မရတော့သူ့Daddyလည်းငြိမ်နေရရှာသည်။ရစ်ရစ်ကိုလည်းချော့ရသည်။အခုမှအဲ့ပိုးကပြန်ငြိမ်သွားတာ

Villain is Your Husband (season-2)Where stories live. Discover now