ep7

14.2K 987 58
                                    

Unicode

"honeyဒီကိုလာနေပြီးတဲ့
အဲ့ဒါသွားကြိုမို့"

"အင်း ငါမလိုက်တော့ဘူး"

ချေဘင်းရဲ့ခပ်တိုးတိုးစကားကိုDaxမဲ့ရွဲ့လိုက်သည်။ကုတင်ပေါ်မှာမှောက်ရက်ကြီးမနက်ထဲကသူ့မျက်နှာကိုမပြ။သားကလည်းသူ့Daddyချေနားမှာအရိပ်တကြည့်ကြည့်ဖြင့်

"မနက်ကဘာဖြစ်လာတာလည်း
ငါ့တို့ကိုမျက်နှာလေးပြပါအုံး"

"ဟင့်အင်း"

"Daddyချေ"

သားကသူ့ကိုခေါ်တော့တဖြည်းဖြည်းမျက်နှာပြလာသည်။ပေါ်လာတဲ့မျက်နှာမှာညိုမဲစွဲ​နေတဲ့အရာနှစ်ချက်တောင်။

"OMG!!"

သားရဲ့အသံသည်ကျယ်​လောင်စွာ။နှုတ်ခမ်းဘေးမှာညိုမဲစွဲနေပြီးမျက်ခုံး​​ဘေးနားမှာလည်းအနည်းငယ်ညိုနေသည်။သားကသူ့Daddyချေရဲ့မျက်နှာလေးကိုအသာထိကာကိုင်ပေးရှာသည်။

"ဘာဖြစ်လာတာလည်း
ဘယ်ကောင်ကငါ့တို့ချေဘင်းကိုလုပ်သွားလည်း"

"ဘူးရုပ်တာရဲ့ကျော!"

ချေဘင်းညတန် နာနေရကြားထဲသားအဖနှစ်ယောက်ကြောင့်ပြုံးသွားရသည်။အခုလောလောဆယ်ပြုံးနေမယ့်အချိန်မဟုတ်၊နောက်3မိနစ်လောက်နေရင်ဒီနေရာမှာရန်ဖြစ်သံတွေကြားရမှာမို့

"ဘယ်သူမှမလုပ်ပါဘူး။ဆိုင်ကယ်မှောက်တာ"

"အဲ့ဆိုင်ကယ်တွေသိပ်မစီးပါနဲ့လို့ငါပြောသားဘဲ။honeyလည်းမင်းကိုပြောရလွန်းလို့အမောဆို့တော့မယ်။ခုတော့မှတ်ပြီးလား"

"တုတ်ရယ် Daddyပြောရာမှန်ရယ်Daddyချေ"

ဖအေသည်ဆရာကြီးလေသံဖြင့်ပြောသည်။သားကလည်းထောက်ခံသလိုလက်ညိုးလေးတောင်ထောင်ပြီးပြောနေလိုက်သေးသည်။

"တော်သေးတာပေါ့ လူဘာမှမဖြစ်သွားလို့"

"တော်ရေးသာပေါ့ Daddyချေရယ်"

ချေဘင်းညတန် သားကိုအသည်းယားလှတာမို့ကောက်ချီလိုက်သည်။ကလေးကိုချီတာအသုံးဝင်သည်လေ၊ပျက်စီးသွားတဲ့ဆိုင်ကယ်ကDaxဆိုင်ကယ်မို့

"မင်းခုလိုဖြစ်တာhoneyမြင်ရင်ငါကိုပါရောဆူအုံးမလားမသိဘူး။"

Villain is Your Husband (season-2)Where stories live. Discover now