ep20

17.7K 1.1K 60
                                    

Unicode

"အင့် အီး!ဗြဲ!"

"တိတ်ပါတော့ သားရယ်"

"အူးဝါး ဝါး"

စူးစူးဝါးဝါးငိုသံကြီးကလူနှစ်ယောက်ကိုပြာယာခတ်စေသည်။မနက်ထဲကဘာကိုအလိုမကျလည်းမသိ၊ငိုနေတာတောက်လျှောက်ပင်။တစ်ချက်လေးတောင်မရပ်ဘဲငိုနေတာမို့နှစ်ယောက်လုံး သားဇောနဲ့ရင်ဘက်ထဲမှာပူလောင်နေရသည်။

"Daddy သားကနို့ဆာနေတာလား"

"အူးဝါး အင်!"

အငိုမတိတ်တဲ့အပြင်ပို၍ပင်ငိုလာတဲ့6လသားလေးကြောင့်ဖခင်နှစ်ယောက်ခင်ဗျာ ကလေးနဲ့အပြိုင်ငိုချင်လာတော့သည်။

"ဖေသားလေး ဘာဖြစ်နေတာလည်း
ဖေ့ကိုပြော"

နားမလည်တဲ့အရွယ်ဆိုပေမယ့်ခက်မုန်းစေရာခပ်မြူးမြူးလေးပြောလိုက်သည်။ဒဌအရွယ်တွေကမိဘကပြုံးပြရင်လိုက်ပြုံးပြတတ်တဲ့အရွယ်မဟုတ်လား။

"အင့်!ဟင့်!ဝါး ဝါး"

တစ်ဝါးဝါးဖြင့်မျက်ရည်စီးကြောင်းများကျကာရှိုက်ငိုလာတဲ့ရစ်ရစ်လေးကဘယ်လိုလုပ်လုပ်အငိုမတိတ်နိုင်။စကားကလည်းမပြောသေး၊ပြောရင်နားလည်တဲ့အရွယ်မဟုတ်၊စိတ်ရှုပ်ရှုပ်နဲ့သူDaddyကိုကြည့်မိတော့ပိုဆိုးသည်။

သူပါငိုနေ​လေသည်။ဒီလိုကလေးကငိုတဲ့အချိန်ဆိုအဖော်ရမယ်မထင်လိုက်နဲ့၊သူပါဝင်ငိုတတ်တာမို့ခက်မုန်းစေရာမှာတစ်ယောက်ထဲဒုက္ခမီးဝိုင်းဖြစ်တတ်သည်။အဲ့ဒါကြောင့်မို့ လင်လည်းမယူနဲ့ကလေးလည်းမမွေးနဲ့။

"အန်ယိမ်းတို့ကိုသွားခေါ်စမ်းပါ မောင်
ပြီးရင်Doctorပါတစ်ခါထဲခေါ်ခဲ့ပေး
ကလေးကဗိုက်တွေဘာတွေအောင့်နေတာလား။ဒါမှမဟုတ်တစ်ခုခုကိုကောက်နေတာလားငါလည်းမခွဲခြားတတ်တော့ဘူး ဟူး"

မျက်ရည်များကိုသုတ်ကာဟိုဘက်အိမ်ကိုပြေးသွားတဲ့မောင့်ကိုလည်းသနားမိသား။သူခင်ဗျာလူပျိုဘဝကနေကလေးဖအေဘဝကိုလုံးလုံးရောက်ခဲ့ရတာဆိုတော့အနည်းငယ်တော့ခက်ခဲနေတယ်ထင်သည်။တစ်ခုခုဆိုယောင်ချာချာနုံအအနဲ့

"ငါ့သားလေးဘာဖြစ်နေတာပါလိမ့်"

ခန့်ထည် ရစ်ရစ်လေးကိုခက်မုန်းလက်ထဲကဆွဲချီလိုက်သည်။ချေဘင်းရဲ့မျက်ရည်စီးကြောင်းနဲ့"သားကငိုဘဲငိုနေတယ် ကိုကြီးတို့"ဆိုတဲ့စကားကြောင့်တစ်ပြုံတမကြီးဒီဖက်အိမ်ကိုခြေချရသည်။

Villain is Your Husband (season-2)Where stories live. Discover now